Channel Myanmar
2011
Like Crazy (2011) 6.7
Like Crazy (2011) Like Crazy (2011) IMDb - 6.7/10_____Rotten - 71%  ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ထွက် Drama, Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating 6.7 နဲ့Rotten tomatoes မှာ 72% ရရှိတဲ့ အချစ်ဇာတ်ကားကောင်းလေးကို ဒါရိုက်တာ Drake Doremus ရိုက်ကူးပြီးတော့ မင်းသားချော Anton Yelchin နဲ့ Theory of everything, Star War: Rouge One တို့ရဲ့ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Felicity Jones က Anna အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ အင်္ဂလန်ကောလိပ်ကျောင်းသူတစ်ဦးဖြစ်တဲ့ Anna က အမေရိကန်ကိုခေတ္တအလာလည်ရာမှာ အမေရိကန်ကျောင်းသားတစ်ဦးဖြစ်တဲ့ Jacob နဲ့ရည်ငံမိပါတယ်။ သို့ပေမယ့် Anna ဟာ ဗီဇာသက်တမ်းကုန်ဆုံးတဲ့အထိနေထိုင်ခဲ့တဲ့အတွက် အမေရိကန်မှထွက်ခွာဖို့အကြောင်းဖန်လာတဲ့အခါမှာတော့......။ စိတ်ဝင်စားစရာကောင်းပြီး ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့အချစ်ကားလေးကိုတော့ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။     File Size : (702 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre ...
movie
Like Crazy (2011)
2011
Gnomeo & Juliet (2011) 5.9
Gnomeo & Juliet (2011) Gnomeo & Juliet (2011) IMDb - 5.9/10_____Rotten - 56%  Gnomeo and Juliet ကာတွန်းကားလေးကတော့ ၂၀၁၁ မှာထွက်ရှိထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေက အပြင်မှာလည်းနာမည်ကြီးတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေပါပဲ ဒီဇာတ်လမ်းထဲမှာတော့ အနီရောင်မိသားစုနဲ့အပြာရောင်မိသားစုဟာ ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ရန်ငြိုးဟောင်းတွေကြောင့် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြပါတယ် သူတို့ကတော့ ပန်းခြံထဲမှာထားတဲ့ gnome အရုပ်လေးတွေပေါ့ သူတို့ရဲ့သခင်တွေဖြစ်တဲ့ အိမ်ရှင်နှစ်ယောက်ကလည်း မတည့်သလို အနီနဲ့အပြာမိသားစုတွေကလည်း လမ်းမှာတွေ့ရင် ဦးရာလူကချကြတာပေါ့ အပြာရောင်မိသားစုဘက်က ခေါင်းဆောင်ရဲ့သားဖြစ်သူ နိုမီယိုနဲ့ အနီရောင်ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ဂျူးလိယက်တို့နှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားခဲ့ပါတော့တယ် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြတဲ့ မိသားစုနှစ်စုရဲ့ရန်ငြိုးတွေကြားမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ အချစ်တွေရှင်သန်နိုင်ပါမလား ဘယ်လိုအခက်အခဲတွေကြုံတွေ့မှာလဲ နိုမီယိုနဲ့ဂျူးလိယက်တို့ချစ်သူနှစ်ယောက်ဟာ ဒီရန်ငြိုးတွေကို အဆုံးသတ်ပေးနိုင်မှာလား ဒါမှမဟုတ် ဝေးကွာသွားကြမလားဆိုတာ ဆက်လက်ကြည့်ရှူ့ကြပါစို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်...   File Size : (752 MB) Quality : Blu-Ray 720p Format…mp4 Duration…01:24:00 Genre : ,  Adventure, Animation, Comedy Subtitle ...
movie
Gnomeo & Juliet (2011)
2011
7 Khoon Maaf (2011) 6.2
7 Khoon Maaf (2011) မိန်းမတိုင်းဟာ တစ်သက်မှာ တစ်ခါတော့ သူတို့ ယောက်ျားတွေကို သတ်ပစ်ဖို့ စဉ်းစားဖူးတယ် တဲ့ .....ခင်ဗျားဟာ အိမ်ထောင်သည်ဆိုရင် ခင်ဗျားရဲ့မိန်းမကို မေးကြည့်ပါ ။ အနည်းဆုံး တစ်ကြိမ်တော့ ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ သူစဉ်းစားဖူးလိမ့်မယ်တဲ့ .....ကဲ .. ဒါဆို ဘာလို့ ခင်ဗျား အခုထိ အသက်ရှင်နေလဲ သိလား?"ကလေး"ကလေးတစ်ယောက်လောက် ရလိုက်ရင် မိန်းမတွေဟာ ယောက်ျားကို ပိုပြီး သည်းခံလာနိုင်လာတယ်တဲ့ ... ဒါကြောင့် ခင်ဗျား အခုချိန်အထိ အသက်ရှင်နေတာပေါ့ .....ဆူဆန်နာ အန်နာမရင်း ဂျိုဟန်နာ ဆိုတဲ့ သူဌေးမ တစ်ယောက် ယောက်ျား ၆ ယောက်ထိ ယူခဲ့တယ် အကုန်သေကုန်တယ် ။တကယ်တော့ ဆူဆန်နာဟာ သူ့ဘဝသက်တမ်း တစ်လျှောက်လုံး ထာဝရအချစ်ကို ရှာဖွေခဲ့တာပါ ၊ အရမ်းအထီးကျန်ခဲ့ရပါတယ် ။ သူ မွေးကင်းစအရွယ်မှာပဲ သူအမေ ဆုံးပါးသွားခဲ့တယ် ။ ပြီးတော့ သူအရွယ်မရောက်ခင်မှာဘဲ သူ့အဖေ ...
movie
7 Khoon Maaf (2011)
2011
[21+] Cabaret Desire (2011) 4.6
[21+] Cabaret Desire (2011)  2011 ခုနှစ်ကထွက်ရှိခဲ့တဲ့ 21+ ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက BDSM လို နည်းနည်း ခပ်ကြမ်းကြမ်း scence လေးတွေပါနေတယ်ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ပိုစတာကို ကြည့်တာနဲ့ တန်းသိမှာပါ ဒီကားလေးကတော့ Desire ဆိုတဲ့ ဆန္ဒအကြောင်းလေးကို ရိုက်ပြထားတာဖြစ်ပြီးတော့ လူတိုင်းမှာ မိမိကိုယ်တိုင် မသိတာရော အရှက်တရားကြောင့်ရောပါ ဖုံးကွယ်ထားတတ်ကြတဲ့ အကြောင်းတရားလေးတွေ ရှိပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ လူတွေ ညကျရင်သွားတတ်ကြတဲ့ နေရာလေးတွေမှာ ထူးခြားတဲ့နေရာလေးတစ်ခုရှိပါတယ် အဲ့ဒီနေရာလေးကတော့ ဇာတ်လမ်းလေးတွေနဲ့ပြောပြပြီး ဖောက်သည်တွေရဲ့ ပုန်းလျှိုးနေတဲ့ ဆန္ဒတွေကို ဖြည့်ဆီးပေးတဲ့နေရာလေးပါ အဲ့နေရာလေးမှာ ဇာတ်လမ်းက လေးခုပဲရှိပါတယ် The Two Alexes, My Mother, In Wonderland, Wet sheets ဆိုတဲ့ ပုံပြင်လေးပုဒ်ပါ ဇာတ် ရှိန်တက်လာတာနဲ့ အမျှ သင်ဟာ မိန်းမလှလေးတွေကသင့်ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆီးပြီး မျှော်လင့်ခြင်းကွင်းပြင် ...
movie
[21+] Cabaret Desire (2011)
2011
Source Code (2011) 7.5
Source Code (2011) "သေပြီးတာတာင် တိုင်းပြည်တာဝန်ထမ်းဆောင်နေရတာ ဂုဏ်ယူစရာပဲ" ဒီစကားကို သင်လက်ခံပါရဲ့လား ? လွတ်လပ်မှုကို ဘယ်အချိန်ထိ ထိန်းချုပ်ထားကြမှာလဲ သူတပါးဦးနှောက်ကို သွင်းချင်ရာသွင်း ဖျက်ချင်သလိုဖျက် SD Card လိုသဘောထားနေကြတာဟာ တရားရောဝင်ရဲ့လား ? ဒီအတွေးတွေနဲ့အတူ ရသမျိုးစုံပေးသွားမယ့် Source Code ဆိုတဲ့ဇာတ်ကားမှာ စွယ်စုံရမင်းသားကြီိး Jake Gyllenhaalက ဦးဆောင် ပါဝင်ထားပါတယ် IMDb 7.5 နဲ့ RT 91% ဆိုတော့ CM ပရိသတ်တွေ အတွက်တော့ အချိန်ပေးကြည့်ရတာတန်မှာပါ ဇာတ်လမ်းအစမှာတော့ ချီကာဂိုမြို့ပတ်ရထားပေါ်မှာ နိုးထလာသူတစ်ယောက် ကိုယ်မသိတဲ့ ကောင်မလေးတစ်ယောက်က ရင်းရင်းနှီးနှီး စကားတွေလာပြော ကိုယ်မကြားဖူးတဲ့ နာမည်နဲ့ ကိုယ့်ကိုခေါ် မှန်သွားကြည့်တော့လည်း ကိုယ့်မျက်နှာမဟုတ် ပိုက်ဆံအိတ်ထဲက အိုင်ဒီကဒ်ကလည်း ကိုယ့်ကဒ်မဟုတ် ရထားပေါ်ကို ဘယ်လိုရောက်လာတာလဲ ဘာရည်ရွယ်ချက်နဲ့ ပို့ဆောင်ခံရတာလဲ ဇာတ်လမ်းအကျဉ်း မသိထားလေ ပိုကောင်းလေမို့ ကြည့်ဖြစ်အောင်သာကြည့်ပါလို့ တိုက်တွန်းလိုက် ပါတယ်.... File Size : (667 MB)  Quality : Blu-Ray 1080p Running Time : 1hr 33min Format : Mp4 Genre :Mystery, Romance, Sci-Fi Subtitle : Myanmar Subtitle ...
movie
Source Code (2011)
2011
[18+] Step Up Love Story (2011) 5.3
[18+] Step Up Love Story (2011) Dark Side Production မှတင်ဆက်သည်။   ဇာတ်လမ်းကတော့....အချစ်ကို အချစ်လို့သာသိပြီး အဘာကြီးဘာနေကြတဲ့ သူငယ်ချင်းတွေကြား ဘာအတွေ့အကြုံမှ မရှိသေးတဲ့ စုံတွဲလေးအကြောင်းကို သာသာယာယာလေး ပြသွားမယ့် ဇာတ်လမ်းလေးကို ချပြလတ်ပါပြီ.....Living Together ခေတ်ကြီးမှာ... ခုတွေ့ ခုချစ် ခုယူ ဖြစ်သွားခဲ့တဲ့ မာကိုတိုတို့ စုံတွဲဟာ မီးဖိုချောင် ကိစ္စကအစ အိမ်ထောင်ရေး သုခအဆုံး နကန်းတစ်လုံးမှ မသိကြသေးပါဘူး...ဒါကို ရိပ်မိကြတဲ့ အပေါင်းအသင်းတွေက သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ သင်တန်းပို့ချပေးကြပါတယ်..ကောင်မလေးဖက်က သူငယ်ချင်းကလည်း ထိုနည်း၎င်း လမ်းပြကြတယ် ဆိုပါတော့...ကြားသမျှလေးတွေနဲ့ လက်တည့်စမ်းတဲ့ မာကိုတိုနဲ့ အကြံပေးတိုင်း လိုက်လုပ်ရှာတဲ့ သူ့ချစ်ဇနီးလေးတို့ အဆင်ပဲပြေကြမလား၊ အောင့်အီးသည်းခံတွေပဲ ဖြစ်မလား ဆိုတာကတော့ ကိုယ့်လူတို့ လက်တွေ့ဒေါင်းကြည့်လိုက်ကြတော့ဗျာ...။  File Size…(800 MB)Quality…HDRipFormat…mp4 Duration…01:13:00 Subtitle…Myanmar Subtitle(Hardsub) Encoder…RGBTranslated by Dark Cloud  
movie
[18+] Step Up Love Story (2011)
2011
To the Forest of Firefly Lights (2011) 8.0
To the Forest of Firefly Lights (2011) ဂျပန်စာရေးဆရာYuki Midorikiwaကရေးခဲ့ပြီး 2011မှာanimeအဖြစ်အသက်သွင်းခဲ့ပါတယ်ရိုမန်တစ်ဆန်တဲ့ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ရည်းစားမရှိတဲ့လူတွေဖီးလ်စေမယ့် ကားမျိုးပဲဖြစ်ပါတယ်ဟိုတာရုရဲ့အသက်ခြောက်နှစ်အရွယ်လောက်က ကျေးလတ်မှာရှိတဲ့ သူ့အဖိုးရဲ့ရွာနားကတောအုပ်ထဲလမ်းပျောက်ပြီးဂင်လို့ခေါ်တဲ့မျက်နှာဖုံးနဲ့ လူထူးဆန်းလေးနဲ့စတင်တွေ့ဆုံခဲ့ပြီး နွေရာသီရောက်တိုင်း သူတို့နှစ်ယောက်က အတူဆုံလေ့ရှိပါတယ်ဂင်ရဲ့ထူးခြားမှုက သူ့အသားကိုလူတစ်ယောက်ထိတာနဲ့ ဂင်ဟာထာဝရပျောက်ကွယ် သွားရမှာပါသူတို့ရဲ့ဆက်ဆံရေးတွေကဘယ်လိုရှုပ်ထွေးလာပြီးတော့ ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာကိုဒါရိုက်တာ Takahiro Omoriကသေချာရိုက်ပြထားပါတယ်ဗျ ဇာတ်လမ်းကိုစစတင်ချင်းမှာပဲတစ်ဟုန်ထိုးအောင်မြင်မှုတွေ ရပြီးတော့ International Film Festival, Anime Contents Expo နဲ့Anime Expo conventionတွေမှာပြသခွင့်ရခဲ့ပါတယ်66th Annual Mainichi Film Awardsဆုပေးပွဲမှanimation flim awardကိုလည်းရရှိထားတဲ့ကားကောင်းလေးပါကဲ အားပေးကြပါဦးဗျာ။( ဒီဇာတ်ကားလေးကို ဘာသာပြန်ပြီး အညွန်းပါရေးပေးတဲ့သူကတော ့ Si Thu ပဲ ဖြစ်ပါတယ်ခင်ဗျာ)File Size : (350 MB) Quality : WEBRip 720p Running Time : 1hr 42min Format : Mp4 Genre : Animation, Drama, ...
movie
To the Forest of Firefly Lights (2011)
2011
Lucky Trouble (2011) 6.2
Lucky Trouble (2011)  ဇာတ်ကားအမျိုးအစားက sport and romance အမျိုးအစား ဖြစ်ပြီး၂၀၁၁ ခုနှစ်က ဖြန်ချီခဲ့ပါတယ်။ IMDb Rating ၆.၂ နဲ့  Phim hd 9 ရရှိထားပါတယ်။တစ်ကားလုံးကြာချိန် ၉၇ မိနစ် ရှိပါတယ်။ရှရှားကားမို့  ရှရှား စကားပြောနဲ့ ဆို တော့ နားထောင်ရတာ တစ်မျိုးတော့ဖြစ်နေပါလိမ့်မယ်။ Budget ၇.၈ မီလီယံနဲ့ ရိုက်ကူးထားခဲ့ပါတယ်။ဒီကားလေးက ထူးထူးခြားခြား Resident Evil ရဲ့  အဓီကဇာတ်ကောင် ဖြစ်တယ့်မင်းသမီး Milla Jovovich ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားက သူရဲ့ ရုရှားရုပ်ရှင် လောကထဲကို ခြေလှမ်းစချလိုက်တဲ့ဇာတ်ကား လဲဖြစ်ပါတယ်။ မင်းသားက Konstantin Khabensky ပါ သူတို့ နိုင်ငံမှာတော့ သူကပြေတီဦးပေါ့နာမည်ကြီးတာကိုပြောတာပါ။ တခြား သရုပ်ဆောင်တွေ က ရုရှား သရုပ် ဆောင်တွေ ပါဘဲ။ပေါ့ပေါ့ပါးပါးလေးနဲ့  ရိုက်ကူးထားတယ့်ဇတ်လမ်းပုံစံဖြစ်ပြီး မင်းသမီး ဖြစ်တယ့် Milla Jovovich က အရင်action ပုံစံမဟုတ်ဘဲလုံးဝကွဲထွက်နေတဲ့ romance ပုံစံကို သရုပ်ဆောင်ထားပါတယ်။ ...
movie
Lucky Trouble (2011)
2011
Some Guy Who Kills People (2011) 6.3
Some Guy Who Kills People (2011) CM ပရိတ်သတ် ကြီးအတွက် လူသတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ ဒီကားလေးက ကန် ဆိုတဲ့ လူတစ်ယောက်အကြောင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကန်က မကြာခင်ကမှ စိတ်ဆေးရုံက ဆင်းလာတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။သူ့ကို ငယ်ဘ၀ကတည်းက အနိုင်ကျင့် ယုတ်မာ မှု့တွေကြောင့် စိတ်ကျန်းမာရေးချို့ယွင်းပြီး စိတ်ကျန်းမာရေး ဆေးရုံ ရောက်သွားတာပါ အခုတော့ ဆေးရုံ ကနေဆင်းပြီး တော့ ဘာဂါရောင်းတဲ့ ဆိုင်မှာ လုပ်နေပါတယ်။ အဲ့မှာပဲ သူသိခဲ့ရတာက သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ သူ့သမီးလေးကို ချစ်ဖို့ နားလည်ဖို့ ကြိုးစားရင်းနဲ့ ကန်တစ်ယောက် နေထိုင်နေပါတယ်။ ဒီလိုနေထိုင်နေတဲ့ အချိန်မှာပဲ ကန်ကို အနိုင်ကျင့် စိတ်ကျန်းမာရေးဆေးရုံပို့တဲ့ လူတွေဟာ တစ်ယောက်ပြီး တစ်ယောက် ရက်ရက် စက်စက် အသတ်ခံရပါတယ်။ လက်သည်ကို ရှာမရပါဘူး။ အဲ့အချိန်မှာပဲ ကန်တို့မြို့က ရဲမှုးက ကန် အမေ့ ဆီကို လာရင်းနဲ့ ကန်က လူသတ်သမားဖြစ်မယ်ဆိုတာ သံသယ ...
movie
Some Guy Who Kills People (2011)
2011
Young Adult(2011) 6.3
Young Adult(2011) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ Imdb..6.3 ရ"Young Adult"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...  Mavis Gary ဆိုတဲ့ အမျိုးသမီးဟာ ဘဝကိုမကျေနပ်မှုတွေ စိတ်မချမ်းမြေ့မှုတွေ ကိုယ့်ကိုကိုယ်အားမရမှုတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်.... သူဟာ Young Adult ဆိုတဲ့ စီးရီးကိုလဲ ရေးသားနေသူပါ...ဒီစီးရီးကလဲ အောင်မြင်မှုမရခဲ့ပါဘူး... သူ့ရဲ့ အချစ်ရေးကလဲ ကံမကောင်းလှပါဘူး.... သူ့ရဲ့ Young adult စီးရီးက Kendall Strickland လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးအကြောင်းကို ရေးထားတာပါ...Kendall က အထက်တန်းကျောင်းမှာ ကောင်လေးတိုင်း ကြွေရတဲ့ ကောင်မလေးတိုင်းမနာလိုဖြစ်အားကျရတဲ့ မိန်းမချောလေးပါ... ခုခေတ်စကားအရဆိုရင် Queen ဆိုပါတော့... Mavis က ဘာလို့ Kendall အကြောင်းကို ရေးလဲ..အကြောင်းကတော့ သူ့ငယ်ဘဝကလဲတစ်ချိန်တစ်ခါက Kendall လို ရွှေထီးဆောင်းခဲ့တာပါ.... ပြောရရင် သူ့ဘဝဇာတ်ကြောင်းကို အခြေခံထားတာပေါ့.... သူ့ရဲ့ လှပခဲ့တဲ့ ...
movie
Young Adult(2011)
2011
Super 8 (2011) 7.0
Super 8 (2011) လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။အခြားသောသူငယ်ချင်းများရဲ့အကူအညီနဲ့အတူ ချားစ်တစ်ယောက်ဇာတ်လမ်းတိုလည်းစရိုက်ပါတယ်။တစ်နေ့ ညအချိန်ကြီး မီးရထားဘူတာအနီးတွင် ရိုက်ကွင်းတစ်ခုရိုက်ရန်လုပ်နေကြပါတယ်။အစမ်းလေ့ကျင့်နေကြစဉ်မှာပဲ အနီးနားက ဖြတ်သွားတဲ့ရထားရှေ့ကို ပစ်ကပ်ကားအဖြူတစ်စီး ပြေးဝင်သွားရကစပြီး ရထားတွဲလည်းပြိုလဲသွားကာ ဂျိုးစ်တို့သူငယ်ချင်းတစ်စုလည်း ပေါက်ကွဲမှုအရှိန်ကြောင့်တကွဲတပြားစီဖြစ်ကုန်ပါတယ်။အဲဒီနောက် လူတွေပြန်စုမိပြီး လူငယ်တွေသဘာဝအတိုင်းဖြစ်ပျက်ရသည့်အကြောင်းအရာကိုသွားစပ်စုကြည့်တဲ့အခါမှာတော့ ကားမောင်းသူမှ သူတို့ရဲ့ဇီဝဗေဒဆရာ ဒေါက်တာဝုဒ်ဝေါ့ဒ်ပဲဖြစ်နေပါတယ်။ ...
movie
Super 8 (2011)
2011
The Change-Up (2011) 6.3
The Change-Up (2011) Jason Bateman နဲ့ Deadpool မင်းသား Ryan Renold ရဲ့ အခွက်ပြောင်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ပရိတ်သတ်တွေကို တသောသောညံစေမယ့် ဇာတ်ကားတကားပါ။ဟုတ်ပါတယ် ဇာတ်ကားနာမည်အတိုင်း အပြောင်းအလဲလေးတွေအကြောင်း ရိုက်ထားတာပါ။မိသားစု၊ အလုပ်အကိုင်၊ မိတ်ဆွေ..အဲ့လိုအရာအားလုံးနဲ့ ပြည့်စုံနေတဲ့ ဒေ့ဗ်လော့ခ်ဝုဒ်.....အဖေနဲ့ အစေးမကပ်၊ ဖြစ်သလိုနေ ဖြစ်သလိုစား၊ ကြုံရာလုပ်ဖြစ်နေတဲ့ မစ်ခ်ျပလန်ကို.....သူတို့နှစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်းတွေ၊ တောင့်တမှုတွေ၊ ဖြစ်ချင်..လုပ်ချင်ပေမယ့် အခါမသင့်လို့ မလုပ်နိုင်ရတာတွေ...အဲ့လို လူ့လောကသဘာဝတွေကို"တစ်ချိန်က အခက်အခဲတွေဆိုတာ နောင်တစ်ခါကျ ဟာသတွေ ဖြစ်သွားတာပဲ..." ဆိုသလိုမျိုး ဟာသလေးတွေ အနည်းငယ်နှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။မိသားစု ကိစ္စတွေ၊ အလုပ်ကိစ္စတွေနဲ့ ငြီးငွေ့နေပြီး အားလုံးလိုလိုကို မေ့တတ်နေပြီဖြစ်တဲ့ ဒေ့ဗ်တစ်ယောက် အချစ်ဆုံးသူငယ်ချင်း မစ်ခ်ျနဲ့ တစ်ညတာ လျှောက်လည်၊ စားသောက်၊ ကိုယ့်ကိစ္စ သူ့ကိစ္စတွေကို ရင်တွေဖွင့်အပြီးမှာတော့.....ကပေါက်ကပေါက်ချာ စောင်တလွဲဖြစ်ကုန်တာတွေကိုတော့ ကိုယ့်လူတို့ ကိုယ်တိုင်သာ ဟားကြပါတော့ဗျို့...သတိ: : ...
movie
The Change-Up (2011)
2011
Paul (2011) 7.0
Paul (2011) CM ပရိတ်သတ်အတွက် ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Paul" ဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2011 က ထွက်ရှိခဲ့တာဖြစ်ပါတယ်...လူတိုင်းမှာ ဝါသနာအမျိုးမျိုးရှိပါတယ်..သီချင်းဆိုတာစိတ်ဝင်စားတာ.. ကွန်ပြူတာစိတ်ဝင်စားတာ...စသဖြင့် ဝါသနာကိုယ်စီရှိကြပါတယ်...ကလိုက်ဗ် နဲ့ ဂရမ်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဂြိုဟ်သားရှိတာကိုယုံကြည်ပြီး ဂြိုဟ်တွေအကြောင်းကို စိတ်ဝင်စားကြပါတယ်..ဝါသနာတူသူငယ်ချင်းနှစ်ယောက်အမေရိကန်မှာကျင်းပတဲ့ သိပ္ပံရုပ်ပြပွဲကို သွားချိန်မှာဇာတ်လမ်းစတော့တာပါပဲ....သူတို့နှစ်ယောက်ဟာ ဥက္ကာပျံတွေပျက်ကျတယ်ဆိုပြီး လူသိများတဲ့ နေရာတစ်ခုကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်..အဲ့အချိန် Paul လို့ အမည်ရတဲ့ ဂြိုဟ်သားဟာ FBI ကနေ ထွက်ပြေးလာချိန်ဖြစ်ပါတယ်...Paul ဟာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်တည်းက ကမ္ဘာမြေပေါ်ယာဉ်ပျက်ကျကာ အစိုးရခိုင်းစေတဲ့ တာဝန်တွေကို အကြံပေးနေရသူပါ...တစ်နေ့ သူ့ကိုသတ်မယ်ဆိုတဲ့ သတင်းကြားပြီးနောက် ထွက်ပြေးတိမ်းရှောင်ရပါတော့တယ်...Paul ဟာ ဂရမ်း ကလိုက်ဗ်တို့နဲ့ ပတ်ပင်းတိုးပါတော့တယ်...သူငယ်ချင်းနှစ်ယောက်ဟာ Paul ကို သူ့နေရပ်ကို ပြန်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်...ဒီအပြန်ခရီးမှာတော့ ကြုံရတဲ့အလွဲတွေ.. ဟာသနှောထားတဲ့ အဖြစ်အပျက်လေးတွေ..FBI ...
movie
Paul (2011)
2011
I Am Number Four (2011) 6.1
I Am Number Four (2011) ဒီဇာတ်ကားက Pittacus Lore ရေးတဲ့ ဝတ္ထုအတွဲတွေထဲကပထမဆုံး စာအုပ်ကို ဇာတ်ညွှန်းပြုပြီး ရိုက်ထားတာပါ ။တခြားစာအုပ်တွေဖြစ်တဲ့ "The Power of Six," "The Rise of Nine," "The Fall of Five,""The Revenge of Seven" နဲ့ "The Fate of Ten." စာအုပ်တွေကျန်ပါသေးတယ် ။ရုပ်ရှင်ထပ်ရိုက်မရိုက်တော့ မပြောတက်ဘူး ။ဇာတ်လမ်းအကျဉ်းကတော့ကမ္ဘာမြေမှာ လာရောက်နေထိုင်နေတဲ့ ဂြိုလ်သား ၉ ယောက်နဲ့ သူတို့ရဲ့အုပ်ထိန်းသူတွေ ကိုလိုက်ရှင်းနေတဲ့ Mogadorian တွေကို ဇာတ်အိမ်ဖွဲ့ထားတာပါ ။ကလေးတွေဟာ သူတို့ကိုယ် သူတို့ ဂြိုလ်သားဖြစ်တယ် ၊စွမ်းအားရှိတယ်ဆိုတာ မသိရပါဘူး ။အရွယ်ရောက်လာရင် သူ့အလိုလို စွမ်းအားတွေ ထွက်ပေါ်လာတတ်တယ် ။အဲဒိလို ထွက်ပေါ်လာတဲ့ စွမ်းအားတွေကြောင့် Mogadorian တွေကိုသူတို့ဘယ်မှာရှိတယ်ဆိုတာ ပြသမိသလို ဖြစ်ဖြစ်သွားပါတယ် ။.Mogadorian ...
movie
I Am Number Four (2011)
2011
Kanchana: Muni 2 (2011) 6.6
Kanchana: Muni 2 (2011) Kanchanaဒီကားက အခုလတ်​တ​လောမှာ ​ရေပန်​းစား​နေတဲ့ ရုံတင်​ကားကြီးဖြစ်​တဲ့ တာ​တေကြီးရဲ့ မူရင်​းဇာတ်​ကား​လေးပါ...ဇာတ်​လမ်​း ဇာတ်​ကွက်​​တွေက ​အထူး​ညွှန်​း​နေစရာ​တောင်​ မလိုအပ်​​တော့ပါဘူး... ရာဗာတို့သူငယ်ချင်း​အုပ်​စု ခရစ်​ကတ်​ ကစား​နေကြ ​မြေကွက်​လပ်​ကြီးက ကစားလို့မရ​တော့တဲ့အတွက်​ ​နေရာအသစ် ​သွားရှာတဲ့အခါမှာ...လူမရှိတဲ့ခြံကျယ်​ကြီးတစ်​ကွက်​ကို​တွေ့ခဲ့ပါတယ်​ ရာဗာတို့သူငယ်​ချင်​းအုပ်​စုက အဲ့ဒီခြံကျယ်​ကြီးထဲမှာ ခရစ်​ကတ်​ကစားဖို့ ပြင်​ဆင်​​နေကြတဲ့အချိန်​မှာပဲ ​လေပြင်​း​တွေတိုက်​ ​ကောင်​းကင်​​တွေက မဲ​​မှောင်​လာခဲ့ပါ​တော့တယ်​ ရာဗာတို့​တွေလဲ ​ကြောက်​အားလန်​့အားနဲ့ အိမ်​ပြန်​​ပြေးကြတဲ့အခါမှာ​တော့ ရာဗာရဲ့ ခရစ်​ကတ်​ကစားတဲ့တုတ်​မှာ အဲ့ဒီခြံကျယ်​ကြီးထဲက မ​ကောင်​းဆိုးဝါးကလိုက်​လာခဲ့ပါ​တော့တယ်​.... သရဲဆိုရင်​ အသံ​တောင်​ကြားမရ​အောင်​​ကြောက်​တတ်​တဲ့ သတ္တိခဲရာဗာဆီမှာမှ အမုန်​း​တွေ အညှိုး​တွေ အာဂတ​တွေနဲ့ ပြည်​့​နေတဲ့ ခြံကျယ်ကြီးထဲက သရဲ​တွေ ဝင်​​ရောက်​စီးကပ်​သွားတဲ့အခါမှာ​တော့... ရာဗာတို့မိသားစု​တွေ ဘယ်​လိုအ​ခြောက်​အလှန်​့​တွေနဲ့ ရင်​ဆိုင်​သွားရမလဲ... ရာဗာကိုယ်​တိုင်​က​ရော ဘယ်​လိုပုံစံမျိုး​တွေ​ပြောင်​းလဲသွားမလဲ... ရာဗာ့ဆီမှာ ဝင်​ပူးခဲ့တဲ့သရဲ​တွေက​ရော ဘယ်​လိုအ​ကြောင်​း​ကြောင်​့လဲဆိုတာ​တွေကို​တော့ ဇာတ်​လမ်​းဆုံးသည်​ထိ သည်းထိတ်ရင်ဖို​​​နဲ့ ကြည်​့ရှုခံစားရမယ်​့ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​... သရဲကားကြိုက်​နှစ်​သက်​သူ​တွေအတွက်​ အထူးညွှန်​းစရာမလို​ပေမယ်​့ သရဲကားမကြည်​့ရဲတဲ့သူ​တွေအတွက်​လဲ ဟာသ​လေး​တွေနဲ့မို့ မ​ကြောက်​ပဲကြည်​့ကြပါလို့ ညွှန်​းချင်​ပါတယ်​Qty - 720p Blu-ray Duration - 2hr 30min Gern - Horror/ Thrill Translator - Mie Mie Review - Mie Mie Encoder - Kyaw Ye ...
movie
Kanchana: Muni 2 (2011)
2011
Cars 2 (2011) 6.2
movie
Cars 2 (2011)
2011
The Iron Lady (2011) 6.4
The Iron Lady (2011) The Iron Lady (2011) IMDb - 6.4/10_____Rotten - 52% Won 2 Oscars. Another 23 wins & 47 nominations.     ဒီရုပ်ရှင်ကား ဇာတ်ကားက တော့ ဖြစ်ရပ်မှန် ကိုပြန်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။ ဗြိတိန် သမိုင်း ကိုတစ်ဆစ်ချိုးပြောင်းလဲ ခဲ့ပြီး ရာဇဝင်တွင်ကျန်နေခဲ့တယ့် ဗြိတိန် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ့် မာဂရက်သက်ချာ အကြောင်းဖြစ်ပါတယ်။ သက်ချာလို့ပြောလိုက်ရင် လူခွန်တောင်ကောက် တယ့်သူဆိုပြီး တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ဒီဇာတ်ကားက Biography/Drama အမျိုးအစားဖြစ် ပြီး IMDb Rating 6.4 ၊ Rotten Tomatoes 52% ၊ Roger Ebert 2 /4 ရရှိထားပါတယ်။ တစ်ကားလုံးကြာမြင့်ချိန် ၁၀၄ မိနစ်ရှိ ပြီးတော့ Budget ၈.၂ မီလီယံဒေါ်လာနဲ့ရိုက်ကူး ထားပြီး Box Office မှာ ၁၁၅ မီလီယံပြန်လည် ရှိရှိခဲ့ပါတယ်။ 20th Century Fox က ဖြန့်ချီထားပါတယ်။ အဓီက ...
movie
The Iron Lady (2011)
2011
Thelma (2011) 6.7
Thelma (2011)  2011 ခုနှစ်ထွက် ဖိလစ်ပိုင် ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ထုံးစံ အတိုင်းစာဖိုင်မထွက်ပါဘူး အဲ့တာကို စာဖိုင်ဖန်တီးပြီး ပြန်ရေး ထားတာကြောင့်လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွတ်ပေး ကြဖို့ ကြိုတင်တောင်းပန်အပ်ပါတယ် ဒီဇာတ်ကားလေက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်မှာ ရုံတင်အောင်မြင်ခဲ့ပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကတော့ Thelma (သဲမာ) ပါ နာမည်အတိုင်း အသဲမာတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းလေးကို ရိုက်ကူးပြထားတာဖြစ်ပြီး ဖြစ်ရပ်မှန် ကိုရိုက်ကူးပြထားတာပါ လူ့ဘ၀မှာ အိမ်မက်ဆိုတာ တခုထဲ ရှိသလို အခွင့်အရေးကလဲ တခါပဲလာတာပါ အဲ့တာကို အမိအရဖမ်းဆုတ်ထား နိုင်ဖို့ကလဲ တစ်ခါပဲ လောက ကြီးကိုလူတစ်ယောက်ကိုမျက်နှာသာပေးပါတယ် တစ်သက်မှာတစ်ခါပဲ ရတဲ့ အခွင့်အရေးကို သဲမာဆိုတဲ့မိန်းမချောလေးက ဘယ်လို ဆုတ်ကိုင် အသုံးချ သွားတယ်ဆိုတာကိုတော့ ပရိတ်သတ်ကြီးက သင်ခန်းစာယူကြည့်ကြရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ သဲမာဆိုတဲ့ကောင်မလေး သူ့ဝါသနာက အပြေး သူ့အမေကလဲ အပြေးချန်ပီယံဟောင်းတစ်ယောက် ယောကျာ်းရကံမကောင်းတော့ ကြက်သမားနဲ့ ညားပြီး သဲမာတို့ ညီအစ်မ ၂ယောက်ကို ကိုယ်ဝန် ရခဲ့တယ် ဒီလိုနဲ့ ကံအကြောင်းမလှတဲ့ သဲမာတို့ ဘ၀ထဲကို မုန်တိုင်းတစ်ခုက ၀င်ရောက်လာခဲ့တယ် အဲ့တာကတော့ သဲမာ ညီမလေးကို ကားတိုက်သွားတာပါပဲ ...
movie
Thelma (2011)
2011