Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tencent Penguin Pictures
10
A Dream Within a Dream (2025)
တကယ်လို့ မင်းသာ လူယုတ်မာသူရဲကောင်းလက်ထဲမှာ အစွန့်ပစ်ခံအနှိပ်စက်ခံဘဝကနေ သူရဲကောင်းတစ်ဦးဖြစ်လာမယ့် ဇာတ်ညွှန်းကမ္ဘာထဲကိုရုတ်တရက်ရောက်သွားခဲ့မယ်ဆိုရင် ဘာလုပ်မလဲတွေးကြည့်ကြဖူးလားစုန်ရှောက်ယွီကတော့ နှစ်ခါပြန်တောင်စဉ်းစားမနေဘဲ တတ်နိုင်သမျှအဝေးရောက်အောင် ထွက်ပြေးခဲ့တာပေါ့ဒါပေမယ့် သူမဘယ်လောက်ပဲကြိုးစားပါစေ ဇာတ်ညွှန်းရဲ့စေရာအတိုင်းကဖို့ပဲအကြောင်းဖန်လာတော့ သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ နန်ဟိန့်ဆီကိုပဲ တွန်းပို့နေတော့တာပေါ့ဒီဇာတ်ညွှန်းကမ္ဘာထဲမှာဆိုရင် မရေတွက်နိုင်တဲ့ဇာတ်ကောင်တွေလဲပါနေခဲ့ပြန်တယ်တစ်ချို့က နန်းတော်ထဲမှာပိတ်မိနေသူတွေ တစ်ချို့က မိန်းမတွေကိုဆန့်ကျင်မှုကိုစိတ်ပင်ပန်းလာသူတွေ တစ်ချို့ကကျတော့မင်းမျိုးမင်းနွယ်မိသားစုရဲ့တာဝန်တွေကြားမှာပိတ်မိနေသူတွေ တစ်ချို့ကကျတော့ဒီအာဏာတွေနဲ့ဝေးနိုင်သမျှဝေးအောင်ရှောင်ပြေးနေကြတဲ့သူတွေပေါ့ တစ်ချို့ကကျတော့ ချစ်ခြင်းမေတ္တာနဲ့လွတ်လပ်မှုကိုတောင့်တကြတယ် ဒါပေမယ့် သူတို့အားလုံးက မင်းမိန့်ရာဇသံအောက်မှာရေငုံနှုတ်ပိတ်နေရဖို့သာတတ်နိုင်ကြတယ် သူတို့က အောင်မြင်ဖို့စိတ်ကူးယဉ်အိပ်မက်မက်ကြပေမယ့်အတားအဆီးတွေအောက်မှာ ပဲ ကျရှုံးခဲ့ရတာပေါ့ဒီဇာတ်လမ်းလေးကတော့ စုန်ရှောက်ယွီနဲ့ ရက်စက်ကြမ်းကြုတ်တဲ့နန်ဟိန်တို့ကြားထဲကတိုက်ပွဲတစ်ခုလေးမဟုတ်ဘဲ ဇာတ်ညွှန်းထဲမှာပါတဲ့ဇာတ်ကောင်တိုင်းရဲ့ သူတို့ကံကြမ္မာအတွက် တိုက်ပွဲဝင်ရင်ဆိုင်ကြမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်===================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Business Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
10
TMDb:
10/10
1 votes
tv
A Dream Within a Dream (2025)
2025
The Litchi Road (2025)
ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ ထန်မင်းဆက်ခေတ်ကအရာရှိငယ်လေး လီရှန်းသယ်တစ်ယောက် ဘဝမှာမဖြတ်သန်းနိုင်ဘူးလို့ထင်ထားတဲ့ အတားအဆီးတွေကိုကျော်ဖြတ်၊မိသားစုအတွက် စွန့်စားအနစ်နာခံခြင်းတွေနဲ့ အာဏာပါဝါ လက်အောက်ကသာမန်လူတွေရဲ့ ရုန်းကန်မှုတွေကို ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းထဲမှာတော့ အရာရှိငယ်လေးလီရှန်းသယ်တစ်ယောက်ချန်အန်းမှာ မိဖုရားကြီးယန်ရဲ့ မွေးနေ့ပွဲကျင်းပဖို့ ကီလိုမီတာ ၂၅၀၀ကျော်ကွာဝေးတဲ့လင်းနန်ကနေ လိုင်ချီးသီးတွေကို လတ်လတ်ဆတ်ဆတ်ဖြစ်အောင်သယ်ယူပေးရမယ်ဆိုတဲ့ ဒီလိုမျိုး မဖြစ်နိုင်တဲ့ တာဝန်ကိုပေးအပ်ခြင်းခံခဲ့ရပါတယ်သူဟာ ဒီမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ အလုပ်ကို ၃ လအတွင်းပြီးမြောက်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက သူ့ကိုသေဒဏ်ပေးပြီးသူ့မိသားစုကတော့ ကျွန်ဘဝကို ရောက်မှာပါမိသားစုအတွက် လီရှန်းသယ်က ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှာလား ဒါမှမဟုတ် ကျရှုံးမှာလား...မိသားစုအတွက် စွန့်စားမှုကရော ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့....အတူတူစောင့်ကြည့်လိုက်ရအောင်===================================Quality : WEB-DL 1080p , 720p Total Episodes : 35 Format : mp4 Genres : Drama , Historical Runtime : 45 min Subtitle : Myanmar Subtitle ( ...
The Litchi Road (2025)
2025
Filter (2025)
လူတွေက Filter ဆိုတာနဲ့ effect ထည့်လိုက်တာမျိုး ပြေးမြင်ကြမယ်ထင်ပါတယ်ဒီဇာတ်လမ်းလေးကတော့ သိပ္ပံဝတ္ထုအချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲစူးချန်ချန်ဆိုတဲ့ ကောင်မလေးက သာမာန်မိန်းကလေးတစ်ဦးဖြစ်ပြီးတော့ရုပ်ဆိုးတယ်လို့ ထင်မြင်ခံရတတ်တဲ့မိန်းကလေးတစ်ယောက်ပါသူ့ညီမလေးကတော့ မိဘတွေရဲ့ ကောင်းမွန်တဲ့အချက်တွေကိုသာ ရွေးတူခဲ့ပြီးသူကတော့ မိဘတွေရဲ့မကောင်းတဲ့ဒီအန်အေကောင်းတွေကိုပဲ ရထားသူဆိုပြီးစိတ်ဓာတ်ကျနေခဲ့ပါတယ်...တစ်နေ့မှာ သူ့ရဲ့ရုပ်ရည်အသွင်အပြင်ကိုပြောင်းလဲပစ်နိုင်တဲ့ နည်းပညာ အဆင့်မြင့် ထုတ်ကုန်တစ်ခုကို သုံးခဲ့ပါတယ်...ဒီလိုနဲ့ သူက Filter သုံးပြီးသားဖြစ်သွားတာပေါ့ အစပိုင်းမှာတော့သူ့ရဲ့ အသွင်ပြောင်းမှုက အိပ်မက်တစ်ခုလို ထင်ရပေမဲ့ ထူးခြားဆန်းကျယ်တဲ့အလှည့်အပြောင်းအနေနဲ့ အရင်က သူ့ရဲ့ရုပ်ရည်ကို ဝေဖန်ခဲ့ဖူးတဲ့ထန်ချီဆိုတဲ့လူတစ်ယောက်က သူမကို သူတို့ကုမ္ပဏီက ထုတ်ကုန်အတွက်အပျော်တမ်းမော်ဒယ်လုပ်ပေးဖို့ ပြောဆိုလာခဲ့ပါတယ် သူဟာ ရုပ်ရည်သွင်ပြင်အသစ်နဲ့အတူ ထန်ချီတို့ကုမ္ပဏီမှာ ဘဝကို ဘယ်လိုတောက်ပအောင်လုပ်မလဲဆိုတာရိုရိုချိုချိုလေးတွေ ခံစားရင်း ကြည့်ရှုလိုက်ကြရအောင်ပါ===========================Quality : WEB-DL 1080p, 720p Total Episodes : 32 Format : mp4 Genres : Romance, Drama Runtime : 40 min Subtitle : Myanmar Subtitle ...
Filter (2025)
2025
Love and Sword (2025)
"Three Lives,Three Worlds,Ten Miles of Peach Blossoms" မှာသုံ့ဟွာသီကျွင်းအဖြစ် လူသိများခဲ့တဲ့ Gao Wei Guang နဲ့ "The Untamed"မှာအားကျဲ (ကျန်းယန်လီ) အနေနဲ့ ပရိသတ်တွေ အသနားပိုခဲ့ကြတဲ့ Xuan Lu တို့တွဲဖက်သရုပ်ဆောင်ထားကြတဲ့ ဝူရှဇာတ်လမ်းသစ်လေးပဲဖြစ်ပါတယ်။သရဲတောင်ကြားဂိုဏ်းရဲ့တိုက်ခိုက်မှုကိုခံရပြီး အတိတ်မေ့သွားခဲ့တဲ့ရုံရှုခွမ်ဆိုတဲ့ သိုင်းသမားမိန်းကလေးတစ်ဦး...ယန်ရှောက်ဆိုတဲ့ လျှို့ဝှက်တဲ့သိုင်းသမားနဲ့တွေ့ဆုံကယ်ခြင်းခံရပြီးနောက်သူတို့၂ဦး လက်တွဲကာ သိုင်းလောကကိုလှည့်လည်ဖို့ ဖြစ်လာခဲ့ပါတယ်။သိုင်းလောကအရှုပ်အထွေးတွေကြားက သူတို့နှစ်ဦးကြား ချစ်ပုံပြင်နဲ့အတူဆန်းကြယ်တဲ့ပုစ္ဆာတွေကို အဖြေရှာကြရင်း CM နဲ့အတူတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်။===========================================Quality : WEB-DL 1080p, 720p Total Episodes : 24 Format : mp4 Genres : Business, Romance, Drama, Medical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin ...
Love and Sword (2025)
2025
Always Home (2025)
ဝူရှသိုင်းကားတွေကိုပဲ အကြည့်များပြီး ဝူရှကို ငြီးငွေ့နေတဲ့C drama fan တိုအတွက် မော်ဒန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဆရာဝန်မိသားစုတွေကမွေးဖွားလာတဲ့သူငယ်ချင်းလေးယောက်ဟာ သူတိုရဲ့ငယ်ဘဝတစ်လျှောက်လိုလေးသေးမရှိနေထိုင် ကြီးပြင်းခဲ့ရာကနေ မြီးကောင်ပေါက်အရွယ်ကိုဝင်လာကြတဲ့အခါမှာတော့ ဂယက်လေးတွေ စလာပါတော့တယ်။ရည်မှန်းထားတဲ့အိပ်မက်တွေကို မရရအောင်သွားဖို လူငယ်ဘဝဟာထင်သလောက်မလွယ်ကူကြောင်း သူတိုသိရှိလာခဲ့ကြပါတယ်။ အိပ်မက်တွေနောက်လိုက်ရင်ချစ်ခြင်းမေတ္တာရဲ့အရသာကိုရှာတွေ့မြည်းစမ်းမိရာကနေ လူငယ်သဘာဝပဋိပက္ခတွေကို ရင်ဆိုင်လာရချိန်မှာတော့...အမြဲတမ်း ပျော်ရွှင်ရယ်မောခဲ့တဲ့သူငယ်ချင်းလေးယောက်က အချစ်ရေးတွေ၊ အိပ်မက်တွေကြားသူငယ်ချင်းသံယောဇဉ်ကို ဆက်လက်ခိုင်ခံ့အောင် တောင့်ခံနိုင်သွားမှာလား?လူငယ်ဘဝကရော သူတိုကိုဘာတွေ သင်သွားပေးမှာလဲ??လေးယောက်ပေါင်းလောင်းကျော်ပြီး ဂယက်တွေထရင်း လူတိုင်းကြုံတွေ့ရတဲ့လူငယ်ဘဝဆိုတဲ့"နွေးထွေးရာအိမ်ငယ်လေး"ကပေးလာမဲ့ဂယက်အစုံကို သူတိုလေးယောက်က ကြံ့ကြံ့ခံရင်ဆိုင်ပြီးအဆုံးမှာ အရင်လိုပဲအတူတူရယ်မောပျော်ရွှင်နိုင်မှာလားဆိုတာကိုတော့CM Chinese team က ဘာသာပြန်တင်ဆက်ပေးမဲ့ Always Home (နွေးထွေးရာအိမ်ငယ်လေး) ဆိုတဲ့C drama လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါအုံးနော်...။===========================Quality : WEB-DL 1080p, 720p Total Episodes : 30 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar ...
Always Home (2025)
2025
Reopen My Journals (2025)
ဒီနေ့ဇာတ်လမ်းကတော့ မိသားစုကြားကချစ်ခြင်းမေတ္တာကိုပြသမယ့်ကြည်နူးစရာဇာတ်ကားမျိုးဖြစ်ပါတယ်။ အသက်၁၅နှစ်ရှိတဲ့ သမီးလိမ္မာဖြစ်သူချန်ကျားယွဲ့က နာမည်ရှိတဲ့အထက်တန်းကျောင်းမှာ ပညာသင်ယူပြီးအခက်အခဲမျိုးစုံရင်ဆိုင်ရတယ်။သူကအိမ်နီးချင်းဖြစ်တဲ့ထူးချွန်ကျောင်းသားရှောင်ဟန်ကို ရင်ဖွင့်ချင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ညီဖြစ်သူမောင်ထုံကဉာဏ်ကောင်းပေမယ့် အမြဲပြသာနာရှာတယ်။ ကျောင်းတက်နေချိန်မှာချန်မော့ဆိုတဲ့သူငယ်ချင်းအသစ်နဲ့တွေ့ဆုံပြီး ရင်းရင်းနှီးနှီးကြီးပြင်လာတယ်။ထိုချိန်မှာလည်းသူ့မိဘကအကျပ်အတည်းတွေ့ကြုံရပြီး အပြောင်းအလဲမျိုးစုံကိုရင်ဆိုင်ခဲ့ရပါတယ်။အမေဖြစ်သူချန်ရှို့အယ်ကသူ့သမီးနဲ့ပြန်မတွေ့ဆုံဖြစ်တာကြာတော့ စိမ်းကားသလိုဖြစ်ခဲ့ပေမယ့်ချန်ကျားယွဲ့အဘွားသေဆုံးပြီးနောက်မှာဆက်ဆံရေးပြန်ပြေလည်သွားကြပါတယ်။သူငယ်ချင်းဖြစ်သူချန်မော့ရဲ့အဖေချိန်ဖုန်ယွီကပညာတက်ဖြစ်တော့ သူ့သမီးကိုမျိုးဆက်တိုင်းမှာကိုယ့်တာဝန်ကိုထမ်းဆောင်ရမယ်ဟုဆိုပြီးရန်ဖြစ်ကုန်ကြပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ရှောင်ဟန်ရဲ့အမေဖြစ်သူကွမ်းအိုက်ပင်းကသူ့သားကိုတစ်ယောက်တည်းစောင့်ရှောက်ခဲ့တဲ့ချိန်မှာသူဌေးငယ်လေးဖြစ်တဲ့ ကျန်းချီမင်နဲ့မိသားစုပြန်လည်ဖွဲ့စည်းခဲ့တယ်။အဲလိုနဲ့ခေတ်အဆက်ဆက်ပြောင်းလဲရင်း မိသားစုကြားပြသာနာမျိုးစုံကိုရင်ဆိုင်ရပေမယ့်မိသားစုနဲ့အိမ်နီးနားချင်းတွေရဲ့ နွေးထွေးမှုအနှစ်သာရတွေကို CMကနေကြည့်ရှုရင်ခံစားလိုက်ကြပါစို့။==================Quality : WEB-DL 1080p, 720p Total Episodes : 33 Format : mp4 Genres : Youth, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Pyae Phyo Han Encoded by LK======================================Ep 1 (720p) - GDToT/ Yoteshin/ Megaup/ MeganzEp 1 (1080p) - ...
Reopen My Journals (2025)
2025
Everlasting Longing (2025)
ဒီနေ့တော့ 85 year born မင်းသမီးတွေရဲ့ come back drama ထဲက တစ်ကားဖြစ်တဲ့မင်းသမီး Angelababy နဲ့ မင်းသားချော Song Wei Long တို့ရဲ့ Everlasting Longing က surprise အနေနဲ့ ထွက်လာပါပြီနော်ဇာတ်လမ်းအညွှန်းYan Nan မြို့ က ကုန်သည်မိသားစုရဲ့ တရားမဝင်သားဖြစ်သူ Jun Fei Fan လို့အများက သိထားကြတဲ့ Jun Qi Luo ဟာ တကယ်တမ်းတော့ မိသားစုထဲက အကြီးဆုံးသမီးဖြစ်ပြီးသက်သေအထောက်အထား ၂ မျိုးနဲ့ နေထိုင်တဲ့သူ ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ကို Bei Xuan မြို့က စစ်နတ်ဘုရားလို့ အများက တင်စားခေါ်ကြတဲ့Xuanbu ခေါင်းဆောင် စစ်သူကြီး Xuan Lie က Bai Gong ရဲ့ ဆက်ဆံသူလို့ ...
Everlasting Longing (2025)
Blossom (2024)
မြင့်မြတ်သောအနွယ်ဝင်ဘဝအဖြစ် တစ်ဖန်မွေးဖွားခြင်း ( Jiu Chong Zi) ဆိုတဲ့ဇာတ်လမ်းလေးက စာရေးသူ ကျစ်ကျစ်ရဲ့ ဝတ္ထုဖြစ်ပြီမူရင်းဝတ္ထု အပိုင်း ၅၀၀ ကျော်ရှိပြီး တစ်ဖန်ပြန်လည်မွေးဖွားခြင်း၊လက်စားချေခြင်း၊ အိမ်ထောင်ပြုပြီးမှ ချစ်ကြိုက်ခြင်း၊ နိုင်ငံရေး၊ အမှုမှန်စုံစမ်းခြင်း စတဲ့အမျိုးအစားတွေအောက်မှာ ထိပ်တန်းစာရင်းဝင်ခဲ့တဲ့ ဇာတ်လမ်းကောင်းလေးပေါ့....ဇာတ်လမ်းတွဲအဖြစ်ပြောင်းလဲပြန်တော့လည်း ဒါဟာ အမိုက်စားအခိုက်တန့်လေးတွေကိုအမိအရရိုက်ကူးတတ်တဲ့ Mini Drama၊ Web Drama တို့ရိုက်ကူးနေကြZeng Qing Jie ဒါရိုက်တာကြီးရဲ့ ပွဲဦးထွက် ဒရာမာဇာတ်လမ်းတွဲဖြစ်ပါတယ်...Love Like the Galax (2022)မှာ ယွမ်ရှန်းကျန့် အဖြစ်နဲ့ ပျိုမေတို့ နှလုံးသားကိုဆွတ်ခူးသွားတဲ့ Li Yun Rui နဲ့ The Untamed (2019)ထဲက ဝမ်ချင်းအဖြစ် သရုပ်ဆောင်ပြီးအားလုံးအမှတ်ရစေခဲ့တဲ့ Meng Zi Yi တို့နှစ်ယောက် Parallel World (2023) မှာ အတူသရုပ်ဆောင်ခဲ့ပြီးHello, Saturday ...
Blossom (2024)
2024
The Land of Warriors (2024)
ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးမယ့် ဇာတ်ကားအသစ်လေးကတော့ မင်းသား ကျိုးယီရန် မင်းသမီးချော ကျန်းယိရှီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးကာတွန်းကို live action ရိုက်တဲ့ ဇာတ်ကားအသစ်ကို မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ တာလုအဆင့်ရှိတဲ့ အထူးပြိုင်ပွဲပြီးဆုံးပြီဂနောက် ထန်စန်(ကျိုးယီရန်)က သူ့အပေါင်းဖော်တွေကို နောင် ၅နှစ်မှာပြန်လည်တွေဆုံဖို့ ကတိပေးပြီး နှုတ်ဆက်ထွက်ခွာပြီးနောက်မှာ ထန်စန်က အဖေ ဖြစ်သူ တိတ်ဆိတ်တဲ့တောင်ကြားသွားပြီး သူ့စွမ်းအားတိုးအောင် လေ့ကျင့်ခဲ့တယ် ထန်စန်ဟာ သူ့အဖေရဲ့ သွန်သင်ထောက်ပံ့မှုဖြင့်စွမ်းအားပိုတိုးမြှင့်လာပြီး စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့တယ် သူ့အပေါင်းဖော်ဖြစ်တဲ့ တိုက်မုပိုင်နဲ့ ကျူးကျူချင်းတို့လည်း မျိုးနွယ်စုအသိမှတ်ပြုတာခံရပြီး ရှင်းလောတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားနဲ့ အိမ်ရှေ့စံကြင်ယာတ်ော ဖြစ်လာပြီး မာဟုန်ကျွင်းလည်း ခရီးအနှံ့ သွားလာတယ် ယခုအချိန်တွင်းမှာပဲ ပီပီတုန်ဟာ ဝိညာဉ်ခန်းမမှာ လျှိူ့ဝှက်အကွက်ဆင်ပြီး ဂိုဏ်းအချို့ကို ဖျက်ဆီးပြီး တို့လော်နယ်မြေကို လက်ဝါးကြီးအုပ်စိုးချင်တယ်။ ထန်စန်း’နဲ့ သူ့အပေါင်းဖော်တို့က သူ့အကြံစည်ကို သိရှိပြီးနောက် ထန်ဂိုဏ်းကို တည်ထောင်ပြီး ကြီးလေးသော တာဝန်များကို ထမ်းဆောင်ခဲ့ပြီးနောက် သူတို့ အတူတူ ပီပီတုန်ကို တော်လှန်နိုင်မလား ။ထန်ဂိုဏ်းတည်ထောင်မှုနောက်မှာ ဘာစိန်ခေါ်မှုတွေ တွေရှိနိုင်မလဲ ...
The Land of Warriors (2024)
2024
Married (2024)
Red Flag တွေ ဟော့နေချိန်မှာ... လှေသူကြီးက Red Flag လားမုကျစ်က Red Flag လားတွေ တွေဝေခဲ့အပြီးမှာတော့...တကယ့် Red Flag ကြီးလာပါပြီ... ပေါက်စီမြေဖန်အမာခံတွေသိကြမှာပါ...The Story of Ming Lan (2018) မှာ Zhao Li Yingနဲ့ ဖူးစာရေစက်ဆုံခဲ့တဲ့ဖုန်ရှောင်ဖုန်းတစ်ယောက်.... နှစ်ဦးသား အေးဆေးစွာကွာရှင်းပြတ်စဲအပြီးမှာဘာကြောင့်လဲပေါင်းများစွာနဲ့ သတင်းတွေထွက်ပြီး ဒီမနက်မှာတောင်tik tok ဆယ်လီမလေးနဲ့ သတင်းထွက်နေသေးတာကြောင့်ဖရဲသီးခေါင်းစဉ်မျိုးစုံ တပ်ခံနေရသူ Feng Shao Feng တစ်ယောက်ဒီကားထဲမှာတော့ တကယ့်ကို Red Flag အကြီးစားကြီးနဲ့ ဖန်သားပြင်ပေါ်ရောက်လာခဲ့ပါပြီ...ဒီအိမ်ထောင်ရေးကျားကစားပွဲ Married (2024) ဇာတ်ကားကဆိုရင်ကျီလျိုရှန်း သာသာရဲ့ ကျွန်မနဲ့ အိမ်ထောင်ရေးတိုက်ပွဲဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့Red Flag အကြီးစားကားကြီးဖြစ်ပါတယ်... မင်းသားကို အမိုက်စားရွေးထားသလိုမင်းသမီးကိုလည်း ကြည့်လိုက်ဦး... The Confidence (2020) မှာ Red ...
Married (2024)
2024
8.8
A Will Eternal (2020)
MyAnimeList 7.8/10 IMDb 7.9/10သိုင်းဝတ္ထုတွေမှာဆိုရင် Wuxia, xuanhuanနဲ့ xianxiaဆိုပြီး အကြမ်းဖြင်းရှိပါတယ်။ Wuxiaမှာဆိုရင် ဆရာကြီး ကျင်းယုံရဲ့ universeက နာမည်ကြီးပြီး ( ရှောင်ဖုံး၊ ကောကျင့်၊ ကျန်းဝူကျိ၊ လင်ဟူချုံး) Xianxiaမှာဆိုရင် Ergen verseက နာမည်ကြီးပါတယ်။ (မြန်မာဝတ္ထုတွေထဲမှာဆိုရင် ထူးထူးခြားခြား မင်းသိင်္ခဝတ္ထုတွေမှာ ဆားပုလင်းနှင်းမောင်universeဖြစ်နေအောင် ဇာတ်လမ်းဆင်ထားပါတယ်။ ဥပမာ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊ မိုးသီး၊ ပုဏ္ဏားဘကွန်း)Ergen Verseအကြောင်းအကြမ်းဖြင်းပြောရမယ်ဆိုရင်တော့ အရင်ဆုံး ဆရာErgenရဲ့ထွက်ရှိထားတဲ့ဝတ္ထုတွေကိုပြောပါရစေ။1. Renegade Immortal (နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်) 2. Pursuit of the truth (အမှန်တရားရှာပုံတော်) 3. I shall see the heaven (ကောင်းကင်တံခါးငါပိတ်မယ်) 4. A Will Eternal (ထာ၀ရအသက်ရှည်လိုသော်) 5. A World Worth Protecting (ကာကွယ်သူတို့ကမ္ဘာ) တို့ပါ။Animeအနေနဲ့ Renegade Immortal, A will eternal, a world worth protectingတို့ ထွက်ထားပါတယ်။ အခုတင်ဆက်ပေးမှာကတော့ Er Gen Verseရဲ့ အမွှေစိန်ပိုင်ရှောင်ချန်းဇာတ်လမ်းပါ။ ဝတ္ထုဖတ်ထဲကလအရမ်းခွီရသလို ဆွဲထားတဲ့ပုံစံက နီကျားပုံစံမျိုးမလို့ ...
8.8
TMDb:
8.8/10
11 votes
tv
A Will Eternal (2020)
2020
Adventure Behind The Bronze Door (2024)
ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ Daomu Biji ဆိုတဲ့ ဇာတ်လမ်းရဲ့အဆက်ကလေးပဲဖြစ်ပါတယ် ဝူရှယ်က နီပေါကနေပြည်တွင်းပြန်ရောက်လာပြီးနောက် မော့ထောခရိုင်ကစာတိုက်တစ်ခုမှာ လူငယ်တစ်ယောက်ရဲ့ နံရံဆေးပန်းချီကိုတွေ့ရှိပြီး သူ့ငြိမ်းချမ်းတဲ့ဘဝက ကျင်းဝမ်ထန်ဆိုတဲ့လူတစ်ယောက်ကြောင့် ကမောက်ကမဖြစ်သွားခဲ့ရပါတယ်ဒီလူဟာ ကျန်းချီလင် ငယ်ဘဝနဲ့ပက်သက်မှုကြီးတဲ့ ကျန်းမိသားစုရှေးဟောင်းအိမ်တော်က ကင်းမြီးကောက်ပုံသဏ္ဍာန်ဆွဲသီးကိုယူလာခဲ့လေရာ သဲလွန်စတွေကို လိုက်လံရှာဖွေရာမှ ဝူရှယ်ကနီပေါကို ထပ်မံသွားရောက်ပြီး မော့ထောသိုပြောင်းလာခဲ့ပါတယ်မော့ထောမှာ ကျန်းချီလင်နဲ့ပက်သက်တဲ့သဲလွန်စတွေကို ရရှိလာခဲ့ရာကနေ ဝူရှယ်က သူမော့ထောကိုလာပြီး ဒီအရာတွေကိုတွေ့ရှိတာ မတော်တဆမဟုတ်ပဲ လူတစ်ယောက်စီစဥ်ထားတယ်ဆိုတာ သိခဲ့ရတယ် ပြီးနောက် ဝူရှယ်နဲ့ဝမ်ဖက်တီးတိုက ကျန်းချီလင်ရဲ့မိသားစုနောက်ခံနဲ့ ကျန်းမိသားစုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်မှုတွေကို ပိုမိုရှာဖွေလေ့လာပါတော့တယ် ဒီဇာတ်လမ်းလေးမှာ သူတိုသဲလွန်စတွေကို ဘယ်လိုရှာဖွေပြီး ဘယ်လိုလျှိဝှက်ချက်တွေ တွေ့ရှိလာဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါဦးနော်==================================Quality : WEB-DL 720p, 1080p Total Episodes : 36 Format : mp4 Genres : Action, Adventure, Mystery, Horror Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK ====================================== Ep 01 (720p) - GDToT/ Yoteshin/ Userdrive/ Megaup/ ...
Adventure Behind The Bronze Door (2024)
2024
Fateful Love (2024)
ရှန်းရှနတ်ကားတွေကိုမျှော်နေတဲ့သူတွေအတွက် ရှန်းရှဇာတ်ကားကောင်းလေးထွက်ရှိလာပါပြီ ။ ဇာတ်ကားလေးကဆရာမMao Xiao Mao (猫小猫) ရေးသားထားတဲ့Du Chong Yong Bin Wang Fei" (毒宠佣兵王妃) ဆိုတဲ့ ဝတ္ထုလေးကနေ ကောက်နုတ်ထားတာဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ ခန့်မှန်းမရတဲ့ တိုင်းပြည်ရေးအခြေအနေတွေအောက်မှာတရားမဝင်သမီးနဲ့စစ်နတ်ဘုရားတိုက လျှောက်လှမ်းကြတဲ့လမ်းချင်းမတူခဲ့ကြပါဘူး။ တရားမဝင်သမီးဖြစ်တဲ့ Han Zi Jing က တိုင်းပြည်ရေးအရှုပ်အထွေးကြားဆွဲထည့်ခံရတဲ့အခါမှာအမျိုးမျိုးသောဆန့်ကျင်မှုတွေနဲ့ကြုံတွေ့ရပါတော့တယ် ။ ဒါပေမဲ့ သူမရဲ့သရုပ်မှန်ကိုဖုံးကွယ်မရတဲ့အချက်ကပဲ သူမကို စစ်နတ်ဘုရားဖြစ်တဲ့ Jun Bei Yeနဲ့စုံစေခဲ့ပါတော့တယ် ။ ဒီလိုနဲ့ချစ်မိသွားတဲ့ Jun Bei Ye ဟာ Han Zi Jing ကအမတ်ချုပ်ကြီးရဲ့တရားမဝင်သမီးဖြစ်နေတာတောင် အစွမ်းကုန်ကာကွယ်ပေးဖို ကြိုးစားပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ရက်စက်တဲ့ပုံပေါ်ပြီး အကြင်နာမဲ့တဲ့ စစ်နတ်ဘုရားက တရားမဝင်သမီးဖြစ်တဲ့သူ့ချစ်သူကိုဘယ်လိုတွေကာကွယ်ပေးသွားမလဲဆိုတာရယ် ၊ တရားမဝင်သမီးဖြစ်ပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းတဲ့ Han Zi Jing ကရော မတရားမှုအဖြစ်မှန်တွေကို သူ့ချစ်သူနဲ့အတူဘယ်လိုဖော်ထုတ်သွားမလဲဆိုတာရယ်ကို စိတ်ဝင်စားဖိုကောင်းစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်လို ဇာတ်ကားလေးကိုအဆုံးထိ လိုက်ပါကြည့်ရှူဖိုတိုက်တွန်းပါရစေနော် ။ =================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : ...
Fateful Love (2024)
2024
Snowfall (2024)
CM ရဲ့ တရုတ်ကားဖန်တိုရေ.. ဒီနေ့မှာတော့ သဘာဝလွန် သွေးစုပ်ဖုတ်ကောင် ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လိုက်မင်းသားကတော့ အားလုံးရဲ့ တုန့်ဟွားတိကျွင်း Gao Wei Guang ပါ... အခုမှပဲ ဇာတ်လိုက်မင်းသားအနေနဲ့ ပိတ်ကားပြင်ပေါ် ပြန်ဆုံရမှာနော်... မင်းသမီးလေးကတော့ Ouyang Nana ယုံအန်းအိပ်မက်ထဲက ရှန်ကျန့်လေးပေါ့... ဦးနဲ့ကလေး ဇာတ်ကားလိုလည်း ဆိုရမှာပေါ့... နောက်ပြီး အားလုံးကို ရူပါဒါနပြုချင်သူလေး win win ကတော့ စီးထူဝေလျန်အနေနဲ့ ပါဝင်အားဖြည့်ထားပါသေးတယ်ဇာတ်လမ်းအကျဉ်းလေးကို ဆိုရရင်တော့...တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်မှာ နှစ်ပေါင်းရာချီ ရှင်သန်နေထိုင်ခဲ့တဲ့ နာမည်ကြီး သွေးစုပ်ဖုတ်ကောင် ရှန်ကျီးဟန်က မျက်နှာဖုံးစွပ်တပ်သားတွေ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတယ်... ဒါပေမယ့် မီလန်လို ခေါ်တဲ့ မျက်မမြင် မိန်းကလေးက သူ့ကိုကယ်တင်လို သေဘေးက လွတ်ခဲ့တယ်... တကယ်လို မီလန်ဆိုတဲ့ မိန်းကလေးဘဝက သနားဖိုကောင်းပါတယ်... ဖခင်ရဲ့ လျစ်လျူရှုမှုနဲ့ မိခင်ရဲ့ နှိပ်စက်မှုတွေ လူကိုသူလို ဆက်ဆံမခံခဲ့ရတာတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို လုပ်နေခဲ့တာပါ... ဒီအချိန်မှာ ရှန်ကျီးဟန်နဲ့ ...
Snowfall (2024)
2024
8.1
Lost You Forever : Season 2 ( 2024 )
Lost you forever ( Season 2 ) 2024 ထာဝရလွမ်းဆွတ်ခြင်း ( အတွဲ ၂ )2023 တုန်းက Season 1 ထုတ်လွှင့်ခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ 1st billing ခေါင်းဆောင်မင်းသမီးအဖြစ် Yang Zi နဲ့အတူ တွဲဖက်မင်းသားတွေဖြစ်တဲ့ Zhang Wang Yi , Deng Wei , Tan Jian Ci , Wang Hong Yi တို့လေးယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ 2023 ရဲ့ ဆုပေးပွဲကြီးတွေမှာ ဆုပေါင်းမြောက်များစွာသိမ်းယူထားတဲ့ ပရိသတ်တွေမျှော်လင့်နေကြတဲ့ Lost You Forever S2 လေးထွက်ရှိလို့လာပါပြီ ။ အရင် S1 တုန်းကလည်း CM က 4K quality နဲ့ပါတင်ဆက်ပေးခဲ့ပြီး အခုထွက်ရှိမဲ့ S2 ကိုလည်း ဆက်လက်တင်ဆက်ပေးလိုက်ပါတယ် ။S2 အတွက်ဇာတ်လမ်းအညွှန်းကတော့ S1 ကြည့်ထားတဲ့ ပရိသတ်တွေအတွက်တော့ သိပြီးသားဖြစ်မှာပါ ...
8.1
TMDb:
8.1/10
11 votes
tv
Lost You Forever : Season 2 ( 2024 )
2023
The Legend of Heroes (2024)
မက်မွန်မြေကချစ်တေးတစ်ပုဒ် or သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီအသစ်ထွက်ရှိလာတဲ့ The Legend of Heroes (2024) သိုင်းကားစစ်စစ်ဖြစ်ပါတယ် ဂန္ဓာဝင်စာရေးဆရာကြီး ကျင်းယုံရဲ့ လက်ရာဖြစ်တဲ့ Condor Trilogy ထဲက ပထမဆုံး စာအုပ်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်သိုင်းကားစစ်စစ် ငတ်နေကြတဲ့ သိုင်းပရိသတ်တွေအတွက်တော့ မျှော်လင့်ထားရမယ့် စီးရီးတွဲတခုဖြစ်ပါတယ် 2020 နောက်ပိုင်း ဆရာကြီးကျင်းယုံရဲ့ Novel တွေကို ပြန်ရိုက်သမျှ Remake တွေလိုပဲ အစဉ်အလာမပျက် Fail ဦးမလား ဒါမှမဟုတ် အောင်မြင်မှာလားဆိုတာတော့ ကျွန်တော်တို့ဆက်လက်ရှုစားကြရအောင်ပါရိုက်ကူးရေးမှာတော့ Director ၅ ယောက် နဲ့ Screen Writer ၅ ယောက် ပါဝင်ထားပါတယ် Part တွေခွဲပြီးရိုက်ကူးသွားကြမှာဖြစ်ပြီး Shen Li ရဲ့ ဒါရိုက်တာ အပြင် Legend Of Zhuo Hua ရဲ့ ဒါရိုက်တာလဲပါဝင်ကြောင်းသိရပါတယ်ဇာတ်လမ်းကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေလဲ ပါဝင်ကြတာဖြစ်တဲ့အတွက် မျှော်လင့်ဖို့ထိုက်တန်တဲ့ Drama လေးတခုအဖြစ် သိုင်းပရိသတ်တွေရင်ခုန်နေမှာအမှန်ပါပဲဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထုဖြစ်တဲ့ The Legend of the Condor Heroes (射鵰英雄傳) ကို ၁၉၅၇ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ထုတ်ဝေခဲ့ပါတယ် အခု ထွက်လာမဲ့ ...
The Legend of Heroes (2024)
2024
What If ( 2024 )
Liu Xue Yi,Zhong Chuxi နဲ့ Lin Yu Shen တိုဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ စျေးကွက်စီးပွားရေးကိုစိတ်ဝင်စားပြီးတော့ အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တဲ့ Xia Guoဘ၀ကြီးကအချစ်မရှိရင်အရသာမရှိတဲ့ရေလိုပဲဆိုသလို တစ်ဖက်မှာလည်းအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်သလို အချစ်ကိုလည်းမစွန့်လွှတ်နိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် ချစ်သူဖြစ်တဲ့ Yu Jian ကိုပါ သူနဲ့အတူရှန်ဟိုင်းကိုလိုက်ဖိုအတင်းခေါ်ပါတော့တယ်ဒီဇိုင်းပညာမှာထူးချွန်ပြီးတော့ တခြားနေရာမှာအလွယ်တကူအလုပ်လုပ်လိုရပေမဲ့ အေးရာအေးကြောင်း ချစ်ရတဲ့သူတွေနဲ့ဇာတိမြေမှာပဲအခြေချချင်တဲ့ Yu Jian တစ်ယောက် ချစ်သူလေးကြောင့် ရှန်ဟိုင်းမှာအလုပ်သွားလုပ်ဖို စဉ်းစားရပါတော့တယ်အကျင့်စရိုက်မတူတဲ့ချစ်သူနှစ်ဦး လောကဓံရဲ့ရိုက်ခတ်မှုတွေကြားမှာ ဆက်ပြီးလက်တွဲမြဲဦးမှာလား Xia Guo ကရော ဇာတိမှာ ချစ်သူလေးနဲ့အတူ သာယာတဲ့ဘ၀လေးမှာဖြတ်သန်းဖိုရွေးချယ်မှာလား ဒါမှမဟုတ် အောင်မြင်နိုင်ဖိုအခွင့်အရေးကိုဖမ်းဆုပ်ရင်း မြိုကြီးမှာနေဖြစ ေမှာလားဆိုတာ ဒီဇာတ်လမ်းတွဲမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 20 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
What If ( 2024 )
2024
Will Love In Spring
မြိုပြလူနေမှုကြားမှာ နွေးထွေးတဲ့ဇာတ်ရုပ်တွေနဲ့ အချစ်ကိုအဓိကထားတဲ့ နွေးထွေးတဲ့ Healing Drama လေးတင်ဆက်ပေးနေပါပြီ။ ဒီဇာတ်ကားမှာ Li Xian နဲ့ Zhou Yu Tong တိုအဓိက သရုပ်ဆောင်ထားတဲ့အတွက်စောင့်ကြည့်ဖိုထိုက်တန်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။ လူငယ်ဘဝတုန်းက ပုန်ကန်ပြီးခေါင်းမာတတ်တဲ့ ချန်မိုင့်သုန်းဟာ ဘဝရဲအချိုးအကွေ့တွေကြုံတွေ့ပြီးနောက် အလောင်းပြင်ဆရာဖြစ်လာခဲ့တယ်။ ကျွမ်းကျယ်ဟာ ကားအက်စီးဒင့်ကြောင့် ဒုက္ခိတဖြစ်ခဲ့ရတယ်ဒါပေမယ့် ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ဖိုအတွက် ကြိုးစားရင်း မြိုပြရဲ့လုပ်ငန်းခွင်မှာထိပ်တန်းဖြစ်လာခဲ့တယ်။ ပုန်ကန်တတ်တဲ့စရိုက်ရှိပေမယ့် အထီးကျန်တဲ့အလောင်းပြင်ဆရာတစ်ယောက်နဲ့ ခန္ဓာကိုယ်မှာချိုယွင်းချက်ရှိပေမယ့် သတ္တိရှိပြီးတောက်ပနေတဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်တိုကြားက ရုန်းကန်ရင်း နားလည်မှုတွေတိုးပြီး အပြန်အလှန်လေးစားမှုတွေနဲ့ချစ်ကြည်နူးကြမယ့် Healing ဖြစ်စေမယ့် ဇာတ်လမ်းလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။=================================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK===================================== Ep 1 ...
Will Love In Spring
2024
Sword and Fairy 1
ဒီဇာတ်ကားလေးကတော့ 2005 ခုနှစ်က Hu Ge နဲ့ Liu Yi Fei တို့ရိုက်ကူးခဲ့ပြီးတော့ အရမ်းကိုလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရခဲ့တဲ့sword and fairy 1 ကို ၂၀၂၄ ဗားရှင်းအဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက အရမ်းကောင်းတာမို့သရုပ်ဆောင်တွေလည်းတာဝန်ကြီးပါတယ် 2005 ခုနှစ်ဗားရှင်းနဲ့ 2024ဗားရှင်းကြားဘယ်လိုတွေကွာခြားမှုရှိနေမလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါအုံးရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့တော့ လီရှောင်းယောင်လို့ခေါ်တဲ့ကောင်လေးကသူ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက်နဲ့အိပ်မက်ကျွန်းဆီခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာပဲ သူချစ်ရတဲ့ မိန်းမလှလေးလင်အာနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံမက်ကာ လက်ထပ်ဖြစ်ခဲ့ကြပါတယ် ။ဒီလိုနဲ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက် ဆေးလည်းရပြီဖြစ်လို့ အိပ်မက်ကျွန်းကနေအိမ်အပြန်ခရီးလမ်းမှာ ပိုင်ယွဲ့ဂိုဏ်းရဲ့လုပ်ကြံမှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။အဲဒီအခါကျမှ လီရှောင်းယောင်လည်း သူအိပ်မက်ကျွန်းကိုသွားဖြစ်အောင်လုပ်ခဲ့တာကလည်းပိုင်ယွဲ့ဂိုဏ်းရဲ့ထောင်ချောက်ဖြစ်ပြီးတော့ ချစ်ရတဲ့သူ လင်အာကိုပြန်ပေးဆွဲဖို့ဆိုတာကိုသိရှိသွားပါတော့တယ် ။ ဒါပေမဲ့ကံဆိုးစွာနဲ့သူလည်း ပိုင်ယွဲ့ဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကိုခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရကာအတိတ်မေ့သွားပါတော့တယ် ။ ဆိုတော့ ဇာတ်လမ်းလေးထဲမှာ ပိုင်ယွဲ့ဂိုဏ်းက လင်အာကိုဘာလို့လိုက်ဖမ်းနေတာလဲ ရှောင်းယောင်ကရော ပြန်ပြီးတော့ အတိတ်တွေအားလုံးကို သတိရလာနိုင်မလား အိမ်ပြန်တဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ကြုံတွေရပြီးတော့မိတ်ဆွေလားရန်သူလား ဘယ်လိုတွေခွဲခြားသိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။====================================Quality : ...
Sword and Fairy 1
2024
The Legend of ShenLi
ရှေးခေတ်က နတ်ဘုရားများစွာ သေဆုံးသွားပြီးတဲ့နောက်တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"ဟာရှင်ယွင်ဆိုတဲ့နာမည်နဲ့ လူသားမျိုးနွယ်ခန္ဓာကိုယ်ကို သုံးပြီး လူ့ပြည်မှာတစ်ကိုယ်တည်း ဇာတ်မြှုပ်ကာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။တစ်ဖက်မှာ ဝိညာဥ်လောကမှ ကျောက်စိမ်းသခင် "ရှန်လီ"ဟာသူမရဲ့အသက်တစ်ထောင်ပြည့်မွေးနေ့မှာ ထိမ်းမြားဖို့ စီစဥ်ခံရတာကြောင့်ထွက်ပြေးရာမှ တိုက်ခိုက်ခံရပြီး မူလဇာမဏီငှက်ပုံသဏ္ဍာန် ပြန်ဖြစ်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ လူ့ပြည်ကိုကျသွားတဲ့ "ရှန်လီ"ဟာ ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"နဲ့ လူ့ပြည်မှာ မတော်တဆဆုံတွေ့ဆုံခဲ့ရာမှာ သူတို့နှစ်ဦးကြားမှာချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ လောကကြီးရဲ့ ငြိမ်းချမ်းမှုနဲ့အရာခပ်သိမ်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရှေးဟောင်းနတ်ဘုရား ရှင်ကျစ်နဲ့မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ဖို့ တာဝန်ရှိသလို ကြီးမားတဲ့ တာဝန်တွေကိုပုခုံးပေါ် ထမ်းထားရတဲ့ ဇာမဏီအရှင်မ "ရှန်လီ"တို့ သမိုင်းပေးတာဝန်တွေနဲ့ချစ်ခြင်းမေတ္တာကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမှာလဲ အဆုံးမှာတစ်ဦးနဲ့တစ်ဦး ပေါင်းဖက်ရပါ့မလားဆိုတာတော့ CM ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Fantasy Runtime : ...
The Legend of ShenLi
2024
1
2
Next