Ishq in the Air (2024) “ဝေဟင်ဖူးစာ”
IMDb – 8.3/10
မင်းသားက ရှန်တာနူမဟေ့ရှ်ဝါရီ။ သူက ရုပ်သံဇာတ်လမ်းတွဲတွေ အရိုက်များပြီး ကာရိုက်တာစုံပိုင်နိုင်တဲ့
လူငယ်မင်းသားတစ်လက်။ မင်းသမီးက London Files(2022)ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့
မယ်ဒါရာနာ၊ ဘောလိ၀ုဒ်ပရိသတ်တွေ ချီးကျူးခံရတဲ့ တက်သစ်စမင်းသမီးတစ်ယောက်။
အခုတင်ဆက်ပေးမဲ့ အပိုင်းငါးပိုင်းနဲ့ ဟင်ဒီရိုမန့်စ်ရုပ်သံစီးရီးမှာ သူတို့နှစ်ယောက်အဓိကပါဝင်ထားပါတယ်။
နာမန်ဆိုတာ နယ်မြို့လေးက မုန့်ဆိုင်ပိုင်ရှင်ကောင်လေးတစ်ယောက်။ အဘိုးလက်ထပ်ကတည်းက
ဖွင့်ခဲ့တဲ့ သူတို့မုန့်ဆိုင်လေးက နာမည်တော်တော်ကြီးပါတယ်။ မွမ်ဘိုင်းကို ညီမဖြစ်သူမင်္ဂလာဆောင်မှာ
ဓာတ်ပုံရိုက်ပေးဖို့ ပထမဆုံးလေယာဉ်စီးရမှာမို့ ကြောက်နေတဲ့ကောင်လေးပေါ့။
ကာဗ်ယာဆိုတဲ့ကောင်မလေးကတော့ စတိုင်လစ်တစ်ယောက်။ အလုပ်ကိစ္စနဲ့နာမန်တို့မြို့ကိုလာပြီး
မွမ်ဘိုင်းကိုပြန်ဖို့ လေဆိပ်မှာ အကြောင်းတရာတစ်ခုကြောင့် နာမန်နဲ့တွေ့ပြီး ရင်းနီးသွားခဲ့ကြ။
ကာဗ်ယာက အချစ်ကိုအယုံအကြည်မရှိတဲ့ ရဲတင်းသွက်လက်တဲ့ကောင်မလေးတစ်ယောက်။ နာမန်ကတော့
ကာဗ်ယာနဲ့ အတူရှိလေလေ ခံစားချက်တွေ ပေါက်ဖွားလာလေလေဖြစ်နေတဲ့ ရိုးရိုးအအကောင်လေးပေါ့။
လေဆိပ်မှာပဲ တဝဲလည်လည်ဖြစ်နေဖို့ ကံပါလာတဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်ဆက်နွယ်လာမှုတွေကို
ခံစားကြည့်ရှုကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
File Size – 700MB (Appx;)@Episode
Quality – 1080p WEB DL
Duration –35minute (@Episode)
Total Episodes:5Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy, Drama
Translator – CM Bollywood Team
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။