Channel Myanmar

Music

Drumline: A New Beat (2014) 5.0
Drumline: A New Beat (2014) IMDB: 5 Rotten Tomatoes: 37% Genre: Comedy/DramaDrumline: A New Beat (2014) ကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ပျော်ရှုပျော်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။စိတ်လက်ပေါ့ပေါ့ပါးပါးနဲဲ့ည့်လို့ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒါနီဆိုတာ လောလောလတ်လတ်အထက်တန်းပြီးလာတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ကောလိပ်တက်မယ်ဆိုတော့ အိမ်ကနာမည်ကြီးကျောင်းတက်စေချင်တယ်။သူ(မ) ကတော့ သူ(မ) ရဲ့ အိမ်မက်ဖြစ်တဲ့ ကျောင်းတီးဝိုင်းမှာ ဒရမ်သမ တစ်ယောက်ဖြစ်အောင် "A&T" မှာလာတက်ပါတယ်။သူ(မ) ဟာအဲလိုမျိုးမိဘတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးထွက်ခွာလာခဲ့တာကြောင့်သူ့သမီးလေးအတွက် ဘာမှမထောက်ပံ့တော့ပဲ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ရပါတော့တယ်။တစ်ယောက်တည်းလည်းနေရ၊ ကျောင်းမှာလည်းအဆင်မပြေတဲ့လူတွေရှိလာတဲ့အခါ ဒါနီတစ်ယောက်ဘယ်လိုဖြတ်သန်းမှာလဲ။  File Size :  2.3 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 1hr 41min Format : Mp4 Genre : Comedy, Drama, Music Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer ...
movie

Drumline: A New Beat (2014)

Harta Tahta Raisa (2024)
Harta Tahta Raisa (2024) Harta Tahta Raisa (2024)Raisa Andriana ဆိုသူ အင်ဒိုနီးရှားက အဆိုတော်မလေးရဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် Billboard chart တွေမှာလည်း ချိတ်ခဲ့တဲ့အပြင် အင်ဒိုနီးရှားက GBK Stadium ဆိုတဲ့ လူဦးရေ ၇၇၀၀၀ ဆံ့တဲ့ ကွင်းကြီးထဲမှာ ကွင်းလုံးပြည့် concert လုပ်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးတစ်ကိုယ်တော်အဆိုရှင် ဖြစ်လာတဲ့ ကောင်မလေးရဲ့အကြောင်းဖြစ်ပြီး သူငယ်ငယ်ကတည်းက ဂီတနောက်ကိုလိုက်ခဲ့ပုံ သူ့နားမှာ အားပေးထောက်ခံကူညီခဲ့တဲ့လူတွေအကြောင်း၊ အင်ဒိုနီးရှား popstar တစ်ယောက်ရဲ့ အနုပညာခရီး၊ သမီးတစ်ယောက်၊ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်နဲ့ အဆိုရှင်ဖြစ်လာဖို့ အိပ်မက်မက်သူတစ်ယောက်အဖြစ် သူဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ V~ Alex~ KKKZ~ Zwe ဖြစ်ပါတယ် File size… 1.9 GB / 921 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo~ ...
movie

Harta Tahta Raisa (2024)

Danny Collins (2015) 7.0
Danny Collins (2015)  ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Al Pacino ကြီးရဲ့ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အချက်အချို့ပေါ်အခြေခံထားတဲ့ အသက်ကြီးကြီးရော့ခ်စတားတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါAl Pacino အပြင် အခြားသောနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါပါတယ် American Beauty, 20th Century Women ထဲက Annette Bening, Christopher Plummer, Jeniffer Garner, Bobby Cannavale တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဒီ ဒန်နီကောလင်း ဆိုတာက အပြင်က Steve Tilston ဆိုတဲ့ အင်္ဂလိပ်Folk သီချင်းတေးရေးတီဆိုသူကို အခြေခံထားတာပါ IMDb rating 7, Rotten Tomatoes 78%ထိရရှိထားတဲ့ comedy/drama ရုပ်ရှင်လေးမို့ ကြည့်မကောင်းမှာတော့မပူရပါဘူးဇာတ်လမ်းအကြောင်းအရာကဒန်နီကောလင်းလို့အမည်တွင်တဲ့ အသက်ကြီးကြီးရော့ခ်ကာစူပါစတားကြီးဟာ သူ့ရဲ့မွေးနေ့မှာ ချစ်သူငယ်ချင်းကြီးက မွေးနေ့လက်ဆောင်အဖြစ်ရှာလာပေးတဲ့ နှစ်၄၀ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ စာတစ်စောင်ကိုရခဲ့ပါတယ် အဲဒီစာက John Lennon ကြီးက သူ့ဆီ သူတက်သစ်စအချိန်မှာ အကြံပေးစာ၊ အကူအညီကမ်းလှမ်းစာအနေနဲ့ ...
movie

Danny Collins (2015)

Love Clinique (2012) 5.8
Love Clinique (2012) Love Clinique (2012) ********************* 2012ခုနှစ်မှာ ပြသခဲ့တဲ့ ဟာသရုပ်ရှင် LOVE CLINIQUE မှာ မင်းသားYoon Sang-Hyun, Choi Jin-Hyuk နဲ့ မင်းသမီး Park Ha-Sun, Lim Jung-Eun တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ********************* ကီးကြောင်ပြီး ဒေါသကြီးတတ်တဲ့ မိန်းမချောလေး ဒုံဂျူ(Park Ha-Sun)ဟာ ကြင်နာပြီး သီချင်းကောင်းကောင်းဆိုတတ်တဲ့ မင်ဆူ (Choi Jin-Hyuk)ကို အထက်တန်းကတည်းကနေ ၁၀ နှစ်ကျော်ကြာတဲ့အချိန်ထိ ကြိတ်သဘောကျနေခဲ့တာပါ။၁၀ နှစ်အကြာ မင်ဆူ ဂျပန်ကနေပြန်ရောက်လာပြီးတော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာပဲ ဒုံဂျူရဲ့ သူငယ်ချင်းဖြစ်သူ ဘိုရာ(Lim Jung-Eun)က မိန်းမလှလေးဖြစ်တဲ့အပြင် အသံကောင်းအဆိုကောင်းတဲ့သူ ဖြစ်တာကြောင့် မင်ဆူက မြင်မြင်ချင်း သဘောကျသွားပါတော့တယ်။ဒါကြောင့် ဒုံဂျူကလည်း အားကျမခံ သူငယ်ချင်းရဲ့ လက်ထပ်ပွဲမှာ ဂုဏ်ပြုသီချင်းဆိုပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။ဒါကြောင့် လက်ထပ်ပွဲမတိုင်ခင် ကီးကြောင်တဲ့ပြဿနာကို ဖြေရှင်းဖို့LOVE CLINIQUE လို့ ခေါ်တဲ့ အသံပြုပြင်ရေးသင်တန်းကျောင်းကို ရောက်သွားပါတော့တယ်။အဲဒီသင်တန်းကျောင်းမှာ နည်းပြဖြစ်သူ ရှင်းဟုန်း(Yoon Sang-Hyun)နဲ့ တွေ့ဆုံပြီးဒုံဂျူတစ်ယောက် အလွဲလွဲအချော်အချော်နဲ့ ပြဿနာတွေ ကြုံတွေ့ရပါတော့တယ်။နောက်ဆုံးမှာ ဒုံဂျူတစ်ယောက် မင်ဆူရဲ့ အာရုံစိုက်မှုကိုရော ...
movie

Love Clinique (2012)

C’est Si Bon (2015) 6.7
C’est Si Bon (2015) C'est Si Bon (2015) ******************** နာမည်ကြီးသရုပ်‌ဆောင်‌တွေဖြစ်တဲ့ Han Hyo Joo, Kang Ha Neul, Jung Woo ,Jin Goo, Jo Bok Rae တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဂီတကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တစ်ခေတ်တခါက ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးစတိတ်စင်ဖြစ်တဲ့ ဆဲရှီဘုံဆိုတာက အဆိုတော်တွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယွန်းဆဲတက္ကသိုလ်ကျောင်းသား ဆေးကျောင်းသားလေးဖြစ်တဲ့ ယွန်းဟျွန်းဂျူ (Kang Ha Neul ) ဟာဆိုရင် အပတ်စဉ် ဆဲရှီဘုံရဲ့ထိပ်တိန်းဆုကို သိမ်းပိုက်ထားတဲ့သူပါ။ဟားဗတ်မှာ ကျောင်းဆက်တက်မှာမို့ သီချင်းဆိုတာကို ရပ်နားတော့မဲ့တစ်နေ့မှာ သူ့နေရာကို လုယူမယ့် ဆုန်းချန်းရှစ် (Jo Bok Rae)ကပေါ်လာပါတယ်။အဆိုအပိုင်းမှာ တစ်ဖက်ကမ်းတော်ကြပေမဲ့ နှစ်ယောက်ကို အဆိုတော်အဖွဲ့ဖွဲ့ဖို့လုပ်ရင်းကနေ ရွာသားလေးအိုဂွန်းထယ် (Jung Goo)ကပါ သူတို့အဖွဲ့ထဲပါလာပါတယ်။တစ်ယောက်နဲ့တစ်ယောက် ရွဲ့စောင်းနေကြတဲ့ သူတို့ကြား မင်ဂျာယောင်း (Han Hyo Joo)လို့ခေါ်တဲ့ သရုပ်ဆောင်ဝါသနာပါတဲ့ ကောင်မလေးက သူတို့ကြားထဲဝင်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။မင်ဂျာယောင်းအချစ်ကိုဘယ်သူရသွားမှာလဲ။သူငယ်ချင်းတွေ ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ရင်ဆိုင်ရင်း အောင်မြင်သွားကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ် ..(အညွှန်းကို Shwe Pyae မှ ရေးသားပေးထားပါတယ်)File size…2.97GB / 988MB Quality… WEB-DL ...
movie

C’est Si Bon (2015)

Born To Sing (2013) 7.3
Born To Sing (2013) Born To Sing (2013) ********************** အခုတစ်ခေါက် ထပ်မံတင်ဆက်ပေးချင်တဲ့ ဇာတ်ကားဟောင်းလေးကတော့ 2013 လောက်က ထွက်ရှိခဲ့ပြီး 2014 ခုနှစ် နှစ်၅၀ မြောက် Baeksang Arts Awards ဆုပေးပွဲမှာ Best New Director ဆုနဲ့ ဇကာတင်စာရင်းဝင်ခဲ့ပြီးတော့ ၃၄ နှစ်မြောက် Golden Cinema Festival မှာ Best New Cinematographer ဆု ရရှိထားခဲ့တဲ့ Born To Sing ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ..တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံကျော်သီချင်းဆိုပြိုင်ပွဲကြီးဖြစ်တဲ့ Born To Sing ဆိုတဲ့ရှိုးကြီးဟာ ဂင်ဟယ်ဆိုတဲ့နယ်မြို့လေးကို ရောက်ရှိလာပါတယ်။နာမည်ကြီးရှိုးဖြစ်တာကြောင့် အနိုင်ရရှိသူဟာ အဆိုတော်ဖြစ်ဖို့အခွင့်လမ်းကိုရရှိမှာပါ။ဒါကြောင့်လည်း မြို့မှာရှိသမျှ လူငယ် လူကြီးအကုန်ဝင်ပြိုင်ကြပါတယ်။ဒီအထဲမှာမှ ပြိုင်ပွဲဝင်တချို့က အဆိုတော်ဖြစ်ချင်တာကြောင့်မဟုတ်ဘဲ အကြောင်းရင်းကိုယ်စီကြောင့် ဝင်ပြိုင်ဖို့ဖြစ်လာတဲ့အခါ....သူတို့ရဲ့အကြောင်းရင်းတွေက ဘာဖြစ်မလဲဆိုတာကိုတော့ Born To Sing ဆိုတဲ့ဇာတ်လမ်းလေးမှာ အဖြေရှာလိုက်ကြတာပေါ့။သရုပ်ဆောင်တွေအနေနဲ့ကလည်း တောင်ကိုရီးယားရဲ့မိခင်ကြီးလို့ပြောလို့ရတဲ့ မင်းသမီးကြီးဂင်ဆူမီအပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ဂင်အင်ဂွမ်၊ ရူဟျွန်းဂယောင်း၊ ယူယွန်းဆော့နဲ့ အီချိုဟီးတို့ပါဝင်ထားပါတယ်။(ဇာတ်လမ်းအညွှန်းကို Double M မှရေးသားထားပါတယ်)File size…2.46GB ...
movie

Born To Sing (2013)

Kneecap (2024) 7.6
Kneecap (2024)  Kneecap (2024)IMDb Rating (7.6) / Rotten Tomatoes (97%)Kneecap ဟာဘယ်လ်ဖတ်စ်အခြေစိုက် အိုင်ယာလန်ဟစ်ပ်ဟော့အဖွဲ့ဖြစ်တဲ့ Kneecap အဖွဲ့ရဲ့ဇာတ်ကြောင်းကိုအခြေခံပြီးသူတို့အဖွဲ့ဝင်တွေကပဲ ကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ထူးထူးခြားခြားအနေနဲ့ Michael Fassbender ကြီးကိုဇာတ်ပို့အဖြစ်မြင်တွေ့ရမှာပါ။ဒီကားကို Sundance Film Festival မှာပွဲဦးထွက်ပြသခဲ့ပြီး NEXT Audience Award ရရှိခဲ့သလို Galway Film Fleadh မှာလည်းဆုသုံးဆုဆွတ်ခူးခဲ့ပါသေးတယ်။လာမယ့် အော်စကာမှာလည်း Best International Feature Film အဖြစ်တင်သွင်းထားပါတယ်။ဇာတ်အစကနေအဆုံးထိ မြူးကြွသွက်လက်တဲ့တင်ဆက်ပုံတွေ၊ ရှယ်လန်းတဲ့ beats တွေ အတည်ပေါက်နဲ့ဖောက်တဲ့ဟာသတွေနဲ့ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:45:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Kneecap (2024)

2024
Happy Together (2018) 6
Happy Together (2018) Happy Together (2018)***********************ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ Park Sung-woong,Song Sae-byeok, Cho Ro-woon, Han Sang-Hyuk တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၈ မှာထွက်ခဲ့တဲ့ Happy Together ဆိုတဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း-သားဖြစ်သူ ဂန်ဟာနူး (Choi Ro-woon) ကြောင့် အနုပညာအိပ်မက်ကိုလက်လျှော့ခဲ့ရတဲ့ ဆက်ဆိုဖုန်းတူရိယာတီးမှုတ်သူ ဂန်ဆော့ဂျင် (Park Sung-woong)။ဖခင်ဖြစ်သူက အတော်ဆုံး ဆက်ဆိုဖုန်းပညာရှင်လို့ အမြဲပြောလေ့ရှိတဲ့ဆင်းရဲနွမ်းပါးပေမဲ့ အမြဲပျော်နေတတ်တဲ့ ဆက်ဆိုဖုန်းပါရမီရှင် ဂန်ဟာနူး (Choi Ro-woon)။ကြည့်ရှူသူတွေရဲ့ စိတ်ကို ညှို့ယူဖမ်းစားနိုင်တယ်ဆိုပြီး ဝံ့ကြွားနေပေမဲ့ နောက်ကွယ်မှာမိမိရဲ့ပရိသတ်အဖြစ် သရုပ်ဆောင်ဖို့ လူငှါးလေ့ရှိတဲ့ ဘတ်ယောင်းဂေါလ် (Song Sae-byeok)။တစ်နေ့ ဂန်ဆော့ဂျင်ဟာ ကလပ်တစ်ခုမှာ လူစားဖျာ်ဖြေဖို့သွားရင် ဘတ်ယောင်းဂေါလ်နဲ့တွေ့ဆုံဖြစ်ခဲ့ပြီး မထင်မှတ်ဘဲ မထင်မှတ်တဲ့နေရာမှာ နောက်တစ်ခါ ပြန်ဆုံးတဲ့အချိန်မှာတော့..။ဒီကားလေးဟာ အဆင်မပြေမှုတွေကြားက မိသားစုတွေရဲ့ ချစ်ခြင်းမေတ္တာ၊ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ရောက်အောင် ကြိုးစားကြပုံ၊ ချစ်ရသူတွေအတွက်ပေးဆပ်အနစ်နာခံမှုစတာတွေကို ...
movie

Happy Together (2018)

Suck Seed (2011) 7.4
Suck Seed (2011) Suck Seed (2011)IMDB: 7.4 / Rotten Tomatoes: 82% ယခုတစ်ခါမှာတော့ ကျောင်းသားအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။Music အချစ်ဟာသဇာတ်ကားလေးဖြစ်တဲ့အတိုင်းပဲ အဆိုတော်မင်းသားတွေဖြစ်တဲ့ Jirayu La-ongmanee နဲ့ Pachara Chirathivatတို့က ပါဝင်ထားပါတယ်။ငယ်ငယ်လေးတည်းက တိတ်တခိုးလေးချစ်ခဲ့ရတဲ့ ကောင်မလေးအန်ဟာဘန်ကောက်ကို ပြောင်းရွှေ့သွားတဲ့အတွက် ထပ်ပြီးမတွေ့နိုင်တော့ဘူးဆိုတဲ့အတွေးနဲ့ မြိုသိပ်ထားရင်း နေလာခဲ့တဲ့ ပက်ဒ်။ပက်ဒ်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကွန်ဟာ သူဖြစ်ချင်တာ သူလုပ်ချင်တာကိုပဲ လုပ်ပြီးတော့ စိတ်အပြောင်းအလဲမြန်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီလိုနဲ့ ပက်ဒ်တို့တွေ အထက်တန်းကိုရောက်လာတဲ့အချိန်မှာတော့ အန်ဟာ သူတို့ကျောင်းကို ပြန်လည်ရောက်ရှိလာပါတော့တယ်။မမျှော်လင့်ထားတဲ့ကိစ္စကတော့ ကွန်ဟာ အန့်ကို ကြွေသွားပြီးတော့ လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာပက်ဒ်တစ်ယောက် သူငယ်ချင်းကို ချစ်တဲ့သူပီပီ သူ့ရဲ့အချစ်တွေကို မြိုသိပ်ထားခဲ့ပါတော့တယ်။အန်ဟာ ဂီတကို ရူးသွပ်တဲ့သူတစ်ယောက်ပီပီ သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ဖို့လုပ်ရင်း အန့်ကိုလိုက်ဖို့ကြိုးစားနေတဲ့ ကွန်ဟာလည်း ဂီတဘက်ကို စိတ်ရောက်သွားပြီးတော့သူငယ်ချင်းဖြစ်တဲ့ ပက်ဒ်နဲ့အက်တို့ကို ဆွဲခေါ်ရင်း အဆိုပြိုင်ပွဲပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ပက်ဒ်,ကွန်နဲ့ အက်တို့ အဆိုပြိုင်ပွဲကို ဘယ်လိုတွေ ...
movie

Suck Seed (2011)

Swan Song (2024)
Swan Song (2024)  IMDb - 7.6/10Swan Lakeဆိုတာ ရုရှားဂီတစာဆိုကြီး Pyotr Ilyich Tchaikovskyရဲ့ ဘဲလေးပြဇာတ်တစ်ပုဒ်ပေါ့။ ဘဲလေးအကမှာတော့ ထင်ရှားတဲ့ပြဇာတ်တွေထဲက တစ်ခုအဖြစ် အမျိုးမျိုးဖျော်ဖြေကပြကြတာပေါ့။ဒီရုပ်ရှင်ကတော့ ကနေဒါရဲ့ နာမည်အကျော်ကြားဆုံး ဘဲလေးအကမယ်ဟောင်း Karen Kainတာဝန်ယူဦးစီးပြီး အဓိကဘဲလေးမယ်အဖြစ် ရုရှား-လစ်သူယေးနီးယားဘဲလေးမယ် Jurgita Droninaကပြခဲ့တဲ့ ကမ္ဘာ့အဆင့်ဖျော်ဖြေတဲ့ပွဲရဲ့ Swan Lakeပြဇာတ်မှာ နောက်ကွယ်က ဖြစ်ရပ်တွေကိုရိုက်ကူးပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ပါပဲ။ကမ္ဘာ့အဆင့်ပွဲတစ်ခုဖြစ်တဲ့အတွက် သူတို့တွေ ခက်ခက်ခဲခဲကြိုးစားကြပုံတွေ၊ အဲဒီခေတ်အနေအထားမှာ ဘဲလေးအကမယ်တွေကြားက လူမျိုးရေးခွဲခြားမှုနဲ့ အဆင်မပြေမှုတွေ၊ တစ်မူထူးခြားစွာတင်ဆက်ပြချင်တဲ့အတွက် ဘဲလေးအကအစဉ်အလာတွေကနေ ဖောက်ထွက်ဖို့ကြိုးစားကြပုံတွေကို ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Music  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

Swan Song (2024)

The Day We Lit Up The Sky ( 2021 ) 5.6
The Day We Lit Up The Sky ( 2021 ) ဘဝမှာ ကိုယ့်ကိုသူများတွေက ဘယ်လိုပဲမြင်မြင် ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ပျက်ရယ်ပြုပြု ကိုယ်ပျော်နေဖို့က အဓိကပါပဲ ကျွန်တော်တို့သာ လောကကြီးမှာ လေလာရာယိမ်းနေတဲ့ မြက်ပင်လေးလို ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ့်စိတ်ကြိုက်သာ နေလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲလို့ တွေးမိတယ် ခံစားမိတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှောင်ဟွမ်ဟာ အရမ်းကို အကတော်ပြီး ကချင်ပေမဲ့လည်း အသားညိုပြီးအရပ်ပုတာကြောင့် ငါးခြောက်မလို့ အခေါ်ခံရကာ မိန်းကလေးကျောင်းမှာ အနှိမ်ခံရတဲ့လူတစ်ပါ တစ်နေ့ ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခုမှာ အကအဖွဲ့တစ်ဖွဲ့လုံးညီညီညာညာကနေချိန်မှာ ရှောင်ဟွမ်က သူ့​စိတ်ကြိုက်စည်းချက်နဲ့ အတိုင်း ဘေးကနေ ပျော်မြူးကာ ကနေတာကို လောင်ကော်ဆိုတဲ့ကောင်လေးက တွေ့သွားပြီး စိတ်ဝင်စားသွားပါတော့တယ် လောင်ကော်ကတော့ ရှောင်ဟွမ်တို့ကျောင်းမျက်နှာချင်းဆိုင်က ယောကျာ်းလေးကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ​လောင်ကော်ဟာလည်း အကြောင်းအမျိုးမျိုးကြောင့် သူ့သူငယ်ချင်းသုံးယောက်နဲ့အတူ အရှုံးသမားလိုဆက်ဆံခံနေ ​ရတာပါ ဒါကို ဆက်သည်းမခံနိုင်ဘဲ သူတို့တွေ တစ်ခုခုကြီးကြီးကျယ်ကျယ်လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်တာကတော့ ပျော်နေတဲ့အချိန်မှာ ပိုပျော်ရွှင်မှုပေးနိုင်ပြီးတော့ ဝမ်းနည်းအားငယ်နေချိန်မှာတော့ နှစ်သိမ့်မှုပေးနိုင်တဲ့ အက ကဖို့ပါပဲ ဒီလိုနဲ့ ရှောင်ဟွမ်နဲ့ လောင်ကော်တို့ သူငယ်ချင်းလေးယောက် ပေါင်းမိသွားပြီး လူတွေကိုသက်သေပြဖို့ သူမတူတဲ့နည်းလမ်းတွေကို သုံးကာ သူတို့ရဲ့ ဖြစ်တည်မှုကို ဘယ်လိုမျိုးရှာဖွေမလဲဆိုတာကို သီချင်း အကလေးတွေ ဟာသတွေ တပုံကြီးနဲ့ နှောပြီးတော့ ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : ...
movie

The Day We Lit Up The Sky ( 2021 )

Music Shop Murthy (2024) 7.5
Music Shop Murthy (2024) Music Shop Murthy (2024) “DJ မူရ်သီ” Genre – Comedy, Drama, Musicဟာသမင်းသားကြီး Ajay Ghosh ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး Chandini Chowdary လည်း အားဖြည့်ပါဝင်ထားတဲ့ တေးဂီတသံစုံ ဟာသဒရမ်မာကားသစ်လေး ဖြစ်ပါတယ်။မူရ်သီဆိုတဲ့ ဘဲကြီးက တေးသီချင်းတွေကို ဝါသနာပါ ရူးသွပ်ပြီး ကိုယ်တိုင်လည်း တေးဂီတခွေဆိုင်လေးဖွင့် ဘုရားပွဲ ကနားပွဲ မသာပွဲတွေဆိုလည်း လိုက်လိုက်ပြီး လော်နဲ့ သီချင်းဖွင့်ပေးပြီး စီးပွားရေး လုပ်ကိုင်နေသူကြီးပေါ့။ဒါပေမဲ့လည်း သမီးနှစ်ယောက်နဲ့ ဇနီးမယားကို ထောက်ပံ့ဖို့အတွက်ကျ ခေတ်မှီလာတဲ့ ဒီလိုခေတ်ကြီးမှာ ဒီအလုပ်က အဆင်မပြေတော့ပါဘူး ဒါကြောင့် မိန်းမဖြစ်သူကလည်း တခြားအလုပ်ပြောင်းလုပ်ဖို့ နားပူနားဆာတိုက်နေပေမဲ့ ရူးသွပ်မှုနောက်ကိုပဲ လိုက်နေဆဲပေါ့လေ။တစ်ဖက်မှာလည်း အမေရိကားကနေ ကျောင်းတက်လာတဲ့ အန်ဂျနာဟာ အိန္ဒိယရှေးရိုးစွဲ မိဘတွေနဲ့ အဆင်မပြေတွေဖြစ် သူ ဝါသနာပါတဲ့ ဒီဂျေအလုပ်ကိုလည်း အရက်မူးသမားတွေ ရှိတဲ့ဆိုင်မှာ ဖျော်ဖြေပေးရတာ အောက်တန်းကျတယ် ဘာပြုတယ်နဲ့ သားအဖနှစ်ယောက်က တဂျိမ်းဂျိမ်းပေါ့။ဒီလိုနဲ့ တေးသီချင်းတွေကို နှစ်သက်ပေမဲ့ ခေတ်ပေါ်ရေစီးကြောင်းကို မသိတဲ့ မူရ်သီတစ်ယောက် ဒီဂျေပညာရှင်မလေး အန်ဂျနာနဲ့ ...
movie

Music Shop Murthy (2024)

Secret (2007) 7.5
Secret (2007) Secret (2007)လူတိုင်းမှာ ပြောလို့မရတဲ့ လျှို့ဝှက်ချက်ဆိုတာရှိပါတယ်။ ပြောလိုက်ရင် ယုံကြည်မှုပျက်ပြားသွားမှာတို့၊ လူတွေနားမလည်ဘဲ လှောင်ရယ်ကြမှာမျိုးတို့ပေါ့။ ဒီကားရဲ့ ဇာတ်ကောင် လုရှောင်ယွီမှာလည်း ဒီလိုမျိုးလျှို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် ထန်းရှန်းအနုပညာကျောင်းကို ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် ယဲ့ရှန်းလွင်ဟာ ကျောင်းစစတက်တဲ့နေ့မှာပဲ ထူးဆန်းတဲ့သီချင်းသံကြောင့် စန္ဒရားအခန်းဟောင်းထဲကို ဝင်သွားရာက လျှို့ဝှက်ဆန်းကြယ်တဲ့ လုရှောင်ယွီနဲ့ ဆုံခဲ့ပါတယ်။ ယဲ့ရှန်းလွင်ရော ရှောင်ယွီရော အတန်းတစ်တန်းတည်းက ဖြစ်ပြီး စန္ဒရားအထုံပါရမီလည်း ရင့်သန်ကြတာမို့ အချင်းချင်းခင်မင်ရင်းနှီးပြီး ချစ်မိသွားခဲ့ကြပါတယ်။ဒါပေမဲ့ ဒီကောင်မလေးဟာ ကျောင်းကိုတစ်ခါတလေမှလာတဲ့ ကျန်းမာရေးမကောင်းသူ‌လေးပါ။ "ငါမရှိရင် တခြားကောင်မလေးတွေကို သွားကြိုက်မှာလား" လို့ သဝန်တိုတတ်တဲ့ ရှောင်ယွီတစ်ယောက် ယဲ့ရှန်းလွင် တခြားကောင်မလေးနဲ့နမ်းတာ မြင်သွားတဲ့အချိန်မှာ ရှန်းလွင်ဘဝကြီးထဲက ပျောက်ကွယ်သွားပါတော့တယ်။ ဘဝထဲက ပျောက်ကွယ်တာထက် ပိုဆိုးတာကတော့ ရှန်းလွင်ရဲ့ဘေးကလူတွေအကုန် ရှောင်ယွီရဲ့ တည်ရှိမှုကို မသိကြတာပါပဲ။ရှောင်ယွီက တကယ်တမ်းဘယ်သူလဲ? ဘာလို့ ဘယ်သူမှ သူ့ကိုမသိကြတာလဲ? ရှောင်ယွီရဲ့လျှို့ဝှက်ချက်က ဘာလဲ? ရှန်းလွင်တစ်ယောက် ရှောင်ယွီကို ပြန်ဆုံနိုင်ပါ့မလား?ဒီကားဟာ ထိုင်ဝမ်ရဲ့ နာမည်ကြီးအဆိုတော် Jay Chou ကိုယ်တိုင် မင်းသားယဲ့ရှန်းလွင် အနေနဲ့သရုပ်ဆောင်ထား၊ ဇာတ်ညွှန်းပါ ...
movie

Secret (2007)

2007
Song One (2014) 5.8
Song One (2014)  သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 26m Genre ...
movie

Song One (2014)

The Beat Beneath My Feet (2014) 6.4
The Beat Beneath My Feet (2014) IMDB: 6.4 Rotten Tomatoes: 50% Genre: Comedy/Dramaဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသောဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းတွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့်အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့်Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်းလူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီးသောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုကအခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ File size…    1.7 GB /  766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff
movie

The Beat Beneath My Feet (2014)

The Neon Highway (2024) 6.1
The Neon Highway (2024)   ဒီကားလေးကတော့ ၁၉၉၀ ၈၀ခုနှစ်တွေမှာ ခေတ်စားခဲ့တဲ့ တီဝိုင်းအကြောင်းကို ရိုက်ပြထားတယ်လို့လည်းပြောလို့ရပါတယ် တကယ့်ဇာတ်လမ်းကတော့ ကော်လင်းညီကိုနှစ်ယောက်ဟာ သူတို့ပွဲထွက်ခွင့်ရဖို့အတွက် ဘားတစ်ခုမှာသီချင်းဆိုခဲ့ရတယ် သို့ပေမဲ့ အကိုရိန်းကိုပဲ ထုတ်လုပ်သူတွေကသဘောကျပြီး ညီလော့ဒ်ကိုသဘောမကျကြပါဘူးအဲ့အကြောင်းပြောကြရင်းနဲ့ ညီကိုနှစ်ယောက်ကားမတော်တဆဖြစ်ခဲ့တယ် ပြီးတော့ဂီတနဲ့ပတ်သတ်ပြီးဘာမှလည်းမလုပ်ခဲ့ဘဲ အနေဝေးသွားခဲ့တယ် အဲ့လိုနှစ်တွေကြာတော့ ရိန်းမှာလည်းမိသားစုရှိလာတယ် သို့သော်အဆင်မပြေကြပါဘူး တစ်နေ့သူအလုပ်အော်ဒါရလို့ အိမ်တစ်အိမ်သွားရာမှာ တကယ့်ဂန္တဝင် ကန်ထရီအဆိုတော်ကြီး မစ္စတာကလောက်ဒ်အဲလန်နဲ့တွေ့ခဲ့တယ် အဲ့လိုနဲ့ အရင်က သူနဲ့ သူ့ညီသီချင်းကိုဆိုပြခဲ့တယ်တနေ့ရိန်းက ပိုက်ဆံလိုလို့သူ့သီချင်းကိုသွားရောင်းခဲ့တယ် ကလောက်ဒီဆီကိုပေါ့ သို့ပေမဲ့ ကလောက်ဒ်ကလည်း အသက်ကြီးနာမည်ကြီးထမင်းငတ်ဖြစ်နေပြီ ဒါမဲ့သူတို့အကြံစည်တစ်ခုထုတ်ခဲ့ပြီး ဂီတမြို့တော်နာ့ချ်ဗီလာကိုသွားခဲ့ကြတယ် သူတို့အကြံစည်ကဘာလဲ သူတို့နာ့ချ်ဗီလာကိုဘာသွားလုပ်ကြတာလဲ ဘာတွေဖြစ်မှာလဲဆိုတာ ကြည့်ရှူလိုက်ကြရအောင် File size…(1.7 GB)/(680 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Drama, Family, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

The Neon Highway (2024)

The Lyricist Wannabe ( 2024 ) 5.8
The Lyricist Wannabe ( 2024 ) လူတိုင်းမှာ အိပ်မက်ရှိကြပါတယ်။ အိပ်မက်ရှိကြတဲ့ လူတိုင်းက အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအိပ်မက်က ကိုယ့်ရဲ့ စိတ်ကူးယဉ်ရုံ သက်သက်ဆိုရင်ရော......လော်ရင်ရှီးဟာ အလယ်တန်းအရွယ်မှာပဲ သူ့အိပ်မက်လမ်းကြောင်းကို သေချာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းစာသားဖြည့်သူတစ်ယောက် ဖြစ်ချင်တာတဲ့။ အဲဒီအိပ်မက်အတွက် ၁၀ နှစ်ကျော်အချိန်ပေးပြီး တစ်စိုက်မတ်မတ် ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့ ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်တာ လူ့ဘဝ ဓမ္မတာပဲဖြစ်တဲ့အတွက် လော်ရင်ရှီးဟာလည်း အရှုံးတွေကို ရင်ဆိုင်ရတာ ပုံမှန်လို ဖြစ်နေခဲ့ပါတယ်။ သီချင်းစာသားဖြည့်သူဖြစ်ဖို့အတွက် လမ်းကြောင်းပြသူမရှိ၊ ဝင်ငွေမရှိဖြစ်နေပြီး ကိုယ်တိုင်က အခမဲ့ရေးပေးမယ်လို့ ပြောတာတောင် အထင်သေးခံနေရပါသေးတယ်။ နေ့စဉ်နဲ့အမျှ ဒီအိပ်မက်အတွက် ကိုယ့်မှာ ပါရမီ ပါရဲ့လားလို့ သံသယဖြစ်နေခဲ့ရပါတယ်။ဆယ်နှစ်တာ အချိန်အတွင်း လော်ရင်ရှီးတစ်ယောက် သူ့အိပ်မက်အတွက် ဘယ်လို ကြိုးစားမှုတွေ လုပ်ခဲ့သလဲ...... အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ်ရှုံးနိမ့်ရတဲ့ ဘဝမှာ ဘာအတွက်ကြောင့် သူ့အိပ်မက်တွေအတွက် တောင့်ခံထားနိုင်ရတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 830 MB , 479 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Music Runtime ...
movie

The Lyricist Wannabe ( 2024 )

[18+] First Name: Carmen (1983) 6.3
[18+] First Name: Carmen (1983) First Name: Carmen (1983) Prénom CarmenIMDb Rating -6.3  ၊ Rotten Tomatoes -88%ကာမင်းဆိုတဲ့အကြမ်းဖက်သမ မိန်းမလှလေးဟာ ရုပ်ရှင်ဒါရိုက်တာဦးလေးဖြစ်သူဆီက ကမ်းခြေအိမ်တစ်လုံးကိုခဏငှားရမ်းခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့အဖွဲ့ဘဏ်ဓားပြတိုက်ပြီးရင် ခေတ္တခိုနေစရာတစ်ခုအဖြစ်သုံးဖို့ပါပဲ။ဒါပေမယ့် ဘဏ်လုံခြုံရေးတစ်ဦးကိုသူ ချစ်ကျွမ်းဝင်မိသွားချိန်မှာတော့ ကြိုတင်စီမံထားသမျှတွေ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ပြင်သစ်ရုပ်ရှင်လှိုင်းသစ်ကိုစတင်ခဲ့တဲ့ပိုင်အိုးနီးယားဒါရိုက်တာ Jean-Luc Godard ရဲ့လက်ရာတစ်ခုဖြစ်ပြီးသူ့ရဲ့လက်ရာတွေဟာ စမ်းသပ်လေ့လာမှု၊ဇာတ်ကြောင်းပြောပုံတွေကတစ်ဆင့် ရုပ်ရှင်ပုံစံတွေကိုတော်လှန်ပြောင်းလဲစေခဲ့တယ်လို့ဆိုကြပါတယ်။ ဒီဇာတ်ကားမှာလည်း အဲ့ဒီလိုထူးခြားတဲ့တင်ဆက်ပုံကိုတွေ့မြင်ရမှာဖြစ်ပြီး မြင်နေကျပုံစံမျိုးမဟုတ်တဲ့အတွက် အစပိုင်းမှာတော့ အတော်သည်းခံရပါလိမ့်မယ်။ပရိသတ်တွေအနေနဲ့လည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ဖွဲ့ကွဲနေတာဖြစ်ပြီး မကြိုက်တဲ့သူတွေကတော့ ကာမင်း သရုပ်ဆောင်မင်းသမီး Maruschka Detmers ရဲ့ ထူးခြားတဲ့ဂန္ဓဝင်အလှကိုအားပေးချီးကျူးကြပါတယ်။ဇာတ်လမ်းကိုမကြိုက်ဘူးဆိုရင်တောင် ခမ်းခမ်းနားနားလှတဲ့ ခေါင်းဆောင်မင်းသမီးရဲ့လွတ်လပ်ပွင့်လင်းတဲ့ဇာတ်ဝင်ခန်းတွေကြောင့်အချိန်ပေးရကျိုးနပ်စေမှာအသေအချာပါပဲ။ အဲ့ဒီနှစ် ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာရွှေခြင်္သေ့ဆုရရှိထားပါတယ်။ရှုစားကြပါ။(Dark Side Production မှ တင်ဆက်သည်။) File size…(2 GB)/ (1 GB) Quality…BluRay 1080p/ 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie

[18+] First Name: Carmen (1983)

Find Me Falling (2024) 6.7
Find Me Falling (2024)  "Find Me Falling" ဟာ 2024 ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့အချစ်ဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Stelana Kliris ကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ဟောလိဝုဒ်မင်းသားချောကြီး Harry Connick Jr. ကအမေရိကန်ရော့ခ်စတား John Allman အနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အမေရိကန်ရော့ခ်စတား John Allman ဟာ ဂီတလောကကနေခဏအနားယူပြီး ဆိုက်ပရပ်စ်နိုင်ငံရဲ့ အေးချမ်းတဲ့မြေထဲပင်လယ်ကျွန်းက ချောက်ကမ်းပါးအိမ်တလုံးမှာ တကိုယ်တည်းသွားနေခဲ့ပါတယ်။ဒါပေမဲ့ သူမသိခဲ့တာကတော့ သူ့အိမ်ရှိတဲ့ ချောက်ကမ်းပါးထိပ်ကနေလူတွေ တယောက်ပြီးတယောက် ခုန်ချပြီး အဆုံးစီရင်တဲ့နေရာဖြစ်နေတာပါ။ဒီကျွန်းပေါ်မှာ မထင်မှတ်ထားတဲ့ အဖြစ်မှန်ကိုကြုံတွေ့ရပြီးသူ့ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကျွန်းပေါ်က ဆရာဝန်မ Sia နဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။သူတို့ကြားက ပြန်လည်နိုးထလာတဲ့ဆက်ဆံရေးဟာ ချစ်ခြင်းမေတ္တာ၊ကွဲကွာဆုံးရှုံးမှု၊ နောင်တတွေနဲ့ ရောယှက်ပြီး John ရဲ့ဘဝထဲကိုရိုက်ခတ်လာပါတော့တယ်။ဒီကားထဲမှာ တေးသီချင်းအေးအေးချိုချိုလေးတွေနဲ့အတူဟာသဇာတ်ကွက်တွေလည်း ပါဝင်နေသလို ပရိသတ်တွေကိုအံ့အားသင့်စေနိုင်တဲ့ အတွေးအခေါ်တွေကိုလည်း စောင့်မျှော်ကြည့်ရှုခံစားကြရမှာပါ။  File size… 1.44GB / 614MB Quality… NF WEB-DL 1080p 5.1CH / ...
movie

Find Me Falling (2024)

Blue Giant (2023) 7.9
Blue Giant (2023) BLUE GIANT (2023)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၂၃ က ထွက်ရှိထားပြီး imdb 7.9 ရရှိထားတဲ့ Anime ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။"ကမ္ဘာ့နံပါတ်စ် ဂျက်ဇ်ပညာရှင်ဖြစ်လာဖို့" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုကျိုမြို့ဆီ ရောက်လာခဲ့တဲ့ ကောင်လေး။Dai ဆိုတဲ့ အထက်တန်းကျောင်းသားလေးက ဂျက်ဇ်ကို စိတ်ဝင်စားတည်းက မိုးရွာရွာ နေပူပူ saxophone ကိုပဲ မနားမနေ လေ့ကျင့်ပါတော့တယ်။ဒီလိုနဲ့ တိုကျိုကို ရောက်လာပြီးနောက်မှာ အရည်အချင်းရှိတဲ့ စန္ဒရားတီးသမား Yukinori, သူငယ်ချင်း Shanji တို့နဲ့အတူ ဂျက်ဇ်တီးဝိုင်းကို တည်ထောင်ခဲ့ပြန်ပါတယ်။၃ ယောက်သား တိုကျိုမြို့က စားသောက်ဆိုင်တွေမှာ ဖျော်ဖြေရင်း စစ်မှန်တဲ့ဂျက်ဇ်ကို ဖန်တီးဖို့ဆိုတဲ့ ခံယူချက်၊ ကမ္ဘာ့နံပါတ်တစ်ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ့်ပုံကို ကြည့်ရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်)Genre..... Animation, Drama, Music Quality…. 1080p WEB-DL | 720p ...
movie

Blue Giant (2023)