Channel Myanmar

SUNRISE

Gundam: Requiem for Vengeance (2024) 7.2
Gundam: Requiem for Vengeance (2024) Gundam ကိုတော့ ကျွန်တော်တို့အကုန်လုံးသိကြမယ်ထင်ပါတယ်။ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ Power Rangers တွေရှိခဲ့သလိုပဲGundam လည်းတစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါတယ်။Gundam ဟာ ဂျပန် Animation (Anime) တစ်ခုဖြစ်ပြီး Yoshiyuki Tomino နဲ့Bandai Namco Filmworks တို့လက်တွဲပြီးထုတ်လုပ်ထားတဲ့ စိတ်ကူးယာဉ် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ပထမဦးဆုံး Series ကို ၁၉၇၉ ခုနှစ်မှာ စတင်လွှင့်ခဲ့တာဖြစ်ပြီး အတော်လေးပရိသတ်တွေကြားထဲကိုအထူးသဖြင့် လူငယ်ပရိသတ်တွေကြားထဲမှာ ရေးပန်းစားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ Transformers ဆိုတဲ့ စက်ရုပ်တွေကို စမသိခင်မှာ Gundam ဆိုတဲ့လူသားဝင်ထိန်းလို့ရတဲ့ စက်ရုပ်တွေကို အရင်သိကျွမ်းခဲ့ရပါတယ်။Gundam: Requiem for Vengeance (2024) ကတော့ ၂၀၂၄ ခုနှစ်အောက်တိုဘာလကမှ ထွက်ရှိထားတဲ့ Anime Series အသစ်ဖြစ်ပါတယ်။ငယ်ဘဝကို လွမ်းမိစေမှာဖြစ်သလို၊ အခုချိန်ထိကြည့်လို့ကောင်းနေတဲ့ Series တစ်ခုဖြစ်ကြောင်းကိုလည်းမြင်ရမှာဖြစ်ပါတယ်။ဇာတ်ညွှန်းခုနှစ်က Universal ရာစုနှစ် ၀၀၇၉၊ ဇီယွန်နိုင်ငံတပ်တော်ကြီးဟာ အာကာသ ကိုလိုနီများဖြစ်တာနဲ့အညီကမ္ဘာကို ...
7.2
TMDb: 7.2/10 32 votes
tv

Gundam: Requiem for Vengeance (2024)

2024
Mobile Suit Gundam: The Witch from Mercury 7.603
Mobile Suit Gundam: The Witch from Mercury   MyAnimeList 8.1/10 IMDb 8.3/10 ဒီanimeဟာ လက်ရှိထွက်​နေဆဲ animeဖြစ်ပြီးမထွက်ခင် prologueပြကတည်းက Gundamဖန်​တွေရဲ့စိတ်ဝင်စားမှုကိုရခဲ့တာပါ။ အခုထွက်လာချိန်မှာလည်းဇာတ်လမ်းပိုင်းစိတ်ဝင်စားဖို့​ကောင်းမှု၊ ရုပ်ထွက်လှပမှု​တွေ​ကြောင့်rating​တွေလည်း ​တော်​တော်ကို​ကောင်း​နေပါတယ်။ ဒီanimeကိုကြည့်မယ်ဆိုရင် အရင်ကထွက်ခဲ့တဲ့ Gundamစီးရီး​တွေကိုကြည့်ထားဖိူ့လိုကိုလိုလားဆိုရင် မလိုဘူးလို့ပဲ​ပြောပါရ​စေ။တခု​တော့ရှိတယ်။ Gundamနည်းပညာဆိုင်ရာအသုံးအနှုန်း​တွေကို​တော့သိထားဖို့လို​ပေမဲ့ ဘာသာပြန်​ပေးဖို့မှာတခါထဲထည့်ဖို့မလွယ်လို့ဒီအညွှန်းအဆုံးမှာ အနီးစပ်ဆုံးရှင်းပြချက်​လေး​တွေ​ရေး​ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့မာကျူရီဂြိုဟ်သူ(ဗုဒ္ဓဟူးဂြိုဟ်သူ)​လေးဖြစ်တဲ့ ဆုလာဘ်တာဟာAsticassiaနည်းပညာ​ကျောင်းကိုလာတက်ရင်း မီအိုလွင်ရဲ့သတို့သား​လောင်းဖြစ်သူ ဂူအဲလ်ကို ရန်စမိသလိုဖြစ်သွားပါတယ်။ဂူအဲလ်ဟာ​ကျောင်းတွင်း စက်ရုပ်တိုက်ပွဲ​တွေမှာ အမြဲနိုင်​​လေ့ရှိပြီးHolderတံဆိပ်ပါရထားသူပါ။ အဲ့လိုနဲ့ ဂူအဲလ်နဲ့ ဆုလာဘ်တာတို့စက်ရုပ်ချင်း စီးချင်းထိုးဖို့ဖြစ်လာတဲ့အခါမှာ​တော့ မထင်မှတ်ထားတာ​တွေဖြစ်လာခဲ့ပါတယ်။ဒီanimeကိုအပတ်စဥ်တနင်္ဂ​နွေညတိုင်း အပိုင်းသစ်ထွက်တာနဲ့တင်ဆက်သွားမှာဖြစ်​ပါတယ်။ ​အောက်မှာ​ဆက်​ရေးမှာက​တော့နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်း​တွေနဲ့Gundam animeထဲကအသုံးအနှုန်း​တွေကိုရှင်းပြ​ပေးမှာပါ။ နည်းပညာသမားမဟုတ်​ပဲကွကိုရှာဖတ်ထားတာ ဖြစ်တော့ အမှားပါရင်သည်းခံ​ပေးကြပါ။Earthianဆိုတာက ကမ္ဘာသူကမ္ဘာသား​တွေကို​ပြောတာပါ။Spacianဆိုတာက အာကာသထဲမှာ​မွေးဖွား​နေထိုင်ခဲ့သူ​တွေကို​ပြောတာပါ။Coriolis forceဆိုတာဟာ ကမ္ဘာလည်တဲ့အရှိန်​ကြောင့် ​ရွေ့လျား​နေတဲ့​လေလမ်း​ကြောင်း​ကွေးညွတ်သွား​စေတဲ့အားကို​ပြောတာပါBlade antennaဆိုတာက​တော့ mobile suitကိုယ်​ပေါ်က အင်တာနာတိုင်လိုအချွန်အ​ချောင်းကို​ပြောတာပါ။ Eliteဆိုတာက အရင်Gundamစီးရီး​တွေမှာပါခဲ့တဲ့Arianတိုင်းပြည်က လှုတ်ရှားမှုကြီးအပြီးမှာ ​ပေါ်​ပေါက်လာခဲ့တဲ့ Eliteတပ်ဖွဲ့ပါ။Frontဆိုတာက​တော့ လူလုပ်နယ်​မြေကြီးတခုရဲ့နာမည်ပါ။Thrallက​တော့ အကြမ်းဖြင်း​ပြောရရင် mobile suit​တွေကိုစမ်းသပ်တဲ့​နေရာမှာ စစ်​ဆေး​ပေးရတဲ့သူပါ။Permet linkကိုစွမ်းအင်ချိတ်ဆက်ခြင်းလို့ပဲ အကြမ်းဖြင်းဘာသာပြန်ရမည်ထင်ပါတယ်။ permetက​တော့ သိသ​လောက် Gundamစီးရီးမှာ အာကာသထဲက သတ္တုတစ်မျိုးကို​ခေါ်တာပါ။Permet ...
7.603
TMDb: 7.603/10 29 votes
tv

Mobile Suit Gundam: The Witch from Mercury

2022
Cowboy Bebop Season 1 (2021) 7.3
Cowboy Bebop Season 1 (2021) တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ classic anime ကြီးကို အခြေခံထားတဲ့ အမိုက်စားစီးရီးဖြစ်ပါတယ်။ အနာဂတ်ခေတ် sci-fi အမျိုးအစားကိုမှ ရှေးခေတ်အငွေ့အသက်တွေနဲ့ ရောနှောထားပြီး anime တုန်းအတိုင်းပဲ jazz ဂီတစတိုင်နောက်ခံတီးလုံးတွေနဲ့ ကြည့်ရတာထူးခြားနေမှာပါ။ ​ဆုငွေထုတ်ထားတဲ့ ရာဇဝတ်သားတွေကို လိုက်ဖမ်းကြတဲ့ အာကာသကောင်းဘွိုင် စပိုက်ခ်စပီဂယ်နဲ့ ဂျတ်တို့ဟာ Bebop ဆိုတဲ့ယာဥ်ပျံနဲ့ အာကာသအနှံ့လူဆိုးလိုက်ဖမ်းရင် း ကြုံရတဲ့စွန့်စားခန်းတွေကို အထူးပြုလုပ်ချက်တွေ ပီပီပြင်ပြင် ရိုက်ချက်အမိုက်စားတွေနဲ့ပြန်တွေ့ရမှာပါ။ စပိုက်ခ်တို့ဟာ ဂျတ်ရဲ့သူငယ်ချင်းပေးတဲ့ အလုပ်တစ်ခုကိုလက်ခံလိုက်ရာမှာ သာမန်လူဆိုးဖမ်းအလုပ်ကနေ စပိုက်ခ်ရှောင်တိမ်းနေခဲ့တဲ့ အတိတ်ကအရိပ်မည်းကြီးနဲ့ ပတ်သတ်လာတဲ့အခါ အတိတ်ကိုပြန်ရင်ဆိုင်ဖို့ဖြစ်လာပါပြီ။ အရင်anime ကို မကြည့်ရသေးတဲ့သူတွေရေ ာ ကြည့်ဖူးတဲ့သူတွေအတွက်ပါ ကျေနပ်စေမယ့် anime live action ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ Translated by Pyi T Nyein, MTA, Yoon Sandi Aung, Thaung Hitke Zaw Encoded by Mr. Anderson Genre - Action, Adventure, Sci-fi Fantasy Episode 1 VIP / Yoteshin / Megaup / Usersdrive/ Meganz /  ...
7.3
TMDb: 7.3/10 3 votes
tv

Cowboy Bebop Season 1 (2021)

2021