Reacher (2022) Season 1 +2+3 (complete)
အမေရိကန်ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးတွေအတွက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့
ပူပူနွေးနွေး ထွက်ရှိထားတဲ့ မှုခင်းစုံထောက် အက်ရှင် စီးရီး ကို Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်ဗျာ။
ဒီစီးရီးက စာရေးဆရာကြီး Lee Childရဲ့ နာမည်ကျော် လူကြိုက်များခဲ့တဲ့ Jack Reacher စာအုပ်တွဲတွေထဲက Killing Floorဆိုတဲ့ ပထမဆုံး စာအုပ်ကိုအသက်သွင်းထားတဲ့ စီးရီးပါ။
မင်းသားကြီး Tom Cruise နဲ့ Jack Reacher နှစ်ကားထွက်ထားပေမယ့်လဲ PG 13ဆိုတော့ တချို့တွေ အားမရခဲ့ကြဘူးပေါ့ဗျာ။
အခုတော့ The Boys ၊Invicible ၊ Carnival Rowတို့လို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ စီးရီးတွေထုတ်ခဲ့တဲ့ Amazon Prime Videoကနေ အပိုင်း ၈ပိုင်းပါတဲ့ Reacher စီးရီးအဖြစ်ပြန်အသက်သွင်းလိုက်ပါပြီ။
စီးရီးဖြစ်လို့ ဇာတ်အိမ်ကလဲ အသေးစိတ် ကျယ်ပြန့်ပြီး၊အရွယ်ရောက်ပြီးသူများသာ ကြည့်ရမယ်ဆိုတဲ့ TV-MA သတ်မှတ်ချက် အဆင့်ရှိတဲ့အတွက်ကြမ်းမှာရမ်းမှာကိုတော့ စိတ်ပူစရာမရှိ သလို ၊
Rating ကလဲ IMDb 8.1နဲ့Rotten Tomatoes 86%ဆိုတော့ အများကြီး ညွှန်းစရာမလိုဘူးထင်ပါတယ်။
ဇာတ်လမ်းအကျဉ်း
………………………
မာဂရေ့ဗ်ဆိုတဲ့ မြို့လေးက နှစ် ၃၀ ကြာတဲ့အထိ လူသတ်မှုတို့ အမှုအခင်းတို့ ကင်းရှင်းတဲ့သာယာတဲ့မြို့လေးပေါ့ဗျာ။
ဒါပေမယ့် ဂျက်ရစ်ချာဆိုတဲ့ ဘဲကြီး အဲဒီမြို့ကို စရောက်လာတာနဲ့လူသတ်မှုတွေက တစ်ခုပြီးတစ်ခုဖြစ်ပါလေရော။ ကွင်းဆက်လူသတ်မှုလို့ထင်ရလောက်အောင်ရက်ရက်စက်စက်သတ်ဖြတ်ထားတာတွေပေါ့ဗျာ။
ဒီတော့ ရဲတွေက ရစ်ချာကို သံသယတရားခံအနေနဲ့ ဖမ်းလိုက်ကြတာပေါ့။ဒါပေမယ့် ရစ်ချာဆိုတဲ့ဘဲကလည်း ခေသူမဟုတ်။ သူက အနားယူထားတဲ့ စစ်တပ်ဘက်ကရဲအရာရှိလေ။
ဒီနယ်ပယ်ရဲ့အလုပ်လုပ်ပုံတွေ နောက်ကွယ်က လှည့်ကွက်တွေကို သူများထက် ကြိုမြင်နိုင်တာပေါ့။
နောက်ဆုံး သူမှားယွင်းစွပ်စွဲခံရတာကို သက်သေပြနိုင်သွားတော့ ရဲတွေဘက်ကနေပြီး ဒီအမှုကိုလိုက်ဖို့အကူအညီပြန်တောင်းပါလေရော။
အသတ်ခံလိုက်ရတဲ့လူတွေထဲမှာ သူ့ရဲ့တစ်ဦးတည်းသောအစ်ကိုဂျိုး လည်းပါနေတော့ လက်စားချေဖို့အတွက် ရစ်ချာက ဒီအလုပ်ကို လက်ခံလိုက်ပါတယ်။
အဲဒီနောက်မှာ မာဂရေ့ဗ်ဆိုတာ တကယ်ပဲ အေးချမ်းတဲ့မြို့လေးဟုတ်ရဲ့လား။ မြို့ဝန်ကစပြီးစီးပွားရေးသမားတွေ နိုင်ငံရေးသမားတွေ ရဲတွေအထိဘယ်သူတွေက ဒီကိစ္စမှာ ပါဝင်ပတ်သတ်နေတာလဲ။
“မူးယစ်ဆေး၊ သေနတ်၊ လူကုန်ကူးတာ…ဘယ်လိုအမှုပဲဖြစ်ဖြစ် ငွေကနေစတာပဲ” သူ့အစ်ကိုဂျိုးကရော အပြစ်ကင်းရဲ့လား။
သဲလွန်စတွေကို ခြေရာခံပြီး ရှုပ်ထွေးလှတဲ့ ဇာတ်အိမ်မှာ ခေါင်းကိုမနားတမ်းအလုပ်ပေးရင်း ဘဲကြီးရဲ့ဖိုက်တင်ခန်းတွေကို ရင်သပ်ရှုမောကြည့်ရမှာပါ။
File size… (3 GB) / (1 GB) / (500 MB)
Quality….WEB-DL 4K HEVC / 1080p HEVC / 720p
Format…. mkv/mp4
Genre….Action & Adventure, Crime
Duration….00:50:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….YK ~ Ka Naung
Translated by Mr Anderson~ Kaung Khant Win & HM & Shwe Pwint & Yunni & Eliza
================================
Download Link
++++++++++++
===================================================
==========THE END==========
Episode 1 720p – Yoteshin / Gdot / Megaup / Telegram
Episode 1 1080p – Yoteshin / Gdot / Megaup
Episode 2 720p – Yoteshin / Gdot / Megaup / Telegram
Episode 2 1080p – Yoteshin / Gdot / Megaup
Episode 3 720p – Yoteshin / Gdot / Megaup / Telegram
Episode 3 1080p – Yoteshin / Gdot / Megaup
Episode 4 720p – Yoteshin / Gdot / Megaup / Telegram
Episode 4 1080p – Yoteshin / Gdot / Megaup
Episode 5 720p – Yoteshin / Gdot / Megaup / Telegram
Episode 5 1080p – Yoteshin / Gdot / Megaup
Episode 6 720p – Yoteshin / Gdot / Megaup / Telegram
Episode 6 1080p – Yoteshin / Gdot / Megaup
Episode 7 720p – Yoteshin / Gdot / Megaup / Telegram
Episode 7 1080p – Yoteshin / Gdot / Megaup
Episode 8 720p – Yoteshin / Gdot / Megaup / Telegram
Episode 8 1080p – Yoteshin / Gdot / Megaup
=====THE END=====
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။