Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Seven Stories
7.2
Selection Day (2018)
Selection Day (2018) "ပြိုင်ပွဲ" IMDb - 7.3/10အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွေမှာ ရိုးအီနေပြီးတာတောင် စိတ်ဝင်စားဖို့ကောင်းအောင် အမျိုးမျိုးရိုက်ကူးတင်ဆက်တဲ့ဇာတ်ကြောင်းတွေထဲမှာ ကျွန်တော့်အမြင် အတွေ့ရများဆုံး လေးခုရှိတယ်။သောက်ရမ်းကြမ်းတဲ့ ရဲ၊ အကျင့်ပျက်ခြစားနေတဲ့စနစ်ကြီးကို ပြောင်းလဲတာ၊အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ ခရစ်ကတ်။၂၀၁၈မှာ အပိုင်း ၁၂ပိုင်းနဲ့ Netflixကနေထုတ်လွှင့်ခဲ့တဲ့ ဒီစီးရီးဆိုလည်း ကျွန်တော်တို့ဆီမှာ သိပ်မတွေ့ရတဲ့ခရစ်ကတ်အားကစားကို စိတ်ဝင်စားအောင် ရိုက်ပြထားတာ။ကိုယ် ဘယ်ကောင်ကြီးဖြစ်လာမလဲဆိုတာ ရွေးချယ်တဲ့။ဒီထဲက ဖခင်ဖြစ်သူနေရာမှာပါဝင်တဲ့ မိုဟန်ကူမားကတော့ ကိုယ်ဘာကောင်ကြီးထက် ကိုယ့်သားနှစ်ကောင်ကို ကမ္ဘာပေါ်မှာ အတော်ဆုံးခရစ်ကတ်သမားတွေဖြစ်စေချင်သူ။ဘယ်လောက်ထိရည်စူးထားလဲဆို ယူမဲ့မိန်းမကိုတောင် အားကစားသမားကောင်းတွေ မွေးထုတ်ပေးနိုင်မဲ့ အားကစားအရည်အချင်းရှိတဲ့မိန်းမကို လိုက်ရှာယူတဲ့ထိပဲ။သားနှစ်ယောက်မွေးပြီး မွေးပြီးကတည်းက ခရစ်ကတ်နဲ့ဖက်ပြီးကြီးပြင်းစေခဲ့သူ။နည်းပြလက်စွဲ၇၂အုပ်ကို အာဂုံဆောင်ထားပြီးနည်းစနစ်အသစ်တွေဖန်တီးသင်ပြရုံမက အစားအသောက်၊ ဆေးနဲ့ အရိုးအဆစ်ထိပါကျွမ်းကျင်အောင် လုပ်ခဲ့တဲ့ ဖခင်ကြီးမိုဟန်ကူမား။သားနှစ်ယောက်ဖြစ်တဲ့ ရာဒါကူမားနဲ့ မန်ဂျူးကူမားတို့ညီကိုနှစ်ယောက် ဒီဖခင်ကြီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ရှုစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)File Size – 500 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –25minute (@Episode)Total Episodes: 12EpsSubtitle – ...
7.2
TMDb:
7.2/10
20 votes
tv
Selection Day (2018)
2018
6.1
Nautilus (2024)
အပိုင်း ( ၁ မှ ၁၀ ) အထိ စ / ဆုံး ဒီတစ်ခေါက် CMက နေတင်ဆက်ပေးမဲ့ စီးရီးကတော့Twenty Thousand Leagues Under the Seasဆိုတဲ့ဝတ္ထုစာအုပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Nautilus ဆိုတဲ့စီးရီးပဲဖြစ်ပါတယ်။ဒီစီးရီးဟာ ဗြိတိသျှနေမဝင်အင်ပါယာ ကြီးစိုးစဉ်ကာလကိုအခြေတည်ထားတာပါ။"ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ"ဟာ ကိုယ်ပိုင်စစ်တပ်နဲ့ အခြားနိုင်ငံတွေကို ကျူးကျော်သိမ်းပိုက်ပြီး သယံဇာတမြောက်မြားစွာကိုခိုးယူကာ အရှေ့တိုင်းနိုင်ငံတွေကို လက်ဝါးကြီးအုပ်နေတာကြောင့်ဘယ်နိုင်ငံထက်မဆို အင်အားပိုကြီးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လို့နေပါတယ်။ အတောမသတ်နိုင်တဲ့လောဘနဲ့ တရုတ်စီးပွားရေးဈေးကွက်ထဲ စိမ့်ဝင်နေရာယူချင်တာကြောင့် အစိုးရမသိအောင်ရေငုပ်သင်္ဘောတွေ ကြိတ်ပြီးတီထွင်လာပါတော့တယ်။အဲဒီမှာ နော်တီလက်စ်ဆိုတဲ့ ရေငုပ်သင်္ဘောကို ဒီဇိုင်းဆွဲတည်ဆောက်ပေးနေတဲ့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီရဲ့အကျဉ်းသားတွေဖြစ်တဲ့ နီမိုနဲ့ ဘန်ဟွာတို့ဟာ အဖွဲ့သားတွေနဲ့အတူနော်တီလက်စ်ရေငုပ်သင်္ဘောကြီးကိုခိုးယူကာ ကုမ္ပဏီလက်အောက်ကနေ ထွက်ပြေးပါတော့တယ်။နီမိုနဲ့ဘန်ဟွာတို့ဟာ ဒီရေငုပ်သင်္ဘောကိုခိုးပြီး ပြင်သစ်ကိုထွက်ပြေးမယ်လို့ သဘောတူထားခဲ့ကြပေမဲ့ တကယ်တမ်းကျနီမိုဟာ Pillars of Halvarမှာရှိတဲ့ ဒဏ္ဍာရီလာ ရတနာသိုက်ဆီသွားဖို့ဆုံးဖြတ်ထားပြီးသားပါ။ဒီလိုနဲ့ Nautilus ရေငုပ်သင်္ဘောကြီးနဲ့အတူ ကပ္ပတိန်နီမိုတို့တွေရတနာသိုက်ဆီစွန့်စားခန်းထွက်တာကို ကောင်းကောင်းကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။စွန့်စားခန်းဆိုတဲ့အတိုင်းပဲ မထင်မှတ်ထားတဲ့ အခက်အခဲတွေ၊ပင်လယ်မိစ္ဆာကြီးတွေ၊ ...
6.1
TMDb:
6.1/10
10 votes
tv
Nautilus (2024)
2024