Channel Myanmar

Biography

City of Lies (2018) 6.5
City of Lies (2018) City of Lies (2018)********************Who Shot Biggie???ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ... အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်...ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်...မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်...1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ... ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ စုံထောက်တစ်ယောက်ပါ...နောက်ထပ်ဒီအမှုကို စိတ်ဝင်စားပြီး သတင်းလိုက်နေတဲ့သူကတော့ Jackson ဆိုတဲ့ ...
movie

City of Lies (2018)

A Private War (2018) 6.7
A Private War (2018) A Private War (2018)*********************IMDB 6.7,,,,,Rotten ..... 89ဒီဇာတ်ကားကတော့ အမျိုးသမီး သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Marie Colvin အကြောင်းကိုရိုက်ကူးထားတာပါ........သူမဟာ  အများအတွက်အကျိုးရှိစေမယ့် သတင်းမှန်တစ်ခုတင်ပြဖို့အတွက်ဆိုဘာမဆို ရင်ဆိုင်ရဲတဲ့ အာဂသတ္တိခဲသတင်းထောက်တစ်ဦးပါ...အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ စစ်တလင်းတွေကြား သတင်းယူဖို့ ဝန်မလေးသလိုဒီသတင်းကိုတင်ပြဖို့အရေးလည်း လက်မတွန့်တတ်သူတစ်ယောက်ပါ...သူမရဲ့ ရဲဝံမှုတွေနဲ့ အများအကျိုးပြုဆောင်ရွက်ချက်တွေကြောင့် ဂုဏ်ပြုဆုများစွာရရှိခဲ့သလိုသတင်းသမားတွေရဲ့ စံပြအမျိုးသမီးလည်းဖြစ်ခဲ့ပါတယ်..ဒါ့ကြောင့် ဒီဇာတ်ကားကိုပြန်လည်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်...ဒီဇာတ်ကားဟာလည်း ဆု(၂)ဆုနဲ့ အခြားဆု(၇)ဆုအတွက်ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်..ကိုင်း Marie Colvin တစ်ယောက် ဘယ်လိုပြုမူလှုပ်ရှားလဲ..စစ်ပွဲကြားကိုအသက်စွန့်ပြီးဘယ်လို သတင်းယူလဲ....ကိုင်း စစ်အတွင်း ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးကိုကြည့်ရှုချင်တဲ့သူတွေအတွက်ကားကောင်းတစ်ကားပါ.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Myo ပဲဖြစ်ပါတယ်...) File Size : (2.58GB) and (764 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:50:00 Genre : Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by May Myo Encoded by AHtet
movie

A Private War (2018)

The Firing Squad (2024) 6.0
The Firing Squad (2024)  ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Timothy A. Cheyရိုက်ကူးထားတဲ့ Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ဖြစ်ရပ်မှန်အဖြစ်အပျက်တွေပေါ်မှာ အခြေခံထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ Cuba Goodin Jr., Kevin Sorboနဲ့ James Barrington တို့က ပါဝင်ပေးထားပါတယ်။ဇာတ်အိမ်ကို အင်ဒိုနီးရှားနိုင်ငံမှာတည်ထားပြီးတော့ သေဒဏ်ပေးခံရတော့မယ့် ခရစ်ယာန်အကျဉ်းသားသုံးယောက်အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရာဇဝတ်မှုတွေနဲ့မကောင်းတဲ့အလုပ်တွေကိုလုပ်ခဲ့လို့ သေဒဏ်ကျခံရတော့မယ့်ထောင်သားသုံးယောက်ဟာ သူတို့ရဲ့အပြစ်တွေကို ချေဖျက်ဖို့အတွက် ဘာသာရေးကိုရှာတွေ့သွားပြီးတော့ သူတို့ရဲ့ဘဝတွေကိုသာမကပဲ ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲနိုင်သွားပုံကို ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းက ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာတောင်မျှော်လင့်ချက်တွေရှိသေးတယ်ဆိုတဲ့အချက်ကို ပေါ်လွင်အောင်ရိုက်ပြထားနိုင်ပြီးတော့ Motivation တွေရစေပါတယ်။IMDb မှာ Rating ကောင်းတစ်ခုကို ရရှိထားတဲ့အပြင်ကြည့်ရှုသူတွေကို စိတ်ခွန်အားပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.67GB) / (794MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre …..Adventure , Biography , Drama Subtitle….Myanmar Subtitle ...
movie

The Firing Squad (2024)

Mesrine: Public Enemy #1 (2008) 7.4
Mesrine: Public Enemy #1 (2008)  Genre – Action, Biography, Crime IMDB – 7.4/10 ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကိုအရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကိုနားမလည်ပဲ နေမှာစိုးလို့ပါ။ ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့်လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲတစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာသက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ ...
movie

Mesrine: Public Enemy #1 (2008)

Mesrine: Killer Instinct(2008) 7.5
Mesrine: Killer Instinct(2008) Mesrine: Killer Instinct(2008)****************************Jacques mesrine ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီးမိဘအိမ် ပြန်လာတဲ့ သူပါ...သူ့မိဘက သူ့ကို အလုပ်ကောင်းကောင်းတစ်ခုရှာပေးခဲ့ပေမယ့် သူကတော့ဂျာမနီလူမျိုးတွေနဲ့မို့ အလုပ်မလုပ်ချင်ပါဘူး ဒါပေမယ့် တစ်နေ့မှာ သူ့သူငယ်ချင်းဖြစ်သူ Jean Paul Mercier ဟာ ဂိုဏ်းစတားတစ်ဦးဖြစ်သူGuido ဆိုတဲ့ လူဆီကို ခေါ်သွားပါတယ် ,,,အဲ့ဒီအလုပ်က သူများပစ္စည်းခိုးတာတွေ ဘဏ်ဖောက်တာတွေ ဖြစ်တာကြောင့်တစ်ခါတည်းနဲ့ ငွေအချီကြီးရလေ့ရှိပါတယ်,,, အဲ့ဒီလို ငွေအချီကြီးကို မက်ပြီး Jacque mesrine တစ်ယောက် မကောင်းမှုထဲကို တစ်စတစ်စ နစ်ဝင်သွားချိန်မှာတော့...File Size :(3.2GB)(1.1GB)(and (392MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:53:00 Genre :  Action ,Biography , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Mesrine: Killer Instinct(2008)

Door to Door (2002) 7.8
Door to Door (2002) ဘေလ်ပေါ်တာဆိုတဲ့သူဟာ မွေးကတည်းက Cerebral Palsy ဆိုတဲ့ ရောဂါတစ်မျိုးကြောင့်အများသူငါလိုပြောဆိုဆက်ဆံရာမှာ အခက်တွေ့ရသူ တစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ ထူးဆန်းတဲ့ လမ်းလျှောက်ပုံ၊ စကားပြောဆိုပုံတွေကြောင့် ဉာဏ်ရည်မမီသူ၊မသန်စွမ်း တစ်ယောက်အနေနဲ့ အများက သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်တဲ့ သူ့ဖခင်ရဲ့အကြောင်းတွေကို ငယ်စဉ်ကတည်းက နားရည်ဝနေခဲ့တော့သူ့ရဲ့ အခြေအနေကို ဂရုမထားဘဲ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။မိခင်ဖြစ်သူကလည်း ဘေလ်ပေါ်တာကို ဘဝမှာ တစ်ရက်မှ သိမ်ငယ်စိတ်မဝင်ရအောင် အားပေးခဲ့ပါတယ်။အိမ်သုံးသန့်ရှင်းရေးပစ္စည်း နဲ့ ဟင်းခတ်အမွေးအကြိုင် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဝက်ကင်းစ်ကုမ္ပဏီမှာအလုပ်ဝင်လုပ်ရရေးဟာ ဘေလ်ပေါ်တာရဲ့ အိမ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ စိတ်ရှည်သည်းခံမှု နဲ့ မဆုတ်မနစ်တဲ့ဇွဲလုံ့လတို့ကြောင့် ဘယ် အရောင်းသမားမှ မသွားချင်တဲ့ရပ်ကွက်တစ်ခုကို အပိုင်စားရခဲ့ပါတယ်။သူ့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့စကားပြောဆိုပုံကြောင့် အများကသနားစာနာစိတ်နဲ့ ပေးကမ်းကြပေမယ့်သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ မာနက သူ့ကို ပေးကမ်းသမျှကို ငြင်းဆန်စေခဲ့ပါတယ်။စကားပြောဆိုမှု၊ လှုပ်ရှားမှုအခက်အခဲတွေကို ကျော်လွှားပြီး အလုပ်သဘောသက်သက်နဲ့သာသူ့ရဲ့ပစ္စည်းတွေကို ကြော်ငြာရောင်းချနိုင်ခဲ့ပါတယ်။သူ့ရဲ့ အရောင်းသမား ပါဝင်တဲ့ဟာသတွေကလည်း ...
movie

Door to Door (2002)

The Grandmaster (2013) 6.6
The Grandmaster (2013) The Grandmaster(2013)*************************IMDb....6.6တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာ မသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှ မဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲ ခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ် ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီး သူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပ စက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင် သူ့ဘဝရဲ့ ပထမနှစ်လေးဆယ်က နွေဦးလို သာယာခဲ့တယ် ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်း ဆောင်းရာသီနေ့ရက်တွေအကြောင်းကို တင်ဆက်ပြသထားပါတယ်။သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့် ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့ တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်း ဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့ တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။ တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာ အော်စကာနှစ်ဆု Nomineeဝင်ထားတဲ့ ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေ ထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့ သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။File Size : 2.74GB/ 1.82 GB Quality :  BluRay 1080p/ 720 p Format…mp4 Duration…02:10:00 Genre : Action, Drama, Biography Subtitle : ...
movie

The Grandmaster (2013)

Reagan (2024) 6.2
Reagan (2024)  ဒီ ဇာတ်လမ်းလေးကအမေရိကန် နိုင်ငံရဲ့ အယောက်လေးဆယ်မြောက်ရုပ်ရှင် သရုပ်ဆောင်ကနေ သမ္မတလာဖြစ်တဲ့ ရော်နယ်ရေဂန် ရဲ့ ဘဝဇာတ်ကြောင်း Biography ဇာတ်လမ်းလေးပါ၊ ဒီဇာတ်လမ်းက Paul Kengor ရဲ့ The Crusader: Ronald Reagan and the Fall of Communism ဆိုတဲ့ စာအုပ်ကို Inspired ယူပြီး ရိုက်ထားတာပါ ။ရော်နယ်ရေဂန်က ဟောလိဝုဒ်မင်းသားကနေ California ရဲ့ မြို့တော်ဝန်ဖြစ်လာပြီး အမေရိကန် နိုင်ငံရေးလောကထဲကို ဝင်လာပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ သမ္မတဖြစ်ခဲ့တာပါ။ အခု ဂျိုးဘိုင်ဒန်မတိုင်ခင်အထိ ရေဂန်က အမေရိကန် သမ္မတတွေထဲမှာ အသက်အကြီးဆုံး သမ္မတ တစ်ယောက်ပါ။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲတာ သူ့ကြောင့်လို့ တော်တော်များများကအခုချိန်ထိပြောကြပါတယ် ။ ဒီထဲမှာတော့ ဆိုဗီယက် KGB အေးဂျင့်ဟောင်းတစ်ယောက်က ...
movie

Reagan (2024)

Robert Downey Jr.: High Altitude (2023) 6.5
Robert Downey Jr.: High Altitude (2023) Robert Downey Jr: High Altitude IMDb - 6.5 ======================ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ ကျွန်မတို့ ချစ်ရတဲ့ Iron Man တိုနီစတာ့ခ်ရဲ့ တကယ့်ဘဝအကြောင်းရိုက်ထားတဲ့ ‌မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။လူတိုင်းချစ်ရတဲ့ အိုင်ရွန်းမန်း ကာရိုက်တာရဲ့ ပဲ့ကိုင်ရှင် ‌ရောဘတ်တစ်ယောက် ဒီလိုအခြေအနေမျိုး ‌ရောက်လာဖို့ လာအခက်အခဲတွေရှိခဲ့မလဲ ရိုလာကိုစတာလိုမျိုး သူ့ဘဝမှာ အတက်အကျတွေများပြီး‌ ကြမ်းတမ်းခဲ့တာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ရောဘတ်က အရည်အချင်းလေးလည်းရှိလို့ အနုပညာလောကထဲရောက်ပြီး အောင်မြင်ခါစအဖြေအနေမှာ သူ့ရဲ့ ဆေးသုံးတတ်တဲ့ပြဿနာက သူ့ကို အောက်ဆုံးထိဆွဲခေါ်သွားခဲ့ပါတယ်။ဒီနေ့လူတွေမြင်နေရတဲ့ မိသားစုကိုချစ်တဲ့ အလုပ်ကြိုးစားပြီး တော်တဲ့ရောဘတ်တစ်ယောက်ဖြစ်အောင် သူမူးယစ်ဆေးကို ဘယ်လိုဖြတ်ခဲ့ရလဲ အောက်ဆုံးကနေဘယ်လိုပြန်တက်ရလဲဆိုတာ ကြည့်ပြီး အားကျအတုယူဖို့ကောင်းလှပါတယ်။စတားဘဝကိုရောက်ပြီး အောက်ဆုံးပြန်ကျခဲ့တာတောင် လက်မလျော့ပဲ ထပ်ကြိုးစားခဲ့တဲ့ ရောဘတ်ရဲ့အတုယူဖွယ်ကောင်းတဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဒီရုပ်ရှင်ကနေကြည့်ပြီး အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ File size… 1.2 GB / 640 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yoon Hsu
movie

Robert Downey Jr.: High Altitude (2023)

Dario Argento: Panico (2023) 6.7
Dario Argento: Panico (2023) Dario Argento Panico (2023) ———————————- Genre - Documentary IMDb - 6.7/10သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုရေးသားရိုက်ကူးတဲ့ နာမည်ကြီးအီတလီဒါရိုက်တာ Dario Argentoရဲ့ အလုပ်နဲ့ဘဝကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ် သားစဉ်မြေးဆက်ရုပ်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့သူ့မိသားစုအကြောင်းနဲ့ Darioရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေနဲ့ ဘယ်လိုရိုက်ကူးခဲ့ရလဲဆိုတာတွေသေးစိတ်ပါဝင်ပါတယ်Documentaryအမျိုးအစားဆိုတဲ့အတိုင်းစကားပြောခန်းတွေပဲ အများဆုံးပါတယ်ဆိုပေမယ့်လည်းပြည်တွင်းကနေပြည်ပထိကို ပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ဒါရိုက်တာတယောက်ရဲ့အကြောင်းကို သေချာရိုက်ပြထားတဲ့အတွက်ကြည့်ရှုဖိုတော့လက်မလွှတ်သင့်ပါဘူး File size… 1.67 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Lamin Khin
movie

Dario Argento: Panico (2023)

Being Maria (2024) 6.1
Being Maria (2024)  Being Maria (2024)IMDb Rating (6.1) / Rotten Tomatoes (67%) ဒီပြင်သစ် ဘိုင်အိုဂရပ်ဖီတစ်ခြမ်း psychological dramaတစ်ခြမ်း ရုပ်ရှင်က မာလွန်ဘရန်ဒိုနဲ့အတူ The Last Tango In Parisဆိုတဲ့ နာမည်ကျော်ရုပ်ရှင်မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးMaria Schneiderရဲ့ ဖြတ်သန်းမှုကို ရိုက်ပြထားတယ်။ပြောရရင် The Last Tango ရိုက်တုန်းက သူ့ခေတ်သူ့အခါအရ ဒီရုပ်ရှင်က လိင်မှုခန်းတွေက အရမ်းကြမ်းတမ်းနေခဲ့လို့ ဝေဖန်ခံခဲ့ရတယ်။ဒါရိုက်တာကလည်း ပြင်သစ်ကနေထွက်သွားသလို ဘရန်ဒိုကလည်း သူ့အရပ်သူပြန်သွားတဲ့နောက် မင်းသမီးကပဲ ဒီဝေဖန်မှုတွေကို ခါးစည်းခံခဲ့ရတဲ့အကြောင်းကိုလည်း ပြထားတယ်။ဒီလိုအဖြစ်တွေက Lust Cautionနဲ့ ထျန်းဝေလည်းဖြစ်ခဲ့ဖူးသလို တော်တော်များများလည်း ဖြစ်ခဲ့တဲ့ကိစ္စတွေပါပဲ။ဒီလိုအဖြစ်တွေမှာ မင်းသမီးတွေ ဘယ်လိုခါးစည်းခံရလဲ ဘယ်လိုပြိုလဲကျလဲ ဒီရုပ်ရှင်မှာ ကျွန်တော်တို့ မြင်ရမှာပါ။မာရီယာဆိုတဲ့ ဆယ်ကျော်သက်မလေး မင်းသမီးဖြစ်ချင်ခဲ့တာကနေ မင်းသမီးဖြစ်လာပြီး သူရင်ဆိုင်ရတဲ့အခက်အခဲတွေအထိကို ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.5 GB) ...
movie

Being Maria (2024)

2024
The Keeper (2018) 7.5
The Keeper (2018) The Keeper(2018)IMDb....7.5ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ...ကျွန်တော်ပြောတာကို ယုံလိုက်ပါ... ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး...သူ့နာမည်က ထရော့မန်း...ဂျာမန်လူမျိုး... ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ... ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ...ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်...အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်...အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့...ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး...ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့...အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်... File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 ...
movie

The Keeper (2018)

Commander (2024) Komandir 6.7
Commander (2024) Komandir  Komandir (2024)IMDb Rating (6.7) ရုရှက ထုတ်တဲ့ biographical actionအမျိုးအစားရုပ်ရှင်ပေါ့။၁၉၈၈မှာ တကယ်ဖြစ်ခဲ့တဲ့ ဆရာမနဲ့ ကလေး၃၀ကို ပြန်ပေးဆွဲခဲ့တဲ့ အဖြစ်ကို အခြေတည်ထားတယ်။အဓိကကတော့ ရုရှက Alpha Groupခေါ် Group Aလို့ခေါ်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး အထူးအဖွဲ့အကြောင်းပဲ။ဒီအဖွဲ့ကို ရုရှက 1974မှာ စတင်တည်ထောင်ခဲ့ပြီး အခုဆို အနှစ်၅၀အတိပေါ့။ဒီအဖွဲ့ အနှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်ပဲ ဒီရုပ်ရှင်ကိုရိုက်တယ်ဆိုတယ်။ဇာတ်လမ်းအဆုံးမှာ ပူတင်တောင် ပါလာသေးတယ်။ဇာတ်ကတော့ ရုရှရဲ့စစ်ပွဲကာလတွေကနေ ရုရုမှာ အိုလံပစ်ကျင်းပခဲ့တဲ့ ၁၉၈၀ကာလကနေ မျက်မှောက်ခတ်အထိသွားထားတယ်။ဂျီနက်ဒီလို့ခေါ်တဲ့ ရုရှစစ်သားတစ်ယောက်ရဲ့ စစ်သားမဖြစ်ခင်ဘဝကနေ အထူးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့အထိ ဖြတ်သန်းပုံအဆင့်ဆင့်ကို ရုရှရဲ့ နိုင်ငံရေးတွေကိုပါ ရောယှက်ပြီး ပြသွားတယ်။ပြောရရင် ဒီကားက hijackingကို အဓိကပြထားတဲ့ ကားလို့လည်း ပြောလို့ရတယ်။စစ်တွေရော ပြန်ပေးဆွဲတာတွေရော အစုံပလုံမြင်ရမယ့်အပြင် ရုရှအကြောင်းကိုလည်း ပမာဏတစ်ခုအထိသိရအောင် ရိုက်ပြထားတဲ့ မဆိုးတဲ့ ရုရှရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.6 GB) / ...
movie

Commander (2024) Komandir

2024
Gifted Hands: The Ben Carson Story (2009) 7.5
Gifted Hands: The Ben Carson Story (2009) ဒီဇာတ်လမ်းက အမေရိကန်က နာမည်ကျော် အာရုံကြောခွဲစိတ်ဆရာဝန်ဘန်ကာဆင်ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.5နဲ့ RT 85%ထိ rating ကောင်းတွေရရှိထားတာပဲ ဖြစ်ပါတယ်။ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန်တစ်ဖြစ်လဲ ဘင်ဂျမင်ကာဆန်ဟာတစ်ကိုယ်တော်မိခင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီးငယ်စဉ်က အတန်းထဲမှာ နောက်ဆုံးကရေရင် ထိပ်ဆုံးရတဲ့အထိပညာရေးပိုင်းမှာအားနည်းခဲ့သူပါ။ဒါပေမဲ့ ကိုယ်တိုင် ပညာမတတ်လို့ရုန်းကန်ခဲ့ရတဲ့ မိခင်ဖြစ်သူက သူ့သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်တာကြောင့်ငယ်ငယ်ကတည်းက ပုံသွင်းလေ့ကျင့်ရင်းတဖြည်းဖြည်းနဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ မိဘအစုံအလင်မရှိတဲ့ သားသမီးတွေရဲ့ ထုံးစံအတိုင်းဘင်မှာ ဒေါသမထိန်းနိုင်တဲ့ ဉာဉ်ဆိုးတစ်ခုရှိသလို အဲဒီစိတ်ကြောင့်ဘဝပျက်နိုင်တဲ့အထိ ဖြစ်သွားတဲ့အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့သူပါ။ဒီလိုမျိုး ငွေကြေးပိုင်း လူမျိုးရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ ဘင်ကာဆန်ဘဝကနေတစ်ချိန်မှာခေါင်းချင်းဆက်အမြွှာနှစ်ဦးကို အသက်ရှင်လျက် အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့တဲ့ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန် ဖြစ်လာတဲ့အထိဘဝဇာတ်ကြောင်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အားကျအတုယူစရာ ကောင်းလောက်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် မိဘမေတ္တာတွေ၊ မိသားစုကြားကချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသလိုမှတ်သားစရာ ဆေးပညာဆိုင်ရာ ဗဟုသုတ‌တွေလည်းပါတာမို့ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File Size :  1.8 GB, 777 MB Quality ...
movie

Gifted Hands: The Ben Carson Story (2009)

The Insider(1999) 7.9
The Insider(1999) The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်..နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်း အထက်လူကြီးဆီကို အဲဒီဒေါက်တာက တင်ပြခဲ့တယ်...အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို သိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : 4.51GB & 990MB Quality : ...
movie

The Insider(1999)

1999
The Three Stooges (2000) 6.9
The Three Stooges (2000) The Three Stooges ကိုအားလုံးသိကြမှာပါ။ငယ်ဘဝရဲ့တစ်စိတ်တပိုင်း၊ ပရိသတ်ကို ပါးစပ်မစေ့ရအောင် ဖျော်ဖြေပေးတဲ့ လူသုံးယောက်အဖွဲ့ပေါ့။Stooge ကို မြန်မာလိုပြန်ရင် "အရူး" တဲ့။ အဲတော့ "အရူး သုံးယောက်" ပေါ့ဗျာ။ဒါပေမယ့် ဒီတစ်ခုကတော့ ခင်ဗျားတို့မြင်နေကြ Three Stooges မဟုတ်သလို ရယ်ရတဲ့ ဇာတ်လမ်းတစ်ခုလည်းမဟုတ်ပါဘူး။သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ဖော်ထားတဲ့ Docu/Drama ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ကျွန်တော်ဖတ်ဖူးတဲ့ စာတစ်ခုရှိတယ်။"အမြဲတမ်းရယ်မောနေတဲ့လူက ဝမ်းနည်းစရာတွေနဲ့အမြဲလိုလိုကြုံတွေ့နေရတဲ့လူဖြစ်ပြီး၊ပေါတောတောနေတဲ့လူတွေကလည်း ဘဝရဲ့ထိုးနှက်ချက်ကို အလူးအလဲခံဖူးတဲ့လူ" ဖြစ်ပါတယ်တဲ့။Robert DeNiro ရဲ့ "The King of Comedy" မှာဆို "ခင်ဗျားတို့ကိုအရမ်းရယ်ရတဲ့ ဟာသတစ်ခုပြောပြမယ်" ဆိုပြီးသူ့ဘဝကို ပြန်လည်ပြောပြတဲ့အခန်းပါပါတယ်။ဒီ Three Stooges မှာလည်းအဲလိုပါပဲ။Moe HowardCurly HowardLarry FineShemp Howard သူတို့ဘယ်လိုမျိုး ဟာသလောကထဲကိုဝင်လာလဲခေါင်းပုံဖြတ်အမြတ်ကြီးစားခံရတဲ့ဘဝကနေပြီး "Colombia Pictures""20th Century Fox""Werner Bros" တို့လို ဒိတ်ဒိတ်ကြဲ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ ...
movie

The Three Stooges (2000)

Sleeping with a Tiger aka Mit einem Tiger schlafen(2024) 7.0
Sleeping with a Tiger aka Mit einem Tiger schlafen(2024) Mit einem Tiger schlafen(Sleeping with a Tiger) (2024) Genre - Drama IMDb - 7/10 —————————————————————— ဒီရုပ်ရှင်ကAustralia director ‘ Anja Salomonowitz’ ကရိုက်ကူးထားတဲ့ ‘Maria Lassnig’ ရဲ့အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်တယ်။၂၄ ဖေဖော်ဝါရီလ ၂၀၂၄ မှာပွဲဦးထွက်ပြသခဲ့ပြီးတဲ့နောက်မှာတော့ ၇၄ကြိမ်မြောက် Berlin International Filmမှာရွေးချယ်ခံခဲ့ရတဲ့ အောင်မြင်တဲ့ရုပ်ရှင်တပုဒ်ဖြစ်တယ်။ယောကျာ်းတွေပဲကြီးစိုးထားတဲ့အနုပညာလောကမှာသူမဘယ်လိုရုန်းကန်ခဲ့ရပုံတွေနဲ့ သူမရဲ့သူများနဲ့ကွဲထွက်နေတဲ့ကိုယ်ပိုင်အနုပညာကိုရှာဖွေဖော်ထုတ်ဖို့ကြိုးစားရင်း အတွင်းစိတ်ဝေဒနာတွေကို ပန်းချီကားချပ်ပေါ်မှာပီပြင်စွာရေးဆွဲနိုင်ခဲ့တဲ့အပြင် ငယ်စဉ်ထဲကအရောင်တွေအပေါ်စွဲလန်းမှု သူမရဲ့ပန်းချီတွေကို သားသမီးသဖွယ်တန်ဖိုးထားတတ်တဲ့ပုံတွေကို ကြည့်ရှုနိုင်မယ့်ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size… 1.02 GB / 477 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lamin Khin
movie

Sleeping with a Tiger aka Mit einem Tiger schlafen(2024)

A Dangerous Method (2011) 6.4
A Dangerous Method (2011) ဒီဇာတ်ကားကတော့ စိတ်ပညာရပ်နယ်ပယ်မှာ ဖခင်ကြီးတစ်ဖြစ်တဲ့အော်စတြီးရန်းနိုင်ငံသာ ဂျူးလူမျိုး အာရုံကြောပါရဂူ ဆစ်ဂ်မန်ဖရွိုက်ဒ်နဲ့ကားလ်ဂျန်ဆိုတဲ့ စိတ်ကုထုံးကညာရှင်တစ်ဦးရဲ့အကြောင်းကို အသားပေးရိုက်ကူးထားတဲ့Biography Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒေါက်တာကားလ်ဂျန်ဟာ စိတ်ဖောက်နေတဲ့ရုရှားသူ ဆဘရီနာရှပီရွိုင်းဆိုသူကို လူနာအဖြစ် လက်ခံကုသပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူ့ကိုကုသရမှာ သူတို့ခေတ်အခါက ကုထုံးတွေ နည်းလမ်းတွေကိုသုံးပြီး စိတ်ကိုစိစစ်ကုသပေးခဲ့ပါတယ်။သို့ပေမဲ့လည်း သူတစ်ဦးတည်းကုသဖို့ အဆင်မပြေတဲ့အခါပရော်ဖက်ဆာဖရွိုက်ဒ်နဲ့ တွေ့ဆုံပြီး နည်းလမ်းအသစ်တွေရှာဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းကတော့ ပညာရပ်ပိုင်းဆိုင်ရာဇာတ်ကားဖြစ်တဲ့အတွက် ခက်ခဲနက်နဲပြီးတွေးရတာကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားတစ်ကားဖြစ်ပါတယ်။ဒီဇတ်ကားက ဒိတ်ဒိတ်ကြဲဆရာကြီးတွေရဲ့ စကားဝိုင်းတွေ အတွေးအခေါ်တွေအပေါ်ကိုအခြေခံရိုက်ကူးထားတာဖြစ်လို့ သာမန်လူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် လိုက်မီဖို့ ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့ သင်က လက်ရှိခေတ်စိတ်ပညာရပ်ပိုင်းဆိုင်ရာရဲ့ သမိုင်းကြောင်း မြစ်ဖျားခံရာကိုလေ့လာလိုသူဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။  File Size :  1.9 GB, 728 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 39min Format : Mp4 Genre : Biography, Drama, Romance Subtitle ...
movie

A Dangerous Method (2011)

Memoir Seorang Guru (2024) 8.4
Memoir Seorang Guru (2024)  Memoir Seorang Guru (2024)IMDb Rating (8.4)ဇာတ်ကားကတော့ ပညာပေးဇာတ်လမ်းပါ။မလေးရှားနိုင်ငံက ရွာဘက်က ကျောင်းတစ်ကျောင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်သွားတဲ့ဆရာတစ်ယောက်ရဲ့အကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားပါတယ်။ကျောင်းဆရာက အရည်အသွေးကို အဓိကမထားဘဲ ဘွဲ့တွေဂုဏ်တွေ၊ လုပ်ထုံးလုပ်နည်းသက်သက်ကို ဦးစားပေးလာတဲ့ ပညာရေးကို မကြိုက်တော့ပါဘူး။ဒီလိုနဲ့ ပညာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို လိုက်မနာဖို့ဆုံးဖြတ်မိတယ်ဆိုရင်ပဲ အဲဒီကျောင်းဆရာဟာ နယ်ဘက်ကို ပြောင်းရွှေ့ခံရတော့တာပဲ။ဒါပေမယ့် ဆူနန်အတွက်တော့ နယ်ဘက်မှာ ကျောင်းဆရာဖြစ်ရတာကိုပဲ ဂုဏ်ယူခဲ့ပါတယ်။ကလေးတွေကို ပြုစုပျိုးထောင်ပေးရတာကိုက ကျောင်းဆရာရဲ့ ဂုဏ်ပဲလို့ သူက မှတ်ယူတယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်တွေ အောင်မြင်သွားသလားဆိုတာတော့.. ။ဒီရုပ်ရှင်ကားကို ဒါရိုက်တာ Kyoll Hamzah က စီစဥ်ရိုက်ကူးခဲ့ပြီး (IMDb rating 8.4) ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)File size…(2.1 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Biography Duration….01:44:52 Subtitle….Myanmar ...
movie

Memoir Seorang Guru (2024)

2024