Channel Myanmar

Sci-Fi

Fight Another Day (2024) 5.8
Fight Another Day (2024)  ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ခရိုနိုကွန်းဆိုတဲ့နည်းပညာနဲ့ဆေးဝါးကုမ္ပဏီကြီးက အနာဂတ်ကမ္ဘာကြီးကိုလွှမ်းမိုးထားပါတယ်။ သူတို့က စိတ်ငြိမ်ဆေး၊ စိတ်ကြွဆေးအမျိုးမျိုးကိုလည်း တရားဝင်ထုတ်လုပ်နေသူတွေပါ။သူတို့ရဲ့ တီဗီအစီအစဥ်ဖြစ်တဲ့ Fight Another Day အစီအစဥ်ကလည်း နာမည်ကြီးပါပဲ။Fight Another Day ဆိုတဲ့ အစီအစဥ်ကတော့ အတိတ်ခေတ်အဆက်ဆက်က ထင်ရှားသူတွေ၊ သူရဲကောင်းတွေ၊စစ်သည်တော်တွေကို အချိန်ခရီးသွားစက်နဲ့ ဆင့်ခေါ်ပြီးတော့အချင်းချင်း အခန်းတစ်ခုထဲထည့်ပြီး သေဆုံးတဲ့အထိ တိုက်ခိုက်ခိုင်းတဲ့အစီအစဥ်တစ်ခုပါ။ဒီလိုနဲ့ အတိတ်မှာ သေဆုံးသွားပြီဖြစ်တဲ့ နာမည်ကြီးရဲ အရာရှိတစ်ယောက်ဖြစ်တဲ့ ရိုင်ယန်ကိုလည်း အစီအစဥ်ကို ဆင့်ခေါ်လိုက်ပါတော့တယ်။ ရိုင်ယန်ကတော့ အတိတ်ဘဝကမတရားမှုတွေ အကြမ်းဖက်မှုတွေကို တိုက်ဖျက်တဲ့နေရာမှာနာမည်ကြီးတဲ့ ရဲအရာရှိတစ်ယောက်ပါ။ဒီဇာတ်ကားလေးမှာတော့ ရိုင်ယန်တစ်ယောက် အနာဂတ်ကတီဗီအစီအစဥ်တစ်ခုမှာ ဘယ်လိုရှင်သန်ဖို့ကြိုးစားမလဲ၊ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုကြရမှာပါ။  File size… (1.11GB) / (647MB) Quality… WEB-DL 1080p HEVC , 720p Format…mkv / mp4 Duration….1h 37m Genre …..  Action ...
movie

Fight Another Day (2024)

Highlander: Endgame (2000) 4.6
Highlander: Endgame (2000)  Highlander: Endgame (2000)Jacob Kell လို့ခေါ်တဲ့ လူဆိုးကို ဖြုတ်ချဖို့ အဖွဲ့ဖွဲ့ရမယ့် မသေနိုင်တဲ့ Connor MacLeod နှင့် Duncan MacLeod တို့အကြောင်းဖြစ်ပါတယ်။Kell က အန္တရာယ်များတဲ့လူဖြစ်ပြီး လက်စားချေချင်နေပါတယ်။ ရုပ်ရှင်အတွင်းမှာ Connor နှင့် Duncan တို့က စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမယ့် သူတို့က တစ်ယောက်ကို တစ်ယောက် ကာကွယ်ဖို့နဲ့ သူတို့ အလေးထားတဲ့ လူတွေကို ကာကွယ်ဖို့ ဆက်လက် တိုက်ပွဲဝင်နေကြပါတယ်။ဒီဇာတ်ကားက တိုက်ပွဲတွေချည်းပဲ မဟုတ်ပါဘူး။ မသေနိုင်တဲ့လူတွေ ၊ ကလဲ့စားချေခြင်းနှင့် MacLeodsေရဲ့အတိတ်တွေက ဘယ်လိုဘယ်ပုံသွင်းသည်ဆိုတဲ့ အယူအဆကို အမှန်တကယ်တူးဆွသွားတာပါ။သူတို့ အမှားတွေ လုပ်ခဲ့ပုံတွေကို မှန်ကန်အောင် ကြိုးစားနေပုံတွေကို ပြသပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေက ပြင်းထန်ပေမယ့် ဇာတ်ကားရဲ့ထူးခြားချက်ကတော့ ဇာတ်ကောင်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေပါပဲ။ရှင်သန်ခြင်းအတွက်သာမက အသက် တာရှည်ခြင်း အကျိုးဆက်ကို ကိုင်တွယ်ဖြေရှင်းခြင်းလည်း ဖြစ်ပါတယ်။ အဆုံးမှာ ...
movie

Highlander: Endgame (2000)

2000
Ultraviolet (2006) 4.4
Ultraviolet (2006)  UltraViolet(2006) 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ultraviolet ဟာ သိပ္ပံစိတ်ကူးယဉ်အက်ရှင် ဇာတ်ကားတစ်ခုဖြစ်ပြီး၊ Resident Evil ထဲက Milla Jovovich က မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်ကားထဲမှာ သူမက Violet အဖြစ် ပါဝင်သရုပ်ဆောင်ပါတယ်။ အနာဂတ်ကမ္ဘာမှာ Hemophages လို့ခေါ်တဲ့သွေးစုပ်သတ္တဝါ ဗီဇပြောင်းလဲသူတွေဟာ လူသားတွေအတွက် အန္တရာယ်ရှိတယ်လို့ သိမြင်ခံထားရပြီး အစိုးရက သုတ်သင်ဖို့ ကြိုးစားနေပါတယ်။ Violetဟာသွေးစုပ်သတ္တဝါ တစ်ဦးဖြစ်ပြီး သူမ့ရဲ့ မိသားစုကို မတရားသတ်ဖြတ်ခံခဲ့ရတဲ့အတွက် အစိုးရကို လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။တစ်နေ့မှာ သူမဟာ အရေးပါတဲ့ ဇီဝလက်နက် တစ်ခုကို ခိုးယူဖို့တာဝန်ကျရောက်လာခဲ့ပြီး၊ ထိုလက်နက်ဟာ Six လို့ခေါ်တဲ့ ကလေးတစ်ဦးဖြစ်နေတာကို သိလိုက်ရပါတယ်။ သူ့ကို သတ်ဖို့ ညှင်းပမ်းခံရပေမယ့် Six ဟာ လူသားမျိုးနွယ်စုတစ်ခုလုံးကို ကယ်တင်နိုင်မယ့် သူဖြစ်နေတာကို သိလိုက်တဲ့အခါမှာတော့ Violet ဟာ သူ့ကို ကာကွယ်ဖို့ ...
movie

Ultraviolet (2006)

Fungus (2024) 5.2
Fungus (2024)  Fungus (2024)ကူးစက်တတ်ပြီး သေစေနိုင်တဲ့ မှိုမျိုးမှုန်တွေပါတဲ့ တိမ်တွေက ဆွီဒင်နိုင်ငံကိုရုတ်ရက်ရောက်လာခဲ့တဲ့အခါ အားလုံးကဘေးလွတ်ရာကို တိမ်းရှောင်ကြရပါတော့တယ်။ဘေးကင်းဖို့အတွက် လူတွေတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြချိန် သိပ္ပံပညာရှင်အချို့ ကုသဆေးရှာဖို့အတွက် ကြိုးစားကြရပါတော့တယ်။တစ်နေ့သူတို့နေတဲ့နေရာက မလုံခြုံတော့တာကြောင့် အခြားဘေးကင်းတဲ့ ကဒုတ်ကျင်း K76 ကိုရွှေ့ပြောင်းခဲ့ရပါတယ်။ရွှေ့ပြောင်းနေစဥ်လမ်းမှာပဲ သလင်းကျောက်အမျိုးအစားတစ်ခုကို အားကိုးပြီး မှိုအန္တရာယ်ကနေ လွှတ်ကင်းနေတဲ့ ကျွန်းလေးပေါ်ကို ရောက်သွားတဲ့အခါမှာတော့ဒီကျွန်းရဲ့သရုပ်မှန်ကို ဖော်ထုတ်ရင်း ဘေးကင်းတဲ့ K76 ကဒုတ်ကျင်းကိုရောက်ဖို့ လမ်းမှာဘယ်လိုမျိုးကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်။) File size…(1.7 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure,Sci-Fi, Thriller Duration….01:32:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT
movie

Fungus (2024)

2024
The Adjustment Bureau (2011) 7.0
The Adjustment Bureau (2011)  လူတွေရဲ့ ကံကြမ္မာတွေကကိုယ်ပိုင်နဲ့ထိန်းချုပ်ခွင့်ရှိနေတာလား။ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာများလား။ကံကြမ္မာနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကြားထဲက ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဒီကားမှာ Matt Damon က အမတ်လောင်း David Norrid အဖြစ်သရုပ်ဆောင်ထားတာပါ။ဘဲလေး ကချေသည် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး သူ့ရဲ့ ဘဝပြောင်းလဲသွားမှာလား၊ နောက်ကွယ်က သဘာဝလွန်အဖွဲ့ကရော ပြောင်းလဲခွင့်ပေးမှာလားဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားပါ။သာမန်ကားတွေနဲ့ကွဲထွက်စေတဲ့အချက်ကတော့ အချစ်ရေးနဲ့ သဘာဝလွန်ကိစ္စရပ်တွေကို လက်တွေ့ကျကျ သိပ္ပံနည်းကျအခြအနေတွေနဲ့ဘယ်လိုပေါင်းစပ် တင်ပြထားလဲဆိုတာပါပဲ။ IMDb 7.0 Rotten tomato 71 %တောင် ရထားတဲ့ကားမို့လို့ အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူးရှင့် File size…(2 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Crime, Drama, Mystery, Romance, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shocking Pink
movie

The Adjustment Bureau (2011)

2011
Star Trek: Section 31 (2025) 6.0
Star Trek: Section 31 (2025)  Startrek Franchise ထဲက ကားကောင်းတစ်ကားထွက်လာပါတယ်မင်းသမီး မီချဲရို ဦးဆောင်ပါ၀င်ထားတဲ့ ဒီကားဟာ Star trekအကြောင်းကိုသေချာနားမလည်လဲကြည့်လို့ရတဲ့အထဲမှာပါတယ် ..ဖက်ဒရေးရှင်းရဲ့ အသေခံကြေးစားအဖွဲ့လို့သတ်မှတ်လို့ရတဲ့ Section 31 အဖွဲ့ဟာဖက်ဒရေးရှင်း နယ်စပ်နားမှာရောက်နေတဲ့ အင်ပါယာသခင်မဖီလစ်ပါဂျော်ဂျာက်ုဖမ်းဆီးပြီး သူ့ဆီက စကြ၀ဠာဖျက်လက်နက်ကိုအရယူဖို့ တာ၀န်ပေးလိုက်တယ် ဒါပေမယ့် ဒီအရာကိုစိတ်၀င်စားနေတာသူတို့ချည်းမဟုတ်ဘဲ ဗော်ကန်နဲ့ တစ်ခြား ဂြိုလ်သားတွေနဲ့ပါထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့ Noo stop action ကြည့်ရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။  File size… (5.32GB) / (1.70GB) / (930MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Adventure , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha Yan Naing
movie

Star Trek: Section 31 (2025)

4K HEVC
Vice (2015) 5.1
Vice (2015) Vice (2015)***************ဒီကားကတော့ မင်းသားကြီး Bruce wills နဲ့ the punisher နဲ့ the mist တိုထဲက မင်းသားကြီး Thomas James တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ action , sci fi ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အပြင်လောကမှာလုပ်ရင် ရာဇဝင်မှုမြောက်ပြီး ဂျေးအောင်းရမယ့်ကိစ္စတွေကို တကယ် လုပ်နေရသလို ခံစားရအောင် လူချမ်းသာတွေအတွက် ဖွင့်ထားတဲ့ အဆောက်အဦကြီးတစ်ခု ရှိပါတယ်။အဲဒီ အဆောက်အဦကြီးထဲမှာတော့ လူတွေအတိုင်း တစ်ထပ်တည်းခံစားနိုင်တဲ့ စက်ရုပ်မလေးတွေက ဆားဗစ်ပေးရပါတယ်။ အဲဒီ လုပ်ငန်းကြီးကို ပိတ်ပစ်ချင်လို အမြဲမျက်စောင်းထိုးနေတဲ့ စုံထောက်ကြီး Thomas James ရယ် ..အဆောက်အဦပိုင်ရှင် Bruce wills ရယ် .. ဒီကြားထဲ မှတ်ဥာဏ်တွေပြန်ရလာလို သူ့တည်ရှိမှူကို လက်မခံနိုင်တဲ့ ဆားဗစ်ပေးတဲ့ စက်ရုပ်မလေးရယ် ..ဒီသုံးယောက် ဘယ်လို လွန်ဆွဲကြမလဲဆိုတာကို action ခန်းတွေပိုင်ပိုင်နိုင်နိုင်နဲ့ sci fi တွေရဲ့ ထုံးစံအတိုင်း တအံ့တဩကြီး ကြည့်ရမှာပါ .. ...
movie

Vice (2015)

Elevation (2024) 5.8
Elevation (2024)  Elevation (2024)IMDb Rating (5.8) / Rotten Tomatoes (55%) တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိုက်သတ်ဖြတ်လာတဲ့အခါ...ဇာတ်လမ်းအကျဉ်းကမ္ဘာပေါ်မှာ စိမ့်တွင်းတွေပေါ်ပေါက်လာပြီး ဒီစိမ့်တွင်းထဲက သတ္တဝါဆန်းတွေက လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းကို အမဲလိုက်သတ်ဖြတ်ခဲ့ပါတယ်။တစ်ခုထူးဆန်းတာက ဒီသတ္တဝါတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်တဲ့အထိ မတက်လာနိုင်ပါဘူး။ဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့လူသားမျိုးနွယ် ၅ ရာခိုင်နှုန်းဟာ ပေ ၈၀၀၀ အထက်မြင့်တဲ့ တောင်ထိပ်တွေမှာ စခန်းချနေထိုင်ရပါတယ်။ဒီအချိန်မှာ ဇာတ်ဆောင်ဖြစ်သူ ဝီလ်ဟာ ကျန်းမာရေးချူချာလို့ အောက်ဆီဂျင်သွင်းနေရတဲ့ သားဖြစ်သူအတွက် လေသန့်စက်လိုအပ်တဲ့အတွက် တောင်အောက်ကို ဆင်းဖို့ အကြောင်းဖန်လာပါတော့တယ်။တစ်ချိန်တည်းမှာ ရူပဗေဒပညာရှင် နီနာကလည်း ဒီသတ္တဝါတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြုမူနေထိုင်ပုံကိုလေ့လာနေပြီး တောင်အောက်မှာရှိတဲ့ သူ့ဓာတ်ခွဲခန်းကို သွားချင်နေပါတယ်။ ...
movie

Elevation (2024)

2024
4K HEVC
Tacoma (2024) 6.1
Tacoma (2024)  Tacoma (2024)IMDb Rating (6.1) ကျွေးတဲ့အစာကနေဖြစ်လာတဲ့ မှိုရောဂါတစ်မျိုးကြောင့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးနေတဲ့ဝက်ကလေးတာကိုမာကို ပြန်လည်ကောင်းမွန်ဖို့ စမ်းသပ်မှုတွေလုပ်နေတဲ့ လီယို။ရှေ့မှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့စမ်းသပ်မှုတွေကနေ ဝက်ကလေးတာကိုမာပေါ်မှာ မျှော်လင့်ချက်ရောင်ခြည်တွေသန်းလာခဲ့တယ်။သူစမ်းသပ်နေတာက အပင်ဆီက ပြန်လည်အသစ်ဖြစ်ပေါ်စေတဲ့ဆဲလ်တစ်မျိုးကို လူသားတွေဆီမှာအသုံးချနိုင်ဖို့။သူ့အမှားတွေကို ထောက်ပြခဲ့တာက တရားမဝင်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးမိသားစုက စားပွဲထိုးမလေး အယ်လီဂျန်ဒရာ။သူတို့နှစ်ယောက်စမ်းသပ်မှုကနေ အောင်မြင်လာမဲ့ရလဒ်ကိုစောင့်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိသားစုတစ်ခုကလည်းရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1 GB) / (540 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi, Thriller Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo
movie

Tacoma (2024)

2024
S.T.A.L.K.E.R. Shadow of the Zone (2024) 5.8
S.T.A.L.K.E.R. Shadow of the Zone (2024)  လူသားတွေရဲ့ ကမ္ဘာမှာ Noosphere (နိုစဖီးယား) ဆိုတဲ့လူသားတွေရဲ့ အတွေးအခေါ် တွေကျင်လည်တဲ့ ကမ္ဘာနဲ့Biosphere (ဘိုင်အိုစဖီးယား) ဆိုတဲ့ လူသားတွေရဲ့ဇီဝရုပ်ခန္ဓာတွေကျင်လည်တဲ့ ကမ္ဘာဆိုပြီး နှစ်ခုပိုင်းခြားထားတယ်။ဒီ (Zone) ဇုန်လို့ ခေါ်တဲ့ နေရာကြီးကတော့ အထက်ပါလူသားကမ္ဘာနှစ်ခု ပွတ်တိုက်ပြီးမညီမျှမှုကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်လို့ လူသားတွေက ယုံကြည်ကြတယ်။အဆိုပါ ဇုန် နဲ့ အတူပဲ မိုနိုလစ် ဆိုတဲ့ မျိုးဗီဇကွဲသက်ရှိအသစ်တွေပါ ပေါ်ပေါက်လာခဲ့တယ်။ဇာတ်လမ်းလေးရဲ့အစကိုတော့ Zone လို့ခေါ်တဲ့ ကန့်သတ်ဧရိယာတစ်ခုထဲကနေ ထွက်လာတဲ့ လှိုင်းတစ်ခုကို အကြောင်းပြုပြီးစတင်ထားပါတယ်။ အဆိုပါ လှိုင်းဟာ လူသားတွေရဲ့အမူအကျင့်တွေအပေါ်လွှမ်းမိုးပြီး အန္တရာယ်ပြုနေတာကြောင့်အဲဒီလှိုင်း ကို စုံစမ်းထောက်လှမ်းဖို့နဲ့ ဖျက်ဆီးပစ်ဖို့ အထူးတပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတော့တယ်။ဒီဇာတ်ကားလေးကတော့ Sci-fi Action အမျိုးအစားဖြစ်တာနဲ့အညီအက်ရှင်ခန်းတွေကိုလည်း စုံစုံလင်လင်ရှုစားကြရမှာဖြစ်ပြီးတော့ဒီ Zone လို့ခေါ်တဲ့ ပဟေဠိဆန်တဲ့အရာကြီးက ဘာလဲ၊ထုတ်လွှင့်နေတဲ့လှိုင်းကရော ဘာအတွက်လဲ၊အထူးတပ်ဖွဲ့အနေနဲ့ အဆိုပါ ပဟေဠိတွေကို စုံစမ်းဖော်ထုတ်သွားနိုင်မလားဆိုတာကို ကြည့်ရှုကြရမှာပါ။  File size… (769MB) / ...
movie

S.T.A.L.K.E.R. Shadow of the Zone (2024)

Geostorm (2017) 5.6
Geostorm (2017)  ဒီရုပ်ရှင်ကားကို စကြည့်မိတဲ့ အချိန်ဘာကို သတိရမိလဲ ဆိုတော့အရင်က သဘာဝဘေး အကြောင်း ရုပ်ရှင်တွေ ရိုက်ပြီးရင် အပြင်မှာလဲဆူနာမီ လို မုန်တိုင်းတွေ တိုက်ခတ်ပြီးတကယ်ဖြစ်ဖြစ်သွားတာ လန့်လွန်းလို့ရှေ့ပြေးနိမိတ် ရုပ်ရှင်မဟုတ်ပါစေနဲ့ အရင်ဆုတောင်းရတယ်ကဲ ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်....ဒီရုပ်ရှင်ကားကို Director: Dean Devlin က ရိုက်ကူးခဲ့ပြီးOctober 11, 2017 မှာ ရုံတင်ပြသခဲ့တယ်... Budget ကို 120 million USD နဲ့ ရိုက်ကူးခဲ့ပေမယ့် Box office မှာ184.4 million USD အထိ ရရှိခဲ့တယ် IMDb 5.3 သာ ရရှိထားပေမယ့် ကျနော့်စိတ်နဲ့ ဆို 7.0 လောက်ထိပေးချင်ပါတယ် ဒါဆို ဒီရုပ်ရှင်ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အညွှန်းမလာသေးခင်ကြည့်ရတာ တန်တယ်ဆိုတဲ့ ခံစားချက် တစ်ခုပဲ ရှိသေးတယ်နော်ဇတ်လမ်းပုံစံကတော့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ...
movie

Geostorm (2017)

2017
4K HEVC
Sky High (2005) 6.3
Sky High (2005)  ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(915 Mb) Quality….Blu-Ray 1080p / 720p Format… ...
movie

Sky High (2005)

Future Date (2024) 6.7
Future Date (2024)  Future Date (2024)IMDb Rating (6.7) လက်ရှိခေတ်ကာလကို နှစ်ပေါင်းများစွာကျော်လွန်သွားတဲ့အခါမှာ ကမ္ဘာကြီးဟာ မပျက်စီးရုံတမယ် ကပ်ဘေးဆိုက်ခဲ့ပါတယ်။ပြင်းထန်တဲ့ရာသီဥတုနဲ့ ကပ်ဘေးမျိုးစုံဆိုက်ခဲ့တဲ့ကမ္ဘာကြီးရဲ့ မျက်နှာပြင်ပေါ်မှာ လူတွေဟာမနေနိုင်တော့ဘဲ မြေအောက်မှာ ထောင်အလား အခန်းငယ်နဲ့ ကိုယ်စီနေကြရပါတယ်။တစ်ချိန်ထဲမှာ ရိုင်းနဲ့ ရီယာဆိုသူဟာ အချင်းချင်း ကိုယ်စီစိတ်ဒုက္ခဖြစ်နေကြတဲ့ လူငယ်လေးတွေပါ။အလုပ်အဆင်ပြေပေမယ့် သောကပြည့်နေတဲ့ ရီယာ၊ ဂေါ်မစွံတဲ့ ရိုင်းတို့ဟာ အွန်လိုင်းဒိတ်လုပ်တဲ့ အက်ပ်တစ်ခုရဲ့ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေအဖြစ်ရွေးချယ်ခံလိုက်ရပါတယ်။ဒီလိုနဲ့ ရိုင်းနဲ့ ရီယာတို့ ပြိုင်ပွဲမှာအနိုင်ရသွားပြီး ပြိုင်ပွဲရဲ့မထင်မှတ်ထားတဲ့ဆုကို ရသွားကြမလား ဒါမှမဟုတ် toxic relationship နဲ့ပဲ ဘဝကို ခါးခါးကြီးဖြတ်သန်းရမလားဆိုတာဒီဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ဒရာမာဆန်ဆန် ​မျှော်လင့်စောင့်စားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(990 MB) / (490 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance, Sci-Fi Duration….01:21:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Future Date (2024)

2024
The End (2024) 5.6
The End (2024)   The End (2024)IMDb Rating (7.6) / Rotten Tomatoes (97%) ဒီဇာတ်ကားလေးမှာတော့ သာမန်တွေးကြည့်ရင်တော့ လားလားမှမဆိုင်တဲ့ ကမ္ဘာပျက်ကပ်နဲ့ ဂီတရုပ်ရှင်ကို တွဲစပ်ထားတဲ့ post-apocalyptic musical ဇာတ်ကားကောင်းလေးပဲဖြစ်ပြီးကျွန်တော်တို့ရဲ့ အချစ်တော်မင်းသမီးကြီး တီလ်ဒါ ဆွင်တန်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းသဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ကမ္ဘာမြေက လူသားတွေ နေထိုင်ရှင်သန်လို့မရတဲ့အနေအထားဖြစ်လာပြီး ၂၅ နှစ်အကြာမှာ မြေအောက်ဆားတွင်းကို နေစရာအိမ်လုပ်ပြီး အသက်ရှင်ကျန်ခဲ့တဲ့ လူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ထားပါတယ်။ဒီမိသားစုလေးဟာ မြေအောက်မှာ တစ်နေ့တစ်နေ့ ပျိုးပင်လေးတွေစိုက် ပန်းချီကားလေးတွေကို ဟိုဖက်နံရံ ပြောင်းချိတ် ဒီဘက်နံရံပြောင်းချိတ် စာပေအနုပညာတွေ ဆွေးနွေးပြီး ဘာမှမဖြစ်သလို စိတ်ကို တင်းခံထားခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်က မထင်မှတ်ထားပဲ အသက်ရှင်နေပြီး သူတို့ရဲ့ မြေအောက်အိမ်ကလေးကို ရောက်လာခဲ့ပါတယ်။ဒီလိုကနေ ဘာမှမဖြစ်သလို စိတ်ကိုတင်းခံထားပြီး ခံစားချက်ကို မြိုသိပ်ထားတဲ့မိသားစု ဒီကောင်မလေးရောက်လာတဲ့အခါ ဘယ်လိုခံစားကျော်ဖြတ်ရမလဲ ဆိုတာကို သံစုံမြိုင်ဆိုင်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

The End (2024)

2024
4K HEVC
Tomorrowland ( 2015 ) 6.4
Tomorrowland ( 2015 )  IMDb 6.4 ရရှိထားတဲ့ သိပ္ပံဆန်ဆန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီး George Clooney ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ကာ ဒါရိုက်တာ  Brad Bird က ရိုက်ကူးထားပါတယ်။ဇာတ်လမ်းစအဖွင့်မှာ ဖရန့်ဝေါ်ကာ အဖြစ် မင်းသားကြီး George Clooney နဲ့ ကေစီနယူတန် အဖြစ် မင်းသမီး Britt Robertson တို့နဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကိုပြန်ပြောပြတာကနေ စပြခဲ့ပါတယ်။ ဒီကားမှာ George Clooney ရဲ့ ကလေးဘဝကို ကလေးသရုပ်ဆောင် Thomas Robinson ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။အကျိုးရှိတဲ့ သိပ္ပံပစ္စည်းများကို ပြသရမယ့် ပွဲတစ်ခုကို ဖရန့်ဝေါ်ကာ ( Thomas Robinson ) ရောက်ရှိလာပြီး သူကိုယ်တိုင်တီထွင်ထားတဲ့ မိုးပျံဂျက်လေးနဲ့ အတူ ဝင်ခွင့်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသိအမှတ်အပြုမခံရတဲ့အတွက် ပွဲကနေပြန်ထွက်ခါနီးမှာ အေသီနာ ( Raffey Cassidy ) နဲ့တွေ့ခဲ့ပြီး ...
movie

Tomorrowland ( 2015 )

Henry Danger: The Movie (2025) 6.2
Henry Danger: The Movie (2025) Henry Danger: The Movie (2025)IMDb Rating (6.2) / Rotten Tomatoes (88%) ဒီကားလေးကတော့ ဟိုးငယ်ငယ်က ကြည့်ခဲ့ရတဲ့ Nickelodeon series ကို Movie ပြန်ရိုက်ထားပြီး nickelodeon သရုပ်ဆောင် Jace Norman ပြန်လည်ပါဝင် ထားပါတယ်။မစ်စီမာတင်ဆိုတဲ့ ကစ်ဒိန်းဂျားရဲ့ အကြီးစားပရိတ်သတ်က စကြဝဠာတွေကြား ခုန်ကူးနိုင်တဲ့ စက်တစ်ခုကိုခိုးယူခဲ့ပါတယ်။ပြီးတော့ မစ်စီက ဟန်နရီ့ကို သူ့ကမ္ဘာထဲကနေ ခေါ်ထုတ်လာပြီး သူ့လက်ထောက်အဖြစ်လုပ်ချင်ကြောင်းပြောလာတဲ့အခါ..ဟန်နရီ့ရဲ့တကယ့်ကမ္ဘာကြီးထဲ ပြန်ရောက်သွားဖို့ ကြားမှာဘယ်လို အခက်အခဲတွေ ဘယ်လို ကမ္ဘာတွေကို ကူးရမလဲဆိုတာ စိတ်ကူးယဥ်ဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kavil ဖြစ်ပါတယ်။) File size…(6.6 GB) / (2 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, ...
movie

Henry Danger: The Movie (2025)

2025
4K HEVC
Distant (2024) 5.7
Distant (2024)  Distant (2024)IMDb Rating (5.7) အန်ဒီရာမီရက်ဇ်ဆိုတဲ့ လူငယ်လေးဟာ အိပ်မွေ့ချအိပ်စက်ခြင်းကနေ ရုတ်တရက်လန့်နိုးလာခဲ့ပြီး သူတို့ရဲ့အာကာသယာဉ်ကြီးဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတွေနဲ့ဝင်တိုက်ပြီး ပျက်ကျလုဆဲဆဲဆိုတာ သိလိုက်ရပါတယ်။အဲ့ဒီမှာပဲ အရေးပေါ်လုံခြုံရေးစနစ်တွေအသက်ဝင်လာခဲ့ပြီး လွတ်မြောက်ရေးယာဉ်ငယ်တွေက တစ်ဆင့်အမည်မသိဂြိုလ်တစ်စင်းပေါ် ဆင်းသက်ခဲ့ရပါတယ်။ဂြိုလ်ပေါ်ကိုအဝင်မှာတင်ပဲ မမျှော်လင့်တဲ့ပြဿနာတွေကြောင့် ယာဉ်ငယ်တွေအားလုံးနီးပါးပျက်ကျခဲ့ပြီး ပါဝင်သူတွေပါသေဆုံးခဲ့ပါတယ်။ရေဒီယိုအသံလွှင့်စနစ်ကတစ်ဆင့် အချက်ပြဆက်သွယ်ပေမယ့် ဘယ်သူ့ဆီကမှ အကြောင်းပြန်မလာခဲ့ပါဘူး။သူ့မှာအဖော်ဆိုလို့ AI တစ်ခုဖြစ်တဲ့ "L.E.O.N.A.R.D" သာရှိပါတယ်။ကမ္ဘာမြေနဲ့ မိုင်ထရီလီယံပေါင်းများစွာဝေးကွာတဲ့ သူစိမ်းဂြိုလ်တစ်ခုမှာ သူ့အတွက် ဘယ်လိုအန္တရာယ်တွေစောင့်ကြိုနေမလဲ?ကမ္ဘာမြေကိုဘယ်လိုပြန်အဆက်အသွယ်လုပ်ကြမလဲ?သူ့အတွက် အိမ်ပြန်နိုင်မယ့်အခွင့်အရေးရောရှိပါဦးမလား?sci-fi ရုပ်ရှင်တစ်ကားမှာမြင်နေကျအကြောင်းအရာတွေကို အသုံးချဖန်တီးထားပေမယ့် ဇာတ်အိမ်ကိုဟာသနှောပြီးပေါ့ပေါ့ပါးပါးသွားထားပါတယ်။အထူးပြုလုပ်ချက်ကောင်းကောင်းတွေ၊ cinematography အမိုက်စားတွေနဲ့အဓိက သရုပ်ဆောင်နှစ်ယောက်ကြောင့် ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (660 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Sci-Fi Duration….01:28:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Distant (2024)

2024
Arena Wars (2024) 5.8
Arena Wars (2024)  ဒီဇာတ်ကားကတော့ ဒါရိုက်တာ Brandon Slagle ရိုက်ကူးထားပြီးSheri Davis, Jon Wells စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုလူသတ်ဂိမ်းဇာတ်လမ်းလေးဖြစ်ပါတယ်...တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် ဒီဂိမ်းကတော့ထူးဆန်းတဲ့ပုံစံနဲ့ ပြုလုပ်ကျင်းပပါတယ်။ ထောင်အသီးသီးကတစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးတော့ ကမ္ဘာ့အဆိုးဆုံးလို့ပြောလို့ရတဲ့ စိတ္တဇလူသတ်သမားတွေနဲ့ ကွင်းပြင်တစ်ခုထဲမှာ ယှဉ်သတ်ခိုင်းတာပါ။အနိုင်ရတဲ့သူတွေကတော့ လွတ်လပ်မှုကိုပြန်ရနိုင်မှာပါ။ဒီလိုနဲ့ ဂိမ်းစီစဉ်သူတွေက ကြည့်ရှုသူများအောင် အထက်လူကြီးအတွက်အပြစ်ဝင်ခံ‌‌ပေးထားတဲ့ ရေတပ်သားဟောင်း လုခ်ဘန်ဒါကိုအပြစ်ကင်းတဲ့ပထမဆုံး ယှဉ်ပြိုင်သူအနေနဲ့ ထည့်ချင်တဲ့အခါမှာတော့သတို့သမီးလောင်းနဲ့ ပြန်‌တွေ့ချင်နေတဲ့ လုခ်က ပါဝင်သတ်ဖြတ်ဖို့ဖြစ်လာပါတယ်။လုခ်တစ်ယောက် ဂိမ်းတွေကိုဘယ်လိုဖြတ်ကျော်မလဲ...။ဂိမ်းစီစဉ်သူကရော ဒီဂိမ်းကိုဘယ်လိုထိန်းချုပ်ထားတာလဲ...။လုခ်ကရော ပြန်ပြီးလွတ်လပ်နိုင်မှာလား...။လုခ်နဲ့အတူ ဆိုးရွားတဲ့လူမိုက်တစ်ဖွဲ့က စိတ္တဇလူသတ်သမားတွေလက်က ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ...။ဒီဇာတ်ကားလေးထဲမှာ သွေးသံရဲရဲသတ်ဖြတ်ခြင်းတွေကြားကြည့်ရှုအဖြေရှာရမှာပါ။ File size… (1.41GB) / (844MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , ...
movie

Arena Wars (2024)

Operation War Thunder (2024) 5.0
Operation War Thunder (2024)   ဒီဇာတ်လမ်းလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိထားတဲ့Thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်ကားလေးကိုတော့ သဘာဝလွန်ဖြစ်ရပ်စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီမှာ အစစ်ဆေးခံနေရတဲ့ ဂယ်ရီပရက် ရဲ့ အဖြစ်နဲ့ စတင်ထားပါတယ်။ဂယ်ရီပရက်မှာ တွန်မီပရက်ဆိုတဲ့ ညီအစ်ကိုတစ်ယောက်ရှိပြီး‌တော့နှစ်ယောက်လုံးက တစ်ယောက်တစ်နေရာစီ ရောက်နေကြတာဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်စလုံးက ဘဝကြီးကို အဆင်မပြေစွာနဲ့ ဖြတ်သန်းနေရင်း တစ်နေ့မှာတော့ အဖေဖြစ်သူ ဆုံးပါးသွားတဲ့အခါ အမွေကိစ္စအတွက် ငယ်ဘဝနေအိမ်ဆီကို ပြန်သွားရဖို့ဖြစ်လာပါတော့တယ်။ ငယ်ဘဝနေအိမ်ဆီပြန်ရောက်တဲ့အခါမှာတော့ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေ စတင်ဖြစ်ပေါ်လာပြီးတော့ညီအစ်ကိုနှစ်ယောက် ရင်ဆိုင်ဖြေရှင်းသွားနိုင်မလား၊ အ ဆိုပါသဘာဝလွန်ဖြစ်ရပ်တွေကရော ဘာတွေဖြစ်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size… (858MB) / (427MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 14m Genre ….. Comedy  , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Operation War Thunder (2024)

Good Neighbours (2024) 5.0
Good Neighbours (2024)  ဇာတ်လမ်းအကျဉ်းကတော့ တိတ်ဆိတ်ပြီးလူသူနည်းလမ်းပတ်ဝန်းကျင်မှာနေထိုင်ချင်တဲ့ တမီရှားတို့မိသားစုဟာအလှမ်းဝေးရွာတစ်ရွာကိုပြောင်းလာကြတယ်။ယောက်ျားကလည်းအဆင်ပြေ၊သားကလည်းပျော်ရွှင်နေတော့သူတို့အတွက်အတော်ကိုစိတ်ချမ်းသားတဲ့နေရာလေးဖြစ်တာပေါ့။တစ်နေ့မှာသူတို့အိမ်ဘေးနားကိုအိမ်နီးနားချင်းအသစ်တွေပြောင်းလာတယ်။ တမီရှားကလည်းအိမ်နီးနားချင်းကောင်းပီသချင်တဲ့အတွက် သွားနှုတ်ဆက်တဲ့အခါ အိမ်ရှင်လိင်မယားနဲ့ထူးဆန်းတဲ့ပုံစံကိုမြင်လိုက်ရတယ်။လူသူနည်းတဲ့ဒီလိုနေရာမှာလွတ်လွတ်လပ်လပ်နေချင်မှာပဲလို့ထင်ပြီး အဲ့ဒီအိမ်ရှင်လင်မယားကို သူတို့အိမ်မှာ ညစားစာဖို့ဖိတ်လိုက်တဲ့အခါမှာတော့..... File size… (743MB) / (362MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Horror  , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Good Neighbours (2024)