Channel Myanmar

Sphère Média

The Sticky (2024) 8.214
The Sticky (2024) ( Season 1 )အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ကနေဒါနိုင်ငံရဲ့မေပယ်သကာရည်ဟာ အကျိုးရှိတဲ့ဓာတ်သတ္တုပေါင်း၅၄ မျိုးပါဝင်လို ကွေဘက်မြိုမှာ အကြီးအကျယ်စိုက်ပျိုးပြီးကမ္ဘာမှာနာမည်ကျော်ပါတယ်။ ကွေဘက်မေပယ်အစည်းအရုံးဟာခြံသမားတွေဆီကသကာရည်တွေကိုဝယ်ယူသိုလှောင်ထားပြီးအစည်းအရုံးရဲ့ဂိုဒေါင်ထဲမှာ ဒေါ်လာသန်းချီတဲ့မေပယ်သကာရည်စည်တွေရှိနေပါတယ်။ အစည်းအရုံးရဲ့ခေါင်းဆောင်လီယိုနာ့ဒ်ဟာမေပယ်ခြံစိုက်သူတွေကိုခေါင်းပုံဖြတ်တတ်သူဖြစ်ပြီး တစ်ရက်မှာတော့ ယောကျ်ားကအိပ်ရာထဲလဲနေတာကြောင့် ခြံကိုဦးစီးလုပ်ကိုင်နေရတဲ့ရု့သ်ကို ဖိအားပေးပြီး ခြံကိုရောင်းခိုင်းခဲ့ပါတယ်။အစည်းအရုံးရဲ့ဂိုဒေါင်မှာ တစ်ဦးတည်းသောလုံခြုံရေးအစောင့်ဖြစ်တဲ့ရီမီက အစည်းအရုံးထဲမှာ သူ့ကိုဘယ်သူကမှလူရာမသွင်းတာကြောင့် သူ့အစွမ်းကိုပြချင်နေခဲ့သူဖြစ်ပါတယ်။ကွေဘက်မြိုမှာ နာမည်ကျော်လူဆိုးဂိုဏ်းတစ်ခုအတွက်ငွေကောက်ပေးရတဲ့မိုက်ခ်ကလည်း သူ့အလုပ်ကိုစိတ်ကုန်နေခဲ့ပါတယ်။ ဒါပေမဲ့ ရု့သ်၊ မိုက်ခ်နဲ့ရီမီတိုသုံးယောက်ဆုံချိန်မှာတော့ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့မေပယ်သကာရည်စည်တွေကိုခိုးယူမှုကြီးဖြစ်လာခဲ့ပါတော့တယ်။ Comedy ၊ Crime အမျိုးအစားဖြစ်တဲ့The Sticky ကို ခရမ်းချဥ်သီးပုတ်က ၈၂ ရာခိုင်နှုန်းထောက်ခံပေးထားပြီး ရင်တစ်ဖိုဖိုနဲ့ကြည့်ရမယ့်ဟာသစီးရီးကောင်းတစ်ခုဖြစ်ပါတယ်။ File Size –453 MBQuality –WEB-DL 1080p HEVCEpisodes -  6 EpsDuration -  32 minSubtitle – Myanmar HardsubFormat – ...
8.214
TMDb: 8.214/10 21 votes
tv

The Sticky (2024)

2024