Channel Myanmar

2025

Saaree (2025) 7.3
Saaree (2025) Saaree (2025) "ဆာရီ"ကမ္ဘာကြီးကရွာကြီးတစ်ရွာဖြစ်သွားပြီလို့ ပြောကြသလိုမျိုးပဲ ကမ္ဘာ့နေရာစုံကလူတွေ အင်တာနက်လိုင်းရှိရုံနဲ့ တစ်ယောက်နဲ့တစ်ယောက် အလွယ်တကူ မြင်တွေ့ပြောဆိုလို့ရနေကြပြီ။ဒါပေမဲ့ ဝေဖန်ပိုင်းခြားမှုအားနည်းသူတွေအတွက်တော့ သိပ်အန္တရာယ်ကြီးတဲ့အရာလို့ ပြောရမှာပဲ။ဆိုရှယ်မီဒီယာမှာ ဘယ်သူဘယ်ဝါမှန်းမသိ ဟုတ်လားမဟုတ်လားမသိနဲ့ အယုံလွယ်လို့ဖြစ်ကြတဲ့ စိတ်မကောင်းစရာဖြစ်ရပ်တွေကလည်း ဒုနဲ့ဒေး။ဒီဆာရီရုပ်ရှင်ကလည်း ဒီလိုအဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတာပေါ့။အာရာဒရာဆိုတဲ့ ဆာရီကိုပဲ မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်တဲ့ကောင်မလေးက အင်စတာဂရမ်မှာ reelsတင်ရတာကိုလည်း အတော်လေးခုံမင်တတ်သူ။ဖုန်းနဲ့မျက်နှာ ခွာကိုမခွာဘူးဆိုတဲ့သူမျိုးမို့ အိမ်ကအမေနဲ့ ရန်ဖြစ်ရတာကလည်း တကျက်ကျက်ပေါ့။အားလပ်ရက်ခရီးထွက်နေတဲ့ ကင်မရာသမား ကစ်တူက ဆာရီလေးနဲ့ လူတွေကြားထဲမှာထင်းနေတဲ့ အာရာဒရာကို မြင်လိုက်ချိန်မှာတော့ စွဲလန်းသွားခဲ့ပါတော့တယ်။ဒီမှာပဲ အင်စတာဂရမ်ကနေ အာရာဒရာကို ဆက်သွယ်ပြီး တွေ့ဖို့အတွက် မရမကတောင်းဆိုတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.9 GB / 1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….02:07:37 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Saaree (2025)

2025
The Verdict (2025) 8.6
The Verdict (2025) The Verdict 2025 (ဂျူရီများရဲ့ စီရင်ချက်)တမီလ်ဘာသာနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ တရားရုံးစစ်ဆေးမေးမြန်းမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်စစ်ဆင်မှုတွေကို တွေ့မြင်ရမဲ့ ဇာတ်ကားဖြစ်ပြီးဇာတ်အိမ်နေရာကိုတော့ အမေရိကန်နိုင်ငံမှာ တည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။မစ္စစ်အလိုက်ဆာ ရှာမန်ဆိုတဲ့ အမျိုးသမီးကြီးဟာ ငွေကြေးပိုင်းဆိုင်ရာမှာ ပြည့်စုံပေမဲ့ အမွေဆက်ခံသူမရှိ မုဆိုးမတစ်ယောက်အဖြစ်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်သူဖြစ်ပါတယ်။အသက်ကြီးလာတော့ ကျန်းမာရေးချိုယွင်းလာပြီဖြစ်တဲ့ မစ္စစ်အလိုက်ဆာရဲ့အနားမှာ သူ့ငွေတွေကို မက်ပြီး ပြုစုချင်ယောင်ဆောင်တဲ့သူတွေလည်း များလိုလာပါတယ်။တစ်နေ့မှာတော့ မစ္စစ်အလိုက်ဆာတစ်ယောက် ညတိုင်းရှူနေတဲ့ အောက်ဆီဂျင်အိုးက အောက်ဆီဂျင်မပွင့်ဘဲဖြစ်သွားပြီး အောက်ဆီဂျင်ပြတ်ကာေ-သဆုံးသွားရပါတော့တယ်။ဒီ‌ေ-သဆုံးမှုကို လူသ-တ်မှုလို အရာရှိများက သတ်မှတ်လိုက်ပြီး ဒီလူသ-တ်မှုအတွက် မစ္စစ်နမ်ရာသာကို သံသယရှိသူအဖြစ်နဲ့ ရုံးတင် စွဲချက်တင်ပါတော့တယ်။မစ္စစ်နမ်ရာသာတစ်ယောက်ကလည်း ဒီလူသ-တ်မှုကို သူသ-တ်တာမဟုတ်ကြောင်း အခိုင်အမာငြင်းဆိုရင်း .........မစ္စစ်နမ်ရာသာဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ ရှေ့နေမာယာနဲ့ တရားလိုရှေ့နေတို တရားရုံးမှာ ဘယ်လိုတွေ အားပြိုင်သွားကြမလဲ .......ဂျူရီလူကြီးတွေကို ဘယ်သူက ဘယ်လို ဖျောင်းဖျနိုင်ပြီးတော့ အမှုက ဘယ်လိုပုံစံနဲ့ ပြီးဆုံးသွားမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ...
movie

The Verdict (2025)

2025
Nimma Vasthugalige Neeve Javaabdaararu (2025) 7.0
Nimma Vasthugalige Neeve Javaabdaararu (2025) Nimma Vasthugalige Neeve Javaabdaararu (2025)"မိမိပိုင်ပစ္စည်းအတွက် မိမိမှာသာတာ၀န်ရှိသည် "ရုပ်၀တ္ထုပစ္စည်းတွေ ပိုမိုပေါများလာတာနဲ့အမျှ လူသားတွေဟာ သက်ရှိချင်းတင်မက သက်မဲ့ပစ္စည်းကိုပါ စွဲလမ်းတွယ်တာမှုတွေ ပိုများလာကြပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်လမ်းဟာလည်း အဲဒီလို လူသားတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုအပေါ်စွဲလမ်းတွယ်တာစိတ်၊ သူတို့ဘ၀အပေါ် သက်ရောက်မှုတွေနဲ့ အခုခေတ်မှာ ပိုများလာတဲ့ ရာဇ၀တ်မှုတွေအကြောင်းဆက်စပ်ပြီး မီးမောင်းထိုးရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ထူးခြားတာကတော့ ဇာတ်အိမ်တစ်ခုတည်းမဟုတ်ဘဲ မတူတဲ့ဇာတ်လမ်းသုံးခုကို တင်ဆက်ထားတာပါ။ဇာတ်လမ်းချင်မတူပေမဲ့ အကြောင်းအရာချင်းကတော့ ဆက်စပ်နေပါတယ်။ကန်နားဒါးစကားပြောဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း တွေးတောစဉ်းစားစရာလေးတွေပေးထားပြီး ယူတတ်ရင် ဆင်ခြင်နိုင်စရာတွေမို့ ကြည့်ရှုခံစားလိုက်ကြပါဦး...။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size…2 GB  / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….02:11:17 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nimma Vasthugalige Neeve Javaabdaararu (2025)

2025
Absolute Dominion (2025) 4.8
Absolute Dominion (2025)  Absolute Dominion (2025)2044ခုနှစ်၊ ကမ္ဘာအနှံ့အပြားမှာ ဘာသာရေးပဋိပက္ခတွေကြောင့် အသေခံတိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးမှုတွေကနေ သေဆုံးသူအရေအတွက်က စံချိန်တင်မြင့်တက်လို့နေခဲ့ပါတယ်။ဒီမှာပဲ အင်ဖလူယန်ဆာတစ်ယောက် စိတ်ကူးပေါက်သလိုထပြောလိုက်တဲ့ အကြွင်းမဲ့အာဏာတိုက်ပွဲဆိုတာကြီးက တကယ်ဖြစ်လာခဲ့တယ်။ကိုယ့်ဘာသာတရားက ဖိုက်တာတွေကို သေချာလေ့ကျင့်ပေးပြီး အားကစားကွင်းကြီးထဲမှာ တစ်ယောက်ချင်းစီထိုးခိုင်း၊အနိုင်ရတဲ့ဘာသာတရားက တစ်ကမ္ဘာလုံးကို ကိုယ့်စိတ်ကြိုက်အုပ်ချုပ်ခွင့်ရမဲ့ အကြွင်းမဲ့အာဏာတိုက်ပွဲဆိုတာကြီး တကယ်ပေါ်ပေါက်လာပါတော့တယ်။ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဆေဂန်ကတော့ လူ့ဝါဒနဲ့သိပ္ပံအဖွဲ့အစည်းကဖြစ်တာမို့ ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့အဖွဲ့အစည်းကဖြစ်ပေမဲ့ တစ်ယောက်ပြီးတစ်ယောက် အလဲထိုးအနိုင်ယူလာနိုင်ချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (1.3 GB) / (610 MB) Quality…. WEB-Rip 1080p / 720p Format…. mp4 Genre…. Action, Sci-Fi Duration…. 01:41:20 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo
movie

Absolute Dominion (2025)

2025
Evil Bong-A-Thon! (2025) 4.4
Evil Bong-A-Thon! (2025)  Evil Bong-a-Thon! (2025)(ဒီဇာတ်လမ်းကတော့ ၁၈အပေါင်း ဇာတ်ဝင်ခန်းတွေအများကြီးပါတာကြောင့် ကလေးသူငယ်တွေနဲ့ မိသားစုဝင်တွေနဲ့အတူတော့ မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။)ဇာတ်ကားထဲမှာတော့ ဆေးခြောက်သမားစတုန်နာလေး တစ်သိုက်က ကျိန်စာသင့်နေတဲ့ဆေးအိုးတစ်ခုကို ဝယ်ယူမိရာက စပါတယ်။ဒီဆေးအိုးက သူ့ကမ္ဘာထဲကို ဆွဲခေါ်သွားပြီးအဲ့ထဲမှာ မိန်းမတွေနဲ့အတူ ပျော်ပါးရင်း သေဆုံးသွားတတ်ပါတယ်။ဒီဇာတ်ကားမှာတော့ မတူညီတဲ့ ဒိုင်မန်ရှင်းကိုးခုမှာဖြစ်တဲ့ ဒီကျန်စာသင့်နေတဲ့ဆေးအိုးကြီးနဲ့ဖြစ်ရပ်တွေကို ကြည့်ရမှာဖြစ်ပါတယ်။ဒီယုတ်မာရက်စက်ပြီး လူတွေကို ထိန်းချုပ်နေတဲ့ ကျိန်စာသင့်ပစ္စည်းပေါင်းစုံရဲ့ကြံစည်မှုတွေကို ကြည့်ကြရမှာလည်း ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (3 GB) / (1.2 GB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Comedy, Fantasy, Horror Duration…. 01:29:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin
movie

Evil Bong-A-Thon! (2025)

2025
Crown of Shadows (2025) 5.0
Crown of Shadows (2025)  Crown of Shadows (2025)Game of Thrones၊ The Witcher တို့လို ဒဏ္ဍာရီလာဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများအတွက် နဂါးတွေ၊ ရှေးခေတ်နတ်ဘုရားတွေ၊ မှော်ပညာတွေ ပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားလာပါပြီ။မောင်နှမအချင်းချင်း သစ္စာဖောက်မှု၊ ကြောက်စရာကောင်းတဲ့အာဏာရှင်စနစ် ရှေးခေတ်ကနတ်ဘုရားကိုးကွယ်မှုများ စတဲ့ အရာတွေကို စုံလင်စွာ ကြည့်ရှုရပါမယ့်။ဘုရင်မ Ginnarra ဟာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာရဖို့အတွက် အဖေအရင်းဖြစ်တဲ့ ဘုရင်ကြီးကို ရက်ရက်စက်စက်သတ်ပြီး အစ်ကိုဖြစ်သူ မင်းသား Elderon ကို ထီးနန်းမှနှင်ထုတ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။သူမဟာ အကြင်နာကင်းမဲ့တဲ့ ဘုရင်မတစ်ပါးဖြစ်ပြီး သူမအုပ်ချုပ်နေချိန်မှာ Aberon နိုင်ငံတော်ကြီးဟာ အသူရာနတ်ဘုရားတွေရဲ့ ခြယ်လှယ်မှုနဲ့အတူ အုတ်အော်သောင်းနင်းဖြစ်နေပါတယ်။ထီးနန်းကနေ နှင်ထုတ်ခံလိုက်ရတဲ့ အစ်ကိုတော် မင်းသား Elderon က ဘုရင်မကို ပုန်ကန်ဖို့ကြိုးစားနေတဲ့ တပ်ဖွဲ့တစ်ခုနဲ့ ပူးပေါင်းမိပြီး နန်းတော်ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။မင်းသား Elderon ကို ...
movie

Crown of Shadows (2025)

2025
To Barcelona, Forever (2025) 6.6
To Barcelona, Forever (2025)  To Barcelona, Forever (2025)Romanceကားကြိုက်သူတွေအတွက် ၂၀၂၅ခုနှစ်မှာပဲထွက်ရှိထားတဲ့ Romance ကားကောင်းကောင်းလေး တင်ပေးလိုက်ပါတယ်ခင်ဗျာ။ဇာတ်ကားအညွှန်းလေးကတော့ စာရေးဆရာအဖြစ် ခြေလှမ်းစတင်ခဲ့တဲ့အန်နာဟာ သူမရဲ့အချစ်ရဆုံးသူငယ်ချင်းဖြစ်တဲ့ အယ်ရီကာရဲ့မင်္ဂလာပွဲအတွက် စပိန်နိုင်ငံ, ဘာစီလိုနာမြို့ကိုရောက်လာခဲ့ပါတယ်။အဲဒီလိုလာရင်းနဲ့ ဟာဗီယာလို့ ခေါ်တဲ့စပိန်နိုင်ငံသား လေးတစ်ယောက်နဲ့မတော်တဆဆုံတွေ့ကြရင်း သူတို့အချစ်ဇာတ်လမ်းစဖို့ အကြောင်းဖန်လာခဲ့တာပေါ့။ဒီလိုနဲ့သူတို့နှစ်ယောက်တွေ့ဆုံစကားပြောကြရင်းနဲ့ ဟာဗီယာရဲ့မိသားစုဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဟင်းခပ်အမွှေးအကြိုင်ဖြစ်တဲ့ ဆာဖရွန်ကိုထုတ်လုပ်ပြီး အရမ်းသီးသန့်ဆန်ကာလျို့ဝှက်ပြီးနေကြတဲ့မိသားစုဖြစ်တာကိုစာရေးဆရာတစ်ယောက်ဖြစ်တဲ့ အန်နာကသိရှိသွားအခါ သူတို့မိသားစုကို ကမ္ဘာကြီးနဲ့ချိတ်ဆက်ပေးဖို့ သူတို့မိသားစုအကြောင်းကို စာရေးချင်စိတ်တွေတဖွားဖွားဖြစ်လာတော့တာပါပဲ။ဒါပေမဲ့တစ်ဖက်ကလဲ သူတို့မိသားစုရဲ့ နှစ်ရာချီထိန်းသိမ်းခဲ့တဲ့လျို့ဝှက်ချက်တွေကိုအသိခံမှာမဟုတ်တာကြောင့် အန်နာဟာ ဟာဗီယာရဲ့ သတို့သမီးလောင်းအဖြစ်ဟန်ဆောင်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ?သူတို့အချစ်လမ်းက ရော ချောမွေ့ပါ့မလား ? ထိုမိသားစုရဲ့လျို့ဝှက်ချက်တွေကရော ဘာတွေလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။) File size… (1.7 GB) / (800 MB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Comedy, Romance Duration…. 01:24:30 Subtitle…. ...
movie

To Barcelona, Forever (2025)

2025
The Last Cabin (2025) 4.0
The Last Cabin (2025)  The Last Cabin (2025)ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကနေ ရိုက်ကွင်းအတွက်နေရာရှာဖို လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းသုံးယောက် ညအချိန်ကြီး ကြိုးပမ်းနေကြရာကနေ တောနက်ထဲက အိမ်သစ်တစ်အိမ်ကို ရှာတွေ့ခဲ့ကြတယ်။နောက်ဆုံးတော့ နေရာရှာတွေ့ပြီး အလုပ်အဆင်ပြေသွားလို ပျော်နေကြတဲ့ သူငယ်ချင်းသုံးယောက်က အိမ်ကိုဦးစီးတဲ့ အိမ်‌ခြံမြေ မန်နေဂျာဆီကနေ သူတို့ ရိုက်ကူးရေးအတွက် နှစ်ရက်စာငှားပြီး producer အလာကိုစောင့်ရင်း အိမ်ထဲမှာ တည်းနေခဲ့ကြတယ်။ဒါပေမဲ့ သူတို့အပျော်တွေက သူတို့နောက်ကို ကြောက်စရာမျက်နှာဖုံးတပ်ထားတဲ့ မသင်္ကာစရာလူတွေ လိုက်လာတာကို သိတဲ့အချိန်မှာတော့ ချက်ချင်းပဲ ချောက်ချားစရာ အဆိုးရွားဆုံးညအဖြစ် ပြောင်းလဲသွားခဲ့တယ်။Hope တို့ သူငယ်ချင်းသုံးယောက် မျက်နှာဖုံးစွပ် ဆိုက်ကိုလူသတ်သမားတွေဆီကနေ ဘယ်လိုအသက်ရှင်အောင် ရှောင်ပြေးနိုင်ပါ့မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သွေးသံတရဲရဲနဲ့ Found footage ပုံစံမျိုး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.6 GB) / (630 MB) Quality…. WEB-DL 1080p HEVC ...
movie

The Last Cabin (2025)

2025
The Heart Knows (2025) Corazón delator 5.8
The Heart Knows (2025) Corazón delator  The Heart Knows (2025)IMDb Rating (5.8) စပိန်ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် ပြီးခဲ့တဲ့မေလကမှ အသစ်ထွက်ရှိထားတဲ့ စပိန်စကားပြော အာဂျင်တီးနား ဒရာမာ/ဟာသ/အချစ်ဇာတ်ကားတစ်ကားဖြစ်တဲ့ The Heart Knows ဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။Juan Manuel ဆိုတဲ့ စိတ်ဓာတ်မာကျောတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ နှလုံးအစားထိုးခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ရပါတယ်။ သူရခဲ့တဲ့ နှလုံးကတော့ El Progreso က Pedro ဆိုတဲ့သာမန်လူရဲ့နှလုံးဖြစ်နေပါတယ်။ El Progreso ဆိုတဲ့ရပ်ကွက်လေးဟာ အပန်းဖြေစခန်းဆောက်ဖို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် ပြောင်းပေးရဖို့ဖိအားပေးခံနေရတဲ့နေရာတစ်ခုပါ။Juan အနေနဲ့ နှလုံးအလှူရှင်အကြောင်းစုံစမ်းရင်း မုဆိုးမဖြစ်တဲ့ Valeria နဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်သွားမှာလဲ...သူတို့ရဲ့ရပ်ကွက်ကိုရော ဘယ်လိုကူညီပေးသွားမလဲ...ဒီရုပ်ရှင်ဟာ နှလုံးသား၊ချစ်ခြင်းမေတ္တာနဲ့ လူမှုပတ်ဝန်းကျင်အပေါ်ထားတဲ့ သဘောထားတွေကို ရောစပ်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ စပိန်ရုပ်ရှင်ကြိုက်နှစ်သက်သူတွေဆိုရင်တော့ ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။)File size…(1.6 GB) / (740 ...
movie

The Heart Knows (2025) Corazón delator

2025
Pariwar (2025) 7.8
Pariwar (2025) Pariwar (2025)  'လက်စွပ်တစ်ကွင်းပြဿနာ'===============================မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးတစ်ကားကို တင်ဆက်လိုက်ပါတယ်တစ်ချိန်က ဆင်တွေကိုတောင် ယဉ်အောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ ဘာစကာရန်တစ်ယောက် အသက် ၉၉ နှစ်အရွယ်မှာ ပန်းနာနဲ့ အိပ်ရာထဲလဲနေပါတော့တယ်ဒီတော့မှပဲ သားလေးယောက် အိမ်ကိုရောက်ချလာပြီး လက်စွပ်တစ်ကွင်းကို လုကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ချက်တွေပေါ်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲလူ့သဘာဝနဲ့ ရုပ်ဝတ္ထုစွဲလမ်းမှုအကြောင်းတိုကို ဟာသလေးနှောပြီး တင်ဆက်ထားတဲ့ ဒီမိသားစုဇာတ်လမ်းလေးမှာ ပရိသတ်တို ခံစားကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.42 GB / 756 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….01:56:22 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Pariwar (2025)

2025
Preying Enemies (2025) 5.0
Preying Enemies (2025)  Preying Enemies (2025)IMDb Rating (5.0) မြို့ရဲ့ထိပ်တန်းနာမည်ကျော် အိမ်တွင်းအလှဆင်ပညာရှင် ကင်ဘာလေဟိုက်တာဝါတစ်ယောက် သူငယ်ချင်းတွေနဲ့အတူ အားလပ်ရက်ခရီးထွက်ကြရင်း တစ်နေ့မှာတော့ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ် မြို့ရဲ့ထိပ်တန်းဖြစ်သော်ငြားလည်း ရသမျှပိုက်ဆံတွေအကုန်လုံးသာမက အဖေဖြစ်သူ သမီးအတွက်ဆိုပြီးထားခဲ့တဲ့ပိုက်ဆံတွေကိုလည်း ယောင်္ကျားဖြစ်သူက အကုန်လောင်းကစားလုပ်လို့ စုန်းစုန်းမြှုပ်သွားခဲ့ရပါတယ် ဘဝကြီးကိုစိတ်ကုန်နေသူ ကင်ဘာလေတစ်ယောက်ရဲ့ ထူးဆန်းစွာ ပျောက်ဆုံးမှုကနေတစ်ဆင့် ကင်မ်ဘာလေရဲ့နီးစပ်သူ သူငယ်ချင်းများအကြား ကင်မ်ဘာလေနဲ့ဆက်စပ်ပြီးတော့ ရှုပ်ထွေးတဲ့ဆက်ဆံရေးများကိုပါ plot twistများစွာနဲ့ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။)File size…(2 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:32:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Ya Mone 
movie

Preying Enemies (2025)

2025
Shadow Force (2025) 4.7
Shadow Force (2025)  Shadow Force (2025)IMDb Rating (4.7) / Rotten Tomatoes (34%) ဒီတစ်ခုကတော့ ဒါရိုက်တာ Joe Carnahan ရိုက်ကူးထားပြီး Kerry Washington ၊ Omar Sy နဲ့ Mark Strong တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ အိုက်ဆာနဲ့ ခိုက်ရာတို့က နိုင်ငံတကာက လက်ရွေးစင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စီအိုင်အေရဲ့ အထူးလျှို့ဝှက်အဖွဲ့ဖြစ်တဲ့ အရိပ်တပ်ဖွဲ့ရဲ့ ပူးတွဲခေါင်းဆောင်နှစ်ယောက်ပါ။အသင်းသားအချင်းချင်းကြားပတ်သက်မှုကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားကနေ သူတို့နှစ်ယောက်က ချစ်ကြိုက်သွားကြပြီး အဖွဲ့ကနေ ထွက်ပြေးသွားကြပါတယ်။အဖွဲ့ရဲ့ဦးစီးသူဂျက်ခ်စင်ဒါက အဲဒီနှစ်ယောက်က သူတို့ရဲ့လျှို့ဝှက်ချက်တွေများစွာကို သိနေခဲ့တာကြောင့် ၀ရမ်းပြေးအနေနဲ့သတ်မှတ်ပြီး ဆုကြေးသတ်မှတ်ကာ အရိပ်တပ်ဖွဲ့တွေကိုပဲ လိုက်ခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့ ခိုက်ရာက ထွက်ပြေးသွားတဲ့အချိန်မှာ ကိုယ်၀န်ရှိနေခဲ့ပြီး သားလေးတစ်ယောက်မွေးခဲ့တော့ ဒီလိုအန္တရာယ်ကြားမှာ ကလေးဖြစ်သူအတွက်ကိုပါ တာ၀န်ရှိလာခဲ့ပါတယ်။ဂျက်ခ်ရဲ့လက်က သူတို့မိသားစုလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်လိုက်ကြနော် ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။)File size…(5.8 GB) / (1.8 GB) ...
movie

Shadow Force (2025)

2025
4K HEVC
Message in a Bottle (2025) Mensaje en una botella 6.4
Message in a Bottle (2025) Mensaje en una botella  Mensaje en una botella (2025)IMDb Rating (6.4) ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ် ထွက်ရှိလာတဲ့ အချိန်ခရီးသွားပုံစံ စပိန်ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်ကားလေးရဲ့ နာမည်ကတော့ မြန်မာလိုပုလင်းထဲက စာတစ်စောင်လို့ အမည်ရပါတယ်။ဇာတ်လမ်းအကျဉ်းဒန်းနိစ့်ကွန်တီ လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ ဝိုင်ပုလင်းမှာပါတဲ့ ခုနှစ်အလိုက် ပုလင်းအလွတ်ထဲကို စာတစ်စောင်ထည့်လိုက်တာနဲ့အဲ့ဒီခုနှစ်ကို အဲ့ဒီစာက ရောက်ရှိသွားပြီး သူ့ရဲ့ အနာဂတ် ကို ပြောင်းလဲလို့ရတယ်ဆိုတာ တွေ့ရှိသွားပြီးတဲ့ နောက်မှာ အတိတ်မှာ မှားခဲ့တဲ့ လုပ်ရပ်တွေကို မှန်ကန်အောင် ပြင်ဆင်ရင်း မှားပြီးရင်း မှားနေရင်းကနောက်ဆုံးမှာတော့ မှန်ကန်ပြီး သူမ လိုချင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်သွားမလာဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရှု့ခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size… (2.4 GB) / (1.2 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. ...
movie

Message in a Bottle (2025) Mensaje en una botella

2025
[18+] All Out: AJ Raval (2025)
[18+] All Out: AJ Raval (2025)  All Out: AJ Raval (2025) VMX ပရိသတ်တွေအနေနဲ့ AJ Raval ဆိုရင် VMX ကိုစတင်မိတ်ဆက်ကာစဇာတ်ကားတွေဖြစ်တဲ့ When I Grow Up, I Want to Be a Pornstarတို့ Taya,Narisa တို့လိုနာမည်ကျော်ဇာတ်ကားတွေနဲ့တွဲသိကြမှာပါ။ကလေးဆန်ဆန် cute type လေးဖြစ်တဲ့ ဒီကောင်မလေးဟာထင်မထားရလောက်အောင်ရဲတင်းပွင့်လင်းပြီးအကြမ်းစား ဇာတ်ကောင်စရိုက်မျိုးတွေမှာပါ versatile ဖြစ်ဖြစ်သရုပ်ဆောင်နိုင်ခဲ့တာကိုလည်းမှတ်မိကြပါလိမ့်မယ်။နာမည်ကျော်မင်းသားကြီး Jeric Raval ရဲ့သမီးလည်းဖြစ်တဲ့သူဟာ ဒီလောကနဲ့အစိမ်းသက်သက်မဟုတ်ပဲ ၁၅ နှစ်အရွယ်ကတည်းက The Fabulous Girlfriends ဆိုတဲ့Girlband တစ်ခုမှာပါဝင်ခဲ့ဖူးပြီး Mainstream ဇာတ်လမ်းတွဲတွေ Music video မှာလည်းပါခဲ့တဲ့ Social influencer/Youtuber တစ်ယောက်လည်းဖြစ်ပါသေးတယ်။အခု ဒီမှတ်တမ်းရုပ်ရှင်ကတော့ သူ့ရဲ့နာမည်ကျော်ကားများစုစည်းမှုဖြစ်ပြီး အစီအစဉ်တင်ဆက်သူအဖြစ် Sugapa ဇာတ်ကားမှာသူနဲ့အတူပွဲဦးထွက်ခဲ့တဲ့ မင်းသမီးသစ်လေးDyessa Garcia ကပါဝင်အားဖြည့်ထားပါတယ်။ အားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File ...
movie

[18+] All Out: AJ Raval (2025)

2025
Gangstas (2025) Patsers 6.3
Gangstas (2025) Patsers  Gangstas (2025)IMDb Rating (6.3) ဒီ Gangstas ဆိုတဲ့ဇာတ်ကားကတော့ Dark Comedy, Gangster, Action, Comedy, Crime နဲ့ Drama အစရှိတဲ့ genre မျိုးစုံနဲ့ ပြည့်နေတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။သူ့ရဲ့ rating ကတော့ IMDB မှာ ပျှမ်းမျှအနေနဲ့ 6.3 ရှိတယ်ဆိုပေမယ့် သူ့ကို 8 star ပေးခဲ့ဖူးသူကလည်းများ၊review ရေးတဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း သူ့ရဲ့ original ဆန်တဲ့အချက်ကြောင့် အရမ်းသဘောကျမိလို့ recommend ပေးချင်တဲ့ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအန့်ဝက်ဆိုတဲ့ မြို့ရဲ့ မြေအောက်လောကအဖြစ်ဆိုးတစ်ခုကနေ ရှင်ကျန်လာခဲ့တဲ့ ဘာဒီယာ ဂျုန်းစ်နဲ့ ဗော့လ်ထ်တို့ဟာ သူတို့ရဲ့ အတိတ်ကအဖြစ်ဆိုးတွေကို ချန်ခဲ့ပြီး ကိုယ်စီဘဝအသစ်နဲ့စဖို့ကြိုးစားခဲ့ကြပါတယ်။အဲဒီထဲကမှ သူတို့ကိုအဲဒီဖြစ်စဉ်ထဲဆွဲထည့်သလိုဖြစ်သွားခဲ့တနဲ့ အဒါမိုကတော့ မပြောင်းလဲဘဲ မြောအောက်လောကမှာ တက်သစ်စ ချာတိတ်တစ်ဗွေဖြစ်လာခဲ့တာပေါ့။သူကလည်း စိတ်ထဲကနေသာ ကောင်းတဲ့သဘောတွေကို စိတ်ဆောင်ရင်ဆောင်နေမယ် ဒါပေမဲ့ သူလုပ်နေတဲ့ကိစ္စတွေကတော့ ...
movie

Gangstas (2025) Patsers

2025
Everyone Is Going to Die (2025) 4.0
Everyone Is Going to Die (2025) Everyone Is Going to Die (2025)ဒီ သဲထိပ်ရင်ဖို စိတ္တဇဇာတ်လမ်းလေးကတော့ ၂၀၂၄ ကထွက်ရှိထားတဲ့ R-rated ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းOnly စတော့ရှယ်ယာစျေးကွက်တွေမှာ ရောင်းဝယ်လုပ်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နေရာမှာအောင်မြင်ပြီး သူ့ရဲ့ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခုကိုရောင်းချနိုင်ခဲ့တဲ့ ဒန်နီယယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဟာအလုပ်ကိုပဲစိတ်နှစ်ပြီး တစ်စိုက်မတ်မတ်လုပ်ခဲ့တဲ့အတွက် ဆုံးရှုံးခဲ့ရတဲ့မိသားစုဘဝကို ပြန်ပြီးဖာထေးဖို့ သမီးဖြစ်သူနဲ့ ပြန်ပြီးမိတ်ဖွဲ့ဖို့ကြိုးစားခဲ့ပါတယ်။သမီးဖြစ်သူရဲ့ မွေးနေ့မှာ သူဟာ သမီးလေးပျော်သွားအောင်ဆိုပြီး စျေးကြီးတဲ့ smart watch တစ်ခုကိုဝယ်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်း အဖေဖြစ်သူက ငွေကြေးချမ်းသာပေမယ့် ခြေရှုပ်တတ်တာကိုသိတဲ့ သမီးလေးက ငွေကြေးဓနကနေရလာတဲ့လက်ဆောင်ကို ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ သမီးနဲ့အဖေနှစ်ယောက်စကားများကြရင်း ရုတ်ချည်းဆိုသလို မျက်နှာဖုံးသူနှစ်ယောက် သူတို့ခြံထဲရောက်လာပြီး ခြိမ်းခြောက်သယောင်ယောင်နဲ့ သူတို့ကို အကြပ်ကိုင်ကြပါတယ်။ဖြစ်ချင်တော့ စိတ္တဇလူသတ်သမားနှစ်ယောက်ဟာ ဘာအကြောင်းမှမရှိဘဲ ဒန်နီယယ့်သမီး အီမိုဂန်ကို အကြပ်ကိုင်ပြီး စခြိမ်းခြောက်လာပါတော့တယ်။ဒါပေမဲ့ တကယ်တမ်းကျနောက်ကွယ်မှာ ဒန်နီယယ်က ဘာအမှားလုပ်ထားလို့လဲ ဘယ်လိုလူတွေက သူ့ကိုသတ်ချင်လောက်တဲ့အထိဖြစ်ရလောက်အောင် ပတ်သက်ဆက်နွယ်မှုရှိနေလဲဆိုတာကိုဒီဇာတ်ကားထဲမှာ ရင်တထိပ်ထိပ်နဲ့ရှုစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (950 ...
movie

Everyone Is Going to Die (2025)

2025
Always Smile (2025) 7.9
Always Smile (2025)  Always Smile (2025)IMDb Rating (7.9) ဒီဇာတ်လမ်းကိုတော့ ဆုရဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ထိုင်း-ကိုရီးယား-အမေရိကန် လူမျိုးဖြစ်တဲ့ ဒါရိုက်တာ Jaosn Park ကိုယ်တိုင် တည်းဖြတ်ပြီး ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်အိမ်ကို ပေးနာထားတဲ့အပြင် အာရှသားတွေရှုထောင့်ကနေ ဘဝကိုရုံးကန်ရတဲ့ပုံကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင်တစ်ထောင့်တစ်နေရာကနေရိုက်ကူးထားတာဖြစ်တဲ့အပြင်ကြည့်လိုက်သူတိုင်း စိတ်နဲ့ထိတွေ့အောင်လည်း တကယ်ကြိုးစားအားထုတ်ထားပြီးမှ အောင်မြင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ဆိုရင်လည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းဝမ်းနည်းစရာကားမတော်တဆတစ်ခုနဲ့ကြုံပြီး ချစ်ရတဲ့သူတွေဖြစ်တဲ့ မိဘနဲ့ဇနီးဖြစ်သူတို့ ဆုံးပါးသွားတဲ့အချိန်မှာ အဲလက်စ်ဆိုတဲ့သက်လတ်ပိုင်းယောက်ျားတစ်ယောက်မှာ သူ့ရဲ့ညီဂျွန်နီတစ်ယောက်သာကျန်ပါတော့တယ်။ညီဖြစ်သူကလည်း ၁၀ ကျော်သက်အရွယ်ကုန်လုဆဲဆဲဖြစ်လို့ ကောလိပ်ဆက်တိုက်ဖို့ရှိတဲ့အချိန်မှာ အစ်ကိုဖြစ်သူအဲလက်စ်က ငွေကြေးပြည့်စုံမှုမရှိပေမယ့်လည်းအချိန်ပြည့်အလုပ်လုပ်ပြီး သူ့ညီကိုကျောင်းမထားထားနိုင်အောင် ပိုက်ဆံကြိုးစားရှာခဲ့ပါတယ်။ပိုဆိုးတာတစ်ခုက သူတို့မှာနေစရာအိမ်တောင်မရှိဘဲ နှစ်ယောက်က ဗင်ကားတစ်စီးပေါ်မှာပဲ အိပ်လိုက်စားလိုက်လုပ်ကြရသူပါ။အစ်ကိုဖြစ်သူက မနက်ဆိုညီကိုကျောင်းသွားပို့၊ ပြီးရင်အလုပ်သွား၊ ညနေအချိန်ကျ သူ့ညီကိုပြန်လာခေါ် ကားပေါ်မှာပဲညစာစား၊ နှစ်ယောက်သားအချိန်ယူပြီး ဗင်ကားနောက်ခန်းမှာပဲအိပ်ကြရတာပါ။ဒါပေမဲ့ နှစ်ယောက်လုံးဟာ ကြုံတွေ့နေရတဲ့ဘဝလောကဓံတွေအပေါ် တစ်စက်မှုငြိုငြင်ခြင်း လက်လျှော့ခြင်းမရှိဘဲ မိမိအခန်းကဏ္ဍအလျောက် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ ညီဖြစ်သူက မထင်မှတ်ထားဘဲနဲ့ အခြားပြည်နယ်ကကျောင်းတစ်ခုမှာ ဆေးကျောင်းဝင်ခွင့်ရသွားပါတယ်။ဒါကို ဝမ်းပမ်းသာလို့ ဟိုတယ်မှာတစ်ညသွားအပန်းဖြေဖို့ ...
movie

Always Smile (2025)

2025
After 30 (2025) 4.0
After 30 (2025)  After 30 (2025)တချို့တွေပြောကြသလို 40 ကျော်မှ ဘဝစကြသလိုပဲ အခုတစ်ခါမှာတော့ 30 ကျော်မှ ဘဝကို အစပြုပြီး အခြေချဖို့ကြိုးစားလာကြတဲ့ နိုက်ဂျီးရီးယားသူတွေအကြောင်း တစ်စေ့တစ်စောင်းရိုက်ကူးထားပါတယ်။ဒီဇာတ်ကားထဲမှာတော့ နိုက်ဂျီးရီးယားအမျိုးသမီး သူငယ်ချင်းလေးယောက်ကို အဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။တမီ၊ အာအီရှာ၊ နကမ် နဲ့ အမာ ဆိုတဲ့သူငယ်ချင်းလေးယောက်ဟာ ၂၀ ကျော်ကတည်းက တပူးပူးတတွဲတွဲရှိကြသူဖြစ်ပါတယ်။ဒါပေမဲ့ သိပ္ပံနည်းကျစာရင်းဇယားတွေအရ အများစုသော အမျိုးသမီးတွေဟာ အသက် ၂၇ ဒါမှမဟုတ် ၂၇ ကျော်မှ အခြေချ အိမ်ထောင်ပြု ကလေးမွေးဖို့မိခင်စိတ်ရှိလာကြပါတယ်။ဒီဇာတ်ကားထဲမှာတော့ ဝီးမန်းလေးယောက် ၃၀ ကျော်ကာမှ ဘယ်လို ဖလန်းဖလန်းထားပြီး အော်ကြောလန်ကြမလဲဆိုတာကို ဟာသဆန်ဆန် ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားတစ်ခုဆိုပေမယ့်လည်း လက်တွေ့လောကနဲ့ချိတ်ဆက်နေတဲ့ လူ့သဘောထား လူ့စိတ်တွေကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကျားမ နှစ်ဖက်လုံးကနေ ကြည့်ရင်ကြည့်တတ်သလို ယူရင်ယူတတ်သလို သုတကော ရသပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.2 GB) ...
movie

After 30 (2025)

2025
The Girl in the Pool (2025) 4.3
The Girl in the Pool (2025)  The Girl in the Pool (2025)IMDb Rating (4.3) / Rotten Tomatoes (36%) ရေကန်ထဲကမိန်းကလေးဆိုတဲ့ ဇာတ်လမ်းနာမည်အတိုင်းပါပဲ ရေကန်ထဲကမိန်းကလေးအလောင်းတစ်ခုကနေ စတဲ့ဇာတ်လမ်း။ခင်ပွန်းဖြစ်သူရဲ့မွေးနေ့ပွဲကို စပရိုက်စ်ပါတီပေးဖို့ လုပ်နေကြတဲ့ ချမ်းသာတဲ့မိသားစုတစ်ခု။ခင်ပွန်းဖြစ်သူက ရေကန်ထဲက မိန်းကလေးအလောင်းနဲ့ တိုင်ပတ်နေတဲ့အချိန်။အဲဒီမိန်းကလေးကလည်း သူနဲ့ဖောက်ပြန်နေတဲ့ မိန်းကလေး။မိသားစုမထိခိုက်ဖို့အရေး အလောင်းဖျောက်ဖို့ ကြိုးစားနေတဲ့အချိန် စပရိုက်စ်ပါတီကြောင့် တစ်အိမ်လုံးမှာ မိသားစုမိတ်ဆွေအသိုင်းအဝိုင်းတွေ ရောက်လာကြရာကစပြီး။မိန်းကလေးက မတော်တဆကြောင့်သေတာလား?အသတ်ခံလိုက်ရတာလား? ဆိုတာ တဖြည်းဖြည်းရုပ်လုံးပေါ်လာမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)File size…(1.2 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:29:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo
movie

The Girl in the Pool (2025)

2025