Channel Myanmar
Netflix
Ransom Canyon (2025) 7.269
Ransom Canyon (2025) IMDb Rating 6.6/10Texas ရဲ့ နီရဲနေတဲ့ ကုန်းမြင့်တွေအောက်က Ransom Canyon ဒေသက အချစ်၊ မေတ္တာ၊ လျှို့ဝှက်ချက်တွေနဲ့ မွေးမြူရေးခြံပိုင်ရှင်တွေကြားက ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရမယ့် Ransom Canyon ဆီးရီးအသစ်.... ဒီ Season 1 မှာ အပိုင်း (၁၀) ပိုင်းပါဝင်ပြီး မွေးမြူရေးခြံတွေပိုင်တဲ့ မျိုးဆက်သုံးခုကြားက အားပြိုင်မှုတွေ၊ ကြေကွဲစရာအတိတ်တွေ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအချစ်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်... မိန်းမဖြစ်သူရော သားဖြစ်သူကိုပါ ဆုံးရှုံးထားရတဲ့ မွေးမြူရေးခြံပိုင်ရှင် Staten Kirkland..... သူ့အတွက် တစ်ဦးတည်းသောယုံကြည်အားကိုးရတဲ့မျှော်လင့်ချက်လေး Quinn O'Grady........ Staten Kirkland ဟာ မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းမှုတွေကနေ နလန်မထူနိုင်ခင်မှာပဲ သားဖြစ်သူရန်ဒယ်ဟာ ကားမတော်တဆမှုတစ်ခုကြောင့် သူ့မွေးနေ့မှာပဲ သေဆုံးခဲ့ပါတယ်....သူ့သားရဲ့ ကားမတော်တဆမှုဟာ မတော်တဆတစ်ခုမဟုတ်ဘဲ ပရောဂတစ်ခုခုပါဝင်နေမယ်ဆိုတာကို ယုံကြည်နေတဲ့ Staten Kirkland ဟာ ...
7.269
TMDb: 7.269/10 39 votes
tv
Ransom Canyon (2025)
2025
Asura (2025) [Complete] 7.7
Asura (2025) [Complete]
2025
Beyond Goodbye (2024) [Complete] 7.3
Beyond Goodbye (2024) [Complete] Beyond Goodbye (2024)************************* အပိုင်း (၁ မှ ၈) စ/ဆုံးကော်ဖီတစ်ခွက်ကြောင့် ဘဝရှေ့ဆက်ဖို့ ခွန်အားတွေရခဲ့တဲ့ ဆာအဲကိုဆိုတဲ့ မိန်းကလေးဟာ ကော်ဖီကုမ္ပဏီတစ်ခုမှာ ဝင်အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီးနောက် အမှတ်မထင် ယုဆူကဲဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့တယ်။ရှေးဘဝက ဖူးစာဖက်တွေလို ချစ်ကြိုးသွယ်သွားခဲ့တဲ့ သူတို့နှစ်ဦးဟာ ပျော်ရွှင်မှုအမှတ်တရများစွာနဲ့ နေထိုင်ရှင်သန်ရင်းနဲ့ပဲ ကံအကြောင်းမလှစွာနဲ့ ယုဆူကဲဟာ ကားမတော်တဆဖြစ်ပြီး သေဆုံးသွားတော့တယ်။ ကျန်ရစ်ခဲ့တဲ့ ဆာအဲကိုဟာ ပြောပြလို့မကုန်နိုင်လောက်အောင် ပူဆွေးကြေကွဲရင်းနဲ့ပေါ့။ဒီလိုနဲ့ သူမဟာ တစ်နေ့မှာ ချစ်ရသူ ယုဆူကဲနဲ့ စရိုက်အမူအရာ ထူးထူးဆန်းဆန်းတူနေတဲ့ နာရူဆဲဆိုတဲ့ အမျိုးသားတစ်ဦးနဲ့ ကြုံကြိုက်စရာအကြောင်း ဖြစ်လာခဲ့တယ်။ အဖြေရှာမရအောင်တူနေတဲ့ နာရူဆဲဟာ အမှန်တော့ ယုဆူကဲရဲ့ နှလုံးကို အစားထိုးခွဲစိတ်ထားတဲ့လူဆိုတာ သူမ မသိခဲ့ပါဘူး။ယုဆူကဲရဲ့ မှတ်ဉာဏ်တွေ၊ အမှတ်တရတွေ၊ ခံစားချက်တွေကို သယ်ဆောင်ထားတဲ့ နှလုံးသားဟာ နာရူဆဲရဲ့ ကိုယ်ခန္ဓာထဲ ရောက်လာတဲ့အခါ ချစ်သူမိန်းကလေး ဆာအဲကို ကိုလည်း အလိုလိုမှတ်မိနေတာပေါ့။ ဆာအဲကိုနဲ့ နာရူဆဲ တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ကိစ္စတွေ ပိုရှုပ်ထွေးလာမလား၊ ဒါမှမဟုတ် ရှင်းလင်းသွားမလား?အချစ်နဲ့သံသရာဟာ ဘယ်လို လုံးလည်ချာလည်လိုက်နေမလဲ? ခံစားချက်အတိုင်း ...
7.3
TMDb: 7.3/10 6 votes
tv
Beyond Goodbye (2024) [Complete]
2024
Gundam: Requiem for Vengeance (2024) 7.2
Gundam: Requiem for Vengeance (2024) Gundam ကိုတော့ ကျွန်တော်တို့အကုန်လုံးသိကြမယ်ထင်ပါတယ်။ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ Power Rangers တွေရှိခဲ့သလိုပဲGundam လည်းတစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါတယ်။Gundam ဟာ ဂျပန် Animation (Anime) တစ်ခုဖြစ်ပြီး Yoshiyuki Tomino နဲ့Bandai Namco Filmworks တို့လက်တွဲပြီးထုတ်လုပ်ထားတဲ့ စိတ်ကူးယာဉ် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ပထမဦးဆုံး Series ကို ၁၉၇၉ ခုနှစ်မှာ စတင်လွှင့်ခဲ့တာဖြစ်ပြီး အတော်လေးပရိသတ်တွေကြားထဲကိုအထူးသဖြင့် လူငယ်ပရိသတ်တွေကြားထဲမှာ ရေးပန်းစားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ Transformers ဆိုတဲ့ စက်ရုပ်တွေကို စမသိခင်မှာ Gundam ဆိုတဲ့လူသားဝင်ထိန်းလို့ရတဲ့ စက်ရုပ်တွေကို အရင်သိကျွမ်းခဲ့ရပါတယ်။Gundam: Requiem for Vengeance (2024) ကတော့ ၂၀၂၄ ခုနှစ်အောက်တိုဘာလကမှ ထွက်ရှိထားတဲ့ Anime Series အသစ်ဖြစ်ပါတယ်။ငယ်ဘဝကို လွမ်းမိစေမှာဖြစ်သလို၊ အခုချိန်ထိကြည့်လို့ကောင်းနေတဲ့ Series တစ်ခုဖြစ်ကြောင်းကိုလည်းမြင်ရမှာဖြစ်ပါတယ်။ဇာတ်ညွှန်းခုနှစ်က Universal ရာစုနှစ် ၀၀၇၉၊ ဇီယွန်နိုင်ငံတပ်တော်ကြီးဟာ အာကာသ ကိုလိုနီများဖြစ်တာနဲ့အညီကမ္ဘာကို ...
7.2
TMDb: 7.2/10 32 votes
tv
Gundam: Requiem for Vengeance (2024)
2024
The Boyfriend (2024) Season 1 9
The Boyfriend (2024) Season 1 The Boyfriend ( 2024)ဂျပန် Reality Showတွေက တော်တော်ကောင်းတယ်လို့ ပြောကြတာတော့ မြင်ခဲ့ဖူးပေမဲ့ တစ်ခါမှတော့ မကြည့်ကြည့်ဖူးဘူးပေါ့။ ဒီရှိုးကြည့်ကြည့်တော့ ဟုတ်တော့လည်း ဟုတ်မှာပဲလို့တော့ တွေးတော့တွေးမိပါတယ်။ ဒီလိုရှိုးတွေ သိပ်အများကြီးတော့ မကြည့်ဖူးလို့ မပြောတတ်ပေမဲ့ ဒီလိုရှိုးကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ ကောင်းမယ်လို့ ထင်ရတာပါပဲ။ ဒီရှိုးကတော့ ဂေးတွေကို အိမ်တစ်အိမ်ထဲ အတူတူထား, အလုပ်အတူတူလုပ်ခိုင်း။ သူတို့ကြားထဲ ဆက်ဆံရေးတစ်ခုတည်ဆောက်ပေးပြီး ဘယ်သူက ဘယ်သူ့ကိုချစ်မိသွားမလဲ စောင့်ကြည့်တဲ့ ရှိုးပါပဲ။ သူတို့ကို အကဲဖြတ်နေတဲ့လူတွေရဲ့ စကားတွေကလည်း မိုက်နေတော့ ဒီလိုင်းတွေစိတ်မဝင်စားရင်တောင် ကြည့်ရတာတော့ ပမာဏတစ်ခုအထိတော့ အရသာရှိနေပါတယ်။ နောက် သူတို့ကတော့ ဂေးတွေရဲ့ ဆက်ဆံရေးကိုပဲပြနေပေမဲ့ လူဟာလူပဲမို့ သူတို့ဆက်ဆံရေးကို ကျွန်တော်တို့ဆက်ဆံရေးတွေနဲ့ ယှဉ်တွဲမြင်ကြည့်လို့ရအောင်လည်းပြထားတော့ အချိန်ပေးရကျိုးတော့ ပမာဏတစ်ခုအထိတော့ နပ်မယ့်ရှိုးပါပဲQuality_Blu-Ray 1080p Format_mp4 Aired: 2024 Original Network: Netflix Duration_00:55:00 Genre_TV Show, Comedy, Drama Subtitle_Myanmar Subtitle ...
9
TMDb: 9/10 5 votes
tv
The Boyfriend (2024) Season 1
2024
Elite 2018-2024 (Complete) 8
Elite 2018-2024 (Complete) စပိန်စကားပြော ဒီ Netflix စီးရီးလေးကတော့ ၂၀၁၈ ကစတင်ထွက်ရှိခဲ့ပြီး အခုဆို Season (4) ထိ ထွက်ရှိထားသလို နောက်စီစင်တွေလဲ ထပ်မံထွက်ရှိဦးမှာဖြစ်ပါတယ်။ဒီစီးရီးက ထူးခြားတဲ့တင်ဆက်မှုတစ်ခုဖြစ်ပြီး လူငယ်တွေကြားက နက်နဲတဲ့ Relationshipအကြောင်းတွေကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းတင်ဆက်ထားတာပါ။အသက် ၁၈ နှစ်တောင် မပြည့်ကြသေးတဲ့ လူငယ်တွေ ကျောင်းမှာပညာရှာရင်းနဲ့ ပွဲကြမ်းချက်ကလဲ လက်လန်ပါတယ်...Sex ကိစ္စမှာဆိုလဲ Straight , BL , Lesbian , Cuckold , 2 in 1 , Incest စသည်ဖြင့်အောတိုက်ရလောက်အောင် စုံစီနဖာပဲ အရပ်ကတို့ရေ... ကဲ..ဒီစီးရီးနာမည်လေးကတော့ Elite အထက်တန်းလွှာဆိုတဲ့ အဓိပ္ပာယ်ပေါ့.. Las Encinas ဆိုတဲ့ ကျောင်းတော်ကြီးဟာ စပိန်နိုင်ငံပြဲပြဲစင်မှာ ကြေးရတက်လူတန်းစား တွေ လူကုန်ထံသားသမီးတွေပဲ တက်နိုင်တဲ့ အထက်တန်းစားကျောင်းတော်ကြီးပေါ့ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ သာမန်လူတန်းစားအသိုင်းဝိုင်းက လူငယ်လေးသုံးယောက် Las Encinas ကျောင်းတော်ကြီးမှာတက်ရောက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာပါတယ် မထင်မှတ်ထားတဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ...
8
TMDb: 8/10 9038 votes
tv
Elite 2018-2024 (Complete)
2018
Supacell (2024) 6.96
Supacell (2024)   Netflix ကနေ လက်ရှိထွက်ထားတဲ့ Scifi ဇာတ်လမ်းတွဲအသစ်ပါ Rating အမြင့်တဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဇာတ်လမ်းအညွှန်းကိုပြောရရင်...လန်ဒန်က သွေးကလာပ်ဆဲရောဂါဖြစ်နေတဲ့ လူမည်းအများစုမှာရုတ်တရက် အစွမ်းတွေရလာပါတယ်...အဲ့ဒီအထဲမှာ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတဲ့ မိုက်ကယ်အပါအဝင်ပဲ.. တစ်နေ့ပစ္စည်းပို့ရင်း လမ်းဘေးဂိုဏ်းတစ်ခုက ဓားထိုးခံလိုက်ရပြီး သေရာပြန်ရှင်ကာ အစွမ်းတွေရလာပါတယ်သူ့အစွမ်းကအနာဂတ်ကို အချိန်ခရီးသွားနဲ့ တယ်လီပို့နိုင်ခြင်းပါ...ဒါပေမယ့် သူ့လိုမျိုး အစွမ်းတွေရလာတဲ့ လူပေါင်းစုံနဲ့ အနာဂတ်က ဖြစ်ရပ်ဆိုးကြီးကို တားဆီးဖို့ လိုအပ်လာတဲ့အတွက် ကျန်တဲ့လူတွေကို လိုက်စည်းရုံးဖို့လိုလာပါပြီ... ဒီအစွမ်းတွေရဲ့ နောက်ကွယ်က ဘယ်သူလဲ..ဘာကြောင့်အစွမ်းတွေရလာတာလဲဆိုတာကိုတော့ Supacell ဆိုတဲ့ ဇာတ်လမ်းတွဲမှာ စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်(အညွန်းကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1 GB)/(500 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:00:00 Genre... Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thiha Yan Naing, Pyi Ti Nyein Download Links Episode ...
6.96
TMDb: 6.96/10 25 votes
tv
Supacell (2024)
2024
Bodkin (2024) 6.22
Bodkin (2024)  ဒီတစ်ခါမှာတော့ May 9 တုန်းကမှ ထွက်ရှိထားတဲ့သည်းထိပ်ရင်ဖို စီးရီးအသစ်တစ်ခုကို CM ကဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းကတော့ သတင်းပေး သေဆုံးသွားတဲ့အတွက်အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ခေါင်းမာမာ အမှုစစ်သတင်းထောက် ဒပ်ဗ်ဘတ်ဆာ မယ်လွန်နီနဲ့ အစပြုထားပါတယ် ။ အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ဒပ်ဗ်ကိုသူ့အထက်လူကြီး အယ်ဒီတာက Podcast တစ်ခုအတွက် အိုင်ယာလန်နိုင်ငံ ဘော့ကင်း လို့ ခေါ်တဲ့ကမ်းရိုးတန်းနယ်မြို့လေးကို လွှတ်လိုက်ပါတော့တယ် ။မသွားချင်သွားချင်နဲ့ ရောက်သွားရတဲ့ ဒပ်ဗ်ဟာPodcast သမား ဂေလ်ဘတ် ၊ Researcher အမ်မီတို့နဲ့ပေါင်းပြီး ဘော့ကင်းမြို့မှာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကဆားဝင်ပွဲတော်ညမှာ လူသုံးယောက်ပျောက်သွားတဲ့အမှုကို စုံစမ်းရမှာပါ ။အေးချမ်းတယ်လို့ ထင်ရတဲ့ ဘော့ကင်းမြို့နဲ့မြို့သားတွေဟာ တကယ်ပဲ အေးချမ်းပါရဲ့လား ။လူသုံးယောက်ပျောက်တဲ့အမှုနဲ့ ပတ်သက်လို့ရောသူတို့ ဘာတွေဖုံးကွယ်ထားသလဲ ။ဒပ်ဗ်တို့ သုံးယောက် သွားတည်းတဲ့အိမ်က မသင်္ကာစရာအိမ်ပိုင်ရှင်နဲ့ သားဖြစ်သူကရော ဘာတွေလဲဆိုတာကိုသူတို့ သုံးယောက်နဲ့အတူတူ စိတ်ဝင်စားဖွယ် ဖြေရှင်းရမှာဖြစ်ပါတယ် ။ဒါဆိုရင်တော့ ...
6.22
TMDb: 6.22/10 25 votes
tv
Bodkin (2024)
2024
Wes Anderson’s Short Films Event (2023) Complete 7
Wes Anderson’s Short Films Event (2023) Complete Wes Anderson's Short Films Event (2023) လွန်ခဲ့တဲ့၁၄နှစ်တုန်းက ဝက်စ်အန်ဒါဆန်ဟာ ဗြိတိန်စာရေးဆရာ Roald Dahl ရဲ့ Fantastic Mr. Fox လို့ခေါ်တဲ့ Children's Novel တစ်ပုဒ်ကို ပြန်ရိုက်ခဲ့ဖူးတယ်။ တော်တော်လည်း ကောင်းခဲ့ပါတယ်။ Roald Dahl ဟာ Children's Literature ခေါ် ကလေးစာပေနဲ့ နာမည်ကြီးသလို ဇာတ်လမ်းတိုတွေ ကဗျာတွေလည်းရေးခဲ့တဲ့သူဆိုလည်း မမှားဘူး။ Dahl ကို "၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးပုံပြင်ရေးဆရာတွေထဲက တစ်ယောက်" လို့တောင် ဆိုကြတယ်။ Wes Anderson ကလည်း သူ့ကို တော်တော်သဘောကျပုံပါပဲ။ ဒီနှစ်မှာလည်း Dahl ရဲ့ ဇာတ်လမ်းတို ပုံပြင်တိုလေးတွေကိုသုံးပြီး သူလည်း ဇာတ်လမ်းတို လေးပုဒ်ရိုက်ခဲ့တယ်။ ဒီလေးပုဒ်လုံးဟာလည်း မူရင်းစာရေးဆရာကို သစ္စာရှိတဲ့အတွက်ရော၊ ပါဖောမင့်န်ကောင်းတဲ့ သရုပ်ဆောင်တွေကြောင့်ရော၊ ဒါရိုက်တာကောင်းလို့ရော ကောင်းသတင်းတွေချည်း ...
7
TMDb: 7/10 3000 votes
tv
Wes Anderson’s Short Films Event (2023) Complete
2023
Let’s Get Divorced(2023)[Complete] 8.7
Let’s Get Divorced(2023)[Complete] Let's Get Divorced(2023)***********************အပိုင်း ( ၁ မှ ၉) အထိ စ/ဆုံး ဒီစီးရီးလေးကတော့ အိမ်ထောင်သက်တမ်းကြာလာတာနဲ့ အချစ်တွေမရှိတော့ဘဲ ကွာရှင်းဖို့သာအားပြုနေကြတဲ့လင်မယားစုံတွဲလေးအကြောင်းကို ရိုက်ကူးထားတဲ့ Comedy Drama Seriesလေးပါ။ ခင်ပွန်းဖြစ်သူ တအိရှိဟာ နိုင်ငံရေးမိသားစုအသိုင်းအဝိုင်းက ကြီးပြင်းလာသူ၊ လက်ရှိမှာလည်း ရွေးကောက်ခံဥပဒေပြုအဖွဲ့ဝင်တစ်ယောက်ပေါ့။ သူ ရွေးကောက်ခံနိုင်ငံရေးသမားဖြစ်လာပုံကအဆန်းဗျ။ ဇနီးဖြစ်သူဟာ နာမည်ကျော်မင်းသမီးဖြစ်နေလေတော့မင်းသမီးယောကျာ်းဆိုပြီးမဲပေးရင်း၊ မဲဆွယ်ရင်းက ရွေးကောက်ပွဲနိုင်ထားတာပါ။ ဇနီးဖြစ်သူ ယူအီဟာလည်း ရုပ်ရှင်ရိုက်ကွင်းတွေ မအားတဲ့ကြားက ယောကျာ်းရဲ့ မဲဆွယ်ပွဲတိုင်းလိုလိုပါဝင်အားဖြည့်ပေးနေကျ ပါရမီဖြည့်ဖက်လေးပါ။ ဒီလိုဇနီးလေးရထားတာကိုမှ တအိရှိဟာတီဗီအစီအစဥ်ကြေငြာသူတစ်ယောက်နဲ့လမ်းဘေးမှာနမ်းရင်း ဖောက်ပြန်မိသွားပါတယ်။ တအိရှိတစ်ယောက် ဖောက်ပြန်မိတဲ့အတွက် ဇနီးဖြစ်သူကို သုံးနှစ်လုံးလုံး တောင်းပန်ရိုကျိုးခဲ့ပေမယ့်အခုကျထပ်ပြီးသတင်းထွက်လာတော့ သူလည်းမအောင့်နိုင်တော့ဘဲ ကွာရှင်းဖို့ကြံပါလေရော။ တစ်ဖက်မှာလည်း ယူအီကိုယ်တိုင်က ခင်ပွန်းဖြစ်သူကို လက်လွှတ်ရမလား၊ ထပ်ခွင့်လွှတ်ပြီး ရှေ့ဆက်ရမလား ဝေခွဲမရဖြစ်နေရှာပါတယ်။ သို့ပေမဲ့လည်း အိမ်ထောင်ကိစ္စ၊ ကွာရှင်းကိစ္စဆိုတာ သူတို့အတွက်ကျတော့ လွယ်ကူမနေပြန်ဘူး။ အချစ်တွေမေတ္တာတွေက အနေနီးလို့မမြင်ရပေမယ့် သံယောဇဥ်ကရှိနေဆဲပဲလေ။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းလေးတွေရှိဦးမလဲ၊ ဘယ်သူတွေက စနှိုက်ကြမှာလား၊ခြံခုန်ကြမှာလားဆိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုဖို့တင်ဆက်ပေးလိုက်ပါတယ်။Episodes: 9File Size:800MB, 300MBQuality :Web-DL ...
8.7
TMDb: 8.7/10 3 votes
tv
Let’s Get Divorced(2023)[Complete]
2023
The Diplomat (2023) Complete 8
The Diplomat (2023) Complete The Diplomat (2023) Season 02 A Netflix Series ~ IMDb - 8.1/10, Rotten Tomatoes - 88% ~ သံတမန်လုပ်ရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကြိုးတန်းလျှောက်တဲ့သူလို ဘယ်ဖက်ကိုမှ မယိမ်းအောင် သတိကြီးကြီးထားပြီး လုပ်ရတဲ့အလုပ်မျိုးပေါ့။ ဒါပေမဲ့ ကြိုးတန်းလျှောက်သမားက ဟန်ချက်ပျက်ပြီး လဲရင်တောင် သူတစ်ယောက်တည်း လဲတာပါ။ သံအမတ်ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုနေတဲ့မျက်နှာဖြစ်တဲ့အတွက် ဟန်ချက်တစ်ချက် ပျက်ရင် စကားတစ်ခွန်းမှားရင် တစ်နိုင်ငံလုံး ဒါမှမဟုတ် နှစ်နိုင်ငံလုံး မျက်နှာပျက်စရာတွေ ဒုက္ခအကြီးအကျယ်ရောက်စရာတွေ ဖြစ်သွားနိုင်ပါတယ်။ အပြောအဆိုအနေအထိုင် ပါးနပ်ရတယ်။ နိုး လို့ပြောရင် သံအမတ်မဟုတ်ဘူးဆိုတဲ့ ဟာသလိုပဲ စကားပရိယာယ်ကြွယ်ရတယ်။ ပါးနပ်ဆို တခြားနိုင်ငံမှာ သွားနေရတာကိုး အိမ်ရှင်မျက်နှာလည်း ကြည့်ရသေးတယ်လေ။ ကိုယ်ဖြစ်ချင်တာကို တစ်ဖက်လူ လက်ခံနိုင်အောင် ပြောရတယ်ဆိုတာ တော်တော်လေးမလွယ်တဲ့ အလုပ်ပါပဲ။ ကိုယ်သိမ်းသွင်းနေတဲ့သူက နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဆိုရင် ...
8
TMDb: 8/10 82 votes
tv
The Diplomat (2023) Complete
2023
First Love (2022) 9.143
First Love (2022) First Love (2022) °°°°°°°°°°°°°°°°°°°°° 'အချစ်ဦး' တဲ့ အချစ်ဦး ဆိုတာကို ဘယ်လို ခံယူထားကြလဲ။ ကိုယ့်အနေနဲ့ ပြောရရင်တော့ အချစ်ဦးဆိုတဲ့ ဖြစ်တည်မှုဟာ သိပ်ကိုအံ့သြဖို့ကောင်းတယ်။ ဘဝမှာ ပထမဆုံးအနေနဲ့ အချစ်ဆိုတာကို သင်ကြားပေးခဲ့သူ၊ ရင်ထဲမှာ လိပ်ပြာတွေပျံနေသလို ရွစိရွစိနဲ့ ထိုင်ရမလို ထရမလို ခံစားချက်မျိုးဖြစ်အောင် ပြုစားနိုင်သူလို့ ထင်တာပဲ။အဲဒီ အချစ်ဦးအကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းတွေ တစ်ပုံကြီး ရှိတဲ့အထဲကမှ ဇာတ်လမ်းတွဲကို စိတ်ကူးပုံပေါ်လာစေတာကတော့ ဂျပန်-အမေရိကန်ကပြားအဆိုတော်မလေး ဟိခါရု အုတဒရဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ 初恋 (First Love) ဆိုတဲ့ သီချင်းလေးပါပဲ။ဟိခါရုဟာ ဒီသီချင်းကို ရေးပြီး အသံသွင်းခဲ့တဲ့အချိန်ကဆို အရွယ်အားဖြင့် ၁၅ နှစ်သာ ရှိပါသေးသတဲ့။ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ မြီးကောင်ပေါက်စအရွယ် အပျိုဖြန်းမလေးရဲ့ အချစ်ဦးဆိုတာကို လှလှပပ၊ ဆွေးဆွေးမြေ့မြေ့နဲ့ ပုံဖော်ထားခဲ့တဲ့၊ အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ သီချင်းလေးပေါ့။မြန်မာပရိသတ်တွေကတော့ မူရင်းဂျပန်သီချင်းကို နားမထောင်ဖူးရင်တောင် ဆုန်သင်းပါရ် ပြန်ဆိုထားတဲ့♪သိပ်ချစ်ဖူးခဲ့မိတာ မင်းတစ်ယောက်တည်း ရှိတာပါ♪ ♪တစ်သက်တာ မင်းရဲ့ရင်မှာ ...
9.143
TMDb: 9.143/10 7 votes
tv
First Love (2022)
2022
A Business Proposal (2022) 8.0
A Business Proposal (2022) Business Proposal အညွှန်းကဲ..အားလုံး လည်တဆန့်ဆန့်နဲ့မျှော်နေတဲ့ကားလေးကို CM ကနေ ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ပါပြီနော်အိမ်မှာသမီးကြီးဖြစ်ပြီး အိမ်ရဲ့ဝန်ကိုကူထမ်းပေးနေရတဲ့ သာမန်ဝန်ထမ်းဖြစ်သူ ရှင်းဟာရီ...သူ့မှာ နှစ်အတော်ကြာပေါင်းလာခဲ့ပြီး ကြိတ် Crush နေရတဲ့ ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်ရှိပြီး Crush ကတော့ crush တို့ရဲ့ထုံးစံအတိုင်း ဟာရီကလွဲပြီး ကောင်မလေးတိုင်းနဲ့တွဲခဲ့တဲ့သူပါ။အဲလိုနှလုံးသားရေးမှာပါ ကံမကောင်းတဲ့ ဟာရီတစ်ယောက် နောက်ထပ်သူငယ်ချင်းတစ်ယောက်ဖြစ်သူ သူဌေးသမီးလေး ဂျင်ယောင်ဆောကို အခကြေးငွေယူပြီး ကူညီပေးရင်းနဲ့ အမွေဆက်ခံသူ သူဌေးဂန်ထယ်မူနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ်အကြောင်းကတော့ True love ကိုသာအယုံအကြည်ရှိပြီး ကိုယ်ချစ်တဲ့သူနဲ့သာ ယူချင်တာကြောင့် အိမ်ကစီစဉ်ပေးတဲ့ကြင်ဖက်တွေ့ဆုံပွဲကိုမသွားချင်တဲ့ ဂျင်ယောင်ဆောက ဟာရီကို အယောင်ဆောင်ခိုင်းပြီး ငြင်းခဲ့ဖို့လွှတ်လိုက်တာကနေစတာပါ အဲလိုကနေ တွေ့တွေ့ချင်းပဲ ဂန်ထယ်မူက ဟာရီ့ကို လက်ထပ်ပါ့မယ်လို့ ပြောလာတဲ့အခါမှာတော့....တိုက်ဆိုင်စွာနဲ့ပဲ ဟာရီရဲ့အလုပ်မှာ အသစ်ရောက်လာတဲ့ သူဌေးက ဂန်ထယ်မူဖြစ်နေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို CM မှာအပတ်တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီလို့...မင်းသားမင်းသမီးတွေကလည်း နာမည်ကြီးတွေကိုမှ Office romance ကားလေးဖြစ်တာမလို့၊ ဘယ်လိုတွေရိုကြဦးမလဲဆိုတာကို စောင်ကိုက်ပြီးကြည့်ရမဲ့တစ်ကားထပ်တိုးလာကြောင်း ထာဝရ FA များကို အသိပေးရင်းတင်ဆက်လိုက်ပါတယ်ဗျ ...
8.0
TMDb: 8.0/10 votes
tv
A Business Proposal (2022)
2022
I See Dead People (2021) 8.0
I See Dead People (2021) ' တတိယမျက်လုံး 'Castsပွန့်မ် အဖြစ် Mew Nittha တရီကန် အဖြစ် James Maဇာတ်လမ်းအကျဉ်းတရီနဲ့ ပွန့်မ်တို့က နယ်မြို့လေးတစ်ခုက ခင်မင်ရင်းနှီးကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်ရက် တရီတစ်ယောက် မိဘတွေ ကွာရှင်းမလိုဖြစ်လို့ မြစ်ဆိပ်မှာ ဝမ်းနည်းငိုကြွေးရင်း သရဲဝင်ပူးတာ ခံလိုက်ရပါတော့တယ်နတ်ဆရာမျိုးရိုးရှိတဲ့ ပွန့်မ်တစ်ယောက် တရီကို သရဲထုတ်ဖို့ အမျိုးမျိုးလုပ်ရာက နောက်ဆုံး ဖက်လိုက်ပေးမှ သရဲထွက်သွားခဲ့တယ်အဲဒီချိန်ကစပြီး သရဲတွေကို တရီမြင်လာရပြီး ပူးခံရတိုင်း ပွန့်မ်က ဖက်ရင်း ပြန်ထုတ်နိုင်ခဲ့တယ်ဒီလိုနဲ့ တစ်စုံတစ်ခုသောအကြောင်းကြောင့် ပွန့်မ်တစ်ယောက် ဘန်ကောက်ကိုထွက်သွားပြီး အဆက်အသွယ် ဖြတ်လိုက်တာမို့ တရီအနေနဲ့ လိုက်ရှာရပါတော့တယ်ဘန်ကောက်ကို ပထမဆုံးရောက်လာတဲ့ တရီတစ်ယောက် အပျိုကြီးမမဖြစ်တဲ့ ဟီဒေကို့အသက်ကို ကယ်မိရာက ဟီဒေကိုရဲ့စားသောက်ဆိုင်နဲ့ အိမ်မှာဝင်ကူရင်း ပွန့်မ်ကို ရှာဖွေပါတော့တယ်တရီတစ်ယောက် ပွန့်မ်ကိုတွေ့နိုင်ပါ့မလား ပွန့်မ်ကရော ဘာအကြောင်းကြောင့် အဆက်အသွယ်ဖြတ်ခဲ့တာလဲ ဝဋ်ကံကြီးတဲ့အတွက် သရဲတွေချုပ်ကိုင်တာခံနေရတဲ့ တရီကို ကယ်နိုင်တဲ့ ကုသိုလ်ကံကြီးတဲ့ ပွန့်မ်ကပဲ ကယ်တင်နိုင်မလားဆိုတာအပြင် အကူအညီတောင်းတဲ့ သရဲတွေကို ...
8.0
TMDb: 8.0/10 votes
tv
I See Dead People (2021)
Castlevania Season 1 & 2 & 3 & 4 {Complete} 7.8
7.8
TMDb: 7.8/10 90 votes
tv
2017
The Underclass Season 1 Complete 7.3
The Underclass Season 1 Complete ထိုင်းစီးရီးအသစ် လန်းလန်းလေး ကြည့်ရအောင်။ ကျောင်းသူလေးတွေက ချစ်စရာလေးတွေကြည့်ကြ။ အညွှန်းက ဒါပဲ။ အဲလို ရေးပြန်ရင်လည်း မကောင်းပါဘူးလေ။ ဇာတ်လမ်းက ထိုင်း ကျောင်းသူသီးသန့် ဘော်ဒါကျောင်းတစ်ခုထဲမှာ တည်ဆောက်ထားတာပါ။ အဲဒီကျောင်းက မြန်မာက ကျောင်းတွေလိုပါပဲ။ အမှတ်နဲ့ အတန်းခွဲထားပါတယ်။ အတော်ဆုံးတွေက အေ၊ အညံ့ဆုံးတွေက အက်ဖ် ပေါ့။ ဒါပေမယ့် ဘော်ဒါဆိုတော့ အေတန်း နဲ့ ဘီတန်း အက်ဖ်တန်းတွေက ရိုးရိုးမခွဲဘဲ ရပိုင်ခွင့်တွေပါ ခွဲလာပါတယ်။ အဆောင်အကောင်း အညံ့တွေ၊ အစားအသောက်ကအစ အကုန် ခွဲထားပါတယ်။ အဲဒီတော့ အပြိုင်အဆိုင်တွေ ပြင်းထန်ပြီး ဖိအားတွေများကြတာပေါ့။ ဒါကိုမကျေနပ်တဲ့ အက်ဖ်တန်းက အပေအတေအဖွဲ့က ညဘက်တွေမှာ စူပါဟီးရိုးလို ရုပ်ဖျက်ပြီး တော်လှန်ကြတာပေါ့။ အဲဒီအဖွဲ့ထဲကို အေတန်းကနေ စာခိုးချလို့ အပြောင်းခံလိုက်ရတဲ့ စာကြမ်းပိုးမရောက်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲ ဆက်ကြည့်ကြတာပေါ့။ လူငယ်ဇာတ်လမ်း၊ ပညာရေးစနစ်မှားတွေကိုလှောင်ထားပြီး လှည့်ကွက်လေးတွေနဲ့ဆိုတော့ ကြိုက်ကြမှာပါ။   File Size - 300mb Quality - web-dl 720p Subtitle - burmese (hardsub) Translator - Little Neo , Dolly . August . YK Encoder - Thit San ...
7.3
TMDb: 7.3/10 80.823 votes
tv
The Underclass Season 1 Complete
2020
13 Reasons Why Season 3 [COMPLETE] 7.1
13 Reasons Why Season 3 [COMPLETE] Unicode======13 Reasons Why ရဲ့ တတိယဇာတ်လမ်းတွဲ လာပါပြီခင်ဗျာ။ဒီဇာတ်လမ်းမှာတော့ ဟန်နာဘိတ်ကာ သေဆုံးပြီး ရှစ်လအကြာကို ဆက်ရိုက်ပြထားတဲ့ ဇာတ်လမ်းပါ။ဒီဇာတ်လမ်းမှာတော့ ဟန်နာ့ကို မတရားကျုးလွန်ခဲ့တဲ့ ဘရိုက်စ်ဝေါ့ကာရဲ့ သေဆုံးမှုနဲ့ စဖွင့်ထားပါတယ်။ဘရိုက်စ်ဝေါ့ကာ ဘာကြောင့် သေရတာလဲ?????ဘရိုက်စ်ဝေါ့ကာကို ဘယ်သူတွေက သတ်သွားရတာလဲ?????ဘာကြောင့် သတ်ချင်ရတာလဲ?????ဘရိုက်စ်က လစ်ဘာတီကျောင်းရဲ့နာမည်ကြီး ကျောင်းသားဆိုးဆိုးထဲမှာ ပါပါတယ်။ဒီဇာတ်လမ်းမှာ ဘရိုက်စ်ဟာ လစ်ဘာတီကျောင်းကထွက်ပြီး ဟေးလ်ခရက်စ်ကျောင်းမှာ ဆက်လက်တက်ရောက်နေပါပြီ။ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံကြတဲ့ ဟုမ်းကမ်းမင်း (Homecoming) ပွဲမှာ ဘရိုက်စ်တစ်ယောက် သေဆုံးခဲ့ရပါတယ်။ရဲတွေကတော့ လူသတ်မှုလို့ သတ်မှတ်ပြီးတော့ သံသယတရားခံတွေကို စစ်ဆေးမေးမြန်းပါတယ်။ဘယ်သူ တရားခံ ဖြစ်နိုင်ပါသလဲ?????လစ်ဘာတီ ကျောင်းက ကျောင်းသားတိုင်းနီးပါးကတော့ ဘရိုက်စ်အနိုင်ကျင့်မခံရဖူးတဲ့လူ မရှိပါဘူး။ဒီဇာတ်လမ်းမှာ ပါတဲ့ စကားတစ်လုံး ရှိပါတယ်။"No one is innocent" ဘယ်သူမှတော့ အပြစ်မကင်းပါဘူး။ကဲ.....ကျွန်တော်တို့လည်း ဘရိုက်စ်ဝေါ့ကာကို သတ်တဲ့တရားခံကို ရှာကြည့်ရအောင်ဗျာ။Season 3 ကတော့ လျှို့ဝှက်ချက်တော်တော်များများကို ဖြည်ထုပ်ပြသသွားပါတယ်။အရင် Season ...
7.1
TMDb: 7.1/10 855 votes
tv
13 Reasons Why Season 3 [COMPLETE]
2017
Wu Assassins (2019) 6.8
Wu Assassins (2019) အက်ရှင်အကြမ်းစားတွေကြိုက်တဲ့ ဘော်ဒါတွေအတွက် နာမည်ကြီး ထိုင်းကားThe Raid ရဲ့ မင်းသား Iko Uwais ဦးဆောင်ထားတဲ့Wu Assassin ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါစေ။ဆန်ဖရန်စစ်စကို ရဲ့ တရုတ်တန်းမှာ အုပ်ချုပ်နေတဲ့ ထရိုက်ရက်ဂုဏ်း ခေါင်းဆောင် ဦးလေးခြောက် ရဲ့ မွေးစားသား ခိုင်ဂျင်း ကလူမိုက်လေကထဲမှာ မနေချင်ပါဘူး။ဒါပေမဲ့ သဘာဝလေကကြီးရဲ့ ဟန်ချက်ကို ထိန်းညှိဖို့အတွက် ဝူ လို့ခေါ်တဲ့မီး ရေ မြေကြီး သစ်သား သတ္ထု စတဲ့ ဓာတ်တွေရဲ့ အရှင်သခင်တွေကိုမကောင်းမှုလုပ်ခြင်းမှ တားဖို့ ဝူ သုတ်သင်သူ အဖြစ် ခိုင်ဂျင်း ကိုရွေးချယ်လိုက်ပါတယ်။ကိုယ်ခံပညာနဲ့ချတဲ့ အက်ရှင်ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက်အက်ရှင်ခန်းတွေ အများကြီးပါတဲ့ Wu Assassin ဇာတ်လမ်းတွဲကို ကြည့်ကြည့်ဖို့ တိုက်တွန်းပါရစေ။Translators : Little Neo , Htet Wai Lwin , ...
6.8
TMDb: 6.8/10 8 votes
tv
Wu Assassins (2019)
2019
The Protector Season 2 [COMPLETE] 6.4
The Protector Season 2 [COMPLETE] Rating မြင့် 2018 တုန်းကထွက်ရှိခဲ့တဲ့ Netflix ကထုတ်တဲ့တူရကီ Series The Protector Season 1 ရဲ့အဆက်အဖြစ်ထွက်ရှိလာတဲ့ Season 2 လေးပဲဖြစ်ပါတယ်။ကြည့်ဖူးသူတွေကတော့ ဇာတ်ကြောကိုနားလည်ပြီးဖြစ်သလို season 1 မှာဆန့်တငင်ငင်နဲ့အဆုံးသတ်သွားတာကို season 2 မှာပြန်လည်ချိတ်ဆက်လို့ရပါပြီ။ေ့ရှ Season ရဲ့ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောရရင် သာမန်လူတွေလိုပဲ ဘာမှမသိသေးခင်ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့လူငယ်တစ်ယောက်ရုတ်တရက်အခြေအနေတွေရှုပ်ထွေးကုန်ပြီး မွေးစားအဖေကလည်းသေ၊အဲဒါရဲ့နောက်ဆက်တွဲ သူလုံးဝမကြားဖူးတဲ့အကြောင်းအရာတွေကြားရပြီးအစ္စတန်ဘူမြို့ကြီးရဲ့ The Protector ဖြစ်နေမှန်းသိလိုက်တဲ့နောက် သူ့ဘဝနောက်ကြောင်းမှန်တွေသိခဲ့ရပြီးImmortal တွေဖြစ်တဲ့ မသေမျိုး ၇ယောက်ထဲမှာ နောက်ဆုံး၁ယောက်ပဲကျန်တာကို လိုက်ချေမှုန်းဖို့ကြိုးစားရင်း မရင့်ကျက်သေးတဲ့Protector ကြီးရဲ့သွေးကြောင့် သတ်ပြီးသား Immortal ၆ ယောက်လုံးပြန်ရှင်လာပြီး season 1 ပြီးဆုံးခဲ့ပါတယ်။ခု season 2 မှာတော့ ရန်သူက ၇ယောက်ပြန်ဖြစ်လာပြီဖြစ်တဲ့အတွက် The Protector ကြီးတို့တစ်ဖွဲ့လုံး အစ္စတန်ဘူမြို့ကြီးကို ရုန်းကန်ကာကွယ်ရတော့မှာပဲ ဖြစ်ပါတယ်။ဘယ်လိုကာကွယ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါဦး။(ဘာသာပြန်တင်ဆက်ထားသူများကတော့  Thura Zarni ...
6.4
TMDb: 6.4/10 21 votes
tv
The Protector Season 2 [COMPLETE]
2018