Channel Myanmar

Fuji Television Network

The All-devouring Whale: Homecoming (2025) 8.7
The All-devouring Whale: Homecoming (2025) The All-devouring Whale: Homecoming (2025)IMDB – 7.3/10, MyAnimeList – 7.8/10Japan Anime တွေချည်းပဲ တင်ဆက်ပေးနေလို့ ရိုးနေပြီလား၊ စိတ်မပူနဲ့အခု နာမည်ကြီးနေတဲ့ တရုတ် Ongoing Donghua လေးပါ ကြည့်စေရမယ်မှတ်။သူက မသိရင် တရုတ်ရှေးသိုင်းကားနဲ့ Pokemon စတိုင် ရောသမမွှေထားတာမျိုးလေး။ဘာလို့လဲဆိုတာတော့ အညွန်းကျမှ ဆက်ဖတ်ကြည့်။ Art style လေးတွေကAnime တွေလောက် မဟုတ်ပေမဲ့ ကြည့်ရတာတော့ တော်တော်အဆင်ပြေတယ်ရယ်။ဇာတ်ကောင်လေးတွေ ဇာတ်လမ်းလေးတွေလည်း ဆန်းဆန်းပြားပြားနဲ့ ကြည့်ရတာမျက်စိပဒေသာ ဖြစ်ချက်။ကဲ ဇာတ်လမ်းအညွန်းပြောပြမယ် သူက ရှေးခေတ်တရုတ်ပြည်ကို အခြေခံထားတယ်အဲဒီမှာ သာမန်သိုင်းကားတွေထဲကလို သိုင်းပညာအစား လူတိုင်းလူတိုင်းကPokemon ထဲကလို အကောင်လေးတွေကို လိုက်ဖမ်း၊ ပြီးရင် လေ့ကျင့်ပေး၊အကောင်နဲ့အတူတူ ပါဝါတွေတက် သူများနဲ့ချ၊ ဂျွတ်လာအောင်လုပ် ဒီလိုနဲ့ ဂိုဏ်းတွေကိုအဆင့်သတ်မှတ်ချက်အလိုက် ခွဲပေးထားတာမျိုး။ အကောင်လေးတွေကလည်းPokemon ထဲကလို တဖြည်းဖြည်းနဲ့ ...
8.7
TMDb: 8.7/10 14 votes
tv

The All-devouring Whale: Homecoming (2025)

2025
One Piece(1999) 8.712
One Piece(1999)  IMDb 8.9/10 Crunchyroll 4.9/5 MyAnineList 8.7/10 ဂျပန်ကာတွန်း​တွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာက​နေအခုထိ ပရိသတ်​တွေတိုးပွား​နေဆဲပါ။ဂျပန်ကာတွန်း​တွေထဲမှာ​ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအ​ကောင်းဆုံး​တွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအ​ကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့​နေရာမှာလည်း one pieceက အ​ကောင်းဆုံးလို့​ပြောရင်မှားမယ်မထင်ပါဘူး။ ပြီး​တော့ ဒီစီးရီးဘယ်​လောက်​တောင်​ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁​ထောင်​ကျော်​နေပြီဆို​ပေမဲ့ one piece fan​တွေဟာ ဇာတ်လမ်းပြီးမှာ​တောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်​နေတာပါ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ချမ်းသာမှု၊ ​ကျော်ကြားမှု၊ သြဇာရှိမှု​တွေကို ပိုင်ဆိုင်တဲ့ ​ပင်လယ်ဓါးပြ​ဘုရင်ကြီးကို ​ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူ​တွေထဲက​နေ ​ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကို​မေးခွန်းတစ်ခုလှမ်း​မေးခဲ့ပါတယ်။"ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာ​တွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာ​​ရောတကယ်ရှိလား""သိပ်ရှိတာ​ပေါ့။ ညိုကီ​ရာငါပိုင်ဆိုင်တဲ့ရတနာ​တွေကိုအဲ့ဒီ​နေရာမှာထားခဲ့ခဲ့....ဗျစ်"ဆိုပြီး​ပြော​နေတုန်းမှာ ​ရေတပ်ကကွပ်မျက်ခဲ့တာ​ကြောင့် စကား​တောင်မဆုံးခဲ့ရှာပါဘူး။ဒါ​ပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာ​ကြောင့်ပင်လယ်ထဲကိုလူ​တွေအသီးသီးထွက်ကုန်တာ​ကြောင့် ပင်လယ်ဓါးပြ​ခေတ်ကြီးတ​ခေတ်ထလာခဲ့ပါ​တော့တယ်။ အဲ့ဒီလူ​တွေထဲမှာငဖီဆို​တော့ အ​ရှေ့ပင်လယ်ပြာက ​တောသား​လေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်​တွေစု​ဆောင်းရာက​နေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်​​ပေါ်လာပါ​တော့တယ်..... File Size –  336MB/173MB  @EpisodeQuality – 720p / 1080pDuration ...
8.712
TMDb: 8.712/10 3524 votes
tv

One Piece(1999)

1999
The Beginning After the End (2025) 8
The Beginning After the End (2025) The Beginning After the End (2025)IMDb Rating (7.3) ဒီစီးရီးကိုသိတဲ့လူတွေကတော့ အတော်ကိုကောင်းပြီးဇာတ်အိမ်ခိုင်တဲ့ဇာတ်လမ်းဆိုတာသိကြသလို animeထွက်မယ်သတင်းထွက်ကတည်းက မျှော်နေကြမယ်လည်းထင်ပါတယ်။ ဇာတ်လမ်းကတော့ လိုတိုရှင်းတစ်ခွန်းထဲပြောရရင် zero to heroဇာတ်လမ်းပါ။ဇာတ်လမ်းအကျဉ်းကိုဆက်မပြောခင် ဒီစီးရီးရဲ့သမိုင်းကြောင်းလေးနည်းနည်းပြောပါရစေ။ဒီစီးရီးဟာ ဆရာTurtle Meက web novel(ဝတ္ထု)အနေနဲ့ ၂၀၁၈ ဇူလိုင်လမှာ စတင်‌ရေးသားခဲ့တာဖြစ်ပြီး storyline ရော၊ worldbuildingပိုင်းပါ အရမ်းအားကောင်းတာကြောင့် တဖြည်းဖြည်းနဲ့ fan base ပါ အရမ်းတောင့်လာခဲ့တဲ့စီးရီးပါ။ ဇာတ်လမ်းထဲမှာ မြုတ်ထားတဲ့ဇာတ်ကွက်တွေကလည်း စာဖတ်သူတွေကိုတောက်လျောက်ဆွဲခေါ်နိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အရမ်းကိုအင်အားကြီးခဲ့တဲ့ဘုရင်ကြီးဟာ သေဆုံးသွားပြီး တခြားကမ္ဘာက သာမန်မိသားစုလေးမှာမွေးဖွားလာခဲ့ပါတယ်။ အဲ့ဒီကမ္ဘာဟာ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဖြစ်တာမလို့ ဇာတ်လိုက်မင်းသားအတွက် မွေးကတည်းက အထူးအဆန်းဖြစ်လို့နေခဲ့တာပါ။ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဆိုပေမဲ့ အဆိုပါကမ္ဘာက လူတွေဟာ မှော်ပညာကို လူပျို၊ အပျိုဖော်ဝင်ခါအချိန်မှပဲ စတင်သုံးနိုင်ကြပါတယ်။မင်းသားကရော ဘယ်အရွယ်မှာစပြီးမှော်ပညာကိုသုံးနိုင်မလဲ?သုံးရောသုံးနိုင်ပါ့မလား?အရင်ဘုရင်ဘဝမှာရော ဘယ်လိုအကြောင်းကိစ္စနဲ့‌ဆုံတွေ့မိခဲ့ပြီး သေဆုံးခဲ့ရတာလဲ?အရမ်းကိုလူကြိုက်များတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေကရော ဘာဖြစ်မလဲဆိုတာတွေကို ဗုဒ္ဓဟူးညတိုင်း‌ အပိုင်းသစ်ထွက်မှာကို စောင့်ပြီး ကြည့်ရှုခံစားလိုက်ပါစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
8
TMDb: 8/10 3 votes
tv

The Beginning After the End (2025)

2025
Honey Lemon Soda (2025) 8
Honey Lemon Soda (2025) MyAnimeList – 6.8/10ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံရတာတွေ စိတ်ဒဏ်ရာတွေကြောင့် တစ်ခုခုဆိုရင် ဘာမှမပြောနိုင် မလုပ်နိုင် ကျောက်ရုပ်ကြီးလို ကျောက်ခဲတုံးကြီးလို ဖြစ်သွားလို့“ကျောက်ခဲမ” ဆိုပြီး နာမည်ပြောင်တောင် ပေးခံထားရတဲ့ အရှက်အကြောက်အလွန်ကြီးတဲ့ Uka ဆိုတဲ့ ကောင်မလေး။အမြဲတမ်း Lemon Soda ဖျော်ရည် သောက်နေတတ်ပြီး မတရားတာမြင်ရင် မနေနိုင် ဝင်ပါတတ်တဲ့ ဘုဂလန့်ပြောတတ်သူ ဆံပင်ရွှေရောင်နဲ့ Kai ဆိုတဲ့ ကျောင်းမှာနာမည်ကျော်တဲ့ကောင်လေး။ဒီလို ကောင်မလေးနဲ့ ကောင်လေးတို့ဟာ အထက်တန်းကျောင်းမတိုင်ခင်ကတည်းက အဖြစ်အပျက်လေး တစ်ခုကြောင့် တွေ့ဆုံခဲ့ကြပြီးအထက်တန်းကျောင်းမှာလည်း အတန်းတူတူ ဖြစ်လာတဲ့အခါမှာတော့Uka နဲ့ Kai တို့ကြား ဘယ်လို ဆက်ဆံရေးတွေ ဘယ်လိုသံယောဇဉ်လေးတွေ ဖြစ်ပေါ်လာမလဲဆိုတာ ကြည့်ရမယ့် Romance Anime လေးတစ်ခု ဖြစ်ပါတယ်။ထုတ်လုပ်ပေးထားတဲ့ Studio ကတော့ One Punch Man S2 အပါအဝင် တခြား နာမည်ကြီး Anime ...
8
TMDb: 8/10 2 votes
tv

Honey Lemon Soda (2025)

2025
Rurouni Kenshin (2023) 8.3
Rurouni Kenshin (2023) IMDb 9.2/10​လေလွင့်ဆာမူရိုင်းကြီးအ​ကြောင်းက​တော့ လူတိုင်းနီးပါးသိပြီးကြ​လောက်ပြီဖြစ်လို့အညွှန်းကိုမ​ရေးခင် ဇာတ်အိမ်အ​ခြေတည်ရာ​ခေတ်ကိုအကြမ်းဖြင်း​ပြောပြချင်ပါတယ်။ဘတိုစိုင်းဘဝက​နေအနားယူပြီး အသွား​ပြောင်းပြန်ဓါးကိုကိုင်ကာ ​လျှောက်သွား​နေတာက မဲဂျီ​ခေတ်ပါ။မဲဂျီ​ခေတ်ဟာ ၁၈၆၈က​နေ ၁၉၁၂အထိ ၄၄ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ ပါလီမန်စနစ်ကိုစတင်ကျင့်သုံးကာ စက်မှု​တော်လှန်​ရေးနဲ့​စစ်တပ်ကိုလည်းခေတ်မီလက်နက်တပ်ဆင်​ရေးကိုအကြီးအကျယ်လုပ်ခဲ့ပါတယ်။မဲဂျီ​ခေတ်မတိုင် အဲဒို​ခေတ်က​တော့ ၁၆၀၃က​နေ ၁၈၆၈အထိနှစ်​ပေါင်း ၂၆၀​လောက်ကြာခဲ့ပြီး အဲဒို​ခေတ်တွင် ရှိုဂန်(စစ်ဘုရင်)များကကြီးစိုးခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ​တော့ ရှိုနန်တို့ရဲ့အာဏာ​လျော့ကျကာ ဧကရာဇ်ဘုရင်ရဲ့အာဏာဟာ ပိုပြီးကြီးမားလာခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ အ​နောက်တိုင်း ပညာရပ်နဲ့ယဥ်​ကျေးမှု​တွေလည်း အကြီးအကျယ်​နေရာယူခဲ့ပြီး ရိုးရာယဥ်​ကျေးမှုနဲ့ဆာမူရိုင်း​တွေအ​ပေါ်မှာပါ အကြီးအကျယ် သက်​ရောက်မှုရှိခဲ့တာ​ကြောင့်ဆိုင်ဂို တာခါမိုလိဦး​ဆောင်တဲ့ ဆာမူရိုင်း​တွေဟာ ဘုရင့်​တော်ဝင်တပ်ကိုပုန်ကန်ခဲ့ကြပါတယ်။ (အဲ့ဒီဇာတ်​ကြောင်းနဲ့ပတ်သတ်ပြီးကြည့်လိုလျှင် မင်းသားTom Cruiseရဲ့ the last samuraiရုပ်ရှင်ကိုကြည့်ပါ)​လေလွင့်ဆာမူရိုင်းကြီးရဲ့ဘတိုစိုင်းဇာတ်​ကောင်စဖြစ်တဲ့​ခေတ်က​တော့ မဲဂျီ​ခေတ်အကူးအ​ပြောင်းကာလ အဲဒို​ခေတ်ပြီးဆုံးခါနီးဘခုမဆွတ်​ခေတ်(1853-1867)ပါ။ဒီဇာတ်လမ်းကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့မဲဂျီ​ခေတ်အ​ပြောင်းအ​ခြေအ​နေပါ။ဇာတ်လမ်းအကျဥ်းက​တော့ ဘခုမဆွတ်​ခေတ်မှာ နာမည်ကြားရုံနဲ့ကြက်သီး​တွေပါထ​စေတဲ့ ဟိတိုခိလိ ဘတိုစိုင်းကြီးတစ်​ယောက်ဇာတ်မြုတ်ပြီး​နောက်ပိုင်းအ​ခြေအ​နေ​တွေကို ရသအစုံအလင်နဲ့ကြည့်ရမှာလို့ပဲ အပျင်းထူစွာနဲ့ အညွှန်း​​ရေးလိုက်ပါတယ်။  File Size –  286MB  @EpisodeQuality –  1080pDuration – 24 minute (@Episode)Total Episodes: ...
8.3
TMDb: 8.3/10 94 votes
tv

Rurouni Kenshin (2023)

2023
AARO -All-domain Anomaly Resolution Office- (2024) 8.4
AARO -All-domain Anomaly Resolution Office- (2024) AARO -The All-domain Anomaly Resolution Office- (2024) ******************************************************စ/ဆုံးAAROဟာ မျက်မှောက်ခေတ်သိပ္ပံနည်းကျဖြေရှင်းလို့ မရတဲ့ သဘာဝလွန်မှုခင်းတွေကို လိုက်လံဖြေရှင်းပေးရတဲ့အဖွဲ့ဖြစ်ပါတယ်။တိုကျို AAROရဲ့ ကိုယ်စားလှယ်ညွှန်မှူးဖြစ်တဲ့ အိုကီတာမ မီရာဘီကတော့ထိုအဖွဲ့အစည်းဟာ ယာမာတိုအင်ပါယာကတည်းက...တည်ရှိနေခဲ့တဲ့ ရှေးအကျဆုံးစုံစမ်းရေးအဖွဲ့လို့ဆိုပါတယ်။ စုံစမ်းရရှိတဲ့ အချက်အလက်တွကို အစိုးရအတွင်းဝန်ဌာနကို...တိုက်ရိုက်သတင်းပို့ရပြီး မဖြေရှင်းနိုင်တဲ့အမှုတွကို ကိုင်တွယ်‌ဖော်ထုတ်ပေးရပါတယ်။ တစ်နေ့မှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ယာက်ဖြစ်တဲ့...ကိုယူမဲကို AAROဆီပူးပါင်းဆာင်ရွက်ရန် စေလွှတ်ခြင်းခံလိုက်ရပါတယ်။ အိုကီတာမဟာ ကိုယူမဲကို...အလောင်းတွေထူးဆန်းစွာပျောက်ဆုံးခြင်းအမှုအကြောင်းပြောပြခဲ့ပြီး အွန်လိုင်းမှာမိမိကိုယ်ကိုယ် ဟီရူကိုနတ်ဘုရားလို့ သုံးနှုန်းပြီး...သဘာဝလွန်ဖြစ်ရပ်မှုခင်းတွေရဲ့ တရားခံလို့ဝန်ခံထားသူအကြာင်းကို ရှင်းပြခဲ့ပါတယ်။ ထိုနောက်ပိုင်း အခြားမှုခင်းများစွာဖြစ်ပျက်ခဲ့ပြီး...တစ်ခုချင်းစီကို စိတ်ဝင်စားဖွယ် ဖြေရှင်းပေးတဲ့ AAROအဖွဲ့၊ အိုကီတာမနဲ့ ကိုယူမဲတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ...ဟီရူကိုရဲ့ သရုပ်မှန်ကို ဖော်ထုတ်နိုင်မှာလား။ ဟီရူကိုကရော ဘာအတွက်နဲ့ ဒီလိုသဘာဝလွန်အမှုတွေကိုကမ္ဘာမြေဆီသယ်ယူလာခဲ့လဲဆိုတာ...ထူးဆန်းအံ့ဩဖွယ်၊ စိတ်ဝင်စားဖွယ်အပြည့်နဲ့ ကြည့်ရှုနိုင်မယ့် Netflixမှ ဇာတ်လမ်းတွဲကောင်းလေးဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးရှင်...ဇာတ်လမ်းအညွှန်းကို Nisarh မှ ရေးသားပေးထားပါတယ်Drama: AARO -The All-domain Anomaly Resolution ...
8.4
TMDb: 8.4/10 8 votes
tv

AARO -All-domain Anomaly Resolution Office- (2024)

2024
The Beginning of the Sea (2024) [Complete] 7.2
The Beginning of the Sea (2024) [Complete] The Beginning of the Sea (2024) ******************************** အပိုင်း (၁ မှ ၁၂) စ/ဆုံး"ကျွန်မက အမှီအခိုကင်းတဲ့သူလေ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ရှင်‌ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့ဖူးပါဘူး"(မိဇုကိ)"မဟုတ်ဘူး မင်းက သိပ်တစ်ကိုယ်ကောင်းဆန်တဲ့သူ သူများကို ဂရုမစိုက်တတ်တဲ့သူ"(နတ်ဆု)"လူကြီးတွေက သေသွားတဲ့လူတစ်ယောက်ကို ထွက်သွားပြီလို့ပဲ အမြဲပြောနေကြတာလဲ အမေက အူမီနဲ့ ဒီမှာအမြဲရှိနေခဲ့တာ ဒီမှာမရှိနေခဲ့တဲ့သူက နတ်ဆုပဲ"(အူမီ)အခုတစ်ခါတင်ဆက်ပေးမှာကတော့ မိဘမေတ္တာကို ဖော်ကြူးထားတဲ့ ဂျပန် melodrama လေး တစ်ကားပါ။မိဘဖြစ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ကောလိပ်ကျောင်းသားအရွယ်ချစ်သူ နှစ်ယောက်ကြားမှာ ကလေးဆိုတဲ့ ဝန်ပိုတစ်ခုရောက်လာချိန်မှာတော့ မိဇုကိတစ်ယောက် ဗျာများရပါပြီ။ နတ်ဆုရဲ့အနာဂတ်လမ်းကို မပိတ်ပင်လိုတဲ့ မိဇုကိတစ်ယောက် ကလေးကိုဖျက်ချဖို့ ဆုံးဖြတ်လိုက်တယ်လို့ပြောပြီး ကျောင်းကလည်းထွက်လို့ နတ်ဆုရဲ့ဘဝထဲကနေ လုံးဝကို ခြေရာဖျောက်သွားပါတော့တယ်။ဒီလိုနဲ့ ၇ နှစ်အကြာမှာ နတ်ဆုတစ်ယောက် မိဇုကိနဲ့ပတ်သက်လို့ ပထမဆုံးကြားလိုက်ရတဲ့ သတင်းက နာရေးသတင်းဖြစ်နေပြီး မိဇုကိမှာ ၇ နှစ်အရွယ် အူမီဆိုတဲ့ ကလေးတစ်ယောက် ရှိနေတာကို သိလိုက်ရတဲအခါ....လွန်ခဲ့တဲ့ ၇ နှစ်က မိဇုကိတစ်ယောက် ဘာလို့ဒီလိုရဲတင်းတဲ့ဆုံးဖြတ်ချက်ကို တစ်ယောက်တည်း ဆုံးဖြတ်လိုက်တာလဲ။ ရုတ်တရက် လူပျိုဘဝကနေ ကလေးတစ်ယောက်အဖေဖြစ်လာတဲ့ နတ်ဆုကရော ...
7.2
TMDb: 7.2/10 4 votes
tv

The Beginning of the Sea (2024) [Complete]

2024
One Piece Log: Fish-Man Island Saga (2024)
One Piece Log: Fish-Man Island Saga (2024) သင်သာ Anime ကို ကြည့်လာတာ ကြာသည်ဖြစ်စေ မကြာသေးခင်ကမှ ကြည့်သည်ဖြစ်စေသင့်ပတ်ဝန်းကျင်က သူတွေ One Piece ကို ကြည့်ဖို့ တိုက်တွန်းတာကို ကိုယ်တိုင်မကြုံဖူးရင်တောင် ကြားဖူးကြမှာပါ။Peak Fiction, Greatest Anime of All Time, Best Manga, Best World Buildingဒီလို ဂုဏ်သတင်းတွေ အများကြီးနဲ့ ကျော်ကြားတဲ့One Piece ဟာ Oda sensei ရဲ့ Manga ကို Adapt လုပ်လာခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပါပြီ။Anime အပြင် Live Action အထိပါ အောင်မြင်တဲ့ ရှားရှားပါးပါး ဇာတ်လမ်းတစ်ခုပါ။ဒီလောက်အကြာကြီး အပိုင်းတွေ အများကြီးနဲ့ ဇာတ်လမ်းတစ်ခုကို လူတွေ ဘာကြောင့် အခုချိန်တွေ ကြိုက်နေကြတာလဲဘာလို့ စိတ်မပျက်ကြသေးတာလဲအဖြေကတော့ ရှင်းပါတယ် အဲဒီလောက်ကို ကောင်းလို့ပါ။ဒီလိုမျိုးအောင်မြင်ပြီး BIG ...

One Piece Log: Fish-Man Island Saga (2024)

Undead Murder Farce (2023) 7.1
Undead Murder Farce (2023) Undead Girl Murder Farce (2023) Genre - Anime, Fantasy, Mystery၁၃ ပိုင်း ပါဝင်တဲ့ အသစ်ထွက် Anime စီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။လက်ရှိမှာတော့ ၁၁ ပိုင်းအထိ ထွက်ရှုထားပြီး ကျန်တဲ့ ၂ ပိုင်းကိုလည်းအပတ်စဉ် ထွက်ပြီးတာနဲ့ အချိန်မှီတင်ဆက်ပေးသွားဦးမှာပါ။ဒီ စီးရီးမှာတော့ စုံထောက်ကြီး ရှားလော့ဟုမ်းတို့ နာမည်ကြီးစောရဝိဇ္ဇာ လူပင်တို့စသဖြင့် စိတ်ကူးယဉ် နာမည်ကျော် ဇာတ်ကောင်တွေအများအပြား ပါဝင်ထားတဲ့အပြင် သွေးစုပ်ဖုပ်ကောင်တို့ သမန်းဝံပုလွေတို့မကောင်းဆိုးဝါးပေါင်းစုံတွေပါ ပါဝင်ပြီး၁၉ ရာစုနောက်ခံ စုံထောက်စွန့်စားခန်းလိုမျိုး ဇာတ်အိမ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုပထမအဓိက ဇာတ်ကောင်အနေနဲ့ ဆူဂရုအကြောင်းပေါ့။သူကတော့ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီးဒီစွမ်းအားနဲ့ ဂျပန်မှာ ထူးဆန်းတဲ့ အကောင်ပလောင်တွေနဲ့လက်ဝှေ့ထိုးစားနေတဲ့ မကောင်းဆိုးဝါး သုတ်သင်သူလို့ ခေါ်ကြတဲ့ပေါ့ပျက်ပျက်လူတစ်ယောက်ပေါ့။ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေရတာလည်းလူတစ်ယောက်ရဲ့ စနက်ကြောင့်ပါ။ဒုတိယတစ်ယောက်ကတော့ ဒီစီးရီးရဲ့ပင်တိုင်ဇာတ်ကောင်ခေါင်းပြတ်မလေး ရင်ဒိုအာယာပါ။သူကတော့ မသေမျိုးဖြစ်ပြီး သူ့ ခန္ဒာကိုယ်ကို လူတစ်ယောက်ကခိုးယူသွားလို့ ...
7.1
TMDb: 7.1/10 12 votes
tv

Undead Murder Farce (2023)

2023
The Smile Has Left Your Eyes (2018) [Complete] 7.738
The Smile Has Left Your Eyes (2018) [Complete] The Smile Has Left Your Eyes (2018) [Complete]အပိုင်းသစ် - ၁ မှ ၁၆ (ဇာတ်သိမ်းပိုင်း)ဒီတစ်ခါတော့ " ကောင်းကင်ပေါ်က ကြွေဆင်းလာတဲ့ ကြယ်စင်ပေါင်းသန်းတစ်ရာ" ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ "The Smile Has Left Your Eyes" ဆိုတဲ့ Mystery Thriller အမျိုးအစားဇာတ်လမ်းလေး ဖြစ်ပါတယ်။Bad Boy ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား Seok In Guk, အမြဲတမ်း ကြည်လင်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီး Jung So Min နဲ့ မင်းသားကြီး Park Sung Woong တို ပါဝင်ရိုက်ကူးထားပါတယ်။စုံထောက်တစ်ယောက်ဖြစ်တဲ့ ယူဂျင်ဂုဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက် အသတ်ခံရတဲ့ အမှုကို စုံစမ်းရင်းနဲ့ အတိတ်မေ့နေတဲ့ ...
7.738
TMDb: 7.738/10 21 votes
tv

The Smile Has Left Your Eyes (2018) [Complete]

2018
Silent (2022)
Silent (2022) Silent (2022)=====================မနှစ်က My Love Mix-Up! နဲ့လူသိများလာတဲ့ အဆိုတော်မင်းသားလေး Meguro Ren နဲ့အတူ One Week Friend ထဲကမင်းသမီးလေး Haruna တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အဖီးလ်တစ်လိုင်းဂျပန်ဒရာမာစီးရီးလေးလာပါပြီ။ဇာတ်လမ်းအညွှန်းလေးကတော့...'ဆုမုဂီ'ဆိုတဲ့ကောင်မလေးဟာ သူအထက်တန်းကျောင်းသူဘဝတုန်းက အသံလေး​ကြားပြီး ကျိတ်သဘောကျခဲ့ရတဲ့၊ သီချင်းနားထောင်ရတာဝါသနာပါတာလည်းတူ အကြိုက်ချင်းလည်းတူတဲ့'ဆိုး'ဆိုတဲ့ကောင်လေးနဲ့ လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ခဲ့ပေမယ့် အထက်တန်းကျောင်းပြီးတဲ့အချိန်မှာတော့ မည်မည်ရရမရှိတဲ့ အကြောင်းပြချက်တွေနဲ့ 'ဆုမုဂီ'နဲ့ ကျောင်းကသူငယ်ချင်းတွေကို ဗြုန်းစားကြီးအဆက်အသွယ်ဖြတ်ပြီး ခြေရာဖျောက်သွားပါတော့တယ်။ဆုမုဂီတစ်ယောက် ငယ်ချစ်ဦးပေးခဲ့တဲ့ ဒဏ်ရာတွေကိုကုစားရင်း အချိန်တစ်ခုအရောက်မှာ အချစ်သစ်နဲ့ အခြေတကျနေထိုင်ဖို့စဥ်းစားနေစဥ် 'ဆိုး'ကိုအမှတ်မထင်ပြန်ဆုံလိုက်ရတဲ့အခါမှာ သူထင်ထားခဲ့သလို သစ်စိမ်းချိုးချိုးပြီးထားခဲ့တာမဟုတ်ဘဲ အကြားအာရုံချို့ယွင်းသွားမှုကြောင့်သာ အားလုံးနဲ့ဝေးရာကိုရှောင်ပြေးခဲ့တဲ့ 'ဆိုး' အဖြစ်ကိုသိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ....အပတ်စဉ် သောကြာနေ့တိုင်း တစ်ပတ်တစ်ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 54min Subtitle…. ...

Silent (2022)

2022
Ranking of Kings (2021) 8.195
Ranking of Kings (2021) Ousama Ranking ............................ Myanimelist 8.6/10 IMDb 8.6/10ကျ​နော်တို့ငယ်ငယ်တုန်းကဆိုရင် လူတိုင်း အိပ်ခါနီးတိုင်း ပုံပြင်​ပြောပြလုပ်ဖူးခဲ့ကြမှာ​သေချာပါတယ်။ ပုံပြင်​ကောင်း​ကောင်းတပုဒ်ကို​နား​ထောင်ရတဲ့ည​တွေဆိုရင် အိပ်ကိုမအိပ်​တော့ပဲ ပုံပြင်ဆုံးတဲ့အထိစိတ်ဝင်တစားနား​ထောင်ဖူးကြတာမျိုးလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုဒီကားတွန်း​လေးဟာလည်း ငယ်ငယ်ကအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကိုနား​ထောင်ရတဲ့အလား ဖြစ်​စေတယ်ဗျ။ ကာတွန်းဆန်တဲ့ရုပ်ထွက်​ပေမဲ့ သမာရိုးကျဇာတ်လမ်း​တွေနဲ့မတူတဲ့ ပုံပြင်​ကောင်း​လေးတစ်ပုဒ်လို့ပဲ ကျ​နော်က​တော့ဆိုချင်ပါတယ်။ ဒီစီးရီးကိုကြည့်တုန်းကဆိုရင် ဘာဖြစ်​တော့မယ်လို့ထင်ထားတာ​တွေလည်း တစ်ခုမှကိုမမှန်တဲ့အထိ ဇာတ်လမ်းအသွားအလာက လုံးဝခန့်မှန်းလို့မရပါဘူး။ ​သေချာတာတခုက​တော့ ဒီစီးရီးကိုကြည့်ရင် စိတ်ဝင်စားဖို့လုံးဝ​ကောင်း​စေရမယ်။ ဆန်းကြယ်တဲ့စိတ်ကူးယဥ်စွန့်စား​ရေးခရီးတခုကိုထွက်​နေရတဲ့အလား ဖြစ်​စေရမယ်လို့ အာမခံပါတယ်။ ဇာတ်လမ်းအမြည်း​လေးကို​ပြောပြရရင်​တော့....ဟိုး​ရှေး​ရှေးတုန်းက ​ဘော့စ်တိုင်းပြည်မှာ ဘုရင်ကြီးတပါးအုပ်ချုပ်ပါတယ်။ အဲ့ဒီဘုရင်ကြီးမှာ သား​တော်နှစ်ပါးရှိပြီး ပထမသား​တော်ကြီးက​တော့ ​မွေးကတည်းက ဆွံ့အနားမကြားပဲ အားအင်လည်းမရှိသူဖြစ်ပါတယ်။ သား​တော်အငယ်​လေးက​တော့ တိုက်ရည်ခိုက်ရည်ပါရမီရှိတာမလို့ သက်ဦးဆံပိုင်ဘုရင်​ခေတ်မှာ သား​တော်အငယ်က ထီးနန်းဆက်ခံဖို့​​ရေပန်းစားပါတယ်။ အဲ့လိုနဲ့ တ​နေ့မှာ​တော့ ဘုရင်ကြီးဟာ နာမကျန်းဖြစ်လာခဲ့ပြီး ထူးဆန်းတဲ့ကိစ္စကြီးတခုလည်းဖြစ်လာခဲ့ကာ တခါမှမမြင်ဖူးတဲ့စွန့်စား​ရေးခရီးရှည်ကြီးဟာလည်း ပရိသတ်​ရှေ့​​မှောက်ကို​ရောက်လာခဲ့ပါ​တော့တယ်။File Size – 300MBQuality – 1080p WEB DL AAC2.0CHDuration –23m Total Episodes: 23EpisodeSubtitle – Myanmar HardsubFormat – Mp4Genre : Animation , Action , AdventureTranslator ...
8.195
TMDb: 8.195/10 141 votes
tv

Ranking of Kings (2021)

2021