Channel Myanmar

Lee Won-Jong

200 Pounds Beauty (2006) 6.7
200 Pounds Beauty (2006) 200 Pounds Beauty (2006)**************************IMDb... 6.7 "မာရီယာ~~~" ဆိုတဲ့ သီချင်းလေးကို ကြားလိုက်တာနဲ့ ဒီဇာတ်ကားလေးကို ပြန်အမှတ်ရသွားစေတဲ့အထိဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဒီ 200 Pounds Beauty ဆိုတဲ့ ဇာတ်ကားလေးကို quality၊ ဘာသာပြန် အလန်းဖြင့်ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ဇာတ်လမ်းလေးကတော့ အကုန်သိပြီးကြတဲ့အတိုင်း သီချင်းဆိုတဲ့နေရာမှာ တော်ပေမဲ့လည်း ရုပ်ဆိုးပြီးဝတဲ့အတွက် ကန့်လန့်ကာနောက်ကနေ သူများအတွက် သီချင်းဆိုပေး‌နေရတဲ့ အဆိုတော်မလေး ဟန်နာ။သူသဘောကျရတဲ့သူကတော့ သူနဲ့ အလုပ်တွဲလုပ်နေတဲ့ ပရိုဂျူဆာ ဆန်းဂျွန်းဆိုသူပေါ့။ဒါပေမဲ့ တစ်ရက် သူသဘောကျရတဲ့သူက သူ့နောက်ကွယ်မှာ သူ့ကိုအသုံးချပြီး မကောင်းပြောတာကြားလိုက်ရတဲ့အခါမှာတော့ ဟန်နာတစ်ယောက် တစ်ကိုယ်လုံး ခွဲစိတ်ပြုပြင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ခွဲစိတ်ပြုပြင်ပြီး အရမ်းလှသွားတဲ့ ဟန်နာတစ်ယောက် သူဖြစ်ချင်တဲ့ အဆိုတော်ဖြစ်သွားမလား...ဆန်းဂျွန်းနဲ့ရော ဘယ်လိုဖြစ်သွားမလဲဆိုတာအပြင် အဖေတစ်ခု သမီးတစ်ခုဖြစ်တဲ့ ဟန်နာနဲ့သူ့အဖေရဲ့ အကြောင်းကလည်း ရင်ထဲထိစေမှာဖြစ်တဲ့အတွက် ကြည့်ပြီးတဲ့သူရောမကြည့်ရသေးတဲ့သူတွေပါ ကြည့်ရှုကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်နော်။ File Size : 2.18GB/ 1.06GB Quality ...
movie

200 Pounds Beauty (2006)

The Age of Blood (2017) 6.2
The Age of Blood (2017) The Age of Blood (2017)***********************IMDb... 6.2 Action,Drama ကားကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက်မင်းသား Jung Hae-in နဲ့ The Haunted Palace ထဲက မင်းကြီး Kim Ji-hoon တို့ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းတွင်းကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂျိုဆွန်းရဲ့အတော်ဆုံး ဓားဝိဇ္ဇာဖြစ်တဲ့ ဂင်ဟို (Jung Hae-in) ဟာ ကိစ္စတစ်ခုကြောင့်တော်ဝင်ကိုယ်ရံတော်ကနေ အကျဥ်းစောင့်အဖြစ် ရာထူးချခံလိုက်ရပါတယ်။ဒီလိုနဲ့ အကျဥ်းသားတွေကို စောင့်ကြပ်နေတဲ့ညတစ်ညမှာ အမည်မသိအုပ်စုတစ်စုကအကျဥ်းထောင်ကို မှောင်ခိုဝင်ရောက်လာပြီး တွေ့သမျှလူတွေကို သတ်ဖြတ်ရုံမကပုန်ကန်မှုကြီးရဲ့ ခေါင်းဆောင်အဖြစ် ဖမ်းဆီးခံထားရတဲ့ အီအင်ဂျွာ (Kim Ji-hoon) ကိုပါခေါ်ထုတ်သွားဖို့ ကြိုးပမ်းပါတော့တယ်။အဲဒီအုပ်စုဟာ အောယောင်းချောင်းလို့ခေါ်တဲ့ စစ်သည်တော် ၅ယောက်အဖွဲ့ဖြစ်နေပြီးအီအင်ဂျွာနဲ့အတူ ဘုရင်ကို သုတ်သင်ရှင်းလင်းဖို့ ကြံစည်နေတာကို ဂင်ဟိုတစ်ယောက်သိရှိသွားတဲ့အခါမှာတော့..သူပုန်တွေနဲ့ပြည့်နှက်နေတဲ့ နန်းတော်အတွင်းမှာ ဘုရင်ကိုကာကွယ်ဖို့အတွက် သူတစ်ဦးတစ်ယောက်တည်းဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲ.. ပုန်ကန်မှုကရော အထမြောက်သွားမလား...ဂင်ဟိုကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ရာဇဝင်ကားကိုမှ အက်ရှင်ခပ်ကြမ်းကြမ်းနဲ့သရုပ်ဖော်ထားတာမို့လို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu ...
movie

The Age of Blood (2017)

Herb (2007) 6.3
Herb (2007) Herb (2007) *************2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ Chunsa Film Art Awards အပါအဝင် Best New Actor Award ,Excellent Actor Award ဆုတွေပါ ရရှိထားပြီး Cast တွေအနေနဲ့ကလည်း မင်းသမီးကြီး Bae Jong-Ok , ချစ်စရာမင်းသမီးလေး Kang Hye -Jung နဲ့ မင်းသားချော Jung Kyung -Ho တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~ချာဆန်းအွန်းဆိုတဲ့ အသက်၂၀ အရွယ်ကောင်မလေးဟာ ရုပ်လေးလည်း လှသလို စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့အပြင် စက္ကူရုပ်မျိုးစုံကိုလည်း ခေါက်တတ်တဲ့ ပါရမီပါသူလေးပါ။ ဒီလို ပြီးပြည့်စုံပေမဲ့လည်း သူမဟာ ဉာဏ်ရည်နှောင့်နှေးတဲ့ရောဂါကို ခံစားနေရတာကြောင့် အသက် ၇နှစ်အရွယ် ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ် ။ဒီလိုမျိုး လူ့လောကအကြောင်းကို အပြည့်အဝနိုင်လည်နိုင်စွမ်းမရှိဘဲ ပုံပြင်ထဲက မင်းသားလေးကိုပဲ စောင့်မျှော်နေပြီး ကလေးတစ်ယောက်လို ဖြူစင်လှတဲ့ ဆန်းအွန်းလေးကိုယ်တိုင် အရာရာကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်ဖို့ အတွက် သူမ အရမ်းချစ်ရတဲ့အမေက အမြဲတမ်း ...
movie

Herb (2007)

Oh! Brothers (2003)
Oh! Brothers (2003) Oh! Brothers (2003)************************Squid Game မှ မင်းသားကြီး Lee Jung Jae နဲ့ The Roundup,My Wife is a Gangster စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့မင်းသားကြီး Lee Beom Soo တို့ အတွဲညီညီနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဟာသဇာတ်ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့..အိုဆန်းဝူ (Lee Jung Jae) ဟာ ချမ်းသာပြီး ဖောက်ပြန်နေတဲ့သူတွေရဲ့နောက်ကိုခိုးလိုက်ပြီးဓာတ်ပုံရိုက်ရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။တစ်နေ့မှာတော့ ဆန်းဝူတစ်‌ယောက် သူ့အဖေဆုံးတဲ့သတင်းကို ကြားလိုက်ရပြီးအဖေရဲ့‌ နောက်မိန်းမကလည်း ဘယ်ကိုရောက်မှန်းမသိ ပျောက်သွားတဲ့အတွက်သူ့အ‌ဖေရဲ့အကြွေးတွေက သူ့ဆီကို ပုံကျလာပါတယ်။ဒါကြောင့် သူ့မိထွေးကိုရှာဖို့ ရှားပါးရောဂါတစ်ခုကြောင့် အသက်၁၂နှစ်ပဲရှိသေးပေမဲ့လူလတ်ပိုင်းယောက်ျားကြီးလို ရုပ်ရင့်နေတဲ့ အဖေတူအမေကွဲ ညီလေးအိုဘုံဂူ (Lee Beom Soo) ကို အရင်လိုက်ရှာရပါတော့တယ်။ချက်ကလွဲပြီး ဘာဆို ဘာမှမတူကြတဲ့ သူတို့၂ယောက် ပထမဆုံးတွေ့ဆုံပြီးအကြွေးဆပ်ဖို့ ...
movie

Oh! Brothers (2003)

Land of Happiness (2024) 7
Land of Happiness (2024) Land of Happiness (2024)**************************ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Choo Chang-Min ရိုက်ကူးထားပြီးCastတွေ အနေနဲ့ကတော့ Jo Jung-suk. Lee Sun-Kyun နဲ့ Yoo Jae-Myung တို့အဓိကပါဝင်ထားတဲ့ ၁၉၇၉ ခုနှစ် သမ္မတလုပ်ကြံခံရမှုအပြီး ခေတ်အခြေအနေကိုပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းတရားရေးတိုက်ပွဲတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Jung In-Hoo ဟာ သမ္မတကိုလုပ်ကြံသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ဗိုလ်မှူး Park Tae-Juဘက်နေ ခုခံကာကွယ်ပေးခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းမှာ အခက်ခဲဆုံးသော နိုင်ငံရေးတရားခွင်ထဲက တစ်ခုကို ရင်ဆိုင်နေရပါတယ်။ဖြစ်စဥ်ကတော့ သမ္မတ လုပ်ကြံမခံရခင်မှာ Tae-Ju ဟာ သက်တော်စောင့်တွေကိုနှိမ်နင်းထားဖို့ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲဆီမှ အမိန့်ကို လက်ခံရရှိခဲ့တာပါပဲ။ဒါပေမဲ့ အဲဒီဖြစ်ရပ်ကို "ကြိုတင်စီစဉ်ထားတဲ့ ပုန်ကန်မှု" အဖြစ် ခေါင်းစဉ်တပ်ခံလိုက်ရတဲ့အခါIn-Hoo ဟာ Tae-Ju ကို အမှုကနေ ကယ်တင်နိုင်မဲ့နည်းလမ်းနဲ့ သက်သေပြဖို့အကြံတွေပေးခဲ့ပေမဲ့လည်း Tae-Ju က ...
movie

Land of Happiness (2024)

Mr. Perfect (2014) 6.7
Mr. Perfect (2014) Mr. Perfect (2014) ***************** ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ Comedy/Sport Drama အမျိုးအစား ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Yoon Shi Yoon၊ Yeo Jin Goo၊ Lee Kyung Young တို့အပြင် ပရိသတ်နဲ့ရင်းနှီးပြီးသား သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ************* ပါရမီရှင် ဂေါက်ရိုက်သမားတစ်ယောက်ဖြစ်တဲ့ ဘဲ့ဆယ်ဂျင်း(Yoon Shi Yoon)ဟာ အချိန်တိုအတွင်းမှာ အဓိကပြိုင်ပွဲပေါင်းများစွာကို အနိုင်ရဗိုလ်စွဲခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် အောင်မြင်မှုကို ရေရှည်မထိန်းနိုင်ဘဲ အရှုပ်အပွေသတင်းပေါင်းများစွာနဲ့ လက်ရည်ပိုင်းမှာရော ကြေးစားအဆင့်သတ်မှတ်ချက်မှာပါ ကျဆင်းလာခဲ့ပါတယ်။တစ်နေ့ အရက်မူးပြီးကားမောင်းရင်းနဲ့ မတော်တဆမှုဖြစ်ခဲ့ပြီး ကားပေါ်မှာပါလာတဲ့ သူ့ရဲ့သူငယ်ချင်းပါ အသက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီအချိန်ကစလို့ ဘဲ့ဆယ်ဂျင်းဟာ စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ဖြစ်သွားခဲ့ရပါတယ် ..ဒီလိုနဲ့ နောက် ၁ နှစ်လောက်အကြာမှာတော့ ..ရွာငယ်လေးတစ်ရွာက ကျောင်းအုပ်ဖြစ်သူက ကျောင်းမှာဆရာ မရှိတဲ့အတွက် ကျောင်းကို ပိတ်လိုက်ရမဲ့အရေးနဲ့ရင်ဆိုင်နေရတာကြောင့်ကျောင်းသားတွေကို ဂေါက်ရိုက်သင်ပေးပြီး အငယ်တန်းဂေါက်ရိုက်ပြိုင်ပွဲမှာအသိအမှတ်ပြုခံရရင် ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဘဲ့ဆယ်ဂျင်းကို ဖိတ်ခေါ်ခဲ့ပါတော့တယ် ..ကျောင်းသားမိဘတွေအနေနဲ့ စကားမပြောတတ်သူတစ်ယောက်ကို ...
movie

Mr. Perfect (2014)

[18+]Petty Romance(2010) 6.5
[18+]Petty Romance(2010) Petty Romance(2010)******************** ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Petty Romance ရုပ်ရှင်ဇာတ်ကားတွင်နာမည်ကြီးမင်းသားမင်းသမီးများဖြစ်သည့် လီဆွန်းဂယွန်း(Lee Sun-kyun), ချွဲဂန်ဟီး(Choi Kang-hee),ရူယောင်းဂယွန်း (Ryu Hyun-kyung), နာမည်ကြီးဇာတ်ပို့မင်းသားများဖြစ်သည့် အိုဂျန်ဆယ် (Oh Jung-Se), ဘတ်ဒိုဘင် ( Baek Do-Bin )တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ဂျောင်ဘယ်သည် ကာတွန်းဆရာတစ်ဦးဖြစ်ပြီး ဒါရင်းသည် ဝတ္တုစာရေးဆရာမတစ်ဦးဖြစ်ပါသည်။တစ်နေ့တွင် ဂျောင်ဘယ်ရဲ့သူငယ်ချင်းတစ်ဦးသည် 18+ ကာတွန်းပြိုင်ပွဲတွင် ဝင်ပြိုင်ပါကဆုရလျှင် ဆုကြေးငွေ ဒေါ်လာ တစ်သိန်း(ဝမ်သိန်းထောင့်သုံးရာ) ရရှိမည်ဟု ဂျောင်ဘယ်အား ပြောပြသောအခါ ဂျောင်ဘယ်သည် ဝတ္တုစာရေးဆရာမတစ်ဦးကို ခန့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ဒီဆုံးဖြတ်ချက်ကြောင့်အလွဲပေါင်းများစွာ ဖြစ်ပေါ်လာပါတော့တယ်File Size :2.2GB& 907MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy ,Adult,  Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by ...
movie

[18+]Petty Romance(2010)

[18+]Master and Man(2019) 6.7
[18+]Master and Man(2019) [18+]Master and Man(2019)**************************ပန်းချီလောကထဲမှာ ကျင်လည်နေတဲ့သူနှစ်ယောက်ဖြစ်တဲ့ ပါမောက္ခဂင်ချွန်းဘယ်နဲ့ အီဟျွန်းဒယ်ကိုယ်ရေးကိုယ်တာအရ သိပ်သဘောမကျပေမဲ့လည်း ချွန်းဘယ်လက်အောက်မှာနေရင်း မိန်းမယူတာကအစ သူ့သဘောအတိုင်း ယူလိုက်ရတဲ့ အီဟျွန်းဒယ်လူကသာနာမည်မကြီးသေးပေမဲ့ မိန်းမလိုက်စားမှုကနာမည်ကြီးနေလေတော့ ဟျွန်းဒယ်တစ်ယောက် ဒီပန်းချီလောကထဲက ဘယ်လိုမိန်းမတွေနဲ့ နှစ်ပါးသွားမလဲ သူဖြစ်ချင်တဲ့ နာမည်ကြီးပန်းချီဆရာအဖြစ်နဲ့ ချွန်းဘယ်ကိုအာခံနိုင်မလားဆိုတဲ့ဇာတ်ကြောင်းကို 18+ scene တွေဝေဝေဆာဆာနဲ့ ကြည့်ရှုရမှာဖြစ်လို့ညိုကီတို့ဒေါင်းထားသင့်ပါကြောင်း....File Size :(1.2GB)and (576MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:33:00 Genre :Adult, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[18+]Master and Man(2019)

Good Deal (2022) 5
Good Deal (2022) Good Deal (2022)(1080p ရပါပြီ)ဇာတ်ကားလေးရဲ့ နာမည်က Good Deal ဆိုတဲ့အတိုင်း အပေးအယူ အရောင်းအဝယ်တွေ လုပ်ကြတဲ့ ကားလေးပေါ့။ဘယ်သူတွေက ဘာအတွက်ကြောင့် ရောင်းပြီး ဘယ်သူတွေက ဘာလို့ ဝယ်ခဲ့ကြတာလဲ ဆိုတဲ့ အချက်က ဒီဇာတ်ကားကို စိတ်ဝင်စားစရာ ကောင်းစေတယ်။အပေးအယူ အရောင်းအဝယ်လုပ်ကြတဲ့ ပစ္စည်း ၅မျိုးအ‌ကြောင်းကို တစ်ခန်းပြီး တစ်ခန်းစီ ပြပေးထားတာက သာမန် ဒရာမာတွေနဲ့ မတူဘဲကွဲပြားနေတဲ့အချက်ဖြစ်ပြီး မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားတာကြောင့် အပေးအယူတစ်ခုပြီးသွားတိုင်း စိတ်ထဲ တစ်မျိုးလေး ခံစားရစေမယ့် ဇာတ်ကားမျိုးပါ။ပုံမှန်နဲ့ မတူညီတဲ့ ပြောပြရခက်တဲ့ ရသတစ်မျိုးကို အသစ်အဆန်း ခံစားကြည့်ချင်တဲ့သူတွေအနေနဲ့ ဒီကား‌ကို သေချာပေါက် ကြည့်သင့်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Miri ပါ။)File Size          : 2.1GB, 723MB, 364MB Quality      ...
movie

Good Deal (2022)

2022
Miss GO (2012)
Miss GO (2012) Miss GO/Miss Conspirator (2012) ဇာတ်လမ်းအညွှန်း*****************************************ချောင်းဆူရိုဟာ အကြောက်လွန်ရောဂါသည်ဖြစ်ပြီး ဖုန်းတောင် တစိမ်းတွေနဲ့ စကားမပြောရဲတဲ့သူ တစ်ယောက်ပါ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ညီမဖြစ်သူက ကူညီဖြေရှင်းပေးပေမဲ့ ပညာတော်သင်အနေနဲ့ ညီမဖြစ်သူက ဂျပန်ကို သွားဖို့ ဖြစ်လာခဲ့ပါတယ်ညီမဖြစ်သူကို ဘူတာရုံ လိုက်ပို့ပြီး ပြန်တဲ့လမ်းမှာ အကြောက်လွန်ရောဂါ ထဖောက်လာတဲ့ ချောင်းဆူရိုကို စစ်စတာတစ်ယောက်က တွေ့ပြီး ကူညီပေးခဲ့ပါတယ် သူ့ကို ကူညီပေးလို့ စစ်စတာရဲ့ အကူအညီတောင်းမှုကို လက်ခံပြီး ဟိုတယ်ကို ကိတ်နဲ့ ပန်းစည်းသွားပို့တဲ့ ချောင်းဆူရိုဟာ ဟိုတယ်ခန်းထဲမှာ ဓားတန်းလန်းနဲ့ လူတစ်ယောက် သေနေတာကို တွေ့ပြီး ထိတ်လန့်သွားခဲ့ပါတယ်ရိုးရိုးတန်းတန်း ကိတ်မုန့်လာပို့တဲ့သူ မဟုတ်ဘဲ မူးယစ်ဆေး သယ်ပို့တဲ့သူ ဖြစ်သွားရတဲ့ ချောင်းဆူရိုကို မူးယစ်ဂိုဏ်းတွေဆီက ဖြတ်စားနေတဲ့ အကျင့်ပျက်ရဲတစ်ဖွဲ့က ဖမ်းဆီးပြီး အသုံးချဖို့ ကြံစည်ပါတော့တယ်နေ့ချင်းညချင်း ရဲတွေနဲ့ မူးယစ်ဂိုဏ်း နှစ်ခုရဲ့ အလိုရှိစာရင်း အသွင်းခံလိုက်ရတဲ့ ချောင်းဆူရိုဟာ ...
movie

Miss GO (2012)

Battlefield Heroes (2011) 5.4
Battlefield Heroes (2011)  ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟိုးအရင်ခေတ် ဂိုဂူလျောတိုင်းပြည်နဲ့ တရုတ်မင်းဆက် ကြားက တိုက်ပွဲကို ဟာသနှောပြီး ရိုက်ပြထားတာပါ ။ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင် အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။ ဇာတ်လမ်းကတော့ ...လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ်ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ် သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ )မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါစစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ...
movie

Battlefield Heroes (2011)

Race to Freedom: Um Bok-dong(2019) 6.0
Race to Freedom: Um Bok-dong(2019) Race to Freedom: Um Bok-dong(2019)1913 ခုနှစ်မှာ ဂျိုဆွန်းကို ဂျပန်တွေ သိမ်းပိုက်ထားခဲ့ပါတယ်....ဂျိုဆွန်းမှာ ဂျပန်လူမျိုးတွေက သူတို့ကျွမ်းကျင်တဲ့ စက်ဘီးစီးပြိုင်ပွဲတွေ ကျင်းပခဲ့ပါတယ်....ဂျပန်တွေဟာသူတို့ကျွမ်းကျင်တဲ့ စက်ဘီးစီးနင်းဖြစ်တဲ့အပြင် ပြိုင်ပွဲဝင်ဖို့ အဘက်ဘက်ကထောက်ပံ့မှုတွေကလည်းပြည့်စုံလေတော့ ပြိုင်ပွဲတိုင်းအနိုင်ရနေလေ့ရှိတယ်...အမြဲလိုလိုရှုံးနိမ့်တဲ့အပြင် နှိမ်ခံရလေတော့  ဂျိုဆွန်းပြည်သူတွေ စိတ်အပျက်ကြီး ပျက်ခဲ့ရပါတယ် ...ဒါကြောင့် ဂျိုဆွန်းကုန်သွယ်အဖွဲ့ခေါင်းဆောင်က စက်ဘီးပြိုင်ပွဲမှာ ပြိုင်ပွဲ၀င်ဖို့ သူ့မှာရှိသမျှစည်းစိမ်လေးတွေပုံအောပြီးလူငယ်တွေကို လေ့ကျင့်ပေးခဲ့ပါတယ်....အဲ့ဒီလိုလူငယ်တွေကို ရွေးချယ်လေ့ကျင့်ပေးတဲ့အချိန်မှာ အံအားသင့်လောက်စရာပါရမီပါပြီး သန်မာတဲ့ လူငယ်လေးတစ်ယောက် မထင်မှတ်ဘဲ ပေါ်ထွန်းလာတဲ့အချိန်မှာတော့....ဒီကားက မင်းသား Rain အဓိကပါဝင်သရုပ်ဆောင်ထားသလိုကိုးရီးယားတွေရဲ့မျိုးချစ်စိတ်ကို အဓိကပုံဖော်ထားတဲ့ကားမို့ ဝါရင့်သရုပ်ဆောင်ပေါင်းများစွာနဲ့ခမ်းခမ်းနားနားရိုက်ကူးထားတာမို့ လက်မလွှတ်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (980 MB) and (349 MB) Quality :FHD-Rip 720p Format…mp4 Duration…01:58:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Race to Freedom: Um Bok-dong(2019)

How to Use Guys with Secret Tips (or) Mens Manual (2013) 6.7
How to Use Guys with Secret Tips (or) Mens Manual (2013) ဇာတ်ကားနာမည်က How to use guys with secret tips (သို့မဟုတ်) Men's Manual  ပါတဲ့။နွားတစ်ကောင်အသုံးပြုနည်း..အဲလေ...ယောင်္ကျားတို့အားကိုင်တွယ်နည်းလို့ ဆိုရမပေါ့။မင်းသမီးချော Lee Si-young က Choi Bo‑na အဖြစ်အဓိကသရုပ်ဆောင်ထားပြီး မင်းသား Oh Jung‑se , Ji Chang‑wook တို့ပါဝင်ထားပါတယ်။ရိုးရိုးကုတ်ကုတ်နဲ့ အလုပ်ပဲလုပ်နေတတ်တဲ့ Choi Bo‑na တစ်ယောက် အချစ်ဦးကဆော်ပလော်တီးသွားလို့ အချစ်ဆိုတာကို ကြောက်နေခဲ့ပေမယ့် ယောင်္ကျားတို့အားကိုင်တွယ်နည်းလမ်းညွှန်ရသွားတဲ့အခါမှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာ...။IMDb Rating (6.6) ရရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးဖြစ်ပါတယ်။  File size…(900 MB) and (380MB) Quality…HD Rip 720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Black Rose 
movie


2013