Channel Myanmar

Do Yong-Gu

Azooma (2012) 6.4
Azooma (2012) Azooma (2012)**************ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးတို့အတွက် 2012 ခုနှစ်မှာထွက်ရှိခဲ့တဲ့ မှုခင်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ဒီကားလေးမှာတော့ ပရိသတ်ကြီးတို့နဲ့မစိမ်းတဲ့ Our unwritten Seoulမှ မင်းသမီးကြီး Jang Young Nam, movieတို့ရဲ့ဆရာကြီး Ma Dong Seok တို့အပြင် Vincenzoမှ Hwang Tae gwangနဲ့ Light Shop မှ Bae Seong Woo တို့ ပါဝင်ပါတယ် ..Yoon Yeong Nam(Jang Young Nam)ဟာ ယောကျ်ားနဲ့ကွာရှင်းထားပြီး ဆယ်နှစ်အရွယ်သမီးလေးနဲ့အတူ ကြိုးစားနေထိုင်နေသူပါ...တစ်နေ့မှာတော့ အလုပ်များပြီး သမီးဖြစ်သူကျောင်းဆင်းချိန်ကို ကြိုဖို့အတွက် နောက်ကျသွားခဲ့တာကြောင့် ကံဆိုးမှုကြီးစတင်ခဲ့ပါတော့တယ်..သမီးဖြစ်သူကို သူစိမ်းတစ်ဦးက အမေ့ဆီကိုပို့ပေးမယ်ဆိုပြီး ညာခေါ်သွားကာ လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုခြင်း ခံလိုက်ရပါတယ်..သမီးဖြစ်သူ မတရားကျင့်ခံရတာထက် မိမိနာမည်ကျမှာကိုပဲ စိတ်ပူနေတဲ့ သွားဆရာဝန်ယောကျ်ားခံစားချက်ကို နားလည်ပါတယ်လို့တဖွဖွပြောပြီး အမှုကိုသေချာမစုံစမ်းပေးတဲ့ တာဝန်ခံစုံထောက်သက်ငယ်မုဒိမ်းမှုအတွက် တရားမျှတမှု မရှိတဲ့ ဥပဒေကြားမှာ Yeong Nam တစ်ယောက် တရားခံကို ဖမ်းဆီးပြီးအပြစ်ပေးနိုင်ပါ့မလားဆိုတာကို ဒေါသတလိပ်လိပ်ထွက်ရင်း လောင်မြိုက်စွာနဲ့ကြည့်ရှုခံစားရမဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ...
movie

Azooma (2012)

A Millionaire’s First Love (2006) 7.2
A Millionaire’s First Love (2006) A Millionaire's First Love (2006)**********************************ဒီကားလေးကတော့ Crash Landing On You ထဲကမင်းသားကြီး Hyun Bin နဲ့ Ghost ထဲကမင်းသမီး Lee Yeon Hee တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီးဒါရိုက်တာ Kim Tae Kyun ရိုက်ကူးပြသထားတဲ့ Romance, Comedy ကားလေးဖြစ်ပါတယ် ..ဇာတ်လမ်းအကျဉ်း **************ဆိုးလ်မြို့သားလေး ဂန်ဂျယ်ဂယောင်းက သူ့အဘိုးဖြစ်သူ ဆုံးပါးပြီးနောက် သူအမွေဆက်ခံရဖို့အတွက် အဘိုးဖြစ်သူရဲ့ သေတမ်းစာထဲကအတိုင်း ဘိုရမ်အထက်တန်းကျောင်းကို ကျောင်းပြောင်းလာခဲ့ရာက ..မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ မွေးရာပါရောဂါသည် ချွဲအွန်းဟွမ်နဲ့ တွေ့ပြီးနောက် သူ့ဘဝရဲ့တန်ဖိုးထားရတဲ့အရာကို ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို ချိုချိုအေးအေးလေး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ..(ဇာတ်လမ်းအညွှန်းကို Lucienမှရေးသားထားပါတယ်)File size…1.88GB / 795MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….  1 hr. 52 min. Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Lucien Encoded by AHtet 
movie

A Millionaire’s First Love (2006)

Cyrano Agency (2010) 6.5
Cyrano Agency (2010) Cyrano Agency (2010) ********************** Cyrano လို့ခေါ်တဲ့ မြားနတ်မောင်အေဂျင်စီဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားလေတော့ သူတို့ အိုင်ဒီယာလေးတွေက အတော်မိုက်တယ် ..သူတို့က အောင်သွယ်ပေးဖို့ အလုပ်လာအပ်တဲ့သူကို အကြံပေးရုံသက်သက်တင်မဟုတ်ဘူး...... အောင်သွယ်ပေးရမဲ့လူ (၂)ယောက်လုံးရဲ့ Biography ကို အသေးစိတ်လေ့လာတယ် .. ပြီးရင် Plan တွေ စနစ်တကျဆွဲတယ် ..နားကြတ်တပ်ပေးပြီးတော့ အနီးကပ်ညွှန်ကြားပေးတဲ့အပြင်သူတို့(၄)ယောက်ကလည်း လိုအပ်ရင် လိုအပ်သလို planထဲ ကွက်တိဝင်အောင် သရုပ်ဆောင်ပေးတယ်.....တစ်နေ့တော့ သူတို့အဖွဲ့ဆီကို ကောင်လေးတစ်ယောက်က အောင်သွယ်လုပ်ပေးဖို့အလုပ်အပ်တယ်...အလုပ်အပ်တဲ့ကောင်လေးနဲ့ အောင်သွယ်ပေးရမဲ့ကောင်မလေးရဲ့ အချက်အလက်တွေစုဆောင်းပြီးတဲ့ အချိန်မှာတော့Cyrano အေဂျင်စီမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်ကုန်တယ်...ကောင်လေးတစ်ယောက်က မဖြစ်နိုင်ဘူး ဒီအလုပ်ဆက်မလုပ်ရဘူးလို့ ကန့်ကွက်တယ် ကျန်တဲ့သူတွေက ဒီအလုပ်ကို လက်ခံလိုက်တယ် ..ဒီကားရဲ့သရုပ်ဆောင် Tae-woong Eom, Lee Min Jung, Park Shin Hye Daniel Choi စတဲ့ နာမည်ကြီး (၄)ယောက်ကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ....ကိုရီးယားကားတွေရဲ့ထုံးစံအတိုင်း Entertainment အတော်ဆန်လှတယ်Story တွေက သိပ်မဆန်းရင်တောင် ဇာတ်ကွက်လေးတွေက အတော်ဆွဲဆောင်မှုရှိတယ်နောက်တစ်ခု ချီးကျူးစရာကောင်းတာက Lighting ပိုင်းပါ သရုပ်ဆောင်တွေရဲ့လှုပ်ရှားမှုတွေအမူအရာတွေကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တယ် သူတို့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကလည်း ...
movie

Cyrano Agency (2010)

City Of Fathers (2009) 7
City Of Fathers (2009) City Of Fathers (2009)************************ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action scene တွေအများကြီးနဲ့ဖခင်မေတ္တာကို လှလှပပလေး ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်‌တွေအနေနဲ့လည်း ဂင်ဂန်ဆူအဖြစ် မင်းသားကြီး Ko Chang-seok၊သူဌေးဂျိုထယ်ဆော့အဖြစ် မင်းသားကြီး Kim Young-ho နဲ့ သားလေး ဂျုံချောလ်အဖြစ်မင်းသား Yoo Seung-ho နဲ့အတူ တခြားဝါရင့်သရုပ်ဆောင်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း-အရက်အမြဲသောက်ပြီး လောင်းကစားလုပ်တတ်လို့ ငွေတိုးချေးစားသူတွေဆီကနေထွက်ပြေးနေရတဲ့ ဂင်ဂန်ဆူဟာ အရမ်းသွေးဆိုးပြီး ရုန့်ရင်းကြမ်းတမ်းတဲ့သူ တစ်ယောက်ဖြစ်သလိုသားလေးဂျုံချောလ်အပေါ်ကိုလည်း အဖေဆိုပြီး နွေးနွေးထွေးထွေး မရှိတဲ့အပြင်အမြဲ ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်နေတဲ့သူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သားဖြစ်သူ ဂျုံချောလ်တစ်ယောက် ကျောက်ကပ်ကင်ဆာနဲ့ အသက်ရှင်ရဖို့ဘယ်လောက်မှမကျန်တော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ လူကြမ်းကြီး ဂန်ဆူဟာဖြည်းဖြည်းချင်း စတင်ပြောင်းလဲလာပါတော့တယ်။ကျောက်ကပ်အစားထိုးခွဲစိတ်မှ အသက်ရှင်နိုင်မယ့် သားလေးအတွက် သူ့ဘဝတစ်လျှောက်လုံးလျှို့ဝှက်လာခဲ့တဲ့ သူ့သားလေးရဲ့ တကယ့် အဖေအရင်းကို လိုက်ရှာပြီး ကျောက်ကပ်အစားထိုးပေးဖို့သွားတောင်းဆိုခဲ့တဲ့အခါမှာတော့....ဒုစရိုက်လုပ်ငန်းတွေကို နှစ်ပေါင်းများစွာ ဦးစီးလုပ်ဆောင်ရင်း မိသားစုဆိုတဲ့အရာကို လုံးဝမထူထောင်ချင်တဲ့သူဌေးဂျိုထယ်ဆော့တစ်ယောက် ရုတ်တရက်ပေါ်လာတဲ့ ...
movie

City Of Fathers (2009)

[18+]Road Movie(2002) 6.5
[18+]Road Movie(2002) [18+]Road Movie(2002)***********************ဒီနေ့မှာတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+ BL ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Cast တွေအနေနဲ့ movie star တွေဖြစ်တဲ့ Hwang Jung-min နဲ့ Jung Chan တို့မင်းသားနှစ်ယောက်နဲ့ မင်းသမီး Seo Lin က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အတိတ်ကိုဖုံးကွယ်ထားပြီးတော့ လမ်းပေါ်မှာပဲ ရှင်သန်နေထိုင်တဲ့ဒယ်ရှစ်၊ သူက ခက်ထန်တဲ့ပုံပေါ်ပေမဲ့တစ်ခါတစ်လေမှာ ဝမ်းနည်းအထီးကျန်နေတဲ့ပုံလည်း ပေါ်ပါတယ်။ တစ်နေ့မှာတော့ ဒယ်ရှစ်က လမ်းပေါ်မှာ အရက်မူးပြီးလဲနေတဲ့ ဆော့ဝန်လို့ခေါ်တဲ့သူကို တွေ့ခဲ့တယ်။ အစက လှည့်ထွက်ဖို့လုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူနေတဲ့နေရာကို ခေါ်လာခဲ့လိုက်ပါတယ်။ထပ်မချစ်တော့ဘူးလို့လုပ်ခဲ့ပေမဲ့ သူ့နှလုံးသားက ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ဆော့ဝန်က စီးပွားပျက်ပြီး မိန်းမရဲ့စွန့်ပစ်မှုကိုပါ ခံလိုက်ရလို့ စိတ်ဓာတ်ကျပြီး ကိုယ်ကိုယ့်ကိုယ်သတ်သေဖို့ အမြဲကြိုးစားနေတဲ့သူပါ။ဒယ်ရှစ်နဲ့တွေ့ပြီးတဲ့နောက်မှာတော့ ငြီးငွေ့စရာကောင်းတဲ့ လူအဖွဲ့အစည်းကနေ ရုန်းထွက်ပြီးတော့ဒယ်ရှစ်နဲ့အတူ ခြေဦးထွက်ရာ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့... File Size :(3.6GB)& (1.4GB) Quality ...
movie

[18+]Road Movie(2002)

Harmony(2010) 7.5
Harmony(2010) Harmony(2010)**************၂၀၁၀ ကထွက်ရှိထားပြီး Imdb 7.5 ရှိတဲ့ ထောင်တွင်းဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ချောင်းဂျူအမျိုးသမီးအကျဉ်းထောင်မှာဆို ဟုန်ဂျောင်ဟဲနဲ့မင်ဝူးလေးတို့သားအမိကို မသိသူမရှိကြပါဘူး။ဒီလိုနဲ့ပဲ တစ်ထောင်လုံးရဲ့အချစ်တော်မင်ဝူးလေးလည်း အသက်တစ်နှစ်ပြည့်လို့လာခဲ့ပါပြီ။တောင်ကိုရီးယားနိုင်ငံရဲ့ အခြေခံအရပ်သားဥပဒေအရ ထောင်ဒဏ်ကျခံနေစဉ်ကိုယ်ဝန်ရှိလို့ ကလေးမွေးလာတဲ့အခါမှာ ကလေးအသက်တစ်နှစ်ခွဲအထိပဲ မိခင်နဲ့အတူနေခွင့်ပေးတာဖြစ်တဲ့အတွက်ခွဲခွာရမယ့် နေ့ရက်တွေက တဖြည်းဖြည်းနီးကပ်လို့လာနေပါတော့တယ်။ထောင်ထဲမှာပဲမွေး ထောင်ထဲမှာပဲကြီးလာတဲ့သားလေးအတွက် မခွဲခင်မှာသာမန်သားအမိတွေလိုမျိုး တစ်ရက်လောက်ပဲ အနည်းဆုံးနေကြည့်ချင်မိတာကတော့ မိခင်ဖြစ်သူရဲ့ဆန္ဒပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ဟုန်ဂျောင်ဟဲတစ်ယောက် ထောင်သားတွေအတွက် ပြန်လည်ထူထောင်ရေးစီမံကိန်းကို အကြောင်းပြပြီးတစ်ရက်လောက်အပြင်ထွက်ရဖို့ အခွင့်ဖန်စရာတွေ့လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့....File Size :(998MB) and (433MB) Quality : WEB-DL720P, 480p Format…mp4 Duration…01:55:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae     
movie

Harmony(2010)

The Scarlet Letter (2004)
The Scarlet Letter (2004) (18+) The Scarlet Letter (2004)ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ...
movie

The Scarlet Letter (2004)

2004
A Man Who Was Superman(2008) 7.3
A Man Who Was Superman(2008) A Man Who Was Superman(2008)အညွှန်း**************************************IMDb...7.3Documentaryတွေ ရိုက်ကူးဖန်တီးတဲ့ ပီဒီ ဆုန်းဆူဂျောင်းဟာလခလည်း မရ ကြည့်ရှုနှုန်းလည်း နည်းတာကြောင့် လက်ရှိ အလုပ်ကနေ ထွက်ပြီးအာဖရိကကို သွားဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အာဖရိကမှာ ဝန်ထမ်းတွေခြင်္သေ့ကိုက်ခံရတာကြောင့် ရိုက်ကူးရေး ဖျက်သိမ်းလိုက်ရတဲ့ အချိန်မှာပဲ သူ့ကင်မရာ အခိုးခံလိုက်ရပါတယ်... သူခိုးကို လိုက်ဖမ်းရင် သူ့ကိုယ်သူ စူပါမန်းလို့ ပြောနေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရပါတယ်.... စူပါမန်းဆိုတဲ့သူက သူတတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လူတွေနဲ့ တိရစ္ဆာန်လေးတွေကို ကူညီနေပြီးကလေးတွေရဲ့ သူငယ်ချင်းလည်း ဖြစ်‌နေပါသေးတယ်.... ဒါကိုတွေ့ပြီး ရိုက်ကူးရေးလုပ်ဖို့ အကြံရသွားတဲ့ ဆူဂျောင်းဟာစူပါမန်းကို စတင်ချည်းကပ်ပါတော့တယ်... စူပါမန်းက သူ့ခေါင်းထဲကို လူဆိုးကောင်က ခရစ်ပတွန်နိုက် ထည့်သွားလို့ စွမ်းအားတွေသုံးလို့ မရတာလို့ ပြောခဲ့ပေမဲ့ ဆူဂျောင်းအတွက် ယုံတမ်းစကားလိုပါပဲ... ဒါပေမဲ့ သူပြောသလို စူပါမန်းရဲ့ ခေါင်းထဲမှာ အမည်မသိ အရာတစ်ခုက တကယ် ရှိနေခဲ့ပါတယ်...စူပါမန်းက ဘာဖြစ်လို့ ဒီအခြေအနေ ဖြစ်သွားရပြီး ...
movie

A Man Who Was Superman(2008)

Hypnotized (2004) 5.9
Hypnotized (2004) The Hypnotized 2004 -------------------------------- ဒီရုပ်ရှင်က စိတ်ပညာကားဆိုလဲ မမှားသလို ဒရာမာကားဆိုလဲမမှားဘူးပြောရမှာပေါ့။ ၂၀၀၄ခုနှစ်လောက်ကကျနော်တို့နိုင်ငံမှာ စိတ်ပညာဆရာ၀န်တွေ သိပ်မများသေပေမယ့် တောင်ကိုးရီးယားလိုဖွံဖြိုးတဲ့နိုင်ငံတွေကျတော့ ရှိနေပြီပေါ့ဗျာ. အဓိက သရုပ်ဆောင်ဖြစ်တဲ့ မင်းသမီးkim hye suရဲ့ psychoဆန်ဆန်သရုပ်ဆောင်မှုတွေ ကောင်းတော့ ဆုအနေနဲ့လဲ ၇ဆုရထားပြီး ဇကာတင်ဆု‌တွေလဲ ရထားပါတယ်။ဇာတ်လမ်းအကျဉ့်းကတော့ အိမ်မွေ့ချရောဂါကုထုံးဆရာ၀န်နဲ့ စိတ်ဂနာမငြိမ်ရောဂါသည်တို့ကြားကဆက်ဆံရေးတခုအပေါ်အခြေခံထားပါတယ်။ မင်းသမီး Kim hye suက ဂျီဆုဆိုတဲ့ အချစ်ဦးနဲ့လွဲလို့ စိတ်ဒဏ်ရာလဲရသူရေးတဲ့စာအုပ်တွေကလဲ ထုတ်ဝေခွင့်မရ အိမ်ထောင်ရေးကလဲ အဆင်မပြေတော့ စိတ်ကစဉ့်ကလျား ရောဂါဖြစ်‌‌ေနတဲ့အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။.ဂျီဆု စိတ်ရောဂါကို ခင်ပွန်းဖြစ်သူက သိရှိသွားပြီး စိတ်ကုဆရာ၀န်နဲ့ ပြသခဲ့ပါတယ်.ဒါပေမယ့် ဂျီဆုဟာအကောင်းပတိပြန်ဖြစ်တာမျိုး မဟူတ်ပဲ ယဉ်ယဉ်လေးဆက်ရူးနေခဲ့တာပါ။တနေ့မှာတော့ သူ့ကိုကုသပေးတဲ့ဆရာ၀န်နဲ့ပြန်ဆုံပြီး နှစ်ယောက်သား အခက်အခဲတွေ ရင်ဖွင့်ရင်း ရင်းနှီးချိန်မှာတော့သွေးသားဆန္ဒအရ မှားခဲ့ပါတယ်။ဂျီဆုစိတ်အခြေအနေမဟန်မှန်း ဆရာ၀န်သိလိုက်ရချိန်မှာတော့ သူဟာဂျီဆုကို ...
movie

Hypnotized (2004)

2004
Innocent Thing (2014) 6.1
Innocent Thing (2014) Innocent Thing (2014)=================IMDb Rating - 6.1/10#Unicodeပုံမှန်ကိုရီးယားရုပ်ရှင်တစ်ကားကိုညွှန်းရင် မင်းသားဘယ်သူ မင်းသမီးဘယ်သူဆိုတာက စညွှန်းရမယ်ထင်တယ်။ Innocent Thingရဲ့ Lead Actorက Jang Hyukပါ။ Jang Hyuk ရိုက်တဲ့ရုပ်ရှင်တွေဟာ အရမ်းလန်ပြန်နေတာမျိူး တွေချည်း မဟုတ်ပေမယ့်လည်းမဆိုးတဲ့ ကားတွေပါပဲ။ You are my destinyတို့ Money Flowerတို့Work of Loveတို့လို ပေါက်စီးရီးတွေနဲ့ လူသိများတယ်။ Lead Actress Jo Bo-Ahကတော့ လက်ရှိHotနေတဲ့ vampire diaries Korean versionထဲကပါပဲ။ ဒီကားပြန်ဖြစ်တာသူ့ကြောင့်ဆိုရမယ်။ သူ့ကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားထက်ပိုကောင်းတာဘာမှမရှိ‌တော့ပါဘူး။ ဒီရုပ်ရှင်မှာ သူ့ဇာတ်ကောင်ဟာ ဆရာကိုကြိုက်နေတဲ့ ကျောင်းသူမလေး‌နေရာကပါ။ ဆရာလုပ်တဲ့ Jang Hyukကိုရဖို့ မရမက ဖျားရောင်းတာတွေကို တလှေကြီးမြင်ရမှာပါပဲ။၁၆နှစ်အောက်တော့ မကြည့်သင့်ဘူးပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းကတော့ ရက်ဂီဘောသမားထွက်ဖြစ်တဲ့ ကင်ဂျန်ကီဟာ ယောက္ခမအကူအညီနဲ့ ကျောင်းတစ်ကျောင်းမှာ ကာယဆရာအဖြစ်အလုပ်၀င်လုပ်နေတယ်။ ကျောင်းဆရာဖြစ်ဖို့မသင့်တော်လောက်အောင် ချောလွန်းတဲ့သူ့ရုပ်ကြောင့်တပြည့်မတွေအကုန်လုံးဟာ သူ့ကိုအရူးအမူးဖြစ်နေကြတယ်။ သူ့တပြည့်မတွေထဲက တစ်ယောက်ကတော့ မတူပါဘူး။ သူက ယောင်းအွန်။ ယောင်းအွန်က လိုချင်တာကို ရအောင်ယူတတ်တဲ့ သဘာ၀ရှိတဲ့ ကလေးမပါပဲ။ ဇနီးလည်းရှိ ကလေးလည်းမွေးတော့မယ့် ဆရာကို ရဖို့ ဆင်ကြံကြံဂေါ်ဇီလာကြံအထိကြံကုန်ပါတယ်။ ကင်ဂျန်ကီကလည်း ဒီညွတ်ကွင်းကနေ မရုန်းနိုင်ပါဘူး။ တပြည့်မလေးရယ် သူ့မိန်းမရယ် မွေးတော့မယ့် ကလေးရယ်ကြားမှာ သူအကြပ်ရိုက်လာပါပြီ။ သူရဲ့မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေရဲ့ နောက်ဆက်တွဲမှာ ဘာတွေဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ကြပါ။ဒီရုပ်ရှင်ဟာ နာမည်ကျော် ဂျပန်ရုပ်ရှင် My Rainy Day (2009)ကို တခြားအမြင်ကနေ ရိုက်သွားတဲ့ပုံစံပါပဲ။ ...
movie

Innocent Thing (2014)

Public Enemy ( 2002 ) 7.2
Public Enemy ( 2002 ) ?သားဆိုး?ဟုတ်ပါတယ်... ။ ကျွန်တော် သားဆိုးပါ....။ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့အမေ...။ ကျွန်တော့်ကို အားမကိုးပါနဲ့ အဖေ....။▬▬▬▬▬▬▬▬( အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန် မှုခင်းများကိုပြန်လည် ရေးသားထားခြင်း ဖြစ်ပါသောကြောင့် စိတ်မခိုင်သူများနှင့်အသက် ၁၈ နှစ် အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။)▬▬▬▬▬▬▬▬"ကျွန်တော့် အိမ် မီးလောင်နေပါတယ် ခင်ဗျ...ကယ်ကြပါဦး ..ကျွန်တော့်မိဘတွေ အိမ်ထဲမှာပိတ်မိနေပါတယ်...။""လိပ်စာအမြန်ပေးပါခင်ဗျာ ..ကျွန်တော်တို့မီးသတ်အဖွဲ့က အမြန်ဆုံးလာပါမယ်..ခင်ဗျားလည်း အန္တရာယ်မရှိမဲ့နေရာမှာ နေပါ..။ လေရှူလို့ရမယ့်နေရာမျိုးရွေးနေပါ"လိပ်စာကို သားဖြစ်သူက အလျှင်အမြန် ပြောပြသည်...။"ကယ်ကြပါဦးဗျာ... ကယ်ကြပါဦး"သူတို့နေသော နေရာသည် တောင်ကိုရီးယား၊ ဂန်နနမ်းမြို့နယ်၊ဆမ်းဆောင်းရပ်ကွက်ဆိုသည့် လူချမ်းသာများသာ နေနိုင်သည့် ရပ်ကွက်တစ်ခု ဖြစ်သည်။အနောက်တိုင်းပုံစံဆောက်ထားသော လှပသည့်အိမ်ကလေးမှ မီးခိုးများ အဆက်မပြတ်ထွက်နေသည်။**************************************** ၁၁၉ မီးသတ်၊ ရဲ ၊ ဆေးရုံကားများ တခဏအတွင်းရောက်လာကြသည်။သို့ပေမယ့် အလွန်နောက်ကျသွားလေပြီ...။မိခင်နှင့် ဖခင်နှစ်ဦးစလုံး မီးသွေးတုံးကြီးများကဲ့သို့ မည်းနက်ပြီးတကိုယ်လုံးရစရာမရှိအောင်မီးလောင်သေဆုံးနေပြီဖြစ်သည်...။**************************************** ?အပိုင်း -၁မီးလောင်၍ သေဆုံးသွားသော မိဘနှစ်ပါးတို့၏ အလောင်းကိုမကြည့်ရဲပဲဖြစ်နေတဲ့....မျက်နှာလွှဲပြီး ခြုံးပွဲချ ငိုနေတဲ့ သားတစ်ယောက်ရှိပါတယ်...၊ကျွန်တော် ဘာ့ခ် ဟန် ...
movie

Public Enemy ( 2002 )

2002