Channel Myanmar

Family

Let Life Be Beautiful (2020) 8.9
Let Life Be Beautiful (2020) ဒီတစ်ခါတင်ဆက်ပေးမဲ့ ကားလေးကတော့ အားလုံးကို မျက်ရည်ချူမဲ့ ဇာတ်ကားလေးပါ ဒီကားလေးဟာဆိုရင် သွေးကင်ဆာဖြစ်နေတဲ့ ဝမ်ရှင်းယန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ ဒီဇာတ်ကားလေးကို ကြည့်ရင်း ဘဝရဲ့ အဓိပ္ပါယ်ကို နားလည်လာပြီး ကိုယ့်မှာ ရှိတဲ့ အချိန် တစ်မိနစ် တစ်စက္ကန့်လေးကအစ တန်ဖိုးထားတတ်လာမှာပါမိသားစုရဲ့မေတ္တာတွေ သူငယ်ချင်းတွေရဲ့ မေတ္တာတွေကိုလည်း တစ်ဝကြီးခံစားရမှာပါ ဇာတ်ကြောင်းလေးကတော့ ဝမ်ရှင်းယန်က အဆိုတော် ဖြစ်လာဖို့ အိမ်မက်တွေတစ်ပုံကြီးရှိတဲ့လူငယ်တစ်ယောက်ပါ ဒါပေမဲ့ ကံအကြောင်းမလှစွာ မမျှော်လင့်ဘဲ ကင်ဆာရောဂါခံစားနေရတာကို သိလိုက်ရပါတယ် ပထမတော့ သိပ်မသိသာပေမဲ့ နောက်ပိုင်းမှာ ဒီရောဂါကြီးက ဘယ်ချိန်မဆိုသေသွားနိုင်တဲ့ အခြေအနေလို့ သိလိုက်ရတဲ့အချိန်မှာဝမ်ရှင်းယန်အနေနဲ့ သူ့ရဲ့ကျန်နေတဲ့အချိန်လေးတွေမှာ ကမ္ဘာကြီးအတွက် တစ်ခုခုကျန်ခဲ့အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်ဒီနေ့သေမလားမနက်ဖြန်သေမလား မသိနိုင်တဲ့ဘဝကြီးမှာ ဝမ်ရှင်းယန်အနေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်လိုတွေ ရှင်သန်နိုင်ဖို့ ကြိုးစားအားထုတ်မှာလဲဆိုတာအပြင် ဒီဇာတ်ကားလေးမှာ ရိုက်ကူးပုံဖော်ထားတဲ့ လူအများစု မသိကြတဲ့ ကင်ဆာရောဂါသည်တွေရဲ့ဘဝအကြောင်းကို ဒီကားလေးကနေတဆင့် ဆက်လက်ကြည့်ရှုခံစားရင်း ကိုယ့်ရဲ့ အဖိုးတန်တဲ့ဘဝလေးကို တန်ဖိုးထားချစ်မြတ်နိုးလိုက်ကြရအောင်... Filesize : 1.53 GB / 832 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime ...
movie

Let Life Be Beautiful (2020)

The Baby-Sitters Club (1995) 5.7
The Baby-Sitters Club (1995) The Baby-Sitters Club(1995)Imdb 5.7 ရရှိထားပြီး The Baby Sitters Club စာအုပ် Series ကိုမှီငြမ်းရိုက်ကူးထာတာဖြစ်ပါတယ်။2020 နဲ့ 1990 မှာ ဒီနာမည်နဲ့ပဲ Series တွေ ထွက်ထားတာရှိပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ခရက်စတီဟာ Baby-Sitters Club ရဲ့ Founder ဖြစ်ပြီးသူ့သူငယ်ချင်း ၆ယောက်နဲ့အတူ ကျောင်းအားချိန်မှာကလေးထိန်းတဲ့ ဝန်ဆောင်မှုတွေ လုပ်ကြပါတယ်။သူတို့ကျောင်းပိတ်တော့ တစ်ယောက်နဲ့တစ်ယောက် မခွဲချင်ဘူး၊တစ်နေရာတည်းမှာပဲအတူလုပ်ကြမယ်ဆိုပြီး ကလေးတွေအတွက်Camp တစ်ခုဖွင့်ဖို့ အကြံရလာကြပါတယ်။Campဖွင့်တစ်လျှောက်မှာ သူတို့ရင်ဆိုင်ရတဲ့ကမောက်ကမပြဿနာတွေ၊မိသားစုပြဿနာတွေ၊ဆယ်ကျော်သက်အချစ်ဦးကိစ္စတွေကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။သူတို့ သူငယ်ချင်း ၇ယောက်ရဲ့ တစ်ယောက်နဲ့တစ်ယောက် ဖေးမတာတွေ၊သူငယ်ချင်းအစစ်တွေရဲ့ ရသကိုလည်းဟာသလေးနှောရင်း ခံစားရဦးမှာဖြစ်ပါတယ်။ဒီဇာတ်ကားကနေ သူငယ်ချင်းတွေရဲ့ချစ်ခြင်းမေတ္တာတွေသူတို့ရဲ့ပြဿနာဖြေရှင်းပုံတွေကို ခံစားရမယ့်အပြင်ကလေးငယ်တွေရဲ့ အပြုအမူတွေကအပြစ်ကင်းစင်တဲ့အပြုအမူအပြောအဆိုတွေကရီလည်းရီရ ချစ်စရာလည်းကောင်းတာမို့ဒီဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။File size…    2.21 GB /  1.36 GB Quality… Web Rip 1080p / ...
movie

The Baby-Sitters Club (1995)

FernGully: The Last Rainforest (1992) 6.6
FernGully: The Last Rainforest (1992) ဒီဇာတ်ကားလေးကDisney ရဲ့ Hidden Gem animationဖြစ်ပြီး IMDb 6.6နဲ့ RT 67% ရထားပါတယ်။ဇာတ်လမ်း အကျဉ်းကတော့ ကမ္ဘာကြီးကို သစ်တောတွေနဲ့ပဲဖုံးလွှမ်း ထားတဲ့အချိန်တုန်းက နတ်သူငယ်လေးတွေကတောအုပ် ကြီးရဲ့ အစောင့်အရှောက်တွေ ဖြစ်ခဲ့ကြပါတယ်။သူတို့ရဲ့အရင်းနှီးဆုံးမိတ်ဆွေက လူသားတွေ ဖြစ်ခဲ့ကြတာပါ့။ဒီလိုနဲ့ တစ်နေ့မှာ ဟက်ဇပ်ဆိုတဲ့ ဖျက်ဆီးခြင်းနတ်ဘုရားနိုးထလာပြီး သစ်တောကြီးအပါအဝင် အရာအားလုံးကိုပျက်စီးအောင် လုပ်ပစ်ခဲ့လို့ လူတွေလည်း တောထဲကနေထွက်ပြေးသွားပါတယ်။ နတ်သူငယ်တွေက ဟက်ဇပ်ကိုမှော်အစွမ်းနဲ့ ထိန်းသိမ်းထားပြီး သစ်ပင်ကြီးတစ်ပင်ထဲမှာပိတ်ဆို့ဖမ်းဆီးထားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာချိန်မှာတော့ လူသားတွေ တောထဲကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ နတ်သူငယ်တွေရဲ့မိတ်ဆွေတွေအဖြစ်မဟုတ်ဘဲ တောအုပ်ကိုရှင်းပစ်ပြီး မြို့ပြချဲ့ထွင်ဖို့လုပ်မယ့်လူတွေအဖြစ်နဲ့ပါ။ သူတို့ကြောင့်ပဲ ဟက်ဇပ်ကိုချုပ်ထားတဲ့သစ်ပင်ကြီး လဲသွားပြီး ဟက်ဇပ်ပြန်လွတ်လာတဲ့အခါမှာနတ်သူငယ်လေးတွေက သူ့ကို ထပ်ပြီးတားဆီးဖို့အတွက်ဖြစ်လာပါတော့တယ်။  File size…    1.9 GB /  862 MB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. ...
movie

FernGully: The Last Rainforest (1992)

A Troll in Central Park (1994) 5.3
A Troll in Central Park (1994) A Troll in Central Park 1994 ဒီဇာတ်လမ်းလေးကတော့ Stanley ဆိုတဲ့မှင်စာလေးကိုအခြေခံထားပြီးပုံဖော်ထားပါတယ်။ Stanley ဟာမှင်စာဖြစ်ပေမယ့်စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်။သူ့မှာပန်းပင်လေးတွေကိုဖန်တီးနိုင်တဲ့မှော်ဆန်တဲ့အစိမ်းရောင်လက်မလေးကိုပိုင်ဆိုင်ထားတယ်။စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတို့ရဲ့ကမ္ဘာမှာဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကိုအလိုမရှိကြပါဘူး။ဆိုတော့ Stanley ကပန်းလေးတွေကိုသူ့ရဲ့နေရာလေးမှာပဲဘယ်သူမှမမြင်အောင်ဖုံးကွယ်ပြီးစိုက်ပျိုးထားရတာပါ။ဒီလိုနဲ့တစ်ရက်မှာတော့ပန်းပွင့်ကြီးတစ်ခုကိုဖန်တီးမိလိုက်ပြီးဘုရင်မကြီးဆီ Stanley ရဲ့သတင်းကရောက်ရှိသွားပါတယ်။Stanley ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ဒါပေမယ့်ဘုရင်မကြီးကတော့သူ့ကိုလုပ်ထုံးလုပ်နည်းအရကျောက်တုံးအဖြစ်ပြောင်းပစ်ချင်နေတာပါ။Central Park မှာ Stanley က Gus တို့မောင်နှမနှစ်ယောက်နဲ့ဆုံပြီးပျော်ရွှင်နေတာကို ဘုရင်မကြီးကတွေ့တော့သူ့ရဲ့ဒေါသတွေပိုပြီးကြီးထွားလာပါတယ်။ဆိုတော့ Stanley ဘုရင်မကြီးရဲ့ဒေါသကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ဘယ်လိုအခက်အခဲ အတားအဆီးတွေကိုကျော်ဖြတ်ရမလဲဆိုတာကိုဒီဇာတ်လမ်းလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။IMDB မှာလည်း 5.3ထိရရှိထားပြီးတော့ ဒီထဲက Soundtrack ဟာဆိုရင်လည်းပရိသတ်တွေရဲ့ရင်ထဲမှာနေရာတစ်ခုရရှိခဲ့ပါတယ်။ကလေးတွေအပြင် Animation ကြိုက်နှစ်သက်တဲ့လူတွေအတွက်အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ခုပါ။  File size…    1.8 GB /  830MB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 16m Genre ..... Family/Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by edrikk
movie

A Troll in Central Park (1994)

Gump – We Are Duo (2024) Gump – Jsme dvojka 6.2
Gump – We Are Duo (2024) Gump – Jsme dvojka  Gump – We Are Duo (2024)IMDb Rating (6.2) ဒီဇာတ်လမ်း လေး ကတော့ 2021 ကထွက်ရှိခဲ့တဲ့ Gump - Una Lección de Vida ဆိုတဲ့ ဇာတ်လမ်းလးရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းကတော့ဂမ့်ဆိုတဲ့ ခွေးလေး တစ်ကောင်နဲ့ ဖရက်ဒီဆိုတဲ့ သူ့ရဲ့ သခင်ကြားက မေတ္တာ တရားကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းလးဖြစ်ပါတယ်။တနေ့မှာ သူ့ရဲ့သခင်ဖြစ်တဲ့ ဖရက်ဒီ သေဆုံးသွားပြီးတဲ့နောက်မှာ နက်ဒ်ဆိုတဲ့ လူလတ်ပိုင်း လူ‌‌တစ်ယောက် စီမှာ သူ့သခင်က သူ့ကို အပ်နှံ ထားခဲ့ပါတယ်။ဒီလိုနဲ့ သူရဲ့ သခင် အသစ်နဲ့ ဘယ်လို နေထိုင်သွားမလဲ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာနဲ့ သူ့ရဲ့ သခင်ဟောင်းဖြစ်တဲ့ ဖရက်ဒီနဲ့ ကော ပြန်လည် ဆုံတွေ့နိုင်ပါ့မလား ဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Gump – We Are Duo (2024) Gump – Jsme dvojka

2024
Tom and Huck (1995) 5.5
Tom and Huck (1995) ဒီဇာတ်ကားက Disneyကထုတ်ထားတဲ့ Family/Adventureဇာတ်ကားဖြစ်ပြီး Disney themeနဲ့ ကွဲထွက်နေတဲ့ပုံစံမျိုးရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းပုံစံကတော့ အဒေါ့်အိမ်မှာ ကပ်နေနေတဲ့တွမ်ဆိုတဲ့ ကောင်လေးက အိမ်ကနေအမြဲထွက်ပြေးဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။အဲဒီလိုထွက်ပြေးရင်း ဟက်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။သူတို့၂ယောက်အဖွဲ့ကျရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုနဲ့ ကြုံလိုက်ရပါတယ်။ဒါကတော့ ရတနာသိုက်တူးရင်း လူသတ်မှုဖြစ်သွားတဲ့အမှုပဲဖြစ်ပါတယ်။တွမ်တို့ ၂ယောက်က လူသတ်တရားခံအစစ်ကိုမြင်လိုက်ပေမဲ့တရားခံက အင်မတန်ဆိုးတဲ့ ဓါးဝိဇ္ဇာကြီးဖြစ်နေလို့ သူတို့မြင်ခဲ့တဲ့အတိုင်း ထုတ်မပြောဖို့သစ္စာဆိုလိုက်ကြပါတယ်။သူတို့ရဲ့မြို့နေလူထုက တရားခံအစစ်မဟုတ်တဲ့သူကို စွပ်စွဲကားစင်တင်ဖို့လုပ်လာတဲ့အချိန်မှာစိတ်ရင်းမှန်တဲ့တွမ်တစ်ယောက် အမှန်တရားကို ထုတ်ပြောလိုက်မိသွားပါတယ်။အဲဒါကြောင့်ပဲ တရားခံအစစ်ဖြစ်တဲ့ဓါးဝိဇ္ဇာကြီးက တွမ်တို့ကို အငြိုးထားပြီးလိုက်သတ်ဖို့ကြိုးစားလာလို့ သူတို့၂ယောက် သက်စွန့်စံဖျား လူဆိုးကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ပုံကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။File size…    1.74 GB /  797 MB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 37m Genre ..... Adventure / Drama / Family Subtitle…. Myanmar Subtitle ...
movie

Tom and Huck (1995)

Harriet the Spy (1996) 6
Harriet the Spy (1996) ဒီဇာတ်ကားလေးကတော့ ဟဲရီရက်ဆိုတဲ့ ခြောက်တန်းအရွယ်ကောင်မလေးတစ်ယောက်ရဲ့စပိုင်လုပ်ပြီးတော့ စာရေးဆရာဖြစ်ချင်စိတ်ပြင်းပြမှုကို ပေါ့ပေါ့ပါးပါး ရိုက်ပြထားတာပါ။၁၁ နှစ်ပဲ ရှိသေးတဲ့ ဟဲရီရက် ဟာ တွေ့သမျှကို မှတ်စုစာအုပ်လေးထဲမှာ ချရေးပြီးတော့သူ့ရဲ့ စာရေးဆရာမ ဖြစ်ချင်စိတ်ကို မြင့်တင်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ကို ကလေးထိန်းပေးတဲ့ဂေါ်လီဟာ အကြောင်းတခုခုကြောင့် အလုပ်ထွက်သွားတဲ့ အခါမှာတော့ ဟဲရီရက်တစ်ယောက်လောကဓံကို တခုပြီးတခု စတင်ခံစားရပါတော့တယ်။ ဒီဇာတ်လမ်းလေးက ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်သင့်လဲဆိုတာကို သေချာပြသနိုင်တဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ဒီထဲမှာ ဟဲရိရက်ရဲ့ မိဘတွေက သားသမီးကို မအားတဲ့အခါ ပစ်ထားပေမယ့် တကယ်လိုအပ်တဲ့အခါမှာ သားသမီးတစ်ယောက်ကို ဘယ်လိုကောင်းကောင်း ကိုယ်တွယ်နိုင်တယ်ဆိုတာကိုပြသပေးနိုင်ပါတယ်။ မိသားစု သားသားမီးမီးလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ဆုံးမစကားလေးတွေပြောပြီး ကြည့်နိုင်တဲ့ကားလေးဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။File size…    3.7 GB /  1.13 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h ...
movie

Harriet the Spy (1996)

Muppets from Space (1999)
Muppets from Space (1999) IMDB Rating* - "6.4/10"နာမည်ကြီး Muppets Collections တွေထဲကမှ "Muppets from Space (1999) ဆိုတဲ့ ဇာတ်ကားလေးဟာ လူကြီး‌တွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂွန်ဇိုဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကိုအဓိက ရိုက်ပြထားတာပါ။Muppets တို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီ၊ ကာမစ် စသဖြင့်နာမည်ကြီး ဇာတ်ကောင်တွေလဲ ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သည့်တိုင်အောင် Muppets တို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ Muppets မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ ...
movie

Muppets from Space (1999)

Jungle 2 Jungle 5.2
Jungle 2 Jungle Jungle 2 Jungle (1997) IMDb - 5.2ဟာသမင်းသားကြီး Tim Allen ရဲ့ 1997 ထွက်ဟာသကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ် ခရုန်ဝဲလ် (Tim Allen) ဟာအောင်မြင်တဲ့ trader တယောက်ဖြစ်ပြီး ရည်းစားဖြစ်သူချားလော့နဲ့ လက်ထပ်ဖို့ပြင်ဆင်နေသူပါ။ ဒါပေမဲ့ ပထမဇနီးဖြစ်သူပက်ထရစ်ရှာနဲ့ အရင်ကွာရှင်းဖို့လိုသေးတာကြောင့် ပက်ထရစ်ရှာရှိတဲ့ဗင်နီဇွဲလားနိုင်ငံက လီပို လီပိုကျွန်းအထိလိုက်သွားခဲ့ပါတယ်။ပက်ထရစ်ရှာဆီကို ကွာရှင်းဖို့သွားခဲ့တာဆိုပေမဲ့ ပက်ထရစ်ရှာဆီမှာသူနဲ့ရတဲ့ သားလေးတစ်ယောက်ရှိနေသလို ဒေသခံမျိုးနွယ်စုရဲ့ ဓလေ့အတိုင်းနေထိုင်တဲ့ ကလေးတယောက်ဖြစ်နေခဲ့ပါတယ်။မိုက်ကယ်လည်း သားဖြစ်သူနဲ့စကားစမြည်ပြောရင်းမတော်တဆ နယူးယော့ခ်က လေဘာတီရုပ်တုဆီလိုက်ပို့ပေးမယ်လို့ကတိပေးမိသွားခဲ့ပါတယ်။ ဒါကြောင့် အဖေတယောက်ရဲ့ ကတိအတိုင်းလေဘာဆီရုပ်ဆီခေါ်သွားပေးဖို့သားဖြစ်သူ နယူးယော့ခ်ကိုခေါ်လာပြီးနောက်မှာတော့တောတွင်းသားနဲ့ သူ့အဖေတို့ရဲ့ နယူးယော့ခ် မြို့ပြမျက်မည်းပေါ်ကအလွဲလွဲအချော်ချော်ဖြစ်ကြပုံတွေကို ရယ်ရယ်မောမောကြည့်ရှုကြရမှာဖြစ်ပါတယ်။  File size…    2.4 GB /  1.2 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 46m Genre ..... Comedy/Family Subtitle…. Myanmar ...
movie

Jungle 2 Jungle

Snow White (2025) 1.7
Snow White (2025)    Snow White (2025)ဒစ္စနေးရဲ့ ကမ္ဘာကျော် ကာတွန်း စနိုးဝှိုက်ကို လူနဲ့ရိုက် လူနဲ့တီးထားတဲ့ ဗားရှင်း ထွက်ပါပြီ။ဒါရိုက်တာကတော့ အားလုံးချစ်တဲ့ အချစ်ကားလေး 500 Days of Summer ရဲ့ ဖန်တီးရှင် Marc Webb ပဲ ဖြစ်ပါတယ်။သရုပ်ဆောင်အနေနဲ့လည်း စနိုးဝှိုက်အဖြစ် ပြည်သူ့အချစ်တော် မင်းသမီးလေး Rachel Zegler ပါဝင်ထားပြီးမိဖုရားကြီးနေရာမှာလည်း မင်းသမီးကြီး Meryl Streep လိုမျိုး သရုပ်ဆောင်ကဝေတစ်ဆူဖြစ်တဲ့ Wonder Woman မင်းသမီး Gal Gadot က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။လူပေါင်းသုံးသိန်းကျော်ကလည်း IMDb rating (4×5)-12 / 5 တောင်ပေးထားပါတယ်။ ဒီ‌တော့ လက်လွတ်မခံဘဲ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းGal Godot က ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်ချင်တဲ့ စုန်းမ မိဖုရားကြီးပါ ဒါပေမဲ့ သူ့ရဲ့မှော်မှန်ကြီးက စနိုးဝှိုက်သာ ...
movie

Snow White (2025)

2025
4K HEVC
Angels in the Outfield (1994) 6.2
Angels in the Outfield (1994) Roger Boman ဆိုတဲ့ မိဘစွန့်ပစ်ခံထားရတဲ့ ကလေးလေးတစ်ယောက်ကBaseball အသင်းတစ်ခုကို စိတ်နှစ်နှစ်နဲ့ အားပေး‌နေတဲ့ ကလေးတစ်ယောက်ပါ။ဒီကလေးက နတ်သားတွေကို မြင်ရပါတယ်။Roger တစ်ယောက် အားပေးတဲ့အသင်းက သူသာအားပေးနေရတာ အမြဲရှုံးနေတဲ့အသင်းပေါ့။အဲဒီလိုနဲ့ Roger က အသင်းရဲ့ မန်နေဂျာနဲ့ တွေ့ပြီး အသင်းထဲကို ရောက်လာတယ်။အမြဲရှုံးနေတဲ့ ၎င်းအသင်းကို Roger က သူ မြင်နေရတဲ့နတ်သားတွေအကူအညီနဲ့ ဘယ်လိုမျိုး နိုင်အောင် ကြိုးစားသွားမလဲဆိုတာကိုစိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။File size…    2.36 GB /  1.37 GB Quality… WED-RIP 1080p / 720p Format… mp4 Audio... AAC Duration…. 1h 42m Genre ..... Comedy/Drama/Family/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Darth Stephen
movie

Angels in the Outfield (1994)

A Simple Wish (1997) 5.3
A Simple Wish (1997) A Simple Wish (1997)Fairy Godmother ဆိုတဲ့ နတ်သမီးအသွင်နဲ့ အဘွားအိုတွေကိုငယ်ဘဝက ကြည့်ရှုဖူးတဲ့ကာတွန်းဇာတ်လမ်းတွေမှာ မကြာခဏမြင်ရဖူးပါတယ်။စိတ်နှလုံးသားဖြူစင်သူတွေရဲ့ဆုတောင်းတစ်ခုကို ဖြည့်ဆည်းပေးတတ်ကြတဲ့Motherly Figure ဇာတ်ကောင်တွေလည်း ဖြစ်ကြပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ နတ်သူငယ်ခေါင်းကိုင်အမေ၊ ဆန်တာဘိုးဘိုး၊ သွားနတ်သမီးစတာတွေကို အကြွင်းမဲ့ယုံကြည်ထားသူကလေးမလေးတစ်ယောက်ရဲ့ဖြူစင်တဲ့ဆုတောင်းလေးတစ်ခုအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ဘရော့ဒ်ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် ပြဇာတ်အတွက် ဇာတ်ကောင်နေရာကိုလိုချင်နေတဲ့ အန်နာဘယ် နဲ့ ချာလီတို့ရဲ့ဖခင်ဖြစ်သူ အိုလီဗာဟာလူရွေးပွဲမှာတော့ ကံမကောင်းခဲ့ဘဲ နာမည်ရပြီးသားသရုပ်ဆောင်တစ်ယောက်ရဲ့နောက်ကနံပါတ် (၂) နေရာသာ ချိတ်သွားခဲ့ပါတယ်။သာမန်မြင်းလှည်းမောင်းသမားတစ်ယောက်ဖြစ်ပေမယ့်အသံဩဇာ ပါရမီပါသူ ဖခင်အတွက်သူလိုချင်တဲ့ ပြဇာတ်သရုပ်ဆောင်ဘ၀ရရှိအောင်ဖြည့်ဆည်းပေးချင်နေတဲ့ အန်နာဘယ်ဟာFairy Godmother တစ်ယောက်ဖြစ်နေပေမယ့်ယောကျ်ားဘဝကို ပိုင်ဆိုင်ထားသူဖြစ်တဲ့မာရေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အရွယ်ရောက်ခါစဖြစ်တဲ့ အစ်ကိုဖြစ်သူ ချာလီ နဲ့နတ်သမီးပုံပြင်တွေအကြောင်းကို ငြင်းခုန်ပြီး အိပ်ရာဝင်သွားတဲ့ညမှာပဲမောင်နှမနှစ်ယောက်ရဲ့ အိပ်ခန်းထဲကိုFairy Godmother တစ်ယောက်ဖြစ်တဲ့မာရေး ရောက်ရှိလာခဲ့ပါတယ်။ဆုတောင်းတစ်ခုကို ဖြည့်စွမ်းပေးမယ့် သူဖြစ်ကြောင်း သိသိချင်းမှာပဲ ဖခင်ဖြစ်သူ လိုချင်နေတဲ့ဇာတ်ကောင်နေရာအတွက် ဆုကို တောင်းပေးခဲ့ပါတယ်။မာရေးကလည်း ဆုတောင်းဖြည့်ပေးတော့မယ့်ဆဲဆဲမှာFairy Godmother များ နှစ်စဉ်တွေ့ဆုံပွဲကျင်းပရာကိုအလျင်စလို ...
movie

A Simple Wish (1997)

Monkey Trouble (1994) 5.3
Monkey Trouble (1994) ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူ ကြည့်လို့ရတဲ့ချစ်စရာ တိရစ္ဆာန်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ဒီထဲကအဓိကဇာတ်ကောင်က တခြားမဟုတ်ဘဲမျောက်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။အီဗာဆိုတဲ့ ကောင်မလေးကအိမ်ကလည်းမနိုင် အိမ်ကိုလည်းမပိုင်တဲ့ဂျစ်ကန်ကန်နဲ့ကလေးမလေးတစ်ယောက်ပေါ့။သူ့ခမျာ အိမ်မွေးခွေးတစ်ကောင်လောက် မွေးချင်‌ပေမဲ့ ပထွေးဖြစ်သူ တွမ်ကတိရစ္ဆာန်အမွေးနဲ့ ဓါတ်မတည့်လို့ မွေးခွင့်မရဘဲ ဖြစ်နေတာပါ။အဲဒီအချိန် သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာက ဒေါ့ဂျာရယ်လို့ ဖြစ်လာမယ့်မျောက်ကလေးတစ်ကောင်ပါ။အဲဒီမျောက်ကလေးက လမ်းဘေးဖျော်ဖြေသူတစ်ယောက်က မွေးထားတာဖြစ်ပြီး ပရိသတ်တွေဆီကနေ မျောက်ပြဆန်တောင်းလုပ်ရင်း ပိုက်ဆံတွေလက်ဝတ်ရတနာတွေ အလစ်သုတ်တတ်အောင်လေ့ကျင့်ပေးထားတဲ့ စောရမျောက်လေး ဖြစ်နေတာပါ။နဂိုထဲကတိရစ္ဆာန်မွေးချင်နေတဲ့ အီဗာဆီကို အဲဒီမျောက်ကလေးရောက်သွားတော့အိမ်ကလူတွေမသိအောင် မွေးထားရင်းမျောက်လေးရဲ့ မကောင်းတဲ့အကျင့်ကိုသိသွားတဲ့အခါသူရှာ‌‌ထားတဲ့ပြဿနာတွေကို အိမ်ကမသိအောင်ရှင်းရင်းအီဗာတစ်ယောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗျာများရပုံတွေကိုဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။File size…    3.18 GB /  1.3 GB Quality… WEB-DL 1080p / 720p Format… mp4 Audio... AAC Duration…. 1h 36m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by ...
movie

Monkey Trouble (1994)

Dunston Checks In 5.4
Dunston Checks In Dunston Checks In (1996) IMDB : 5.4 Rotten Tomatoes: 17%Genre :Family/Comedy Dunston Checks In (1996)ကတော့ ဘဝအမောကိုခဏလောက်ပြေပျောက်သွားစေမယ့်ဟာသဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဟာသဇာတ်မြူးလေးမလို့မိသားစုနှင့်ဖြစ်စေ တစ်ဦးတည်းဖြစ်စေ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ဇာတ်ညွှန်းရော်ဘတ်ဆိုတာကတော့ Majestic ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲ့မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ သားနှစ်ယောက်ရှိပြီးအဆိုပါဟိုတယ်ထဲမှာပဲ အတူတူနေထိုင်ကြတာဖြစ်ပါတယ်။သားနှစ်ယောက်ကလည်း အတော်မွှေတယ်ဆိုပါတော့။La Monde ခရီးသွားအဖွဲ့အစည်းကနေပြီး ကိုယ်စားလှယ်တစ်ယောက်လျှို့ဝှက်စေလွှတ်ကာ ကြယ်ငါးပွင့်ဟိုတယ်တိုင်းကို ကြယ် ၆ ပွင့်တိုးပေးမယ်ဆိုပြီး ဟိုတယ်ပိုင်ရှင်က မန်နေဂျာ ရော်ဘတ်ကိုပြောခဲ့ပါတယ်။ဖြစ်ချင်တော့တစ်ရက်မှာ မျောက်တစ်ကောင်နဲ့လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ မျောက်ကိုခိုင်းပြီးလက်ဝတ်လက်စားတွေခိုးယူဖို့ဖြစ်ပါတယ်။သူဟာမျောက်ကိုလူမသိအောင်ခိုးသယ်လာခဲ့ပေမယ့်သတိထားမိသူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲဒါကတော့ ရော်ဘတ်ရဲ့ သားအငယ်ကောင်ဖြစ်ပါတယ်။ ဒီလိုနဲ့ La Monde က ကိုယ်စားလှယ်ရောက်လာချိန်မှာမျောက်ကလည်း ဟိုတယ်ထဲပတ်မွှေနေပါပြီ။ဘယ်လိုအလွဲတွေဖြစ်မလည်းဆိုတာကိုတော့ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။    File size…    3.7 GB /  1.3 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ..... Family / Comdey Subtitle…. Myanmar ...
movie

Dunston Checks In

Baby’s Day Out (1994) 6.1
Baby’s Day Out (1994) Baby's Day Out (1994)IMDb Rating (6.2)၁၉၉၄ ခုနှစ်ဆိုတာ ရုပ်ရှင်လောကအတွက် တကယ့်ဂန္တဝင်ကားတွေ ထွက်တဲ့နှစ်ပါပဲ..Baby's Day Out ရုပ်ရှင်ကလဲ ၁၉၉၄ နှစ်ထုတ်ကုန်တခုဖြစ်ပြီး အမြဲတမ်းအမှတ်တရ ပြန်ပြန်ကြည့်နေရတဲ့ရုပ်ရှင်တကားပါပဲ။ကလေးလေးတယောက်နဲ့ လူဆိုး၃ယောက်သာ အဓိကထားရိုက်ပြထားတဲ့ ဒီဟာသကားလေးက ကြည့်ဖူးသူတိုင်းကို အပန်းဖြေရယ်မောစေခဲ့ရသလို ပြန်ပြန်ကြည့်တိုင်းလဲ ကြည်နူးပျော်ရွှင်ရစမြဲပါပဲအဓိကဇာတ်ကောင် ကလေးလေး Baby Bink အတွက် အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Adam Robert နှင့် Jacob Joseph Worton တို့နှစ်ယောက်စလုံးနဲ့ ရိုက်ကူးခဲ့တာပါ။ Adam နဲ့ Jacob Worton တို့ညီအစ်ကိုရဲ့ တစ်သက်လုံးမှာ တစ်ကားတည်း သရုပ်ဆောင်ဖူးတဲ့ ရုပ်ရှင်ဖြစ်ပြီး သူတို့ဟာ နောက်ထပ် ဘာကားမှ ထပ်မရိုက်ခဲ့ပါဘူး။Baby’s Day Out ကို အခုချိန်မှာ ဂန္တဝင်ဟာသကားတစ်ကားလို သတ်မှတ်ထားကြပေမယ့် ထွက်ရှိချိန်တုန်းကတော့ ကလေးကို အန္တရာယ်ကြီးမားတဲ့ ...
movie

Baby’s Day Out (1994)

National Lampoon’s Christmas Vacation (1989) 7.5
National Lampoon’s Christmas Vacation (1989) မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကိုပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။လက်ဆောင်တွေ ဖလှယ်ကြတယ်။ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသောအခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကိုတလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစုအဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက်ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကိုယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းကထွက်ရှိခဲ့တဲ့ “National Lampoon's ChristmasVacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။File size…    1.99 GB /  837 MB Quality… BluRay 1080p / 720p Format… ...
movie

National Lampoon’s Christmas Vacation (1989)

Beautiful Audrey (2024) 8.3
Beautiful Audrey (2024) Beautiful Audrey (2024)**********************IMDb... 8.3 ဘယ်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ လူတိုင်းကို တန်းတူညီမျှဆက်ဆံပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် သားသမီးတစ်ယောက်နဲ့အထက် မွေးထားတဲ့မိသားစုတွေမှာပေါ့။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။ မိခင်ဖြစ်သူ အိုမီယွန်းမှာ သားဖြစ်သူ ဂန်ဂီဟွန်း နဲ့ သမီးဖြစ်သူ ဂန်ဂျီအွန်းဆိုပြီး သားသမီးနှစ်ယောက်ရှိတယ်။ပညာရေးမှာလည်း ထူးချွန်ထက်မြက်သလို သားကြီးဩရသလည်းဖြစ်တဲ့ ဂီဟွန်းကို မိခင်ဖြစ်သူကသည်းသည်းလှုပ်ပဲပေါ့။ မောင်နှမနှစ်ယောက်ကို တမင်ခွဲခြားဆက်ဆံတာတော့မဟုတ်ပေမဲ့ကိုယ်ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ အရာရာ သားဖြစ်သူကိုပဲ ဦးစားပေးမိတဲ့အခါသမီးငယ် ဂျီအွန်းရဲ့ စိတ်ထဲမှာ “မိသားစုက သူ့အစ်ကိုကိုပဲ​ဦးစားပေးတယ်” ဆိုတဲ့ စိတ်ဒဏ်ရာကတစ်စတစ်စ ကြီးထွားလာပါတော့တယ်။ဒီလိုနဲ့ အရွယ်လေးရောက်လာကြတော့ အစ်ကိုဖြစ်တဲ့ ဂီဟွန်းက အမေနဲ့အတူတူ မွေးရပ်မြေမှာခေါက်ဆွဲဆိုင်လေးဖွင့်ထားပေမဲ့ ဂျီအွန်းကတော့ ဝါသနာပါရာ အိုင်ဒေါအလုပ်ကိုလုပ်ဖို့အိမ်ကနေထွက်သွားပြီး မိသားစုကိုပါ သံယောဇဥ်ဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ တစ်ရက်ကျ မိခင်ဖြစ်သူ အိုမီယွန်းတစ်ယောက် အယ်ဇိုင်းမားဆိုတဲ့ မှတ်ဉာဏ်တွေဆုံးရှုံးရတဲ့ ဝေဒနာဆိုးကြီးကို ခံစားလိုက်ရတဲ့အခါမှာ ..။ Wanna One ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်လှတာကြောင့်Weak Hero ...
movie

Beautiful Audrey (2024)

Tale of the Forest Unicorn (2025) 5.5
Tale of the Forest Unicorn (2025)  ဒီကားကိုတော့ ဒါရိုက်တာ Sophie Osbourne ရိုက်ကူးထားပြီး Becca Hirani, Louis James , StephanieLodge တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားကတော့ မိသားစုဇာတ်လမ်း အမျိုးအစားဖြစ်ပြီးဗွိုင်းအိုးလက်ဆိုတဲ့ ကောင်မလေးအကြောင်း ရိုက်ကူးထားတာပါ။ဗွိုင်းအိုးလက်ဟာ အဖေနဲ့ အမေ မတော်တဆမှုကြောင့်သေဆုံးပြီးနောက်မှာ ဦးလေးဖြစ်သူ ပီတာရဲ့ မိသားစုနဲ့အတူနေဖို့အတွက် ရွာလေးတစ်ရွာကို ရောက်လာခဲ့ပါတယ်။စိတ်ထိခိုက်နေတဲ့ ဗွိုင်းအိုးလက်ဟာ စကားလည်းမပြောတော့သလို မိသားစုအသစ်နဲ့ အသားကျဖို့လဲခက်ခဲနေခဲ့ပါတယ်။ဒီလိုနဲ့ စိတ်ပြေလက်ပျောက် တောအုပ်ထဲကို လျှောက်သွားရင်းကနေ ယူနီကွန်းတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ဝမ်းကွဲတွေဖြစ်တဲ့ နိုအာနဲ့ လီလီတို့ပါ ယူနီကွန်းအကြောင်းသိသွားတဲ့နောက် ကလေးသုံးယောက်က လျှို့ဝှက်ချက်အဖြစ် ထားခဲ့ကြပါတယ်။ဒါပေမယ့် တစ်နေ့မှာ တောအုပ်ကို ဝယ်ပြီး ဖျက်ဆီးမယ့်သူပေါ်လာတဲ့အခါ ကလေးသုံးယောက်က တောအုပ်ကိုကာကွယ်ပြီး ယူနီကွန်းကို ကွယ်ဝှက်ပေးထားဖို့ ဖြစ်လာပါတယ်။ဒီလိုနဲ့ သူတို့ကြိုးပမ်းမှုမှာ မိဘတွေပါ ပါဝင်လာတဲ့အခါ.....တစ်ဖက်လူရဲ့ ဖိအားနဲ့ ခြိမ်းခြောက်မှုတွေကြားမှာ သူတို့တောအုပ်နဲ့ ယူနီကွန်းကို တကယ်ပဲ ကာကွယ်နိုင်သွားမှာလားဆိုတာကို ဒီဇာတ်ကားလေးထဲ ...
movie

Tale of the Forest Unicorn (2025)

The Indian in the Cupboard (1995) 6.0
The Indian in the Cupboard (1995) လက်ရှိအမေရိကန်ပြည်ထောင်စုရှိတဲ့ နေရာကြီးကို ဂျော့်ဝါရှင်တန်စပြီးတော့ ရှာမတွေ့ခင်ကတည်းက ဒီနေရာမှာနေနေတဲ့ Native American လူမျိုးတွေက ရှိပြီးသားပါ။ယနေ့ခေတ် လူဖြူတွေများလာတဲ့အခါမှာတော့ ဒီ Native American တွေကိုလူမျိုးတွေခွဲခြားဆက်ဆံတာတွေ နှိမ်ချင်တာတွေရှိကြပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီလိုမျိုး လူမျိုးရေးတွေကိုကလေးတစ်ယောက်အမြင်ကနေ ဘယ်လိုရှိလဲဆိုတာကို ပြသထားပါတယ်။Native American တွေက လူမျိူးစုတွေ အများကြီးရှိပြီးလူမျိုးစု တစုနဲ့တစုနဲ့ရိုးရာတွေ နေထိုင်ပုံတွေက မတူကြပါဘူး ။ဒီဇာတ်လမ်းထဲမှာ ရိုးရာမတူညီမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေကိုဘေးဖယ်ပြီးတော့ ဘယ်လို ပေါင်းစည်းရမလဲကို ပေါ့ပေါ့ပါးပါး ပြသထားပါတယ်။ဇာတ်လမ်း အကျဉ်း အော်မရီ ဆိုတဲ့ ကောင်လေးက မွေးနေ့မှာသစ်သားဗီရီုလေးတစ်လုံးကို လက်ဆောင်ရပါတယ်ဒီဗီရိုကိုသော့ခတ်ဖို့ သူ့အမေကလည်း သော့လေးတစ်ခုပေးပါတယ်။သူဆီမှာရှိတဲ့ Native American အရုပ်ကလေးတစ်ရုပ်ကို ဗီဒိုထဲထည့်ဆော့ပြီးတော့သော့ခတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ ဒီအရုပ်လေးက လူဖြစ်ပြီးတော့ အသက်ဝင်လာခဲ့ပါတယ်။အော်မရီ ကကလေးတစ်ယောက်မနေနဲ့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဒီအရုပ်ကလေးကရောဘယ်သူလဲဆိုတာကိုဇာတ်လမ်းထဲမှာ ဆက်ကြည့်ရမှာပါ။ဒီရုပ်ရှင်က The Indian In the Cupboard ဆိုတဲ့ ...
movie

The Indian in the Cupboard (1995)