Channel Myanmar

Apple Studios

Smoke (2025) 6.2
Smoke (2025)  Smoke (2025)IMDb Rating (8.0) လက်ရှိနာမည်ကြီးနေပြီး Rating 8 အထိရထားတဲ့ Apple Tv+ ရဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုပါ။ နာမည်ကြီးမင်းသား Taron Egerton ဦးဆောင် ပါဝင်ထားပါတယ်။ဇာတ်လမ်းက နည်းနည်းတော့ ဆန်းတယ် ပုံမှန်ဆို ကွင်းဆက်လူသတ်သမား Serial killer တွေကို လိုက်ဖမ်းကြပေမယ့်။ဒီထဲမှာတော့ နိုင်ငံအနှံ့ မီးဆက်တိုက်လိုက်ရှို့နေတဲ့ ကွင်းဆက်မီးရှို့သမားတွေကို လိုက်ဖမ်းတာပါ။ဒီလိုရှို့မီးတွေကြောင့် လူတွေသေ ပစ္စည်းတွေဆုံးရှံးနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကုမ္ပဏီကြီးတွေအထိပါ ထိခိုက်လာပါတယ်။ဒါကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နှစ်ရှည်လများ မီးသတ်သမားလုပ်ပြီး စိတ်ဒဏ်ရာတွေရခဲ့တဲ့ ဒေ့ဂက်ဆင်က မီးကျွမ်းကျင်အဖြစ်အထူးကိုင်တွယ်ပြီး မက်ထရိုရဲစခန်းကစုံထောက်မလေး ကယ်ရွန်ပါ ရောက်လာပါတယ်။သဘာဝအတိုင်းလောင်တဲ့မီး၊ မတော်တဆမီး၊ ပေါ့ဆမှုကြောင့်လောင်တဲ့မီး၊ ရှို့မီးဆိုပြီး ၄ မျိုးရှိတဲ့အထဲက ဒီဇာတ်လမ်းမှာ မီးလိုက်ရှို့နေတဲ့ကောင်တွေကို လိုက်ဖမ်းရတာက လူသတ်သမားကိုဖမ်းရတာထက်ပိုခက်ပါတယ်။ဒါကိုစုံထောက်ကယ်ရွန်နဲ့ ဒေ့ဂက်ဆင်တို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size… (3.5 ...
6.2
TMDb: 6.2/10 4 votes
tv

Smoke (2025)

2025
Palm Royale (2024) 8.0
Palm Royale (2024) Palm Royale (2024)==============နာမည်ကျော် ဟာသဝတ္ထုဖြစ်တဲ့ Mr and Mrs American Pie ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Apple Tv+ရဲ့ Palm Royale series1969 ခုနှစ်ကာလကို အခြေခံထားတဲ့ ဒီစီးရီးလေးမှာတော့ ကျွန်တော်တိုရဲ့ဇာတ်လိုက်ကျော်မက်ဆင်းကို ခြုံခြားက‌နေ ဘုံဖျားကိုတက်လှမ်းဖို အမျိုးမျိုးကြံစည်နေတဲ့ social climberအနေနဲ့ မြင်တွေ့ရမှာပါ။ဒါပေမဲ့ ဝတ္ထုဖတ်ဖူးသူတွေဆိုရင်တော့ ဒီsocial climberရုပ်ရှင်လေးက တခြားဇာတ်လမ်းတွေလို ဒရာမာမများဘဲ အခွီတစ်လိုင်းဖြစ်နေတာကိုတွေ့ရမှာပါ။ ဒီတော့ ဇာတ်လမ်းကိုဆက်ကြပါစို။ဇာတ်လမ်းလေးကိုတော့ မက်ဆင်းဆင်မွန်စ်တစ်ယောက် West Palm Beachက Palm Royale ဆိုတဲ့ ဒိတ်ဒိတ်ကြဲသူဌေးမကြီးများ ငွေလာဖြုန်းတဲ့ကလပ်ထဲကိုဝင်ဖို ကြိုးစားနေတာနဲ့ အစပျိုးထားပါတယ်။ ဒါပေမဲ့ နှယ်နှယ်ရရကလပ်မဟုတ်တာကြောင့် ခိုးဝင်ဖို ဝင်ရောဖိုလုပ်ရင်းနဲ့ မက်ဆင်းတစ်ယောက် ဘလက်လစ်သွင်းခံရတဲ့ဆီရောက်သွားပါတော့တယ်။Palm Royale ထဲဝင်ဖိုဆိုရင် ပထမဆုံးလိုအပ်တာက သူ့ကိုထောက်ခံပေးမယ့် အဖွဲဝင်ဖြစ်ပြီးသားသူ ရှိဖိုလိုတာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ကလပ်ထဲဝင်တာ မကြာသေးပေမဲ့ ...
8.0
TMDb: 8.0/10 16 votes
tv

Palm Royale (2024)

2024
Stick (2025) 7.2
Stick (2025) Stick (2025)IMDb: 7.1/10Apple TV မှာ June 4 ရက်နေ့ကမှအသစ်ထွက်ရှိထားတဲ့Golf Drama စီးရီးတစ်ခုဖြစ်ပါတယ်။ ဂေါ့ဖ်အားကစားစီးရီးဆိုပေမဲ့လည်းဂေါ့ဖ်အပြင် လူတွေအတွက် ဘဝမှာဒုတိယ အခွင့်ရေးဆိုတဲ့အဓိပ္ပာယ်၊နောင်တတွေကြားထဲကနေ မျှော်လင့်ချက် ဘ၀သင်ခန်းစာတွေကိုပေါ့ပေါ့ပါးပါးလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအရင်ကဂေါ့ဖ်မှာ ဆရာတစ်ဆူအဖြစ် နာမည်ကျော်ကြား အောင်မြင်မှုတွေ ရခဲ့ပေမဲ့နောက်ပိုင်းဘဝကိုဖြစ်သလိုအချိန်ဖြုန်းနေတဲ့ စတစ်ဆိုတဲ့သူက တစ်ရက်မှာအလာလားအများရှိပြီးတော်တဲ့ တက်သစ်စကောင်လေးကိုတွေ့သွားပါတယ်။အဲဒီနောက် ကောင်လေးရဲ့နည်းပြလုပ်ဖို့ဆုံးဖြတ်ပြီးတဲ့နောက် စတစ်ဘဝအကြောင်းတွေသူတို့နှစ်ယောက်ဘယ်လိုပြိုင်ပွဲတွေ ဆက်ပြိုင်သွားမယ်ဆိုတာတွေကိုမြက်ခင်းစိမ်းစမ်းပေါ်မှာ မြင်တွေ့ရမှာြဖစ်ပါတယ်။ အတင်းလုပ်ယူမထားတဲ့ ဟာသတွေ၊ဘ၀ရဲ့ထင်မှတ်မထားတဲ့ တစ်ဆစ်ချိုး အပြောင်းအလဲတွေကိုအကောင်းဆုံး မီးမောင်းထိုးဖော်ပြထားတာကြောင့်ဂေါ့ဖ်အားကစား ပရိသတ်တစ်ယောက် မဟုတ်ရင်တောင် သဘောကျမိသွားစေလောက်တာပြီးအတော်လေး လှပတဲ့ ရှုထောင့် ရိုက်ချက်တွေကြောင့်သာမန် ဂေါ့ဖ်အားကစားကိုအခြေခံရိုက်ကူးထားတဲ့ စီးရီးတစ်ခုထက်ကိုပိုပါတယ်။ဂေါ့ဖ်အကြောင်းနားမလည်ရင်တောင် ကြည့်လို့ကောင်းတာမလို့sports drama စီးရီးကောင်းကောင်းရှာနေရင်တော့ ဒီစီးရီးညွှန်းပေးချင်ပါတယ်ဗျာ။Ongoing============================================== File size…    800 MB /  400MB Quality… BluRay 1080p / 720p Format… mp4 Duration…. 45m Genre ..... Comedy/Drama Subtitle…. ...
7.2
TMDb: 7.2/10 19 votes
tv

Stick (2025)

2025
Government Cheese (2025) 5.5
Government Cheese (2025) Season 1 အပိုင်း ( ၁ မှ ၁၀ ) အထိ  စ / ဆုံး ဒီ series လေးကတော့ ၂၀၂၅ ခုနှစ်ထွက် Family/Comedyအမျိုးအစား Series လေးဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ on going ဆက်လက်ထွက်ရှိနေဆဲဖြစ်ပြီး IMDb rating 6.2/10 ရရှိထားပါတယ်။ဟမ့်တန်ချိန်ဘာ ဟာ ချက်လက်မှတ်အတုပြုလုပ်မှုနဲ့ထောင်ထဲရောက်နေသူပါ၊ ငယ်စဉ်ကတည်းကလည်းထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လိုသွားနေသူမို့ သိပ်မစိမ်းလှပါဘူး။ ဒီလိုနဲ့ နောက်ဆုံးနောက် ၃နှစ်ကျသွားချိန်မှာတော့သူ့ကိုယ်သူပြုပြင်ပြောင်းလဲဖို့ စပြီးကြိုးစားပါတော့တယ်။စက်မှုလက်မှုစိတ်ဝင်စားတဲ့ ဟမ့်တန် ဟာ ထောင်ထဲမှာနေစဉ်အတွင်း အလိုအလျောက်ချွန်နိုင်တဲ့ လွန်ပူစက်တစ်ခုကို တီထွင်ခဲ့ပါတယ်။ အပြင်ပြန်ရောက်တဲ့အခါဒီနည်းပညာနဲ့ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။ဒီလိုနဲ့ပဲ စိတ်အားတက်ကြွနေခဲ့တဲ့ ဟမ့်တန်ဟာ‌ ထောင်ကလွတ်လာချိန်မှာတော့ မြို့ရဲ့လူမိုက်စီးပွားရေးညီနောင်တစ်အုပ်ကို မမျှော်လင့်ပဲအကြွေးတွေတင်၊ ဇနီးနဲ့သားနှစ်‌ယောက်တို့နဲ့လည်း အနေအရမ်းဝေးခဲ့တာကြောင့်သွေးအေးပြီး အပူမီးဝိုင်းကာ ဂယက်ထပါတော့တယ်။ဟမ့်တန်တစ်ယောက် အကြွေးဂယက်တွေ ဘယ်လိုဖြေရှင်းမလဲ...မိသားစုပြဿနာတွေရော ပြေလည်သွားနိုင်မလား ....ဟာသရောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ series ကောင်းလေးဖြစ်တာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။    File ...
5.5
TMDb: 5.5/10 5 votes
tv

Government Cheese (2025)

2025
Your Friends & Neighbors (2025) 6
Your Friends & Neighbors (2025) ဒီစီးရီးက Apple TV+ မှာပြသမယ့် ဒရာမာတစ်ခုဖြစ်ပြီး ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းတယ်ဗျဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က Andrew Cooper လို့ခေါ်တဲ့ လူတစ်ယောက်ပါ သူ့ကို Coop လို့လည်း ခေါ်ကြတယ် Coop က နယူးယောက်မှာ အောင်မြင်တဲ့ ရန်ပုံငွေစီမံခန့်ခွဲသူတစ်ယောက်ပေါ့ ဘဝက ပြီးပြည့်စုံတယ်လို့ ထင်ရပြီး မိသားစုနဲ့ ဇိမ်ခံဘဝမှာ နေနေတာ ဒါပေမယ့် ရုတ်တရက် သူ့ဘဝကြီးက အဆုံးအစမရှိ ပြိုလဲသွားတယ်ဗျာ အလုပ်ကနေ အပြစ်တင်ခံရပြီး ထုတ်ပယ်ခံရတယ်တစ်ဖက်မှာလည်း သူ့ရဲ့အိမ်ထောင်ရေးက ကွာရှင်းထားတာကြောင့် ပြီးသွားပြီ ဒီလိုနဲ့ သူ့ဘဝကို ဆက်လက်ထိန်းသိမ်းဖို့ ပိုက်ဆံလိုတယ် သူ့သားသမီးတွေကိုလည်း အရင်လို ဇိမ်ကျကျ ထားချင်တယ် ဒါပေမယ့် အလုပ်လည်းမရှိ ဝင်ငွေလည်းမရှိတော့ ဘာလုပ်မလဲဗျာCoop တစ်ယောက် ဘာကြံရင်ကောင်းမလဲလို့ တွေးရင်း ရုတ်တရက် အကြံတစ်ခုရလိုက်တယ် သူနေတဲ့ Westmont Village ဆိုတဲ့ ချမ်းသာတဲ့ရပ်ကွက်ထဲက သူ့အိမ်နီးချင်းတွေဆီကနေ ခိုးဖို့ပဲဗျ ဟုတ်တယ် သူတို့အိမ်တွေထဲ ခဏခဏခိုးဝင်ပြီး တန်ဖိုးကြီးပစ္စည်းတွေ ယူပစ်တော့တာပဲ ဒီလိုခိုးရင်း သူ့ဘဝကို ဆက်ထိန်းထားလို့ရမယ်လို့ ...
6
TMDb: 6/10 8 votes
tv

Your Friends & Neighbors (2025)

2025
Dope Thief (2025) 6.7
Dope Thief (2025) Season ( 1 )အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့Drama/Action အမျိုးအစား Mini-series လေးပဲဖြစ်ပါတယ်ဒီကားလေးဟာဆိုရင် Dope Thief ဆိုတဲ့ နာမည်အတိုင်းပဲတရားမဝင်စိတ်ကြွမူးယစ်ဆေးများကို ခိုးယူကြမယ့်သူငယ်ချင်းနှစ်ယောက်အကြောင်းကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်.....နာမည်ကျော်ဒါရိုက်တာ Ridley Scott ကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားတာဖြစ်လို့ သွက်သွက်လက်လက်နဲ့ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်...Raymond နဲ့ Manny ဟာ သူငယ်ချင်းတွေဖြစ်ပြီး မူးယစ်ဆေးရောင်းဝယ်သူများကို မူးယစ်ရဲဟန်ဆောင်ကာ ဝင်ရောက်ဖမ်းဆီးတတ်ကြသူတွေဖြစ်ပါတယ်.မူးယစ်ရဲများနည်းတူ ပုံစံတကျဟန်ဆောင်ဖမ်းဆီးတတ်သူနှစ်ယောက်ဟာ အောင်မြင်မှုများလည်းအကြိမ်ကြိမ်ရရှိကြပါတယ်လုပ်ငန်းအသေးလေးတွေကိုပဲ ပစ်မှတ်ထားသူနှစ်ယောက်ဟာတစ်ရက်မှာတော့ ဖယ်ဒရယ်အေးဂျင့်များကိုယ်တိုင်အသွင်ယူစုံစမ်းနေတဲ့ မူးယစ်ဆေးရောင်းဝယ်သူများထံ လိမ်လည်မိပြီးနောက်၎င်းတို့နှစ်ယောက်ထံ ရေဒီယိုကနေတဆင့် ပဟေဠိဆန်တဲ့လူတစ်ယောက်ရဲ့ အသံကိုကြားရပါတော့တယ်.၎င်းတို့ရဲ့အသက်ကိုပါ ခြိမ်းခြောက်လာတဲ့ ထိုသူ့ကို ကြောက်ရွံ့လျက်ရှောင်တိမ်းဖို့ဖြစ်လာတဲ့အခါမှာတော့…ဒီကားလေးဟာဆိုရင် တစ်ပတ်တစ်ပိုင်းထွက်မယ့် Mini-Seriesလေးဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲလေးဖြစ်ပြီးသူငယ်ချင်းနှစ်ယောက်ရဲ့ ဖိအားများအောက် ပဋိပက္ခဖြစ်မှုများပဟေဠိဆန်တဲ့အသံပိုင်ရှင်ရဲ့ခြိမ်းခြောက်မှု မူးယစ်ဆေးလောကရဲ့ရှုပ်ထွေးမှုတို့ကို တင်ဆက်ပြသထားလို့ ရုပ်ရှင်ချစ်ပရိသတ်များမြည်းစမ်းကြည့်ရှုခံစားနိုင်ကြစေရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ...........  File Size ...
6.7
TMDb: 6.7/10 15 votes
tv

Dope Thief (2025)

2025
Disclaimer (2024) 6.7
Disclaimer (2024) Disclaimer (2024) IMDb - 7.2/10အသစ်ထွက်ရှိလာတဲ့ Cate Blanchettနဲ့ Kevin Klineတို့ အဓိကပါဝင်ထားပြီး အပိုင်းခုနစ်ပိုင်းနဲ့ psychological thrillerအမျိုးအစား ဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။Harry Potter and the Prisoner of Azkaban (2004)ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Alfonso Cuarónရဲ့ လက်ရာဖြစ်တာမို့ ကြည့်ဖို့တန်မဲ့ စီးရီးဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ အတိတ်ကနာကြည်းစရာတွေနဲ့ သူတို့ရဲ့ အပြစ်ရှိစိတ်၊ လက်စားချေလိုမှုတွေနဲ့ အားပြိုင်ကြပုံကို မြင်တွေ့ကြရမှာပါ။ နာမည်ကျော် မှတ်တမ်းဆောင်းပါးသတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကတ်သရင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကျော်ကြားမှုတွေနဲ့အတူ သားဖြစ်သူကို ထိန်းကျောင်းဖို့ကြိုးစားနေတဲ့အချိန်။ ခင်ပွန်းဖြစ်သူမသိအောင် ဖုံးကွယ်ထားခဲ့တဲ့အကြောင်းအရာတွေက ဘယ်သူထုတ်ဝေလိုက်မှန်းမသိတဲ့ ၀တ္ထုထဲမှာပါလာပြီး အတိတ်ရဲ့ အရိပ်က သူ့အပေါ်လွှမ်းမိုးလာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)File Size – 800MB (Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, MysteryTranslator ...
6.7
TMDb: 6.7/10 6 votes
tv

Disclaimer (2024)

2024
Me Season 1 (2024) 6.476
Me Season 1 (2024) Me ( 2024 )ဒီဇာတ်လမ်းက စူပါဟီးရိုးကားလိုလိုနဲ့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပါပဲ။ အဓိကဇာတ်ကောင်က ဘန်ဆိုတဲ့ ၁၂နှစ်သားကောင်လေး။ သူ့စွမ်းအားလိုဖြစ်နေတဲ့အရာက တခြားလူအဖြစ်ပုံစံပြောင်းပစ်နိုင်တာပေါ့။ ဒီအစွမ်းကို သူဘယ်မှာစသိလဲဆိုတော့ သူ့အမေ နောက်အိမ်ထောင်ပြုတဲ့ဆီ သူသွားနေတဲ့အချိန်မှာစတယ်။ သူတို့မိသားစုမှာ ပထွေး သူ့အမေ သူ သူ့ပထွေးရဲ့သမီး ။ ၄ယောက်ရှိတယ်။ သူ့ပထွေးရဲ့သမီးကတော့ သူ့အခင်ဆုံး သူငယ်ချင်းလိုနေပေးပေမဲ့ ကျောင်းအသစ် အိမ်အသစ် မိသားစုအသစ်နဲ့ဆိုတော့ သူ့အတွက် ဖိအားတွေများနေခဲ့တယ်။ ဒီလိုနဲ့ နောက်နေ့မနက်သူနိုးလာတော့ သူက သူမဟုတ်တော့ဘူး။ တခြားလူတစ်ယောက်အဖြစ်ပြောင်းသွားတယ်။ သူ့စွမ်းအားကို သူမထိန်းချုပ်နိုင်သေးတော့ သူ့စွမ်းအားအကြောင်း ဘာလို့ ဒီလိုဖြစ်ရတဲ့အကြောင်း သူ့ပထွေးရဲ့သမီး သူ့အစ်မနဲ့အတူတူ အဖြေရှာဖို့လုပ်ကြတယ်။စူပါဟီးရိုးကားလိုလိုလို့ပြောခဲ့တာက ဒီကားက စူပါပါဝါလိုအရာတွေ ပြထားပေမဲ့ တကယ်တမ်း meဆိုတဲ့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်ရှာတာကို ပိုအသားပေးထားလို့ပါပဲ။ ကိုယ်ဘယ်လိုလူမျိုးဖြစ်ချင်လဲ ကိုယ်ဘာဖြစ်ချင်လဲ သိအောင်လုပ်တဲ့ ကလေးလေးတစ်ယောက်အကြောင်းပေါ့။ စူပါပါဝါတစ်ခုရဖို့ထက် ကိုယ်ဘယ်လိုလူဖြစ်ချင်လဲ ကိုယ်သိအောင်လုပ်ဖို့က ...
6.476
TMDb: 6.476/10 21 votes
tv

Me Season 1 (2024)

2024
Sugar (2024) 7.833
Sugar (2024)  Apple TV ရဲ့ လတ်တလောထွက်ရှိထားပြီး Rating 8 လောက်ထိရထားတဲ့ လူကြည့်များနေတဲ့ Crime Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် Batman ကားထဲမှာလည်း Villan Penguin အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး A-tier list အဆင့်ရှိတဲ့ မင်းသားကြီး Colin Farrell က ဦးဆောင်ပါဝင်ထားပါတယ်ဒီဇာတ်လမ်းတွဲမှာ Colin Farrel ကို အလွတ်တမ်းစုံထောက် ဂျွန်ရှူးဂါးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်...ရှူးဂါးဟာ စုံထောက်လောက လူပျောက်ရှာတဲ့နေရာမှာ အရမ်းနာမည်ကြီးလွန်းလို့...နိုင်ငံရပ်ခြား အာရှနိုင်ငံတွေက ယာကူဇာဂိုဏ်းသားတွေကအစ ခေါ်သုံးရတဲ့ လူတစ်ယောက်ပါတယ်... အိမ်ထောင်မရှိ ကလေးမရှိ...သီးသန့်ဆန်တဲ့ဘဝနဲ့ နေထိုင်တဲ့ ဂျွန်ရှူးဂါးဟာ အမှုအပ်တဲ့နေရာကိုလိုက်ပြီး ကမ္ဘာပတ်နေရတဲ့လူဖြစ်ပါတယ်...တစ်နေ့မှာ သူငယ်ငယ်က ရုပ်ရှင်တွေမှာ အားကျခဲ့ရတဲ့ မင်းသားကြီး ဂျွန်နသန်ဆီးဂဲလ်ရဲ့ မြေးမဖြစ်သူ အိုလီဗီယာဆီးဂဲလ်ပျောက်ဆုံးမှုကို ကိုင်တွယ်ဖို့ အလုပ်အပ်လာပါတယ်...အမှုကပျင်းစရာကောင်း‌ပေမယ့် ဂျွန်နသန်ဆီးဂဲလ်မျက်နှာကြောင့် မြေးမဖြစ်သူကိုရှာဖွေပေးဖို့ လက်ခံလိုက်ပေမယ့်...တကယ့်စုံစမ်းမှုစတင်တဲ့အခါမှာ ဒီပျောက်ဆုံးမှုက ထင်သလောက် မရိုးရှင်းဘဲ ဆီးဂဲလ်မိသားစုတွေပါ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့ ဂျွန်ရှူးဂါးရဲ့ ...
7.833
TMDb: 7.833/10 21 votes
tv

Sugar (2024)

2024
Manhunt (2024) 7
Manhunt (2024)  လွတ်မြောက်ခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတကြီး အေဗရာဟမ် လင်ကွန်း လုပ်ကြံသတ်ဖြတ်ခံရတာဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး သမိုင်းအချိုးအကွေ့ကြီးဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ လင်ကွန်း သမ္မတအဖြစ်အပ်နှင်းခံရပြီး မကြာခင်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အခါ တရားခံအဖြစ် တစ်ထချ ယူဆရတဲ့ ပြဇာတ်သရုပ်ဆောင် ဂျွန်ဝိတ်ဘုသ်ကို သမ္မတကြီးလင်ကွန်း ယုံကြည်အားကိုးရတဲ့ အတွင်းရေးမှူး အက်ဒဝင် စတန်တွန်က ၁၂ ရက်တာ သစ္စာရှိရှိ ရွပ်ရွပ်ချွံချွံ လိုက်လံစုံစမ်းပြီး ရှာပုံတော်ထွက်တဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာ သမိုင်းပညာပေးအနေနဲ့ ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် လူဖြူ လူမဲခွဲခြားဆက်ဆံခံရတဲ့ခေတ်၊ ကျွန်စနစ်၊ သမ္မတ လင်ကွန်းယူဆောင်လာပေးတဲ့ လူမဲလွတ်လပ်ခွင့်၊ လင်ကွန်းသေဆုံးသွားတဲ့အခါ မျှော်လင့်ချက်ရောင်ခြည်လေး မှေးမှိန်လာမှု၊ တန်းတူညီမျှမှုရှိတဲ့ ခေတ်သစ်ကိုပြောင်းလဲဖော်ဆောင်လိုတာ၊ လူမဲတွေကို နှိပ်ကွပ်ထားတဲ့ ကျွန်စနစ်မဖျက်သိမ်းစေလိုတာ အစရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အားပြိုင်မှု စတာတွေကို လုပ်ကြံသတ်ဖြတ်သူ တရားခံကို လိုက်လံဖမ်းဆီးနေတဲ့ဇာတ်အိမ်ကို အဓိကတည်ပြီး ရိုက်ကူးထားတာဖြစ်လို့ စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့အတွက် မျက်စိမနှေးဘဲ ...
7
TMDb: 7/10 14 votes
tv

Manhunt (2024)

2024
The New Look Season 1 (2024) 8.211
The New Look Season 1 (2024) ဒီဘက်ခေတ်မှာ Dior တို့ Coco Chanel အစရှိတဲ့ ပြင်သစ်ဘရန်းတွေဟာ လူတိုင်းနဲ့ ရင်းနှီးပြီးတော့ အမျိုးသမီးတိုင်းအသည်းစွဲရတဲ့ ကမ္ဘာကျော် Luxury Brand တွေအဖြစ် ရပ်တည်နေတာပါ။ ဒီတော့ သူတို့စတင်ဖြစ်တည်လာခဲ့တဲ့ သမိုင်းလေးကို ဗဟုသုတရဖွယ်ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီ series လေးကို လက်လွတ်မခံပါနဲ့နော်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာ နာဇီတွေဟာ ပြင်သစ်ကို အဓမ္မအုပ်စိုးနေခဲ့ပြီး ပဲရစ်မှာတော့ Christian Dior ဟာ သူ့ရဲ့ တမူထူးခြားစွာ ကွန့်မြူးဆန်းသစ်လာတဲ့ ချုပ်လုပ်မှုဒီဇိုင်းတွေကြောင့် နာမည်တစ်ဟုန်ထိုး ရရှိလာပါတော့တယ်။တစ်ဖက်မှာတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ရိုးရှင်းမှုကို စံထားတဲ့ အောင်မြင်ကျော်ကြားပြီးသား ဖက်ရှင်ဒီဇိုင်နာ Coco Chanel ဟာ စစ်နှောင်းပိုင်း ကုမ္မဏီအတွင်းရေးပြဿနာ ဖြေရှင်းပြီးတဲ့နောက်မှာ Christian Dior နှင့် အပြိုင် တဖန်ပြန်လည်ဦးမော့လာပါတော့တယ်။တစ်ဖက်မှာလည်း နာဇီအုပ်စိုးမှုကို တော်လှန်နေကြတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ပတ်သက်နေပါတယ်။ဒီ series လေးမှာ ဒိတ်ဒိတ်ကြဲဖက်ရှင်ဒီဇိုင်နာနှစ်ယောက် အကြိတ်အနယ် ...
8.211
TMDb: 8.211/10 19 votes
tv

The New Look Season 1 (2024)

2024
Masters of the Air (2024) 5
Masters of the Air (2024) Masters of the Air (သွေးချောင်းစီးတဲ့-၁၀၀) Ongoing ~ IMDb - 8.8/10, Rotten Tomatoes - 85% ~ ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ...
5
TMDb: 5/10 1 votes
tv

Masters of the Air (2024)

2024
Lessons in Chemistry (2023) 7.9
Lessons in Chemistry (2023) Lessons in Chemistry (2023) ===================== IMDb Rating - 7.9/10ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို "Captain Marvel" မင်းသမီး "Brie Larson" အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ (2023)ခုနှစ်ထွက် "Lessons in Chemistry"ဆိုတဲ့ စီးရီးကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 1951ခုနှစ်ကို အခြေတည်ထားတာဖြစ်တဲ့အတွက် အဲ့ဘက်ခေတ် အပြင်အဆင် မျိုးကို ကြိုက်တဲ့သူတွေ ကြည့်ချင်လောက်မဲ့စီးရီးမျိုးပါ။ စာရေးဆရာမ Bonnie Garmusရဲ့ ကျော်ကြားခဲ့တဲ့ "Lessons in Chemistry"ဆိုတဲ့ ဝတ္ထုစာအုပ်ကို အခြေတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ မင်းသမီး Brie Larsonကို အဲ့ဘက် ခေတ် အပြင်အဆင်လေးနဲ့မြင်ရတာ အတော်မိုက်ပါတယ်။ထိုခေတ်ထိုအခါက အမျိုးသမီးသိပ္ပံပညာရှင်တွေ ရှိပေမဲ့ ရှားတဲ့ခေတ်လို့ဆိုရမှာပါ။ ကျွန်တော်တို့ရဲ့အဓိကဇာတ်ကောင် အဲလိဇဘက်ဇော့ဟာ ဓာတုဗေဒမှာ မာစတာ ဘွဲ့ရထားပြီး ပါရဂူဘွဲ့ရတွေထက်တောင် အရည်အချင်းသာလွန်ပေမဲ့ ကျား/မခွဲခြား ဆက်ဆံတတ်တဲ့ အထက်လူကြီးရဲ့ အယောင်ပြဖိန့်လုံးဖြစ်တဲ့ "ပါရဂူဘွဲ့မရထားဘူး" ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်မှာရာထူးတိုးပေးခြင်းမခံရတဲ့အပြင် လုပ်ဖော် ကိုင်ဖက်တွေဆီကနေပါ အတွင်းရေးမှူးသာသာဆက်ဆံတာကို ခံနေရသူပါ။ တစ်နေ့တော့ သူ့အရည်အချင်းကို သတိထားမိပြီး အသိအမှတ်ပြုပေးတဲ့ အလုပ် ထဲက ကြယ်ပွင့် ဓာတုဗေဒပညာရှင်ကယ်လ်ဗင်အီဗန်နဲ့ ...
7.9
TMDb: 7.9/10 2700 votes
tv

Lessons in Chemistry (2023)

2023
The Changeling (2023) 6.2
The Changeling (2023) ကလေးချင်းလဲတဲ့ မကောင်းဆိုးရွား ခေါ် Changeling ဒီ နာမည်ကိုတော့ Supernatural ဖန်တွေ၊ အခြားမှော်ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြားဖူးနေမှာပါ။ မွေးကင်းစကလေးလေးတွေကို အမေလက်ကနေ မသိအောင်ခိုးပြီး သူတို့ရဲ့ မကောင်းဆိုးရွားကလေးတွေနဲ့ ပုံစံတူ လဲလှယ်ထားတာပါ။ဒီနေရာမှာ အချို့ မူကွဲပုံပြင်တွေလည်း ရှိတတ်ပါသေးတယ်။ နတ်မှင်စာငယ်တွေက ကလေးချင်းလဲတဲ့ ပုံပြင်မျိုးလည်းရှိပါတယ်။ ဒီစီးရီးကတော့ ပဟေဠိဆန်ဆန်ရိုက်ထားတာမို့ ကလေးအလဲခံရတယ်ဆိုတာလည်း သက်သေမပြနိုင်သေး၊ ထူးဆန်းတာတွေဖြစ်နေပေမဲ့ အကြောင်းရင်းကို မသိသေးဘဲ အဖြေရှာရတဲ့အမျိုးအစားမို့ သို့လော သို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ရအောင် ဖန်တီးထားတာပါ။ပဟေဠိဆန်တဲ့ မိသားစုနောက်ခံနဲ့ လူတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်မိပြီး လက်ထပ်သွားကြတယ်။ အမျိုးသမီးလေးရဲ့မိသားစုနောက်ခံကလည်း ပဟေဠိဆန်နေပြန်တယ်။ ပိုဆိုးတာက အဲဒီအမျိုးသမီးဟာ ကလေးမရခင်မှာ စုန်းမလိုလို နတ်သမီးလိုလို သူတစ်ယောက်ဆီကနေ ဆုသုံးခုတောင်းလိုက်မိတယ်။ အဲဒီဆုတွေကိုလည်း မပြထားဘူး။ ဒီတော့ အဲဒီမိသားစုမှာ ကြောက်စရာတွေဖြစ်လာတဲ့အခါ ဇာတ်ဆောင်တွေနဲ့အတူ လိုက်အဖြေရှာရမဲ့ ဇာတ်လမ်းတွဲမျိုးမို့ အရသာရှိရှိ ကြည့်ရမှာပါပဲ။File ...
6.2
TMDb: 6.2/10 353 votes
tv

The Changeling (2023)

2023
City on Fire (2023) 7.7
City on Fire (2023) IMDB rating 6.1/10 ရရှိထားတဲ့ အသစ်ထွက် ongoing Crime/Drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၀၃ခုနှစ်ကို အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ အပိုင်း ၈ ပိုင်းထွက်ရှိမှာပါ။ မင်းသမီးချောလေး Chase Sui Wonders (Bodies Bodies Bodies/Generation)၊ မင်းသားချောလေး Wyatt Oleff (I Am Not Okay With This/IT-Stanley Urisဇာတ်ကောင်)နဲ့ မင်းသမီးချော Jemima Kirke (Girls/Conversations with Friends)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆမ်က လွတ်လပ်ပြီး ပျော်ပျော်နေတတ်တဲ့၊ ဂီတကိုရူးသွပ်တဲ့ ပေါ့ပေါ့ပါးပါးတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပါ။ တစ်ရက်မှာ အထက်တန်းကျောင်းတုန်းတူတူတက်ခဲ့တဲ့ ချာလီနဲ့ အမှတ်မထင်တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ရှက်တတ်ပြီး အဖေဆုံးပါးသွားလို့ စိတ်ဒဏ်ရာရနေတဲ့ လူငယ်လေး ချာလီက ဆမ့်ကို တွယ်တာသွားမိတယ်ဆိုပါတော့လေ။ ဆမ်က ချာလီနဲ့မတွေ့ခင်က ...
7.7
TMDb: 7.7/10 10 votes
tv

City on Fire (2023)

2023
Hello Tomorrow! (2023) 6.3
Hello Tomorrow! (2023) Hello Tomorrow! (2023) ================= IMDb Rating - 6.3/10 Comedy, Drama, Sci-fiComedy-Scifi အမျိုးအစားဇာတ်လမ်းတွဲတွေရှားပါးတဲ့ အထဲမှာ Apple TV ကနေ ထုတ်လုပ်တဲ့ Hello Tomorrow ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုမြည်းစမ်းကြည့်‌စေချင်ပါတယ်။ ယနေ့ခေတ်မှာ လကမ္ဘာပေါ်ဟန်းနီးမွန်းထွက်ပြီး အခြေချ နေထိုင်ဖို့ဆိုတာ သန်းကြွယ်သူဌေးကြီးတွေအတွက်တောင် စိတ်ကူးယဉ်ဆန်‌နေပါလိမ့်မယ်။များမကြာမီ အနာဂတ်အချိန်တစ်ခုမှတော့ လူသားကမ္ဘာ ခေတ်မီတိုးတက်လာပြီး လူနာအခြေစိုက်စီမံကိန်းဆိုပြီး လကမ္ဘာပေါ်မှာ လူသားများအခြေချနေထိုင်လာပါပြီ ။ အောက်ခြေလူတန်းစားတွေအတွက်လည်း လကမ္ဘာပေါ်က ဘ၀နေထိုင်မှုတစ်ခုဟာ သိပ်ပြီးအလှမ်းမဝေးတော့ပါဘူး။ ဒီစီးရီးမှာ အဓိကကြည့်ရမှာက လကမ္ဘာမှာ အိမ်‌ခြံမြေအကျိုး ဆောင်လုပ်တဲ့ လူတစ်စုရဲ့ ဘ၀အကြောင်းနဲ့ လုပ်ငန်းခွင် comedy များကို သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။စုစုပေါင်း(၁၀)ပိုင်းရှိတဲ့ ဒီစီးရီးကို CMမှ ဆက်တိုက်တင် ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(190 MB) / (500 MB) Quality...............WEB-DL 720p / 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Drama, Sci-Fi Translator..........Thiha Yan Nainng Encoder..............SWM 720P (190 Mb)-----------------------------------Episode(1) - Yoteshin ...
6.3
TMDb: 6.3/10 2800 votes
tv

Hello Tomorrow! (2023)

2023