Channel Myanmar

Sci-Fi

Taklee Genesis (2024)
Taklee Genesis (2024) Taklee Genesis (2024) *********************Taklee Genesis ဆိုတာက ဟိုးအရင် စစ်အေးတိုက်ပွဲတွေမှာ...US စစ်သားတွေ လျှို့ဝှက်ပြီး စမ်းသပ်တီထွင်ခဲ့တဲ့ အချိန်ခရီးသွားစက်တစ်ခုဖြစ်ပါတယ်။စစ်ပွဲပြီးသည်အထိ ဒီအချိန်ခရီးသွားစက်က အသုံးပြုလို့ရတဲ့ အခြေအနေ မဟုတ်ခဲ့တာကြောင့်...စစ်ပြီးနောက်မှာတော့ အဲဒီစက်က ထိုင်းနိုင်ငံမှာပဲကျန်ခဲ့ပါတယ်။ စတယ်လာရဲ့ အဖေကတော့...လွန်ခဲ့တဲ့ နှစ်30က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာသူ့အမေကနေမကောင်းဖြစ်နေလို့ ...ပြုစုဖို့အတွက် သူ့မွေးရပ်မြေကို ပြန်ခဲ့ရပါတယ်။ တစ်ည‌မှာတော့ သူ့အဖေကရေဒီယိုကနေတဆင့်...ဆက်သွယ်လာပါတယ်။ စတယ်လာက သူ့အဖေကိုကယ်တင်နိုင်ဖို့အတွက် အချိန်ခရီးသွားစက်ကိုအသုံးပြုပြီး...စွ့န်စားခရီးထွက်ရမှာဖြစ်ပါတယ်။ အချိန်ခရီးသွားစက်ကို အသုံးပြုရင်း ဘယ်လိုအန္တရာယ်တွေကြုံရမလဲ...သူ့အဖေက ဘာကြောင့် ပျောက်သွားခဲ့ရတာလဲဆိုတာတွေကိုတော့ CGI အမိုက်စားနဲ့ ...Taklee Genesis ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။Taklee Genesis ရဲ့ အဓိက သရုပ်ဆောင်တွေအနေနဲ့ စတယ်လာ အဖြစ် Paula Taylor...အစ်သီ အဖြစ် Peter Corp Dyrendal နဲ့ ကွန် အဖြစ် War Wanarat Ratsameerat ...
movie

Taklee Genesis (2024)

Meanwhile on Earth (2024) 6.1
Meanwhile on Earth (2024)  IMDb Rating – 6.1/10ဒီကားလေးက ဒါရိုက်တာ Jeremy Clapin ရိုက်ကူးထားပြီးမင်းသမီး Megan Northam က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကယ်တင်နိုင်ဖို့ တစ်ခြားသူတွေကိုပျောက်ကွယ်သွားအောင်လုပ်ရမယ်ဆို ဘာကိုရွေးကြမှာလဲ။ကာတွန်းဇာတ်ကောင်တွေကိုဖန်တီးပြီး ဇာတ်လမ်းလေးတွေရေးတတ်တဲ့အယ်ဇာမှာ အာကာသယာဉ်မှူး ဖရန့်ခ်ဆိုတဲ့အကိုတစ်ယောက်ရှိပါတယ်။အယ်ဇာနဲ့ဖရန့်ခ်ကငယ်ငယ်ထဲက အာကာသထဲခရီးထွက်ဖို့အိပ်မက်မက်ခဲ့ကြတယ်။ အိပ်မက်တွေကို ပြည့်ဝအောင်လုပ်နိုင်ဖို့အချင်းချင်းကတိတွေထားခဲ့ကြတယ်။ဖရန့်ခ်ကအာကာသယာဉ်မှူးဖြစ်လာခဲ့ပြီး အာကာသထဲကိုခရီးထွက်သွားတဲ့နောက် သဲလွန်စရှာမရပဲနဲ့ ပျောက်ဆုံးသွားခဲ့ပြီးသေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ကြပါတယ်။ရည်မှန်းချက်တွေမရှိတော့တဲ့ အယ်ဇာတစ်ယောက် အဘိုးအဘွားတွေကိုစောင့်ရှောက်တဲ့သူလုပ်ရင်း တစ်နေ့မှာ ဖရန့်ခ်ရဲ့အသံကိုပြန်ကြားခဲ့ရပါတယ်.အစေ့တစ်စေ့ကနေ ဆက်သွယ်မှုအရ အမည်မသိတည်ရှိမှုတစ်ခုကဖရန့်ခ်ကိုပြန်ခေါ်လာပေးဖို့ အပေးအယူလုပ်လာခဲ့ပါတယ်။အယ်ဇာ့ရဲ့ခေါင်းထဲကိုဝင်နေတဲ့ အမည်မသိတည်ရှိမှုက သူတို့ကိုကမ္ဘာမြေပေါ်ခေါ်ပေးမှ ဖရန့်ခ်ကိုပြန်ခေါ်နိုင်မယ်ပြောလာတဲ့အခါ...ဖရန့်ခ်ကိုပြန်ခေါ်နိုင်ဖို့ လူငါးယောက်က ကမ္ဘာပေါ်က ပျောက်ကွယ်ပေးရမဲ့အခါ...အယ်ဇာက ဘာကိုရွေးချယ်မလဲ...ဖရန့်ခ်လား...သူစိမ်းငါးယောက်လား....နောက်ဆုံးအယ်ဇာက ဖရန့်ခ်ကိုပြန်ခေါ်နိုင်မလားဆိုတာကိုတော့ဒီစိတ်လှုပ်ရှားစရာ ပြင်သစ်သိပ္ပံကားကောင်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ File size…  (1.12GB) / (629MB ) Quality… WEB-DL  1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Adventure , Drama ,  ...
movie

Meanwhile on Earth (2024)

B4 (2012)
B4 (2012) ၂၀၁၂ တုန်းကထွက်ရှိခဲ့တဲ့ Si-Fi Movie လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းဇာတ်ကောင်တွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ မျက်စိနောက်အောင် လျှောက်ထည့်ထားတဲ့ Si-fi Movie တွေထက်စာရင် ဆောင်းတွင်းမှာ စောင်လေးခြုံကွေးပြီး ကော်ဖီလေးတစ်ခွက်နဲ့ တစ်စိမ့်စိမ့်ကြည့်ရင်း တစ်စိမ့်စိမ့်တွေးကြည့်ရတဲ့ ဇာတ်ကားမျိုးဆိုတာ နောက်ပိုင်းမှာတော်တော်ရှားသွားပါပြီ။ ထွက်သမျှဇာတ်ကားတွေက ဇာတ်လမ်းဇာတ်ကွက်သွက်သွက်နဲ့ Tempo တွေကိုအချိန်ပြည့်မြင့်ပြီး ဆွဲခေါ်သွားတဲ့ဇာတ်ကြောင်းတွေပဲ များလာတော့ ဒီလိုကားလေးတွေက ၂၀၂၀ နောက်ပိုင်းကားတွေပဲ ရှာကြည့်နေရတာ။ တစ်ခါတစ်လေကျတော့လဲ ဝိုင်းဒိုင်းကျဲ ဘာမှမတွေးပဲကြည့်ရတဲ့ဇာတ်ကားတွေများလာတော့ ဒီလိုတွေးရင်းကြည့်ရတဲ့ ဇာတ်ကားလေးတွေက ပြန်ပြီးခံစားလိူ့ကောင်းလာတာပေါ့။ အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကလဲ စောင်လေးကိုဆွဲ ဆိုဖာလေးမှာ ငုတ်တုတ်လေးထိုင်ခြုံပြီးတော့ ဘေးနားမှာကော်ဖီတစ်ခွက်နဲ့ ထိုင်ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မီဂန်၊ အယ်ရွန် နဲ့ ဒေးဗစ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်က ဒေးဗစ်ကြွားကြွားနေတဲ့ ကောင်မလေးကိုသွားပြီးကြည့်ကြမယ်ဆိုပြီး ကလပ်ကိုသွားကြည့်ကြပါတယ်။ ဒါပေမဲ့ ထင်သလိုဖြစ်မလာပဲ သူငယ်ချင်းသုံးယောက် စိတ်ဓာတ်ကျကျနဲ့ ကလပ်ကပြန်ထွက်လာတဲ့အချိန်မှာတော့ သူတို့ကားပါကင်ထိုးထားတဲ့ B4 ဆိုတဲ့အထပ်မှာ ထိုးခဲ့တဲ့ကားက ပျောက်ချင်းမလှပျောက်သွားရာကနေ အကူညီခေါ်ဖို့ ဒေးဗစ်ကို အပေါ်ထပ်ပြန်လွှတ်လိုက်ရာ သူတို့မသိလိုက်ချိန်မှာပဲ သူတို့က ဒီ B4 ဆိုတဲ့ကားပါကင်အထပ်ထဲမှာပဲ ပိတ်မိနေပါတော့တယ်။ အဲ့အပြင် ဘယ်ကမှန်းမသိတဲ့ကောင်မလေးတစ်ယောက်နဲ့ ပေါလ်ဆိုတဲ့စိတ္တဇကောင်တစ်ယောက်ကို ဝင်တားရာကနေ သူငယ်ချင်းသုံးယောက်ရယ် ကောင်မလေးတစ်ယောက်ရယ် ပေါလ်ဆိုတဲ့ ...
movie

B4 (2012)

Venom: The Last Dance (2024) 6.2
Venom: The Last Dance (2024)  မာဗယ် စူပါဟီးရိုးမကျဗီလိန်မကျ ဇာတ်ကောင်ဖြစ်တဲ့ ဗဲနွမ်သုံးကားမြောက်လာပြီ။ ဒါရိုက်တာက ၁ တုန်းကလိုပဲKelly Marcel ပါ။ မင်းသားကလည်း တွမ်ဟာဒီ ပါပဲ။ဗဲနွမ် အသံသရုပ်ဆောင်အဖြစ်လည်း တွမ်ဟာဒီပဲလုပ်ပေးထားတာပါ။ ဆိုနီအတွက် နောက်ဆုံး ဗဲနွမ်ရုပ်ရှင်လို့လည်းဆိုပါတယ်။ ဇာတ်လမ်းအကျဉ်း*************စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို့ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမို့ပါပဲ။သူလွတ်လာဖို့ကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီးအဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို့ နှစ်ကောင်ဆီရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖို့အတွက် ဇယ်နိုဖာ့ဂျ်ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့ဗဲနွမ်တို့ ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာဒီမှာ တွေ့ရပါလိမ့်မယ်။ File size…(4.1 GB)/ (1.77GB) / (1.04GB ) Quality… WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ...
movie

Venom: The Last Dance (2024)

4K HEVC
Venom (2018) 7.0
Venom (2018) DatShin Review: Venom (2018) … PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိတစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom ...
movie

Venom (2018)

2018
4K HEVC
Venom: Let There Be Carnage (2021) 6.3
Venom: Let There Be Carnage (2021) Venom: Let There Be Carnage (2021)==========================IMDb Rating - 6.3/10Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ.....အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာစပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

Venom: Let There Be Carnage (2021)

2021
4K HEVC Web-DL
Watchmen: Chapter II (2024) 6.9
Watchmen: Chapter II (2024)  Watchmen Chapter II ‌animated movie လေးကတော့Chapter 1 ရဲ့အဆက်ဖြစ်ပါတယ်Chapter 1 မှာ Comedian အသတ်ခံရလို လိုက်စုံစမ်းနေတဲ့Rorschach တစ်ယောက် ချောက်ချခံရပြီး ထောင်ကျနေတာကနေစပါတယ်။ဒီလို လုပ်ကြံမှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေတာလဲ. တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးရဲ့ အရှေ့အနောက်အားပြိုင်မှုတွေကနေ တတိယကမ္ဘာစစ် ပေါ်လာခါနီးပြဿနာတွေကရောဘယ်လိုဆက်စပ်နေမလဲ အဆုံးသတ်မှာ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာကို ပညာသားပါပါ ရိုက်ပြထားတဲ့ အမိုက်စား animation movieတစ်ကားပဲ ဖြစ်လို Chapter 1 မကြည့်ရသေးရင် ၂ ခုလုံးကြည့်ဖိုChapter 1 ကြည်ပြီးသူတွေလည်း ဒါကို ဆက်ကြည့်ဖိုတိုက်တွန်းလိုက်ပါတယ်........... File size… (1.12GB) / (624MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Animation ,  Action  , ...
movie

Watchmen: Chapter II (2024)

Aiden (2024)
Aiden (2024)  အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဖြစ်ခဲ့တဲ့ အေဒန်ဟာမိမိရဲ့လွတ်လပ်မှုနဲ့ ခံစားချက်တွေကို ပြန်လည်ရှာဖွေဖို့စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးကို လာရောက်တိုင်ပင်ဆွေးနွေးခဲ့တယ်။ဆရာဝန် အကြံပေးတဲ့ စိတ်ကျန်းမာရေးကုသမှု ပရိုဂရမ်ကတော့ ရှင်းပါတယ်။ တောရွာအိမ်ငယ်လေးတစ်လုံးမှာတစ်ပတ်လောက် ထမင်းမစား၊ ဘယ်သူနဲ့မှ စကားမပြောဘဲကိုယ့်ရဲ့ခံစားချက်တွေကို ပြန်ရှာဖို့ပါ။ဒါပေမဲ့ ဒီပရိုဂရမ်အတိုင်း လိုက်နေစဉ်မှာပဲ အေဒန်ဟာအိပ်မက်လား လက်တွေ့လား ဝေခွဲမရတဲ့ ဖြစ်ရပ်တွေကြုံလာခဲ့ပြီး ထူးဆန်းတဲ့အရာတွေ တစ်ခုခုပြီး ဖြစ်လာခဲ့တဲ့အခါမှာ အကြမ်းဖက်ခံခဲ့ရတဲ့ အေဒန်ရဲ့စိတ်ကပဲ သံသယလွန်ကဲနေတာလား ဒါမှမဟုတ် အိမ်အပြင်မှာ တကယ်ပဲတစ်ခုခုရှိနေသလား….ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။  File size… (1.82GB) / (850MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 14m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Aiden (2024)

Evolution (2001) 6.1
Evolution (2001)   Evolution (2001)IMDb Rating (6.1) / Rotten Tomatoes (44%) ဇာတ်လမ်းအကျဉ်းဟောလီးဝုဒ် ဂြိုလ်သားတို့ ထုံးစံအတိုင်း အမေရိကန်ပြည်ထောင်စုကိုပဲ ဆင်းကြပါတယ်။တစ်ညမှာ ဥက္ကာခဲတစ်ခု အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ပေါ်ကို ကျပြီး မြေအောက်လိုဏ်ဂူထဲ ပြုတ်ကျသွားပါတယ်။ကောလိပ်ကျောင်းဆရာ၂ယောက်ဖြစ်တဲ့ အိုင်ရာကိန်းနဲ့ ဟယ်ရီဘလော့ခ်တို့ သွားရောက်လေ့လာရာမှ အလွန်အပွားမြန်ပြီး ဆင့်ကဲပြောင်းလဲမှုမှာလည်း လျင်မြန်လွန်းတဲ့ ဂြိုလ်သားမျိုးစိတ်တွေကို အဆိုပါဥက္ကာခဲပေါ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။ဒါကို အိုင်ရာနဲ့ ကျောင်းတော်က ရန်စရှိဖူးတဲ့ အစိုးရ လက်အောက်ခံဗိုလ်ချုပ် ရပ်ဆယ်ဝုဒ်မန်းက သိသွားတဲ့အခါမှာတော့ ဂြိုလ်သားအန္တရာယ်ကို ပူးပေါင်းကာကွယ်ကြမလား၊ အချင်းချင်း စားမာန်ခုတ်ကြမလား ဆိုတာကို ရှုစားရမှာပါ။၂၀၀၁ခုနှစ်က ရုပ်ရှင်ဖြစ်ပေမယ့် အတော်လေး ကြည့်ပျော်ပါတယ်။ တိတ်ခွေခေတ်တုန်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို trend ဖြစ်စေခဲ့တဲ့ ပြကွက်တွေလဲ ပါပါတယ်။Golden Schmoes Award မှာ Best Sci-Fi Movie of the Year ၂၀၀၁ ...
movie

Evolution (2001)

2001
Telekinesis (2024) 7.5
Telekinesis (2024)  Telekinesis (2024)IMDb Rating (7.5) ရှားရှားပါးပါးထွက်ရှိလာတဲ့ မလေးရှားစွမ်းအားရှင်ဇာတ်ကားသစ်ဖြစ်ပါတယ်။စွမ်းအားရှင်ဆိုပေမယ့် လူတစ်ယောက်စီမှာ စွမ်းအားတစ်မျိုးဆီရှိနေတာမဟုတ်ပဲ တစ်ချို့လူတွေဟာ အရာ၀တ္ထုတွေကို စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွမ်းအားနဲ့ မွေးဖွားလာကြတဲ့ ကမ္ဘာကြီးကိုအခြေခံထားတာပါ။နိုင်ငံတိုင်းမှာ အဲ့ဒီလိုလူသားတွေရှိနေပြီး သူတို့ဟာ သူတို့အသိုင်းအဝိုင်းနဲ့ သူတို့ သိုသိုသိပ်သိပ်နေထိုင်ကြပြီး ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က သူတို့ကိုဥပဒေနဲ့ထိန်းချုပ်ထားပါတယ်။မလေးရှားနိုင်ငံမှာတော့ NTSF ဆိုတဲ့အဖွဲ့က အာဏာရရှိနေပြီး သူတို့ဆီကခေါင်းဆောင်ပိုင်းချင်း အကွဲအပြဲဖြစ်ကြရာကTLM ဆိုတဲ့အဖွဲ့တစ်ဖွဲ့ထပ်မံပေါ်ပေါက်လာပြီး အချင်းချင်းဦးသူဆော်စတမ်းလုပ်ကြံသတ်ဖြတ်နေတဲ့အချိန်ပါ။ဖက်ဒ်လီကတော့ NTSF အဖွဲ့ရဲ့အလားအလာအကောင်းဆုံး လူငယ်အရာရှိတစ်ယောက်ဖြစ်ပြီး TLM အဖွဲ့သားတွေကိုဖမ်းမိတဲ့အခါကိုယ်ရေးကိုယ်တာအငြိုးတစ်ခုကြောင့် အသေသတ်ပစ်လေ့ရှိပါတယ်။အဲ့ဒီအငြိုးကတော့ သူငယ်စဉ်တုန်းက TLM အဖွဲ့ခေါင်းဆောင်ဟာ သူ့ဖခင်ကိုသတ်ပြီး သူ့ညီဖြစ်သူကိုဖမ်းခေါ်သွားခဲ့ဖူးတဲ့ အတိတ်ကြောင့်ပါ။NTSF နဲ့ TLM ကြားထဲက ဝိရောဓိတွေ အချင်းချင်းသစ္စာဖောက်မှုတွေ လှည့်ကွက်တွေကို တမူထူးခြားတဲ့ဇာတ်အိမ်နဲ့ စိတ်ဝင်စားစရာတွေ့မြင်ရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.7 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, ...
movie

Telekinesis (2024)

2024
Extinction (2018) N/A
Extinction (2018) ကျနော်တို့ အရမ်းရင်းနှီးတဲ့ သူတစ်ယောက်နဲ့မိတ်ဆက်ပေးပါရစေ...ဟုတ်ပါတယ် Michael Peña ပါ သူကတော့Ant Man ရုပ်ရှင်တွေမှာ စကားအင်မတန်များပြီးဟာသ ဇတ်ရုပ်နဲ့ လူတိုင်းချစ်ကြတဲ့ သူပါအခု Netflix ရဲ့ ဇတ်လမ်းတစ်ခုမှာခေါင်းဆောင်သရုပ်ဆောင် တစ်ဦးအဖြစ်ပါဝင်လာခဲ့ပါပြီ Michael Peña ကို ဒီဇတ်လမ်းမှာAnt Man ထဲက မျက်နှာပြောင်ချော်ချော် နဲ့စကား အင်မတန်များတဲ့ သူ အဖြစ်မြင်တွေ့ရမှာမဟုတ်ပဲအိမ်ထောင်ဦးစီးယောကျင်္ားတစ်ယောက် သမီး ၂ ဦးရဲ့ ဖခင်အလုပ်မှာ တာဝန်ကျေတဲ့ ဝန်ထမ်းကောင်း တစ်ဦးအဖြစ်တွေ့ရမှာဖြစ်ပြီး သူ့ကာရိုက်တာ ကတော့ အေးဆေးတဲ့ လူတစ်ဦးအဖြစ်ပါNetflix က ထွက်လာတဲ့ ဇတ်လမ်းမှန်သမျှ ဟာ အမှိုက်တောင်းထဲပစ်လိုက်ရတယ် မရှိအောင် ကောင်းတာတွေ များပြီး အခုနောက်ပိုင်းသိပ္ပံဘက် နွယ်တဲ့ ရုပ်ရှင်တွေ များလာပါတယ် ပြီးတော့တွေးစရာတွေ အများကြီးပေးပြီး လူတွေ ရဲ့ စိတ်သဘောထားကိုဖောက်ထုတ်ပြသတဲ့ ရုပ်ရှင်တွေ များပါတယ်ဒီ Extinction ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ပီတာဆိုတဲ့လူတစ်ဦးဟာ အိပ်မက်ဆိုး တစ်ခုကို ...
movie

Extinction (2018)

2018
4K HEVC
The Fix (2024) 5.0
The Fix (2024)  ဒီရုပ်ရှင်က ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာတစ်နေ့တစ်နေ့ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုအကြွင်းအကျန်တွေနဲ့ အမှိုက်ပုံက Waste တွေကြောင့်လေထုပါ အဆိပ်သင့်သွားတယ်ဆိုတဲ့ အနာဂတ်စိတ်ကူးယဉ်ကမ္ဘာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။နေ့စဉ်ရှုရှိုက်နေရတဲ့ လေထုဟာ အဆိပ်သင့်ပြီဆိုမှတော့တစ်ကမ္ဘာလုံး နိုင်ငံအနှံ့ ကပ်ဆိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လည်း ကမ္ဘာပြိုရင်တောင် ပြေးပေါက်မရရအောင်ရှာတတ်ကြတဲ့ လူသားမျိုးစိတ်တွေက ဂတ်စ်မျက်နှာဖုံးတွေတပ်ကာ နေထိုင်ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှတစ်ကမ္ဘာလုံးအနှံ့ အနီရောင်နယ်မြေတွေက ကြီးထွားသထက်ကြီးထွားလာပါတယ်။ဒီအတွက် သူတို့မှာ အဖြေလုံးဝမရှိတာတော့ မဟုတ်ပါဘူး။Athera ဆိုတဲ့ လုပ်ငန်းစုကြီးတစ်ခုက ထုတ်လုပ်တဲ့ AIReumဆိုတဲ့ ဆေးတစ်မျိုးဟာ တစ်လုံးသောက်လိုက်တာနဲ့၆ နာရီကြာအောင် မျက်နှာဖုံးတပ်စရာမလိုဘဲ လေထုအဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ဒါပေမဲ့ သူတို့ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့ အဓိကပစ္စည်းကိုလျှို့ဝှက်ထားတဲ့အတွက်ကြောင့် ဆေးလောကမှာတော့သူတို့လုပ်ငန်းစုတစ်ခုတည်း ပြိုင်ဖက်ကင်းဖြစ်လို့နေပါတယ်...ဒါပေမဲ့လည်း ငွေကုန်ကြေးကျခံနိုင်တဲ့ လူချမ်းသာတွေအတွက်သာထုတ်လုပ်ထားသလိုဖြစ်နေတာကြောင့် ဆင်းရဲတဲ့သူတွေကဒီဆေးကိုဝယ်မသောက်နိုင်ကြပါဘူး။တစ်ဖက်မှာလည်း အဲဒီကုမ္ပဏီအတွက် ကြော်ငြာမော်ဒယ်လုပ်ပေးတဲ့အယ်လာဟာ လှပပေမဲ့ သူ့အမေဖြစ်သူရဲ့အရှိန်အဝါကြောင့်လူကြိုက်ခံရလို့ သူ့ဘဝကို အားရမှုမရှိလှပါဘူး...အမြဲတမ်းအတုအယောင်တွေကြားထဲမှာ ရှင်သန်နေရတဲ့အတွက်စိတ်ဆင်းရဲနေရပါတယ်...တစ်နေ့မှာတော့ သူ့ကောင်လေးဖြစ်သူရဲ့ပါတီပွဲကိုရောက်သွားပြီးသူ့ကောင်လေးလွတ်ကျကျန်ခဲ့တဲ့ ဘာမှန်းမသိတဲ့ ဆေးတောင့်လေးတစ်တောင့်ကို သောက်မိတဲ့အချိန် သူ့တစ်ကိုယ်လုံးမှာ ထူးဆန်းတာတွေဖြစ်လာပါတယ်...ရုပ်အသွင်အပြင်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်လာပေမဲ့လည်းသူ့ခန္ဓာကိုယ်က ...
movie

The Fix (2024)

Remnant (2024) 5.5
Remnant (2024)  Horror၊ Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့ Remnantကတော့ အသံဖန်တီးမှုအထူးပြုလုပ်ချက်တွေကြောင့် Thrillerပရိသတ်တွေအကြိုက်တွေ့ကြမှာသေချာပါတယ်။ကားမတော်တဆမှုတစ်ခုမှာ မိဘတွေကိုဆုံးရှုံးလိုက်ရပေမယ့်ခေတ်လွန်သိပ္ပံနည်းပညာစမ်းသပ်မှုတစ်ခုကြောင့် တစ်ဦးတည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့ဂရေ့စ်ဟာ ဆေးရုံဆင်းလာကတည်းကချောက်ချားစရာပုံရိပ်တွေနဲ့အသံတွေကို မြင်နေကြားနေရပြီးတမလွန်ကရင်းနှီးသူတွေက သူ့ကိုတစ်စုံတစ်ခုသတိပေးဖို့ကြိုးစားနေတယ်လို့ ထင်လာခဲ့ပါတယ်။သူငယ်ချင်းကိတ်နဲ့အတူနေထိုင်တဲ့ဂရေ့စ်ကို သိပ္ပံစမ်းသပ်မှုတစ်ခုလိုသဘောထားတဲ့ဒေါက်တာစတုန်းက ဂရေ့စ်ကိုကင်မရာတွေနဲ့အချိန်ပြည့်စောင့်ကြည့်နေတာကြောင့် တစ်စုံတစ်ခုထူးခြားနေမှန်းသိတဲ့အတွက် ဆေးရုံလာဖို့ငြင်းဆန်နေတဲ့ဂရေ့စ်ကိုဖမ်းဖို့ သူ့လက်ထောက်ဂျွန်ကိုစေခိုင်းလိုက်ပါတယ်။ဒါပေမဲ့ ဂျွန်၊ ဂရေ့စ်နဲ့ကိတ်တို့သုံးယောက်လုံးကို လူသတ်သမားတစ်ယောက်ကဖမ်းဆီးသွားတဲ့အခါမှာတော့ ဆန်းသစ်တဲ့နည်းပညာတွေထည့်သွင်းခံထားရတဲ့ဂရေ့စ်တစ်ယောက် ကိတ်နဲ့ဂျွန်ကိုကယ်ပြီးလူသတ်သမားလက်က ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.55GB) / (840MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre …..Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Remnant (2024)

The Returned (2013) 6.0
The Returned (2013) ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Apocalyse ပုံစံ Zombie ရုပ်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၀ ခုနှစ်တွေအတွင်း ဇွန်ဘီကပ်ရောဂါကြီးဖြစ်ပွားပြီးတော့လူပေါင်း သန်း၁၀၀ လောက်သေဆုံးခဲ့ပါတယ်။သုတေသနပညာရှင်တွေကလည်း ဒီရောဂါကိုကုသဖို့အတွက်လေ့လာချက်တွေအများအပြားဆောင်ရွက်ကြပြီး ကုထုံးကိုရှာဖွေကြပါတယ်။ဒီထဲမှာတော့ ကိတ်ဆိုတဲ့ ဆရာဝန်အမျိုးသမီးတစ်ယောက်က ဖုတ်ကောင်တွေကိုပုံမှန်လူအဖြစ်ပြန်ဖြစ်အောင် ကုသပေးနိုင်တဲ့ ကုထုံးတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။ဒီဖုတ်ကောင်တွေကိုပြန်လည်ကုသပေးပြီး ကောင်းလာတဲ့လူတွေကိုတော့ The Returned (သေရွာပြန်)လို့ ခေါ်ကြပါတယ်။ဒါပေမဲ့ ဒီကုထုံးကိုလုပ်ဆောင်ဖို့အတွက် ပရိုတင်းကိုတော့Zombie တွေရဲ့ရိုးတွင်းခြင်ဆီကနေ အရည်တစ်မျိုးကို အသုံးပြုရပါတယ်။ဒါပေမဲ့ ဒီကုထုံးကိုဆောင်ရွက်ဖို့အတွက် အရင်းအမြစ်ဖြစ်တဲ့ ပရိုတင်းတွေကတစ်နေ့တခြားရှားပါးလာတဲ့အခါ ဒီကပ်ရောဂါကြီးကိုကျော်လွှားနိုင်ဖို့အတွက်စိန်ခေါ်မှုတွေ အဖက်ဖက်ကပေါ်လာပါတော့တယ်။ဒီဇာတ်ကားကတော့ သာမန် Zombie ကားတွေနဲ့မတူဘဲ ကမ္ဘာကြီးကပ်ဆိုက်လာတဲ့အခါကြုံရတဲ့ပြဿနာတွေ၊ ရက်စက်တဲ့လူ့သဘာဝတွေ လူ့အဖွဲ့အစည်းကြားကအကျည်းတန်တဲ့အမှန်တရားတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File Size : 1.7 GB, 919 MB Quality : Blu-Ray 1080p / 720p Running Time : 1hr ...
movie

The Returned (2013)

Penalty Loop (2024) 6.8
Penalty Loop (2024) Penalty Loop (2024)IMDb Rating (6.8)CM ချစ်ပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်နဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို မိတ်မဆက်ပေးခင်မှာ... တစ်နေ့ ကိုယ်ချစ်ရတဲ့သူ ရုတ်တရက်အသတ်ခံရပြီ... အဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်ပြန်သတ်ဖို့ အခွင့်အရေးရမယ်ဆို... ကျေနပ်နိုင်မှာလား... လုပ်ကြံသူကို ကိုယ်တိုင်စီရင်ဖို့ ကြိုးစားမှာလား...ဒီဇာတ်ကားလေးထဲက အီဝါမိုရီကတော့ ဒီအခွင့်အရေးကို လိုချင်ခဲ့သူပါ... ဘာလို့လဲဆိုတော့ သူချစ်ရတဲ့ ချစ်သူမိန်းကလေးက အလုပ်ကို ပျော်ပျော်ရွှင်ရွှင်မနက်က ထွက်သွားပြီး... အိမ်ပြန်လာချိန်မျှော်နေခဲ့ပေမယ့် သူ့ဆီပြန်ရောက်လာခဲ့တာက... သူ့အလောင်းကို အတည်ပြုပေးဖို့ လာခေါ်တဲ့ ရဲတွေဖြစ်နေပါတယ်...ဒါကြောင့်လည်း သူ့ချစ်သူကို သတ်ခဲ့သူကို သိချိန်မှာတော့ VR အစွမ်းအကူအညီနဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားမယ်လို့ လက်ခံခဲ့ပါတယ်.. ဒါပေမယ့် ဒီ VR အစွမ်းရဲ့နောက်မှာ မထင်မှတ်တာတွေ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ...။Sci-Fi ဆန်ဆန် ထူးခြားတဲ့ဇာတ်အိမ်နဲ့ နက်နဲသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဒီရုပ်ရှင်က ဝေဖန်သူတချို့ကြား အကြိုက်တွေ့နေတာမလို့ ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB )/(950 ...
movie

Penalty Loop (2024)

Doraemon the Movie: Nobita’s Earth Symphony (2024) 6.6
Doraemon the Movie: Nobita’s Earth Symphony (2024) အခုတစ်ခါမှာတော့ လူတိုင်းသိကြတဲ့ Doraemon ဇာတ်ကားသစ်လေးပါ။ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်းနှီးခဲ့ကြတဲ့ Doraemon ဆိုတဲ့ ကြောင်ပြာလေးကိုအခုတစ်ခါ ပိတ်ကားထက်မှာ ပြန်မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်း အကျဥ်းကတော့ နိုဘီတနဲ့ သူငယ်ချင်းတစ်စုကကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာကို သတိထားမိလာပါတယ်။ဒီအခါမှာတော့ သူတို့က ဒိုရေမွန်ရဲ့ အကူအညီနဲ့အနာဂတ်ခေတ်က ပစ္စည်းတွေကို သုံးပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ လုပ်ကြရပါတော့တယ်ဒီဇာတ်ကားလေးမှာ ကျွန်တော်တို့ရဲ့ အချစ်တော် ကြောင်ပြာလေးကို Amimation ကောင်းကောင်းနဲ့ ပြန်မြင်ရမှာဖြစ်ပြီးဒိုရေမွန်ဆိုတဲ့ အတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ အသင်းအဖွဲ့လိုက် လုပ်ဆောင်ခြင်းတွေကိုပျော်ပျော်ပါးပါး ကြည့်ရှုရင်း သင်ခန်းစာရအောင် တင်ပြထားပါတယ်  File Size : 2.3 GB, 1.1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 55min Format : Mp4 Genre : Advemture, Comedy, Family Subtitle ...
movie

Doraemon the Movie: Nobita’s Earth Symphony (2024)

Alien Apocalypse (2023) 3.3
Alien Apocalypse (2023)  Alien Apocalypse (2023) သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်ကားတစ်မျိုးပါ။ Proxima B ကနေ ပြန်လာတဲ့ယာဥ်ပေါ်မှာ ဂြိုလ်သားနမူနာ ပါလာပါတယ်။ဒါကို စမ်းသပ်ချင်စောနဲ့ သိပ္ပံပညာရှင်စီလက်စ်က ယူစမ်းလိုက်တဲ့အခါမှာ သက်ရှိနေတဲ့စက်ရုပ်ဂြိုလ်သားဖြစ်နေတာကို သွားတွေ့ပါတယ်။စမ်းသပ်နေရင်းနဲ့မှ အမှားတစ်ခုဖြစ်သွားပြီးတော့ ဒီဂြိုလ်သားဟာ ကမ္ဘာ့အော်ဂဲနစ်နဲ့ ထိတွေ့နိုင်သွားတဲ့အခါမှာတော့..။ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေအနေနဲ့ ဒီဂြိုလ်သားကို ရသမျှနည်းလမ်းနဲ့ တားဆီးကြရပါတော့တယ်။ဒီရုပ်ရှင်ကို ဒါရိုက်တာ Adrain Avila က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 3.3 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)File size…(1.4 GB) / (820 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Sci-Fi Duration….01:28:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa
movie

Alien Apocalypse (2023)

2023