Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
2011
6.6
The Mechanic (2011)
The Mechanic (2011) IMDb - 6.6/10_____Rotten - 53%မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Mechanic (2011)
2011
1080p HEVC
4.6
Sector 7 (2011)
Sector 7 (2011)ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ...
movie
Sector 7 (2011)
2011
6.4
Countdown (2011)
Countdown (2011) ============= IMDb Rating - 6.4/10ဒီဇာတ်လမ်းကတော့ မိဘနဲ့သားသမီးကြားမှာရှိတဲ့ သံယောဇဉ်ကို တခြားဇာတ်အိမ်တွေနဲ့မတူဘဲ ရသမြောက်မြောက် ရိုက်ကူးတင်ဆက် ထားတဲ့ဇာတ်လမ်းလေးတစ်ခုပါ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... သွေးအေးရက်စက်တတ်တဲ့ အကြွေးစုဆောင်းရေးအေးဂျင့် ဖြစ်သူ ထယ်ဂွန်းဟို တစ်ယောက်၊ တစ်နေ့မှာတော့ သူ့ဆီမှာ အရမ်းကိုပြင်းထန်နေပြီဖြစ်တဲ့ အသည်း ကင်ဆာရောဂါရှိနေပြီလို့ သိလိုက်ရပါတယ်။ အသက်ရှင်ဖို့ အချိန်သုံးလသာကျန် တော့တဲ့ သူ့အတွက် အစားထိုးခွဲစိတ်မှုလုပ်ဖို့ အသည်းအလှူရှင်တစ်ယောက်ကို ဆယ်ရက်အတွင်းရှာဖို့ လိုအပ်လာခဲ့ပါတယ်။ကြံရာမရတဲ့အဆုံးမှာတော့ သူ့သားလေး သေဆုံးချိန်တုန်းက ကိုယ်အင်္ဂါလှူဒါန်း ပေးထားတဲ့သူတွေကို ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကို အသည်းလှူပေးနိုင်လောက်မဲ့ ချာဟာယွန် ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ ချာဟာယွန်ဟာ နာမည်ကြီးလူလိမ် တစ်ယောက်ဖြစ်နေတာကြောင့် သူ့ပြစ်ဒဏ်တွေအတွက်အချုပ်ကျနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အချုပ်က လွတ်ဖို့ ရက်အနည်းငယ်သာကျန်တာ သိလိုက်ရတဲ့ အချိန်မှာတော့ ထယ်ဂွန်းဟိုတစ်ယေက် လူလိမ် ချာဟာယွန်ကို သူ့အသည်းကို အစားထိုးပေးဖို့ ဘယ်လိုစည်းရုံးမလဲ။ ချာဟာယွန် လုပ်ခဲ့တဲ့အရှုပ်အရှင်းတွေကို ဘယ်လို ဖြေရှင်းကြမလဲ။ သူအောင်အောင်မြင်မြင် ခွဲစိတ်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ကြည့်ရှူလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.8 GB) / (810 MB) / ...
movie
Countdown (2011)
2011
7.4
Red Dog (2011)
Red Dog (2011)~ IMDb - 7.4/10, Rotten Tomatoes - 83% ~လူသားတွေမှာ soul (ဝိညာဉ်) ဆိုတာ ရှိပါသတဲ့။ သူက ရုပ်လုံးရယ်လို့မရှိဘဲ အဖြူရောင်အလင်းလုံးသပ်သပ်ရယ်ပါ။ သူက ခန္ဓာစဲတဲ့အခါမှာ ကိုယ်ခန္ဓာကိုစွန့်ခွာလို့ ကောင်းကင်ဘုံကို ခိုဝင်ရောက်ရှိပါသတဲ့။ ဝမ်းနည်းစရာကောင်းတာကတော့ တိရစ္ဆာန်လေးတွေမှာ ဝိညာဉ်မရှိရှာပါဘူး။ သူတို့ဟာ သေဆုံးချိန်မှာ ဒီအတိုင်းပျောက်ကွယ်သွားကြပါသတဲ့။ဝိညာဉ်ရှိပါတယ်ဆိုတဲ့ လူသားတွေကြားမှာ၊ ခွင့်လွှတ်ခြင်းကိုခံရပြီး သုခဘုံမှာ ခိုဝင်ရမယ်ဆိုတဲ့ လူသားတွေကြားမှာ ခွေးတစ်ကောင်ဟာ မွန်မြတ်ခြင်းကို လမ်းပြသွားလေရဲ့။ သစ္စာတရား၊ မေတ္တာတရား၊ တွယ်တာမှု စတဲ့ ကောင်းခြင်းတရားတွေကို လူသားတွေသိအောင် သင်ကြားပေးခဲ့သူပေါ့။ သူဟာ တောရိုင်းခွေးတစ်ကောင်ရယ်ပါ။ ဩစတေးလျရဲ့ အနီသွေးလွှမ်းတဲ့မြေပေါ်က နီညိုရောင်ခွေးတစ်ကောင်ပါပဲ။ဒီဇာတ်ကားဟာ ခွေးချစ်သူတွေ မျက်ရည်မခိုင်ရင် မကြည့်သင့်ပါဘူး။ ဂျပန်ခွေးလေး ဟာချီကို ရဲ့ ဇာတ်လမ်းက ကမ္ဘာကို ကိုင်လှုပ်ပြီးနောက်ပိုင်း သူ့ဇာတ်လမ်းကိုမှီးလို့ ဇာတ်ကားတွေ ...
movie
Red Dog (2011)
2011
5.7
Arthur (2011)
Arthur (2011)ယခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ရိုမန့်ဟာသ ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Arthur ဆိုတဲ့ ဇာတ်ကားလေးပါ။ ဟာသဇာတ်ကားကြိုက်သူတွေအတွက် ဟာသကောင်းလေးတွေနဲ့ တွေးရင်း ရယ်မောနိုင်စေမှာ ဖြစ်ပါတယ်။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ အာသာဘာ့ခ် ဆိုတဲ့ လူတစ်ယောက်။ ချမ်းသာသည့် အလျှောက် သူ့ဘဝတစ်လျှောက်လုံးမှာ ဘာတာဝန်မှ မယူဘဲ ထင်ရာစိုင်းနေခဲ့ပါတယ်။ ပြဿနာတွေရှာလိုက် အရက်တွေသောက်လိုက်၊ ပိုက်ဆံတွေဖြုန်းလိုက်၊ မိန်မတွေ ရှုပ်လိုက်နဲ့ နေလာလို့ အမေဖြစ်သူဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဆူဆန်ဂျွန်ဆန် ဆိုတဲ့ မိန်းကလေးနဲ့ ပေးစားဖို့ စီစဥ်ပါတော့တယ်။ အကယ်၍ သူပေးစားတဲ့သူနဲ့ မယူရင် အမွေပြတ်စွန့်လွှတ်မယ်ပြောလို့ အာသာ ဟာ ရွေးချယ်စရာမရှိတော့တာနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ နေအိုမီ ဆိုတဲ့ ဧည့်လမ်းညွှန် ကောင်မလေးနဲ့တွေ့ဆုံဖြစ်ရာကနေ အာသာရဲ့ ဘဝ ပြောင်းလဲဖို့ အစပျိုးလာပါတော့တယ်။ အာသာ တစ်ယောက် ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာ ဟာသမြောက်စွာ ...
movie
Arthur (2011)
2011
6.8
Bridesmaids (2011)
Bridesmaids (2011)ရုပ်ရှင်သမိုင်းမှာ အမြတ်စွန်းအများဆုံး အမျိုးသမီး R- rated ဟာသရုပ်ရှင် ဖြစ်တဲ့Bridesmaids ဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် ဟောင်း မသွားမယ့် ရုပ်ရှင်မျိုးပါ။ကန်ဒေါ်လာ 32သန်းပဲ ရင်းပြီး 285သန်းကျော် ပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကို Empire မဂ္ဂဇင်းကြီးက2011 ခုနှစ်ကို သတ်မှတ်တဲ့ ရုပ်ရှင်အဖြစ် 30 years 30 filmsမှာ ဖော်ပြခဲ့ပါတယ်။ဒီလို R- rated comedy တွေအတွက် အော်စကာဆုဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင်အဆင်ပြေလှတာမျိုး မဟုတ်ပေမယ့်၊ ဒီကားကတော့ ကိုင်တိုင် ဇာတ်ညွှန်းရေးသရုပ်ဆောင်တဲ့ မင်းသမီး Kristen Wig အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆု၊မင်းသမီးကြီး Melissa McCarthy အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေ ဆန်ကာတင်ဝင်ခဲ့တာပါ။ခပ်ကြမ်းကြမ်း 18+အခန်း နဲ့ စဖွင့်ထားပြီး၊ တစ်ကားလုံး လူကြီးဟာသတွေ ပြည့်နေတာတောင် ဇာတ်လမ်းကပေါမသွားပဲ တကယ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ...
movie
Bridesmaids (2011)
2011
6.5
Don’t Go Breaking My Heart (2011)
Don't Go Breaking My Heart (2011) =========================IMDb Rating - 6.5/102011 ခုနှစ်မှာထွက်ရှိခဲ့ပြီး 2011 Best Asian Award ရရှိထားပြီး Louis Koo၊ Gao Yuan Yuan နဲ့ Danial Wu စတဲ့နာမည်ကြီးတွေ အတွဲညီညီရိုက်ကူးထားတဲ့ အချစ်ဒရာမာကားလေး လာပါပြီ။♥ ကိုယ်တို့သုံးယောက်ဆက်ဆံရေးမှာ အဆုံးသတ်တော့ရှိရမှာပဲ။ တစ်ခုခုတော့ ရွေးချယ်ရမှာပဲဆိုတဲ့ အချစ်ကိုယုံကြည်ပြီး စောင့်ဆိုင်းနေတဲ့အချစ်ကြီးသူ ဖန်းချီဟုန်း ။♥ ယောက်ျားလေးဆယ်ယောက်မှာ ကိုးယောက်ကခြေရှုပ်ကြတယ်။ ကျန်တဲ့ တစ်ယောက် ကတော့ ခြေရှုပ်ဖို့ကြိုးစားနေကြတယ်ဆိုပြီး ဆင်ခြေအမြဲပြတတ်တဲ့ စော်ကြည်ဘဲ ကျန်းချန်ရန် ။♥ ကျွန်မ သူ့ကိုအရမ်းချစ်တယ်။ ဒါပေမဲ့ အခုတော့ရှင့်ကိုချစ်မိသွားပြီဆိုပြီးတော့ ခံစားချက်ခြယ်လှယ်ရာကို မျက်စိစုံမှတ်ပြီး နှစ်မြောနေတတ်တဲ့ ချန်ကျီရှင်း ။သူတို့သုံးယောက်ရဲ့ကံကြမ္မာကလည်း အချစ်ဆိုတဲ့ဝင်္ကပါထဲ တစ်ဝဲလည်လည်ပါပဲ။ ကြည့်နေရင်းနဲ့ကြည်နူးရမယ်။ တစ်ခါတစ်လေ အားမလိုအားမရဖြစ်လာမယ်။ ခံစားချက်နဲ့ တိုက်ဆိုင်ပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရှိသူဆိုရင်တော့ ချက်ချင်းဒေါင်းပြီးကြည့်လိုက်ပါတော့။ လုံးဝလက်မလွတ်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်သုံးယောက် ဘယ်လောက်တောင်ဓါတုဗေဒမိလဲဆိုရင် အတွဲ(၂) ဆက်ရိုက်ဖို့ တောင်းဆိုကြတဲ့အထိပဲဆိုတော့ မြန်မြန်လေးခံစားကြည့်လိုက်ပါဦးဗျာ....(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie
Don’t Go Breaking My Heart (2011)
2011
8.1
Harry Potter and The Deathly Hallows: Part 2 (2011)
Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie
Harry Potter and The Deathly Hallows: Part 2 (2011)
2011
4K HEVC
6.4
Fright Night (2011)
Fright Night (2011) ~ IMDb - 6.4/10, RT - 72% ~ဒီကားဟာ သူ့မူရင်းကားဖြစ်တဲ့ Fright Night (1985) လို ဂန္တဝင်စာတင်လောက်တဲ့ ဇာတ်ကားမျိုးမဟုတ်ပေမဲ့ ကြည့်ပျော်တဲ့ Horror ဇာတ်ကားလေးပါပဲ။လက်စ်ဗီးဂတ်မြို့ဟာ နေ့မှာအိပ်ပြီး ညမှာ အလုပ်လုပ်ကြတယ်။ အခြေချနေထိုင်သူရှားပြီး ယာယီနေထိုင်သူတွေများတဲ့အတွက် သွေးစုပ်ဖုတ်ကောင်တွေအတွက် နေချင်စရာမြို့လေးပေါ့ဗျာ။ချာလီတို့ အထက်တန်းကျောင်းမှာလည်း အတန်းသားတွေ တစ်ယောက်ပြီး တစ်ယောက် လျော့လျော့လာနေတယ်။ အမြဲတမ်း အတည်တကျနေသူတွေမရှိတဲ့ သူတို့မြို့အတွက်တော့ သိပ်မဆန်းဘူးပေါ့။ ဒါပေမဲ့ ချာလီရဲ့ငယ်သူငယ်ချင်း အဒမ်တို့ မိသားစုကပါ စာမလာသတင်းမကြားဘဲ ပျောက်သွားခဲ့ပါတယ်။အဒမ်ပျောက်သွားတာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ လက်ချက်လို့ နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ကပြောလာတဲ့အချိန်မှာတော့ ချာလီလည်းမယုံနိုင်ခဲ့ပါဘူး။အက်ဒ်က သူနဲ့ အဒမ် စုံစမ်းထောက်လှမ်းချက်တွေအရ ချာလီရဲ့ အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဖြစ်နေပြီး သူ့အကြောင်းကို သိသွားလို့ အဒမ်ကိုသတ်ပစ်လိုက်တာလို့ ပြောပြပေမဲ့ ချာလီကတော့ မယုံနိုင်သေးပါဘူး။နောက်တစ်နေ့မှာ အဒမ်ပါ ...
movie
Fright Night (2011)
2011
5.6
Another Gantz(2011)
Another Gantz (2011)--------------------------၂၀၀၄ခုနှစ်မှာ Animeအဖြစ်ထွက်ရှိထားခဲ့တဲ့ ဂန့်ဇ်ဆိုတဲ့စီးရီးဟာ လူငယ်တွေကြား အတော်လေးကြိုက်နှစ်သက်ခဲ့ကြပါတယ်.၂၀၁၀ခုနှစ်မှာတော့ ဂန့်ဇ်ဟာ ပထမဆုံး ရုပ်ရှင်အဖြစ် ထွက်ရှိလာခဲ့ပါတယ်..အဲ့ဒီနောက်မှာတော့ ၂၀၁၁မှာ ဂန့်ဇ်ရဲ့နောက်ဆက်တွဲရုပ်ရှင်အဖြစ်Perfect Answerကို ပြသခဲ့တဲ့အပြင် Another Gantzဆိုတဲ့ ရုပ်ရှင်တခုကိုပါဆက်စပ်ထုတ်ဝေပေးခဲ့ပြီး ၂၀၁၆မှာတော့ GantZ Oဆိုတဲ့ Animationရုပ်ရှင်တခုကိုပါရိုက်ကူးတင်ဆက်ခဲ့ပါတယ် .............ဇာတ်လမ်းအကျဉ်း ---------------------- ကာတိုက တနေ့ ရထားဘူတာမှာ လူတစ်ယောက်ရထားလမ်းပေါ်ကို ပြုတ်ကျနေတာကြောင့်ဝင်ရောက်ကယ်ဆယ်ရင်း ကာ့တိုကို ကူညီတဲ့သူငယ်ချင်းဖြစ်သူ ခဲအိပါ ရထားတိုက်ခံခဲ့ရပါတယ်......ပုံမှန်ဆို သူတို့နှစ်ဦးဟာ သေဆုံးရမှာဆိုပေမယ့်သေရမယ့်အစား အခန်းငယ်တခုထဲကို ရောက်ရှိသွားခဲ့ပါတယ်...အခန်းထဲမှာလဲ သူတို့လိုဘဝတူလူတချို့ရှိနေပြီး ထူးဆန်းတဲ့စက်ဝန်းပုံ အလုံးတလုံးပါ အတူရှိနေပါတယ်....သိပ်မကြာခင်မှာပဲ အဲ့ဒီစက်လုံးကနေ သူတို့ကို မစ်ရှင်တခုခိုင်းခဲ့ပါတယ်..အဲ့ဒီမစ်ရှင်ကတော့ သူတို့ကို ကမ္ဘာပေါ်ရဲ့နေရာတခုက ဂြိုလ်သားတကောင်ကိုသတ်ခိုင်းတာဖြစ်ပြီး သတ်နိုင်တဲ့လူကို အမှတ်ပေးမှာဖြစ်ပါတယ်...သူတို့တွေ ဘာမှန်းမသိတဲ့ မစ်ရှင်တခုကို တူတူလုပ်ကြရင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကို အတော်လေးစိတ်ဝင်စားဖို့ကောင်းအောင်လဲ ဇာတ်အိမ်ဆောက်ထားပြီး ဂျပန်နိုင်ငံရဲ့၂၀၁၀လောက်က Effectတွေဟာလဲ မညံ့ကြောင်းမြင်ရမှာပါ...ဒါကြောင့်မို့ ကျွန်တော်တို့ Channel MyanmarကနေGantzရဲ့ ရုပ်ရှင်လေးကားလုံးကို Qualityအကောင်းဆုံးနဲ့ တင်ဆက်ပေးလိုက်ပါတယ် File ...
movie
Another Gantz(2011)
2011
6.2
Gantz: Perfect Answer(2011)
Gantz :Perfect Answer (2011)--------------------------၂၀၀၄ခုနှစ်မှာ Animeအဖြစ်ထွက်ရှိထားခဲ့တဲ့ ဂန့်ဇ်ဆိုတဲ့စီးရီးဟာ လူငယ်တွေကြား အတော်လေးကြိုက်နှစ်သက်ခဲ့ကြပါတယ်.၂၀၁၀ခုနှစ်မှာတော့ ဂန့်ဇ်ဟာ ပထမဆုံး ရုပ်ရှင်အဖြစ် ထွက်ရှိလာခဲ့ပါတယ်..အဲ့ဒီနောက်မှာတော့ ၂၀၁၁မှာ ဂန့်ဇ်ရဲ့နောက်ဆက်တွဲရုပ်ရှင်အဖြစ်Perfect Answerကို ပြသခဲ့တဲ့အပြင် Another Gantzဆိုတဲ့ ရုပ်ရှင်တခုကိုပါဆက်စပ်ထုတ်ဝေပေးခဲ့ပြီး ၂၀၁၆မှာတော့ GantZ Oဆိုတဲ့ Animationရုပ်ရှင်တခုကိုပါရိုက်ကူးတင်ဆက်ခဲ့ပါတယ် .............ဇာတ်လမ်းအကျဉ်း ---------------------- ကာတိုက တနေ့ ရထားဘူတာမှာ လူတစ်ယောက်ရထားလမ်းပေါ်ကို ပြုတ်ကျနေတာကြောင့်ဝင်ရောက်ကယ်ဆယ်ရင်း ကာ့တိုကို ကူညီတဲ့သူငယ်ချင်းဖြစ်သူ ခဲအိပါ ရထားတိုက်ခံခဲ့ရပါတယ်......ပုံမှန်ဆို သူတို့နှစ်ဦးဟာ သေဆုံးရမှာဆိုပေမယ့်သေရမယ့်အစား အခန်းငယ်တခုထဲကို ရောက်ရှိသွားခဲ့ပါတယ်...အခန်းထဲမှာလဲ သူတို့လိုဘဝတူလူတချို့ရှိနေပြီး ထူးဆန်းတဲ့စက်ဝန်းပုံ အလုံးတလုံးပါ အတူရှိနေပါတယ်....သိပ်မကြာခင်မှာပဲ အဲ့ဒီစက်လုံးကနေ သူတို့ကို မစ်ရှင်တခုခိုင်းခဲ့ပါတယ်..အဲ့ဒီမစ်ရှင်ကတော့ သူတို့ကို ကမ္ဘာပေါ်ရဲ့နေရာတခုက ဂြိုလ်သားတကောင်ကိုသတ်ခိုင်းတာဖြစ်ပြီး သတ်နိုင်တဲ့လူကို အမှတ်ပေးမှာဖြစ်ပါတယ်...သူတို့တွေ ဘာမှန်းမသိတဲ့ မစ်ရှင်တခုကို တူတူလုပ်ကြရင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကို အတော်လေးစိတ်ဝင်စားဖို့ကောင်းအောင်လဲ ဇာတ်အိမ်ဆောက်ထားပြီး ဂျပန်နိုင်ငံရဲ့၂၀၁၀လောက်က Effectတွေဟာလဲ မညံ့ကြောင်းမြင်ရမှာပါ...ဒါကြောင့်မို့ ကျွန်တော်တို့ Channel MyanmarကနေGantzရဲ့ ရုပ်ရှင်လေးကားလုံးကို Qualityအကောင်းဆုံးနဲ့ ...
movie
Gantz: Perfect Answer(2011)
2011
HEVC 1080p 5.1
6.1
Scream 4 (2011)
Scream 4 2011 ===========ဒီကားကတော့ scream 3 ထွက်ပြီး ၁၁ နှစ်ကြာမှ ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ထွက်လာတာဖြစ်လို့ တိုးတက်လာတဲ့ နည်းပညာတွေ ရုပ်ရှင်ပညာတွေကို ကောင်းကောင်းအသုံးချထားပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကားထက်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဆက်ထားပုံကတော့ သရဲမျက်နှာလူသတ်သမားနဲ့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၀ နှစ်ကျော်ကြာသွားပါပြီ။ အဲဒီအချိန်မှာ ဆစ်ဒနေက အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရေးစာအုပ်တစ်အုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ထုတ်ဝေတဲ့အခါ book tour လုပ်တော့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖြစ်လာပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆစ်နေဒန် ပြန်ရောက်လာတာကြောင့် သရဲမျက်နှာလည်း ပြန်ပေါ်လာပါတယ်။ IMDB 6.1 ရထားပြီး tomatometer 60% ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080p IMDb Rating__6.1/10 Format__mp4 Duration__1h 51min Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Htet Wai ...
movie
Scream 4 (2011)
2011
7.4
Limitless (2011)
မင်းသား Bradely Cooper နဲ့ မင်းသားကြီး Robert De Niro တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ ခုနှစ်ထွက် Limitless ဇာတ်ကားကို မကြည့်ဖူးချင်နေမယ် မသိတဲ့သူတော့မရှိလောက်ပါဘူး။Thriller, Action ဆိုတဲ့အတိုင်း ဇာတ်လမ်းကတော့ Fighting ခန်းများများစားစားမပါဘဲ သွက်သွက်လေးသွားပါတယ်။ဇာတ်လမ်းအကျဉ်းလေးနည်းနည်းလောက်ပြန်ပြောပါမယ်။ပိုက်ဆံကမရှိ ရည်းစားကပစ် အလုပ်ကအဆင်မပြေဖြစ်နေတဲ့ စာရေးဆရာ အက်ဒ်ဝက်မိုရာ အိမ်ခြေရာမဲ့ ပုံပေါက်တဲ့အထိ စုတ်ပြတ်နေလေရဲ့။လမ်းပေါ်မှာ လျှောက်သွားနေရင်း ဆေးရောင်းသမား ယောက်ဖဟောင်းနဲ့ ပြန်တွေ့တယ်။သူက ဆေးလုံးတစ်လုံးပေးတယ် NZT တဲ့။ ဦးနှောက်ရဲ့ ၁၀၀% ကို အသုံးချနိုင်အောင်လုပ်ပေးတဲ့ ဆေးလို့ပြောပြီး ဆေးရောင်းသမားထုံးစံ ပထမတစ်လုံးကို အလကားပေးသွားတယ်။အဲဒီတော့ ဘဝဆုံးပြီးလို့တွက်ထားတဲ့ အက်ဒီ ပေါက်တဲ့နဖူးထူးချင်ထူးလာမှာပဲဆိုပြီး သောက်ကြည့်လိုက်တော့ ညွန်းတဲ့အတိုင်း ဆေးကစွမ်းတာကိုသိလာတယ်။ဆေးနောက်ထပ်ရဖို့အသွား ယောက်ဖဟောင်းက သတ်ခံရပြီး သူကျန်ခဲ့တဲ့ဆေးတွေ ရလာတော့ စိတ်ကြိုက်သုံးပါလေရော။အရင်က စာတစ်လုံးမှ ခေါင်းထဲပေါ်မလာတဲ့ စာရေးဆရာ စာတစ်အုပ်လုံးကို ၄ ရက်နဲ့အပြီးရေးနိုင်လာတယ်။နောက်တော့ ...
movie
Limitless (2011)
2011
3.1
In the Name of the King 2: Two Worlds (2011)
In the Name of the King 2: Two Worlds (2011)===================================ဂရန်ဂျာဟာလက်ရှိခေတ်မှာ စစ်ပြန်အငြိမ်းစားတစ်ယောက်ဖြစ်ပြီး ကိုယ်ခံပညာအချိန်ပိုင်းသင်ပြီးအသက်မွေးပါတယ်။တစ်နေ့ သူ့အိမ်ထဲမှာရှိနေတုန်း ရှေးအဝတ်အစားနဲ့လူတစ်စု အချင်းချင်းလာရောက်တိုက်ခိုက်ကြပြီး အဲ့ဒီထဲကအမျိုးသမီးတစ်ယောက်ဟာ သူ့ကိုအလင်းပေါက်ကြီးတစ်ခုကနေ တစ်ဖက်ကိုခေါ်ဆောင်သွားပါတော့တယ်။အဲ့ဒီဘက်အခြမ်းဟာ အလယ်ခေတ်ကာလဖြစ်နေပြီး ဂရန်ဂျာသိလိုက်ရတာက ရှေးဟောကိန်းတစ်ခုအရလက်ရှိအချိန်မှာ အကျပ်အတည်းဆိုက်နေတဲ့ အက်ဘ်ဆိုတဲ့တိုင်းပြည်ရဲ့ ကယ်တင်ရှင်ဟာသူဖြစ်နေတယ်ဆိုတာကိုပါပဲ။ သူ မယုံကြည်လက်မခံပေမယ့် ဘယ်လိုမှမလွှဲသာတဲ့အဆုံးမှာ ဂရန်ဂျာတစ်ယောက်မီးစင်ကြည့်က ဖို့ဆုံးဖြတ်လိုက်ပြီး သူတို့ရဲ့ ဇာတ်ရှုပ်ထဲကိုဝင်ပါရပါတော့တယ်။အဲ့ဒါကတော့ ရှေးဟောကိန်းအရ သူဟာ တိုင်းပြည်ခံတပ်ရဲ့ပြင်ပတစ်နေရာမှာ စခန်းချနေထိုင်တဲ့ မြင့်မြတ်တဲ့မိခင်ဆိုတဲ့ စုန်းမအိုကြီးနဲ့ သူ့နောက်လိုက် အမှောင်ပုဂ္ဂိုလ်တွေကို သုတ်သင်ပေးရမှာပါ။ဒါပေမယ့် သူသိလိုက်ရတဲ့ အပေါ်ယံဇာတ်လမ်းနောက်ကွယ်မှာလှည့်ကွက်တွေအများကြီးရှိနေတယ်ဆိုတဲ့အကြောင်း မကြာခင်သိလာပါတော့တယ်။In the Name of the King: Two Worlds မှာတော့ Dolph Lundgren ကြီးက ဂရန်ဂျာအဖြစ်ပွဲကြမ်းထားပါတယ်။ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီးနန်းတွင်းဇာတ်ရှုပ်တွေ ...
movie
In the Name of the King 2: Two Worlds (2011)
2011
5.8
1911 Revolution (2011)
တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။ File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
1911 Revolution (2011)
2011
7.1
Don 2 (2011)
နာမည်ကျော် ဘောလီးဝုဒ် မင်းသားကြီး ရှာရွတ်ခန်းပါဝင်ရိုက်ကူးထားတဲ့ Don 1 ရဲ.အဆက်ပါ။ဒီဇာတ်ကားမှာတော့မင်းသားကြီး ရှရွတ်ခန်း နဲ့ မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်ထားပြီး အခြားသရုပ်ဆောင်များစွာ အားဖြည့်ထားတဲ့ Bollywood Action ဇာတ်ကားပါ။ Action ချည်းသက်သက်မဟုတ်ဘဲ ဇာတ်လမ်းသဘောအရလဲ ဖမ်းစားထားနိုင်တာကြောင့် ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating (7.1/10) ရရှိထားပါတယ်။(Don Sequel တွေနဲ့ပတ်သက်လို့ SRK Universe Myanmar က ရေးထားတာလေးကို ကူးယူဖော်ပြထားပါတယ်။)++++++++++++++Celebrating (9) Years of DON-2 🎉🎉 ***************************** Don(2006) Box Office မှာ အကြီးအကျယ် အောင်မြင်ပြီးနောက် ဒါရိုက်တာဖာရန်အက်ခ်သာဟာ (၂၀၀၇)မှာပဲ "Don Sequel "ကို ဆက်လက်ရိုက်ကူးမယ်လို့ ကြေငြာခဲ့ပါတယ် ။ ဒါပေမဲ့ ကံဆိုးစွာပဲ ရှာရွတ်ပခုံးဒဏ်ရာ surgery လုပ်ရတာမို့ မရိုက်ဖြစ်ပဲ အချိန်တစ်ခုကို ထပ်စောင့်နေခဲ့ရတယ် ။ အချိန်ကြန့်ကြာသွားပေမဲ့ ဒီ ...
movie
Don 2 (2011)
2011
HEVC 1080p 5.1
7.7
You Are the Apple of My Eye (2011)
(Zawgyi) အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်...ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်...ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ တရားကျဖူးခဲ့ကြမယ်...အံ့သြစရာကတော့ ကြားဖူးသမျှနဲ့ ခံစားရတာက တခြားစီ ဖြစ်နေမယ်ဆိုတာပဲ....တကယ်တော့ အချစ်မှာ ရိုးသားဖြူစင်တာကလွဲလို့ ကျန်တဲ့ဘယ်ကဏ္ဍမှ မပါဘူးလို့ ဒီဇာတ်ကားလေးက သက်သေပြနေမယ်...တချို့ငြိမ်းချမ်းရေးတွေက ဆွေးနွေးစရာမလိုတဲ့အချိန်မှာ ရလိမ့်မယ်....ချစ်ခြင်းလဲအတူတူပါပဲ...သူ့အလိုလို နေရင်းထိုင်ရင်း တဖြေးဖြေးကျွံကျ နစ်ဝင်သွားတာမျိုး....သတိထားမိတဲ့အချိန်မှာ အချစ်ဆိုတာဘာလဲလို့ အဓိပ္ပါယ်ဖွင့်စရာမလိုအောင် ကိုယ်တိုင်က ချစ်ခြင်းဖြစ်နေလိမ့်မယ်...အပိုတွေကို သိပ်တော့လဲ အံ့သြစရာမရှိပါဘူး...စကားလုံးတွေကြား လူသားတွေညှပ်နေတာ ကြာခဲ့ပြီကော...ဒါပေမယ့် ဖြေသိမ့်စရာက ချစ်ခြင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ခံစားဖို့ ဒီလိုဇာတ်ကားလေးတွေ ကျန်နေသေးတယ်။ဒီဇာတ်ကားကို ဘယ်လိုမှ လက်လွတ်မခံပါနဲ့ မိတ်ဆွေ... ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်ရဖို့အခွင့်အရေးကို မိမိရရဆုပ်ကိုင်ထားပါ။IMDb Rating (7.7) ရရှိထားတဲ့ ထိုင်ဝမ်အချစ်ဇာတ်ကားစစ်စစ်လေးပါ။ (Unicode) အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်...ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်...ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ ...
movie
You Are the Apple of My Eye (2011)
2011
HEVC 1080p 5.1
6.1
Cowboys & Aliens (2011)
Cowboys & Aliens (2011)==================IMDb Rating - 6.1/10 - Voting - 206,241#Unicodeဒီကားကတော့ ၂၀၁၁ မှာ ထွက်ထားခဲ့တဲ့ Western Theme ဂြိုလ်သားဇာတ်ကားပါ။ James Bond မင်းသားDaniel Craig ၊ ကြာပွတ်မင်းသားလို့ ကျွန်တော်တို့တွေ သဘောကျခဲ့တဲ့ Indiana Jones မင်းသား မင်းသားကြီးHarrison Ford နဲ့ ကျပ်ပြားစေ့မျက်နှာနဲ့ လှတဲ့ မင်းသမီး Olivia Wilde တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဂြိုလ်သားတွေက ကမ္ဘာကို သိမ်းပိုက်ဖို့လာတာကို မင်းသားတို့ လူတစ်စုက တားကြတဲ့ဇာတ်လမ်းပေမဲ့ Western ပုံစံလေးကတော့ အမြင်ဆန်းတာပေါ့ဗျာ။ IMDb Rating ကတော့ 6.1/10 ရထားတယ်ဗျ။ဂြိုလ်သားကားကြည့်ချင်ပေမဲ့ အမေရိကန်စစ်တပ်နဲ့ပဲ တိုက်နေလို့ ကြည့်ရတာပျင်းနေတဲ့သူတွေ ကောင်းဘွိုင်တွေနဲ့ဂြိုလ်သားတွေချတာကို ကြည့်လို့ရသွားစေမယ့် ရုပ်ရှင်ကားကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie
Cowboys & Aliens (2011)
2011
6.1
King Naresuan 4 (2011)
Part 4 =========== ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့ အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။ ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့ အကြောင်းပါ။ ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။ Translator - Hazel Encoder - Thit San Khant
movie
King Naresuan 4 (2011)
2011
6.1
King Naresuan 3 (2011)
Part 3 =========== ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့ အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။ ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့ အကြောင်းပါ။ ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။ Translator - Hazel Encoder - Thit San Khant
movie
King Naresuan 3 (2011)
2011
First
4
5
6
7
8
Last
Previous
Next