Channel Myanmar

Studio N

The First Night with the Duke (2025) 8.1

The First Night with the Duke (2025)

2025
The Trauma Code: Heroes on Call (2025) [Complete] 10
The Trauma Code: Heroes on Call (2025) [Complete] The Trauma Code: Heroes on Call (2025)****************************************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး မျက်စိတစ်မှိတ်အတွင်းမှာ ဓားတစ်ချောင်းနဲ့ အသက်တစ်ချောင်းကို ကယ်နိုင်ပြီး နတ်ဘုရားလက်လို့တောင်တင်စားခံရတဲ့ အထူးကုခွဲစိတ်ဆရာဝန် ဘဲ့ဂန်ဟျော့ဟာ စစ်မြေပြင်အထိသွားရောက်ကာအသက်ကယ်တင်လာခဲ့တဲ့သူမို့လို့ ဆေးပညာလောကမှာ ဂုဏ်သတင်း ကြီးလှသူပါ။လူနာအသက်ကို ကယ်တင်တဲ့အရာမှာတော့ လက်စောင်းထက်လှပေမဲ့ ပင်ကိုယ်စရိုက်ကတော့မှန်တယ်ထင်ရင် ဖရုံမသီးတဲ့ ဘဲ့ဂန်ဟျော့ဟာ တက္ကသိုလ်ဆေးရုံတစ်ခုမှာ တာဝန်ကျပြီးအထူးခွဲစိတ်အဖွဲ့ကို ဦးဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သို့သော် တစ်ဖက်မှာ အထူးခွဲစိတ်အဖွဲ့အနေနဲ့ လူနာများစွာကယ်တင်လေ ဆေးရုံရဲ့ဘဏ္ဍာရေးကိုထိခိုက်လေဖြစ်နေတာကြောင့် အမည်ခံအဖွဲ့သာသာအဖြစ်သာ တည်ရှိနေရပါတယ်။တက္ကသိုလ်ဆေးရုံကို နတ်ဘုရားလက် ဘဲ့ဂန်ဟျော့ ရောက်ရှိလာတဲ့အခါမှာတော့ အထူးခွဲစိတ်အဖွဲ့ကိုလက်တွေ့မြေပြင်အထိသွားရောက်ကာ လူနာကယ်တင်စေရန် လုပ်ငန်းစပါတော့တယ်။ဘဲ့ဂန်ဟျော့တစ်ယောက် သူ့ဗီဇသူ့ခံယူချက်အတိုင်း အထူးခွဲစိတ်အဖွဲ့ကို ဘယ်လိုပုံဖော်ဖန်တီးယူမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင် ဝါရင့်မင်းသားကြီး ဂျူဂျီဟွန်းရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုနဲ့အက်ရှင်ခန်းများကိုလည်း တွေ့မြင်နိုင်ဦးမှာဖြစ်ပါတယ်။မင်းသားကြီး ဂျူဂျီဟွန်းသာမက အခြားသော ဝါရင့်သဘာရင့်သရုပ်ဆောင်များစွာလည်း ပါဝင်ထားတာမို့လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်လက်ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသား‌ထားပါတယ်။) Aired:  Jan 24, 2025  Aired On: ...
10
TMDb: 10/10 1 votes
tv

The Trauma Code: Heroes on Call (2025) [Complete]

2025
Jeongnyeon: The Star Is Born (2024)
Jeongnyeon: The Star Is Born (2024) Jeongnyeon: The Star Is Born (2024)***********************************အပိုင်း (၁ မှ ၁၂) စ/ဆုံးဇာတ်ကောင်ကို ပေါ်လွင်အောင်ဖော်ပြနိုင်ပြီး ပိုင်နိုင်စွာ သရုပ်ဆောင်ပြနိုင်တဲ့ မင်းသမီး Kim Tae Ri ရဲ့ ဇာတ်ကားသစ်ထွက်ရှိလာပါပြီ ပရိသတ်ကြီးတို့ရေ ..၁၉၅၀ နှောင်းပိုင်း ကိုးရီးယားစစ်ပွဲအပြီး ယွန်းဂျောင်ညွန်းဆိုတဲ့မိန်းကလေးဟာ သူ့အမေနဲ့အတူ မာဖိုမှာ ပင်လယ်ခုံးတွေရောင်းချရင်းနဲ့ အသက်မွေးဝမ်းကျောင်းကာ ဘဝကိုဖြတ်သန်းနေသော်ငြားလည်း သူ့ရဲ့အိပ်မက်စစ်ကတော့ ဆိုးလ်အခြေစိုက် မာရန်အမျိုးသမီးဂုဂတ်ပြဇာတ်ရုံမှာ ခေါင်းဆောင်မင်းသမီးလုပ်ကာ ပိုက်ဆံရှာချင်သူပါ ..တစ်နေ့မှာတော့ မာရန်အမျိုးသမီးဂုဂွန်းပြဇာတ်ရုံရဲ့ ဒါရိုက်တာဂန်ဆိုဘို့ဦးစီးတဲ့ပြဇာတ်ဟာ နိုင်ငံတွင်းလှည့်ဖျော်ဖြေမှုလုပ်ရင်း မာဖိုရောက်လာတဲ့အခါ ဂျောင်ညွန်းတစ်ယောက်ကြည့်ခွင့်ရပြီး အိပ်မက်ကနေ လက်တွေ့အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်လာခဲ့ပါတယ် ..ထက်သန်တဲ့စိတ်နဲ့အတူ အရဲစွန့်ကာ ဂျောင်ညွန်းတစ်ယောက် မာရန်ပြဇာတ်ကုမ္ပဏီတို့ ဆိုးလ်ကိုအပြန် ဂုဂွန်းပြဇာတ်အုပ်စုရဲ့ခရီးဆောင်အိတ်ထဲကို ခိုးဝင်ကာ တိတ်တဆိတ်လိုက်လာခဲ့ပါတော့တယ် ..နောက်ပိုင်းမှာ ဂုဂွန်းပြဇာတ်ကုမ္ပဏီရဲ့သင်တန်းသူတစ်ယောက်ဖြစ်လာခဲ့ပြီး သူနဲ့အပြိုင် သီချင်းဆိုလည်းကောင်း အကလည်းတော်တဲ့ ဟောယောင်းဆောဆိုတဲ့မိန်းကလေးနဲ့ အပြိုင်အဆိုင် အရည်အချင်းတွေ ထုတ်ပြရပါတော့တယ် ..မာဖိုသူလေးတစ်ယောက် အိပ်မက်ကိုရင်ခွင်ပိုက်ကာ ဆိုးလ်မြို့ပေါ်တက်ပြီး အခက်အခဲပေါင်းစုံကြားက ဘယ်လိုမျိုး လက်တွေ့အကောင်အထည်ဖော်မလဲဆိုတာကို ကြည့်ရှုရမယ့်အပြင် နာမည်ကြီးမင်းသား မင်းသမီးတွေရဲ့ဟန်ပန်ပီပြင်မှုတွေကိုလည်း ခံစားတွေ့မြင်နိုင်မှာပါ ..ယွန်းဂျောင်ညွန်းအဖြစ် မင်းသမီး Kim Tae Ri ဟယ်ယောင်းဆောအဖြစ် မင်းသမီး Shin Ye Eun ...

Jeongnyeon: The Star Is Born (2024)

2024
True Beauty (2024)
True Beauty (2024) နာမည်ကျော် Webtoon စီးရီးဖြစ်တဲ့ True Beauty လေးကို2020 ခုနှစ်တုန်းက Kdrama အနေနဲ့ ထွက်ရှိခဲ့ကာ အောင်မြင်ထားပြီးယခုတစ်ခါမှာတော့ ဆန်းသစ်စွာနဲ့ Anime အဖြစ် ပြန်ထွက်ရှိလာခဲ့လို့အမြန်ဆုံး တင်ဆက်ပေးလိုက်ရပါတယ်။ Art Style တွေကတော့ ဂျပန် Anime ပုံစံသွားထားပေမဲ့စကားပြောသံကိုတော့ Korea မူရင်းပဲ ပြန်သုံးထားပါတယ်။သူများတွေပြောစကားအရတော့ မူလ Webtoon နဲ့ Kdrama ကနည်းနည်းကွာခြားမှုတွေ ရှိတယ်လို့တော့ ဆိုကြပါတယ်ဒါကြောင့် ဒီ Anime လေးကလည်း မူရင်းဇာတ်ကြောင်းအတိုင်းလိုက်မလား ကွန့်မြူးမှုတွေ ရှိဦးမလားဆိုတာတော့တစ်ပတ် တစ်ပတ် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ ဒီတော့ Kdrama ဖန်တွေလည်း တစ်မူထူးခြားတဲ့Anime လေးအနေနဲ့ ပြန်ကြည့်လို့ရမယ်၊ Webtoon ဖန်တွေလည်းရုပ်ပြဆန်ဆန် ကြည့်လို့ရမယ်၊ ဘာမှ မဖတ်ဖူး မကြည့်ဖူးတဲ့ Anime ဖန်တွေလည်းဒီတိုင်း အချစ်ဟာသစီးရီးလေး အဖြစ် ခံစားနိုင်မှာဆိုတော့ ဘာလိုသေးလဲပေါ့။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ဆိုးပန်းဆိုးဖြစ်တဲ့အပြင် စာပါညံ့သေးတဲ့ ကောင်မလေး Jugyeong ...

True Beauty (2024)

The 8 Show (2024) [Complete]
The 8 Show (2024) [Complete] The 8 Show (2024) *******************အပိုင်းသစ် (၁ မှ ၈) /ဆုံး Survival Series အမျိုးအစားကို သဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက်The 8 Showဆိုတဲ့ Series အသစ်ထွက်ရှိလို့လာပါပြီ။ဒီစီရီးကတော့ Money Gameနဲ့ Pi Game ဆိုတဲ့Webcomic နှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ငွေလိုအပ်နေတဲ့ လူ၈ယောက်ဟာMoney Gameလို့‌ ခေါ်တဲ့ Reality Variety Showကိုဖိတ်ကြားခံလိုက်ရပြီး ဗလာနတ္ထိဖြစ်‌နေတဲ့ ကွန်ကရစ်နံရံတွေကြားမှာရက်၁၀၀ တိတိနေရမှာ ဖြစ်ပါတယ်။ရက်၁၀၀ အထိ နေနိုင်သွားရင်တော့ ၄၄.၈ဘီလီယံဆိုတဲ့ဆုကြေးကို အညီအမျှ ခွဲဝေယူနိုင်မှာ ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့အတွက် နေ့စဉ် လိုအပ်တဲ့ အစားအသောက်အသုံးအဆောင် ပစ္စည်းတွေဟာ သာမန် ဈေးနှုန်းထက် အဆ၁၀၀၀များပြားပြီးတော့ ဆုကြေး‌ငွေထဲကနေ နုတ်ယူခံရမှာ ဖြစ်တယ်။ကွန်ကရစ် စတူဒီယိုထဲက သူတို့၈ယောက် ဘယ်လို စိန်ခေါ်မှုတွေအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရမှာလဲ...။Cast တွေအနေနဲ့ကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Reply ...

The 8 Show (2024) [Complete]

2024
Chicken Nugget (2024) [Complete] 10
Chicken Nugget (2024) [Complete] Chicken Nugget (2024)***********************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး ဒီဇာတ်ကားလေးက လက်ရှိ ထုတ်လွှင့်နေတဲ့ ဇာတ်ကားတွေနဲ့ မတူဘဲတမူထူးခြားပြီး ဆန်းပြားတဲ့ ဇာတ်လမ်းပုံစံလေးကြောင့် မထွက်ခင်ကတည်းကပရိတ်သတ်ရဲ့စိတ်ဝင်စားမှုကို ရရှိထားပြီးသားမလို့ လက်လွှတ်မခံသင့်တဲ့ကားလေး ဖြစ်ပြီးတော့ တစ်ကားလုံး အူပြတ်အောင် ခွီနေရမှာ အသေအချာပါပဲ။သရုပ်ဆောင်တွေကတော့ Choi Sun-Man အဖြစ် မင်းသားကြီး Ryu Seung-Ryong၊Go Beak-Joong အဖြစ် Ahn Jae-Hong၊ Choi Min-A အဖြစ် ပရိတ်သတ်ကြီးတို့ရဲ့အသဲစွဲKim You-Jung က special appearanceအနေနဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။ဒါ့အပြင် cameo အဖြစ်နဲ့ Squid Gameထဲက Jung Ho-Yeonက ပါဝင်အားဖြည့်ထားပါသေးတယ်။ဇာတ်လမ်းအညွှန်းChoi Sun-Manက အသေးစားစက်ပစ္စည်း ကုမ္ပဏီပိုင်ရှင်ဖြစ်ပါတယ်။Go Baek-Joongကတော့ အဲဒီကုမ္ပဏီက အလုပ်သင်ဖြစ်ပြီးတော့Choi Sun-Manရဲ့သမီး Choi Min-Aအပေါ် ကြိတ်ကြွေနေသူပါ။တစ်နေ့မှာတော့ Choi Min-Aက ...
10
TMDb: 10/10 1 votes
tv

Chicken Nugget (2024) [Complete]

2024
Death’s Game(2023)[Complete] 10
Death’s Game(2023)[Complete] Death's Game(2023)*******************(function(f,b,n,j,x,e){})();အပိုင်း (၁ မှ ၈) ထိ စ/ဆုံး 2023 ကုန်ခါနီးလေးမှာတင် အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး webtoon ဖြစ်တဲ့ “ I will die soon” ကို အခြေခံရိုက်ကူးထားပြီးပရိတ်သတ်အချစ်တော် Seo In-guk ကိုယ်တိုင် main cast အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့်လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ဇာတ်လမ်းတွဲလေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။ခုနစ်နှစ်ကြာ အလုပ်ရှာမရဘဲ အလုပ်လက်မဲ့အဖြစ်နဲ့ နေလာရတဲ့ Choi Yi-jae(Seo In-guk) ဟာအသက်ဆက်ရှင်လိုတဲ့ ဆန္ဒပျောက်ဆုံးပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။ အဲဒီနောက် ငရဲကို မကျရောက်ခင်လေးမှာ သေခြင်းတရား (Park So-dam)ရဲ့ ပြစ်ဒဏ်စီရင်မှုကြောင့် Choi Yi-jae(Seo In-guk) တစ်ယောက်နောက်ထပ် ၁၂ ကြိမ်တိုင်တိုင် လူပြန်ဝင်စားဖို့ ဖြစ်လာပါတော့တယ်။၁၂ ကြိမ်တိတိ ဘယ်လိုခန္ဓာမျိုးနဲ့ပဲ နိုးထလာလာ သေဆုံးရမှာဖြစ်ပြီး အဲဒီ နာကျင်မှုတွေကိုအလူးအလဲ ခံစားရတဲ့ ...
10
TMDb: 10/10 1 votes
tv

Death’s Game(2023)[Complete]

2023
A Bloody Lucky Day (2023) [Complete]
A Bloody Lucky Day (2023) [Complete] A Bloody Lucky Day (2023) ***************************** အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်နေတဲ့ Oh Taek တစ်ယောက် တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးတွေ အယူအရ ကံကောင်းပြီး ငွေဝင်တယ်ဆိုတဲ့ ဝက်အိပ်မက်ကိုမက်ပါတယ်။ အိပ်မက်အတိုင်း လူတစ်ယောက်က သူ့ကို မို့ဖိုဆိပ်ကမ်းမြို့ကို ပို့ပေးရင် ငွေ(၁) မီလီယံဝမ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခံရပါတော့တယ်။ Oh Taek ကတော့ ပျော်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေမဲ့ သူ့ကားကို လာငှားတဲ့သူက လူတွေကို ရက်ရက်စက်စက် သတ်ပြီး လှေနဲ့ထွက်ပြေးဖို့ ကြံနေတဲ့ ကွင်းဆက်လူသတ်သမား Hyuk Soo ဖြစ်နေပါတော့တယ်။ Hyuk Soo တစ်ယောက် သူ့အကြံအတိုင်း ထွက်ပြေးလွတ်‌မြောက်သွားနိုင်မလား...။ Oh Taek ကရော Hyuk Soo က လူသတ်သမားဆိုတာကို ရိပ်မိသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဓိက Cast တွေအနေနဲ့ Hospital Playlist ထဲက ဘုန်းကြီးဝတ်ချင်တဲ့လူရိုးလေး Yoo Yeon Seok ကို ဇာတ်ကောင်သစ်ဖြစ်တဲ့ ကွင်းဆက်လူသတ်သမားအဖြစ် ...

A Bloody Lucky Day (2023) [Complete]

2023
Sweet HomeS2(2023)[Complete] 8.4
Sweet HomeS2(2023)[Complete] Sweet HomeS2(2023)^^^^^^^^^^^^^^^အပိုင်းသစ်(၁ မှ ၈ အထိ)စ/ဆုံး4Kလည်းတင်ထားပေးပါတယ်.....အားလုံးစောင့်နေတဲ့ s2လာပါပြီ... Season 2မှာ​တော့ ချာဟျွန်းဆူရဲ့ အသွင်ပြောင်းမှုနဲ့ အွီ​​မြောင်ရဲ့ လွတ်မြောက်မှု​တွေရဲ့ လှည့်ကွက်တစ်ခုအပါအဝင် ကူးစက်ခံရသူ​တွေဟာ စစ်တပ်ရဲ့ လိုက်ရှာမှု​ကြောင့် ထွက်ပေါ်လာခဲ့ကြပါတယ် ,,,,ဟျွန်းဆူကအရှုံး​ပေးလိုက်ပြီး အသက်ရှင်ကျန်ရစ်သူ​တွေကတော့ မြေအောက်ဘန်ကာတစ်ခုမှာခိုလှုံကြပါတယ်.....ဘန်ကာက​နေ လွတ်​မြောက်လာကြတဲ့ သူ​တွေနဲ့ စစ်တပ်ရဲ့စီမံပေးမှုကြောင့် လွတ်​မြောက်လာသူ​​တွေ ဟာ စုပေါင်းပြီး ​baseball stadium တစ်ခုမှာ အတူတကွ​နေထိုင်ကြပါတယ်ဒီဇာတ်လမ်းထဲမှာ​တော့ ချာဟျွန်းဆူက အ​ခြေစိုက်စခန်းက​နေထွက်လာပြီး မွန်းစတား​တွေနဲ့ တိုက်ခိုက်ပါ​တော့တယ်ပါဝင်တဲ့သရုပ်​​ဆောင်​တွေက​တော့ Song Kang ,Lee Jin-uk , Lee Si-young ,Go Min-si , Park Gyu-young, Jin-young အစရှိတဲ့ ဒိတ်ဒိတ်ကျဲ မင်းသားမင်းသမီး​တွေပဲဖြစ်ပါတယ်အပိုင်း၈ပိုင်းလုံးကို တစ်ခါတည်း ထုတ်လွှင့်မှာပဲဖြစ်ပါတယ်S1ကြည့်ရန်Link<<<https://channelmyanmar.to/tvshows/sweet-home2020/(အညွှန်းကိုတော့ Phyu Sin Hnin မှ ရေးသားထားပေးပါတယ်။) Aired: Dec1, 2023 Aired On: Friday Genres:Drama, Sci-Fi & Fantasy,Horror Duration: 60 mins Episodes: 8 Original ...
8.4
TMDb: 8.4/10 1083 votes
tv

Sweet HomeS2(2023)[Complete]

2020
Vigilante(2023)S1[Complete] 10
Vigilante(2023)S1[Complete] Vigilante(2023)**************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး[ 4K Quality ထိတင်ဆက်ထားပါပြီ။] ဒီဇာတ်ကားလေးက နာမည်ကြီး Webtoon ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး Nam Joo Hyuk စစ်မှုမထမ်းခင်နောက်ဆုံး ရိုက်သွားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီအပြင် ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသား ၊မင်းသမီးတွေနဲ့တင် မထွက်ခင်ကတည်းက ဒရာမာ ပရိတ်သတ်တွေ ကြားထဲမှာ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကားလေးပါ။Nam Joo Hyuk ကိုလည်း လုံးဝ မမြင်ဖူးသေးတဲ့ ဇာတ်ကောင်ပုံစံနဲ့ တွေ့ရမှာဖြစ်ပါတယ်.ဂင်ဂျီယုံး ငယ်စဉ်က သူ့အမေ့ကို လူမိုက်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ လမ်းပေါ်မှာရက်ရက်စက်စက် သတ်ပစ်ခြင်း ခံလိုက်ရပါတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူတစ်ယောက်လုံးအသတ်ခံလိုက်ရတာတောင် တရားခံက တရားဥပဒေအရ ထောင်ဒဏ် ၃နှစ်ပဲ အချခံခဲ့ရပါတယ်။ဂျီယုံး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့မိဘတွေကို သတ်သွားတဲ့ ...
10
TMDb: 10/10 2 votes
tv

Vigilante(2023)S1[Complete]

2023
See You in My 19th Life (2023)
See You in My 19th Life (2023) See you in my 19th Life (2023)"ဇာတိဿရဉာဏ်" ဆိုတာ အရင်ဘဝအဆက်ဆက်ကို မှတ်မိနေတဲ့ အထုံဉာဏ်ကို ခေါ်တာပါ။ဒီလို ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ ဘန်ဂျီအင်မ် နှစ်ပေါင်းထောင်ချီပြီး ဘဝပေါင်းများစွာ ဝင်စားခဲ့တဲ့ ကောင်မလေးပါ။ နောက်ဆုံး ၁၈ ဘဝမြောက်မှာ မတော်တဆမှုနဲ့ သေဆုံးခဲ့ရတဲ့ ဘန်ဂျီအင်မ် ဟာ အရင်ဘဝက အဆက်အစပ်ရှိခဲ့ဖူးတဲ့လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်း အရင်ဘဝက ဆောဟာ ဆိုတဲ့ ကောင်လေးနဲ့ပါ တွေ့ဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့အရင်ဘဝက မှတ်ဉာဏ်တွေက လက်ရှိ ၁၉ ဘဝမြောက်က အချစ်ရေးမှာ အနှောက်အယှက်ပေးမှာလား? ဒါမှမဟုတ် အချစ်က ဘဝပေါင်းများစွာ ကျော်ဖြတ်ပြီး ကြံ့ကြံ့ခံပြီး ရင်ဆိုင်သွားနိုင်မှာလား ဆိုတာကတော့ ....စုစုပေါင်း ၁၂ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးGenre..... Comedy, Drama, Romance Quality…. 1080p | ...

See You in My 19th Life (2023)

2023
Bloodhounds(2023)[Complete]
Bloodhounds(2023)[Complete] Bloodhounds(2023)******************အပိုင်း( ၁ မှ ၈) အထိ စ/ဆုံးနာမည်ကြီးဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်တဲ့ အက်ရှင်ဇာတ်ကြမ်းကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ပရိသတ်တွေအတွက် ယခု (၉) ရက်နေ့ Netflix မှာပြသတော့မယ့် “Bloodhounds” အက်ရှင်ဇာတ်ကားကတော့တကယ့်ကို လက်မလွှတ်မသင့်တဲ့ ကားကောင်းတစ်ကားဖြစ်လာမှာပါနော်....ဇာတ်လမ်းအစမှာတော့ ဂင်ဂွန်းဝူဟာ လက်စပြင်းတဲ့တက်သစ်စလူငယ်လက်ဝှေ့ကစားသမားတစ်ဦးပါ လက်ဝှေ့ပြိုင်ပွဲတွေထိုးရင်း သူနဲ့အသင်မွေးဝမ်းကျောင်းချင်းတူတဲ့ ဟုံးဝူဂျင်းအမည်ရတဲ့ လက်ဝှေ့ကစားသမားနဲ့သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်..ဂွန်းဝူရဲ့အမေဟာ ငွေကြေးမပြေလည်တာကြောင့် တရားမဝင်ငွေတိုးချေးစားတဲ့လောကထဲမှာမှ တကယ့်လူမိုက်ခေါင်းဆောင်ဂင်မြောင်ဂီးလ်ဆီကနေ ပိုက်ဆံချေးမိရာ နောက်ပိုင်းမှာ ပြန်မဆပ်နိုင်တော့တဲ့အခါသားဖြစ်သူ ဂွမ်းဝူနဲ့ လူမိုက်ခေါင်းဆောင် ဂင်မြောင်ဂီးလ်တို့ထိပ်တိုက်တိုးဖို့ အကြောင်းဖန်လာပါတော့တယ်...ဇာတ်ကား Casts Line up တွေကလည်း ရှယ်ပါပဲနော် Wo Do Hwan ၊ Lee Sang Yi ၊ Park Sung Woong ၊Huh Joon Ho နဲ့ Siwon (Super Junior) တို့အပါအဝင် အခြားသောသရုပ်ဆောင်တွေကဘယ်လိုမျိုးအချိတ်အဆက်မိမိနဲ့ အက်ရှင်ဇာတ်ကြမ်းမလဲဆိုတာကို ...

Bloodhounds(2023)[Complete]

2023
The Golden Spoon (2022)
The Golden Spoon (2022) MBC ကနေ Big Mouth အစားအပတ်စဉ် သောကြာ စနေတိုင်းထုတ်လွှင့်ပြသသွားမယ့် "Golden Spoon"...မှင်စာကားထဲက မင်းသားရဲ့တူဖြစ်တဲ့ဒေါ့ဟွာလေးကို မှတ်မိပြီးMystic Pop-Up Bar ကြည့်ဖူးတဲ့သူဆိုဒီကားကို လုံးဝ ကြည့်ချင်ကြမှာ ပြောရဲပါတယ်...ဟုတ်ပါတယ် အဓိကဇာတ်ဆောင်ကBTOB အဖွဲဝင်ဖြစ်ခဲ့တဲ့ အဆိုတော်မင်းသား Yook Sung-Jae ပါပဲဇာတ်လမ်းလေးကလည်းအတော်စိတ်ဝင်စားဖိုကောင်းပါတယ်ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီးခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါLee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီးရုန်းကန်ကြီးပြင်းလာခဲ့ရတယ်နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီးချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကိုကြားလိုက်ရတယ်"မချမ်းသာချင်ဘူးလား?ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေးတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ"Seung-Cheon စိတ်ဝင်စားသွားပြီးရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ်"ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ အဲလိုဆိုသူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်"သူလည်း အဘွားအိုပြောတဲ့အတိုင်းအရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူ သူငယ်ချင်းHwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့ထမင်းသုံးနပ်စားလိုက်တယ် သိပ်မကြာခင်မှာပဲသူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်... **********Yook SungJae ...

The Golden Spoon (2022)

2022
Today’s Webtoon (2022)
Today’s Webtoon (2022) Bussiness Proposal ထဲမှာ ဒရာမာပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားသွားတဲ့ Kim Se Jeong (Shin Ha Ri)ရဲ့ အသစ်ထွက်ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်ဇာတ်ကြောင်းလေးကတော့...ဂျူဒိုလက်ရွေးစင်အသင်းရဲ့ အားကစားသမားဖြစ်တဲ့ အုံမာအွန်းတစ်ယောက် မမျှော်မှန်းထားတဲ့မတော်တဆမှုကြောင့် ခြေထောက်ဒဏ်ရာရပြီး သူ့တစ်ဘဝတာလုံးရင်းနှီးမြှုပ်နှံထားရတဲ့ အိပ်မက်ကိုလက်လျော့ကာ အားကစားလောကကနေ အပြီးတိုင်ထွက်ခွာလိုက်ရပါတယ်ကိုယ့်အတွက်အရာရာဦးစားပေးဖြစ်ခဲ့ရာ ဂျူဒိုကိုစွန့်လွှတ်ပြီး အတော်ကြာအောင်လမ်းပျောက်နေခဲ့ပေမဲ့ တစ်နေ့မှာ ဝက်ဘ်တွန်းတည်းဖြတ်ဌာနကို အစားအသောက်ပိုရင်း အုံမာအွန်းတစ်ယောက် သူ့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့ အိပ်မက်အသစ်တစ်ခုကို တဖန်ပြန်ပေါ်ပေါက်လာခဲ့ပါတယ်သူ့ရဲ့အိပ်မက်သစ်ကို အကောင်အထည်ဖော်ဖိုအတွက် အကောင်းဆုံးကြိုးစားပြီး ဝက်ဘ်တွန်းတိုက်တစ်ခုရဲ့ တည်းဖြတ်ဌာနမှာ အလုပ်ရသွားချိန်မှာတော့ မရင်းနှီးတဲ့နယ်ပယ်တစ်ခုမှာ အနည်ထိုင်အခြေကျဖို အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်ဒါပေမဲ့လည်း ဖြစ်လာသမျှပြဿနာတွေကို သူ့ရဲ့သူမတူထူးခြားတဲ့အမြင်ကိုအသုံးချ လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီနဲ့ ဘယ်လိုတွေ အားထုတ်ကြိုးပမ်းရင်း ဒီဝက်ဘ်တွန်းလောကမှာ ရင့်ကျက်လာမလဲဆိုတာကို အခုပဲ ဒေါင်းကြည့်လိုက်ရအောင်ပါနော်Native Title: 오늘의 웹툰 Episodes: 12 Aired: Jul 29, 2022 - Sep 3, 2022 Aired ...

Today’s Webtoon (2022)

2022
Yumi’s Cells 2 (2022) [Complete] 7.4
Yumi’s Cells 2 (2022) [Complete] Yumi's Cells 2 (2022) ဇာတ်လမ်းတွဲ [အစ-အဆုံး]*******************************အပိုင်းသစ်(၁၃ နှင့် ၁၄)(ဇာတ်သိမ်းပိုင်း) ယူမီရဲ့ဆဲလ်လေးတွေ တစ်ဖန်ပြန်ရှင်သန်လာပါပြီ ပရိတ်သတ်တွေ တစ်ခဲနက်အားပေးခဲ့ကြတဲ့ Season 1 မှာနာကျင်ရတဲ့လမ်းခွဲမှုကြောင့်ပြိုလဲသွားခဲ့တဲ့ ယူမီရဲ့အချစ်ဆဲလ်လေးကဝန်းလေးနဲ့တွေ့ပြီးနောက်ပိုင်းမှာ ပြန်လည်သက်ဝင်နိုးကြွလာခဲ့တဲ့အကြောင်းလက်တွေ့ကျကျရိုက်ကူးတင်ဆက်သွားခဲ့ပါတယ်.... အဆင်ပြေတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ယူမီနဲ့ဝန်းလေးတို့ အချိန်တွေအကြာကြီးလက်မတွဲနိုင်ခဲ့ဘဲ လမ်းခွဲလိုက်ကြပါတယ်... ဒီ Season မှာတော့ပိုရင့်ကျက်စွာနဲ့ တွေးခေါ်တတ်လာတဲ့ယူမီကမထင်ထားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ဆန္ဒရှိလာခဲ့ပါတယ်... ဒီလိုနဲ့ သူ့အိမ်မက်တွေကို အကောင်အထည်ဖို့ အခက်အခဲတွေကိုရင်ဆိုင်ရင်းဘေးက‌နေလှုံ့ဆော်အားပေးနေတဲ့ ယူဘာဘီနဲ့ဆက်ဆံရေးအသစ်တစ်ခု တိုးလာတဲ့အခါမှာတော့...အလုပ်ကြိုးစားလွန်းတဲ့ ယူမီရဲ့ဆဲလ်လေးတွေနဲ့ ယူဘာဘီတို့ဘယ်လိုဇာတ်လမ်းဆက်ဖြစ်ဦးမလဲဆိုတာ ရင်ခုန်စွာနဲ့စောင့်မျှော်အားပေးကြပါဦးနော်.....ဇာတ်လမ်းအညွှန်းကိုတော့ Hnin Pale မှ ရေးသားပေးထားပါတယ်..  Episodes: 14Aired: Jun 10, 2022 - Jul 23, 2022File Size: 900MB & 400MBQuality :Web-DL 1080p,720pGenres: Comedy, Romance, LifeTranslated by Hnin Wut Ye,ChitThe, Lwin Lwin Aung  &  Hnin PaleEncoded by  ...
7.4
TMDb: 7.4/10 7 votes
tv

Yumi’s Cells 2 (2022) [Complete]

2022
Tomorrow (2022)
Tomorrow (2022) ပြီးပြည့်စုံတဲ့ကောင်လေးChoi Joon Woongက အလုပ်ရှာနေပေမဲ့ အလုပ်မခန့်ခံခဲ့ရတဲ့သူပါ နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး သူ့ရဲ့မိဘတွေကလည်းချမ်းသာလှပါတယ် တစ်ညမှာတော့Choi Jong Woongတစ်ယောက် မတော်တဆ သေမင်းတမန်တွေဖြစ်တဲ့Gu Ryeon နဲ့ Im Ryoog Guတို့နဲ့ တွေ့ဆုံခဲ့ပါတယ် အန္တရာယ်စီမံရေးအဖွဲ့က သေမင်းတမန် Gu Ryeonကဌာနမှူးဖြစ်ပြီး သေမင်းတမန်Im Ryoog Guကတော့ လက်အောက်ငယ်သားပါ သူတို့ရဲ့အလုပ်က ကိုယ့်ကိုယ့်ကိုသတ်သေတဲ့သူတွေကိုကယ်ဖို့ဖြစ်ပြီး Choi Joong Woongတစ်ယောက် မမျှော်လင့်ထားဘဲ အန္တရာယ်စီမံရေးအဖွဲ့ရဲ့အဖွဲ့ဝင်အသစ်ဖြစ်လာတဲ့အခါ သေမင်းတမန်အနေနဲ့ သူဘယ်လိုတာဝန်ထမ်းဆောင်မလဲ သေမင်းတမန်တွေနဲ့ လူသားတွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦးQuality : WEB-DL 720pTotal Episodes : 16Format : mp4Genres : Action, Drama, FantansyDuration : 60 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LKEpisode 1 (720p) Yoteshin / MegaUp / ...

Tomorrow (2022)

2022
Our Beloved Summer (2021)
Our Beloved Summer (2021) Our Beloved Summer 2021Webtoonကနေ ပြန်အသက်သွင်းလိုက်တဲ့ကြွက်နဲ့ကြောင်စုံတွဲလေးရဲ့ တစ်ခါတုန်းကနွေရာသီ ဒရမ်မာလေး လာပါပြီအထက်တန်းကျောင်းတက်ခဲ့တဲ့ နွေရာသီကာလလေးတစ်ခုမှာချွဲအွန်းနဲ့ယောင်းဆူတို့နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နောက်ဆုံး လမ်းခွဲခဲ့ကြသတဲ့မထင်မှတ်ဘဲ နောင်၁၀နှစ်ကြာမှာ သူတို့နှစ်ယောက် ဇာတ်လမ်းလေးဖြစ်ခဲ့ဖူးတဲ့အဲ့နှစ်နွေရာသီက ရိုက်ခဲ့တဲ့ documentaryလေးဟာ နာမည်ကျော်ကြားလာတော့ကြွက်နဲ့ကြောင် ရည်စားဟောင်းနှစ်ယောက် မဖြစ်မနေပြန်ဆုံဖြစ်ကြတဲ့အခါသူတို့ဘယ်လို အဲ့ဒီနှစ်က နွေရာသီခံစားချက်လေးကိုပြန်လည်အသက်သွင်းကြမလဲဆိုတာကို ဟာသလေးနှောရင်းရိုမန့်ဆန်ဆန်ကလိကလိလေး ကြည့်ရှုရမှာပါ File Size – 542MB@Episode / 1GB@Episode Quality –720p / 1080pDuration – 70 minute (@Episode)Total Episodes: Subtitle – Myanmar HardsubFormat – Mp4Genre : Comedy , DramaTranslator – Deer , Lai Laii , Elrond , IchikaEncoder – Thit San Khant ...

Our Beloved Summer (2021)

2021