Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
BBC Studios
6.7
Blackshore (2024)
သင် စုံထောက်လျှို့ဝှက်ဆန်းကျယ် ဇာတ်လမ်းမျိုးကို ကြိူက်တတ်တယ်ဆိုရင်ရောဒီ Series ကိုကြည့်ကိုကြည့်သင့်ပါတယ်။Irish စုံထောက်ဇာတ်လမ်းမျိုး ဖြစ်ပြီးတော့ Rating တွေကလည်း ကောင်းကောင်းရထားပါတယ်။ ဇာတ်လမ်းးအကျဉ်းကတော့ ဒတ်ဘလင် မြို့ကနေပြီးတော့ သူ့ရဲ့ ကြမ်းကြမ်းရမ်းရမ်းကိုင်တွယ်မှုတွေကြောင့် စုံထောက် ဖီယာလူစီဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ မြို့လေးကို အပြစ်ပေးမှုအနေနဲ့ ပြန်ပို့ခံလိုက်ရပါတယ်။ဒီမြို့လေးမှာပဲ သူနဲ့ငယ်ငယ်ကတည်းက သိတဲ့ ယိုရှင် ဆိုတဲ့ မိန်းမကပျောက်တဲ့အမှုကို သူ့ကိုပေးကိုင်လိုက်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှတော့ ရိုးရိုးတန်းတန်းလူပျောက်မှုမဟုတ်ပဲ လူသတ်မှု ဖြစ်နေပါတော့တယ်။ဒီတော့ ဖီယာအနေနဲ့ သူ့မြို့မှာလည်း အတိတ်ဆိုးတွေ ရှိခဲ့ပြီးတော့ ဒီလူသတ်မှုကလည်း သပွတ်အူလိုရှုပ်ထွေးလာပါတော့တယ်။အညွှန်းအရှည်ကြီးမဖတ်တော့ပဲ အခုပဲကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ချင်ပါတော့တယ်။Size – 750MB (Appx;)@EpisodeQuality – 1080p WEB DLDuration –50 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime ~ DramaTranslator – CM TeamEncoder – YK Episode 1 ...
6.7
TMDb:
6.7/10
18 votes
tv
Blackshore (2024)
2024
5.6
Black Ops (2023)
Season 1 အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ယခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့Comedy/Crime အမျိုးအစားဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းတွဲလေးဟာဆိုရင် အပိုင်း ၆ ပိုင်းပဲပါဝင်ပြီး အချိန်ပေးရသက်သာလို့ ပေါ့ပေါ့ပါးပါးဟာသကားကြိုက်နှစ်သက်သူပရိသတ်များ သဘောကျနှစ်ခြိုက်မယ့် Mini-series လေးဖြစ်ပါတယ်Dom နဲ့ Kay တို့ဟာ ရဲတပ်ဖွဲ့ဝင်များဖြစ်ကြပြီး အမှုလိုက်တဲ့အလုပ်မလုပ်ရတဲ့ ဌာနအတွင်း ရဲလို့တောင်အသတ်မှတ်မခံရတဲ့လမ်းဘေးမှာယာဉ်အန္တရာယ်လမ်းအန္တရာယ်များအကြောင်းပညာပေးစာစောင် ကမ်းရသူရဲများဖြစ်ကြပါတယ်..Dom ဟာဆိုရင် တက္ကသိုလ် မှုခင်းဗေဒဘာသာရပ်မှာ အဆင့်မြင့်မြင့်အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ထားသူဖြစ်သော်လည်းလန်ဒန်မြို့တော်ရဲဌာနကတော့ ရာထူးတိုးပေးဖို့ ငြင်းဆိုရင်းလမ်းသတိပေးတာဝန်အတွက်သာ Dom ကိုနေရာချထားခဲ့ပါတယ်ထို့ကြောင့်ပဲ Dom ဟာ ရဲဌာနကို စိတ်နာကာ အရွဲ့တိုက်လျက်ရုံးအချိန်မှန်မတက် ယူနီဖောင်းသေချာမဝတ် စည်းကမ်းမလိုက်နာဘဲဘေးတစောင်းလိုက်ကာ ရေစုန်မျှောနေသူဖြစ်ပါတယ်...Kay ဟာဆိုရင်တော့ Dom ရဲ့တွဲဘက်ဖြစ်ပြီး ရိုးသားလွန်းသူတုံးလွန်းသူဖြစ်ကာ ဘာသာရေးအဆုံးအမတွေကို လိုက်နာသူအခြားသူများကို ဘာသာရေးလုပ်ဖို့ စည်းရုံးသူဖြစ်ပါတယ်..သို့နှင့် ၎င်းတို့နှစ်ယောက် လမ်းမပေါ်မှာ သတိပေးလက်ကမ်းစာစောင်များဝေရင်း ကျရာဇာတ်ရုပ်ကို မကချင်ကချင်ကနေစဉ်မှာပဲလန်ဒန်မြို့တော်ရဲတပ်ဖွဲ့ဟာ ဘရိုက်မာ့ရှ်နယ်မြေက ...
5.6
TMDb:
5.6/10
7 votes
tv
Black Ops (2023)
2023
7.4
The Chelsea Detective (2022) Season 1+2
ဒီစီးရီးကတော့ ၂၀၂၂ တုန်းက ထွက်ရှိခဲ့တဲ့ Crime Drama ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။လန်ဒန်မြို့ရဲ့ ချယ်ဆီးနယ်မြေဘက်က စုံထောက်တစ်ဦးရဲ့ဘဝအကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါ။ ဝုန်းဝုန်းဒိုင်းဒိုင်း အက်ရှင်ခန်းတွေမပါဘဲ ဖြည်းဖြည်းအေးအေးကြည့်ရမယ့် စုံထောက်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ဇာတ်လမ်းတစ်ပိုင်းနဲ့တစ်ပိုင်း မတူညီတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားတာကြောင့် စိတ်ဝင်စားစရာကောင်းပြီး မတူညီတဲ့ရသ၊ ခံစားမှုတွေကိုရရှိစေမှာပါ။ စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း မြှုပ်ကွက်တွေ၊ လှည့်ကွက်တွေနဲ့ လိုက်တွေးလို့ကောင်းတဲ့ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.6 GB)/(690 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre... Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vadar Season 1 Episode 1 720p - Telegram/Yoteshin /gdtot/ Megaup / Usersdrive Episode 1 1080p - Yoteshin /gdtot/ Megaup / Usersdrive Episode 2 720p - Telegram/Yoteshin ...
7.4
TMDb:
7.4/10
38 votes
tv
The Chelsea Detective (2022) Season 1+2
2022
6.9
61st Street (2022)
မိုဆတ်ဂျွန်ဆင်ဟာ တောက်ပတဲ့အနာဂတ်နဲ့အလားအလာကောင်းတွေနဲ့ကျောင်းသားအားကစားသမားလူမည်းလူငယ်တစ်ယောက်ပါ။ သူတို့နေထိုင်ရာရပ်ကွက်ဟာ ဆင်းရဲသားရပ်ကွက်ပီပီမူးယစ်ဂိုဏ်းဝင်တွေ၊ဒုစရိုက်သမားတွေဒွေးရောယှက်တင် ကျက်စားနေတဲ့နေရာပါပဲ။ သူကတော့ မကြာခင်မှာပညာသင်ဆုနဲ့မြို့ကြီးမှာကောလိပ်တက်ဖို့သွားရတော့မှာဖြစ်ပြီး အဲ့ဒီလိုမသွားခင် တစ်ညနေမှာ သူတို့အိမ်နားက မူးယစ်ဆေးရောင်းတဲ့ဂိုဏ်းကို ရဲတပ်ဖွဲ့ကဝင်စီးတဲ့အချိန်နဲ့တိုးပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေကြားမှာ သူ့ကြောင့် ရဲတစ်ယောက်သေဆုံးသွားတဲ့အဖြစ်ကိုကြုံခဲ့ရပါတယ်။Black life matters movement လိုဖြစ်စဉ်မျိုးတွေကြောင့် ရဲတပ်ဖွဲ့ကိုလူတွေမျက်မုန်းကျိုးနေကြတဲ့အချိန်၊ ရဲတပ်ဖွဲ့ထဲကလူတွေကလည်း ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ဘက်ကဂုဏ်သိက္ခာကိုပြန်အဖတ်ဆည်ရမယ့်အခြေအနေတွေရှိတာကြောင့် မိုဆတ် ကိုစံပြအနေနဲ့တရားစီရင်ဖို့ အသေအလဲကြိုးစားကြတော့မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ သူ့ဘက်ကရပ်တည်ပေးမယ့်သူကတော့ ဖရန်ကလင်ရောဘတ်ဆိုတဲ့ အငြိမ်းစားယူကာနီးရှေ့နေတစ်ဦးဖြစ်ပြီးသူတို့ရဲ့ရပ်ကွက်သူရပ်ကွက်သားတွေအပေါ် တရားရေးစနစ်ရဲ့ဘက်လိုက်မှု၊မျက်ကွယ်ပြုမှုတွေကို တိုက်ဖျက်ဖို့ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ ရောဘတ်ကိုယ်တိုင်ကလည်း ကင်ဆာရောဂါကြောင့် ဘ၀ဆုံးတော့မယ့်အခြေအနေကြုံနေရတဲ့အတွက် သူ့ရှေ့နေသက်တမ်းတစ်လျှောက်နောက်ဆုံးအနေနဲ့အပြောင်းအလဲလေးတစ်ခုအရာထင်အောင်ကြိုးစားသွားမှာပါပဲ။တစ်ဖက်မှာတော့ တရားရေးစနစ်ရဲ့အထက်စီး အတွင်းစည်းက လူဖြူလူများစုအင်အားကြီးတဲ့ အုပ်စုတစ်ခုဖြစ်ပြီး၊ တစ်ဖက်ကတော့ မွေးရာပါလူမည်းဖြစ်နေရုံနဲ့အဖိနှိပ်ခံ၊ဩဇာကင်းမဲ့တဲ့ လူနည်းစုဖြစ်နေပါတယ်။ သူတို့နှစ်ဘက်ရဲ့အားပြိုင်မှုကိုသရုပ်ဆောင်အင်အားကောင်းကောင်းနဲ့ရှုစားကြရမယ့် Crime/Drama ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ် File size…(874 MB)/(440 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:45:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias Season 1 Episode 1 720p - Yoteshin / Megaup / Telegram ...
6.9
TMDb:
6.9/10
14 votes
tv
61st Street (2022)
2022
7
The Mallorca Files (2019- 2024)
The Mallorca Files (2019) Season 1 Genre – Crime, Drama IMDB – 6.7/10စပိန်နိုင်ငံရဲ့ လှပတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ ခပ်မြူးမြူးတီးလုံးလေးတွေနဲ့အတူ လူမျိုးမတူ စရိုက်မတူတဲ့ စုံထောက်နှစ်ဦး ဒုစရိုက်မှုတွေကို လိုက်လံဖြေရှင်းကြတာ ကြည့်ရမယ့် BBCထုတ် စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။စုံထောက်ဘလိတ်ခ်ဆိုတာက ဗြိတိသျှသူတစ်ယောက်။ မယောရ်ကာကျွန်းပေါ်ကနေ လူဆိုးတစ်ယောက်ဖမ်းလာပြီး လန်ဒန်ကို ပြန်ပို့ရတော့မှာ။အဲဒီမှာတင် လူဆိုးက အသတ်ခံရပြီး ပြဿနာတက်တော့ အထက်အရာရှိက လန်ဒန်ကိုပဲ ပြန်လာပါတော့ သူတို့ ဖြေရှင်းပေးမယ်ဆိုတာကို လက်မလျှော့ချင်တဲ့စိတ်နဲ့ ဆက်နေပြီး ဖြေရှင်းဖို့ ဖြစ်လာတော့တယ်။ဒါပေမဲ့လည်း မယောရ်ကာရဲဌာနကတော့ တစ်ယောက်တည်း မလိုက်နဲ့ အဖော်ထည့်ပေးမယ်ဆိုပြီး ထူးထူးခြားခြား အမှုလိုက်တတ်တဲ့ လူပျော်ကြီး ဂျာမန်စုံထောက်မက်စ်နဲ့ ထည့်ပေးလိုက်ရော။အဲဒီမှာတင် အလုပ်ဆိုရင် ရုပ်တည်ကြီးနဲ့ စနစ်တကျ မပြုံးမရယ် အသေကောင်လိုပဲ လုပ်တတ်တဲ့ ဗြိတိသျှသူနဲ့ ဘာနေနေ ကပျက်ကချော်နဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ပဲ ပေါက်ကရ လုပ်တတ်တဲ့ ဂျာမန်သားတို့ နှစ်ယောက်ပူးပေါင်းပြီး စပိန်နိုင်ငံက မယောရ်ကာကျွန်းလေးပေါ်က ရာဇဝတ်မှုတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရမှာပါ။Season တစ်ခုကို ...
7
TMDb:
7/10
31 votes
tv
The Mallorca Files (2019- 2024)
2019
8
Good Omens Season 2
Good Omens (2019-2023) Genre – Comedy, Fantasy IMDB – 8.0/10၂၀၁၉ ခုနှစ်တုန်း Season 1 ထွက်ရှိထားပြီး Supernatural လိုမျိုး ခရစ်ယာန်အယူဝါဒတွေကောင်းဘင်ဘုံတို့ ငရဲပြည်တို့ နတ်ဆိုးတွေ တမန်တော်တွေ စသဖြင့် ပါဝင်ပြီးရယ်မောစရာလေးတွေနဲ့ လူကြိုက်များ ဟာသဒရမ်မာစီးရီးလေး ပြန်လာတာ ဖြစ်ပါတယ်။သူက ကောင်းဆို Stardust ရုပ်ရှင်တို့ Netflix ပေါက်စီးရီး Sandman တို့အရင်တုန်းက American Gods စီးရီးတို့လို Fantansy စိတ်ကူးယဉ်စာအုပ်တွေရေးသားခဲ့တဲ့ စာရေးဆရာကြီး Neil Gaiman ရဲ့ Good Omen ကိုပဲပြန်လည် Adaptation လုပ်ထားတာ ဖြစ်လို့ပါ။အဓိကဇာတ်လိုက်ကျော် ၂ ယောက်ကတော့ စိတ်ထားစေတနာအလွန်ကောင်းပြီးအကောင်းမြင်တတ်တဲ့ တမန်တော်ဟောင်း အဲဇာရက်ဖဲလ်ရယ်သူနဲ့ အရာရာနီးပါး ဆန့်ကျင်ဖက်ဖြစ်ပြီး စေတန်ရဲ့လက်ပါးစေတစ်ယောက် ခရိုလီတို့ ဖြစ်ကြပါတယ်။Season 1 မှာတုန်းကတော့ နှစ်ယောက်သား ဘုနဲ့ဘောက် ...
8
TMDb:
8/10
1525 votes
tv
Good Omens Season 2
2023
7
Dead Pixels (2023) Complete
Dead Pixels (India)(TV Series 2023) IMDb-7.4/102019ခုနှစ်က ထွက်ရှိခဲ့တဲ့ ဗြိတိန်ဇာတ်လမ်းတွဲကိုပဲ remake လုပ်ထားတဲ့ စီးရီးလေးပါ။ဂိမ်မာတွေ အချင်းချင်းကြားက ချစ်ခင်ရင်းနှီးမှု၊သူတို့ ဘ၀နေထိုင်မှုတွေ လက်တွေ့ဘ၀မှာ ဖြတ်သန်းကြပုံတွေကို တင်ဆက်ပေးထားတဲ့ ဇာတ်ကြောင်းကို စီးရီးနာမည်မပြောင်းဘဲ အရသာတမျိုးလေး ခံစားရစေမှာပါ။နောက်မတူတာတခုက ဗြိတိန်ဇာတ်လမ်းထဲမှာ ဆော့တဲ့ဂိမ်းက Kingdom Scrolls ဖြစ်တာရယ် ဒီအိန္ဒိယစီးရီးလေးထဲမှာတော့ Battle of Thrones ဂိမ်းကိုဆော့ကြတာပါ။ဇာတ်လမ်းအကျဉ်း ဂါယာသရီဆိုတဲ့ ကောင်မလေးရယ် ဘဟာဂဗ်နဲ့ အာနန်ဆိုတဲ့ ဘဲနှစ်ပွေရယ်က ဂိမ်မာတွေပါ၊ ဂါယာသရီမှာ အိုက်ရှ်ဝါရီယာဆိုတဲ့ သူငယ်ချင်းအလန်းလေးရှိပြီး သူတို့၂ယောက်ရယ် ဘဟာဂဗ်ရယ် တိုက်ခန်းတခုထဲမှာ အတူတူစုနေကြတာပါ။ဂါယာသရီနဲ့ ဘဟာဂဗ်က ရုံးတခုမှာ အလုပ်အတူတူ၊တရက် သူတို့ရုံးကို အသစ်ရောက်လာတဲ့ ရိုနန်ဆိုတဲ့ ဘဲခပ်ချောချောလေးကို ဂါယာသရီက နှာဘူးထပြီး ဂိမ်းထဲမှာ အတူဆော့ဖို့ ခေါ်လာပါရော။အဲဒီမှာ သူတို့သူငယ်ချင်းသုံးယောက်ပေါင်းပြီး ရိုနန်ကို ဝိုင်းဆေးထိုးကြပါတယ်။ ဒီဇာတ်လမ်းလေးမှာ သူတို့မျှော်လင့်ထားသလို ဂိမ်းရဲ့နောက်ဆုံးပန်းတိုင်ကို ရောက်အောင် သွားနိုင်ကြမလား။ဂိမ်းကပဲ သူတို့ဘ၀ထဲကို လက်တွေ့ဆန်တဲ့ထိတွေ့မှုတွေ ယူလာပေးမလားဆိုတာ ကြည့်ကြည့်ကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)File ...
7
TMDb:
7/10
1 votes
tv
Dead Pixels (2023) Complete
2023
7
Better (2023)
Better (2023) Completed Mini-Series ~ IMDb - 6.4/10, Rotten Tomatoes - 89% ~ အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျင့်တရား၊ အသိစိတ်ဓာတ်နဲ့ အမှားအမှန်ခွဲခြားသိမြင်မှု၊ Friendship တွေကို စုံစုံလင်လင် မြင်တွေ့ရမယ့် မှုခင်း ဒရာမာစီးရီးအမျိုးအစားဖြစ်ပါတယ်။ လက်တွေ့ကမ္ဘာကို ရောင်ပြန်ဟပ်နေတဲ့ ငွေနောက်လိုက်တဲ့သူတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေ၊ မကောင်းမှုတွေ ကြီးစိုးနေတဲ့လောကကြီး အကြောင်းကို ပေါ်လွင်အောင် ပုံဖော်ထားတာဖြစ်တဲ့အတွက် ကြည့်ရမှာတန်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ စုံထောက်စစ်ဆေးရေးမှူး ဆလက်ဟာ သူ့အဖေခြေရာနင်းပြီး ထူးချွန် တာ၀န်ကျေတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ခင်ပွန်းနဲ့ ဆယ်ကျော်သက်အရွယ် အို၀မ်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ အို၀မ်က ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေလုမျောပါးဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဆလက်က သူ အနှစ်၂၀လောက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ပြန်မြင်ယောင်ပြီး အသိ၀င်လာပါတော့တယ်။ တကယ်တော့ သူဟာ အများထင်သလို ပြည်သူ့ဘက်တော်သားတစ်ယောက်မဟုတ်ပါဘူး။ သူ့ငယ်သူငယ်ချင်း ...
7
TMDb:
7/10
5 votes
tv
Better (2023)
2023
6.4
Rain Dogs (2023)
Rain Dogs (2023) Season 01 Complete ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ "A family like no other" Rain Dogs ဟာ HBO ရဲ့ 2023 ထွက် အသစ်စက်စက် British Series တစ်ခုပဲဖြစ်ပါတယ်။ သာမန် လူလတ်တန်းစားတွေ၊ လူကုံထံတွေအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတွေကနေ ကွဲထွက်ပြီး စားဖို့သောက်ဖို့၊ နေစရာရှိဖို့အတွက် ရုန်းကန်ကြရတဲ့ လက်လုပ်လက်စား လူတန်းစားတစ်ရပ်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ Dark Comedy, Drama စီးရီးလေးတစ်ခုပါပဲ။ ဇာတ်လမ်းရဲ့အစမှာ Single Mother တစ်ဦးဖြစ်တဲ့ Costello Jones ဟာ ခက်ခဲတဲ့အနေအထားတစ်ရပ်နဲ့ရင်ဆိုင်နေရပြီး သူ့ရဲ့ ချစ်စရာသမီးချောလေး Iris ဟာလည်း မိခင်ဖြစ်သူကိုနားလည်ပြီး ဖြစ်သမျှကို စိတ်မညစ်စွာ အတူတူရင်ဆိုင်ရဲတဲ့ ကလေးလေးဖြစ်ပါတယ်။ ...
6.4
TMDb:
6.4/10
8 votes
tv
Rain Dogs (2023)
2023
5
The Diplomat (2023)
The Diplomat (2023) Complete ~ IMDb rating - 6.5/10 ~ 2023 မှာထွက်ရှိထားတဲ့ ဒရာမာ သည်းထိတ်ရင်ဖို မှုခင်းစီးရီးလေးဖြစ်တဲ့ The Diplomat လေးနဲ့ မိတ်ဆက်ပေးပါရစေ။ သံတမန်ရေးရာရော အမှုအကြောင်းတွေရောသာမက ဒရာမာခန်းတွေပါ အဘက်ဘက်က ပြည့်စုံအောင် ရိုက်ထားတဲ့စီးရီးလေးဖြစ်လို့ ကြည့်သင့်တဲ့ စီးရီးလေးတစ်ခုလည်းဖြစ်ပါတယ်။ လော်ရာဟာ ကက်တန်လန်မြို့ကလေးမှာနေနေတဲ့ တိုင်းတစ်ပါးရောက်ဗြိတိန်သူတစ်ယောက်ပါ။ သူက အဲဒီမြို့ကိုရောက်လာတဲ့ ဗြိတိန်နိုင်ငံသားတွေရဲ့ ပြဿနာတွေကို လိုက်လံဖြေရှင်းပေးရတဲ့ အလုပ်လုပ်ပါတယ်။ တစ်နေ့ ဗြိတိန်နိုင်ငံသားတစ်ဦး အသတ်ခံလိုက်ရတဲ့အချိန်မှာ သံတမန်ရေးရာ ဘောင်ထဲကနေမလွန်ဆန်နိုင်ဘဲ သူ့သူငယ်ချင်း ကက်တန်လန်မြို့သူ အယ်ဘာနဲ့ အမှုကို ဘယ်လို ဖြေရှင်းသွားမလဲ၊ အမှုမှန်ရဲ့နောက်ကွယ်မှာရော ဘယ်သူတွေရှိနေတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် စီးရီးလေးဖြစ်ပါတယ်။ အပိုင်းတိုင်းမှာလည်း အမှုအကြောင်းချည်းမဟုတ်ဘဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ သံတမန်ကိစ္စလေးတွေကို ထည့်ရိုက်ပေးထားတာကြောင့် ကြည့်ရတာနှစ်ထပ်ကွမ်းတန်တဲ့ စီးရီးလေးတစ်ခုဖြစ်ပါတယ်လို့ညွှန်းလိုက်ပါရစေ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်)Size ~ 550MB+ Total ...
5
TMDb:
5/10
1 votes
tv
The Diplomat (2023)
2023
8
Good Omens Season 1
ခရစ်ယာန်အယူဝါဒ အရကမ္ဘာဦးအစမှာဖန်ဆင်းရှင်ဟာ ဖန်ဆင်းမှု ၆ခုကို ဖန်ဆင်းတော်မူခဲ့တယ်၆ရက်မြောက်နေ့ ဘုရားသခင်ရဲ့ဖန်ဆင်းမှု ကြောင့် ကျွန်တော်တို့ လူသားတွေဖြစ်တည်လာရတာပေါ့အားလုံးသိကြတဲ့ အာဒမ် နဲ့အေဝဆိုတဲ့အမျိုးသားနဲ့အမျိုးသမီးတဦး ပေါ်ထွန်းလာခဲ့တယ် ဘုရားသခင်ဟာအဆိုပါလူသား၂ဦးကို ဧဒင်ဥယျာဥ်ထဲမှာပဲ ထားတယ် အဲ့ဧဒင်ဥယျာဥ်ထဲက ပန်းသီးပင်က ပန်းသီးကို မစားဖို့ လူသား၂ဦးကို အတန်တန်မှာ ကြားခဲ့တယ်ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲမှာ တမန်တော်တွေရဲ့ အခန်းကဏ္ဍကလဲကမ္ဘာဦး အစမှာတည်းကအရေးပါခဲ့တယ်ဘယ်နေရာဖြစ်ဖြစ် အကောင်းကိုပြုမယ့် အဇီရာဖေးဆိုတဲ့တမန်တော်ရှိရင် သူနဲ့တွဲဖက်စေတန်ရဲ့အစေပါးဖြစ်တဲ့ ခရိုလီ ဟာ ပန်းသီးပင်က ပန်းသီးကို အေဝတယောက်စားမိအောင် စေ့ဆော်မိတဲ့နေ့ကစပီးလူသားတွေရဲ့ရာဇဝင်အဆက်ဆက်နဲ့ The Good Omens ဆိုတဲ့ဇာတ်လမ်းတပုဒ်ပေါ် ထွက်လာတော့တာပဲဒီ seriesဟာ နာမည်ကြီး ဝတ္ထုကိုပြန် ရိုက်ထားတဲ့ adaptation ဖြစ်ပေမယ့်လို့အခြားadaptation တွေလို မ fail ခဲ့ပါဘူး wonderful series ဆိုပီး recommend တွေအများကြီးရခဲ့တယ်rating ပိုင်းလဲပြောစရာမလိုဘူး acting ပိုင်း cast တွေ ...
8
TMDb:
8/10
1236 votes
tv
Good Omens Season 1
2019
8.3
Peaky Blinders Seasons 1-6
အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကို ပြောကြမယ်ဆိုရင် Peaky Blinders စီးရီးကိုလည်း ထည့်ပြောရမှာပါပဲ။ ဒီဇာတ်လမ်းကတော့ ဂန်းစတားဇာတ်လမ်းတွဲပါ။ Peaky Blinders ဆိုတဲ့ လူဆိုးအဖွဲ့က အင်္ဂလန်မှာ တကယ်ရှိခဲ့ဖူးပါတယ်။ ခေတ်ကတော့ ပထမကမ္ဘာစစ်အပြီး ကာလပါပဲ။ ဒါပေမယ့် ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပါ။ အရင်ဆုံးက Peaky Blinders ဆိုတဲ့ နာမည်အဓိပ္ပါယ်ကနေ စမိတ်ဆက်ရမယ်ထင်ပါတယ်။ Peaky ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲက ရှဲလ်ဘီ မိသားစုတွေ ဆောင်းကြတဲ့ နံပြားဦးထုပ်၊ လျှာထိုးဦးထုပ်အပျော့လေးတွေကို ခေါ်တာပါ။ Blinders ဆိုတာကတော့ အဲဒီခေတ်အသုံးအနှုန်းမှာ တစ်နေရာရာမှာ တော်တဲ့တတ်တဲ့၊ စမတ်ကျကျ၊ ကြည့်ကောင်းကောင်းသူတွေကို ခေါ်တာမျိုးပါ။ ဒီတော့ နံပြားဦးထုပ်နဲ့ ဆရာကြီးတွေ လို့ ပြောရမှာပေါ့လေ။ Blinders ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်သွားတဲ့ ထူးခြားချက်ကလည်း ရှိပါတယ်သေးတယ်။ သူတို့ရဲ့ ဦးထုပ်တွေထဲမှာ ဓားသွားတွေ ထည့်ထားပြီး ရန်ဖြစ်တာနဲ့ မျက်နှာကို ခုတ်ချလိုက်တာမျိုးက ပိကီဘလိုင်ဒါတွေရဲ့ မူပိုင်ကွက်ပါပဲ။ ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သူတို့တွေရဲ့ ငွေကြေးအမျိုးအစားနဲ့ တန်ဖိုးလေးတွေကို သိထားရင် ပိုအဆင်ပြေပါတယ်။ အဲဒီခေတ်ကတော့ ဂီနီ၊ ပေါင်၊ သျှီလင်တွေကို သုံးကြပါတယ်။ ဂီနီကတော့ အခုခေတ်မှာ မသုံးတော့တဲ့ ဒင်္ဂါးတွေပါ။ တစ်ဂီနီ ...
8.3
TMDb:
8.3/10
690 votes
tv
Peaky Blinders Seasons 1-6
2013