Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Devon Sawa
6.5
Little Giants (1994)
Little Giants 1994Genre: Family, Comedy, Sportsဒီ movie လေးက အိုဟိုင်ယိုက မြို့လေးမှာနေထိုင်တဲ့ညီအစ်ကို နှစ်ယောက်အကြောင်း ရိုက်ထားတာဖြစ်ပါတယ် ။သူတို့ညီအစ်ကိုနှစ်ယောက်မှာ အကြီးဖြစ်တဲ့ ကယ်ဗင်ကဘောလုံးကစားတာမှာ အရမ်းတော်ပြီး အငယ်ဖြစ်တဲ ဒန်နီကတော့ဘောလုံးကစားတာ ညံ့ပါတယ်။ အဲလိုနဲ့ ကြီးလာတော့ ကယ်ဗင်ကဘောလုံးနည်းပြဖြစ်သွားပြီး ဒန်နီကတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပါတယ်။ဒန်နီရဲ့ သမီးလေး ဘက်ဂီကလည်း အားကစားဝါသနာပါသူဖြစ်ပြီးဘောလုံးကစားရမှာလည်း တော်တယ် ။ကယ်ဗင်က မြို့အတွက် ဘောလုံးအသင်းဖွဲ့တော့ ဘက်ဂီအပါအဝင်တခြားသူတွေလည်းဝင်ပြိုင်ခဲ့တယ်။ဘက်ဂီဦးလေးကယ်ဗင်က ဘောလုံးအသင်းထဲ သူ့တူမကိုမထည့်တဲ့အပြင်တခြားသိပ်မကစားတတ်သေးတဲ့သူတွေလည်း အသင်းထဲကိုထည့်မပေးခဲ့ဘူး။ အဲ့အချိန်မှာ ဒန်နီကစိတ်တိုသွားပြီး သူ့သမီးအပါအဝင်တခြားသူတွေကို အသင်းတစ်သင်း ထပ်ဖွဲ့ပေးလိုက်ပါတယ်။ အဲလိုနဲ့ ညီကိုနှစ်ယောက်ရဲ့ ကလေးအဖွဲ့ တွေကလည်း မြိုတစ်မြို့မှာဘောလုံးအသင်းတစ်သင်းပဲရှိရမှာဆိုပြီး တစ်သင်းပဲထားဖို့အတွက်ပြိုင်ပွဲပြိုင်ကြမယ်လို့ရက်သတ်မှတ်လိုက်ကြပါတယ်။ကယ်ဗင်အဖွဲ့ကကလေးတွေကပဲပိုတော်နေမလား ဒန်နီအဖွဲ့ကကလေးတွေကပိုတော်နေမလား ဘာပြသာနာတွေရှိနိုင်မလဲဆိုတာရယ် ၊ဘယ်အဖွဲ့ကနိုင်သွားမလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရမယ့်အားကစားmovie ကောင်းလေးမို့ ရုပ်ရှင်ချစ်သူတို့ကိုဒီကားလေးကြည့်ဖို့တိုက်တွန်းလိုက်ပါတယ် File size… 3 GB / 1.4 GB Quality… BluRay ...
movie
Little Giants (1994)
6.7
Final Destination (2000)
Final Destination (2000) ************************ IMDb.....6.7 Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ....ယခု နောက်ပိုင်းထွက်တဲ့ horror ကား တော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့အနည်းငယ်ရိုးအီလာသလိုပါပဲ....... Final Destination လို horror မျိုးကျတော့လည်း တကယ့်ကိုသွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး... မင်း horrorဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယခုလည်း New Line Cinema ကFinal Destination Reboot ကို စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည်ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ...
movie
Final Destination (2000)
4K HEVC
5.9
Final Destination 5 (2011)
Final Destination 5 (2011) ************************** IMDb.....5.9 Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ....ယခု နောက်ပိုင်းထွက်တဲ့ horror ကား တော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့အနည်းငယ်ရိုးအီလာသလိုပါပဲ....... Final Destination လို horror မျိုးကျတော့လည်း တကယ့်ကိုသွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး... မင်း horrorဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယခုလည်း New Line Cinema ကFinal Destination Reboot ကို စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည်ခံစားချင်သူများအတွက် ...
movie
Final Destination 5 (2011)
4K HEVC
6.5
Heart Eyes (2025)
Heart Eyes (2025)IMDb Rating (6.5) / Rotten Tomatoes (80%) ဒီကားက ဗယ်လင်တိုင်းတုန်းက ရုံတင်ပြီး နာမည်ကြီးခဲ့တဲ့ကားပါ။ စောင်အတွဲတွေကို ချဉ်နေတဲ့သူအတွက် အကြိုက်ပါပဲ။တရားခံက တစ်နှစ်တစ်ခါ ဗယ်လင်တိုင်းရောက်တိုင်း စောင်အတွဲတွေကို ပိုးစိုးပက်စက် လိုက်-တ် တာပါ။စောင်အတွဲတွေ Ro နေတုန်း ခွေးပြေးဝက်ပြေးပြေးလိုက်၊ ရှောကုန်လိုက်နဲ့ ဟာတွေကို အားရပါးရ ကြည့်ရမှာပါ။ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဗယ်လင်တိုင်းဒေးတွေမှာ နှစ်နှစ်ဆက်တိုက် အတွဲတွေကို လိုက်ဖြုတ်နေတဲ့ စိတ္တဇကောင်ကြောင့် အားလုံး ကျီးလန့်စာစားနေရတဲ့အချိန်ပါ။အတွဲမရှိတဲ့ကောင်တွေကတော့ အေးဆေးဆေးဆေး ဖြတ်သန်းနေတဲ့ အချိန်ပေါ့။ ၂၀၂၅ ဗယ်လင်တိုင်းမှာလဲ အတွဲမရှိတဲ့ မာကတ်တင်း ဝန်ထမ်းကောင်မလေးနဲ့ ကောင်လေးက အလုပ်ကိစ္စကို ဆိုင်မှာ ချိန်းတွေ့ရင်း တရားခံရှေ့မှာ အတွဲလို့အထင်လွဲခံရစရာလေးတွေ လုပ်လိုက်မိပါတယ်။ဒါနဲ့ပဲ အသည်းပုံမျက်လုံး လူ-တ်သမားလို့ နာမည်ကြီးတဲ့ စိတ္တဇကောင်က အိမ်ထိလိုက်လာပြီး ကြိတ်တဲ့အခါ အသက်ဘေးကလွတ်အောင်ပြေးရင်း ဘယ်လိုပြန်တိုက်မလဲ၊ ...
movie
Heart Eyes (2025)
2025
4.3
All the Lost Ones (2024)
All the Lost Ones (2024)2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ အသစ်စက်စက် စစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေတွေက ဆိုးဝါးလာပြီး အစိုးရသတ်မှတ်ထားတဲ့ အရေးယူမှုတွေကြောင့် လူတွေဟာ စစ်ပွဲဆိုတဲ့အရာနဲ့ ကြုံတွေ့ရပါတယ်။အဲ့ဒီအချိန်မှာ နီရာရယ်၊ သူ့အစ်မ ပန်နီရယ် သူ့ကောင်လေး အီသန်တို့ဟာလဲ စစ်သွေးကြွခေါင်းဆောင်က သူတို့ကို EE တွေထင်ပြီး နောက်က လိုက်နေကြတာကြောင့် သူ့ဆီကနေ ပုန်းနေကြရပါတယ်။ပုန်းနေရင်းနဲ့ အစာရေဆာမလောက်ငှတော့တဲ့အခါ မြိုပြင်ထွက်ပြီး ရသမျှကို ရှာကြရပါတယ်၊ အဲ့ဒီအချိန်မှာ စစ်သွေးကြွတွေနဲ့ပဲ တွေ့မလား တခြားဘယ်သူတွေနဲ့ ဆုံရဦးမှာလဲ၊လက်နက်ကိုင်ပြီး ထင်တိုင်းကြဲနေတဲ့သူတွေက အောက်ကနေ လွတ်မြောက်သွားမှာလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)File size…(1.5 GB) / (970 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama, ...
movie
All the Lost Ones (2024)
2024
Slackers (2002)
Imdb rating - 5.3/10ဒီကားလေးကတော့ ၂၀၀၂ခုနှစ်တုန်းကထွက်ထားတဲ့ အချစ်ဟာသကားလေးပါ။ high school movie တွေ Campus movie တွေ ကြိုက်တတ်ရင် ကြည့်သင့်တဲ့ကား။လေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ - ဒေ့ဗ်တို့သူငယ်ချင်းသုံးယောက်က ပထမနှစ်ကတည်းက သူမတူတဲ့နည်းလမ်းတွေနဲ့ စာခိုးချတဲ့သူတွေပါ။နောက်ဆုံးနှစ် နှစ်၀က်စာမေးပွဲမှာ ဒေ့ဗ် သူငယ်ချင်းဖြစ်သူဆမ်အတွက် မေးခွန်းခိုးပေးရင်း ကောင်မလေးတစ်ယာက်ကိုဖွန်ကြောင်လိုက်ရာမှစပြီး ပြဿနာတက်ပါတော့တယ်။ ကောင်မလေးကို ကြိုက်နေတဲ့ ဆိုက်ကိုဂိခ်ကောင် အီသန်က အငြိုးထားပြီးခြိမ်းခြောက်လို့ အီသန် စော်လိုက်တာကို ကူညီပေးဖို့ဖြစ်လာပါတော့တယ်။ဒေ့ဗ်က ကောင်မလေးကို တကယ်ချစ်သွားတဲ့အခါ တဖက်ကလည်း ကျောင်းထုတ်ခံရမယ့်အကွက် တဖက်ကလည်းချစ်သူပစ်ခံရမယ့်အကွက်နဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကမလဲ ရီရီမောမောကြည့်ရှုနိုင်မှာပါ။( အ၀တ်ဗလာဇာတ်၀င်ခန်းတချို့ပါပြီးစကားလုံးအချို့ သုံးနှုန်းမှုကြမ်းတမ်းပါသည်။)File size…(1.5 GB)/(943 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Winter May
movie
Slackers (2002)
4.4
Escape Plan: The Extractors (2019) Escape Plan 3
Escape Plan: The Extractors (2019) Escape Plan 3ဒီဇာတ်ကားဆိုရင် မင်းသားကြီး Sylvester Stallone ရဲ့ အရင်ထွက်ရှိထားပြီးဖြစ်တဲ့ Escape Plan (2013) နဲ့Escape Plan 2: Hades (2018) တို့ရဲ့ အဆက်အနေနဲ့ တတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်...Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာ https://www.channelmyanmar.to/?s=escape+plan+stallone ဒေါင်းလို့ရပါတယ်။ဇာတ်လမ်းကတော့ လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင် ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။ ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံးနဲ့သူ့ရဲ့အဖွဲ့တို့ ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ် ။ File size…(3.7 GB) / (1.6 GB) / (780 MB) Quality….BluRay ...
movie
Escape Plan: The Extractors (2019) Escape Plan 3
2019
4K HEVC
5.0
Consumed (2024)
သည်းထိပ်ရင်ဖိုချစ်သူတွေအတွက် အပျင်းပြေကြည့်လို့ကောင်းမဲ့Horror ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Consumed ဖြစ်ပြီးတော့တောကြီးမျက်မည်းထဲက မကောင်းဆိုးဝါးတွေနဲ့ဆက်နွယ်နေတဲ့ Horrorဇာတ်ကားပုံစံလေးပဲဖြစ်ပါတယ်။အရမ်းကြီးမကြမ်းပေမဲ့ သူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းတဲ့အခြေအနေမှာရှိပါတယ်။ဘက်သ်က ကင်ဆာရောဂါဝေဒနာခံစားခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့အဲ့ဒီကင်ဆာကိုတွန်းလှန်နိုင်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။အဲ့ဒီအထိန်းအမှတ်နဲ့သူကင်ဆာရောဂါဝေဒနာဖြစ်နေတုန်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ကြတဲ့ ဘက်သ်ရော ယောက်ျားဖြစ်သူဂျေးတို့နှစ်ယောက်စလုံးစိတ်ပြေလက်ပျောက်ဖြစ်အောင်တောတွင်းစခန်းချခရီးထွက်ခဲ့ကြပါတော့တယ်။အဲ့ဒီတောထဲမှာသူတို့ကိုစောင့်ကြိုနေတဲ့ထိတ်လန့်စရာမကောင်းဆိုးဝါးသားရဲကြီးရှိနေခဲ့တာကိုတော့ဘက်သ်တို့စောစောစီးစီးကြိုမသိခဲ့ကြပါဘူး။တစ်ညမှာတော့ ညဖက်တဲထိုးပြီးအိပ်နေရင်းနဲ့မှအဲ့ဒီအရာကြီးနဲ့ကြုံတွေ့ခဲ့ရပြီး ဖိနပ်ကျွတ်မတတ်ထွက်ပြေးခဲ့ရပါတော့တယ်။ဒီလိုနဲ့သူတို့ဆက်သွားရမဲ့လမ်းကြောင်းလည်းပျောက် စခန်းချပစ္စည်းတွေလည်းမရှိတော့ပဲနဲ့ ကင်ဆာရောဂါကိုအနိုင်ယူနိုင်ခဲ့တဲ့ဘက်သ်တို့လင်မယားနှစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကိုရောအတူအနိုင်ယူနိုင်ပါ့မလားဆိုတာကိုထိတ်လန့်စရာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.64GB / 821MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Consumed (2024)
4.9
Who Are You People (2023)
Who Are You People (2023) =====================မိသားစု ဆွေမျိုးတွေကြားထဲမှာ စ'နေကျစကားရှိတယ်လေ။ နင့်ကိုမွေးစားထားတာ နင့်ကိုဘယ်ကကောက်ရလာတာဆိုပြီး။ မိဘတွေနဲ့အဆင်ပြေ၊ ဘာပြဿနာမှမရှိတဲ့ ကလေးအတွက်တော့ ဒီစကားက စနောက်ရုံသက်သက်ထက်မပိုပေမဲ့ သားသမီးချင်း အတူတူ အချစ်မခံရတဲ့ ကလေးအတွက်ကျ ဒီလိုမျိုး စနောက်မခံရဘဲနဲ့တောင် ငါက သူတို့ကလေးမှဟုတ်ရဲ့လားလို့ အတွေးဝင်သွားတတ်တယ်။အဲလက်က သမီးအကြီးဆုံး။ သူ့အောက်မှာ အမြွှာညီမနှစ်ယောက်ရှိတယ်။ ငယ်ငယ် လေးကတည်းက အဖုအထစ်တွေရှိလာတဲ့ မိဘနဲ့သားသမီးကြားဆက်ဆံရေးမှာ အဲ လက်၁၆နှစ်အရွယ်ရောက်တော့ ပိုဆိုးကုန်တာပေါ့။ အရွဲ့တိုက် ကလန်ကဆန်လုပ် တတ်တဲ့အရွယ်မှာ အဖေဖြစ်သူက ဒေါသအိုး၊ အမေကလည်း စိတ်မရှည်တဲ့သူမျိုး ဆိုတော့ ဒီအဖေအမေနဲ့ သမီးက အမြဲတမ်းတကျက်ကျက်ပါပဲ။ အဲလက်ရဲ့ အမြွှာညီမ နှစ်ယောက်ကတော့ အဖေအမေရဲ့ အသည်းကျော်လေးတွေပါ။ သူတို့နှစ်ယောက်ကို ရဖို့ ဆရာဝန်တွေနဲ့ ဘယ်လိုတွေ့ခဲ့ရကြောင်း ဘယ်လိုခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ကလေးတွေဖြစ်ကြောင်းကို ပုံပြင်ပြောသလို တဖွဖွပြောနေတော့ သမီးကြီးဖြစ်တဲ့ အဲလက် ရင်ထဲမှာ သံသယမျိုးစေ့တွေ အညှောက်ပေါက်လာပါတယ်။ဒီမျိုးစေ့တွေ ကြီးထွားလာအောင် ရေလောင်းပေးလိုက်တာကတော့ အဲလက်အမေ သိမ်းထားတဲ့ စာတစ်စောင်ကြောင့်ပါ။ အဲလက်မမွေးခင်ခြောက်လအလိုမှာ ကားလ်ဆိုတဲ့ အမျိုးသားတစ်ယောက်က အဲလက်အမေဆီပို့ထားတဲ့တောင်းပန်စာ။ ဒီစာကြောင့်ပဲ အဲလက်က ကားလ်ဆိုတာ ...
movie
Who Are You People (2023)
2023
6.7
Who Are You People(2023)
Who Are You People(2023)************************မိဘတွေက သူ့ကိုဂရုမစိုက်ဘူး၊ သူ့ညီမတွေဖြစ်တဲ့ အမြွှာတွေကိုပဲ ဂရုစိုက်ပြီးချစ်တယ်လို့ အမြဲခံစားနေရတဲ့၁၆ နှစ်အရွယ်ကောင်မလေး အဲလက်စ်။ တစ်နေ့မှာတော့ သူ့ကျောင်းကဆရာတစ်ယောက်ကိုသူ့မိသားစုအပြင်သွားတုန်း အိမ်ခေါ်ပြီး မြူဆွယ်ဖို့လုပ်ခဲ့ပါတယ်။ခက်တာက မိဘတွေနဲ့ပက်ပင်းတိုးပြီး အဲလက်စ်ကို နိုင်ငံခြားပညာတော်သင်ပို့လိုက်ဖို့ ဆုံးဖြတ်ကြပါတယ်။အဲလက်စ်မသွားခင်ဘဲ သူ့အမေသိမ်းထားတဲ့ တခြားယောကျ်ားတစ်ယောက်ဆီကစာတစ်စောင်ကိုတွေ့လိုက်ရတဲ့အခါ... အဲဒီလူကလည်း သူ့အဖေဖြစ်နေနိုင်တဲ့အခါ...လက်ရှိမိဘတွေကို သဘောမကျတဲ့အဲလက်စ်တစ်ယောက် အဖေအရင်းလို့ထင်ရတဲ့သူကိုရှာဖို့နိုင်ငံခြားသွားသလိုလိုနဲ့ ခိုးထွက်လာပါတော့တယ်။ သူသွားရှာတဲ့အဖေအရင်းကတကယ်ရော သူ့စိတ်ကူးထဲကလိုကောင်းနေပါ့မလား.. သူ့မိဘတွေကရော သူ့ကိုဘာတွေလျှို့ဝှက်ထားကြတာလဲ။File Size :(1.9GB) and (675MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie
Who Are You People(2023)
6.2
Idle Hands (1999)
Idle Hands (1999)1999 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးကို Horror ကားနဲ့ မစိမ်းတဲ့သူတွေတချို့ ကြည့်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ယောက်ျားလေးများရဲ့ ငယ်ဘ၀ crush ဖြစ်တဲ့ Jessica Alba က မင်းသမီးအနေနဲ့ ပါ၀င်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တယ်၊ အဖော်အချွတ် ဘာညာသာရကာလေးတွေလည်း အားရကျေနပ်ရလောက်အောင် ပါတယ်ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား အန်တွန် ဆိုတဲ့ ငနဲပေါ့။ အဓိကဇာတ်ဆောင်ဆိုလို့ ဉာဏ်ကောင်း စာတော် အားကစားပါရမီပါ ဘာညာစမာကလာ ပြီးပြည့်စုံနေတဲ့ မင်းသားတော့မဟုတ်ဘူး။ တစ်နေ့တစ်နေ့ အားအားရှိ စားလိုက် သောက်လိုက် တီဗီကြည့်လိုက် ဆေးရှူလိုက် အာသာဖြေလိုက်ပဲ လုပ်နေတဲ့ ကမ္ဘာ့စောက်ပျင်းအကျဆုံးကောင်...ဆေးရှူဖော်ဆေးရှူဖက် သူငယ်ချင်း မစ်ခ် နဲ့ ပနက်ဘ် ကလွဲလို့ အပေါင်းအသင်းလည်း ရှိတဲ့ကောင်မဟုတ်... ဒါပေမယ့် သူကြိတ်သဘောကျနေရတဲ့ crush မလေး မော်လီဆိုတဲ့တစ်ယောက်တော့ ရှိတာပေါ့။ဒီလိုနဲ့ ...
movie
Idle Hands (1999)
1999
Gasoline Alley (2022)
Gasoline Alley (2022)ခုတစ်ခေါက်မှာတော့ သည်းထိပ်ရင်ဖိုမှုခင်းကားတစ်ကားဖြစ်တဲ့ Gasoline Alley နဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ လေးလောင်းပြိုင်လူသတ်မှုတစ်မှုရဲ့ အခင်းဖြစ်တဲ့နေရာမှာ "Gasoline Alley" လို့ထွင်းထားတဲ့ မီးခြစ်တစ်ခုကို စုံထောက် Freeman နဲ့ Vargas တို့ကတွေ့ရှိခဲ့ပါတယ်။ "Gasoline Alley"ဆိုတဲ့ နာမည်ကအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ Jimmy Jayne ရဲ့ တက်တူးဆိုင်နာမည်နဲ့လာတူနေတဲ့အပြင်လူသတ်မှုမဖြစ်ခင်ညကJimmyဟာ အသတ်ခံရတဲ့လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Stars နဲ့ပတ်သက်မှုရှိနေခဲ့တော့အမှုရဲ့သံသယရှိသူဖြစ်လာပါတော့တယ်။ အကျဉ်းကျခဲ့ဖူးပေမယ့် ကိုယ်မလုပ်တဲ့ပြစ်မှုအတွက် ထောင်အကျမခံနိုင်ပါဘူးဆိုတဲ့Jimmy ကသံသယရှိသူဖြစ်လာတဲ့အခါမှာတော့ စုံထောက်နှစ်ယောက်နဲ့ပေါင်းပြီးနာမည်ရှင်းဖို့ရာအတွက် အမှုကိုလိုက်ပြီးစုံစမ်းပါတော့တယ်။Jimmyတစ်ယောက် ကိုယ့်နာမည်ကိုဘယ်လိုရှင်းမလဲဆိုတာကို ပဟေဠိဆန်ဆန်နဲ့ ကြည့်ရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦး။ File size…1.25Gb / 700MB / 350MB Quality…1080p WEB RIP AAC 5.1CH / 720p / 360p Format…mp4 Duration….1h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Honeyey
movie
Gasoline Alley (2022)
6.3
Hunter Hunter (2020)
Hunter Hunter (2020)=================IMDb Rating - 6.3/10 နာမည်ကို ကြည့်လိုက်တာနဲ့ အမဲလိုက်တဲ့ကား ဆိုတာ သိကြမှာပါ။ ဆိုတော့ ..... အမဲလိုက်တဲ့ကားတွေကြိုက်တတ်တဲ့လူတွေ သဘောကျမယ့်ကားမျိုးပါပဲ။ ဘဝဟာ မုဆိုးတစ်လှည့် သားကောင်တစ်လှည့်ပါပဲ။လေးဖြူရဲ့အမဲလိုက်မုဆိုး သီချင်းထဲကလိုပေါ့ဗျာ။ မုဆိုးကြီး ဂျိုးဆက်တို့ သားအမိသားအဖ ၃ ယောက်ဟာတောထဲမှာ အိမ်ကလေးဆောက်ပြီး နေကြပြီး အမဲလိုက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာပါ။သူတို့ကို ခြိမ်းခြောက်နိုင်တာကတော့ ဝံပုလွေတစ်ကောင်ပါပဲ။ ပုံမှန်ဆိုရင် လူက မုဆိုး တိရစ္ဆာန်က သားကောင်ပါ။တိရစ္ဆာန်က မုဆိုး ဖြစ်ပြီး လူက သားကောင်ဖြစ်တဲ့အချိန်မှာတော့ ..... Horror, Thriller ကြိုက်သူများအသည်းတယားယား ရင်တဖိုဖိုနဲ့ ဇာတ်ကို အဆုံးထိ ရောက်လို့ ရောက်မှန်းမသိအောင် ွဲခေါ်သွားမယ့် ဇာတ်ကားမျိုးပါပဲ။ IMDb Rating - 6.3/10 ရရှိထားပြီး . Thriller ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ကြည့်ကောင်းမယ့်ကားမျိုးဖြစ်ပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို August ...
movie
Hunter Hunter (2020)
2020
6.7
Jarhead: Law of Return (2019)
Jarhead: Law of Return (2019)======================IMDb Rating 6.7/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။#Unicodeဒီဇာတ်ကားကို Poster စကြည့်ခဲ့တုန်းက သာမန်စစ်ကားလောက်ပဲထင်ခဲ့မိတာ။ စဖွင့်ကတည်းကစပြီးတော့ကို actionဆန်ဆန်ရိုက်ကူးမှုတွေနဲ့စထားခဲ့ပြီး ဇာတ်လမ်းကို ဇာတ်ရှိန်စမြှင့်ပေးတယ်။ ဖြစ်စဉ်က အဆင့် ၇ ရှိ ဆာဂျင်ဒေ့တောရစ်သူက မြောက်ကယ်ရိုလိုင်းနား လီဂျူးနီ အခြေစိုက်စခန်းရဲ့ဒုတိယရေတပ်တပ်ရင်း M-SOIT အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။သူဦးဆောင်တဲ့ အဖွဲ့က အစ္စရေးကိုစေလွတ်ပြီး ပူးပေါင်းလေ့ကျင့်စစ်ဆင်ရေးကိုပါဝင်ရပါတယ်။သွားတာတော့ လေ့ကျင့်ရေးအတွက်ပေမယ့် အစ္စရေးလေတပ်က လေယာဥ◌်မောင်းလေ့ကျင့်ရင်း စီးရီးယားဘက်ကနေဒုံးနဲ့ချောင်းမြောင်းပစ်ခတ်ချင်းကိုခံရပါတယ်။ အရှေ့ဘက် လေယာဥ◌်မောင်းက တစ်ခါတည်းသေဆုံးပြီးအနောက်ဘက်ကထိုင်တဲ့ မေဂျာဂျက်ဆင်ကတော့ လေယာဥ◌်ထဲကနေ အရေးပေါ်ခလုတ်နှိပ်ပြီးထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းစီးရီးယားအကြမ်းဖက် အရှာဘတ်ကလိုက်လံရှာဖွေဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ဒါကို တောရစ်တို့အဖွဲ့နဲ့အစ္စရေး စစ်တပ်ကအဖွဲ့တို့ပူးပေါင်းကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကယ်ဆယ်ရေးဖြစ်စဥ◌်ကိုကြည့်ရှုရတာဟာ တကယ့်ကိုစိတ်ဝင်စားစရာဖြစ်ပြီးကျွန်တော်ထုတ်မပြောခဲ့တဲ့ စိတ်ဝင်စားစရာအပိုင်းတွေအများကြီး အများကြီးကို ဆက်တိုက်ကြည့်ရှုရမှာပါ။ ကောင်းလွန်းလို့ CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ တစ်ခုမှာချင်တာက မျက်ရည်လေးတော့ခိုင်အောင်ထားပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို San Win Maungရေးသားပေးပြီး ဘာသာပြန်ပေးသူကတော့ Z ...
movie
Jarhead: Law of Return (2019)
2019
6.1
Casper (1995)
Casper 1995 ဒီဇာတ်ကားလေးကတော့ ကပ်စပါ ဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအကြောင်းကာတွန်းကားကို live-action ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် အ ဓိကဇာတ်ဆောင်ဖြစ်တဲ့ ကပ်စပါကို CGI အပြည့်နဲ့ တစ်ကားလုံးသုံးသွားနိုင်တဲ့ ပထမဦးဆုံး ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ Budget ၅၅ သန်း အသုံးပြုခဲ့ပြီး ၂၈၇.၉ သန်းပြန်လည်ရရှိခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ဒေါက်တာဟာဗေးက သူ့သမီးလေးနဲ့အတူ တစ်မြို့ဝင်တစ်မြို့ထွက်နဲ့ လူတွေကိုအနှောက်အယှက်ပေးနေတဲ့ တစ္ဆေတွေကို နောက်ဘဝကူးပြောင်းနိုင်အောင် လိုက်လံကူညီပေးနေပါတယ်။ တနေ့မှာတော့ မိန်း ဆိုတဲ့မြို့က သရဲအရမ်းခြောက်တဲ့ ၀စ်စတပ် ဆိုတဲ့အိမ်ကြီးကိုသွားပြီး သောင်းကျန်းနေတဲ့ သရဲတွေကို နှိမ်နင်းပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်ကြီးမှာတော့ ကပ်စပါဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအပြင် လူတွေကိုသွေးပျက်မတက် ခြောက်လှန့်တက်တဲ့ တစ္ဆေ ၃ ကောင်လည်းရှိနေပါတယ်။ေ ဒါက်တာဟာဗေးကပဲ ခြောက်လှန့်တက်တဲ့ တစ္ဆေတွေကို နောက်ဘဝကူးသွားအောင်ကူညီပေးနိုင်မလား တစ္ဆေတွေကပဲ အနိုင်ယူသွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ပါနော်။ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Jar Jar ဖြစ်ပါတယ်
movie
Casper (1995)
1995