Channel Myanmar

Chris Pine

The Finest Hours (2016) 6.7
The Finest Hours (2016) The Finest Hours (2016)~ IMDb - 6.7/10, Rotten Tomatoes - 64% ~၁၉၅၂ ခုနှစ်က ကိပ်ကုပ် မြို့အနီးမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး မှောက်တဲ့အချိန် ကမ်းခြေစောင့်တပ်က ကယ်ဆယ်ဖို့ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။မာဆာ နဲ့ ပင်ဒယ်တန် ဆိုတဲ့ သင်္ဘောနှစ်စီး မှောက်သွားတာပါ။ မာဆာ သင်္ဘောမှောက်တာကို သတင်းစောစောရလို့ ကယ်ဆယ်ရေးတွေ စုပြုံပြီးသွားကြတဲ့အတွက် ပင်ဒယ်တန်သင်္ဘောကို ကယ်ဆယ်ရေးလွှတ်ဖို့အတွက် အဖွဲ့သား အလုံအလောက်မရှိတော့ပါဘူး။အဲဒါကြောင့် အနီးစပ်ဆုံး မြို့က ကမ်းခြေစောင့်တပ်ကို အကူခေါ်ပါတယ်။ အဲဒီစခန်းမှာလည်း သင်္ဘောတစ်စင်းက မာဆာသင်္ဘောကယ်ဆယ်ရေး လိုက်သွားလို့ မရှိတဲ့အတွက် ကျန်တဲ့ သင်္ဘောတစ်စင်းနဲ့ သင်္ဘောသားလေးယောက်က ပင်ဒယ်တန်သင်္ဘောကို ကယ်ဆယ်ဖို့ထွက်ရပါတော့တယ်။ဒါပေမဲ့ သူတို့ထွက်ရမယ့်နေရာကနေ သင်္ဘောပျက်ဆီသွားမယ်ဆိုရင် ရေတိမ်ကို ဖြတ်ရမှာပါ။ ပုံမှန်အချိန်ဆို ပြဿနာမရှိပေမဲ့ ဟာရီကိန်းအဆင့်နီးနီး နှင်းမုန်တိုင်းတိုက်နေတဲ့အချိန်မှာတော့ အဲဒီနေရာကို ကျော်ဖို့က အန္တရာယ်များပါတယ်။ သူတို့အတွက် ...
movie

The Finest Hours (2016)

2016
A Wrinkle in Time (2018) 6.5
A Wrinkle in Time (2018) A Wrinkle in Time(2018) ဒီ A Wrinkle in Time ဆိုတဲ့ကားလေးကိုနာမည်ကျော် Walt Disney Studioကနေရိုက်ကူးထားတာပါ.. Walt Disneyရဲ့ထုံးစံအတိုင်း သီချင်းကောင်းကောင်းလေးနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်း ဆန်းဆန်းလေးဖြစ်လို့ မငြီးမငွေ့ကြည့်ရှုရမယ့်ကားတစ်ကားပါပဲ... Oprah Winfrey,Reese Witherspoon,Chris Pineစတဲ့ နာမည်ကျော်အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးရဲ့အကျဉ်းချုပ်လေးကတော့ ဖခင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပေမယ့် တစ်နေ့ပြန်လာမယ်ဆိုပြီး မျှော်လင့်ချက်လေးနဲ့ မက်ဂ် နဲ့ ချားလ်ဝေါလေ့စ်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်ဟာ အချိန်တွေကိုဖြတ်ကျော်နေပါတယ်... တစ်ညမှာတော့ ထူးဆန်းစွာ နတ်သမီးတွေလို့ထင်ရလောက်တဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံမိပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ရဲ့ပြောကြားချက်အရ သူတို့ရဲ့အဖေဖြစ်သူဟာ မသေဆုံးသေးပဲ တစ်နေရာရာမှာပိတ်မိနေတာကို သိရှိလာရပါတယ်။ ဒီကလေးတွေ သူ့အဖေဖြစ်သူကိုဘယ်လိုကယ်တင်မလဲ... ဘယ်လိုအခက်အခဲတွေကရော ရှေ့မှာစောင့်ကြိုနေမလဲ... ဖခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ရင်တစ်ထိတ်ထိတ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။ သဲထိတ်ရင်ဖို ကားကောင်းလေးတွေစိတ်ဝင်စားတဲ့ လူတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ ရှယ်ဇာတ်ကါးလေးလို့ပဲပြောချင်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ်JtheKoalaဖြစ်ပါတယ်.... File Size : (4.6GB) (1.75 GB) and (800 MB) Quality : Blu-Ray 4K HEVC/ 1080p/ 720p Format…mp4 Duration…01:51:00 Genre : Adventure, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

A Wrinkle in Time (2018)

2018
4K HEVC
Hell or High Water (2016) 7.6
Hell or High Water (2016) Hell or High Water (2016)IMDb Rating (7.6) / Rotten Tomatoes (97%)Chris Pine , Jeff Bridges , Ben Foster တို့လို မင်းသားကြီးတွေပါဝင်ပြီး Crime Drama Thriller အမျိုးအစားကိုမှ Western  စတိုင်အပြည့်နဲ့ရုပ်ရှင်ကားကြီးပါ။ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။ သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။ မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလို သူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့ FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။ Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက် Tony ...
movie

Hell or High Water (2016)

2016
4K HEVC
Horrible Bosses 2 (2014) 6.3
Horrible Bosses 2 (2014) Horrible Bosses 2 (2014)IMDb Rating (6.3) / Rotten Tomatoes (35%)အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ.... သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ဇာတ်လမ်းကတော့.......နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ်ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ ...
movie

Horrible Bosses 2 (2014)

2014
Poolman (2023) 5.5
Poolman (2023)  Poolman ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက်နာမည်ကျော်မင်းသား Chris Pine ပါဝင်တဲ့Comedy, Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။နည်းနည်းဆန်းတဲ့ Genre အတွဲဖြစ်သလိုဇာတ်ကားလေးကလည်း နည်းနည်းလေးဆန်းပါတယ်။အတိုပြောရရင် မင်းသားဟာ ဇာတ်ကားထဲမှာDarren ဆိုတဲ့ ရေကူးကန်ထိမ်းသိမ်းရေးဝန်ထမ်းတစ်ယောက်ပါ။ သူက သူနေတဲ့ Los Angeles မြို့ကိုအရမ်းချစ်လို့ မြို့ကို တိုးတက်အောင် အမြဲကြိုးစားနေတဲ့လူတစ်ယောက်ပါ။ သူ့မှာ သူ့ကိုအမြဲအပြစ်မမြင် ကူညီပေးတဲ့မိတ်ဆွေတွေရှိသလိုသူ့ကို ရန်သူလိုမြင်နေတဲ့လူတွေလည်း ရှိပါတယ်။တစ်နေ့မှာ အများပြည်သူအကျိုးအတွက်လို့နာမည်ခံထားတဲ့ မြို့ရဲ့ အိမ်ရာစီမံကိန်းနောက်ကွယ်တစ်ခုမှာ လာဘ်ပေးလာဘ်ယူတွေ ရှိနေတာကို သူသိသွားတဲ့အခါမှာ အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနောက်ကွယ်မှာ ဘယ်လိုတွေ ရှိနေမှာလဲသူထင်တာတွေကရော မှန်ပါ့မလား ဘယ်သူတွေထိခိုက်ပြီး ဘယ်သူတွေ အသာစီးရသွားမှာလဲစတာတွေကို တစ်ကားလုံး ဟာသဆန်ဆန် ရိုက်ပြထားတာမို့ Mystery လည်း ကြိုက် comedy လည်ကြိုက်တဲ့လူတွေ ကြည်သင့်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်‌ဗျ.......... File size…1.87GB / 741MB Quality…WEB-DL 1080p 5.1CH ...
movie

Poolman (2023)

Wonder Woman 1984 (2020) 6.8
Wonder Woman 1984 (2020) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Wonder Woman 1984 (2020)

2020
4K HEVC
Wonder Woman (2017) 7.4
Wonder Woman (2017) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Wonder Woman (2017)

2017
4K HEVC
Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Batman v Superman: Dawn of Justice (2016)

2016
4K HEVC
Celeste & Jesse Forever (2012) 6.6
Celeste & Jesse Forever (2012)  ဒရာမာကားတွေကိုပီပီပြင်ပြင် ရင်ထဲထိအောင်သရုပ်ဆောင်နိုင်တဲ့Rashida Jones ဆိုတဲ့မင်းသမီးသရုပ်ဆောင်ထားတဲ့ ၂၀၁၂ တုန်းကထွက်ရှိထားတဲ့ Celeste & Jesse Forever ဆိုတဲ့အချစ်ဒရာမာကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.6 ရရှိထားပြီးကြေကွဲစရာ အချစ်ကားလေးတွေကြိုက်တတ်တဲ့သူတွေဆိုရင်တော့ဒီကားလေးကကြည့်လို့ကောင်းမှာပါ။ကွာရှင်းတယ်ဆိုတာနဲ့လူတွေကအပူမီးတွေ အမုန်းတရားတွေကိုပဲပြေးမြင်ကြမှာပါ။ဒါပေမယ့်ဒီကားထဲမှာ တွေ့ရတဲ့ဆလက်စ်နဲ့ဂျက်ဆီဆိုတဲ့ လင်မယားကတော့ကွာရှင်းတယ်ဆိုတာကို ပျော်စရာတစ်ခုအနေနဲ့ မြင်အောင်ဖန်တီးပြသထားပါတယ်။ကွာရှင်းတော့မယ်ဆိုပေမဲ့ သူတို့နှစ်ယောက်အတူသွား အတူလာအတူစားနေကြတာတွေကိုမြင်ရတာက ချစ်လှပါချည်ရဲ့ဆိုတဲ့ အတွဲတွေတောင် အားကျရလောက်ပါတယ်။သူတို့က အိမ်ခွဲနေကြပြီး ကွာရှင်းတော့မယ်ဆိုပေမဲ့တစ်ယောက်ဆီမှာ နောက်တစ်ယောက်ရဲ့ စိတ်ကတော့ အမြဲတမ်းရောက်နေတုန်းပါ။ဒါပေမယ့် ဒီလိုပျော်ရွှင်ပြီးမခွဲနိုင် မခွာရက်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို ကံကြမ္မာရဲ့အလှည့်အပြောင်းက သင်ခန်းစာပေးလိုက်တဲ့အခါမှာတော့ ဘယ်လိုအရာတွေဆက်ဖြစ်လာမလဲ...ဆလက်စ်နဲ့ ဂျက်ဆီတို့ကြားက သံယောဇဉ်ကြိုးလေးကရောပြတ်တောက်သွားမလား အမုန်းနဲ့နှုတ်ဆက်ရမလား အချစ်နဲ့နှုတ်ဆက်ကြရမလားဆိုတာတွေကို စိတ်ခံစားချက်အပြည့်အ၀နဲ့ ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File size…1.15GB / 535MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Celeste & Jesse Forever (2012)

Wish (2023) 5.8
Wish (2023) (function(f,b,n,j,x,e){})();ဒစ္စနေးရဲ့ ဂီတကာတွန်းရုပ်ရှင်အသစ် ရပါပြီ။ Frozen ရဲ့ ဒါရိုက်တာChris Buck ရိုက်ကူးထားပြီး အသံသရုပ်ဆောင်အနေနဲ့West Side Story ထဲက Ariana DeBose နဲ့ Chris Pine တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်း သီချင်း ဖန်တီးမှု အားလုံးကောင်းတာမို့မိသားစုလိုက်ရော ကလေးတွေအတွက်ရော တစ်ယောက်တည်းအပန်းဖြေဖို့ရော အကုန်သင့်တော်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************တစ်ခါတုန်းက မဂ္ဂနီဖီကိုဆိုတဲ့လူတစ်ယောက်ဟာ မှော်ပညာကိုအသည်းအသန်လေ့လာခဲ့ပြီး ဆုတောင်းတွေကိုပါ ဖြည့်ပေးနိုင်တဲ့အစွမ်းအထိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်းတစ်ကျွန်းမှာ သူ့ဇနီးအမာရာနဲ့အတူ ရိုဆက် ဆိုတဲ့ တိုင်းပြည်တစ်ခုတည်ထောင်ခဲ့ပြီးလူအားလုံးကို လက်ခံထားခဲ့ပါတယ်။ အဲဒီကျွန်းက လူတွေဟာသူတို့အလိုချင်ဆုံး ဆုတောင်းတစ်ခုကို ဘုရင်ကြီးဆီမှာ အပ်ထားနိုင်ပြီးဘုရင်ကြီးက ဆုတောင်းတွေကို ကာကွယ်ပေးထားတဲ့အပြင်တစ်လတစ်ခါ ထိုက်တန်သူတစ်ယောက်ရွေးပြီး ဆုတောင်းဖြည့်ပေးပါသေးတယ်။ အားနည်းချက်အနေနဲ့ကတော့ ကိုယ့်ရဲ့အလိုချင်ဆုံးဆုတောင်းတစ်ခုကို အပ်ထားလိုက်ပြီးသွားရင် ကိုယ်အလိုချင်ဆုံးအရာက ဘာလဲဆိုတာပါ မမှတ်မိတော့ဘဲ တစ်နေ့မှာ ဆုတောင်းပြည့်ဖို့စောင့်နေရတော့တာပါပဲ။ ဒီလိုစောင့်နေတဲ့သူတွေထဲမှာ အားရှာဆိုတဲ့မိန်းကလေးရဲ့ အသက် ၁၀၀ ပြည့်သွားတဲ့အဘိုးနဲ့အမေလည်း ပါဝင်ပါတယ်။ အားရှာဟာ ...
movie

Wish (2023)

4K HEVC
Z for Zachariah (2015) 6.0
Z for Zachariah (2015)  ဒီဇာတ်ကားဟာ နျူကလီးယားကပ်ဘေးဆိုက်ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူသုံးယောက်တို့ရှင်သန်ရပ်တည်ဖို့ရုန်းကန်ကြိုးစားကြပုံကိုဇာတ်အိမ်တည်ထားပြီးဒါရိုက်တာCraig Zobel ရိုက်ကူးပုံဖော်ထားတဲ့ Black Wheel Awards ,Phoenix FilmCritics Society Awards ဆုတွေရရှိထားပြီး rating 6/10 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာ ရုပ်ရှင်သရုပ်ဆောင်ကောစာရေးဆရာကော ဒါရိုက်တာအဖြစ်ကော အသက်မွေးပြီးအကယ်ဒမီဆုပေါင်းများစွာရရှိထားတဲ့ မင်းသားChiwetel Ejioforအပြင် အခြားအကျော်အမော်တွေဖြစ်ကြတဲ့မင်းသားChristopher Whitelaw Pine နဲ့ ဟာလေကွင်းလိုလူသိများတဲ မင်းသမီးMargot Elise Roobie တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအစမှာ နျူကလီးယားကပ်ဘေးသင့်ပြီးတဲ့နောက် ဖာရိုဆိုတဲ့ ခွေးလေးတစ်ကောင်ကိုအဖော်ပြုပြီး တစ်ကိုယ်တည်းရှင်သန်ရပ်တည်နေတဲ့ အန်ဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့အစပျိုးထားပါတယ် အဲ့ဒီနောက်အန်ဆန်ဆိုတဲ့ ကောင်မလေးရဲ့ဘဝထဲကို မစ္စတာလူးမစ်နဲ့ကေလမ်ဆိုတဲ့ အမျိုးသားနှစ်ဦးရောက်ရှိလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမှာလဲသူတို့တွေ အသက်ရှင်သန်ဖို့ဘယ်လိုတွေရုန်းကန်ကြိုးစားကြမှာလဲ သူတို့သုံးယောက်ကြားမှာကောအချစ်ဆိုတဲ့ အရာပေါက်ဖွားလာတဲ့အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပါဝင်စီးမျှောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားထဲမှာ ဒုက္ခရောက်နေတဲ့အချိန် အသက်ရှင်ဖို့ကြိုးစားတဲ့အခါမှာ တွေ့ရှိရတဲ့ လူတွေရဲ့စိတ်ထားကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ် ဒီဇာတ်ကားက romance ဇာတ်ကားကောင်းတစ်ကားလို့ပြောရင်လည်းမှားမယ်မထင်ပါဘူး ဒီတော့Drama,Romantic,Sci-Fi,Thriller အမျိုးအစားကိုမှ ...
movie

Z for Zachariah (2015)

Carriers (2009)
Carriers (2009)  ကမ္ဘာပျက်ကိန်း Apocalypse နဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဒီဇာတ်ကားမှာ မင်းသား Chris Pine က Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့ အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။Survival of the fittest ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖို့အတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို့ အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့ အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader
movie

Carriers (2009)

Stretch (2014) 6.5
Stretch (2014)  ဒီဇာတ်ကားက ၂၀၁၄တုန်းကထွက်ခဲ့တဲ့ ဟာသဇာတ်မြူးအက်ရှင်ဇာတ်ကားဖြစ်ပြီး သရုပ်​ဆောင်တွေကလည်း Patrick Wilson,Chris Pineနဲ့ Jessica Albaဆို​တော့ ရှယ်ပါပဲ။ Rating​တွေကIMDb 6.5နဲ့ RT 88%ပါ။ LAမှာ သူ​ဌေး​တွေပဲစီးနိုင်တဲ့ ဇိမ်ခံကားအ​ကောင်းစားကြီး​မှာ ဒရိုက်ဘာလုပ်​နေတဲ့ ကယ်ဗင်တစ်​ယောက်ရည်းစားကပစ်၊ အလုပ်က အဆင်မ​ပြေ၊ ဖဲ​ကြွေး​​က တပုံတပင်နဲ့ဒိုင်​တွေဓါးကြိမ်းကြိမ်းတာကို ခံ​နေရတဲ့အချိန် မ​မျှော်လင့်ထားဘဲဘီလျံနာ သူ​ဌေးတစ်​ယောက်အတွက် အငှားယာဉ်​မောင်းလိုက်ပြီးတင်​နေတဲ့ဖဲကြွေး​တွေကို အ​ကြေဆပ်နိုင်ဖို့ အခွင့်ကြုံလာပါတယ်။ဒါ​ပေမဲ့ သူ့ရဲ့clientသူ​ဌေးက နောက်​ကြောင်း​တွေအပြည့်နဲ့ သူ​ဌေးဖြစ်​​နေတဲ့အခါ ကယ်ဗင်တစ်​ယောက် ဆွမ်းခံရင်း ငှက်သင့်တဲ့ဘဝရောက်သွားပါ​တော့တယ်။ File size…1.42GB / 642MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Stretch (2014)

Just My Luck (2006)
Just My Luck (2006) Just My Luck (2006) ================ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ် လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေ နှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာ ရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက် နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက် အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလို ဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီး တစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြော ရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့ မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာ ပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်သူကကံကောင်းပြီး ဘယ်သူက ...
movie

Just My Luck (2006)

People Like Us (2012) 7.0
People Like Us (2012) IMDb – 7/10 Star Trek, Wonder Woman စသည့် ဇာတ်ကားတွေနဲ့လူသိများကျော်ကြားတဲ့ မင်းသား Chris Pine ရဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်ပြီးနေလာတဲ့ အဖေရဲ့ဈာပနအတွက် ဇာတိမြို့လေးကို ပြန်လာခဲ့တဲ့ Sam ဟာ သူ့အဖေက သူကြားတောင်မကြားဖူးတဲ့ လူတစ်ယောက်ကို အမွေပေးခဲ့ကြောင်း သူ့အဖေရှေ့နေဆီက သိလိုက်ရပါတယ်။ ဒါတင်မကဘဲ အဲဒီလူဆီကို အဲအမွေပိုက်ဆံသွားပေးပေးဖို့ သူ့ကိုမှာကြားခဲ့တဲ့ သူ့အဖေရဲ့ ညွှန်ကြားချက်ကိုပါတွေ့လိုက်ရတဲ့ Sam ဟာ ထိုသူသည် သူ့အဖေ့ရဲ့တိတ်တိတ်ပုန်းသမီးဖြစ်နေသည်ကို သိလိုက်ရတဲ့အခါ ဘာဆက်လုပ်မလဲ… File size…(1.7 GB)/(840 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Chyo
movie

People Like Us (2012)

Dungeons & Dragons: Honor Among Thieves (2023) 7.5
Dungeons & Dragons: Honor Among Thieves (2023) Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie

Dungeons & Dragons: Honor Among Thieves (2023)

2023
4K HEVC
Don’t Worry Darling (2022) 6.3
Don’t Worry Darling (2022) Don't Worry Darling (2022)ဒီဒရာမာလေးကတော့ ပရိသတ်အချစ်တော်နာမည်ကြီးတွေများပါတယ်။ ဟယ်ရီစတိုင်၊ ဖလောရန့်စ် ပြူ၊ ခရစ္စပိုင်းတို့ အဓိကပါဝင်ထားပါတယ်။ Psycho drama thriller လေးပါပဲ။ဇာတ်လမ်းထဲမှာ ဗစ်ထရီစီမံကိန်းဆိုတဲ့ ဘာမှန်းမသိတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။ အဲဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ ယောကျာ်းတိုင်းအတွက် အိမ်ရာတစ်ခုရှိပါတယ်။ အဲဒီအိမ်ရာမှာပဲ ဇနီးကိုယ်စီနဲ့ ပျော်ပျော်ရွင်ရွှင်နေကြပါတယ်။ စားစရာသောက်စရာ၊ ငွေကြေး ဘာမှကိုပူစရာမလိုပါဘူး။ အလုပ်ဆင်းတာနဲ့အချိန်တိုင်း ပျော်စရာတွေချည်းပါပဲ။ ပါတီတွေ၊ အားကစားတွေနဲ့ သုခဘုံအစစ်ပါပဲ။ ဒါပေမဲ့ သူတို့တွေ ဘယ်ကနေဒီကိုရောက်လာသလဲ၊ ဘာအလုပ်တွေလုပ်ရလဲဆိုတာ အားလုံးဝေဝေဝါးဝါးပါပဲ။ အဲဒီလူတွေထဲကနေ ဒီလောကကြီးကို သံသယဖြစ်လာသူတွေရှိရင်လည်း အားလုံးက သူ့ကိုရူးနေသလိုပဲထင်ကြပါတယ်။ အဲဒီလို သံသယရှိလာသူတွေထဲမှာ အဲလစ်ပါလာတဲ့အခါ ဒီအရာတွေအားလုံးကိုအဖြေရှာဖို့ ကြိုးပမ်းလာပါတော့တယ်...ဒီဇာတ်ကားကတော့ လက်ရှိဘဝတွေနဲ့လူတွေရဲ့စိတ်တွေကို နိမိတ်ပုံလေးနဲ့ ပြထားတာဖြစ်ပြီး ကြည့်နေရတဲ့လူကိုပါ အားမလိုအားမရ မွန်းကြပ်လာအောင်ဖန်တီးထားတဲ့အမျိုးအစားမို့ တမူထူးခြားပြီးခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ခုပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.7GB | 901MB | 495MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar ...
movie

Don’t Worry Darling (2022)

The Princess Diaries 2: Royal Engagement (2004) 5.8
The Princess Diaries 2: Royal Engagement (2004)  ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Princess Diaries  ပထမကားအပြီးမှာ နန်းတွင်းရေးရာတွေ သင်ယူရင်း နန်းတက်ဖို့ပြင်ဆင်နေပြီဖြစ်တဲ့ မင်းသမီးလေးအကြောင်းကို ထပ်ချပြဖို့  The Royal Engagement အမည်ခွဲနဲ့ နောက်ထပ် တစ်ကားထပ်ထွက်ခဲ့ပါတယ်။မင်းသမီ မီယာတစ်ယောက် သူက မင်းသမီးဆိုတာ စသိခဲ့ရတုန်းက မဖြစ်ချင်လို့ အတွင်တွင်ငြင်းခဲ့ပေမယ့် အခု တော်ဝင်ဘဝကို လက်ခံပြီး နိုင်ငံအုပ်ချုပ်မယ် ဖြစ်သွားပြန်တော့လည်း အနှောင့်အယှက်တွေက ရှိလာပြန်ပါတယ်.ဒါကတော့ အိမ်ထောင်မရှိတဲ့ မိန်းမဟာ ဂျနိုဗီယာဘုရင်မ လုပ်လို့မရဘူးဆိုတဲ့ ဥပဒေပါပဲ။ ဘုရင်မမှ လုပ်ချင်သပဆို တစ်လအတွင်း ကြင်ယာရှာဖို့ပါ ပါလီမန်က ချမှတ်လိုက်တော့ မီယာတစ်ယောက် ဘာတွေဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ကြပါဦးFile size…(1.87GB/(1017MB)/(518MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Comedy / Family / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Princess Diaries 2: Royal Engagement (2004)

Smokin’ Aces(2006) 7.4
Smokin’ Aces(2006) Smokin' Aces(2006) အညွှန်************************Ryan Reynolds နဲ့ Ben Affleck တို့တွေအပြင်အခြားနာမည်ကြီးတွေအများကြီးပါတဲ့ဒီဇာတ်ကားဟာ ကြမ်းလည်းကြမ်းသလို ဆုကြီး ၄ ဆုလည်းရရှိခဲ့တယ်...ဒီကားမှာတော့ မာဖီးယားတွေ ကြေးစားလူသတ်သမားတွေနဲ့ FBI တွေရဲ့ အားပြိုင်မှုကိုတွေ့မြင်ရမှာပါ ဘတ်ဒီအစ်စရယ်လို့ခေါ်တဲ့ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်အပေါ်သစ္စာဖောက်ခဲ့တာကြောင့်သူ့နှလုံးကိုရဖို့ဆုငွေတစ်မီလီယံထုတ်ထားပါတယ် ဆုကြေးရချင်နေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြေးစားအဖွဲ့တွေကလည်းသူ့နောက်လိုက်ပြီးသတ်ဖို့ကြိုးစားပါတယ်.. မာဖီးယားခေါင်းဆောင်ရဲ့လျှို့ဝှက်ချက်တွေသိရဖို့နဲ့ သက်သေထွက်ဆိုဖို့အတွက်သူ့ကိုကာကွယ်ပေးဖို့ အေးဂျင့်မက်စ်နာနဲ့အေးဂျင့်ကော်ရတ်သာတို့က တာဝန်ယူထားရပါတယ်... လူသတ်သမားကခုနစ်ယောက် အေးဂျင့်ကနှစ်ယောက်နဲ့ အစ်စရယ်မသေစေဖို့ကြိုးစားရပါတယ်.. အဲဒါအပြင် ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်က ဘာဖြစ်နေမလဲ... တဖြည်းဖြည်းနဲ့ သူတို့ FBI ကြားက အရှုပ်အရှင်းတွေပေါ်လာချိန်မှာတော့ မာဖီးယားတွေနဲ့ဘယ်လိုပတ်သက်နေတာလဲ လျှို့ဝှက်ချက်တွေကဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ  File Size : (2.7GB)(1.1GB) and (379 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Action ,  Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae
movie

Smokin’ Aces(2006)