Channel Myanmar

Chang Yuan

The Open Door (2025) 6
The Open Door (2025) လှည်းလေးနဲ့ဝက်အူချောင်းကင်ရောင်းတဲ့အစ်ကိုကြီးတစ်ယောက် မတော်တဆခြေချော်ပြီးတော့ နာမည်ကြီးOnline Cele မလေးရဲ့ အယောင်ဆောင်ရည်းစားဖြစ်သွားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဆယ်လီမလေးဟာ သူဌေးနဲ့ကြိုက်နေတာဖြစ်ပြီးတော့ အားလုံးသိသွားရင် သူဌေးကိုအပိုင်ဖမ်းပြီးတော့နာမည်ကြီးလာတယ်ဆိုပြီး နာမည်တပ်ခံရမှာကြောက်တဲ့အတွက် အရေးပေါ်အဖြေအနေနဲ့ ဝက်အူချောင်းရောင်းတဲ့လူ တစ်ယောက်ကိုအစားထိုးလိုက်ရတာဖြစ်ပါတယ်။ရိုးသားပြီးနုံအတဲ့ဝက်အူချောင်းသည်နဲ့ နာမည်ကြီးဆယ်လီရဲ့အချစ်ဇာတ်လမ်းဟာ မထင်မှတ်ပဲပရိသတ်တွေအားပေးတာခံရပြီးတော့ သူတို့ဟာခေတ်သစ်အွန်လိုင်းဆယ်လီစုံတွဲဖြစ်လာတဲ့ပုံကို ရယ်မောစရာလေးတွေနဲ့ပုံဖော်ထားတာပဲဖြစ်ပါတယ်။4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.54 GB / 908 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy Runtime : 1h 54 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Open Door (2025)

Moon Man ( 2022 ) 6
Moon Man ( 2022 ) ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရုံတင်ခဲ့ပြီးတော့ ရုံဝင်ငွေ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ပြီးတော့ တောင်ကိုရီးယား ကာတွန်းရေးဆရာတစ်ယောက်ဖြစ်တဲ့ "Cho Seok" ဖန်တီးရေးသားထားသော "Moon You" ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူးအဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့- ❏ အမည်မသိမထင်ရှားတဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းငယ်လေးအဖြစ် - ချန်ထန် ❏ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ကို ကြီးကြပ်ရသူအဖြစ် - မာလိ တို့ကနေပြီးတော့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့- “လူသားတွေဟာ ဂြိုလ်ငယ်လေးတွေရဲ့ ဝင်ရောက်တိုက်ခတ်မှုကနေပြီးတော့ ကာကွယ်ပြီးတော့ ကမ္ဘာမြေကြီးကိုကယ်တင်ဖို့အတွက် "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် " ကို လက်တွေ့ကျကျစီစဥ်ရေးဆွဲခဲ့ကြပါတယ် ဒါပေမဲ့လို့ မထင်မှတ်ထားပဲ ဥက္ကာခဲကြီးက ကြိုတင်ဝင်ရောက်လာခဲ့တဲ့အတွက် အဖွဲ့ဝင်လုပ်သားတွေအားလုံး အရေးပေါ်အခြေအနေအရ ထွက်​ခွာနေရတဲ့အချိန်မှာ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ယောက်ဖြစ်သူ တူကူယွဲ့ဟာ မတော်တဆမှုတစ်ခုကြောင့် အဖွဲ့ခေါင်းဆောင် မာလန်ရှင်းရဲ့ အသိပေးချက်ကိုလွဲချော်ခဲ့ပြီး တစ်ယောက်ထဲ လကမ္ဘာပေါ်မှာကျန်ရစ်ခဲ့ပါတော့တယ်မထင်မှတ်ထားပဲ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ဟာ မအောင်မြင်သွားပဲ တူကူယွဲ့ဟာ စကြဝဋ္ဌာအတွင်းမှာ နောက်ဆုံးသော အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သွားခဲ့ပါတော့တယ် အဲဒီမှာ သူ့ရဲ့ဘဝကို လကမ္ဘာပေါ်မှာ အချိန်ကုန်ရင်းနဲ့.....?” ❏ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ ရင်ဆိုင်ရမလဲ ? ❏တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘဝကို ဘယ်လိုတွေကုန်ဆုံးမလဲ ? ❏ သူဒီစကြဝဋ္ဌာအတွင်းကနေရော ...
movie

Moon Man ( 2022 )

My Family (2025) 6.2
My Family (2025) EVကားတွေအပြိုင်အဆိုင်ခေတ်စားလာတဲ့ခေတ်နဲ့အညီ EVကားတစ်စီးကို အကြောင်းပြုပြီးတော့ တင်ဆက်ထားတဲ့ စိတ်အပန်းပြေစေမယ် ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။အသက်(၃၅)နှစ်အရွယ် လီထုံဖုန်းဟာ တစ်ပတ်ရစ်ကားရောင်းတဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီးတော့ EVကားတစ်ခုကိုတစ်ဦးတည်းသော အရောင်းကိုယ်စားလှယ်စာချုပ်ချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ မိသားစုနဲ့အတူအလုပ်နဲ့ နိုင်ငံခြားကိုခရီးထွက်ကြရပါတယ်။အဲဒီနိုင်ငံကိုရောက်တော့ အငှားကားကုမ္ပဏီကနေ သူကိုယ်စားလှယ် ယူမယ့်EVကားကိုငှားစီးရာကနေအလွဲတွေစတော့တာပါပဲ။ မော်ဒယ်သစ်ဖြစ်တဲ့တစ်သက်မှာတစ်ခါပဲအားသွင်းရတဲ့ ဒီလျှပ်စစ်ကားကိုစီးပြီးသူတို့မိသားစုဟာ လေဆိပ်ကနေဟိုတယ်ကို (၃)နာရီကြာမောင်းရမှာဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးတဲ့နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ဒီကားက ခေတ်ရှေ့ပြေးလွန်ပြီးတော့ ရပ်မရဖြစ်လာတဲ့အခါ အမြန်လမ်းပေါ်မှာ အရှိန်နဲ့ပြေးနေတဲ့ဒီကားလေးပေါ်မှာ ရှိနေတဲ့မိသားစုအတွက် မိနစ်တိုင်းဟာအရေးပါလာပါတယ်။ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့အပြင် အလွဲလွဲအချော်အချော်တွေနဲ့ ရယ်ရတဲ့ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ Filesize : 1.90 GB / 1.02 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy, Family, Adventure Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

My Family (2025)

The Trap (2025) 5.7
The Trap (2025) အသက် ၂၀ ကျော် ၃၅ ဝန်းကျင်တွေကြားထဲ ဖြစ်တတ်တဲ့.. အမြန်အောင်မြင်ချင်သလို အိပ်မက်တွေလည်း လက်မလွှတ်ချင်ဘူးဆိုတဲ့ လက်တွေ့ဘဝမှာ ပိတ်မိနေတဲ့ ကိစ္စကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးကို အကျဉ်းမိတ်ဆက်ပေးရမယ်ဆိုရင်တော့... ရွှီကျစ်ဆိုတဲ့ ဒါရိုက်တာအရူးလေးဟာဆိုရင် ကျောင်းပြီးတည်းက ရုပ်ရှင်နဲ့ပတ်သက်တဲ့ စာတွေကို ဖတ်ပြီးတော့ ... ရှုတင်မှာပဲ အချိန်ဖြုန်းနေခဲ့တော့တယ်...ဒီလိုနဲ့ပဲ လက်ထောက်ဒါရိုက်တာ ဖြစ်လာခဲ့ပြီးပေမယ့် သူ့အိပ်မက်ကတော့ ဖြစ်မလာသေးဘူးပေါ့... သူ့အိပ်မက်ဖြစ်တဲ့ သူကိုယ်တိုင်ကျေနပ်ပြီး ပရိသတ်ကို ပြချင်တဲ့ စိတ်ကူးထဲက ရုပ်ရှင်ကို ရိုက်နိုင်တဲ့ ဒါရိုက်တာ ဖြစ်လာဖို့ကိုပေါ့...တစ်ဖက်မှာလည်း မင်းသားရူး ကျာအာနဲ့ မိတ်ဆွေဖြစ်နေပြန်တာပေါ့... သူကလည်း ဘဝဇာတ်ခုံပေါ်က ဇာတ်ရုပ်အသီးသီးကို ဖန်သားပြင်ကတစ်ဆင့် သရုပ်ဆောင်ပြီးတော့ ခံစားကြည့်ချင်ပါတယ်တဲ့လေ... ဒါကြောင့်လည်း သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေပြန်တာပေါ့...ဒီလို လူနှစ်ယောက်က ရှုတင်မှာ အချိုရည်ရောင်းတဲ့ စကားထစ်တဲ့ အစ်ကိုအရူးကြီးကို တွေ့ခဲ့တာပေါ့... ဒီအစ်ကိုအရူးကြီးဟာဆိုရင် တစ်ချိန်က စီးပွားကောင်းလုပ်ခဲ့ပေမယ့် အခုတော့ အရသာမရှိတဲ့ အချိုရည်ကို ရောင်းပြီးတော့ ဘဝရှင်သန်နေတယ်တဲ့...ဒီလိုကနေ တစ်နေ့ ရွှီကျစ် အလုပ်ပြုတ်တာကစလို့... ရွှီကျစ်အားကိုးနဲ့ ဒေလီးကြေးရနေတဲ့ ဖြတ်လျှောက် ကျာအာရော... အချိုရည်ရောင်းတဲ့ အစ်ကိုအရူးကြီးပါ အလုပ်မရှိတော့ဘူးပေါ့...ဒီလိုတစ်ချိန်တည်း အလုပ်လက်မဲ့ ၃ ယောက်က ...
movie

The Trap (2025)

Another Me ( 2022 ) 6
Another Me ( 2022 ) အားလုံးစိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ကြည့်ဖို့ ဟာသကားလေးနဲ့ တင်ဆက်ပါရစေ။ ဟိုးရှေးရှေးတုန်းက သားအဖ၂ယောက်ရှိသတဲ့။ အဖေကဘုရင်ကြီး သားကအိမ်ရှေ့မင်းသားဖြစ်တယ်။ ဘုရင်ကြီးမှာ မောင်းမမိဿံပေါင်း၃၀၀၀လောက်ရှိပေမယ့် သားတော်တစ်ပါးပဲဖွားမြင်ပါသတဲ့။သားတော်ရဲ့လုံခြုံရေးအတွက် မျက်ဖုံးတပ်ခိုင်းစေခဲ့တယ်။ အိမ်ရှေ့မင်းသားရဲ့မျက်နှာကိုဘယ်သူမှမမြင်ဖူးပါဘူး ။ ဘုရင်ကြီးသားတော်အပေါ်မျှော်လင့်ချက်ကြီးမားပြီး စာပေအမြောက်အများအတင်းသင်ယူခိုင်းပါတယ်။ ဒါပေမယ့် အိမ်ရှေ့မင်းသားကတော့ အပျော်အပါးပဲမက်ပြီး ဇာတ်ပွဲကြည့်ရင်းသာအချိန်ဖြုန်းနေပါတော့တယ်။မြို့ပြင်တစ်နေရာမှာ တည်းခိုခန်းပိုင်ရှင်ရဲ့ယောင်္ကျား လီမောက်ဆိုတဲ့ရှိတယ်။ သူကလဲတလွဲကောင်ပါပဲ။ အမှုထမ်းလေးလီမောက်က ယောက္ခမရဲ့လေးစားမှုကိုရဖို့ ရသမျှနည်းလမ်းနဲ့ ရာထူးတိုးရဖို့ကြံစည်နေပါတယ်။ ထူးတာကတော့ သူရုပ်ရည်က အိမ်ရှေ့မင်းသားနဲ့ချွတ်စွပ်တူနေတာပါ။ အပျော်အပါးမက်တဲ့ အိမ်ရှေ့မင်းသားနဲ့ ဂုဏ်မက်တဲ့လီမောက်တို့ သူတို့၂ယောက်နေရာချင်းလဲပြီးဘာတွေ တလွဲလုပ်ကြမလဲဆိုတာကို စိတ်ပြေလက်ပျောက်ကြည့်လိုက်ကြပါဦးနော် Filesize : 1.26 GB / 682 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy , History Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Another Me ( 2022 )

Football Youth ( 2024 ) 5.8
Football Youth ( 2024 ) အကြောင်းကြောင်းကြောင့် အိပ်မက်ကိုစွန့်လွှတ်လိုက်ရပြီး ရေလိုက်ငါးလိုက်အဆင်ပြေသလိုနေနေတဲ့ ဘောလုံးသမားဟောင်းကြီးတစ်ယောက်ဟာ အထက်တန်းကျောင်းရဲ့ဘောလုံးအသင်းမှာ နည်းပြဖြစ်ဖို့အကြောင်းဖန်လာခဲ့တယ်။အစကတော့ လက်တလောပြဿနာဖြေရှင်းနိုင်ဖို့ ပိုက်ဆံရရုံသာလုပ်မယ်လို့ စဉ်းစားခဲ့ပေမယ့် ကလေးတွေကိုသင်ပြပေးရင် သူ့ရဲ့ငယ်ငယ်တုန်းက အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အချိန်တွေကို ပြန်အမှတ်ရလာတဲ့အခါ သူ့ရဲဘောလုံးအပေါ် စိတ်အားထက်သန်မှုတွေဟာ ပြန်ပေါ်လာခဲ့ပါတယ်။(၂)လအတွင်းမှာ ကြုံလာသမျှ အတားအဆီးတွေကိုကျော်ဖြတ်ရင်း ဘာမှမဟုတ်တဲ့ အထက်တန်းကျောင်းသားလေးတွေကနေပြီး နောက်ဆုံးဗိုလ်ပွဲကိုရောက်နိုင်တဲ့အထိ နည်းပြနဲ့တပည့်တွေအတူကြိုးစားကြတဲ့ အားရစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Football Youth ( 2024 )

Super Villain ( 2024 ) 5.8
Super Villain ( 2024 ) ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။"သူဌေးကြီးကို ပြန်ပေးဆွဲခြင်း" ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ...... သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 39 min Subtitle : Myanmar Subtitle ...
movie

Super Villain ( 2024 )

Follow Bear to Adventure ( 2024 ) 6
Follow Bear to Adventure ( 2024 ) ကုမ္ပဏီကြီးတစ်ခုရဲ့ အောက်ခြေဝန်ထမ်းဖြစ်တဲ့ ရှီထူဟာ ကုမ္ပဏီမှာ ၂ နှစ်လောက် အလုပ်လုပ်ခဲ့ပေမဲ့ မန်နေဂျာရဲ့ လက်ထောက်အနေနဲ့ ခိုင်းဖက်အဆင့်ကမတက်နိုင် ဖြစ်နေပါတယ်။ တိုးတက်ချင်တဲ့ ရှိထူဟာ မန်နေဂျာကို ပရောဂျက်လုပ်ခွင့်တောင်းခဲ့ပေမဲ့ မန်နေဂျာက သူ့ကို အထင်သေးစွာ ဆက်ဆံခဲ့တဲ့အတွက် အလုပ်က ထွက်လာခဲ့ပါတယ်။ကုမ္ပဏီက တိရစ္ဆာန်ဥယျာဉ်ကို ဝယ်ပြီး အပန်းဖြေစခန်းဆောက်ဖို့ စီမံကိန်းရှိတာ သိတဲ့ ရှီထူဟာ ကြားဖြတ်အမြတ်ရနိုင်ဖို့အတွက် သူငယ်ချင်းဖြစ်သူ လျိုဟောက်နဲ့အတူ ပိုင်ဆိုင်မှုအကုန်ရင်းနှီးပြီး တိရစ္ဆာန်ဥယျာဉ်ကို ဝယ်ခဲ့ပေမဲ့ ထင်ထားသလို အမြတ်ကြီးတင်ပြီး ရောင်းမရခဲ့ ဖြစ်သွားပါတယ်။တိရစ္ဆာန်ကြီးကြီးမားမားမရှိတဲ့ ပိတ်သိမ်းခါနီး တိရစ္ဆာန်ဥယျာဉ်ကို ရှီထူတစ်ယောက် ပြန်လည်အောင်မြင်လာအောင် လုပ်ဖို့ အကြံကောင်းတစ်ခုကို စဉ်းစားမိခဲ့ပါတယ်။ လူတွေက တိရစ္ဆာန်ဟန်ဆောင်ဖို့ပါပဲ......ရှီထူတို့အဖွဲ့ တိရစ္ဆာန်ဥယျာဉ်ကို ပြန်လည်အောင်မြင်အောင် ဘယ်လိုကြိုးစားကြမလဲ...... လူတွေက တိရစ္ဆာန်အဖြစ် ဟန်ဆောင်ရာမှာ ဘယ်လိုကမောက်ကမအဖြစ်အပျက်တွေနဲ့ ဟာသတွေ ဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုရယ်မောလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 36 min Subtitle ...
movie

Follow Bear to Adventure ( 2024 )

Goodbye Mr. Loser ( 2015 ) 6.7
Goodbye Mr. Loser ( 2015 ) ဒီကား​လေးဟာ imdb6.7ရရှိထားပြီးChinese box officeမှာ $228millionအထိဝင် ငွေရရှိ​ထားတဲ့ဇာတ်​ကား​ကောင်​း​လေးတစ်​ကားဖြစ်​ပါတယ်​.. ဇာတ်​လမ်​းအကျဉ်​း​လေးက​တော့ရှ​လော့ဟာ​တေး​ရေးအဆို​ကျော်​ဖြစ်​ချင်​​နေ​ပေမယ်​့ မ​အောင်​မြင်​နိုင်​ပဲ အမြဲကျရှုံး​နေရသူပါ...တစ်​​နေ့မှာသူငယ်​စဉ်​ကcrushခဲ့ရတဲ့ ​ကျောင်​းရဲ့အလှဘုရင်​မ​လေးချုံးယာမင်္ဂလာ​ဆောင်​ကိုစမတ်​ကျကျနဲ့ ဟန်​​ဆောင်​ပြီးသွားရာက​နေ​ မင်္ဂလာပွဲမှာဘယ်​​လို​တွေရှုပ်​ယှက်​ခတ်​ကုန်​မလဲ..သူ့မိန်​းမ မာတုန်​းမိန်​လို်က်လာပြီးအရှက်​​တွေကွဲပြီးထွက်​​ပြေးရာက​နေ 1990ခုနစ်​ သူ့ရဲ့အထက်​တန်​း​ကျောင်​းသားဘဝကို အမှတ်​မထင်​အချိန်​ခရီးသွားပြီး ပြန်​လည်​​ရောက်​ရှိသွားပါ​တော့တယ်​...ဒီလိုနဲ့ သူ မပိုင်​ဆိုင်​နိုင်​ခဲ့တဲ့အချစ်​နဲ့ ​အောင်​မြင်​မှု​တွေကို ရယူနိုင်​ဖို့ကြိုးစားပါ​တော့တယ်​... ရာစုနှစ်​၂စု​လောက်​​နောက်​ကျပြီးမှထွက်​လာမယ်​့အဆို​ကျော်​​တွေရဲ့သီချင်​း​တွေကို Copyလုပ်​ပြီး​အောင်​မြင်​​ကျော်​ကြားလာပါ​တော့တယ်​.....သူလိုချင်​တဲ့​အောင်​မြင်​မှု​တွေနဲ့ချုံးယာကိုပိုင်​ဆိုင်​ခဲ့ရ​ပေမယ်​့ ဒါကသူလိုချင်​တဲ့ဘဝမျိုးဖြစ်​ရဲ့လား...သူ့နှလုံးသားထဲမှာရှိ​နေတဲ့ မိန်​းက​လေးဟာတစ်​စုံတစ်​​ယောက်​လို့သိလိုက်​ရချိန်​မှာ​တော့.. ဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည်​့ရှုရမှာဖြစ်​ပါတယ်​..ဒီဇာတ်​ကား​လေးကြည်​့ပြီးရင်​​တော့ ကိုယ်​မပိုင်​ဆိုင်​ခဲ့ရတဲ့ဘဝ​တွေကိုတမ်​းတ​နေမဲ့အစား ကိုယ်​့​ဘေးမှာ ဆိုးတူ​ကောင်​းဖက်​ရှိ​နေ​ပေးတဲ့သူကို မြင်​နိုင်​ပြီးတန်​ဖိုးထား​ရမယ်​ဆိုတာသိလာမိပါတယ်​.... Quality : Bluray 1080p , 720p Format : mp4 Genres : Romance , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Phyo Zaw Encoded by LK
movie

Goodbye Mr. Loser ( 2015 )

2015
Hi Brother ( 2023 ) 5.7
Hi Brother ( 2023 ) ဒီ movie လေးကတော့ ဟာသကားတွေ ကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် အစအလယ်အဆုံး ဗိုက်နှိပ်ပြီးရယ်နေရမဲ့ ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ - အရက်စက်ရုံရဲ့ပိုင်ရှင်ဖြစ်တဲ့ ဝမ်လေတစ်ယောက် ကံကောင်းထောက်မစွာနဲ့ ယွမ်သိန်း၁၀၀ ထီကြီးကိုပေါက်ခဲ့ပါတယ် ။ ထီပေါက်တဲ့အချိန်က သူ့မိန်းမနဲ့ကတောက်ကဆဖြစ်နေခဲ့တဲ့အချိန်မို့ သူကထီပေါက်သွားတဲ့အကြောင်းကို လျို့ဝှက်ထားခဲ့ပါတယ် ။ဒီလိုနဲ့အကြောင်းအရင်းအမျိုးမျိုး‌ကြောင့် ထီပေါက်တဲ့သူနာမည်ကို သူ့သူငယ်ချင်းဖြစ်သူ လီသာ့ကျစ်‌အဖြစ်ဟန်ဆောင်ခိုင်းလိုက်ချိန်မှာတော့.... ချစ်သူကိုလက်ထပ်ချင်နေတဲ့ လီသာ့ကျစ်ကရော ဒီထီပေါက်တယ်ဆိုတဲ့ နာမည်အတုနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ ? ဝမ်လေရဲ့ ဇနီးဖြစ်သူ‌ကရော ဘယ်လိုအရှုပ်တွေလုပ်အုံးမလဲ ? CEO အစစ် ဝမ်လေက ကြီးကြပ်ရေးမှူးဖြစ်ပြီး ပိုက်ဆံမရှိတဲ့ လီသာ့ကျစ်တစ်ယောက် CEO လုပ်တဲ့အခါမှာရော ဘယ်လိုအရှုပ်တွေလုပ်မိမလဲဆိုတာကို... ဇာတ်လမ်းလေးကြည့်ရင်း ရယ်မောပျော်ရွှင် စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှု့လိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay  Encoded by ...
movie

Hi Brother ( 2023 )

Advancing of ZQ ( 2023 ) 6.1
Advancing of ZQ ( 2023 ) အားလုံးကိုစိတ်အပန်းပြေစေမယ့် မိသားစုဟာသကားလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက တရုတ်ပြည်မြောက်ပိုင်းမှာက Dilraba Dilmuratလို Uyghurလူမျိုးတွေနေထိုင်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခါရှီချီခါဆိုတဲ့နေရာလေးမှာရိုက်ကူးထားတာဖြစ်တဲ့အတွက် တခြားတရုတ်ကားတွေနဲ့မတူ အမြင်တစ်မျိုးလေးဆန်းနေမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ...... ကျန့်ချန်ဟာ သူ့ရဲ့မပြည့်စုံတဲ့အိမ်ကနေထွက်ပြေးပြီးရှန်ဟိုင်းမှာ HiiiPayဆိုတဲ့Applicationကိုပရိုဂရမ်ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့Appကစပြီးအောင်မြင်လာတဲ့အချိန်မှာ အဖိုးဆုံးပြီဆိုတဲ့သတင်းကြောင့် ခါရှီချီခါကိုပြန်လာခဲ့ရပါတယ်။အဲဒီအချိန်မှာ ငွေမဲတွေခဝါချဖို့သူ့ရဲ့Appကိုအသုံးချချင်တဲ့ သူဌေးကြီးနဲ့တွေ့ပါလေရော...... အဖိုးရဲ့အသုဘမှာ ဆန်းကြယ်မှုတွေဖြစ်လာပြီး အ ဖိုးကပြန်ရှင်လာတဲ့အပြင် မိသားစုဝင်တွေဟာ တစ်ယောက်တစ်မျိုးဆီစွမ်းအားတွေရှိသွားပါတယ်။ သူတို့မိသားစုဟာ ဂိုဏ်းစတားသူဌေးကြီးကို ဘယ်လိုစည်းစည်းလုံးလုံးနဲ့ပြန်ပြီး တွန်းလှန်ကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Comedy , Action Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Advancing of ZQ ( 2023 )

Too Beautiful To Lie ( 2023 ) 5.9
Too Beautiful To Lie ( 2023 ) လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ကလေးနဲ့မလိုက်အောင်လိမ်တတ်တဲ့ လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ဟာ ခရီးသွားရင်သင်္ဘောပေါ်မှာတွေ့ခဲ့ကြပြီး အခြေနေတွေကြောင့် လူလိမ်မလေးက ငအူလေးရဲ့သတို့သမီးလောင်အဖြစ်အထင်မှားခံရပါတယ်။ဖန်းမိသားစုရဲ့နွေးနွေးထွေးထွေး အလေးပေးချင်းကိုခံရပါတယ်။ ငအူလေးက လူလိမ်မလေးရဲ့လိမ်ညာစကားတွေကိုဖော်ပြီး မိသားစုရဲ့ယုံကြည်မှုပြန်ရနိုင်ဖို့ လူလိမ်မလေးနဲ့ ဉာဏ်ရည်ချင်းပြိုင်ရတော့တာပေါ့။ လူလိမ်မလေးနဲ့ ငအူလေးရဲ့တိုက်ပွဲကို အခွီလေးတွေနဲ့ပေါ့ပေါ့ပါးပါးတင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Too Beautiful To Lie ( 2023 )

Godspeed ( 2023 ) 5.8
Godspeed ( 2023 ) ယခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် မင်းသားချောလေး Fan Cheng Cheng နဲ့ မင်းသမီးချောလေး Zhang Jingyi တို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကုန်ကားအဖွဲ့ခေါင်းဆောင် ကျိုးတုန်းဟိုင်နဲ့ သူ့ဇနီး ဟော့မေမေတို့ဟာ ကိစ္စတချို့ကြောင့် သမီးဖြစ်သူ ကျိုးဝေးယွီနဲ့ သမီးရဲ့ရည်းစား ဝမ့်ရိဖန်နဲ့အတူ ကားမောင်းခရီးနှင်ခဲ့ပါတယ်။ လူမသိလမ်းမသိတဲ့ ခရီးကို စတင်ပြီး ကျိုးတုန်းဟိုင်ဟာ အခွင့်အရေးရတုန်း သားမက်လောင်းကို ဘက်ပေါင်းစုံကနေ စစ်ဆေးကြည့်ရှုဖို့ ဆုံးဖြတ်ထားပါတယ်။ဝမ့်ရိဖန်ကလည်း အမှားပေါင်းစုံကို လုပ်နေခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ကျိုးတုန်းဟိုင်ရဲ့ ရန်သူကြီး ဌာနမှူးကျာရဲ့ အပန်းဖြေကားပြဿနာကြီးဖြစ်ခဲ့ပြီး ဝေးယွီရဲ့ ငယ်သူငယ်ချင်းကွမ်းကျီရဲ့ တောကြက်စံအိမ်မှာ အရက်မူးပြီး ပြဿနာကြီးဖြစ်ခဲ့ပါတယ်။လမ်းပေါ်က ဆီသူခိုးအဖွဲ့ကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါသေးတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ခရီးလမ်းမှာ ကျိုးတုန်းဟိုင်တစ်ယောက် ဝမ့်ရိဖန်ကို သဘောကျနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie

Godspeed ( 2023 )

Better Man ( 2023 ) 6
Better Man ( 2023 ) အိမ်ထောင်တစ်ခုမှာ မိန်းမသားတွေဟာ အိမ်မှုကိစ္စလုပ် ၊ အမျိုးသားတွေကိုပြုစု ၊ ကလေးမွေး / ကလေးထိန်း ဖို့ပဲတာဝန်ရှိပြီး တစ်ခြားအလုပ်တွေလဲလုပ်စရာမလို လူမှုနယ်ပယ်ကိုလဲ ဝန်ဆံ့စရာမလိုဘူးဟု ထင်မှတ်ထားသူ စာရေးဆရာ - ဟူထျယ်နမ်ဒီလို အတွေးမျိုးကို ပုံသေတစ်ခုအဖြစ်မှတ်ထားတဲ့ ဟူထျယ်နမ်ဟာ သူအပြင်မှာ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပေး မိသားစုအတွက် ငွေရှာပေးနေတာနဲ့တင် သူ့ရဲ့ ခင်ပွန်းဝတ္ထရား ကျေပွန်ပြီဟု ထင်မှတ်နေသူပါ ။ ဇနီးဖြစ်သူကိုလဲ အလုပ်လုပ်မခိုင်းသလို လူမှုနယ်ပယ်မှာလဲ ဝန်ဆံ့ဖို့ ပိတ်ပင်ထားပါတယ် ။ တစ်နေ့မှာတော့ ဟူထျယ်နမ် တစ်ယောက် အလုပ်သွားဖို့ ဓာတ်လှေကား စီးနေစဥ်အတွင်းမှာ မတော်တဆ ဖြစ်ကာ သူလက်ရှိနေနေတဲ့ လောကကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နေရာဆီကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပါတော့တယ် ။အဲ့ဒီလောကမှာရှိတဲ့ မိန်းမသားတွေက အိမ်ထောင်ကိုဦးစီးပြီး ယောကျာ်းတွေက အိမ်မှုကိစ္စ အဖြာဖြာလုပ်ပြီး ကလေးမွေး ၊ ကလေးထိန်းအစရှိတဲ့ အလုပ်တွေကို လုပ်နေကြရပါတယ် ။ အစပိုင်းမှာ ဟူထျယ်နမ်တစ်ယောက် လက်မခံပဲ ဆက်ဆက်ထိမခံ ဆန့်ကျင်ခဲ့ပေမဲ့ မရခဲ့ချေပါဘူး ။ သူကိုယ်တိုင် မိန်းမသားတွေ လုပ်ကိုင်ကြရတဲ့ အရာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့အခါမှာ ....?ဟူထျယ်နမ်တစ်ယောက် ...
movie

Better Man ( 2023 )