The Finest Hours (2016)
~ IMDb – 6.7/10, Rotten Tomatoes – 64% ~
၁၉၅၂ ခုနှစ်က ကိပ်ကုပ် မြို့အနီးမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး မှောက်တဲ့အချိန် ကမ်းခြေစောင့်တပ်က ကယ်ဆယ်ဖို့ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
မာဆာ နဲ့ ပင်ဒယ်တန် ဆိုတဲ့ သင်္ဘောနှစ်စီး မှောက်သွားတာပါ။
မာဆာ သင်္ဘောမှောက်တာကို သတင်းစောစောရလို့ ကယ်ဆယ်ရေးတွေ စုပြုံပြီးသွားကြတဲ့အတွက် ပင်ဒယ်တန်သင်္ဘောကို ကယ်ဆယ်ရေးလွှတ်ဖို့အတွက် အဖွဲ့သား အလုံအလောက်မရှိတော့ပါဘူး။
အဲဒါကြောင့် အနီးစပ်ဆုံး မြို့က ကမ်းခြေစောင့်တပ်ကို အကူခေါ်ပါတယ်။ အဲဒီစခန်းမှာလည်း သင်္ဘောတစ်စင်းက မာဆာသင်္ဘောကယ်ဆယ်ရေး လိုက်သွားလို့ မရှိတဲ့အတွက် ကျန်တဲ့ သင်္ဘောတစ်စင်းနဲ့ သင်္ဘောသားလေးယောက်က ပင်ဒယ်တန်သင်္ဘောကို ကယ်ဆယ်ဖို့ထွက်ရပါတော့တယ်။
ဒါပေမဲ့ သူတို့ထွက်ရမယ့်နေရာကနေ သင်္ဘောပျက်ဆီသွားမယ်ဆိုရင် ရေတိမ်ကို ဖြတ်ရမှာပါ။ ပုံမှန်အချိန်ဆို ပြဿနာမရှိပေမဲ့ ဟာရီကိန်းအဆင့်နီးနီး နှင်းမုန်တိုင်းတိုက်နေတဲ့အချိန်မှာတော့ အဲဒီနေရာကို ကျော်ဖို့က အန္တရာယ်များပါတယ်။ သူတို့အတွက် အန္တရာယ်များပေမဲ့ အကူအညီလိုနေတဲ့ ပင်ဒယ်တန်က သင်္ဘောသားတွေကိုကယ်ဖို့ ရေတိမ်ကိုဖြတ်ပြီး သွားကယ်ခဲ့ပါတယ်။
ပင်လယ်ထဲမှာ သံလိုက်အိမ်မြောင်မရှိဘဲ စခန်းနဲ့အဆက်အသွယ်မရဘဲ သင်္ဘောပျက်ကို ရှာတွေ့ပြီး ၁၂ ယောက်စာ သတ်မှတ်ထားတဲ့ သင်္ဘောလေး၊ အယောက် ၂၀ လောက်ပဲ အများဆုံးဆန့်နိုင်တဲ့ သင်္ဘောနဲ့ သင်္ဘောသား ၃၂ ယောက်ကို ကယ်တင်နိုင်ခဲ့တဲ့ ကမ်းခြေစောင့်တပ်ရဲ့ အအောင်မြင်ဆုံး ကယ်ဆယ်ရေးအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။
Chris Pine, Casey Affleck, Ben Foster နဲ့ Eric Bana တို့လို လူသိများပြီးသား သရုပ်ဆောင်တွေ ခေါင်းဆောင် ပါဝင်ထားပြီး Fright Night, I, Tonya နဲ့ Cruella စတဲ့ ကားကောင်းတွေ ရိုက်ခဲ့တဲ့ Craig Gillespie ရဲ့ လက်ရာ ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.35GB, 900MB
Quality – BluRay 1080p HEVC, 720p
IMDb Rating – 6.7/10
Format – mp4
Duration – 1H 57Min
Genre – Disaster, Action, Drama, History, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by 666
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။