Innocent Thing (2014)
=================
IMDb Rating – 6.1/10
#Unicode
ပုံမှန်ကိုရီးယားရုပ်ရှင်တစ်ကားကိုညွှန်းရင်
မင်းသားဘယ်သူ မင်းသမီးဘယ်သူဆိုတာက
စညွှန်းရမယ်ထင်တယ်။ Innocent Thingရဲ့
Lead Actorက Jang Hyukပါ။ Jang Hyuk
ရိုက်တဲ့ရုပ်ရှင်တွေဟာ အရမ်းလန်ပြန်နေတာမျိူး
တွေချည်း မဟုတ်ပေမယ့်လည်းမဆိုးတဲ့
ကားတွေပါပဲ။ You are my destinyတို့
Money Flowerတို့Work of Loveတို့လို
ပေါက်စီးရီးတွေနဲ့ လူသိများတယ်။
Lead Actress Jo Bo-Ahကတော့
လက်ရှိHotနေတဲ့ vampire diaries
Korean versionထဲကပါပဲ။
ဒီကားပြန်ဖြစ်တာသူ့ကြောင့်ဆိုရမယ်။
သူ့ကိုကြည့်ချင်တယ်ဆိုရင်တော့
ဒီကားထက်ပိုကောင်းတာဘာမှမရှိတော့ပါဘူး။
ဒီရုပ်ရှင်မှာ သူ့ဇာတ်ကောင်ဟာ ဆရာကိုကြိုက်နေတဲ့
ကျောင်းသူမလေးနေရာကပါ။ ဆရာလုပ်တဲ့
Jang Hyukကိုရဖို့ မရမက ဖျားရောင်းတာတွေကို
တလှေကြီးမြင်ရမှာပါပဲ။၁၆နှစ်အောက်တော့
မကြည့်သင့်ဘူးပေါ့ဗျာ။
ဇာတ်လမ်းအကျဉ်းကတော့
ရက်ဂီဘောသမားထွက်ဖြစ်တဲ့ ကင်ဂျန်ကီဟာ
ယောက္ခမအကူအညီနဲ့ ကျောင်းတစ်ကျောင်းမှာ
ကာယဆရာအဖြစ်အလုပ်၀င်လုပ်နေတယ်။
ကျောင်းဆရာဖြစ်ဖို့မသင့်တော်လောက်အောင်
ချောလွန်းတဲ့သူ့ရုပ်ကြောင့်တပြည့်မတွေအကုန်လုံးဟာ
သူ့ကိုအရူးအမူးဖြစ်နေကြတယ်။ သူ့တပြည့်မတွေထဲက
တစ်ယောက်ကတော့ မတူပါဘူး။ သူက ယောင်းအွန်။
ယောင်းအွန်က လိုချင်တာကို ရအောင်ယူတတ်တဲ့
သဘာ၀ရှိတဲ့ ကလေးမပါပဲ။ ဇနီးလည်းရှိ
ကလေးလည်းမွေးတော့မယ့် ဆရာကို
ရဖို့ ဆင်ကြံကြံဂေါ်ဇီလာကြံအထိကြံကုန်ပါတယ်။
ကင်ဂျန်ကီကလည်း ဒီညွတ်ကွင်းကနေ မရုန်းနိုင်ပါဘူး။
တပြည့်မလေးရယ် သူ့မိန်းမရယ် မွေးတော့မယ့်
ကလေးရယ်ကြားမှာ သူအကြပ်ရိုက်လာပါပြီ။
သူရဲ့မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေရဲ့
နောက်ဆက်တွဲမှာ ဘာတွေဖြစ်မလဲတော့
ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ကြပါ။
ဒီရုပ်ရှင်ဟာ နာမည်ကျော် ဂျပန်ရုပ်ရှင်
My Rainy Day (2009)ကို တခြားအမြင်ကနေ
ရိုက်သွားတဲ့ပုံစံပါပဲ။ ဒွာရတွေကို မပြပေမဲ့လည်း
မေထုန်သံဝါသပြုခန်း အတော်ပါပါတယ်။
သတိချပ်ကြည့်ရှုကြပါကုန်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။)
#Zawgyi
ပုံမွန္ကိုရီးယား႐ုပ္ရွင္တစ္ကားကိုၫႊန္းရင္
မင္းသားဘယ္သူ မင္းသမီးဘယ္သူဆိုတာက
စၫႊန္းရမယ္ထင္တယ္။ Innocent Thingရဲ႕
Lead Actorက Jang Hyukပါ။ Jang Hyuk
႐ိုက္တဲ့႐ုပ္ရွင္ေတြဟာ အရမ္းလန္ျပန္ေနတာမ်ိဴး
ေတြခ်ည္း မဟုတ္ေပမယ့္လည္းမဆိုးတဲ့
ကားေတြပါပဲ။ You are my destinyတို႔
Money Flowerတို႔Work of Loveတို႔လို
ေပါက္စီးရီးေတြနဲ႔ လူသိမ်ားတယ္။
Lead Actress Jo Bo-Ahကေတာ့
လက္ရွိHotေနတဲ့ vampire diaries
Korean versionထဲကပါပဲ။
ဒီကားျပန္ျဖစ္တာသူ႔ေၾကာင့္ဆိုရမယ္။
သူ႔ကိုၾကည့္ခ်င္တယ္ဆိုရင္ေတာ့
ဒီကားထက္ပိုေကာင္းတာဘာမွမရွိေတာ့ပါဘူး။
ဒီ႐ုပ္ရွင္မွာ သူ႔ဇာတ္ေကာင္ဟာ ဆရာကိုႀကိဳက္ေနတဲ့
ေက်ာင္းသူမေလးေနရာကပါ။ ဆရာလုပ္တဲ့
Jang Hyukကိုရဖို႔ မရမက ဖ်ားေရာင္းတာေတြကို
တေလွႀကီးျမင္ရမွာပါပဲ။၁၆ႏွစ္ေအာက္ေတာ့
မၾကည့္သင့္ဘူးေပါ့ဗ်ာ။
ဇာတ္လမ္းအက်ဥ္းကေတာ့
ရက္ဂီေဘာသမားထြက္ျဖစ္တဲ့ ကင္ဂ်န္ကီဟာ
ေယာကၡမအကူအညီနဲ႔ ေက်ာင္းတစ္ေက်ာင္းမွာ
ကာယဆရာအျဖစ္အလုပ္၀င္လုပ္ေနတယ္။
ေက်ာင္းဆရာျဖစ္ဖို႔မသင့္ေတာ္ေလာက္ေအာင္
ေခ်ာလြန္းတဲ့သူ႔႐ုပ္ေၾကာင့္တျပည့္မေတြအကုန္လုံးဟာ
သူ႔ကိုအ႐ူးအမူးျဖစ္ေနၾကတယ္။ သူ႔တျပည့္မေတြထဲက
တစ္ေယာက္ကေတာ့ မတူပါဘူး။ သူက ေယာင္းအြန္။
ေယာင္းအြန္က လိုခ်င္တာကို ရေအာင္ယူတတ္တဲ့
သဘာ၀ရွိတဲ့ ကေလးမပါပဲ။ ဇနီးလည္းရွိ
ကေလးလည္းေမြးေတာ့မယ့္ ဆရာကို
ရဖို႔ ဆင္ႀကံႀကံေဂၚဇီလာႀကံအထိႀကံကုန္ပါတယ္။
ကင္ဂ်န္ကီကလည္း ဒီၫြတ္ကြင္းကေန မ႐ုန္းႏိုင္ပါဘူး။
တျပည့္မေလးရယ္ သူ႔မိန္းမရယ္ ေမြးေတာ့မယ့္
ကေလးရယ္ၾကားမွာ သူအၾကပ္႐ိုက္လာပါၿပီ။
သူရဲ႕မျပတ္သားတဲ့ဆုံးျဖတ္ခ်က္ေတြရဲ႕
ေနာက္ဆက္တြဲမွာ ဘာေတြျဖစ္မလဲေတာ့
ကိုယ္တိုင္ပဲၾကည့္ရႈ႕လိုက္ၾကပါ။
ဒီ႐ုပ္ရွင္ဟာ နာမည္ေက်ာ္ ဂ်ပန္႐ုပ္ရွင္
My Rainy Day (2009)ကို တျခားအျမင္ကေန
႐ိုက္သြားတဲ့ပုံစံပါပဲ။ ဒြာရေတြကို မျပေပမဲ့လည္း
ေမထုန္သံဝါသျပဳခန္း အေတာ္ပါပါတယ္။
သတိခ်ပ္ၾကည့္ရႈၾကပါကုန္။
(ဒီဇာတ္လမ္းရဲ႕ အၫႊန္းနဲ႔ဘာသာျပန္ေရးသားေပးသူကေတာ့ WiRa Aung ပဲျဖစ္ပါတယ္။)
Quality – 1080p, 720p BluRay
Duration – 1h 57min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Thriller
Source : 1080p.BluRay
Translator – WiRa Aung
Encoder – SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။