Channel Myanmar

Romance

Keluar Main 1994 (2024) 7.8
Keluar Main 1994 (2024)  Keluar Main 1994 (2024)IMDb Rating (7.8) ဒီဇာတ်ကားလေးကတော့ ဘောလုံးကန်တာကိုပဲ အလွန်အမင်းစွဲလမ်းနေတဲ့ အီဘိုနှင့် သူ၏သူငယ်ချင်းများအကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။အီဘိုဆိုတဲ့ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းစာကိုလုံးဝစိတ်မဝင်စားပဲ ဘောလုံးကန်တာကိုပဲအာရုံစိုက်နေတာဖြစ်ပါတယ်။ဖခင်ဖြစ်သူက သူ့ကို ဘဝအာမခံချက်ရှိအောင် ပညာတတ်ကြီးဖြစ်စေချင်ကာ အီဘိုစာပိုလေ့လာဖြစ်အောင် အပြင်သင်တန်းကိုတက်စေပါတယ်။တိုက်တိုက်ဆိုင်ဆိုင် အီဘိုအပြင်သင်တန်းတက်ရတော့မည့်အချိန်မှာ ကျောင်းဘောလုံးပြိုင်ပွဲကလည်း ကျင်းပမည့်အကြောင်းကြေညာပါတော့တယ်။အီဘိုတစ်ယောက် သင်တန်းချိန်တွေနဲ့ ပြိုင်ပွဲအတွက်လေ့ကျင့်မည့်အချိန်တွေတိုက်နေသောအခါ ဘယ််လိုဖြေရှင်းမလဲ ၊ ဖခင်ဖြစ်သူကိူရော ဘောလုံးဆက်ကန်ဖို့ ဖျောင်းဖြနိုင်ပါ့မလား?ပြိုင်ပွဲကိုရော အနိုင်ရနိုင်ပါ့မလား? စသည်တို့ကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ခွင့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.8 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:52:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Eunice
movie

Keluar Main 1994 (2024)

2024
Oki’s Movie (2010) 6.8
Oki’s Movie (2010) Oki's Movie (2010) ******************Sleep ဇာတ်ကားထဲမှာ အတွဲညီညီနဲ့ အတူသရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား Lee Sun Kyun နဲ့ Jung Yumi တိုရဲ့ IMDb 6.8 ရှိတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Lee Sun Kyun ကိုတော့ Parasite ကြည့်ဖူးသူတိုင်း သိကြမယ်ထင်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ပုံမှန် တင်ဆက်နေကျပုံစံမျိုးမဟုတ်ဘဲ​ ပုံစံအသစ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အိုကီဆိုတဲ့ ရုပ်ရှင်ကျောင်းတက်နေတဲ့ ကောင်မလေး …။ နမ်ဂျင်ဂူဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာ ကောင်လေး...။ ပြီးတော့ ရုပ်ရှင်အတတ်ပညာကို သင်ကြားပေးတဲ့ အမျိုးသား ပါမောက္ခကြီး…။​သူတို သုံးယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီနေရာမှာ ထူးဆန်းတာကတော့ Oki’s Movie ဆိုတဲ့ ရုပ်ရှင်ထဲမှာမှ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့အချိန်တွေ၊ မတူညီတဲ့ ရှုထောင့်တွေနဲ့ ပြသတဲ့ ဇာတ်လမ်းတို ၄ခု ခွဲထားတာကို မြင်ရမှာပါ။ ဒီထဲမှာ ပါတဲ့ ဇာတ်လမ်းတို ၄ခုပြီးသွားတဲ့အခါမှာတော့ ဇာတ်ကားတစ်ခုလုံးရဲ့ ဇာတ်အိမ်နဲ့ ဇာတ်ကောင်တွေကို ...
movie

Oki’s Movie (2010)

All for Love (2005) 6.7
All for Love (2005) All for Love (2005) ********************IMDb 6.7 ရှိပြီး နာမည်ကြီး မင်းသမီးကြီး Uhm Jung Hwan နဲ့ မင်းသားကြီး Hwang Jung Min တို့ ပါဝင်ထားတဲ့ အချစ်၊ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်…။အားလုံးရဲ့အချစ်တော် Jung Kyung Ho ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်သလို မင်းသမီး Kim Yoo Jung ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်…။ဒီဇာတ်လမ်းလေးကတော့ ဆိုးလ်မြို့ရဲ့ တစ်ပတ်တာအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဖန်တီးထားတာဖြစ်ပါတယ် ..ပုံတုံးတုံးစုံထောက်နာနဲ့ စိတ်ပညာရှင်ဟောယူဂျောင်တို့ရဲ့အချစ်ဇာတ်လမ်း...။ငွေကြေးအခက်အခဲတွေ အကြွေးတွေနဲ့ပြည့်နေတဲ့ ညားခါစစုံတွဲ ချန်းဟူနဲ့ ဆွန်းအယ်တို့ရဲ့ ဇာတ်လမ်း…။စိတ်ဝေဒနာကြောင့် ကုသမှုခံနေရတဲ့ အရင်က သီလရှင်ဖြစ်ခဲ့ဖူးတဲ့ ဆူဂယောင်းနဲ့ .. ရောဂါကြောင့် အိပ်ရာထဲလဲနေရတဲ့ နာမည်ကြီးအဆိုတော် ဂျောင်ဟွန်းတို့ရဲ့ အချစ်ဇာတ်လမ်း…။ဘတ်စကတ်ဘောကစားသမား ဘတ်ဆောင်းဝမ်နဲ့ ရောဂါသည်သမီးရဲ့ သံယောဇဥ်...။အချစ်ကို စတင်တဲ့သူတွေ၊ အချစ်တစ်ခုကို အဆုံးသတ်တဲ့သူတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေနဲ့ လူပေါင်းများစွာရဲ့ တစ်ပတ်အတွင်း ဖြစ်ပျက်သွားတဲ့ ...
movie

All for Love (2005)

Highway Star (2007) 6.6
Highway Star (2007) Highway Star (2007)*********************IMDb... 6.6 မင်းသားကြီးချာထယ်ဟျွန်းရဲ့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ‌ဘုံဒါဟိုဟာ ကလပ်တွေမှာ သီချင်းဆိုတဲ့အလုပ်ကိုလုပ်ပြီး rock ဂီတကို ရူးသွပ်ကာထရော့ဂီတကို ခေတ်နောက်ကျပြီး ပုံတုံးတယ်လို့ မြင်နေတဲ့ လူငယ်လေးတစ်ယောက်ပါ။တစ်ရက်မှာတော့ ဆိုးလ်ကလာတဲ့ အရမ်းနာမည်ကြီးတဲ့အေဂျင်စီကဆိုတဲ့ သူ‌ဌေးနဲ့မားကတ်တင်းမန်နေဂျာဆိုတဲ့ လူနှစ်ယောက်က သူ့အသံကိုသဘောကျပြီး သူ့ကိုအောင်မြင်အောင်လုပ်ပေးမယ်ဆိုပြီးတော့ ဆိုးလ်ကိုလာခဲ့ဖို့ပြောပါတယ်။ဘုံဒါဟိုတို့ကတော့ အောင်မြင်ပြီဆိုပြီး ဆိုးလ်တက်သွားပေမဲ့ သူရောက်သွားတဲ့အေဂျင်စီကထရော့အနုပညာရှင်တွေပဲ မွေးထုတ်တဲ့ အညတရကုမ္ပဏီအသေးလေးဖြစ်နေတဲ့အပြင်သူဌေးနှစ်ယောက်ကလည်း အကြွေးတွေအများကြီးနဲ့ ရုန်းကန်နေရမှန်း သိလိုက်ပါတော့တယ်။ဘုံဒါဟိုတစ်ယောက် အသံကုန်ဟစ်ကြွေးတဲ့ rocker ဘဝကနေ အနူးအညံ့ခံစားချက်တွေနဲ့သီဆိုရတဲ့ထရော့ဂီတပညာရှင် ဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲ......ထရော့ဂီတပညာရှင်အနေနဲ့ရော အောင်မြင်နိုင်ပါ့မလား...ချာထယ်ဟျွန်းရဲ့ သရုပ်ဆောင်ချက် အခွီတွေနဲ့ ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Yee Wai ပဲ ဖြစ်ပါတယ်။) File Size : 3.79GB/ 1.63GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:49:44 Genre : Music, Comedy, Romance Subtitle ...
movie

Highway Star (2007)

Old Miss Diary (2006) 6.5
Old Miss Diary (2006) Old Miss Diary (2006)*********************IMDb... 6.5 ဒီတစ်ခါတင်ဆက်ပေးမယ့် ပေါ့ပေါ့ပါးပါးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌ရယ်ရစေတဲ့ ရုပ်ရှင်ကားလေးမှာတော့"Beauty and Mr.Romantic"ဇာတ်ကားမှ မင်းသား Ji Hyun Woo,"Still 17, The Heavenly Idol"စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Ye Ji Wonတို့အပြင်ဝါရင့်သရုပ်ဆောင်ကြီးတွေလည်း အများကြီးပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့-ချွဲမီဂျာ (Ye Ji Won) ဟာ အဘွား၃ယောက်ရယ် မုဆိုးဖိုအဖေရယ် လူပျိုကြီးဦးလေးရယ်နဲ့အတူနေထိုင်နေတဲ့ အသက်၃၂နှစ်အရွယ် အပျိုကြီးမမပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ချွဲမီဂျာဟာ ကိုရီးယားမှာ ပြန်လည်ထုတ်ဝေမယ့် ဂျပန်သရဲကားမှာ နောက်ခံစကားပြောသူအဖြစ်အလုပ်ကမ်းလှမ်းခံရပြီး အတူအလုပ်လုပ်ရမယ့် ပီဒီကတော့ ရုပ်သံလွှင့်ဌာနမှာ လူ့ဂွစာအဖြစ်နာမည်ကြီးတဲ့ ပီဒီ ဂျီဟျွန်းအူ (Ji Hyun Woo) ပါ။အမြဲတမ်း အလွဲတွေ လုပ်နေတတ်တဲ့ မီဂျာတစ်ယောက် ရုပ်ချောပြီး လူ့ဂွစာပီဒီကို စိတ်ဝင်စားမိသွားတဲ့အခါမှာတော့....အဘွား၃ယောက်ရဲ့တွဲဖက်ညီမှုနဲ့ ဟာသအလွဲလေးတွေရယ်၊ မနမ်းရ‌တာ နှစ်အတော်ကြာနေပြီဖြစ်တဲ့အပျိုကြီးမမ ချွဲမီဂျာရဲ့ ...
movie

Old Miss Diary (2006)

Young Hearts (2024) 8.0
Young Hearts (2024)  Young Hearts (2024)IMDb Rating (8.0) / Rotten Tomatoes (100%) အချစ်ဦးဟာ ပန်းရနံ့သင်းသင်းလိုပဲတဲ့။ ငယ်ဘ၀ရဲ့ ဦးဆုံးရင်ခုန်သံကို လူတိုင်းအတွက်တော့ တော်ရုံမေ့နိုင်ကြမှာမဟုတ်ဘူး။ဒါပေမဲ့ အီလီရတ်စ် ဘ၀မှာတော့ အဲ့ရင်ခုန်သံကိုဖြစ်ပေါ်စေတဲ့သူက မိန်းကလေးတစ်ဦးမဟုတ်ပဲ ကောင်လေးတစ်ဦးဖြစ်နေခဲ့တယ်။လှိုင်းတွန့်တွန့်ဆံနွယ်တိုတွေ၊ ပိန်ပိန်ပါးပါးကိုယ်ခန္ဓာနဲ့ နှစ်သက်ဖို့ကောင်းအောင်ပြုံးတတ်တဲ့ကောင်လေးက အီလီရတ်စ်တို့ဘေးအိမ်ကို ပြောင်းလာခဲ့တဲ့ အိမ်နီးချင်းအသစ်လေး။စာအုပ်တွေ၊ ပုံပြင်တွေထဲမှာသာဖတ်ရတဲ့ အချစ်ဆိုတဲ့အရာကြီးက အီလီရတ်စ်တို့အရွယ်လေးတွေအတွက် ဆန်းပြားတဲ့အရာတစ်ခုဆိုပေမဲ့ မြီးကောင်‌ပေါက်အရွယ် ယောကျာ်း‌လေးတွေထုံးစံအတိုင်း ရွယ်တူကောင်လေးတစ်ယောက်ကို ချစ်ကြောင်းပြရမှာ သိမ်ငယ်တဲ့ အီလီရတ်စ်အတွက်က ၀န်ထုပ်၀န်ပိုးတစ်ခုနဲ့ မခြားတော့ဘူး။အမှား၊ အမှန်ကို ကောင်းကောင်းမခွဲခြားတတ်၊ ကမ္ဘာကြီးကို ထိတွေ့မှုနည်းသေးတဲ့ အရွယ်မှာ အီလီရတ်စ်က သူ့ခံစားချက်တွေကိုသူပြန်ကြောက်မိလာတယ်။မိသားစု၀င်တွေ၊ သူငယ်ချင်းတွေ၊ ဘေးလူတွေအမြင်ကို ဂရုစိုက်တတ်တဲ့ အီလီရတ်စ်က ဒီအရာကို ဘယ်လိုများဆက်ရင်ဆိုင်သွားမလဲဆိုတာကိုတော့ ကြည့်ရှု့လိုက်ကြပါနော်။အမှန်ဆိုရင်‌တော့ ဒီကားက သာမန်အချစ်ကားလေးပါပဲ။ ဒါပေမဲ့ ပုံမှန်ယောကျာ်းမိန်းမကြားက အချစ်မျိုးမဟုတ်ပဲ ပုံသွင်းမခံရသေးတဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ဦးရဲ့ ငယ်ရွယ်ပျိုမြစ်သောနှလုံးသားနှစ်စုံအကြောင်းကို နူးနူးညံ့ညံ့လေးပုံဖော်ပြသထားခြင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu ...
movie

Young Hearts (2024)

2024
Abhilasham (2025) 6.6
Abhilasham (2025) Abhilasham (2025) "ငယ်ချစ်ဦး"ရင်ကိုအေးစေမယ့် မလေယာလမ် ရိုမန့်/ဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်မလေယာလမ် ဇာတ်ကားဖြစ်တာနဲ့အညီ ရိုးရိုးစင်းစင်း သဘာဝကျစွာပဲ တင်ဆက်ထားပါတယ်အဘီလာ့ရှ်မှာ လုပ်ငန်းကောင်းကောင်း အရွယ်ကောင်းရှိနေပေမဲ့ ကျန်နေသေးတဲ့ အတွင်းဝေဒနာတချို့ကြောင့် အိမ်ထောင်မကျနိုင်သေးပါဘူးတစ်ရက်တော့ ငယ်ရွယ်စဉ်ကျောင်းသားဘဝက သူကြိတ်ပြီးသဘောကျခဲ့တဲ့ လက်ရှိ သမီးတစ်ယောက်အမေ ငယ်ချစ်ဦး ရှီရင်... သူ့ယောကျာ်းကိုဆုံးရှုံးလိုက်ရတဲ့ သတင်းကြားတဲ့အခါမှာအခွင့်အရေးနောက်တစ်ကြိမ် အဘီလာ့ရှ်အတွက် ဖြစ်လာမလား ပရိသတ်တို့ပဲ ခံစားကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.6 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Abhilasham (2025)

But I’m a Cheerleader (1999)
But I’m a Cheerleader (1999) ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ် လူငယ်အချစ်ဟာသကားလေးပါ။မီဂန် (Natasha Lyonne) ဟာ ကိုယ့်ကိုယ်ကို သာမန်အမေရိကန်လူငယ်တစ်ယောက်လို့ပဲ ခံယူထားသူပါ။ ကျောင်းမှာ စာတော်တဲ့အပြင် ပန်းပွားအကအသင်းရဲ့အဖွဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ကြိုက်လှတယ်မဟုတ်ပေမယ့် ရည်းစားလည်း ရှိပါတယ်။ ဒါပေမယ့် မိဘတွေက သူ့ကို ‌ဂေး‌ေနတယ်ထင်တာကြောင့် True Direction ဆိုတဲ့ ပြုပြင်ရေးကျောင်းကိုပို့လိုက်ပါတော့တယ်။အဲ့ကျောင်းမှာ မီဂန်တွေ့ရတာကတော့ ပုန်ကန်ချင်တဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်ကောင်မလေး ဂရမ် (Clea DuVall) ပါပဲ။ သူ့ကိုယ်သူ အဖြောင့်လို့ ယုံကြည်ထားပေမယ့် တဖြည်းဖြည်းနဲ့ သူ့စိတ်တွေ ထွေပြားလာတဲ့အခါ မီဂန်တစ်ယောက် ကိုယ်ကိုယ်ကိုရှာတွေ့သွားမလား သူက တကယ်ဂေးနေတာရော ဟုတ်ရဲ့လား ဆိုတာ.... တချို့အသုံးအနှုန်းတွေကြောင့် ၁၈ နှစ်အောက်လူငယ်တွေ မကြည့်စေချင်ပါဘူး။File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Comedy, Romance  Subtitle….Myanmar ...
movie

But I’m a Cheerleader (1999)

Akkada Ammai Ikkada Abbai (2025) 5.7
Akkada Ammai Ikkada Abbai (2025) Akkada Ammayi Ikkada Abbayi (2025) "တစ်ရွာသားမ၀င်ရ"ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တေလဂူစကားပြော ကျေးလက်နောက်ခံ အချစ်-ဟာသ-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။တစ်ခါက မျိုးဆက်တစ်ဆက်မှာ ယောက်ျားလေးချည်းပဲ အယောက် ၆၀ မွေးဖွားပြီး မိန်းကလေး လုံး၀မထွန်းကားခဲ့တဲ့ ထူးထူးဆန်းဆန်းရွာလေးတစ်ရွာရှိပါတယ်။အဲဒီလိုဖြစ်ချိန်ကစလို့ ရွာမှာမိုးခေါင်ရေရှားဖြစ်ပြီး ရွာသားတွေ ဒုက္ခရောက်ခဲ့ကြပါတယ်။ မိန်းကလေးမွေးဖွားမှသာ အဲဒီဒုက္ခတွေကင်းဝေးမယ်လို့လည်းရွာသားတွေက ယုံကြည်ထားကြပါတယ်။တစ်နေ့တော့ ရွာမှာ ၆၁ ယောက်မြောက်မွေးတဲ့ ကလေးဟာ မိန်းကလေးဖြစ်နေပါတယ်။ ရွာသားတွေယုံကြည်ထားကြသလို အဲဒီမိန်းကလေးမွေးတာနဲ့ ရွာဟာလည်း မိုးခေါင်ရေရှားမှုကင်းဝေးသွားပါတယ်။အဲဒါကြောင့် အဲဒီမိန်းကလေးကို တစ်ရွာလုံးက အရမ်းအလေးထားကြပါတယ်။ ရွာကနေ မိန်းကလေးထွက်မသွားရေးအတွက်လည်း သူ့အရင်မွေးထားတဲ့ ယောက်ျားလေး ၆၀ ထဲက တစ်ယောက်နဲ့ပေးစားရမယ်လို့ စီစဉ်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ ရွာကို မြို့သားတစ်ယောက် ရောက်ရှိလာပြီး အဲဒီမိန်းကလေးနဲ့ဆုံဆည်းမိတဲ့အခါ...၊ ကြိုတင်စီစဉ်ထားသလို ဖြစ်ချင်မှဖြစ်တတ်တဲ့ ကံတရားအတိုင်း ရွာသားတွေရဲ့အစီစဉ်တွေ တလွဲဖြစ်ကုန်မှာလား...မြို့သားကိုကိုနဲ့ ရွာကတစ်ဦးတည်းသော မိန်းမပျိုတို့ ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ...၊ ရွာသားတွေနဲ့ ဘယ်လိုတွေအမှုပွေကြဦးမလဲဆိုတာ... ရယ်ရယ်မောမော‌ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood ...
movie

Akkada Ammai Ikkada Abbai (2025)

100% Love (2011) 7
100% Love (2011) 100 % Love (2011)IMDb - 7ဇာတ်လမ်းအညွှန်း ~~~~~~~~~~~တစ်ကျောင်းလုံး အဆင့် ၁ နေရာကို အမြဲဆွတ်ခူးနိုင်ပြီး အင်မတန် မာနကြီးလှတဲ့ စာကြမ်းပိုးလေး ဘာလူ။မွေးရာပါ ထူးချွန်တဲ့အခံကြောင့် ကြိုးစားလိုက်တာနဲ့ ဖြစ်မြောက်ပြီး အင်မတန်ကို လှရက်လွန်းတဲ့ မာဟာလက်ရှ်မီး။သူတို့နှစ်ဦးဟာ ဆွေမျိုးမကင်းတဲ့သူတွေ ဖြစ်တဲ့အလျောက် ငယ်ရွယ်စဉ်ကတည်းက ရင်းနှီးခဲ့ကြပြီး အမြဲတမ်း မျဉ်းပြိုင်နှစ်ကြောင်းလို ပြိုင်ဆိုင်နေခဲ့ကြတယ်။ ကြောင်နဲ့ ကြွက် ဆက်ဆံရေးလို ဖြစ်နေကြတဲ့ သူတို့ ၂ ဦးဟာ အချင်းချင်း ချစ်လျက်နဲ့တောင် ကိုယ်စီထားရှိတဲ့ မာနတွေကြောင့် ကတောက်ကဆဖြစ်ပြီး ဝေးကွာသွားခဲ့ကြတယ်။ဒီလိုနဲ့ ရက်လနှစ်တွေချီပြီး ပြန်တွေ့တဲ့အခါမှာတော့ အရင်က အချစ်မီးတောက်တွေ ပြန်တောက်လောင်လာမလား၊ မာနချင်းပဲ လွန်ဆွဲနေဦးမလားဆိုတာ ရင်ဖိုလှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းကိုတော့ Esthက ရေးသားထားပါတယ်)File Size - 3.45 GB/ 1.83 GB Quality - BluRay ...
movie

100% Love (2011)

Happiness (2024) 6.3
Happiness (2024) Happiness (2024)*****************IMDb... 6.3 ဘဝမှာ အသက်ရှင်ဖို့ တစ်ပတ်ပဲ အချိန်ရတော့မယ်ဆိုရင် သင် ဘာတွေလုပ်ဖြစ်မယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားထဲမှာတော့ နှလုံးရောဂါအခံကြောင့် တစ်ပတ်ပဲ အသက်ရှင်ရတော့မဲ့ကောင်မလေးဖြစ်သူနဲ့ ဒီကိစ္စကိုရုတ်တရက်သိလိုက်ရတဲ့ သူ့ရဲ့ကောင်လေးတို့ ကျန်ရှိတဲ့အချိန်တွေကို  ဘယ်လိုဖြတ်သန်းကြမလဲဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ယုမဆိုတဲ့ ကျောင်းသူလေးက သူနဲ့တွဲလာတာ လပိုင်းပဲရှိသေးတဲ့ကောင်လေးကို သူဟာတစ်ပတ်လောက်ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ကြောင်း သူ့ရဲ့ရောဂါအခြေအနေကို ရုတ်တရက်ခဲ့ပါတယ်။စသိသိချင်းမှာ ကောင်လေးကတော့ ဒါကို လက်မခံနိုင်ခဲ့ပေမဲ့ ယုမရဲ့ ပျော်ရွှင်မှုကိုသာလိုလားသူမို့အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ သာမန်လူမှာ သေဆုံးချိန်ကို ကြိုမသိရပေမဲ့ ရောဂါဆိုးရှိနေခဲ့တဲ့ ကောင်မလေးမို့ သူ့ရဲ့ နောက်ဆုံးအချိန်ကိုယုမလေးတစ်ယောက် သူဖြစ်ချင်တဲ့တဲ့ lolita အိပ်မက်နောက်ကို လိုက်ပါတော့တယ်။သူ့ရဲ့လက်ကျန်အချိန်တွေမှာ လုပ်ချင်တဲ့အရာဖြည့်ဆည်းပေးတဲ့ ကောင်လေးဖြစ်သူနဲ့ မိဘတွေရဲ့ချစ်ခြင်းမေတ္တာ၊ သေခြင်းတရားပေါ် အမြင်နဲ့ ဘဝရဲ့မတည်မြဲလွယ်မှုကို သူတို့တွေ ဘယ်လိုဘယ်ပုံနားလည်မှုရပြီး လက်ခံလာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Roseline ပဲ ဖြစ်ပါတယ်။) File Size : 1.71GB/ 700MB Quality : ...
movie

Happiness (2024)

Hats Off to Love (2025) 5.8
Hats Off to Love (2025)  စတယ်လာ စတုန်းဆိုတဲ့ မိန်းကလေးဟာ ကလေးဘဝကတည်းက ဦးထုပ်ဖန်တီးသူတစ်ဦး ဖြစ်ချင်ခဲ့တဲ့သူဖြစ်ပါတယ်...အရွယ်ရောက်လာချိန်မှာတော့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဦးထုပ်ဖန်တီးသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်...ဒါပေမဲ့ တက်သစ်စလူငယ်တစ်ယောက်ဖြစ်သလိုဦးထုပ်ဖန်တီးတဲ့ လုပ်ငန်းဟာလည်းခေတ်နောက်ကျနေပြီဖြစ်တာကြောင့် နာမည်ကြီးပုဂ္ဂိုလ်တွေလောက်ပဲဦးထုပ်ဖန်တီးသူတွေကို ငှားရမ်းကြတော့တာပါဒါကြောင့် စတယ်လာဟာ သူ့ရဲ့အရည်အချင်းကိုထုတ်ပြဖို့အတွက် မြင်းပြိုင်ပွဲနဲ့အတူ ပူတွဲကျင်းပတဲ့ဦးထုပ်ပြိုင်ပွဲမှာ အလှဆုံးဦးထုပ်ဆုကို အရယူဖို့ကြိုးစားပါတယ် .. ဒါကြောင့် နာမည်ကြီး မောဒယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရော့ဆီလန်းကို ချဉ်းကပ်ခဲ့ပါတယ် ရော့ဆီလန်းကလည်း အဲဒီဆုကို ရယူချင်နေသူဖြစ်ပြီး စတယ်လာဆီမှာ ဦးထုပ်အပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်..ရော့ဆီလန်းရဲ့ သားဖြစ်သူ ခရစ်ရှန်က မြင်းဝါသနာအိုးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ မြင်းကို မြင်းပြိုင်ပွဲမှာဝင်ပြိုင်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ် မြင်းအကြောင်းတွေကိုအနည်းငယ်နားလည်ထားတဲ့ စတယ်လာကလည်းခရစ်ရှန်ကိုပါ ကူညီပေးရင်းနဲ့ နှစ်ယောက်သား ခင်မင်ရင်းနှီးသွားပါတော့တယ်..ဒီလိုနဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ အလှဆုံးဦးထုပ်ဆုကိုရရှိသွားမလားဆိုတာနဲ့ ခရစ်ရှန်နဲ့ရော ဘယ်လိုမျိုးဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အမျိုးသား တွေအတွက် အဓိကကျင်းပတဲ့ မြင်းပြိုင်ပွဲမှာအမျိုးသမီးတွေအတွက် ဦးထုပ်ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပပြီး အမျိုးသမီးတွေကိုပါ ဦးစာပေးတတ်တဲ့ ဓလေ့တွေနဲ့ ဝတ်စားဆင်ယင်ဖို့အတွက် ဖက်ရှင်ဒီဇိုင်းတွေကိုဘယ်လိုအဓိပ္ပါယ်စိတ်ကူးတွေနဲ့ ...
movie

Hats Off to Love (2025)

Somewhere (2010) 6.3
Somewhere (2010) Somewhere (2010)IMDb - 6.3ကျွန်တော်တို့ရဲ့ မင်းသမီးလေး Elle Fanning ငယ်ငယ်လေးတုန်းက ရိုက်ထားတဲ့ကားပါ။ ဒီကားလေးက ဖြေးဖြေးအေးအေးကားမျိူးပါပဲ ဒါပေမယ့် ပျင်းစရာမကောင်းပဲနဲ့ ဇာတ်ကားလေးထဲမျောသွားမှာပါ။အဓိကဇာတ်ကောင်က သရုပ်ဆောင် ပြီးတော့ အိမ်ထောင်ကွဲနေတယ် ကလီယိုဆိုတဲ့သမီးလေးတယောက်လည်းရှိတယ်။ အရင်က အရက်သောက် ကောင်မလေးတွေနဲ့ရူပ်နေတဲ့ ဂျော်နီတယောက်ဟာ သူ့သမီးလေးရောက်လာမှ သူ့ရဲ့ဘဝကြီးက ပိုအဓိပ္ပါယ်ရှိသွားသလိုပေါ့‌ဗျာ။ဂျော်နီတယောက် သူ့ဘဝကိုသူဘယ်လိုဖြတ်သန်းမိနေလဲပါ ပြန်တွေးမိကုန်တာပေါ့။ တကယ်ကြည့်သင့်တဲ့ကားလေးပါ ခံစားချက်တမျိူးလေးတော့ ကျန်ခဲ့မှာသေချာပါတယ်။File Size -1.90 GB/ 763 MB Quality - BluRay 1080p/ 720p Duration - 1:39:43 Format - mp4 Genre - Drama, Romance, Comedy Subtitle - Myanmar Subtitle (Hard Sub) Translated by - Phyu Thew Zaw Encoded by - Treasure Htet
movie

Somewhere (2010)

The Classic (2003) 7.7
The Classic (2003) The Classic (2003)IMDb Rating (7.7) / Rotten Tomatoes (71 %)ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ… My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ… ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။ မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။ဇာတ်လမ်းလေးကတော့… ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကို ပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီး အမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ ...
movie

The Classic (2003)

Anna and the King (1999)
Anna and the King (1999) Anna and The King (1999)ဒီဇတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇတ်ကားပဲဖြစ်ပါတယ်။အင်္ဂလိပ်အမျိုးသမီးအန်နာလီယွန်နိုဝမ်စ်က ထိုင်းဘုရင်မောင်းကွတ်ရဲ့ သားတော်သမီးတော်တွေကို အင်္ဂလိပ်စာသင်ပေးဖို့ထိုင်းနိုင်ငံမှာ ၆နှစ်ကြာနေထိုင်ခဲ့ပါတယ်။အင်္ဂလန်ကိုပြန်လာတဲ့အခါ ခရီးသွားမှတ်တမ်းတွေကိုရေးခဲ့ပါတယ် ။အဲဒီမှတ်တမ်းတွေကိုအခြေခံပြီး စာရေးဆရာမ Margaret London(မာဂရက်လန်ဒန်) က Anna and The King ဝတ္ထုကိုရေးခဲ့ပါတယ် ။ဒီဇတ်ကားကမာဂရက်လန်ဒန်ရဲ့ ဝတ္ထုကိုရိုက်ထားတာပါ။ဒီဝတ္ထုကိုရုပ်ရှင်အဖြစ်သုံးခါရိုက်ကြသလို တီဗွီစီးရီးစ်တွေနဲ့ အန်နီမေးရှင်းရုပ်ရှင်အဖြစ်ပါရိုက်ကူးခဲ့ကြပါတယ်။ဂျိုးဒီဖော်စတာ(အန်နာ) နဲ့ ချောင်ယွန်ဖက်( ဘုရင်မောင်းကွတ်)တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။Anna and The King ကဝင်ငွေအရအောင်မြင်ပေမဲ့ သမိုင်းအရမတိကျတာတွေပါလို့ ထိုင်းမှာပြသဖို့ပိတ်ခံရပါတယ်။ဇတ်လမ်းအကျဥ်းအင်္ဂလိပ်အမျိုးသမီး အန်နာလီယိုနိုဝမ်စ်ဟာ သူ့သားလူးဝစ်နဲ့အတူ ထိုင်းနိုင်ငံကိုထိုင်းဘုရင်ရဲ့ဖိတ်ကြားချက်နဲ့အတူ ထိုင်းဘုရင်မောင်းကွတ်ရဲ့ကလေးတွေကိုစာသင်ဖို့ ရောက်လာပါတယ်။အန်နာ ဘုရင်နဲ့တွေ့ဖို့စောင့်နေတာသုံးပတ်ကြာပြီးတဲ့နောက် တွေ့ဖို့သွားတော့ကြန့်ကြာနေပြီး နောက်ထပ်ထပ်စောင့်ရမလိုဖြစ်တော့ အန်နာက ရဲရဲရင့်ရင့်ပဲ ဘုရင်ကိုဝင်တွေ့လိုက်ပါတယ်။စာသင်နေတုန်း သူ့သားလူးဝစ်နဲ့အိမ်ရှေ့မင်းသားချူလာလောင်ကွန် ထရန်ဖြစ်နပန်းလုံးကြပါတယ်။နှစ်ယောက်လုံးကို အပြစ်ပေးတဲ့အနေနဲ့ စာလုံးတစ်ထောင်ရေးခိုင်းပါတယ်။အဲဒီညမှာပဲမင်းသားချူလာလောင်ကွန်နဲ့အန်နာနားလည်မှုရသွားပါတယ်။နောက်တော့ချူလာလောင်ကွန်နဲ့ လူးဝစ်နဲ့လည်း ပြန်တည့်သွားပါတယ်။အဲဒီညက ကျွန်မတစ်ယောက်ကို အခန်းတစ်ခုထဲမှာ သံကြိုးခတ်ပြီးထားထားတာကို အန်နာနဲ့ချူလာလောင်ကွန်တွေ့ပြီးအဲဒီအမှုလည်း အန်နာ့ကြောင့် ဘုရင့်ဆီရောက်ပြီး ကျွန်မကိုလွတ်လပ်ခွင့်ပေးလိုက်ရပါတယ်။ကလေးတွေက အန်နာစသင်တာကိုကြိုက်ကြပြီး အန်နာ့ကိုလည်းချစ်ကြပါတယ်။ အန်နာကမိဘုရားနဲ့ကိုယ်လုပ်တော်အချို့ကိုလည်းစာသင်ပေးရပါတယ်။ဘုရင်က အင်္ဂလိပ်မှူးမတ်တွေနဲ့သံတမန်တွေဖိတ်ပြီး ...
movie

Anna and the King (1999)

Angus, Thongs and Perfect Snogging (2008) 6.3
Angus, Thongs and Perfect Snogging (2008) Angus, Thongs and Perfect Snogging (2008)IMDb - 6.3ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~~~ဂျော့ဂျီယာလို့ခေါ်တဲ့ကောင်မလေးက ၁၅နှစ်ပြည့်တော့မယ် ဆယ်ကျော်သက်မြှီးကောင်ပေါက်လေးပါ။ သစ်ရွက်ကြွေတာ မြင်ရင်တောင် ရင်ခုန်နေကြတဲ့ အရွယ်က ဂျော့ဂျီယာကလည်း မထူးဘဲရည်းစား ငမ်းငမ်းတက်လိုချင်နေသူလေးပေါ့။သူတို့က ကျောင်းမှာဆိုရင် အရမ်းမထင်ပေါ်လှတဲ့ အုပ်စုဖြစ်ကြပေမဲ့ ဂျော့ဂျီယာကတော့ အနမ်းကိုတောင် အဆင့်ဆယ်ဆင့်လောက်ခွဲပြီး ရည်းစားရဖို့အရေးကို ကြံစည်ကြိုးစားနေတဲ့ကောင်မလေးပါ။ အဲ့လိုနဲ့ တစ်ရက်မှာတော့ သူတို့ကျောင်းကို လန်ဒန်က မြို့ကြီးသားအမြွာညီအစ်ကိုနှစ်ယောက်က ရောက်လာတော့ ဂျော့ဂျီယာနဲ့ သူငယ်ချင်းတစ်သိုက်လည်း ကြိုက်ကုန်ကြပါတော့တယ်။သူ့သူငယ်ချင်းဂျက်စ်နဲ့ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်စီကို အကြ့အစည်တွေနဲ့ ရေလာ‌မြောင်းပေး ဆည်ကျိုးကြပါတော့တယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းးဂျက်စ်က ညီအစ်ကိုတစ်ယောက်နဲ့အဆင်ပြေသွားပေမဲ့ ‌‌ဂျော့ဂျီယာကျ အဆင်ပြေသလိုလိုနဲ့ ကောင်လေးက ကျောင်းကဒိတ်ဒိတ်ကြဲကောင်မလေးတစ်ယောက်နဲ့ဖြစ်နေပါတယ်။အဲ့‌တော့ ရည်းစားလိုချင်နေတဲ့ ဂျော့ဂျီယာက ဘယ်လိုအကြံအစည်တွေသုံးပြီး မြို့ကြီးသားလူချောကို ရအောင်ကြံမလဲဆိုတာကို ကြည့်ကြရမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝရဲ့အလွဲတွေ၊ အိမ်က မိသားစုဆီက ပြသာနာလေးတွေနဲ့ ဂျော့ဂျီတစ်ယောက် မြို့ကြီးသားလူချောလေးကို အပိုင်သိမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။File ...
movie

Angus, Thongs and Perfect Snogging (2008)

Away We Go (2009) 7
Away We Go (2009) Away We Go (2009)IMDb  - 7.0ဇာတ်လမ်းအညွှန်း ~~~~~~~~~~~အိမ်ထောင်တစ်ခု‌ထူထောင်ကြတော့မယ်ဆိုရင် ဘာကအရေးအကြီးဆုံးဖြစ်မယ်လို့ထင်ကြလဲ။ မင်္ဂလာ အကြီးအကျယ်ဆောင်တာလား၊ လက်ထပ်ခွင့်သေချာအတောင်းခံရတာလား။ ဘာဖြစ်မယ်ထင်လဲ။ ဒီဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ရေး၊ မိသားစုနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်္ဂလာမဆောင်ရသေးတဲ့အတွဲတစ်တွဲရဲ့ဖြတ်သန်းပုံကိုအဓိကပုံဖော်ထားပါတယ်။ ဘာ့တ်နဲ့ ဗီရိုနာတို့ဟာ လက်မထပ်ရသေးပေမယ့် ရုတ်တရက် ဗီရိုနာ့မှာ ကိုယ်၀န်ရှိလာတဲ့အခါမှာ ဘ၀နေရေးထိုင်ရေးအတွက် ဘယ်လိုတွေရုန်းကန်ကြမလဲဆိုတာကြည့်ရှုရမှာပါ။ Quite Place(2018) ထဲက မင်းသား John Krasinki နဲ့ Animaton ဇာတ်ကားတော်တော်များများရဲ့ အသံသရုပ်‌ဆောင် Maya Rudolph က အဓိကပါ၀င်သရုပ်‌ဆောင်ထားပါတယ်။File Size - 1GB/ 458 MB Quality - BluRay 1080p/ 720p Duration - 1:38:37 Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hard ...
movie

Away We Go (2009)

Submarine (2011) 7.3
Submarine (2011) Submarine (2011)IMDb - 7.3IMDb မှာ rating 7.3 ရရှိထားတဲ့ ဟာသ-ဒရာမာ အမျိုးအစား ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Submarine ဇာတ်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းဟာဆိုရင် အရွယ်ရောက်လာပုံကို ဟာသဆန်ဆန်ပုံဖော်ထားပေးပြီး ဆယ်ကျော်သက်ဘဝရဲ့အတွေ့အကြုံတွေကို ထင်ဟပ်ပြထားနိုင်မှုကြောင့် ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကိုပါ လက်ခံရရှိခဲ့ပါတယ်။ အရွယ်ရောက်ချိန်မှာ ကြုံတွေ့ရတတ်တဲ့ အချစ်ဇာတ်လမ်းနဲ့ မိသားစုရေးရာအကြောင်းတွေကိုပါ ထည့်သွင်းပြထားတဲ့အတွက် လက်တွေ့ဆန်မှုကိုပါခံစားနိုင်မှာဖြစ်ပါတယ်။Oliver Tate ဆိုတဲ့ကောင်လေးတစ်ယောက် အရွယ်ရောက်ချိန်မှာ ဘာတွေကြုံတွေ့ရသလဲ...ဆယ်ကျော်သက်အတွေးတွေကရော ဘယ်လိုရှိလဲ...မိသားစုနဲ့ရော အခြေအနေဘယ်လိုလဲ...အချစ်ဇာတ်လမ်းကရော အဆင်ပြေပါ့မလားဒါတွေအားလုံးကို Submarine ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားနိုင်မှာဖြစ်ပါတယ်။ ကြည့်ရတာတန်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လို့ညွန်းပေးလိုက်ပါရစေ။File Size - 3.28 GB/ 777 MB Quality - BluRay 1080p/ 720p Duration - 1:38:53 Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle ...
movie

Submarine (2011)

María, ¡Me muero! (2024) 5.8
María, ¡Me muero! (2024)  ဒီကားလေးက "Hypochondria" လို့ခေါ်တဲ့ ဘာရောဂါမရှိပဲကိုယ့်ကိုကိုယ်ရောဂါရှိတယ်ထင်ပြီး အလွန်အမင်းစိတ်ပူပန်တတ်တဲ့ရောဂါရှိသူ ( မြန်မာအခေါ် မာလျက်နာရောဂါ)ယောက်ျားဖြစ်သူနဲ့ ဇနီးသည်တို့ရဲ့ အိမ်ထောင်ရေးမှာယောက်ျားဖြစ်သူရဲ့ ဇီဇာကြောင်မှုတွေ အလွန်အမင်းစိတ်ပူပန်တတ်မှူတွေကြောင့် ဖြစ်လာတဲ့ အိမ်ထောင်ရေးအခက်အခဲအလွဲလေးတွေကို တင်ဆက်ပေးထားတဲ့ Comedy& Romance အမျိုးအစားမက္ကစီကို ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်..အရမ်းကြီး ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွင်း ရိုက်ချက်တွေမပါပေမယ့် သူ့ဟာလေးနဲ့သူရယ်နေရတာမလို့ တခြားနာမည်ကြီးရုပ်ရှင်ကားတွေနဲ့တန်းတူ မက္ကစီကိုရုပ်ရှင်ရုံတွေမှာမျက်နှာမငယ်ပဲ ပရိတ်သတ်အားပေးမှုကို ရရှ်ိခဲ့တဲ့ ရုံတင်ဇာတ်ကားလေးပါ အားနည်းချက်ဆိုလို့ Pacing နဲ့ CharacterDevelopment နှေးတာကလွဲရင် ရယ်ရတာမို့ ကြည့်ရတန်‌ပါတယ်...လူ့ဘဝတိုတိုလေးမှာ ပူပန်မှုတွေများ သောကတွေပွားမနေဘဲအပြည့်အဝရှင်သန်ခြင်းကသာ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့Message လေးနဲ့အတူ ပေါ့ပေါ့ပါးပါးလေးကြည့်ရှုခံစားရမှာဖြစ်ပါတယ်....  File size… (1.03GB) / (527MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nice ...
movie

María, ¡Me muero! (2024)

Miss Butcher (2017) 6.4
Miss Butcher (2017) Miss Butcher (2017)*******************IMDb... 6.4 မှုခင်းစုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်ကထွက်ရှိခဲ့ပြီး မင်းသား Kim Min Joonနဲ့ မင်းသမီး Seo Youngတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Miss Butcherဆိုတဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmarမှ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းဆွန်းအယ် (Seo Young) ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီးအရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကိုယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှုနောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် ဂင်ဂူဟို (Kim Min Joon) ဟာ အဲဒီလူသတ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့..မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် ...
movie

Miss Butcher (2017)