Channel Myanmar

4K HEVC

Harbin (2024) 8.2
Harbin (2024) Harbin (2024)****************IMDb... 8.2 ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူPark Hoon, Park Jeong Min, Jeon Yeo Been, Jo Woo Jin , Yoo Jae Myung အစရှိတဲ့ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး လွတ်လပ်ရေးလှုပ်ရှားသူ Ahn Jung-geun အပေါ်မှီငြမ်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် တော်လှန်ရေး ဇာတ်ကားလေးကို ညွှန်းပေးပါရစေ။၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ "ကိုရီးယား-ဂျပန်" စာချုပ် ချုပ်ဆိုဖို့ အတွက် အတင်းအကြပ်စေခိုင်းခံခဲ့ရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယား ကျွန်းဆွယ်တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။၁၉၀၉ ခုနှစ် မှာတော့ ဇာတိသွေး အပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံက တပ်မတော်ငယ်လေးဟာ ...
movie

Harbin (2024)

4K HEVC
The Old Way (2025) 6
The Old Way (2025) ကွန်ဖူးပရိသတ်တွေအတွက် ရှယ်ချမယ့် ကွန်ဖူးကားကောင်းလေးကို Channel Myanmar မှတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တရုတ်နိုင်ငံတော်လှန်ရေးခေတ်ကိုအခြေခံထားတာဖြစ်ပါတယ်။ စစ်ဘုရင်တွေဟာ နယ်မြေအသီးသီးမှာအုပ်စိုးနေပြီးတော့ နိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန်ဖြစ်မှာ ဓားပြတွေဟာသောင်းကျန်းနေပါတယ်။ဖြောင့်မတ်တဲ့လူတစ်ယောက်ဟာ ပြည်သူတွေအားလုံးဘက်မှာရပ်တည်ပြီးတော့ ဆန့်ကျင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဓားပြတွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ဟာသူ့ရဲ့မင်္ဂလာဦးညမှာ သူ့ကိုသတ်ပေးဖို့ သိုင်းလောကသားတစ်ယောက်ကိုအလုပ်အပ်ခဲ့ပါတယ်။ ဒီမိန်းကလေးလက်ထပ်ရမယ့်သူဟာ ဓားပြခေါင်းဆောင်ကြီးရဲ့ သားဖြစ်နေတဲ့အခါ ငြိမ်သက်နေခဲ့တဲ့အတိတ်ကအရိပ်တွေဟာ ပြန်လည်ပေါ်လာပြီးတော့ လက်စားချေဖို့အခွင့်အရေးပေါ်လာပါတယ်။ မိဘနဲ့မိသားစုအတွက် လက်စားချေဖို့ခရီးစဉ်ကိုစတင်လိုက်ပါတော့တယ် Filesize : 3.27 GB / 1.15 GB / 646 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Old Way (2025)

4K HEVC
The Raid 2 (2014) Berandal 7.9
The Raid 2 (2014) Berandal The Raid 2 (2014) BerandalIMDb Rating (7.9) / Rotten Tomatoes (83%)2011 ကထွက်ထားတဲ့ The Raid: Redemption ရဲ့အဆက်ဖြစ်ပြီး တခြားအဆက်ကားတွေနဲ့မတူ Rating တွေတောင် ပိုလို့ကောင်းလာတဲ့ Sequel ကားဖြစ်ပါတယ်။ အာရှဇာတ်ကားတွေထဲမှာတော့ တော်တော်လေးကောင်းတဲ့ အက်ရှင်ဇာတ်ကားဆိုတာ ငြင်းလို့မရပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ………. လူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ စိတ္တဇ ဝေဒနာသည်တွေနဲ့ ပြည့်နေတဲ့ အဆောက်အဦကြီးထဲမှာ တိုက်ခိုက်ပြီး ထွက်ခွာလာတဲ့နောက်ပိုင်း ဂျာကာတာ ရဲသား ရမ်ဟာ အရာအားလုံးဟာ ပြီး ဆုံးသွားခဲ့ပြီ၊ သူဟာ သာမန်ဘဝမှာ နေထိုင်နိုင်ပြီလို့ စဉ်းစားပါတယ်။ သူကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကြီးမှာက ရဲနဲ့ လူဆိုးတွေရဲ့ အလောင်းတွေဟာ အခန်းတစ်ခုလုံး ပြည့်မတတ်ပါပဲ။ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ရတော့ ရမ့်အနေနဲ့ ထပ်ပြီး အမှားတွေ မလုပ်ချင်တော့ဘူး။ သူ့ရဲ့ ပြိုင်ဘက်တွေဟာ ဖြုံလောက်တယ်ဆိုပေမဲ့ ဒီအဆောက်အဦထဲမှာတော့ ကြမ္မာငင်သွားခဲ့ရပါတယ်။ ဒါပေမဲ့ ...
movie

The Raid 2 (2014) Berandal

4K HEVC
The Raid (2011) The Raid: Redemption 7.6
The Raid (2011) The Raid: Redemption The Raid (2011) The Raid: RedemptionIMDb Rating (7.6) / Rotten Tomatoes (87%)အင်ဒိုနီးရှားမင်းသား Iko Uwais ရဲ့ အကောင်းဆုံးနဲ့အကြမ်းဆုံး အက်ရှင်ဇာတ်ကားပါ။ဇာတ်လမ်းကတော့...အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် ....အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းကို Khitmarket မှကူးယူဖော်ပြပါသည်။)လူကြိုက်များခဲ့လို့ Sequel အနေနဲ့ The Raid 2 ...
movie

The Raid (2011) The Raid: Redemption

2011
4K HEVC
Waterworld (1995) 6.3
Waterworld (1995) Waterworld (1995) Ulysses Cut VersionIMDb Rating (6.3)ထုတ်လုပ်သူ Kevin Reynolds ရဲ့ ဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း ရှင်သန်ကျန်ရစ်သူတွေရဲ့ ဘဝကိုရိုက်ကူးတင်ဆက်ထားလို့ Post-apocalyptic နဲ့ Action-Adventure အမျိုးအစားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ Kevin Costner ရယ်၊ Jeanne Tripplehorn နဲ့ Dennis Hopper တို့ပါ။ရေကမ္ဘာ" (Waterworld) ဆိုတာ အနာဂတ်ကမ္ဘာကြီး ရေလွှမ်းမိုးပျက်စီးသွားပြီး လူသားတွေက ရေပေါ်မှာ အသက်ရှင်ကျန်ရစ်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Kevin Costner က "The Mariner" (အဏ္ဏဝါသား) ဆိုတဲ့ အထီးကျန်လှေသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး သူ့မှာ လူသားမဆန်တဲ့ ဗီဇပြောင်းလဲမှုတွေ ရှိနေတာပါ။တစ်နေ့မှာ သူက ဟယ်လင် (Jeanne Tripplehorn) နဲ့ သူ့ရဲ့မွေးစားသမီး အန်နိုလာ (Tina Majorino) တို့နဲ့ ...
movie

Waterworld (1995)

1995
4K HEVC
Beauty and the Beast (1991) 8.0
Beauty and the Beast (1991) Beauty and Beast (1991)IMDB : 8 Rottern Tomatoes : 95% Genre : Family/Fantasyကိုယ်တွေ ကလေးဘဝတုန်းက ဘုမသိဘမသိနဲ့ ကာတွန်းကားဆိုပြီးတော့ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းလေးတွေကို အသက်အရွယ်တစ်ခုရောက်လို့သိတတ်တွေးတတ်တဲ့ အချိန်မှာ ပြန်ကြည့်မိရင် ရတဲ့ ခံစားချက်ကကလေးဘဝတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို အိမ်ပြန်တဲ့တစ်ရက်မှာစိမ်ပြေနပြေ အယ်လ်ဘမ်ကို ပြန်ဖွင့်ပြီး ထိုင်ကြည့်ရတဲ့ ခံစားချက်နဲ့တောင်ခပ်ဆင်ဆင်လို့ ပြောလို့ရတယ်။ တချို့သော ကာတွန်းကားလေးတွေကဆယ်ကျော်သက်မကလို့ နှစ်ဆယ်ကျော်သွားတောင် ကြည့်ရတဲ့အရသာပြောင်းလဲမသွားတဲ့ ဘယ်တော့ပြန်ကြည့်ကြည့်အဓိပ္ပါယ်ရှိနေမယ့် ဇာတ်ကားလေးတွေလို့တောင် ပြောလို့ရပါတယ်။ အန်နီမေးရှင်းအရုပ်လေးတွေကို မြင်ရင်ပဲ သဘောကျနေတတ်တဲ့ကလေးလေးတွေကနေစပြီးတော့ အသက်အရွယ်တစ်ခုရောက်သွားတဲ့အချိန်ထိတောင် ကျွန်တော်တို့ သဘောတကျနဲ့ပြန်ကြည့်မိမယ့် အယ်လ်ဘမ်လေးထဲက ဇာတ်ကားလေးတွေကိုရွေးကြည့်စမ်းပါလို့ဆိုရင် (၁၉၉၁)တုန်းက ထွက်ခဲ့တဲ့“Beauty and the Beast” ဆိုတဲ့ ဒစ်စနေးရဲ့ ဇာတ်ကားလေးကလည်းမပါမဖြစ်ပါလောက်ပါတယ်။ “Beauty and the Beast”(1991)ဆိုတဲ့ဇာတ်ကားလေးမှာတော့ မြတ်နိုးတန်ဖိုးထားခံရတဲ့ ဘဲလ်ဆိုတဲ့ဇာတ်ကောင်နဲ့ သွင်ပြင်ဆိုးဆိုး သားရဲကောင်ကြီးတို့ကြားက(သေချာလေး ကြည့်ကြည့်မိရင် သတိထားမိရင်) ...
movie

Beauty and the Beast (1991)

1991
4K HEVC
Alice in Wonderland (1951) 7.4
Alice in Wonderland (1951) Alice in Wonderland (1951)IMDB: 7.3 Rotten Tomatoes : 84% Genre :Animation/FantasyAlice in Wonderland (1951) ကတော့ စာရေးဆရာ Lewis Carroll ရဲ့မူရင်း Alice in Wonderland ကို Animationအဖြစ် Walt Disney ကထုတ်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။အဲလစ်စ် အကြောင်းကိုလည်း သိနေပြီးသားမလို့ ထွေထွေထူးထူးညွှန်းစရာမလိုဘူးထင်ပါတယ်။ဇာတ်ညွှန်းအဲလစ်စ်ဆိုတဲ့ ကောင်မလေးဟာ စပ်စုတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။ဒီလိုနဲ့တစ်နေ့မှာ စပ်အစုလွန်ပြီးတော့ ယုန်ကျင်းတစ်ခုထဲပြုတ်ကျကာအံ့ဖွယ်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ သူဟာအဲဒီမှာဝစ်စ်ကုတ်ဝတ်ထားတဲ့ယုန်တစ်ကောင်၊ ဒိုဒိုငှက်ကြီးတစ်ကောင်၊ပြုံးနေတဲ့ကြောင်ကြီးတစ်ကောင်အစရှိသဖြင့်ထူးဆန်းတဲ့အရာတွေကိုမြင်ခဲ့ရပါတယ်။ ဒီလိုနဲ့အဲလစ်စ်လေးတစ်ယောက်အံ့ဖွယ်ကမ္ဘာကြီးကနေ ဘယ်လိုမျိုး အပြင်လောကကိုပြန်ထွက်သွားမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။  File size…    3.4 GB / 1.2 GB /  750 MB Quality… Web-DL  4k/ 1080p / 720p Format… mp4,mkv Audio... AAC,EAC 3 Duration…. 1h 13m Genre ..... Family/Fantasy Subtitle…. ...
movie

Alice in Wonderland (1951)

1951
4K HEVC
The Day After Tomorrow (2004) 6.5
The Day After Tomorrow (2004)  IMDb rating 6.5/10 ရရှိထားပြီး 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ ဒါကို နယူးဒေလီ မှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး။နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစတစ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိ ဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ပြည်သူတွေအလူးအလဲ ခံစားခဲ့ပါတယ်။အခက်အခဲ အမျိုးမျိုးရှိနေတဲ့ကြားထဲမှ ...
movie

The Day After Tomorrow (2004)

2004
4K HEVC
Crimson Peak (2015) 6.5
Crimson Peak (2015)  သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး ...
movie

Crimson Peak (2015)

2015
4K HEVC
Legend (2015) 6.9
Legend (2015) Legend (2015)IMDb Rating (6.9) / Rotten Tomatoes (60%)Gangster ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် Tom Hardy ကိုလည်းချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ပြည့်နှစ်-၆၀ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Gangsters တွေဖြစ်တဲ့ ခရေးအမြွှာညီနောင်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ Identical twins ဖြစ်တဲ့အတွက် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ရော်နယ်ခရေးနဲ့ ရတ်ဂျီနယ်ခရေးဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန်လို့ခေါ်တဲ့ ရော်နယ်ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင် ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ဒီရုပ်ရှင်ကို ရတ်ဂျီရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ(Emily Browning)က ဇာတ်ကြောင်းကို ပြောပြနေဟန်ရိုက်ကူးထားတယ်။ ...
movie

Legend (2015)

4K HEVC
Death of a Unicorn (2025) 6.2
Death of a Unicorn (2025)   Death of a Unicorn (2025)IMDb Rating (6.2) / Rotten Tomatoes (54%) Wednesday စီးရီးထဲက မင်းသမီး Jenna Ortega နဲ့ Antman မင်းသား Paul Rudd တို့ ပါထားတဲ့ မွန်းစတားဟော်ရာကားပါ။ယူနီကွန်းတွေနဲ့ဇာတ်လမ်းပေမဲ့ ချစ်စရာ ယူနီကွန်းတွေတော့ မဟုတ်ပါဘူး။ ချိုနဲ့ထိုးတယ် ကိုက်တယ် တစ်အိမ်လုံးဖျက်ဆီးတယ် အကုန်ကျုံးတယ်ဆိုတဲ့ကားမျိုးပါ။ဒီရုပ်ရှင်ကြည့်ပြီးရင် နောက်ဆို ယူနီကွန်း အပြင်မှာ မြင်ရင်တောင် တန်းပြီး ထွက်ပြေးပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းရှေ့နေ အဲလိယက် နဲ့ သူ့ရဲ့ သမီး ရစ်ဒလီ တို့ဟာ ဆေးဝါးကုမ္ပဏီကြီးတစ်ခုရဲ့ ပိုင်ရှင်မိသားစုဆီကို ပိတ်ရက်မှာ အရောက်သွားခဲ့ပါတယ်။အဓိကအချက်ကတော့ ဘုတ်အဖွဲ့ ကိုယ်စားလှယ်ရှေ့နေ အလုပ်ကို ရအောင်ယူဖို့ဖြစ်ပြီး သားအဖေနှစ်ယောက် တစ်သက်စားမကုန်အောင် ချမ်းသာဖို့ပါပဲ။ဒါပေမဲ့ လမ်းမှာ ယူနီကွန်းမြင်းပေါက်လေးကို ကားနဲ့တိုက်မိပြီး သေပြီမှတ်လို့ ကားထဲဖွက်သယ်လာပါတယ်။အဲဒီ မြင်းပေါက်လေးအလောင်းက ...
movie

Death of a Unicorn (2025)

2025
4K HEVC
Detective Chinatown 1900 (2025) 6.1
Detective Chinatown 1900 (2025) ကမ္ဘာတဝှမ်းမှာရုံတင်ပြသတုန်းက ဒေါ်လာ ၄၈၅.၆ သန်းဝင်ငွေရရှိထားပြီး တရုတ်ပြည်တွင်းမှာလဲ ယွမ် ဘီလီယံချီပြီး ဝင်ငွေရရှိထားတဲ့ လူကြိုက်များလှတဲ့ စုံထောက်ဇာတ်လမ်း Detective Chinatown ရုံတင်ကားကြီးလာပါပြီအရင်ရုပ်ရှင်တွေနဲ့မတူဘဲ 1900 ခုနှစ်များကို နောက်ခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ထုတ်လုပ်သူနဲ့ ရိုက်ကူးတင်ဆက်သူဖြစ်တဲ့ Chen Sicheng ကတော့ ဒီရုပ်ရှင်ဇာတ်ကားကို သူ့ရဲ့ အကောင်းဆုံးလက်ရာတစ်ခုအဖြစ်လဲပြောဆိုထားပါတယ် Chow Yun Fat နဲ့ မင်းသားချောလေး Liu Hao Ran, Zhang Xin Cheng တို့ကလဲ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ရှေ့က Detective Chinatown ရုပ်ရှင်ကားတွေနဲ့ သရုပ်ဆောင်တွေလောက်သာ တူညီပြီး အရင် ၃ ကားနဲ့ဆက်စပ်မှုမရှိတဲ့ သီးသန့်ရုပ်ရှင်ဖြစ်ပြီး Detective Chinatown 4 & 5 ထပ်မံထွက်ရှိလာဦးမယ်လို့ သိရှိထားရပါတယ်ဇာတ်လမ်းအညွန်းကတော့၁၉ရာစုအစောပိုင်းဆန်ဖရန်စစ္စကိုမြို့မှာ လူဖြူမလေးအဲလစ်နဲ့အင်ဒီးရန်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သတ်ခံရပါတယ်။ ဒီလူသတ်မှုကြောင့် တရုတ်တွေကိုလူဖြူအသိုင်းအဝိုင်းကဆန့်ကျင်လာကြပါတယ်။ဒီအမှုကြောင့် တရုတ်အင်ဒီးရန်းအားကွေနဲ့ အမေရိကားမှာ ပညာလာသင်တဲ့ချင်ဖူတို့တွေဆုံကြပြီးတော့အတူပူးပေါင်းပြီးအမှုလိုက်ဖို့ဖြစ်လာပါတယ် လူငယ်လေးနှစ်ယောက်ရဲ့သူမတူတဲ့အတွေးအခေါ်တွေနဲ့ အမှုကိုဖော်သွားတဲ့ခရီးတစ်ခုကိုရယ်မောစရာတွေနဲ့ချပြသွားတာပဲဖြစ်ပါတယ်။ Filesize :     9 GB  / 1.94 GB / 1.02 GB Quality : WEB-DL ...
movie

Detective Chinatown 1900 (2025)

4K HEVC
Drop (2025) 6.4
Drop (2025)  Drop (2025)IMDb Rating (6.4) / Rotten Tomatoes (84%) Drop ကတော့ thriller, mystery, drama အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဗိုင်အိုလက်လို့ခေါ်တဲ့ တစ်ခုလပ်ကလေးအမေအမျိုးသမီးတစ်ယောက်ဟာ အွန်လိုင်းအပ်ပလီကေးရှင်းတစ်ခုကနေ လူတစ်ယောက်နဲ့တွေ့ဆုံဖို့ချိန်းဆိုခဲ့ပါတယ်။အဲဒီလူနဲ့တွေ့ဆုံနေချိန်မှာပဲ သူမရဲ့ဖုန်းထဲကိုစိတ်အနှောင့်အယှက်ဖြစ်စရာ စာတွေတစောင်ပြီးတစောင်ဝင်လာပါတော့တယ်။အစမှာတော့ အပျော်အပျက်အနေနဲ့အမှတ်မထင်ထားလိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ဘဝကိုအကြီးအကျယ်ခြိမ်းခြောက်မှုတွေပါလာပါတော့တယ်။ဒီအရာကိုလုပ်ဆောင်နေသူဟာ သူမရဲ့လှုပ်ရှားမှုတိုင်းကိုမြင်တွေ့နေရသလိုထိန်းချုပ်နေပြီး သူမရဲ့အနားမှာရှိနေတဲ့ဘယ်သူမဆိုဖြစ်နေနိုင်တာကိုသိခဲ့ရပြီးနောက်..ဒီအကြပ်အတည်းကနေ သူမဘယ်လိုပုံစံနဲ့ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (3.4 GB) / (1 GB) / (650 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:36:46 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Senju
movie

Drop (2025)

2025
4K HEVC
Sea Lions of the Galapagos (2025) 7.8
Sea Lions of the Galapagos (2025)  Sea lions of Galapagos (2025)IMDb Rating (7.7) အခုမိတ်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ DisneyNature ရဲ့ Documentary Filmတစ်ခုပါပဲ။ပစိဖိတ်သမုဒ္ဒရာထဲမှာ လူသားတွေနဲ့ တစ်ခြားသတ္တဝါတွေနဲ့ ကွာခြားကာတည်ရှိနေတဲ့ အရောင်အသွေးစုံလင်လှပစွာတည်ရှိနေတဲ့ ဂလာပဂိုစ့်ကျွန်းတွေတည်ရှိနေပါတယ်။ဒီဇာတ်လမ်းလေးကတော့ ဂလာပဂို့စ်ကျွန်းတွေပေါ်က ကျွန်းတစ်ခုမှာမွေးဖွားလာတဲ့ ပင်လယ်ခြင်္သေ့ဖျံပေါက်လေး လီယိုရဲ့ စွန့်စားခန်းတွေပါပဲ။အကောင်ပေါက်လေးဘဝ သူ့မိခင် ရေကူးသင်ရာကနေ စလို့ အရွယ်ရောက်စအချိန်မှာ သူက မွေးဖွာရာအိမ်ကနေ ထွက်သွားပြီး ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရပါတော့တယ်။ပင်လယ်ခြင်္သေ့ဖျံအထီးတွေအတွက် ခေါင်း‌ဆောင်နေရာကို ပိုင်ဆိုင်ပြီး အုပ်စုတစ်ခု၊ အိမ်တစ်အိမ်ကို ပိုင်ဆိုင်လာနိုင်ဖို့ဆိုတာ ကိုယ်တိုင်တိုက်ခိုက်ယူရမယ့်အရာပါ။အဲ့အတွက်လီယိုက အိမ်ကနေစွန့်ခွာပြီး ပင်လယ်ပြင်တစ်လျှောက်စွန့်စားသွားလာကာ ကြီးထွားလာခဲ့ပါတယ်။သူ့ခရီးစဥ်တစ်လျှောက်မှာ ရေအောက်လောကအလှအပတွေသာမက တစ်ခြားမျိုးစိတ်တွေ့နဲ့ တွေ့ဆုံကြုံကြိုက်မှုတွေလည်း ပါဝင်လို့နေပါတယ်။အဲ့လိုနဲ့ လီယိုတစ်ယောက် ပင်လယ်ပြင်ကျွန်းစုတွေကြား သွားလာရင် ရင့်ကျက်ကြီးထွားသန်မာလာပါတော့တယ်။လှည့်လည်သွားလာရင်း ခိုနားစရာအိမ်ရှာဖွေနေခဲ့တဲ့ ဒီဖျံကောင်ငယ်လေးက သူ့ရည်ရွယ်ချက်ဖြစ်တဲ့အိမ်တစ်ခု မိသားစုအုပ်စုတစ်ခုကို ပိုင်ဆိုင်လာဖို့ ကြိုးစားပုံတွေကို သဘာဝအလှအပတွေနဲ့အတူ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (5.2 ...
movie

Sea Lions of the Galapagos (2025)

2025
4K HEVC
Blind Fury (2025) 6
Blind Fury (2025) ကုပေဟာမျက်မမြင်သူဖုန်းစားတစ်ယောက်ဖြစ်တယ်။ လမ်းဖြတ်သွားရင်း မြို့လုံးကျွတ်သတ်မှုနဲ့ကြုံခဲ့ရာ သူဌေးသမီးသခင်မလေးတစ်ယောက်ရဲ့ ဆန်ပြုတ်ကျွေးခဲ့တဲ့ကျေးဇူးကိုပြန်ဆပ်ဖို့ သူဌေးသမီးလေးကိုကယ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် လူသတ်သမားဟာနှုတ်ပိတ်ဖို့အတွက် သူဌေးသမီးလန်ချိုးယောင်ကိုပါလိုက်သတ်ခဲ့ပါတယ်။လန်ချိုးယောင်အဖြစ်ဆိုးတဲ့သေခြင်းက သူ့ရဲ့ထဲကမီးလျှံကိုပြန်လည် တောက်လောင်သွားစေပြီးတော့ စစ်မြေပြင်မှာလက်မရွံ့တဲ့ သေမင်းစစ်သူကြီးတစ်ယောက်အဖြစ်ပြန်ပြောင်းသွားခဲ့ပါတယ်။ သူတစ်ကိုယ်ထဲနဲ့ အဖြစ်ဆိုးနဲ့သေခဲ့ရတဲ့ ချင်းရှီမြို့က ပြည်သူတွေနဲ့လန်မိသားစုအတွက် တရားမျှတမှုပြန်ရယူတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Filesize : 2.41 GB / 989 MB / 532 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Blind Fury (2025)

4K HEVC
Alice Through the Looking Glass (2016) 6.2
Alice Through the Looking Glass (2016) Alice Through the Looking Glass (2016)_____IMDb - 6.2/10   Alice through the Looking Glass (2016) IMDB : 6.2 Rotten Tomatoes : 29% Genre : Fantasy/Drama/Adventure Alice through the Looking Glass ကတော့ Alice in Wonderland(2010) ရဲ့ Sequel ရုပ်ရှင်ဖြစ်တာကြောင့် သိပ်ပြီးတော့ အထွေအထူးမညွှန်းတော့ပါဘူး။ ဇာတ်ကြောင်းကိုပဲတန်းပြောလိုက်ပါတော့မယ်။ ဇာတ်ညွှန်း အဲလစ်စ်လေး အသက် ၂၂ နှစ်ကျော်ခဲ့ပါပြီ။ သူ့အဖေပိုင်တဲ့ သင်္ဘော"အံ့ဖွယ်" ရဲ ကပ္ပတိန်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒီလိုနဲ့ တရက်မှာ ကြည့်မှန်တစ်ခုကနေပြီး အဲလစ်စ်ဟာ အံ့ဖွယ်ကမ္ဘာကိုပြန်ရောက်သွားခဲ့ပါတယ်။ ရောက်သွားတဲ့အချိန်မှာဟက်တာတစ်ယောက် စိတ်ဖောက်နေပါပြီ။ ဘာလို့စိတ်ဖောက်လည်းဆိုတော့ သူ့မိသားစုဟာ ဂျက်ဘာဝေါ့ကီလက်ချက်နဲ့ အသက်မဆုံးပဲ အသက်ရှင်နေတယ်ဆိုတဲ့ အသိကြောင့်ဖြစ်ပါတယ်။ သူတို့ကိုကယ်တင်နိုင်မယ်ဆိုလည်း အဲဒါက အဲလစ်စ်တစ်ယောက်တည်းပဲရှိကြောင်း ဟက်တာကပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲလစ်စ်က ...
movie

Alice Through the Looking Glass (2016)

2016
4K HEVC
Alice in Wonderland (2010) 6.4
Alice in Wonderland (2010) Alice in Wonderland (2010)IMDb - 6.4/10_____Rotten - 50%Won 2 Oscars. Another 33 wins & 63 nominations.   Alice In Wonderland(2010) IMDB : 6.4 Rotten Tomatoes : 50% Genre : Family/Adventure/FantasyAlice in Wonderland ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝတစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ငယ်ငယ်ကတည်းက လောကကြီးကိုရင်ဆိုင်ပြီးတိုက်ခိုက်နေရတဲ့ အသက်အရွယ်ရောက်လာတာတောင်မှTim Burton ရဲ့ရုပ်ရှင်တွေကိုကြည့်ပြီး Tim Burton Universe ထဲကိုသွားချင်တဲ့စိတ်ကမကုန်သေးပါဘူး။ Fantasy လောကရဲ့ ဖခင်ကြီး Tim Burton ရဲ့ရုပ်ရှင်တွေဟာ ကြည့်လိုက်တိုင်း ရင်ထဲမှာတော့ တစ်ခုခုကျန်ခဲ့ပါတယ်။Alice in Wonderland လည်းအဲလိုပါပဲ။ ကျွန်တော်တို့ဟာ ဘဝမှာ တစ်ခါတော့ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice တော့ဖြစ်ချင်ခဲ့မှာပါ။ ရှုပ်ထွေးလှတဲ့ လောကကြီးကနေ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice ...
movie

Alice in Wonderland (2010)

2010
4K HEVC
K-19: The Widowmaker (2002) 6.7
K-19: The Widowmaker (2002) K-19: The Widowmaker (2002)IMDb Rating (6.7)ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Harrison Ford နဲ့ Liam Neeson တို့ ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။၁၉၆၁ မှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ဉရောပကို စစ်အင်အားပြဖို့နဲ့ အာတိတ်သမုဒ္ဒရာထဲ ဒုံးကျည်စမ်းသပ်ဖို့ဆိုပြီး K-19 ဆိုတဲ့ နျူကလီးယားရေငုပ်သင်္ဘောတစင်းကို ရေချလိုက်ပါတယ်။ ဒါပေမယ့် သင်္ဘောက အဆင်သင့်မဖြစ်သေးဘဲ ပြဿနာတွေ အများကြီးနဲ့ အစောတလျင်စမ်းသပ်စေခဲ့တာဖြစ်ပါတယ်။ K-19 ကို ကပ္ပတိန် ဗော့စထရီကော့ဖ် (Harrison Ford) နဲ့ ဒုကပ္ပတိန် ပိုလီနင် (Liam Neeson) တို့ ဦးစီးဖို့ တာဝန်ပေးခြင်းခံရပါတယ်။သင်္ဘောဟာ အဆင်သင့်မဖြစ်သေးတာနဲ့အညီ ရေလယ်ကောင်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုယိုစိမ့်မှုဖြစ်ပြီး အခန့်မသင့်လို့ ပေါက်ကွဲခဲ့ရင် ကမ္ဘာ့စစ်ပွဲတောင် ဖြစ်သွားနိုင်တဲ့အနေအထားဖြစ်လာပါတော့တယ်။ ဒီလိုအချိန်အခါမှာ ဓာတ်ရောင်ခြည်အကာအကွယ်ဝတ်စုံမရှိတဲ့ကြားက ကပ္ပတိန်နဲ့ သင်္ဘောသားရဲဘော်ရဲဘက်တွေ နျူကလီးယားယိုစိမ့်မှုကြီးကို ဘယ်လို စွန့်စားပြီး ပြင်ဆင်ကြမလဲ ခက်ခဲကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်တွေကို ဗော့စထရီကော့ဖ်နဲ့ ပိုလီနင်တို့ ဘယ်လို စွန့်လွှတ်စွန့်စား ...
movie

K-19: The Widowmaker (2002)

2002
4K HEVC
Bridge to Terabithia (2007) 7.2
Bridge to Terabithia (2007) Bridge to Terabithia (2007)IMDb Rating (7.2)/ Rotten Tomatoes (85%)နင့်နေအောင် ခံစားကြရတဲ့ ဒီရုပ်ရှင်ကားက စာရေးဆရာမ Katherine Paterson ရဲ့ အအောင်မြင်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပြီး Walt Disney က ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်... ရိုက်ကူးစရိတ် Budget $17 million သာ ကုန်ကျခဲ့ပေမယ့် Box office $137.6 million ထိပြန်လည်ရရှိခဲ့ပြီး Rating တွေလဲ ကောင်းမွန်ခဲ့တာမလို့ အဖက်ဖက်ကပြည့်စုံတဲ့ Drama,Family,Fantasy ကားလေးဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့... ဂျက်စ်အရွန်း (Josh Hutcherson)ဆိုတဲ့ ၁၀ နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့ အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီကောင်လေးရဲ့ ဘဝထဲကို လက်စလီဘာ့ခ် (AnnaSophia Robb) ဆိုတဲ့ ဘေးအိမ်က ကောင်မလေးတယောက် ဝင်ရောက်လာတာကနေစလို့ လုံးဝပြောင်းလဲသွားပါတော့တယ်.... ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီက စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ ...
movie

Bridge to Terabithia (2007)

2007
4K HEVC