Channel Myanmar

Music

I Still Believe (2020) 6.5
I Still Believe (2020) I Still Believe (2020)IMDb Rating (6.5)အချစ်ဇာတ်လမ်းတွေထဲမှာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေက ပိုလို့ထိရှဆွေးရပါတယ်။ အချစ်ကို စိတ်ကူးယဉ်နေတာလို့ ပြောလို့မရတဲ့ ဖြစ်ရပ်မှန်ထဲက အချစ်ရဲ့တန်ဖိုးတွေ စံနှုန်းတွေက လူသားတွေရှင်သန်နေကြတဲ့ အကြောင်းချင်းရာထဲက တစ်ခုပါပဲ။အမေရိကန်အဆိုတော် တေးရေးဆရာ Jeremy Camp နဲ့ သူ့ချစ်သူ Mellisa Lynn Henning-Camp တို့ရဲ့ ဘဝဇာတ်ကြောင်းကို ကျောရိုးထားပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားကလဲ ဖြစ်ရပ်မှန်တခုမလို့ သိပ်ကောင်းတဲ့အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ခဲ့ပါတယ်။မင်းသားချော KJ Apa နဲ့ မင်းသမီးချော Britt Robertson တို့အဓိကပါဝင်ထားပြီး Musical Romance ဇာတ်လမ်းလေးမလို့ နူးနူးညံ့ညံ့ကြိုက်တတ်တဲ့ပရိတ်သတ်တွေ သေချာပေါက်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB )/(1 GB)  Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by Night Fury
movie

I Still Believe (2020)

The Singer (2020) 6.6
The Singer (2020) The Singer (2020)*****************၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Singers ဆိုတဲ့ ဇာတ်ကားလေးကတော့ဂျိုဆွန်းခေတ်မှာ နယ်တကာလှည့်ပြီး သီချင်းဆိုဖျော်ဖြေတဲ့ အဆိုရှင်‌တွေရဲ့ဘဝကို‌ ရိုက်ကူးပုံဖော်ထားတဲ့ Musical film လေးပဲဖြစ်ပါတယ် .. ။ဇာတ်လမ်းအကျဉ်းကတော့ ..ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီးချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီးအသက်ဝမ်းကြောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့မိသားစုလေးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီးအတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲ့က .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီး ချောင်းလေးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဟာ့ဂယူ သိသိချင်း လိုက်ရှာမှာ သမီးဖြစ်သူကိုပြန်တွေ့ခဲ့ပေမဲ့ ဇနီးဖြစ်တဲ့ ဂန်နန်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချောင်းလေးက ထိတ်လန့်မှုကြောင့်မျက်စိကွယ်သွားခဲ့ပါတယ် ဟာ့ဂယူကလည်း ချောင်းလေးနဲ့အတူ နယ်တကာလှည့်ပြီးဂန်နန်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့ ဂန်နန်ကို ရှာတဲ့အချိန် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပြီးဒီအခက်အခဲတွေကိုလည်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့သလဲ။ဇနီးဖြစ်သူကိုရော ...
movie

The Singer (2020)

Begin Again (2013) 7.4
Begin Again (2013) Begin Again (2013)IMDb Rating (7.4) / Rotten Tomatoes (83%)မင်းသားကြီး Mark Ruffalo နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်ထားတဲ့ Musical ဒရမ်မာ အချစ်ရိုမန့်ဇာတ်ကားလေးပါ။Music ကိုဝါသနာပါတဲ့ သူများ ပိုမိုကြိုက်နှစ်သက်လောက်မယ့်ဇာတ်ကားမျိုးပါပဲ။ သီချင်းလေးတွေရေးစပ်သွားတာ . Christmas လက်ဆောင်အဖြစ် သီချင်းလေးလက်ဆောင်ပေးသွားတာတွေဟာ ဇာတ်ကားရဲ့တကယ့်ကို ဆွဲဆောင်မှု အရှိဆုံးအချက်ထဲက တစ်ချက်လို့ပြောချင်ပါတယ်။ သာမန် Acoustic Guitar တစ်လုံးနဲ့တီးခတ်နေတဲ့ Gretta ရဲ့ သီချင်းတစ်ပုဒ်ကို လိုအပ်တဲ့ သံစဉ်ထောက်ပံ့မှုတွေကို အရက်သောက်နေရင်းနဲ့ မိမိစိတ်ထဲမှာတင် ခံစားတီးခတ်ပြသွားတဲ့ Dan ရဲ့ ဂီတစွမ်းရည်ဟာ ကျွန်တော့်တို့လို ဂီတကိုကြိုက်နှစ်သက်တဲ့လူတွေအတွက် မလွတ်တန်းကြည့်ချင်မိတဲ့ ဇာတ်ကားအဖြစ် စိတ်ထဲကိုနေရာယူစေမိတယ်။နောက်ထပ် အသိရသအနေနဲ့ကတော့ လဲကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်မြင့်တင်ပေးပြီး . မိမိစိတ်ကို ပြန်အားတင်းစေတဲ့အသိခံစားမှုကိုလည်းပေးစွမ်းနိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ခပ်အေးခပ်ငြိမ့်ငြိမ့်ကြည့်ရှုဖို့အတွက် ဆူညံတဲ့နေရာ ပတ်ဝန်းကျင်မှာ မကြည့်ရှုဖို့တော့ အကြံပေးပါရစေ။ ဇာတ်ကားကောင်းတစ်ကားရဲ့ အနှစ်ခံစားချက်အပြည့်အဝကို အတွင်းကျကျခံစားချင်ရင် အခုလိုအေးမြတဲ့ ဆောင်းရာသီမှာ မနက်စောစောဖြစ်ဖြစ် . ...
movie

Begin Again (2013)

Valley Girl (2020)
Valley Girl (2020) Valley Girl (2020) ******************ဒီဇာတ်ကားလေးကတော့ Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ...အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ ရယ်လည်းရယ်ရသလို တစ်ကားလုံးမှာလည်း...သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ တောင်ကြားမြို့လေးထဲမှာရှိတဲ့...ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလည်းဆင်တူ ဝတ်ကြတယ်။ ဘဝကိုလည်း...ပျော်ပျော်ပဲဖြတ်သန်းကြပေမဲ့ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့ အထက်တန်းစားယောက်ကျားမှ...ဖြစ်ရမယ်ပေါ့။ အဲဒီအထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားလှပါတယ်။ ရှေးရိုးစွဲ မဆန်ချင်ဘူး။အချစ်ကို ကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့...အသင့်ဖြစ်နေသူလေးပါ။ အဲဒီလို ကောင်မလေးနဲ့ မိဘမရှိ လေလွင့်နေတဲ့ ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ...ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်။ မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို...အယူအဆတွေမှာလည်း...ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ ...အတော်ခက်တယ်ပြောရမှာပေါ့...ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်....File Size : 2.84GB / 1.33GB Quality : ...
movie

Valley Girl (2020)

The Piper (2023) 4.6
The Piper (2023)  The Piper (2023)ဒီဇာတ်လမ်းကတော့ လက်တွေ့လောကမှာ မတော်တဆမှုနဲ့ ဆုံးပါးသွားတဲ့ ဗြိတိသျှမင်းသားကြီး Julian Sands ရဲ့ နောက်ဆုံးသော ဇာတ်ကားတွေထဲကတစ်ခုပါ။ကံမကောင်းအကြောင်းမလှစွာနဲ့ ဆုံးပါးသွားခဲ့တဲ့ မင်းသားကြီးကတော့ ဒီ horror ဇာတ်ကားထဲမှာလည်း ကျရာဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းနောက်ခံကက်သရင်းလို့ ခေါ်တဲ့ နိုင်ငံကျော်ဂန္တဝင်တေးရေးဆရာမတစ်ယောက်ဟာ နောက်ဆုံးထွက်သက်ဖြစ်လုနီးနီးရှိခဲ့ပါတယ်။ဒါပေမဲ့ သူ့ရဲနောက်ဆုံးဆန္ဒဖြစ်သွားခဲ့တာကတော့ တစ်ခုပါပဲ။ တစ်ချိန်က သူရေးခဲ့တဲ့ ပွဲဦးထွက်ဂန္တဝင်တေးတစ်ပုဒ်ကို ဘယ်တော့မှလူထုရှေ့ ထုတ်မတီးပြဖို့ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ပုံပြင်လေးထဲကအတိုင်း ဒီသီချင်းကို ကြားတဲ့လူတိုင်း အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရမှာမလို့ပဲဖြစ်ပါတယ်။ ပုံအပြင်အကျဉ်းပိုက်ပါဆိုတဲ့ပုံပြင်လေးထဲမှာ ပလွေမှုတ်ဆရာတစ်ဦးရှိသတဲ့။ ဒီလိုနဲ့ ရွာတစ်ရွာမှာ ကြွက်တွေအရမ်းသောင်းကျန်းလွန်းလို့ မထိန်းနိုင်ဖြစ်ပြီတော့ ပလွေဆရာက အဖိုးတစ်ခုတောင်းပြီး ပြဿနာကိုဖြေရှင်းပေးဖြစ်လာပါတယ်။ဒါပေမဲ့ ဂတိစကားကို ပယ်ဖျက်ခဲ့တဲ့ရွာသားတွေဟာ ပလွေဆရာကို မထီမဲ့မြင်ပြုခဲ့ပါတယ်။ဒီလိုနဲ့ ပလွေဆရာ (ပိုက်ပါ) ဟာ ရွာသားတွေကို "မင်းတို့အတွက် အဖိုးအတန်ဆုံးအရာကို ဆုံးရှုံးရလိမ့်မယ်" လို့ ကျိန်စာတိုက်ခဲ့ပါတယ်။ကဲ...ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.3 GB) / ...
movie

The Piper (2023)

2023
BINI Chapter 2: Here With You (2024)
BINI Chapter 2: Here With You (2024) BINI Chapter 2 Here With You (2024) "တစ်မိုးအောက်က မိန်းမပျိုလေးများ ၂" ===============================================ကမ္ဘာပေါ်မှာ pop bands တွေ တဖြည်းဖြည်းများလာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံမှာလည်း တော်တော်လေးအောင်မြင်တဲ့ အမျိုးသမီး pop bands တစ်ခု ပေါ်လာခဲ့ပါတယ်။ဒီ Girl Bands ဟာ တော်တော်လေးအောင်မြင်တယ်ဆိုတာထက် ကိုရီးယားမှာ Blackpink တို့ Twice တို့ နာမည်ကြီးသလိုမျိုး ဖိလစ်ပိုင်နိုင်ငံမှာ လျှမ်းလျှမ်းတောက်ကို နာမည်ကြီးတာပါ။ အဲဒီ Girl Bands ရဲ့နာမည်ကတော့ BINI ပါ။ BINI ထဲမှာ အဖွဲ့ဝင် ရှစ်ယောက်ပါဝင်ပြီး အားလုံးကလည်း ငယ်ငယ်ချောချော ချစ်စရာလေးတွေပါ။ဒီ မှတ်တမ်းရုပ်ရှင်ကတော့ သူတို့အဖွဲ့ရဲ့ ပထမဆုံး Solo Concert မစတင်ခင် Concert အတွက် ပြင်ဆင်ကြပုံတွေ၊ သူတို့ရဲ့ ငယ်ဘဝတွေ Idol ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကို ပျော်စရာ၊ စိတ်အားတက်စရာ၊ emotional ဖြစ်စရာကောင်းအောင် ပုံဖော်တင်ဆက်ပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ဒီ BINI အဖွဲ့ဟာ ...
movie

BINI Chapter 2: Here With You (2024)

BINI Chapter 1: Born to Win (2024)
BINI Chapter 1: Born to Win (2024) BINI Chapter 1 Born To Win (2024) " တစ်မိုးအောက်က မိန်းမပျိုလေးများ" ===============================================ကမ္ဘာပေါ်မှာ pop bands တွေ တဖြည်းဖြည်းများလာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံမှာလည်း တော်တော်လေးအောင်မြင်တဲ့ အမျိုးသမီး pop bands တစ်ခု ပေါ်လာခဲ့ပါတယ်။ဒီ Girl Bands ဟာ တော်တော်လေးအောင်မြင်တယ်ဆိုတာထက် ကိုရီးယားမှာ Blackpink တို့ Twice တို့ နာမည်ကြီးသလိုမျိုး ဖိလစ်ပိုင်နိုင်နိုင်ငံမှာ လျှမ်းလျှမ်းတောက်ကို နာမည်ကြီးတာပါ။အဲဒီ Girl Bands ရဲ့နာမည်ကတော့ BINI ပါ။ BINI ထဲမှာ အဖွဲ့ဝင် ရှစ်ယောက်ပါဝင်ပြီး အားလုံးကလည်း ငယ်ငယ်ချောချော ချစ်စရာလေးတွေပါ။ဒီ မှတ်တမ်းရုပ်ရှင်ကတော့ သူတို့အဖွဲ့ရဲ့ ပထမဆုံး Solo Concert မစတင်ခင် Concert အတွက် ပြင်ဆင်ကြပုံတွေ၊ သူတို့ရဲ့ ငယ်ဘဝတွေ Idol ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကို ပျော်စရာ၊ စိတ်အားတက်စရာ၊ emotional ဖြစ်စရာကောင်းအောင် ပုံဖော်တင်ဆက်ပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ဒီ BINI အဖွဲ့ဟာ pop bands တစ်ခုအနေနဲ့ ...
movie

BINI Chapter 1: Born to Win (2024)

Kyrie (2023) Kyrie No Uta 6.8
Kyrie (2023) Kyrie No Uta Kyrie (2023)IMDb Rating (6.8) ရွှန်းဂျီ အိဝါအီ ဒါရိုက်တာက သူ့ကိုယ်ပိုင် ဝတ္ထုဖြစ်ကို အခြေခံရိုက်ကူးထားတဲ့ Kyrie no Uta ဆိုတဲ့ အချစ်အသားပေးမဟုတ်ဘဲ ဘဝအသားပေးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ပေးလိုက်ပါတယ်...ဘဝအသားပေးဆိုတာ ဘယ်လိုမျိုးလဲဆိုရင် သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့တဲ့ အစတည်းက ဖွံ့ဖြိုးမှုအားနည်းတဲ့ ကောင်မလေးတစ်ယောက် တစ်ချိန်တည်းမှာ မိသားစု၊ အချစ်၊ ပျော်ရွှင်မှုကို ပျောက်ဆုံးရုံမကဘူးသူဟာ ဘယ်သူဆိုတာကိုပါ မသိတော့တဲ့ ကောင်မလေးတစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ...ဒီကားလေးထဲမှာ ခံစားချက်နက်ရှိုင်းမှုတွေ၊ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ လူတချို့ရဲ့ ဘဝခံစားချက်တွေ၊ ထရာမာရပြီး ပြန်လည်တည်ဆောက်တဲ့ပုံတွေကို ပုံဖော်တင်ဆက်ထားပါတယ်...အဓိက ဇာတ်ဆောင် ကီရီအယ် ဆိုတဲ့ ကောင်မလေးကတော့ ပလပ်ဖောင်းပေါ်မှာနေပြီး နေ့စဉ် ဂစ်တာတစ်လုံးနဲ့ သီချင်းတွေကို သီဆိုပြီး ဘဝကို ဖြတ်သန်းနေခဲ့သူပေါ့....သူ့ထူးခြားချက်က စကားပြောရင် တစ်လုံးနဲ့ တစ်လုံး ခွာပြောတတ်သလို တစ်နေ့နေလို့ စကား ...
movie

Kyrie (2023) Kyrie No Uta

2023
The Cotton Club (1984) 6.5
The Cotton Club (1984)  Cotton Club 1984IMDb Rating (6.5) / Rotten Tomatoes (74%)ဟာလမ်ရဲ့ နာမည်ကျော် "Cotton Club" ဆိုတာကတော့ လူမည်းဂီတပညာရှင်တွေတီးခတ်ပြီး လူဖြူလူကုံထံတွေအများဆုံးလာရောက် အပန်းဖြေလေ့ရှိတဲ့ နိုက်ကလပ်တစ်ခုပဲ ဖြစ်ပါတယ် ။ဒစ်စီဒွိုင်ရာကတော့ "Cotton Club" ရဲ့ ဂျက်ဇ်ကော်နက်တီးတဲ့ တစ်ဦးတည်းသော လူဖြူတစ်ယောက်ပါ။တစ်နေ့မှာတော့ ကလပ်ကိုလာတဲ့ ဒတ်ချ်ရှော့ဇ်ဆိုတဲ့ လူဖြူသူဌေးတစ်ယောက်ကို ကယ်လိုက်ရာကနေ သူ့လက်အောက်မှာ အလုပ်ဝင်ဖို့ ဖြစ်သွားပါတယ်။အဲဒီအလုပ်ကတော့ ဒတ်ချ်ရဲ့ ရည်းစားကောင်မလေးဖြစ်တဲ့ ဗယ်ရာ့ကို အဖော်လိုက်လုပ်ပေးရမှာပါ။တကယ်တော့ ဒစ်စီကလည်း ဗယ်ရာ့ကို သဘောကျနေတာပါ။နောက်ပြီးတော့ ဒီကားလေးထဲမှာ ဒစ်စီတို့သုံးပွင့်ဆိုင်အပြင် တခြားသောဇာတ်ဆောင်တွေရဲ့အခန်းလည်း အများကြီးထည့်ထားပါသေးတယ်။လူဖြူ-လူမည်း ဇာတ်ကားတို့ထုံးစံအတိုင်း ဒီကားထဲမှာ လူမျိုးရေးခွဲခြားမှုတွေပါပြီးတော့ လူမည်းတွေရဲ့ ဂီတပါရမီထူးချွန်ပုံတို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။၈၀ခုနှစ်ကျော်က ထွက်ခဲ့တဲ့ musical film တစ်ပုဒ်ဖြစ်ပြီးတော့ ...
movie

The Cotton Club (1984)

1984
Piece by Piece (2024)

Piece by Piece (2024)

Duresori: The Voice of East (2012) 7.3
Duresori: The Voice of East (2012) Duresori: The Voice of East (2012)*********************************ဒီကားလေးကတော့ ဒူရယ်ဆိုရီလို့ခေါ်တဲ့ အထက်တန်းကျောင်းသားတွေပါဝင်တဲ့ သံစုံကျူးအဖွဲ့ပေါ်ပေါက်လာပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ဆယ်ကီနဲ့အာရမ်ဟာ ရိုးရာတေးဂီတကို ချစ်မြတ်နိုးပြီး ငယ်စဉ်ကတည်းကပဲ ရိုးရာဂီတကိုသီဆိုလာကြတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ် ..နာမည်ကြီး ရိုးရာတေးသီဆိုသူအဘွားကြောင့် ဘယ်နေရာရောက်ရောက် ကိုယ့်အရည်အချင်းထက် အဘွားကြောင့်အသိမှတ်ပြုခံရသလိုဖြစ်နေတဲ့ ဆယ်ကီ ..ရိုးရာဂီတမှာ ပါရမီပါပေမဲ့ မိဘမဲ့ဖြစ်ကာ အဒေါ်ဖြစ်သူက မရှိတဲ့ကြားကထောက်ပံ့နေရတဲ့အတွက် ကြိုးစားနေရတဲ့ အာရမ် ..ကျောင်းခေါ်ချိန် မပြည့်တဲ့ကလေးတွေစုပြီး ပွဲတစ်ခုမှာ သံစုံကျူးအဖွဲ့အ‌နေနဲ့ ဖျော်ဖြေဖို့ဖြစ်လာတဲ့အခါ ..ရိုးရာဂီတသီဆိုနေကြ ကလေးတွေ အမျိုးအစားမတူတဲ့ဂီတကို သီဆိုနိုင်အောင် ဆရာကဘယ်လိုလေ့ကျင့်ပေးသွားမှာလဲ။တေးဂီတတွေနဲ့အတူ အထက်တန်းကျောင်း ဆယ်ကျော်သက်အရွယ်ဘဝကို ပြန်လည်ခံစားရမယ့် လူငယ်ဇာတ်ကားလေးမို့ ကြည့်ရှုခံစားကြည့်ပါဦးနော် ..(အညွှန်းကို Shwe Pyae မှ ရေးသားထားပါတယ်)File size…2.07GB / 832MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 48 min. Genre ….. Music, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Shwe Pyae Encoded by ...
movie

Duresori: The Voice of East (2012)

Swing Kids (2018) 7.5
Swing Kids (2018) Swing Kids (2018)*******************ဒီတစ်ခါမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O, မင်းသမီး Park Hye Soo, ပရိတ်သတ်ရင်းနှီးပြီးသားသရုပ်ဆောင် Oh Jung se တို့အဓိက ပါဝင်ထားပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယား musical ရုပ်ရှင်လေးတစ်ကားကို ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင် ..ဇာတ်လမ်းအကျဉ်း *************** 1951ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာ မြောက်ကိုရီးယားနဲ့ တရုတ်အကျဉ်းသားတွေက တောင်ကိုရီးယား ဂိုဂျယ်ကျွန်းရှိ စခန်းကို စေလွှတ်ခံခဲ့ရပါတယ် ..POW စခန်းကတော့ ကွန်မြူနစ်စနစ်ကိုလိုလားတဲ့သူတွေနဲ့ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်တဲ့သူတွေအကြားက ပဋိပက္ခလက်အောက်မှာ ရှိနေပါတယ် ..ရိုဂီဆူကတော့ ဂိုဂျယ်POW စခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြောက်ကိုရီးယားစစ်သားတစ်‌ယောက်ပါ...အဲဒီအချိန်မှာပဲ တပ်ကြပ်ကြီးဂျက်ဆင်ဆီကို tap dance ဆိုတဲ့ ဖိနပ်စည်းချက်လိုက်အကကဖို့ အကအဖွဲ့တစ်ခုဖွဲ့ရန် အမိန့်ကျလာပါတယ်...အဲဒါကြောင့် ဂျက်ဆင်က စခန်းမှာ အကအဖွဲ့ဝင်တွေ ရွေးချယ်ဖို့အတွက် လူရွေးပွဲကျင်းပခဲ့ပြီး...နောက်ဆုံးမှာတော့ တရုတ်စစ်သား ရှောင်းဖန် ကွန်မြူနစ်ပါတီဝင်ဟု မတရားစွပ်စွဲခံခဲ့ရတဲ့ ဂန်ဗြောင်ဆမ်း နှင့် မိသားစုကို ထောက်ပံ့ပေးနေတဲ့ ယန်းဖန်းလယ်တို့ သုံးယောက်က အကအဖွဲ့မှာ ပါဖို့ဖြစ်လာပါတော့တယ် ...ထိုအချိန်တွင် တပ်ကြပ်ကြီးဂျက်ဆင်က ဂီဆူရဲ့ အကအရည်အချင်းကို သဘောကျပြီးတော့ အကအဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းတဲ့အခါမှာတော့....စစ်ပွဲအကြားမှာ ...
movie

Swing Kids (2018)

Technoboys (2024)
Technoboys (2024)  ဇာတ်လမ်းအကျဉ်းကတော့ 1990 ဝန်းကျင်လောက်က နာမည်ကြီးခဲ့တဲ့ Technoboys ဆိုတဲ့ မက္ကဆီကိုယောက်ျားလေးအဆိုတော်အဖွဲ့ဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် အဖွဲ့ခေါင်းဆောင် Allan ရဲ့ Melenaဆိုတဲ့ အဆိုတော်ကောင်မ‌လေးနဲ့ အချစ်ရေးပြဿနာကြောင့် ချက်ချင်းနာမည်ပျက်ခဲ့ရပြီး Technoboys လည်း ပျက်သွားခဲ့ရပါတယ်။နှစ်နှစ်ဆယ်‌ကြာပြီးနောက် Technoboys နာမည်ဟာ Loyalty Free ဖြစ်လာပြီးနောက် Allan နဲ့ သူ့ရဲ့ Manager အသစ်ဖြစ်တဲ့ George တို့က Copyright ကို ဝယ်ယူလိုက်ပြီး Technoboys ကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းကြပုံတွေကို ဟာသဆန်ဆန်ကြရမယ့် မက္ကဆီကို Dark Comedy ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီထဲမှာ Politic တွေ LGBTQ တွေကို ဒဲ့ Shade တာတွေပါတွေ့ရမှာဖြစ်ပြီး နာမည်ကြီးအောင်မြင်နေတဲ့သူတွေရဲ့နောက်ကွယ်က ဆိုးဝါးတဲ့ ဖြစ်ရပ်မှန်တွေကိုပါတွေ့ရမှာဖြစ်ပါတယ်။ IMDB မှာလည်း 5.3 ထိရထားတဲ့ Latino ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် File size…(1.9 GB)/(1 ...
movie

Technoboys (2024)

The Moon (2011) 5.8
The Moon (2011) စန္ဒာလမင်းရဲ့ ခရီးရှည် (၂၀၁၁)ဂီတဆိုတဲ့အရာက လူတွေရဲ့စိတ်နှလုံးကို ဖွင့်ဟခံစားတတ်လာအောင် ညှို့ယူဖမ်းစားတတ်တဲ့ မှော်လက်နက်ဆိုရင်လည်းမမှားပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ဆိုင်ရာ ဒေသ၊ နိုင်ငံအလိုက် ရိုးရာဂီတ၊ ကျေးလက်ဂီတ၊ ခေတ်ပေါ်ဂီတတွေရှိနေကြပြီး ဘဝအမောတွေကို ချွေးသိပ်ပေးနိုင်စွမ်းရှိတဲ့အတွက် အနားယူရင်းခံစားကြလေ့ရှိကြတဲ့အရာလည်းဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ၂၀၁၁ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်အမျိုးအစားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ၁၉၇၀ ဝန်းကျင် ကြံခုတ်ရင်းအသက်မွေးဝမ်းကျောင်းနေရတဲ့ ဆင်းရဲလွန်းတဲ့မိသားစုပေါက်ဖွားလာတဲ့ စာပေပညာလည်းမသင်ကြားခဲ့ရတဲ့အတွက် စာလည်းမရေးတတ်၊ ဖတ်လည်းမဖတ်တတ်တဲ့ ပူအမ် ကလေးမငယ်လေးတစ်ယောက်ရဲ့ဘဝကနေ ကျေးလက်ဂီတကို ထိုင်းနိုင်ငံမှာ လူသိများလူကြိုက်များလက်ခံလာအောင်စွမ်းဆောင်နိုင်ခဲ့သူ ကျေးလက်ဂီတလောကရဲ့ဘုရင်မလို့ ခေါ်တွင်လာရတဲ့ ပွမ်းပူအမ် ဒူအမ်ဂျန် (Pumpuang Duangjan) ဘဝအကြောင်းကို မှတ်တမ်းတင်ဂုဏ်ပြုရင်း ထိုင်းနိုင်ငံရဲ့ ကျေးလက်ဂီတသမိုင်းကို မပျောက်ပျက်ရအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ပူအမ်ဟာ ကျေးလက်သီချင်းတွေကို စင်မြင့်ထက်မှာ သီဆိုနိုင်ဖို့ဆိုတဲ့ ခိုင်မာတဲ့ဘဝရည်မှန်းချက်အတွက် ဘန်ကောက်ထိအရောက်သွားပြီး လေ့လာဆည်းပူးခဲ့ပုံ၊ ချစ်သူရှိလာပြီးနောက် အိမ်ထောင်သည်ဘဝနဲ့ သူမရဲ့ ဘဝအလှည့်အပြောင်းများ၊ ကျေးလက်ဂီတလောကရဲ့ ယှဉ်ပြိုင်စိန်ခေါ်မှုများ၊ မိသားစုကိုထောက်ပံ့ပေးနိုင်ဖို့အတွက် ကမ်းလှမ်းလာသမျှအနုပညာအလုပ်မျိုးစုံကို ကြိုးစားလုပ်ကိုင်ရင်း ဘဝကို ရင်ဆိုင်ဖြတ်သန်းကာ မိမိရဲ့ရည်မှန်းချက်မယိမ်းယိုင်ရအောင် ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်ပုံများက လူငယ်မျိုးဆက်သစ်များအတွက် လေးစားအားကျအတုယူစရာ စံပြတစ်ခုဖြစ်နေပါတော့တယ်။ထိုင်းနိုင်ငံ ကျေးလက်ဂီတရဲ့ရသနှင့် ကျေးလက်နေပြည်သူများရဲ့ဓလေ့ ယဉ်ကျေးမှုများနဲ့ ၁၉၇၀-၁၉၉၂ ဝန်းကျင် ထိုင်းနိုင်ငံရဲ့ ...
movie

The Moon (2011)

Hustle & Flow (2005) 7.3
Hustle & Flow (2005)  Hustle & Flow ဆိုတဲ့ ဒီကားက ဘဝမှာ ရုန်းကန်နေကြရတဲ့သူတိုင်း ..ကြိုးစားနေတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။ဇာတ်ကားထဲမှာ အောင်မြင်တဲ့ ရက်ပါ တစ်ယောက် ဖြစ်အောင်ကြိုးစားနေတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြပေးထားတာဖြစ်ပါတယ်။ ဖျာခေါင်းတစ်ယောက်ဟာ သူ့ဘဝကိုသူကိုယ်တိုင် မရှက်ဘဲ ဘဝရဲ့ ဆင်းရဲ မွဲတေမှုတွေကြားထဲကရုန်းထွက်ဖို့ ကြိုးစားနေတဲ့အကြောင်း၊ ဂီတဖန်တီးတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံရတတ်သလဲဆိုတဲ့အကြောင်းနဲ့ သူ့ဘဝအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်း ရွတ်ထားတဲ့ ရက်ပ်စာသားတွေအကြောင်း ဒီကားထဲမှာ ကြည့်ရှုလေ့လာခွင့် ရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ဒီဇာတ်ကားထဲမှာ တကယ့် အပြင်က ရက်ပါ Ludacris လည်းပါဝင် အားဖြည့်ပေးထားပါသေးတယ်။ဒီဇာတ်ကားက လူရာမသွင်းခံရတဲ့ ဖျာခေါင်းတစ်ယောက်ရဲ့ ဘဝကိုပဲရိုက်ပြပေးထားတာ မဟုတ်ပါဘူး။ ဘဝမှာ ဘာတွေပဲ အခြေအနေတွေဘယ်လောက်ဆိုးဆိုး ကိုယ့်မှာ ရှိတဲ့ အင်အားနဲ့ ရှေ့ဆက် ကြိုးစားတဲ့သူတစ်ယောက်အကြောင်း ရိုက်ပြပေးထားတာလည်းဖြစ်ပါတယ်။ကိုယ့်အနေနဲ့ အိပ်မက်တွေ .. မျှော်လင့်ချက်တွေအကြောင်းအရမ်းကောင်းတဲ့ မက်ဆေ့နဲ့ ...
movie

Hustle & Flow (2005)

All Too Well: The Short Film (2021) 9.1

All Too Well: The Short Film (2021)

2021
Drumline: A New Beat (2014) 5.0
Drumline: A New Beat (2014) IMDB: 5 Rotten Tomatoes: 37% Genre: Comedy/DramaDrumline: A New Beat (2014) ကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ပျော်ရှုပျော်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။စိတ်လက်ပေါ့ပေါ့ပါးပါးနဲဲ့ည့်လို့ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒါနီဆိုတာ လောလောလတ်လတ်အထက်တန်းပြီးလာတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ကောလိပ်တက်မယ်ဆိုတော့ အိမ်ကနာမည်ကြီးကျောင်းတက်စေချင်တယ်။သူ(မ) ကတော့ သူ(မ) ရဲ့ အိမ်မက်ဖြစ်တဲ့ ကျောင်းတီးဝိုင်းမှာ ဒရမ်သမ တစ်ယောက်ဖြစ်အောင် "A&T" မှာလာတက်ပါတယ်။သူ(မ) ဟာအဲလိုမျိုးမိဘတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးထွက်ခွာလာခဲ့တာကြောင့်သူ့သမီးလေးအတွက် ဘာမှမထောက်ပံ့တော့ပဲ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ရပါတော့တယ်။တစ်ယောက်တည်းလည်းနေရ၊ ကျောင်းမှာလည်းအဆင်မပြေတဲ့လူတွေရှိလာတဲ့အခါ ဒါနီတစ်ယောက်ဘယ်လိုဖြတ်သန်းမှာလဲ။  File Size :  2.3 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 1hr 41min Format : Mp4 Genre : Comedy, Drama, Music Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer ...
movie

Drumline: A New Beat (2014)