Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hello Sunshine
6
Surface (2022)
2022 က စတင်ထွက်ရှိခဲ့တဲ့ Surface ဟာ အခုတော့ Season 2 ကို စတင်လာခဲ့ပါပြီDrama Mystery အမျိုးအစားဖြစ်ပြီး IMDb 6.4 ရရှိထားခဲ့ပါတယ်ဇာတ်လမ်းကတော့... မတော်တဆမှုတစ်ခုကနေ သေကံမရောက် သက်မပျောက်ခဲ့တဲ့ ဆိုဖီ တစ်ယောက် မှတ်ဉာဏ်တွေကိုပျောက်ဆုံးသွားတဲ့အခါ အခက်အခဲပေါင်းစုံကိုရင်ဆိုင်ရပါတော့တယ်သူလက်ထပ်ထားတဲ့သူ က အစသူ့နာမည် အဆုံး အားလုံး ဟာ သူထင်ထားသလိုမဟုတ်ဘဲ မြှုပ်ကွက် လှည့်ကွက်တွေအပြည့်ဖြစ်နေခဲ့တာပါSeason 1 အပြီးမှာတော့ ဘဝအမှန်ကို အတော်အသင့် နားလည်ရိပ်မိခဲ့တဲ့ ဆိုဖီ ဟာ သူ့ခင်ပွန်းကိုထားခဲ့ပြီး ငယ်ဘဝနေထိုင်ခဲ့တဲ့ UK ကို ပြန်လည်ထွက်ခွာလာခဲ့ပါတယ်Season 2 မှာတော့ မှတ်ဉာဏ်အကုန်ပြန်မရသေးတဲ့ ဆိုဖီတစ်ယောက် ဘာတွေကိုထပ်မံရင်ဆိုင်ရဦးမလဲဘာတွေကို ထပ်ပြီး ရှာဖွေတွေ့ရှိသွားဦးမလဲဆိုတာ တွေကို စောင့်မျှော်ကြည့်ရှူရမှာဖြစ်ပါတယ်File size…(643 MB)/(341 MB) Quality….Webrip 1080p HEVC / 720p Format…mkv/mp4 Duration….00:22:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
6
TMDb:
6/10
6 votes
tv
Surface (2022)
2022
8.1
Daisy Jones & the Six (2023)
Daisy Jones & the Six (2023) ===================== IMDb Rating - 8.1/10ဂီတဆိုတာ ဘာလဲ။ လူတွေက ဂီတကို သူတို့ရဲ့ အထင်တွေ အမြင်တွေနဲ့ ရှု့ထောင့်မျိုးစုံကနေ ပုံဖော်ကြတယ်။ တချို့က ကြီးကျယ်ခမ်းနားမှုလို့ မြင်ကြပေမယ့် လူတချို့အတွက်က တော့ ဂီတနဲ့ အသက်မွေးတာက ထမင်းငတ်မယ့်အလုပ်လို့ မြင်ကြပါတယ်။ ဒါကလည်း ဖြတ်သန်းရပုံဘဝချင်းမတူကြလို့ အမြင်ချင်းမတူကြတာပဲ . . . ရှိပါစေတော့။ဒါပေမယ့် လူငယ်အများစုဟာ ဂီတတွေကို ဖန်တီးပြီးတော့ လူသားသမိုင်းတစ်လျှောက် အကြီးဆုံးဖြစ်တဲ့ ဖျော်ဖြေရေး လှိုင်းလုံးကြီးထဲမှာ စီးမျှောလိုက်ပါကြဖို့ ကြိုးစားကြပါတယ်။ လှိုင်းလုံးဖြစ်တဲ့အလျှောက် အောင်မြင်မယ်ဆိုရင် လှိုင်းထိပ်ကို ရောက်မယ် ကျရှုံးမယ်ဆိုရင်တော့ လှိုင်းအောက်ကို ရောက်ရှိ သွားမှာပဲ။ ဒီလိုနဲ့ ခေတ်ပေါ် ဂီတလောကမှာ အောင်မြင်ပြီး နာမည်ကြီးကြတဲ့ တီးဝိုင်းအဖွဲ့တွေ များစွာရှိသလိုပဲ လူမသိသူမသိ ဖျက်သိမ်းသွားတဲ့ တီးဝိုင်းအဖွဲ့ဆိုတာတွေလည်း ဒုနဲ့ဒေးပါပဲ။ဒီဇာတ်လမ်းမှာလည်း ထို့အတူပဲ ၁၉၇၇ မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Daisy Jones and The Six ဆိုတဲ့ တီးဝိုင်းအဖွဲ့ တစ်ခုဟာ ...
8.1
TMDb:
8.1/10
23000 votes
tv
Daisy Jones & the Six (2023)
2023
7.7
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝရဲ့ပြဿနာတွေ အဆင်မပြေမှုတွေ လောကဓံတွေကြောင့် မွန်းကြပ်မှုဒဏ်ကိုတော့ အနည်းနဲ့အများ ခံစားရတာချည်းပါပဲ။ ဒီလိုမွန်းကြပ်နေတဲ့စိတ် အခြေအနေတစ်ခုပေါ်မှာ Guilty ဖြစ်နေတဲ့စိတ်ကို ဖြေလျှော့ဖို့ နည်းလမ်းကောင်းတစ်ခုကတော့ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ဖို့ပါပဲ။တစ်စုံတစ်ယောက်ကို ရင်ဖွင့်ရတာ စိတ်ကိုပေါ့ပါးစေတယ် စိတ်သက်သာရာရစေတာမှန်ပေမဲ့ ကျွန်တော်တို့ရွေးချယ်ဖြစ်တဲ့နည်းလမ်းတွေထဲမှာတော့ "ရင်ဖွင့်တယ်" ဆိုတာက လူကြိုက်များလှတဲ့နည်းတော့မဟုတ်နေပြန်ပါဘူး။ လူတိုင်းဟာ ကိုယ့်ရဲ့အားနည်းချက်တစ်ခုကို နောက်တစ်ယောက်ကို ဖွင့်ဟပြချိန်မှာ အနာပေါ်ဆားဖြူးတာနဲ့တူတဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကိုတော့ စိုးရွံ့တတ်ကြတာပဲလေ။ ဒါဟာလည်း ဝေဖန်မှုတွေရှောင်ဖို့အတွက် မသိတဲ့လူတစ်ယောက်ဆီကနေ အကြံပေးမှု နှစ်သိမ့်မှုတွေတောင်းခံနိုင်တဲ့ Dear Sugar Column ရဲ့ အစပါပဲ။အခုဒီရုပ်ရှင်လေးကတော့ Dear Sugar Columnist ဖြစ်ခဲ့တဲ့ နာမည်ကျော်စာရေးဆရာမ Cheryl Strayed ရဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့ Tiny Beautiful Thingsကို ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတဲ့စီးရီးလေးတစ်ခုပါ။ ဒီကားလေးထဲမှာတော့ Cheryl ကို မရည်ရွယ်ဘဲနဲ့ Dear Sugar မှာ အမည်မသိစာရေးသူအဖြစ်နဲ့ စာရေးဖို့ဖြစ်လာတဲ့ကလဲရ်အနေနဲ့ မြင်တွေ့ရမှာပါ။ကလဲရ်ဟာ အသက် ...
7.7
TMDb:
7.7/10
3 votes
tv
Tiny Beautiful Things (2023)
2023
8
Little Fires Everywhere (2020)
Little Fires Everywhere (2020) ======================= IMDb Rating - 7.7/10"မစ္စစ်ရစ်ချက်ဒ်ဆန် တစ်ယောက်ယောက်က ခင်ဗျားအိမ်ထဲမှာ ရှိနေတုန်း တမင်တကာ အိမ်ကိုမီးရှို့သွားတာ" ရစ်ချက်ဒ်ဆန် မိသားစုရဲ့အိမ် မီးလောင်ရာကနေ ဇာတ်လမ်းစပါတယ်။ဘယ်သူရှို့မှန်းမသိရာကနေ မီးလောင်မှုမဖြစ်ခင် လွန်ခဲ့တဲ့(၄)လ ကို နောက်ကြောင်းပြန်ရင်း ဇာတ်လမ်းဖြစ်လာပါတော့တယ်။ အပြင်ပန်းကကြည့်လိုက်ရင် ငွေကြေး၊ လူမှုရေးအသိုင်းအဝိုင်း အကုန်ပြည့်စုံနေတဲ့ ရစ်ချက်ဒ်ဆန်မိသားစု။ ခမ်းနားတဲ့အိမ်ကြီး ရယ်၊ ငွေရှာကောင်းတဲ့အဖေနဲ့အမေရယ်၊ ဆယ်ကျော်သက် မောင်နှမ၄ယောက်ရယ်နဲ့ အဆင်ပြေပြေသိုက်သိုက်ဝန်းဝန်းရှိ လှတဲ့ မိသားစုပေါ့။ သူတို့နဲ့ဖီလာဆန့်ကျင်စွာပဲ မီယာနဲ့ပရဲလ်တို့ ကတော့အမေတစ်ခုသမီးတစ်ခု၊ အိမ်ပိုင်ယာပိုင်မရှိတဲ့အပြင် အမေဖြစ်သူရဲ့အလုပ်ကြောင့် ခဏခဏရွှေ့ရပြောင်းရတတ် ပါတယ်။တစ်နေ့ကျ ရစ်ချက်ဒ်ဆန်တို့ရဲ့အိမ်ငယ်တစ်လုံးကိုမီယာတို့ သားအမိ ငှားလိုက်တဲ့အချိန်ကစလို့ဆန့်ကျင်ဘက်မိသားစုနှစ်စု တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ မတူညီတဲ့ လူနေမှု စနစ်က မိသားစုနှစ်ခု၊ ရိုးရှင်းတယ်ထင်ရပေမဲ့ မိသားစုအရေး မီးပွားသေးသေးလေးတွေကနေ အိမ်ကြီးတစ်ခုလုံး မီးလောင် ပြာကျရလောက်တဲ့ အခြေအနေထိဆိုက်သွားပါတယ်။ဒီ Series ဟာ Celeste Ng ရဲ့2017တုန်းက အရောင်းရဆုံးစာအုပ် စာရင်းဝင်ခဲ့တဲ့ "Little Fires Everywhere"စာအုပ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး IMDb rating 7.7ထိ ရရှိ ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin ...
8
TMDb:
8/10
240 votes
tv
Little Fires Everywhere (2020)
2020
8
From Scratch (2022) Complete
From Scratch (2022) Completed Limited Series ~ IMDb - 7.9/10, Rotten Tomatoes - 92% ~ ဒီနှစ်ထဲမှာပဲ Netflix ကတင်ဆက်လိုက်တဲ့ ဒရာမာစီးရီးသစ်ဖြစ်ပြီး နယူးယောက်တိုင်းမ်ရဲ့ရောင်းအားအကောင်းဆုံး ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်အသက်သွင်းထားတာပါ။ IMDb 7.9/10 နဲ့ Rotten Tomatoes က 92% တောင်ပေးထားတဲ့အတွက် အကောင်းဆုံးမဟုတ်ရင်တောင် သာမန်ထက်အများကြီးပိုတဲ့အနေအထားတစ်ခုရှိတယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ အဓိကဇာတ်ဆောင်မင်းသမီးအနေနဲ့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Guardians of the Galaxy ထဲက Gamora အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Zoe Saldaña ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးအကြောင်းကတော့ အီတလီမြေမှာ အနုပညာလေ့လာဖို့ရောက်လာခဲ့တဲ့ ဥပဒေကျောင်းသူလေး အေမီတစ်ယောက် ဖလောရင့်စ်မှာတွေ့တဲ့ စားဖိုမှူးလေးနဲ့ ဘယ်လိုတွေငြိပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာပါပဲ။ ဒီထက်ပိုပြောရရင် Spoiler ဖြစ်မှာမို့ဒီလောက်ပဲပြောပါ့မယ်။ ထူးခြားချက်ကိုပြောရမယ်ဆိုရင် အီတလီမှာရိုက်ထားတဲ့ဇာတ်ဝင်ခန်းတွေက ချက်ချင်းသွားလည်ပစ်ချင်လောက်အောင် တော်တော်လေးကိုမိုက်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် သာမန်ထက်အများကြီးထူးကဲဖောက်ထွက်နေတဲ့ အချစ်ဇာတ်လမ်းမျိုးမဟုတ်သလို ...
8
TMDb:
8/10
83 votes
tv
From Scratch (2022) Complete
2022
7.4
Truth Be Told (2019)
Truth Be Told 2019 IMDB rating -7.5 UnicodeCM ပရိသတ်ကြီးအတွက် rating အလန်းစီးရီကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ Crime, Dram, Thriller ဇာတ်လမ်းကြိုက်သူတွေအတွက်လုံးဝလက်မလွှတ်သင့်ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်း စီးရီးကို Apple TV+ က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေါ်ရိန်ကေ့ဗ်တစ်ယောက်တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ချာ့ခ်ဘာမန် ကိုသတ်တယ်ဆိုတဲ့အမှုကနေစထားပါတယ်။ ဝေါ်ရိန်ကေ့ဗ်ကိုစွပ်စွဲထားတဲ့အမှုဟာ သက်သေခိုင်လုံတဲ့အတွက်ကြောင့်မဟုတ်ဘဲ ချာ့ခ်ဘာမန်ရဲ့သမီး လန်နီဘာမန်ရဲ့မျက်မြင်ထွက်ဆိုချက်ရယ်အိမ်ထဲမှာလက်ဗွေရာကျန်ခဲ့ဆိုတာရယ်ကြောင့် ထောင်ကျခဲ့ရတာပါ။ ဒါ့အပြင် The New York Time မဂ္ဂဇင်းရဲ့သတင်းထောက် ပေါ့ပီပေါ်နယ်ရဲ့ သတင်းအရေးအသားတွေကြောင့် ဝေါ်ရိန်ကိုထောင်ကျဖို့ပိုမိုခိုင်လုံသွားခဲ့တာပါ။ ဒါပေမယ့် ဝေါ်ရိန်ရဲ့အမေဟာသူ့သားအပြစ်ကင်းကြောင်း ပြဖို့နှစ်နှစ်ဆယ်လုံးလုံးရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ လန်နီရဲ့သက်သေထွက်ဆိုချက်ဟာမှားကြောင်းဗီဒီယို ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်တရားရုံကိုပြန်လည်လျှောက်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ပေ့ါပီဟာလဲတရားရုံးမှာရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပေ့ါပီဟာ သူ့ကြောင့်အပြစ်မဲ့ကလေးတစ်ယောက်ကိုထောင်ကျအောင်လုပ်မိပြီဆိုပြီး နောင်တတွေရပြီး ဝေါ်ရိန်ရဲ့အမှုကိုအစအဆုံးကိုပြန်လိုက်ခဲ့ပါတယ်။ ပေ့ါပီဟာ ဝေါ်ရိန်အပြစ်မရှိဘူးဆိုတာယုံကြည်ပြီး ချာ့ခ်ဘာမန်ကိုဘယ်သူတွေသတ်တာလဲ ဘာကြောင့်သတ်တာလဲ သူ့သမီးကရောဘာလို့လိမ်ညာထွက်ဆိုတာလဲ ။ နောက်ကွယ်ဘယ်လိုအရာတွေရှိမှာလဲ၊ နောက်ထပ်ဘယ်လိုအကြောင်းအရာတွေရှိဦးမလဲ၊ စတဲ့အရာတွေကို ပေ့ါပီတစ်ယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin နဲ့ d3mon တို့ပဲဖြစ်ပါတယ်။) Quality – 720p ...
7.4
TMDb:
7.4/10
9 votes
tv
Truth Be Told (2019)
2019