Channel Myanmar

Eileen Brennan

Scarecrow (1973) 7.2
Scarecrow (1973)  လမ်းမှာ မထင်မှတ်ဘဲ ကြုံတွေ့ရတဲ့ လူနှစ်ယောက်အကြောင်းပါ။ မက်စ်က ထောင်က ထွက်လာတာဖြစ်ပြီး ခြင်္သေ့က သင်္ဘောသားဟောင်း လေလွင့်နေသူပါ။ ကားကြုံအတူ စီးမိရင်း ရေဆေးခုံအတူဖွင့်ဖို့အထိ ဖြစ်လာကြပါတယ်။ စုငွေက ပစ်စဘာ့ဂ်က ဘဏ်မှာဆိုတော့ မက်စ်က သူ့ညီမအိမ်အရင်ဝင်ပြီး နောက်တစ်မြို့ဖြစ်တဲ့ ဒီထရွိုက်မှာ ခြင်္သေ့ရဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ မိန်းမနဲ့ မမြင်ဖူးသေးတဲ့ ကလေးကို ဝင်တွေ့ကြဖို့ပါ။ သူတို့ ခရီးလမ်းအဆင်ပြေမှာလား။ ဘာအခက်အခဲတွေ ဘာအပြောင်းအလဲတွေနဲ့ ကြုံရမလဲဆိုတာကို ကြည့်လိုက်ပါဦး။ဒီကားမှာ အော်စကာ ၂ဆုရှင် The French Connection, Unforgiven, Behind Enemy Lines တို့နဲ့ ရင်းနှီးပြီးသား Gene Hackman ရယ် အော်စကာ ၁ဆုရှင် God Fatherရဲ့ မိုက်ကယ်ဖြစ်တဲ့ Al Pacinoရယ်တို့ပါဝင်ထားလို့ ဇာတ်ကားကောင်းဆိုတာတော့ မကြည့်ခင်ကတည်းက သိကြမှာပါ။ မင်းသားကြီး Gene Hackman ...
movie

Scarecrow (1973)

Jeepers Creepers (2001) 6.1
Jeepers Creepers (2001) Jeeper Creeper ဇတ်ကားဟာဆိုရင် 2001ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။2001ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် တကယ့်ကို Horror ဆန်ပြီး ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသအပြည့်ပေးနိုင်တာကြောင့် အောင်မြင်လူကြိုက်များခဲ့လို့ အပိုင်း2နဲ့အပိုင်း3ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။1938မှာကျော်ကြားခဲ့တဲ့ Jeeper Creeperသီချင်းကို ယူပြီးဇာတ်ကားထဲမှာ ရိုက်ကူးခဲ့ပါတယ်။Horrorကားတွေကြိုက်တဲ့ ပရိတ်သတ်တွေတော့တကယ်ကိုကြည့်သင့်ဇာတ်လမ်းကောင်းပါ။Jeeper Creeper ဆိုတဲ့ သတ္တဝါကြီးဟာ နှစ်အပိုင်းအခြားတစ်ခုရောက်တိုင်း လူလောကကိုလာပြီး လူတွေကိုသတ်ဖြတ်စားသောက်တဲ့ သတ္တဝါကြီးတစ်ကောင်ပါ။သူဘယ်သူလဲဆိုတာသေချာမသိရသလို သတ်ဖြတ်စားသောက်တယ်ဆိုတာလည်း သူ့ကိုယ်သူပြန်လည်လာရောက်တည်ဆောက်တဲ့သဘောပါ။သတ်တဲ့အခါမှာလည်း တွေ့သမျှ လူတိုင်းကို သတ်လေ့မရှိဘဲ လူတွေရဲ့အကြောက်တရားကိုအခြေခံထားပြီး သတ်လေ့ရှိတာပါ။ဇာတ်ဝင်ခန်းတွေက တကယ်ကိုအသက်ပါပြီး ရင်တထိတ်ထိတ်ကြည့်ရမှာမို့လို့ Horror ပရိသတ်တွေသေချာပေါက် ကြိုက်ကြမှာပါ။အားပေးကြလွန်းလို့ နောက်ထပ် ၂ကားပါဆက်ရိုက်ထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့……..နွေရာသီအားလပ်ရက်တွေမှာ ဒယ်ရီနဲ့သရစ်ရှာတို့မောင်နှမနှစ်ယောက်ဟာ အိမ်ကိုပြန်လာခဲ့ကြပါတယ်။လမ်းမှာ ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်ပြီး အဲ့ကားကိုမောင်းတဲ့သူက လမ်းမကြီးဘေးမှာရှိတဲ့ ဘုရားကျောင်းအိုကြီးထဲကို ပိုက်လုံးတွေထဲကနေ လူသေအလောင်းကိုပစ်ချနေတာတွေ့လိုက်ကြတယ်။အဲ့မှာ သူတို့မောင်နှမ နှစ်ယောက်ကစိတ်ဝင်စားပြီးသွားကြည့်တဲ့အခါမှာတော့ လူသေအလောင်းတွေကိုတစ်ယောက်နဲ့တစ်ယောက်သီပြီးဘုရားကျောင်းနံရံတွေမှာချုပ်ထားတာတွေ့လိုက်ရပါတယ်။အဲ့မှာတင်ပဲ မောင်နှမနှစ်ယောက်ဟာ အနီးဆုံးမှာရှိတဲ့လမ်းဘေးစားသောက်ဆိုင်ကိုသွားပြီးရဲစခန်းကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။အဲ့မှာအမျိုးသမီးတစ်ယောက်ရဲ့ဖုန်းဝင်လာပြီး၊ အဲ့ဒီဘုရားကျောင်းထဲကလူဟာဆိုရင် Jeeper Creeperဖြစ်ကြောင်း၊သူဟာ 23ကြိမ်မြောက်နွေဦးရာသီရောက်တိုင်းရောက်တိုင်း 23ရက်ကြာအောင်လူတွေကိုစားပစ်ကြောင်းပြောပါတယ်။ဘယ်လိုလူတွေကိုသူကစားလဲဆိုတော့.....လူတွေရဲ့အကြောက်တရားကိုအနံ့ခံပြီး သူကြိုက်တဲ့လူကိုစားပစ်ပါတယ်။အဲ့လိုသူကြိုက်တဲ့လူကိုစားဖို့လိုက်ဖမ်းပြီဆိုရင် ဘယ်လိုမှတားဆီးမရပါဘူး။အဲ့ဒီ သရစ်ရှာနဲ့ဒယ်ရီတို့မောင်နှမနှစ်ယောက်လည်း ...
movie

Jeepers Creepers (2001)

2001
Clue (1985) 7.2
Clue (1985) Clue (1985) ~ IMDb - 7.2/10, Rotten Tomatoes - 68% ~Clue ဟာ board game ကို Inspiration ယူပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ နည်းနည်းတော့ ဆန်းတယ်မလား။ ပုံမှန်ဆို ရုပ်ရှင်ကိုမှ board game ပြန်လုပ်ကြတာမလား။ ဒီရုပ်ရှင်ဟာ တကယ့် ကလပ်စစ်ဂကြောင် ရုပ်ရှင်ပါ။ ဘာလို့ဆို သူဆန်းတာက ဒီလောက်တင်မဟုတ်ဘဲ စုံထောက်ကားကိုမှ ဟာသကားဖြစ်အောင်ရိုက်ထားတာလည်း ပါတာကိုး။ တကယ့် ကကြိုးကကြောင်ဇာတ်ဝင်ခန်းတွေနဲ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်လမ်းစစဖွင့်ချင်းမှာ အိမ်တစ်အိမ်ကို လူ့နယ်ပယ်နဲ့ သူ နာမည်ကြီးတဲ့ နာမည်ကျော်လူတွေကို ဖိတ်ခေါ်လိုက်တယ်။ နာမည်ပျက်ခံလို့မရတဲ့သူတွေချည်းပေါ့။ သူတို့အားလုံးမှာ တူညီတာက ငွေညှစ်ခံနေရတဲ့တစ်ချက်ပဲ။ အဲဒီငွေညှစ်ခံရတာကို ဖိတ်ခေါ်တဲ့သူက ဘယ်လိုသိလဲ ဘာလဲညာလဲ အဖြေရှာရင်း လူသတ်မှုတွေဖြစ်လာတယ်။ အဲဒီလူသတ်မှုကို သူတို့ ကြားထဲပဲ ပြန်အဖြေရှာတယ်။ ...
movie

Clue (1985)

1985
Cheaper by the Dozen (2003) 5.9
Cheaper by the Dozen (2003) Cheaper By the Dozen (2003) =========================Cheaper By the Dozen ဆိုတာ Free Guy , Adam Project, Stranger Things တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Shawn Levy ရဲ့ Comedy မင်းသားကြီး Steve Martin နဲ့ရိုက်ထားတဲ့အစောပိုင်းလက်ရာကောင်းတစ်ခုပါ။ မိသားစုနဲ့ကြည့်ရှုလို့ရတဲ့ Family , Comedy ကားလေးဖြစ်ပြီး Rating ကလည်း လူ ၁ သိန်းကျော်ပေးတဲ့ Voting မှာ 6/10 ရရှိထားပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်.. ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့ အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ ... သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ...
movie

Cheaper by the Dozen (2003)