Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
ZUI最世文化
Fangs of Fortune (2024)
ကျန့်ယွမ်ခေတ်အတွင်းမှာ လူသားတွေနဲ့ မကောင်းဆိုးဝါးကမ္ဘာကိုအုပ်စိုးတဲ့ပိုင်ကျယ်နတ်မယ်တော် မတော်တဆသေဆုံးသွားတာကြောင့်ပိုင်ကျယ်အမိန့်တော်တွေကပျောက်ကွယ်သွားကာ မကောင်းဆိုးဝါးမိစ္ဆာတွေသောင်းကျန်းလာပြီး လူ့လောကဟာ သွေးထွက်သံယိုလူသတ်မှုတွေများစွာ ဖြစ်ပွားခဲ့တော့တယ်။ အဲဒီအချိန်မှာ မိစ္ဆာအားလုံးရဲ့ခေါင်းဆောင်ကျူးယန့်က ကျောက်ယွမ်ကျိုးအသွင်နဲ့ အညံ့ခံဖို့ ဆန္ဒပြုပြီး ဖရိုဖရဲအခြေအနေတွေကိုနှိမ်နင်းဖို့ မိစ္ဆာဖမ်းဆီးဌာနကိုဖွဲ့စည်းဖို့ ရုံးတော်ကို အကြံပြုခဲ့တယ်။ကျောက်ယွမ်ကျိုးကို သတိထားပြီး သံသယရှိနေတဲ့ ဝမ်ရှောင်းကသူမရဲ့ငယ်သူငယ်ချင်းနဲ့ မိစ္ဆာဖမ်းဆီးဌာနကို ဝင်ရောက်ခဲ့ပြီးစုံစမ်းစစ်ဆေးရေးနဲ့ ဓားရေးတွေမျာကျွမ်းကျင်တဲ့ ဌာနတရားသူကြီးချုပ် ကျိုးယိချန်ယခင်တိုက်ခိုက်ရေးစခန်းမှ အေးစက်ပြီး တစ်ကိုယ်တော်လေးသမား ဖေစီကျင်း နဲ့ငယ်ရွယ် အရည်အချင်းရှိပြီး ရှက်ကြောက်တတ်တဲ့ သမားတော် ပိုင်ကျို တို့ဟာတောင်တန်းနှင့်ပင်လယ်များ ဂန္တဝင်မှာ မှတ်တမ်းတင်ထားတဲ့ မိစ္ဆာသားရဲတွေကိုရင်ဆိုင်ဖို့ မိစ္ဆာဖမ်းဆီးအဖွဲ့ကို အတူတူဖွဲ့စည်းခဲ့ကြတယ်။ သူတို့ဟာ အမှုတွေကိုဖြေရှင်းရင်း မိစ္ဆာသားရဲတွေရဲ့ ဆိုးသွမ်းတဲ့လုပ်ရပ်တွေရဲ့နောက်ကွယ်ကရက်စက်တဲ့အမှန်တရားတွေကိုတဖြည်းဖြည်းဖော်ထုတ်ခဲ့ကြတယ်။ကြီးမားတဲ့ တာဝန်တွေနဲ့ ချစ်ရသူတွေကို ဆုံးရှုံးရမှုတွေနဲ့ရင်ဆိုင်ရချိန်မှာမိစ္ဆာဖမ်းဆီးအဖွဲ့ရဲ့ ခင်မင်မှုဆက်ဆံရေးဟာ မပျက်စီးပဲရှိနေမလားတစ်မိုးအောက်မိစ္ဆာသားရဲ့နဲ့ နတ်မယ်တော်ကြားက ချစ်ခြင်းမေတ္တာဟာဒီအခက်အခဲတွေကိုကျော်လွှားသွားနိုင်မလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်=========================================Quality ...
Fangs of Fortune (2024)
2024