Channel Myanmar

Atomic Monster

Teacup (2024) 8.1
Teacup (2024) Yellowstone စီးရီးကြီးရဲ့ ထုတ်လုပ်သူ Ian McCulloch နဲ့ ဟော်ရာဒါရိုက်တာကြီး James Wan တို့ ဖန်တီးထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဟော်ရာ စီးရီးအသစ် ဖြစ်ပါတယ်။ တစ်ပတ်တစ်ပိုင်းနဲ့ ၈ ပိုင်းလာမှာပါ။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာတော့ တိရစ္ဆာန်ဆရာဝန်အမျိုးသမီးတစ်ယောက်၊ သူ့ရဲ့ခင်ပွန်း၊ သမီး နဲ့ သားတို့ ဆိတ်တွေ မြင်းတွေ မွေးတဲ့ ခြံတစ်ခုမှာ နေထိုင်ကြတာကနေ အစပြုပါတယ်။ သူတို့အနားတဝိုက်က တိရစ္ဆာန်တွေရော သူတို့ရဲ့ ဆိတ်တွေမြင်းတွေရော ဘာကိုကြောက်လို့ကြောက်မှန်းမသိ အရမ်းကြောက်နေကြပြီး ထူးထူးဆန်းဆန်းတွေ ပြုမူနေကြပါတယ်။အဲဒီနောက်မှာတို့ သူတို့ ခြံဘေးက တောအုပ်ထဲကနေ ထူးဆန်းတာတွေ ကြောက်စရာတွေ ဆက်တိုက်ဖြစ်လာပါတယ်။ ဇာတ်လမ်းက အစကတည်းက အရမ်းစိတ်ဝင်စားစရာကောင်းအောင် ပဟေဠိဆန်ဆန် ရိုက်ကူးထားတာမို့ အများကြီး မဖတ်တော့ဘဲ ကိုယ်တိုင် တစိမ့်စိမ့်နဲ့လိုက်တွေးလိုက်ကြောက်တာ ပိုကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။File size…(500 MB)/(339 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ ...
8.1
TMDb: 8.1/10 11 votes
tv

Teacup (2024)

2024
Samurai Rabbit: The Usagi Chronicles (2022)
Samurai Rabbit: The Usagi Chronicles (2022) Samurai Rabbit: The Usagi Chronicles (2022)တရုတ်နောက်ခံ နာမည်ကြီးကာတွန်းကားလေးတွေ ထွက်ရှိပြီးနောက်ဒီတစ်ခါမှာတော့ Netflix ကနေ ဂျပန်နောက်ခံ ကာတွန်းစီးရီးလေးတစ်ခု ထွက်ရှိလာပြန်ပါပြီ။ဂျပန်နိုင်ငံကိုနောက်ခံထားပြီး ချစ်စရာတိရစ္ဆာန်လေးတွေနဲ့ ပုံဖော်ထားတဲ့ ဒီစီးရီးလေးမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က Yokai ဆိုတဲ့ မကောင်းဆိုးဝါးတွေထဲကအကြမ်းဆုံးတစ်ကောင်ကို MC Yuichi ရဲ့ ဘိုးဘေးဖြစ်သူ ဆာမူရိုင်း Miyanoto Usagi က သတ်ပစ်နိုင်ခဲ့ပါတယ်။  ဒီလိုနဲ့ Yuichi ဆိုတဲ့ ၁၆ နှစ်အရွယ် ယုန်ကလေးကဘိုးဘေးဆာမူရိုင်းရဲ့ လုပ်ဆောင်ချက်ကို အားကျလေးစားပြီးဆာမူရိုင်းဖြစ်လာဖို့အတွက် အိပ်မက်မက်နေပါတော့တယ်။ ဖြစ်ချင်တော့ Yuichi က စိုက်ပျိုးရေးရွာလေးတစ်ခုမှာ အန်တီနဲ့အတူ နေထိုင်ရတော့ ဆာမူရိုင်းဖြစ်ဖို့ဘာမှကြိုးစားခွင့်မရတဲ့အတွက် Neo Edo မြို့တော်ကိုသွားရဖို့ အန်တီကို ခွင့်တောင်းပါတော့တယ်။အန်တီဖြစ်သူက ဆာမူရိုင်းဖြစ်ချင်ရင် ဆရာရှာဖို့ မှာပြီး လွှတ်ပေးလိုက်ပေမဲ့လည်းYuichi တစ်ယောက် ကိုယ့်ကိုယ် အတော်ဆုံးလို့ ထင်မှတ်ပြီး ဆရာ မရှာတဲ့အခါ....မြို့တက်သွားပြီးတော့ ဘယ်လိုအရာတွေ ကြုံရမလဲ၊ ဘယ်လိုတလွဲတွေ ...

Samurai Rabbit: The Usagi Chronicles (2022)

2022
Archive 81 (2022) (1-8 END) 7.2
Archive 81 (2022) (1-8 END)  Sci- ficဆိုတာမျိုးကို သ​ဘောကျ၊ Mysteryဆိုရင် မ​​နော​ခွေ့ Horror​ ပါမှ ကြည့်ရတာမြိန်တဲ့ CM ပရိတ်သတ်​တွေအတွက် ဒီ​နေ့ထွက်Netflix seriesအသစ်ကို တင်ဆက်​​ပေးလိုက်ပါတယ် Series နာမည်က​တော့ Archive 81 ဖြစ်ပြီး IMDb rating 7.4 ရရှိထားပါတယ်ဒန်တာနာက တိပ်​ခွေပြုပြင်ကျွမ်းကျင်ပညာရှင် တစ်​ယောက်ဖြစ်ပြီး နယူး​ယောက်ပြတိုက်မှာ အလုပ်လုပ်တဲ့သူပါ၊ တစ်​နေ့မှာ သူ့ဆီကို LMGလုပ်ငန်းစုဆိုတဲ့ ကုမ္ပဏီက တိပ်​ခွေတစ်​ခွေ လာအပ်ပါတယ်၊ တိပ်​ခွေကို ပြင်ဆင်ပြီး ဖွင့်ကြည့်လိုက်တဲ့​နောက်မှာ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်ဆာApartment မီး​မ​​​လောင်ခင်အချိန်က ရိုက်ကူး ထားတဲ့ မှတ်တမ်းဗီဒီယိုဖြစ်​နေခဲ့ပါတယ်မီးဒဏ်​ကြောင့် လုံးဝမရနိုင်​တော့ဘူးထင်တဲ့ တိပ်​ခွေကိုပြန်ပြင်နိုင်တဲ့ တာနာရဲ့အစွမ်း​ကြောင့် ဗစ်ဆာကိုLMGကုမ္ပဏီက​နေ မက်လုံး​ပေးပြီး ဗစ်ဆာတိုက်ခန်းမီး​လောင်မှုရဲ့ ​နောက်ဆက်တွဲတိပ်​ခွေ​တွေကို LMG ရဲ့ သီးသန့်​မြေကွက်တစ်ခုတည်းမှာ တစ်​ယောက်တည်း သွားပြင်ခိုင်း ခဲ့ပါတယ်တိပ်​ခွေ​တွေကို ပြင်ဆင်ရင်းနဲ့ ဗစ်ဆာတိုက်ခန်းကြီးရဲ့ မီး​​​​လောင်မှုက ​သွေးရိုးသားရိုး​မဟုတ်ဘဲ ​များစွာ​လေးနက်ပြီး ကြောက်မက်ဖွယ်၊ ပ​ဟေဠိဆန်ဆန် လျှို့ဝှက်ချက်​ပေါင်းများစွာ ရှိ​နေသလို တာနာရဲ့ မိသားစု​နောက်​ကြောင်းနဲ့ပါ ပတ်သတ်​နေတဲ့အခါဗစ်ဆာတိုက်ခန်းကြီးရဲ့ မီး​​​လောင်မှု​နောက်ကွယ်မှာ ရှိ​နေတာ လူလား နာနာဘာဝလား၊ ဘယ်​လောက်ထိ ဆိုးရွားတဲ့အဖြစ်အပျက်​တွေ အဲဒီ တိုက်ခန်းမှာ ဖြစ်ခဲ့တာလဲ၊ နှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ ...
7.2
TMDb: 7.2/10 11 votes
tv

Archive 81 (2022) (1-8 END)

2022
I Know What You Did Last Summer (2021) 10
I Know What You Did Last Summer (2021) I Konw What You Did Last Summer (2021)I Konw What You Did Last Summer Franchise ဟာ ရှေ့မှာမူဗီအနေနဲ့ ၃ ကားထွက်ထားခဲ့ပြီး ယခု ၂၀၂၁ မှာတော့ စီးရီးအနေနဲ့ တစ်ဖန်ပြည်လည်ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။Mystery, Horror, Crime ဆိုတဲ့ Genre နဲ့အညီ တစ်ခန်းချင်းစီမှာ အလှည့်အပြောင်းများစွာနဲ့ အပိုင်းတိုင်းကို အသက်တောင်မရှူဝံ့ဘဲ ရင်တမမနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့ငယ်လေးတစ်မြို့မှာရှိတဲ့ လူငယ်လေးတစ်စုဟာ ဘွဲ့ယူတဲ့ညမှာ ပျော်ပါးနေကြရင်းနဲ့ မတော်တဆလူသတ်မှုဖြစ်ခဲ့ကြပါတယ်။ ထိုမတော်တဆမှုကို ဘယ်သူမှမသိအောင် ဖုံးကွယ်လိုက်ကြပြီး မေ့မေ့ပျောက်ပျောက်နေရာမှ တစ်နှစ်ကြာတဲ့အခါမှာ ထူးဆန်းတဲ့လူသတ်သမားတစ်ယောက်ရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ကြရပါတယ်။ဒီလူသတ်သမားက သူတို့ကိုဘာလို့အမဲလိုက်နေရတာလဲ၊ သူတို့ရဲ့အတိတ်မှာဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်နဲ့ သက်ဆိုင်နေမလား၊ သူတို့ကိုအငြိုးတကြီးနဲ့လိုက်သတ်နေတဲ့ ထူးဆန်းတဲ့လူသတ်သမားကရော ဘယ်သူဖြစ်နိုင်မလဲ၊ နောက်ဆုံးသူတို့အားလုံးလွတ်မြောက်နိုင်မှာလားဆိုတဲ့ မေးခွန်းတွေကိုတော့ ဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ဒီစီးရီးလေးဟာ စုစုပေါင်း အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်ပြီး စစချင်း ၄ ပိုင်းအရင်ထွက်ထားတာမို့ Channel Myanmar မှ ကနဦး ၄ ပိုင်းအပြင် အပတ်စဉ် ...
10
TMDb: 10/10 1 votes
tv

I Know What You Did Last Summer (2021)

2021