Channel Myanmar

Jeepers Creepers (2001)

Jeepers Creepers    

R 90 min HorrorMystery

6.1
IMDB: 6.1/10 96,317 votes

, , , ,

, , , , , , , , ,

3 wins & 6 nominations.

Germany, USA

258181

Report error

442

Jeeper Creeper ဇတ်ကားဟာဆိုရင် 2001ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

2001ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် တကယ့်ကို Horror ဆန်ပြီး ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသအပြည့်ပေးနိုင်တာကြောင့် အောင်မြင်လူကြိုက်များခဲ့လို့ အပိုင်း2နဲ့အပိုင်း3ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။1938မှာကျော်ကြားခဲ့တဲ့ Jeeper Creeperသီချင်းကို ယူပြီးဇာတ်ကားထဲမှာ ရိုက်ကူးခဲ့ပါတယ်။

Horrorကားတွေကြိုက်တဲ့ ပရိတ်သတ်တွေတော့တကယ်ကိုကြည့်သင့်ဇာတ်လမ်းကောင်းပါ။Jeeper Creeper ဆိုတဲ့ သတ္တဝါကြီးဟာ နှစ်အပိုင်းအခြားတစ်ခုရောက်တိုင်း လူလောကကိုလာပြီး လူတွေကိုသတ်ဖြတ်စားသောက်တဲ့ သတ္တဝါကြီးတစ်ကောင်ပါ။

သူဘယ်သူလဲဆိုတာသေချာမသိရသလို သတ်ဖြတ်စားသောက်တယ်ဆိုတာလည်း သူ့ကိုယ်သူပြန်လည်လာရောက်တည်ဆောက်တဲ့သဘောပါ။သတ်တဲ့အခါမှာလည်း တွေ့သမျှ လူတိုင်းကို သတ်လေ့မရှိဘဲ လူတွေရဲ့အကြောက်တရားကိုအခြေခံထားပြီး သတ်လေ့ရှိတာပါ။

ဇာတ်ဝင်ခန်းတွေက တကယ်ကိုအသက်ပါပြီး ရင်တထိတ်ထိတ်ကြည့်ရမှာမို့လို့ Horror ပရိသတ်တွေသေချာပေါက် ကြိုက်ကြမှာပါ။အားပေးကြလွန်းလို့ နောက်ထပ် ၂ကားပါဆက်ရိုက်ထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့……..

နွေရာသီအားလပ်ရက်တွေမှာ ဒယ်ရီနဲ့သရစ်ရှာတို့မောင်နှမနှစ်ယောက်ဟာ အိမ်ကိုပြန်လာခဲ့ကြပါတယ်။လမ်းမှာ ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်ပြီး အဲ့ကားကိုမောင်းတဲ့သူက လမ်းမကြီးဘေးမှာရှိတဲ့ ဘုရားကျောင်းအိုကြီးထဲကို ပိုက်လုံးတွေထဲကနေ လူသေအလောင်းကိုပစ်ချနေတာတွေ့လိုက်ကြတယ်။

အဲ့မှာ သူတို့မောင်နှမ နှစ်ယောက်ကစိတ်ဝင်စားပြီးသွားကြည့်တဲ့အခါမှာတော့ လူသေအလောင်းတွေကိုတစ်ယောက်နဲ့တစ်ယောက်သီပြီးဘုရားကျောင်းနံရံတွေမှာချုပ်ထားတာတွေ့လိုက်ရပါတယ်။အဲ့မှာတင်ပဲ မောင်နှမနှစ်ယောက်ဟာ အနီးဆုံးမှာရှိတဲ့လမ်းဘေးစားသောက်ဆိုင်ကိုသွားပြီးရဲစခန်းကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

အဲ့မှာအမျိုးသမီးတစ်ယောက်ရဲ့ဖုန်းဝင်လာပြီး၊ အဲ့ဒီဘုရားကျောင်းထဲကလူဟာဆိုရင် Jeeper Creeperဖြစ်ကြောင်း၊သူဟာ 23ကြိမ်မြောက်နွေဦးရာသီရောက်တိုင်းရောက်တိုင်း 23ရက်ကြာအောင်လူတွေကိုစားပစ်ကြောင်းပြောပါတယ်။

ဘယ်လိုလူတွေကိုသူကစားလဲဆိုတော့…..လူတွေရဲ့အကြောက်တရားကိုအနံ့ခံပြီး သူကြိုက်တဲ့လူကိုစားပစ်ပါတယ်။အဲ့လိုသူကြိုက်တဲ့လူကိုစားဖို့လိုက်ဖမ်းပြီဆိုရင် ဘယ်လိုမှတားဆီးမရပါဘူး။အဲ့ဒီ သရစ်ရှာနဲ့ဒယ်ရီတို့မောင်နှမနှစ်ယောက်လည်း Jeeper Creeper-သေမင်းတမန်တော်လက်က ဘယ်လိုမျိုးလွတ်အောင်ပြေးပြီးအိမ်ကိုအရောက်ပြန်နိုင်ခဲ့မလား၊

ဒါမှမဟုတ် သေမင်းတမန်တော်လက်ထဲမှာပဲ ကျရှုံးခဲ့သလားJeeper ကြီးဟာဘယ်လိုသတ္တဝါလည်း ဘာကြောင့်လူတွေကိုသတ်စားရတာလဲ ဆိုတာကိုတော့ တကယ်ကိုသဲတထိတ်ထိတ်ရင်တဖိုဖိုနဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်လက်ရူ့စားလိုက်ပါ……..

File size…(1.7 GB)/(907 MB)
Quality….Webrip HEVC 1080p / 720p
Format…mp4/ mkv
Duration….01:48:00
Genre…Horror, Thriller 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Ye Yint



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Jeepers Creepers (2001)
Jeepers Creepers (2001)
Jeepers Creepers (2001)
Jeepers Creepers (2001)
Jeepers Creepers (2001)
Jeepers Creepers (2001)
Jeepers Creepers (2001)
Jeepers Creepers (2001)


No downloads available

Genres



Related movies