Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
NetEase Games
7.4
SHOSHIMIN: How to Become Ordinary
“သာမန်ဖြစ်အောင် ဘယ်လိုနေကြမလဲ” ဆိုတဲ့အတိုင်းပဲ Kobato ဆိုတဲ့ကောင်လေးနဲ့ Osanai ဆိုတဲ့ကောင်မလေးဟာအထက်တန်းကျောင်းကို ရောက်လာတဲ့အချိန် သာမန်လူအဖြစ်သာ နေချင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ Kobato ဆိုတဲ့ကောင်လေးဟာ စုံထောက်ရှားလော့ဟုမ်းတို့လိုပဲကောက်ချက်ချတာ စုံထောက်လုပ်တာ သဲလွန်စရှာတာတွေကို အရမ်းကျွမ်းကျင်ပြီး သူ့အလိုလို သူများပြဿနာတွေထဲဆိုလည်း ဝင်ဝင်ပါမိတတ်လွန်းသူပါ။ဒါကြောင့် သူငယ်ချင်းဖြစ်သူ Osanai နဲ့ အထက်တန်းရောက်ရင်တော့သာမန်လူလိုပဲ အေးအေးဆေးဆေးနေမယ်ဆိုပြီး ကတိလုပ်ထားပေမဲ့လည်းဝါသနာအလျောက် ထုံးစံအတိုင်း သူများတွေရဲ့ ပြဿနာတွေကို ဝင်ပါဖြေရှင်းရာကနေတဖြည်းဖြည်း သူတို့အတွက်ပါ ငြိမ်းချမ်းသာယာတဲ့ဘဝလေးကနေ အန္တရာယ်ဖြစ်စေနိုင်တဲ့ထိကိစ္စတွေ ကြုံဆုံလာကြတဲ့အချိန်မှာတော့ နှစ်ဦးသား သူတို့ရဲ့ ထူးချွန်တဲ့ဉာဏ်အစွမ်းနဲ့ဘယ်လိုတွေ ဖြေရှင်းကျော်လွှားသွားကြမလဲဆိုတာ ကြည့်ရမယ့်Mystery အမျိုးအစား Anime စီးရီးလေး ဖြစ်ပါတယ်။ထုတ်လုပ်ပေးထားတဲ့ Studio ကတော့ အရှေ့မှာ တင်ဆက်ခဲ့ဖူးပြီးသားMystery စီးရီးတစ်ခုဖြစ်တဲ့ Undead Girl Murder Farce ကိုထုတ်လွှတ်ပေးခဲ့တဲ့ Lapin Track ပဲ ဖြစ်ပါတယ်။သိတဲ့အတိုင်း စုံထောက်ဆန်ဆန် Mystery အမျိုးအစားဖြစ်လို့ဇာတ်လမ်းက ဝုန်းဒိုင်းကျဲ ...
7.4
TMDb:
7.4/10
18 votes
tv
SHOSHIMIN: How to Become Ordinary
20242025
7.7
Übel Blatt (2025)
ဒီတစ်ခေါက်မှာကျ ဇာတ်လမ်းလည်းအဆင်ပြေမယ် Action တွေကလည်း သွေးထွက်သံယို ခြေပြတ်လက်ပြတ် ခါးပြတ်ခေါင်းပြတ်နဲ့ ကြမ်းပေ့ရမ်းပေ့ အသေကြုံးမယ့်ဆိုတဲ့Dark Fantasy စွန့်စားခန်း အမျိုးအစား Anime လေး လာပြီဗျာ။ဇာတ်တည်ထားတာက စိတ်ကူးယဉ်ကမ္ဘာပေါ့ အရိပ်နယ်မြေလို့ခေါ်တဲ့ Wischetech တိုင်းပြည်က နယ်စပ်ထိ လာကျူးကျော်မှာကို စိုးရိမ်လို့အင်ပါယာကနေ သူရဲကောင်း ၁၄ ဖော်ကို စေလွှတ်ခဲ့တယ်။ဒါပေမဲ့ စစ်ပွဲအပြီးမှာ သတင်းထွက်လာတယ် ၃ ယောက် သေဆုံးတယ် ၄ ယောက်က သစ္စာဖောက်တယ်ဆိုပြီး ၇ ယောက်ပဲ ကျန်တော့တယ်။အဲဒါတွေဖြစ်ပျက်ပြီး နှစ်ပေါင်း ၂၀ ကျော်မှာ သူရဲကောင်း ၇ ဖော် ယူဆောင်ပေးတဲ့ ရွှေခေတ်ရောက်နေပြီပေါ့။နယ်စပ်မြို့လေးမှာ သူရဲကောင်းတွေ အုပ်ချုပ်တဲ့ ငြိမ်းချမ်းတဲ့ “တစ်ဖက်ကမ်း” ဆိုတာကို နယ်စပ်ဒေသက ဒုက္ခသည်တွေက သိပ်သွားချင်ကြတယ်။ဒါပေမဲ့ သွားချင်တိုင်းသွားမရကြဘူး နယ်စပ်ကို အုပ်ချုပ်နေတာက နာမည်ခံ ဘုန်းတော်ကြီးတွေ ဟိုဖက်ကမ်း ကူးချင်ရင် ...
7.7
TMDb:
7.7/10
3 votes
tv
Übel Blatt (2025)
2025
8
A Sign of Affection (2024)
A Sign of Affection (2024) (Original Title - Yubisaki to Renren) Genre – Anime, Comedy, Drama, Romance IMDB – 7.8/10 MyAnimeList – 8.3/10 ကျွန်မ ကမ္ဘာလေးထဲမှာ မွေးဖွားလာကတည်းက အသံတွေဆိုတာ မရှိခဲ့ပါဘူး…။ဟုတ်ပါတယ် ကျွန်မက ဆွံ့အနားမကြားတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။နာမည်က Yuki တဲ့ ပြောရမယ်ဆို နှင်းစက်လေးပေါ့။အဲဒါကြောင့် စဉ်းစားမိသေးတယ် အချစ်ဆိုတာလည်းကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ နှင်းစက်လေးတွေလိုအရည်ပျော်သွားသလားပေါ့လေ။ အချစ်အကြောင်းဆိုလို့ တစ်ရက်ကျ မီးရထားပေါ်မှာ စကားမပြောတတ်တဲ့ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က လမ်းလာမေးပါလေရော…စကားမပြောနိုင်တဲ့လူမို့ လက်ဟန်ခြေဟန်နဲ့ ဒုက္ခရောက်နေတုန်းအရပ်ရှည်ရှည် ဆံပင်ငွေရောင်နဲ့ ယောက်ျားတစ်ယောက်ကကူညီပေးသွားခဲ့ပါတယ်။ သူ့ကို ကျွန်မရဲ့ လက်ဟန်ပြဘာသာစကားနဲ့ ကျေးဇူးတင်နေတုန်းမှာကျွန်မကို ထူးဆန်းတဲ့သတ္တဝါလေးတစ်ကောင်လိုတအံ့တသြနဲ့ စူးစူးစိုက်စိုက် ကြည့်သွားခဲ့ပြီး ခေါင်းကိုလည်းသာသာလေးပုတ်ခတ်သွားကာ နောက်မှတွေ့မယ်နော်ဆိုပြီးထွက်ခွာသွားချိန် ကျွန်မရဲ့ နှလုံးသားတစ်စုံလည်းသူနဲ့အတူတူ ပါသွားလေရဲ့…။ ဘာများဆက်ဖြစ်လာမလဲ နောက်ထပ်တွေ့ခွင့်ရှိမလားကျဉ်းမြောင်းတဲ့ကျွန်မရဲ့ ကမ္ဘာလေးက ကျယ်ပြန့်လာမလားနှင်းစက်တွေလိုပဲ အရည်ပျော်သွားမှာလား ဆိုတာကတော့…..။ရိုမန်တစ်ဆန်တာမျိုး ကြည့်ချင်သပဆိုတဲ့လူများ ...
8
TMDb:
8/10
4 votes
tv
A Sign of Affection (2024)
2024
8.451
PLUTO (2023)
IMDB 8.5 နဲ့ MAL rating 8.7 ရရှိထားတဲ့ဒီ anime ဟာစက်ရုပ်တွေက လူတွေလိုခံစားချက်ရှိလာပြီး လူတွေနဲ့ရောထွေးနေထိုင်လာနိုင်တဲ့အထိဉာဏ်ရည်ရှိလာတဲ့ အနာဂတ်အချိန်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းက အဓိကဇာတ်ကောင်ဖြစ်တဲ့ စုံထောက်လည်းဟုတ်စစ်သားဟောင်းလည်းဟုတ်တဲ့ Gesicht ဟာ ထူးဆန်းတဲ့လူသတ်မှုအမှုနှစ်ခုကို လက်ခံပြီးစုံစမ်းတဲ့အခါမှာစပါတယ်။လူသတ်မှုနှစ်ခုမှာ တစ်ခုကစက်ရုပ်ကိုသတ်ထားတာဖြစ်ပြီးနောက်တစ်ခုက လူတစ်ယောက်ကိုသတ်ထားတာဖြစ်တယ်။ထူးဆန်းတာက အသတ်ခံရတဲ့နှစ်ယောက်မှာစက်ရုပ်ကတစ်ကမ္ဘာလုံးကချစ်ခင်လေးစားတဲ့ စက်ရုပ်ဖြစ်နေပြီးလူကတော့လူတွေမုန်းတီးကြတဲ့လူဖြစ်နေပါတယ်။ပိုပြီးထူးဆန်းတာက စက်ရုပ်တွေဟာ လူတွေကိုထိခိုက်မလို့မရအောင်ပရိုဂရမ်ဆွဲထားသလိုအခင်းဖြစ်တဲ့နေရာမှာ လူဝင်ထွက်သွားတဲ့ လက္ခဏာတွေလည်းမတွေ့ခဲ့ရပါဘူး။ပြီးတော့ လူသတ်သမားက အလောင်းတွေကို ချိုပုံစံအရာနှစ်ခုစိုက်ထားခဲ့တာကြောင့်အမည်မသိလူသတ်သမားကို ချိုပါတဲ့ဂရိမရဏနတ်ဘုရား Pluto လို့ခေါ်လိုက်ပါတယ်။Gesicht ရဲ့စုံစမ်းမှုအတွင်းမှာ Pluto ဟာ ကမ္ဘာပေါ်ကဉာဏ်ရည်အမြင့်ဆုံးစက်ရုပ် ၇ ရုပ်ကိုပစ်မှတ်ထားနေတယ်ဆိုတာ သိလိုက်ရသလို Gesicht ကအဲဒီ ၇ ရုပ်ထဲကတစ်ရုပ်ဖြစ်နေတာပါပဲ။အဲဒီမှာ Gesicht ဟာ ကျန်ရှိနေသေးတဲ့စက်ရုပ်တွေကိုအချိန်တိုအတွင်းမှာကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဒီ anime က Astro Boy ကိုပြန်လည်အခြေခံထားတဲ့ပုံပေါ်ပေမဲ့အများကြီးပိုနက်နဲပြီး ဇာတ်လမ်းဇာတ်အိမ်အရမ်းကောင်းတဲ့ anime တစ်ခုပါ။အဲလိုပြောပေမဲ့ Astro Boy ကြည့်ထားစရာမလိုပါဘူး။Sci-fi ကိုမှ Murder ...
8.451
TMDb:
8.451/10
41 votes
tv
PLUTO (2023)
2023
7.1
Undead Murder Farce (2023)
Undead Girl Murder Farce (2023) Genre - Anime, Fantasy, Mystery၁၃ ပိုင်း ပါဝင်တဲ့ အသစ်ထွက် Anime စီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။လက်ရှိမှာတော့ ၁၁ ပိုင်းအထိ ထွက်ရှုထားပြီး ကျန်တဲ့ ၂ ပိုင်းကိုလည်းအပတ်စဉ် ထွက်ပြီးတာနဲ့ အချိန်မှီတင်ဆက်ပေးသွားဦးမှာပါ။ဒီ စီးရီးမှာတော့ စုံထောက်ကြီး ရှားလော့ဟုမ်းတို့ နာမည်ကြီးစောရဝိဇ္ဇာ လူပင်တို့စသဖြင့် စိတ်ကူးယဉ် နာမည်ကျော် ဇာတ်ကောင်တွေအများအပြား ပါဝင်ထားတဲ့အပြင် သွေးစုပ်ဖုပ်ကောင်တို့ သမန်းဝံပုလွေတို့မကောင်းဆိုးဝါးပေါင်းစုံတွေပါ ပါဝင်ပြီး၁၉ ရာစုနောက်ခံ စုံထောက်စွန့်စားခန်းလိုမျိုး ဇာတ်အိမ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုပထမအဓိက ဇာတ်ကောင်အနေနဲ့ ဆူဂရုအကြောင်းပေါ့။သူကတော့ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီးဒီစွမ်းအားနဲ့ ဂျပန်မှာ ထူးဆန်းတဲ့ အကောင်ပလောင်တွေနဲ့လက်ဝှေ့ထိုးစားနေတဲ့ မကောင်းဆိုးဝါး သုတ်သင်သူလို့ ခေါ်ကြတဲ့ပေါ့ပျက်ပျက်လူတစ်ယောက်ပေါ့။ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေရတာလည်းလူတစ်ယောက်ရဲ့ စနက်ကြောင့်ပါ။ဒုတိယတစ်ယောက်ကတော့ ဒီစီးရီးရဲ့ပင်တိုင်ဇာတ်ကောင်ခေါင်းပြတ်မလေး ရင်ဒိုအာယာပါ။သူကတော့ မသေမျိုးဖြစ်ပြီး သူ့ ခန္ဒာကိုယ်ကို လူတစ်ယောက်ကခိုးယူသွားလို့ ...
7.1
TMDb:
7.1/10
12 votes
tv
Undead Murder Farce (2023)
2023
8
Heavenly Delusion (2023)
IMDb 8.2/10 MyAnimeList 8.1/10ဒီဂျပန်ကာတွန်းကတော့ သပွတ်အူဇာတ်လမ်းမျိုးကိုကြိုက်တဲ့လူတွေအတွက်အထူးသင့်လျော်ပါတယ်။ပြီးတော့ promise neverlandတို့၊ aotတို့လို vibeမျိုးလည်း နည်းနည်းရတယ်ဗျ။(တူတယ်ပြောတာမဟုတ်ဘူးနော်။ တံတိုင်းကာထားတာတို့၊ ကလေးတွေကို သင်ကြားတာတို့မှာတူတာပါ)။ပြီးတော့ ဇာတ်လမ်းအစပိုင်းတွေမှာ မြို့ပျက်ကြီးထဲ နှစ်ယောက်ထဲလျှောက်သွားနေပုံကလည်းthe last of usတို့ဘာတို့ကိုပြေးမြင်တယ်ဗျ။ မူလ မန်ဂရုပ်ပြကိုတော့ဆရာMasakazu Ishiguroက ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။အတွဲ (volume) ၈တွဲအထိထွက်ရှိထားပြီး ဆက်လက်ထွက်ရှိနေတုန်းပါ။Animeထွက်ထားသလောက် ဇာတ်လမ်းကိုပြောရရင်တော့ပြိုပျက်ခြင်းဆိုတဲ့ကပ်ဆိုးကြီးအပြီးမှာတံတိုင်းပတ်လည်ကာထားတဲ့ ကျောင်းတော်ကြီးတစ်ခုကMimihimeဆိုတဲ့ကောင်မလေးဟာ တံတိုင်းရဲ့အပြင်ဘက်မှာ ကမ္ဘာတစ်ခုရှိနေတာကိုရိပ်မိလာခဲ့ပါတယ်။ထို့အတူပဲ Tokioဆိုတဲ့တစ်ယောက်ဟာလည်း အတန်းစာမေးပွဲဖြေနေစဥ်မှာအပြင်ရဲ့အပြင်ကိုထွက်ကြည့်ချင်လားဆိုတဲ့စာတစ်စောင်ရောက်လာခဲ့ပါတယ်။အပြင်ဆိုတာရှိလားလို့ ကျောင်းရဲ့ညွှန်ချုပ်ကိုမေးကြည့်လိုက်တဲ့အခါမှာတော့အပြင်လောကဆိုတာရှိပြီး အလွန်စက်ဆုပ်ဖို့ကောင်းတဲ့မကောင်းဆိုးဝါးတွေနဲ့ပြည့်နေတာပါလို့ ပြန်ဖြေပါတော့တယ်။အပြင်ဘက်လောကထဲမှာတော့ Tokioနဲ့ရုပ်ချင်းတူတဲ့ Maruဆိုတဲ့ဘဲလေးဟာKirukoဆိုတဲ့စော်လေးကို ဘော်ဒီဂတ်ငှားပြီး ကောင်းကင်ဘုံဆိုတဲ့နေရာကိုလိုက်ရှာနေတာပါ။Maruဆီမှာလည်း ဆေးထိုးအပ်နဲ့ဆေးတစ်မျိုးရှိနေပြီး Maruနဲ့ရုပ်တူတဲ့လူကိုတွေ့တာနဲ့ထိုးပေးဖို့ပါညွှန်ကြားခံထားရပါတယ်။အဲ့လိုနဲ့မြို့ပျက်ကြီးအတိုင်းဖြတ်သန်းပြီး ခရီးထွက်လာရင်းနဲ့ ထူးဆန်းတဲ့တည်းခိုခန်းကိုရောက်ရှိသွားတဲ့အခါမှာတော့..... Spoiler ............သိမ်းငှက်သူရဲကောင်းသိုင်းကားကြိုက်သူများအတွက်ဂူးဂူးနဲ့သစ်ပင်အောက်ကဇာတ်ဝင်ခန်းလိုမျိုးဇာတ်ဝင်ခန်းလည်း နောက်ပိုင်းပါပါတယ်။အသဲမခိုင်သူများကြည့်မိမှာစိုးလို့ပါ😁 Genres: Animation, Action, Mystery Duration: 23 mins Episodes: 13 Original Network: Tokyo MX File Size: 1080p (300 MB) Translated by Dr ...
8
TMDb:
8/10
7 votes
tv
Heavenly Delusion (2023)
2023