Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
4K HEVC
8.5
Tourist Family (2025)
Tourist Family (2025)"ခရီးသွား မိသားစု" ================================ရီဗျူးကောင်းတွေရရှိထားပြီး ရုံတင်ရာမှာလည်း အတန်အသင့်အောင်မြင်ခဲ့တဲ့ တမီလ်စကားပြော မိသားစု ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင် ကားတိုင်းကျော် ဟာသ သရုပ်ဆောင် ယိုဂီဘာဘူနဲ့ မင်းသားကြီး ဆာဆီကူးမားကလွဲရင် တခြား နာမည်ကြီးသရုပ်ဆောင်တွေ တကူးတကမပါသလို ဒါရိုက်တာကလည်း အခုမှ ပထမဆုံးရုပ်ရှင်ကား စရိုက်တဲ့ ဒါရိုက်တာသစ်ဖြစ်ပေမဲ့ ပထမဆုံးရုပ်ရှင်လို့ မထင်ရအောင် အောင်မြင်မှုတွေရရှိထားတာပါ။ဇာတ်လမ်းကတော့.. ငွေကြေးဖောင်းပွမှုတွေ၊ ပြည်တွင်းစစ်တွေကြောင့် ရှင်သန်ရတာခက်ခဲလွန်းလို့ သီရိလင်္ကာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို ခိုးဝင်လာရတဲ့ သီရိလင်္ကာမိသားစုတစ်ခုကို ဇာတ်အိမ်တည်ထားတာပါ။အိန္ဒိယနိုင်ငံထဲကို ရောက်နှင့်နေတဲ့ ယောက်ဖကို အားကိုးပြီး မိသားစုနဲ့အတူ သီရိလင်္ကာကနေ အရဲစွန့်ထွက်ပြေးလာတဲ့ ဒါ့စ်တစ်ယောက် အခက်အခဲအမျိုးမျိုးကြားကနေ အိန္ဒိယမှာ ရပ်တည်ဖို့ ကြိုးစားကြပုံကို ဒါရိုက်တာက ဟာသဆန်ဆန်ပုံဖော်ပြထားတာပါ။ဟာသဒရာမာဖြစ်ပေမဲ့ ဇာတ်လမ်းက လေးနက်တဲ့အပြင် တောင်းဆိုထားသူတွေလည်း များတာမလို့ CM Bollywood Team ကနေ အကြည်ထွက်ထွက်ချင်း ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… Coming Soon / 2.3 GB / 925 MB Quality…WEB DL 4k HEVC / 1080p / 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar ...
movie
Tourist Family (2025)
4K HEVC
7.5
I Am What I Am 2 (2025)
CMကနေ ဒီတစ်ခါ တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2021 ခုနစ်လောက်က ဝက်ဝက်ကွဲနာမည်ကြီးခဲ့တဲ့ ခြင်္သေ့အကနဲ့ သိုင်းပညာကို ပေါင်းစပ်ထားတဲ့ I'm what I'm ဆိုတဲ့ ကားလေးရဲ့ ဒုတိယအတွဲပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ညွှန်းရမယ်ဆိုရင် နယ်မြို့လေးကနေ အဖေဆေးကုဖို့အတွက် ရှန်ဟိုင်းမြို့ကိုတက်လာခဲ့တဲ့ အားကျွမ်းဆိုတဲ့လူငယ်လေးဟာ ခြင်္သေ့အကမှာ တဖက်ကမ်းခတ်ကျွမ်းကျင်ပါတယ် သို့ပေမယ့်လည်း ကျွမ်းကျင်ရာ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလို့မရတာတစ်ကြောင်း ဖခင်ဖြစ်သူအတွက် ဆေးကုသစရိတ်က ယွမ်သိန်းချီ ကုန်ကျမှာဖြစ်တာတစ်ကြောင်း ကြုံရာကျပန်းအလုပ်ကိုဝင်လုပ်နေတာပါတစ်နေ့ သူ့ဆီကို သူငယ်ချင်းတွေဖြစ်တဲ့ အားမောင်းနဲ့ အားကို နှစ်ယောက် ရောက်လာတဲ့အချိန် တိုက်ခန်းပိုင်ရှင်က လူများလို့ လက်မခံတာရယ်ကြောင့် လမ်းဘေးမှာ အိပ်ရတော့မယ့်အခြေအနေကိုရောက်နေတဲ့အချိန်မှာပဲ အချိန်ပိုင်းအလုပ်အဖိုးအခကို သွားတောင်းရင်း လက်ဝှေ့ရုံပိုင်ရှင်ရဲ့ သမီးဝမ်ကျောင်းယွီနဲ့ဆုံပါတော့တယ်အားကျွမ်းလာတဲ့အချိန်က ဝမ်ကျောင်းယွီဆီကို လူလည်ကျတဲ့သူတွေက ငွေညှစ်နေတဲ့အချိန်နဲ့တိုးတော့ ဝင်ကူပေးရာကနေ အားကျွမ်းရဲ့ တိုက်ရည်ခိုက်ရည်ကို မြင်ပြီး လက်ဝှေ့ပြိုင်ပွဲဝင်ဖို့ ကမ်းလှမ်းပါလေရော ချန်ပီယံဖြစ်ရင် ယွမ်သုံးသိန်းရမှာဆိုတော့ အားကျွမ်းတစ်ယောက် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်ခြင်္သေ့အကသာ ကျွမ်းပေမယ့် လက်ဝှေ့ပညာကို မသင်ယူဖူးတဲ့ အားကျွမ်းတစ်ယောက် လက်ဝှေ့ကြိုးဝိုင်းထဲဝင်ဖို့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မှာလဲ......... Filesize : 5.62 GB / 2.07 GB / 1.11 GB Quality : ...
movie
I Am What I Am 2 (2025)
4K HEVC
7.7
Serpico (1973)
ဒီဇာတ်ကားလေးကတော့ 1973 ခုနှစ်ကထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။The Godfather ဇာတ်လမ်းမှမင်းသားကောင်း Al Pacino အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ငယ်စဥ်ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဆာပီကိုဆိုတဲ့ လူငယ်လေးဟာ ရည်မှန်းချက်ပြည့်ခဲ့ပြီးနောက်မှာ...အကျင့်ပျက်ခြစားလွန်းတဲ့ အရာရှိတွေ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အလုပ်ခွင်ထဲကအဖြစ်မှန်တွေကို သိလာရပြီးနောက် သူကိုယ်တိုင်ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားရုန်းကန်တာကို မြင်တွေ့ရမှာပါ။ ဟောင်းနေသော်လည်း ကောင်းဆဲမို့ ကြည့်ရှုကြဖို့တိုက်တွန်းပါရစေခင်ဗျာ။ File size…(9.7 GB)/(2.9 GB)/(1.4 GB) Quality….Blu-Ray 4K HEVC/1080p / 720p Format… mp4 Duration…. 02:10:00 Genre... Biography, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Satt
movie
Serpico (1973)
4K HEVC
7.9
Carlito’s Way (1993)
" ကျော်ပြီးသွားရင် ဘယ်တော့မှ ပြန်လှည့်လိုမရတော့တဲ့စည်းတစ်ခုရှိတယ်။ ကျော်လိုက်ပြီဆိုတာနဲ့ အဲဒီစည်းရဲ့အဆုံးမှာဘာပဲရှိနေရှိနေ သွားရတော့မယ်" ။ကာလီတိုဘရီဂန်တေ (Al Pacino)ဟာ ထောင်ဒဏ် အနှစ် ၃၀ ကျခံထားရတာနေ သူငယ်ချင်းရှေ့နေဒေးဗစ်ခလိုင်းဖီး(Sean Penn)ကောင်းမှုနဲ့ ၅ နှစ်မြောက်မှာ အယူခံ၀င်ပြီး လွတ်လာခဲ့တယ်။ သူဟာ အရင်ကအလုပ်တွေကို ပြန်မလုပ်တော့ဘဲ သန့်သန့်ရှင်းရှင်းနေတော့မယ်လို ဆုံးဖြတ်ထားပြီးသား။ သူ့မှာအိပ်မက်တစ်ခုရှိတယ်။ ငွေ ၇ သောင်းခွဲသာရရင် အဲဒီအိပ်မက်ကိုအကောင်အထည်ဖော်နိုင်မှာမို့လို့ ပြဿနာတွေကြားထဲ၀င်မပါဘဲ ကလပ်တစ်ခုကိုဦးစီးပြီး အေးဆေးနေဖို့လုပ်ထားပေမဲ့ သူမကျော်ချင်တဲ့စည်းကို မကျော်ဘဲ နေလို့ရပါ့မလား။ File size…(8.6 GB)/(1.7 GB)/(1 GB) Quality….BrRip 4K HEVC/1080p / 720p Format… mp4 Duration…. 02:24:00 Genre... Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
Carlito’s Way (1993)
4K HEVC
5.8
Summer of 69 (2025)
Summer of 69 (2025)IMDb Rating (5.8) / Rotten Tomatoes (89%) ဒီတစ်ခေါက် CM ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ နွေရာသီ ကျောင်းသားအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။Main Lead အနေနဲ့တော့ sitcom series တစ်ခုဖြစ်တဲ့ That's 90 show (2023) နဲ့ ပေါက်ခဲ့တဲ့ Sam Molores ပဲ ဖြစ်ပါတယ်။တွဲဖက်သရုပ်ဆောင်အနေနဲ့ Chloe Fineman နဲ့ Matt Cornett တို့လည်း ပါဝင်အားဖြည့်ထားကြပါတယ်။IMDb rating 5.8 ရရှိထားပြီး rotten tomatoes ကတော့ 91% တောင်ရထားတဲ့အတွက် မကောင်းမှာမပူပါနဲ့။ဇာတ်လမ်းအကျဉ်းမူလတန်းမှာကတည်းက ကြိတ်ကြိုက်လာရတဲ့ကောင်လေးက အထက်တန်းရောက်ပြီး နောက်ဆုံးမှာတော့ single ဖြစ်သွားတဲ့အချိန်မှာ Abby တစ်ယောက် အခွင့်အရေးကို အရယူဖို့ကြံပါတယ်။အဲ့ကောင်လေးရဲ့ လိင်ခံစားမှုအကြိုက်ကို အတွင်းသတင်း စုံစမ်းလိုက်တဲ့အခါ 69 ရတာ ...
movie
Summer of 69 (2025)
2025
4K HEVC
7.1
Thudarum (2025)
Thudarum 2025 (သူဒါရမ်)မင်းသားကြီးမိုဟန်လယ်ပါဝင်တင်ဆက်ထားပြီး ရိတ်တင်လဲကောင်း ရုံတင်ငွေလဲကောင်းလှတဲ့ ရုပ်ရှင်ကားသစ်တကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်လေးကတော့ ဘန့်ဇ်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ရဲ့ဘဝကို အခြေခံပြီး တင်ဆက်ထားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဘန့်ဇ်တစ်ယောက်ဟာ မိန်းမရယ် သားရယ် သမီးရယ်နဲ့အတူတူ တက္ကစီကားလေးမောင်းရင်း အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်နေသူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ဘန့်ဇ်သားရဲ့ သူငယ်ချင်းတွေဟာ အိမ်ကိုလာလည်ခဲ့ကြရင်းနဲ့ ဘန့်ဇ် တက္ကစီဆွဲနေတဲ့ ကားကို မတော်တဆ ထိခိုက်မိအောင်လုပ်မိသွားပါတော့တယ်၊။ဒီလိုနဲ့ ဘန့်ဇ်တစ်ယောက် ကားကို ပြင်ဖို့အတွက် သူ့သူငယ်ချင်းဆီကို ပို့လိုက်ပါတော့တယ်။ သူ့သူငယ်ချင်းဟာလည်း သူငယ်ချင်းကောင်းပီသစွာနဲ့ပဲ သူ့ကားကို မူးယစ်ဆေးသယ်ဖို့အတွက် အသုံးပြုခဲ့ပါတော့တယ်။ အဲဒီအချိန်မှာပဲ ဘန့်ဇ်ရဲ့ကားကို မူးယစ်မှောင်ခိုမှုနဲ့ ရဲတွေသိမ်းတာ ခံလိုက်ရပါတော့တယ်။ ဒီအချိန်မှာပဲ ဘန့်ဇ်ရဲ့ ဘဝဟာ ပြောင်းလဲသွားခဲ့ရပါတော့တယ်။ဘန့်ဇ်တစ်ယောက် သူမလုပ်ထားတဲ့ ပြစ်မှုတွေကြားထဲ ဝင်ရောက်သွားခဲ့ရပြီး အာဏာရှိလူတစ်စုရဲ့ အသုံးချခံဖြစ်လာခဲ့တဲ့အချိန်မှာတော့ ........ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါဦး(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ KKKZ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 9.3 GB /3.3 GB / 1.5 ...
movie
Thudarum (2025)
4K HEVC
7.9
Retro (2025)
Retro (2025) "အချစ်နဲ့စစ်"၂၀၂၅ ရဲ့ ဝင်ငွေအကောင်းဆုံး တမီးလ်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်သလို Jai Bhim ရုပ်ရှင်ထဲကမင်းသား ဆူရီယာနဲ့ ဒီနှစ်ပေါက်ကားဖြစ်တဲ့ Deva ထဲက မင်းသမီး ပူဂျာတို့က ခေါင်းဆောင်ပါဝင်တဲ့ အက်ရှင်/ရိုမန့် ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ပါရီဆိုတဲ့ မိဘမဲ့ကောင်လေးဟာ ဂန်းစတားတစ်ယောက်ရဲ့ မိန်းမက သနားလို့မွေးစားခြင်းခံခဲ့ရပြီး မိခင်မေတ္တာကို အပြည့်အဝရခဲ့ပေမဲ့ မွေးစားအဖေ လူမိုက်ကြီးကတော့ ပါရီကို လက်မရွံ့လက်ပါးစေအဖြစ်သာ သဘောထားခဲ့ပါတယ်ဒီလိုနဲ့ မိခင်သေဆုံးခဲ့ပြီးနောက်မှာ အဖေဖြစ်သူအလိုကျ ရုတ်ရင်းကြမ်းတမ်းတဲ့ လူမိုက်တစ်ယောက်ဖြစ်လာခဲ့တဲ့ ပါရီဟာ တိကုဆရာဝန်မလေး ရုခ်မီနီနဲ့အတွေ့မှာတော့ ဒုစရိုက်လောကကို အပြီးပိုင်ကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်ဒီဆုံးဖြတ်ချက်ကြောင့် သူ့မွေးစားအဖေနဲ့ ပါရီတို့နှစ်ယောက် ရန်ဘက်တွေဖြစ်လာကြပြီးနောက် ဘာတွေဆက်ဖြစ်မလဲ ပရိသတ်တို့ကပဲ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 10 GB / 3.89 GB / 2 GB Quality…WEB DL 4k HEVC / 1080p / 720p Format…mkv/ mp4 Duration….2h 48m Subtitle….Myanmar ...
movie
Retro (2025)
4K HEVC
7.9
The Maltese Falcon (1941)
ဒီဇာတ်ကားကတော့ အမေရိကန်ဝတ္ထုကို ရုပ်ရုင်ပြန်ရိုက်ထားတဲ့ ဂန္တဝင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ဒါရိုက်တာကJohn Hustonပါ။ နာမည်ကြီးမင်းသားHumphrey Bogart (ဟမ်ဖရီဘိုးဂတ်)နဲ့မင်းသမီး Mary Astor(မေရီအက်စတာ)တို့ခေါင်းဆောင် ပါဝင်ထားကြပါတယ်။အက်ရှင်သိပ်မပါတဲ့ စုံထောက်ကားဖြစ်ပေမဲ့ ဒီဇတ်ကားနာမည်ကြီးရတာက စုံထောက်နဲ့ ရာဇဝတ်သားတွေ ဥာဏ်ချင်းယှဥ်ပြီးစကားစစ်ထိုးတာတွေ အမှုကိုပေါ်အောင်ဖော်တာတွေက စိတ်ဝင်စားစရာဖြစ်နေလို့ပါပဲ။အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ရဲတွေကကြည့်မရတဲ့လူဆို ချောက်ချခံရနိုင်တာနဲ့ အမှုပေါ်ပြီးရော ပြစ်မှုကိုအစားခံပေးမယ့်သားကောင်ရှာတာမျိုးက ပြုံးချင်စရာပါ။ အဓိက ဇာတ်ကောင် စုံထောက်ဆမ် စပိဒ်ရဲ့ ဇာတ်ကောင်စရိုက်ကလည်း သဘောကျစရာကောင်းပါတယ်။ဇတ်လမ်းအကျဥ်းအလွတ်စုံထောက် ဆမ်စပိတ်ဒ်( ဟမ်ဖရီဘိုးဂတ်)ရဲ့ ရုံးခန်းကို ခပ်ချောချောအမျိုးသမီးတစ်ယောက်က သူ့ညီမကိုရှာပေးဖို့ သူ့ညီမနဲ့ ထွက်ပြေးတယ်ဆိုတဲ့ သာ့စ်ဘီဆိုတဲ့လူကို နောက်ယောင်ခံဖို့ အလုပ်လာအပ်ပါတယ် ။ဆမ်ရဲ့တွဲဘက် မိုင်းလ်စ်အာချာက နောက်ယောင်ခံလိုက်ပေးဖို့ လိုက်သွားရင်းသတ်ခံလိုက်ရပါတယ်။နောက်နေ့မှာ သာ့စ်ဘီလည်းသတ်ခံရပါတယ်။ရဲတွေက မိုင်းလ်စ်ရဲ့မိန်းမနဲ့မရှင်းမရှင်းဖြစ်နေတဲ့ဆမ်ကိုလူသတ်မှုအတွက်စွပ်စွဲချင်နေကြပါတယ်။ ဆမ့်ကို နောက်ယောင်ခံနေတဲ့သူရှိတာ ဆမ်က ရိပ်မိပါတယ်။ ဆမ်တို့ကိုအလုပ်အပ်တဲ့ အမျိုးသမီး မစ္စရှော့နက်စီရဲ့ ညီမ ဇာတ်လမ်းက လုပ်ဇာတ်ကြီးဖြစ်နေပြီး တစ်စတစ်စနဲ့ အကြောင်းရင်းမှန်ကပေါ်လာပါတယ်။ မစ္စရှော့နက်စီနဲ့ဆမ်လည်း အနမ်းဝေဖြာ ...
movie
The Maltese Falcon (1941)
4K HEVC
8.0
Sinners (2025)
( အော်စကာပါရနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ကား )+ အချို့အခန်းတွေ screen နည်းနည်းကျဉ်းသွားလည်း မပူပါနဲ့ အပြည့်ပြန်လာပါတယ် Imax Scene အချို့ ပါနေလို့ပါ +IMDb 8, Rotten Tomatoes 97% တောင် ရရှိထားပြီး 35 နှစ်အတွင်း ပထမဦးဆုံး A အဆင့်ကို ပြန်လည်ရရှိခဲ့တဲ့ ဗန်ပိုင်းယားဟော်ရာ ဇာတ်ကား လာပါပြီ။ ရုံတင်တုန်းကလည်း ရီဗျူးကောင်းတွေ ရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး ဟော်ရာမူဗီအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ကြည့်ရှုသူတွေကလည်း ဒီဇာတ်လမ်းဟာ ဗန်ပိုင်းယားတွေကို realistic အဆန်ဆုံး ရိုက်ပြနိုင်တဲ့ကားဖြစ်ကြောင်းချီးကျူးထားပါသေးတယ်။ Cast တွေကလည်း Michael B Jordan, Hailee Steinfeld တို့လို နာမည်ကြီးတွေနဲ့ ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း ++++++++++++စမုတ်ခ်နဲ့ စတက်ခ်ဆိုတဲ့ အမြွှာညီအစ်ကိုဟာ ချီကာဂိုကနေ ဇာတိဖြစ်တဲ့ မစ္စစ္စပီကို ပြန်လာပြီး သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂျုကလပ် ဖွင့်ဖို့ စတင်ကြိုးစားပါတယ်။ ဒါပေမဲ့ ...
movie
Sinners (2025)
4K HEVC
7.6
Raid (2018)
Raid (2018)ဒီဇာတ်ကားလေးဟာ ၁၉၈ဝခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thura Zarni Aung မှ တင်ဆက်ထားတာပါ။) File size…(7.6 GB )/ (2 GB)/ (1 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura Zarni Aung
movie
Raid (2018)
2018
4K HEVC
8.1
The Help (2011)
The Help (2011)IMDb Rating (8.1) / Rotten Tomatoes (76%)အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ဒီဇာတ်လမ်းကို Kathryn Stockett ရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အော်စကာဆုပေးပွဲမှာ တစ်ပြေးခဲ့တဲ့ ရုပ်ရှင်ကားပါ။ The Shawshank Redemption တို့လို Tom Hanks ရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးဖြစ်ပါတယ်။"မိန်းမငယ်လေး တစ်ယောက်အနေနဲ့ အရွယ်ရောက်ကြီးပြင်းလာချိန်မှာ ဒီအိမ်အကူအလုပ်ကိုလုပ်ရလိမ့်မယ်လို့များ ရှင်ကြိုသိခဲ့သလား" "သိခဲ့တာပေါ့၊ကျွန်မ အမေဟာ အိမ်အကူအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ကျွန်မအဖွားဖြစ်သူကလည်း မြေကျွန်တစ်ယောက်ပဲလေ၊ဒီတော့ ကျွန်မသိခဲ့ပါတယ်။" 1963 ခုနှစ် အမေရိကန်နိုင်ငံ Mississippiပြည်နယ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါBig Mama လို့ခေါ်လေ့ရှိကြတဲ့ အိမ်အကူ လူမည်းအမျိုးသမီးကြီးတွေရဲ့ ဘဝနေထိုင်မှု နဲ့ လူဖြူလူမည်း အသားအရောင်ခွဲခြားမှုတွေ အကြောင်းပါ လူမည်း အမျိုးသမီးတွေဟာ အထက်တန်းလွှာလူဖြူ ...
movie
The Help (2011)
2011
4K HEVC
8.0
Big Fish (2003)
IMDb Rating (8.0) / Rotten Tomatoes (76%)Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်... ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း.... အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ ...
movie
Big Fish (2003)
2003
4K HEVC
Sikandar (2025)
Sikandar (2025) "ရှင်ဘုရင်"Official WEB DL 4k ရပါပြီခင်ဗျာနာမည်ကျော်မင်းသား ဆယ်မခန်း ပွတ်ရှ်ပါမင်းသမီး ရက်ရှမီးကားနဲ့ မင်းသမီးချော Kajal Aggarwal, Three Idiots ထဲက ရန်ချိုရဲ့သူငယ်ချင်းဖြစ်တဲ့ Sharman Joshi တို့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ အက်ရှင်ရုံကားသစ်ကို ထွက်ထွက်ချင်းတင်ဆက်ပေးလိုက်ပါတယ်ရာဂျ်ကော့တ်ပြည်နယ်မှာ လူအများက ရှင်ဘုရင်တစ်ပါးလို ကြည်ညိုလေးစားကြတဲ့ ဆန်ဂျေးဆိုတဲ့ လူတစ်ယောက်ရှိပြီး သူ့ရဲ့ရက်ရောမှုကြောင့် သူ့ကိုထိတာနဲ့ လူအုပ်လိုက်ဝိုင်းလာရအောင်ထိ အရှိန်အဝါကြီးတယ်တစ်ရက်တော့ လေယာဉ်ပေါ်မှာ ဝန်ကြီးတစ်ယောက်ရဲ့ သားက အမျိုးသမီးတစ်ဦးကို လိင်အမြတ်ထုတ်ဖို့ကြိုးစားတဲ့အခါ ဆန်ဂျေးက ဝင်ဆုံးမခဲ့တဲ့အတွက် ဝန်ကြီးနဲ့ ဆန်ဂျေးတို့ ရန်ဘက်တွေဖြစ်လာပါတော့တယ်အကျင့်ပျက်နိုင်ငံရေးသမားတစ်ယောက်နဲ့ လူအများရဲ့ ကယ်တင်ရှင် ဆန်ဂျေးတို့ ဘယ်လောက်ထိ အားပြိုင်သွားကြမလဲ ဖိုက်တင်ကြမ်းကြမ်းနဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ရှုစားလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…8.4 GB / 2.96 GB / 1.5 GB Quality…WEB DL 4k HEVC / 1080p ...
movie
Sikandar (2025)
4K HEVC
6.2
We Girls (2025)
ကျောက်မင်းသမီးကတော့ ဒီတစ်ခေါက်လည်း သဘာဝဆန်တဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကို ပုံဖော်ထားတဲ့ ကားလေးနဲ့ ပိတ်ကားပေါ် ပြန်လာပြန်ပါပြီ... ဒီကားလေးကတော့ အမျိုးသမီးထောင်မှာ ကြုံတွေ့ရတဲ့ အမျိုးသမီးတချို့ရဲ့ ဘဝကိုပုံဖော်ထားတာဖြစ်တယ်... ဟုတ်ပါတယ်... ထောင်လို့ပြောတာနဲ့ ဆိုးတဲ့သူတွေ မကောင်းတဲ့သူတွေရှိနေတယ်လို့ ထင်မှတ်တတ်ကြပါတယ်...ဒါပေမယ့် ထောင်ကျတိုင်း တကယ်ဆိုးတာလား... ဆိုးသွမ်းမိုက်မဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ... အဖိနှိမ့်ခံလူသားတွေရဲ့ ကြုံတွေ့ရတဲ့ ဘဝတွေအကြောင်း ဘယ်သူသိမှာလဲ... ဘယ်သူကမြင်မှာလဲ... ဒီလိုမလုပ်သင့်ဘူး... ဒီလမ်းမရွေးသင့်ဘူး ဆိုတဲ့စကားကတော့ အပြောလွယ်ပေမယ့်... တကယ် လောကဓံနဲ့ ကြုံချိန်မှာတော့...ထားပါတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆို... မြေခွေးဖြူလို့ခေါ်တဲ့ ကောင်းယွဲ့ရှန်းက ရှောင်ကော်ကော်တို့ဆိုပြီး အဖော်အချွတ်ဝတ်ပြီး ကပြဖျော်ဖြေတဲ့သူပေါ့... ဒီလိုမျိုး ခန္ဓာကိုရင်းပြီးတော့ လအလုပ်ရှာနေခဲ့တာကတော့ သူ့ရဲ့ နားမကြားတဲ့သမီးလေးကို နားကြားစက်ဝယ်ပေးချင်လို့ပါ... ဒါပေမယ့် တရားမဝင် ဥပဒေမဲ့ပစ္စည်းတွေကို ကူရောင်းပေးမိလို့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာတဲ့သူပေါ့...ဒီလိုနဲ့ ထောင်ထဲမှာ သူ့သမီးလေးလိုမျိုး နားမကြားတဲ့တစ်ယောက်ကို ကာကွယ်ပေးဖြစ်ခဲ့တယ်... သူကတော့ မှင်နက်လို့ခေါ်တဲ့ မောင်အားမေ့... ဆွံ့အနားမကြားလေးပေါ့... ဒီကိုက ခန္ဓာကိုယ်ဗန်းပြပြီးတော့ ပစ္စည်းခိုးမှုနဲ့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာသူပေါ့...ထောင်ထဲ သူတို့ကို သင်ပြပေးနေတဲ့ အရာရှိကတော့ တိန့်ဟုန်တဲ့... ဘာကြောင့်မှန်းတော့မသိပေမယ့် အမျိုးသမီးချင်းစာနာစိတ်ကြောင့်လား... သူကိုယ်တိုင်လည်း ဘဝသမားဖြစ်လို့လားမသိ စေတနာပိုပြီး လမ်းမှန်ပေါ်တင်ဖို့ ...
movie
We Girls (2025)
4K HEVC
4.8
A Breed Apart (2025)
A Breed Apart (2025)ဇာတ်လမ်းကတော့ thriller horror ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။အွန်လိုင်းပေါ်ကနာမည်ကြီး influencer ငါးဦးကို ခွေးရူးတွေနေထိုင်တဲ့ ကျွန်းတစ်ကျွန်းပေါ်ကိုဖိတ်ခေါ်ပြီး reality show တစ်ခုလုပ်ဖို့ စီစဉ်ရာကနေမမျှော်လင့်ထားတဲ့အန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး အဲဒီကျွန်းပေါ်ကနေထွက်ပြေးလွတ်မြောက်ဖို့ကြိုးပမ်းကြရပုံတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (6.8 GB) / (2.3 GB) / (1.3 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Horror Duration…. 01:40:10 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Senju
movie
A Breed Apart (2025)
2025
4K HEVC
6.0
Until Dawn (2025)
Until Dawn (2025)IMDb Rating (6.0) / Rotten Tomatoes (53%) ညတာကို ရှင်သန်နိုင်အောင်လုပ်မလား ညတာနဲ့ တစ်သားတည်းဖြစ်သွားမလားတဲ့။ရှင်းရှင်းပြောရရင် မနက်မိုးလင်းတဲ့အထိ အသက်ရှင်အောင် ရုန်းကန်ရတာပေါ့။ဒါပေမဲ့ ဘယ်အရာတွေကနေ အသက်ရှင်အောင် ရုန်းကန်ရမှာလဲ?ဇာတ်လမ်းအကျဉ်းကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖို့ဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ဒါပေမဲ့ သူတို့ငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြို့အဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို့ ...
movie
Until Dawn (2025)
2025
4K HEVC
7.8
Pride & Prejudice (2005)
Pride & Prejudice (2005)IMDb Rating (7.8) / Rotten Tomatoes (87%)မင်းသမီး Keira Knightley ကို စတင်နာမည်ကြီးစေခဲ့တဲ့ရုပ်ရှင်ဖြစ်သလို အသက် ၂၀ အရွယ်လေးမှာ ရိုက်ထားတာမလို့ ဒီကားထဲမှာ အရမ်းချစ်စရာကောင်းနေတာ မြင်တွေ့ရမှာပါ။ မင်းသားကြီး Matthew Macfadyen နဲ့အတူ တခြားနာမည်ကြီးမင်းသမီးတွေဖြစ်ကြတဲ့ Rosamund Pike, Carey Mulligan,Jena Malone တို့လဲပါဝင်ထားပါတယ်။၁၈၁၃ ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးကို 2005 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ...ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်...သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့..အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့..တစ်နေ့မှာသူတို့မြို့ကို ...
movie
Pride & Prejudice (2005)
2005
4K HEVC
6.7
Fountain of Youth (2025)
(နတ်ရေကန် ရှာပုံတော်) ဒါရိုက်တာ Guy Ritchie ရဲ့ လက်ရာကောင်းတစ်ခုလာပါပြီ။ နစ်ကလက်ကေ့ရဲ့ National Treasureစတိုင်မျိုးပါ။ Jack Ryan တို့ Quite Place တို့ရဲ့မင်းသား John Krasinski နဲ့ မင်းသမီး နာတာလီပေါ့မန်းတို့ ပါဝင်ထားတာပါ။ဒီလို ရှေးဟောင်းသုတေသီ ပဟေဠိကားမျိုးအထွက်ရှားတာကြောင့် ကြည့်ရတာ တန်မှာပါ။ ဇာတ်လမ်းအကျဉ်း++++++++++ကမ္ဘာကျော် ရှေးဟောင်းသုတေသီကြီးရဲ့ သားနဲ့သမီးဟာပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို လိုက်ရှာတဲ့နေရာမှာ ထူးချွန်သူတွေပါ။တစ်နေ့မှာတော့ အသည်းကင်ဆာဖြစ်နေတဲ့ ဘီလီယံနာတစ်ယောက်ဟာ ထာဝရနုပျိုစေမဲ့ နတ်ရေကန်ကို ရှာနိုင်မဲ့သဲလွန်စတွေနဲ့အတူ အကူအညီတောင်းလာပါတယ်။တစ်ဘက်မှာလည်း နတ်ရေကန်ကို လူတွေ မတွေ့အောင်စောင့်ရှောက်တဲ့ အဖွဲ့ရှိနေသလို သူတို့ကို လိုက်နေတဲ့နိုင်ငံတကာရဲတပ်ဖွဲ့လည်း ရှိနေတာမို့ အန္တရာယ်တွေကြားထဲမှာ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ရမလဲ ဆိုတာကြည့်ရမှာပါပဲ။ File size… (5 GB)/ (2.03GB) / (1.14GB) Quality… WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv ...
movie
Fountain of Youth (2025)
4K HEVC
Fear Street: Prom Queen (2025)
Fear Street Film Series တွေထဲက လေးကားမြောက်ဖြစ်တဲ့Fear Street Prom Queen ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ရှေ့သုံးကားမှာတုန်းကလည်း အတော်လေး အောင်မြင်ခဲ့ပြီးhorror fan တွေ စိတ်တိုင်းကျခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။လေးကားမြောက် မူဗီမှာတော့ လိုရီဂရန်ဂျာဆိုတဲ့ ကောင်မလေးကအဓိကဇာတ်ဆောင်ဖြစ်ပြီး စီနီယာကပွဲကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။ဆယ်ကျော်သက် မိန်းကလေးခြောက်ယောက် ကပွဲမှာ ကွင်းအရွေးခံရဖို့အတွက်ပစ်မှတ်ထားကြိုးစားနေချိန်မှာ သူတို့ကိုယ်တိုင် ဘယ်လိုဘယ်ပုံ ပစ်မှတ်ဖြစ်သွားကြမလဲဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။File size… 6.2 GB / 2 GB GB / 783 MB Quality… WEB-DL 4K/1080p / 720p Format… mp4 Audio... AAC Duration…. 1h 28m Genre ..... Horror/Thriller/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Act molemy ...
movie
Fear Street: Prom Queen (2025)
4K HEVC
7.3
Nobody(2021)
Nobody(2021) အညွှန်း*******************IMDb...7.6 ဒီကားကိုတော့ ဂျွန်ဝစ် lite လို့ ပြောရမလား pro max လို့ ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ကြမ်းတာတော့ အတော်ကြမ်းပါတယ်။ ဘရုစ်ဝီလီရဲ့ Red လို ခံစားမှုမျိုးလည်းပါတယ်။ ဇာတ်လမ်းကတော့ ရှင်းပါတယ်။မန်ဆယ်လ်ဟာ စာလုံးသုံးလုံးပါတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းစစ် အငြိမ်းစားပါ။မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ အေးဆေးနေပါတယ်။ဒါပေမယ့် မိသားစုကို ညဘက် ဓားပြတိုက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လိုက်ရှင်းရင်းနဲ့သမိုင်းပေးလူဆိုးတွေဖြစ်တဲ့ ရုရှားတွေနဲ့ သွားရှုပ်မိတဲ့အခါ... ချူချာတွေ ကံဆိုးရပါတော့တယ်...ဒီကားက သတ်ဖြတ်ခန်းတွေကြမ်းတဲ့အပြင် မင်းသားကြီး Bob Odenkirk ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့်Box Office မှာလည်း တော်တော်ဝင်ငွေကောင်းတဲ့ကားကြီးဖြစ်ခဲ့တာမို့ အားလုံးပဲ လက်မလွှတ်သင့်ပါကြောင်းနင်းကန်သတင်းကောင်းပေးပါရစေ..... File Size : 6.36GB / 1.7 GB / 856MB Quality : WEB-DL 4k HEVC , 1080p , 720p Format…mkv / mp4 Duration…01:32:00 Genre ...
movie
Nobody(2021)
4K HEVC
1
2
3
4
5
Last
Previous
Next