Channel Myanmar

Applause Entertainment

Criminal Justice – A Family Matter (2025)
Criminal Justice – A Family Matter (2025) Criminal justice : A Family Matter 2025 အမှန်တရားဘက်တော်သားIMDb - 8.1/10Bollywood Legal dramaချစ်သူတိုင်း အကြိုက်တွေ့ကြတဲ့ Criminal justice ကတော့ ဒီနှစ်မှာ Season 4အနေနဲ့ ပရိသတ်တို့ရှေ့မှောက် ပြန်လည်ရောက်ရှိလာပြန်ပါပြီ။Season တစ်ခုတိုင်းမှာ မတူညီတဲ့အမှု မတူညီတဲ့ အနှစ်သာရတွေနဲ့ ပရိသတ်ကို မကြည့်ရမနေနိုင်အောင် ဆွဲဆောင်နိုင်လွန်းတဲ့ ဒီဇာတ်လမ်းတွဲလေးက အခုတစ်ခါမှာတော့ Family Matterဆိုတဲ့အတိုင်းပဲ မိသားစုအရေးကိစ္စကို ဦးတည်ထားတဲ့ ရာဇဝတ်မှုတစ်ခုကို ဖြေရှင်းရမှာပါ။ထုံးစံအတိုင်းပဲ ကျွန်တော်တို့ရဲ့ အမှန်တရားဘက်တော်သား ရှေ့နေကြီးမီရှရာအဖြစ် ပန်ကာ့ခ်ျထရီပသီက ပါဝင်ထားပြီး တခြားသရုပ်ဆောင်များစွာလည်း အားဖြည့်ထားတာဖြစ်လို့ ဒီseason4ကရော ရှေ့ ၃ ခုကိုအမီလိုက်နိုင်မလား အရှေ့အတွဲတွေထက်ပိုကောင်းမလားဆိုတာ ရှုစားရင်းအကဲဖြတ်ကြပါဦးစို့။ဒေါက်တာရာ့ဂ်ျနာ့ဂ်ပါလ်နဲ့ အန်ဂျူတို့က တရားဝင်ကွာရှင်းထားတာတော့မဟုတ်ကြပေမဲ့ နှစ်ဦးသဘောတူ ခွဲနေနေကြတဲ့လင်မယားနှစ်ယောက်ပါ။ သူတို့နှစ်ယောက်ရဲ့သမီးလေးအီရာမှာ Asperger's Syndrome ဆိုတဲ့ရောဂါ ခံစားနေရတဲ့အတွက်လည်း တစ်စိတ်တစ်ပိုင်းပါနေတာပေါ့။ဒါပေမဲ့ ရာ့ဂ်ျက ရို့ရှ်နီဆိုတဲ့ သူနာပြုမလေးနဲ့လည်း ချစ်သူဖြစ်နေပြီး သူတို့ရဲ့ပတ်သက်မှုကို ဇနီးဖြစ်သူအန်ဂျူအပါအဝင် အကုန်လုံးကသိထားတဲ့အပြင် အီရာကိုယ်တိုင်ကလည်း ရို့ရှ်နီက သူ့ကိုစောင့်ရှောက်ပေးနေတဲ့သူနာပြုဆိုတော့ ...

Criminal Justice – A Family Matter (2025)

2025
Hostages (2019) 6.2
Hostages (2019) Hostages 2019 ဓားစာခံIMDb - 6.8/102013 တုန်းက အတော်လေးနာမည်ကြီးခဲ့တဲ့ Israel series ကို remakeပြန်ရိုက်ထားပြီးတော့မင်းသားကြီး ရိုနစ်ရွိုင်နဲ့ မင်းသမီးကြီးတစ်စကာချိုပရာတို့နှစ်ယောက်လုံး Gold award ရခဲ့တဲ့ Hostages 2019 ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးက vd အတိုလေးတွေနဲ့ အတော်လေးhypeထားတဲ့ ဇာတ်လမ်းလေးဆိုတော့ ဇာတ်လမ်းအပြည့်အစုံကိုရှုစားလိုသူတွေ အခုပဲ CMမှာ ရှုစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ရွေးကောက်ပွဲနီးလို့ မဲဆွယ်စည်းရုံးရေးကာလ အရှိန်တက်နေတဲ့အချိန်မှာ ဝန်ကြီးချုပ်ဟန်ဒါတစ်ယောက် ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ခွဲစိတ်ရဖို့ဖြစ်လာပါတယ်။သူ့ကိုတာဝန်ယူခွဲစိတ်ပေးရမယ့် ဆရာဝန်ကတော့ အရမ်းကိုတော်လွန်း ထက်မြက်လွန်းတယ်လို့ အားလုံးက သတ်မှတ်ထားကြတဲ့ ခွဲစိတ်ဆရာဝန် မီရာအာနန်ဒီလိုနဲ့ နောက်တစ်နေ့ခွဲမစိတ်ခင်ညမှာ မီရာအာနန်ရဲ့အိမ်ကို မျက်နှာဖုံးစွပ်နဲ့ လူ 3 ယောက်ဝင်ချလာပြီးတော့ သူတို့တစ်မိသားစုလုံးကို ပြန်ပေးဆွဲပါတော့တယ်။သူတို့ကိုလွှတ်ပေးဖို့အတွက် အလဲအလှယ်က ဝန်ကြီးကို ခွဲခန်းထဲက ထွက်မလာနိုင်တော့အောင် ဇီဝိန်ချုပ်ပေးဖို့ပါတဲ့။ဒီလိုဘေးကြပ်နံကြပ်အခြေအနေကနေ မီရာအာနန်တစ်ယောက် ဘယ်လိုတွေဆက်ရင်ဆိုင်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှဖြစ်ပါတယ်)File Size –500 MB (Appx;)@EpisodeQuality ...
6.2
TMDb: 6.2/10 12 votes
tv

Hostages (2019)

2019
Black Warrant (2025) 7.7
Black Warrant (2025) Black Warrant (TV Series 2025) IMDb - 8.1/10ဘောလိ၀ုဒ်လောကမှာ ဟိုးအရင်ကနေ အခုချိန်ထိ နေရာယူထားခဲ့တဲ့ အနုပညာရှင်မျိုးဆက်ဖြစ်တဲ့ ကပူးမိသားစုထဲက ဇာဟန်ကပူးရဲ့ Netflixကနေ ထုတ်လွှင့်ပေးလိုက်တဲ့ စီးရီးအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အပိုင်းခုနစ်ပိုင်းနဲ့ထွက်ရှိလာတဲ့ ဒီစီးရီးက ဆူနေးလ်ဂူပ်တားဆိုတဲ့ ထောင်ဝန်ထမ်းအသစ်တစ်ယောက်ရဲ့ အမြင်ကနေ ဖန်တီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်သံဇာတ်လမ်းတွဲပေါ့။၁၉၈၀ကျော်ကာလ....။ထောင်ဝန်ထမ်းဖြစ်ဖို အလုပ်လျောက်တဲ့ ဆူနေးလ်။ ထုံးစံအတိုင်း အင်တာဗျူးမှာ ဘာလို ဒီအလုပ်ကိုလျောက်ချင်တာလဲမေးတော့ ထုံးစံအတိုင်းပဲ နိုင်ငံတော်ကြီးက လိုအပ်နေတာ ဘလာဘလာပေါ့။အမှန်အတိုင်းပြောဆိုတဲ့အချိန်မှာ ကျွန်တော့်မိသားစု အဆင်မပြေလို ဒီကလည်း အလုပ်ခေါ်နေလိုတဲ့။ ဒါပေမဲ့ ထောင်စောင့်တစ်ယောက်က အရပ်ရှည်ရှည် သန်သန်မာမာလူကိုလိုတာ။ ဆူနေးလ်ကကျ ပျော့တိပျော့ဖတ် အရပ်ကလည်းပုတလက်နဲ့ဆိုတော့ မင်းနဲ့မကိုက်ညီဘူးပေါ့။ ဒါပေမဲ့ ဆူနေးလ်ရဲ့ ယုံကြည်ချက်ရှိရှိ ဖြေဆိုမှုတွေကြောင့် အလုပ်ရသွားခဲ့တယ်။ဘာမှမသိနားမလည်တဲ့ ဆူနေးလ်တစ်ယောက် သပွတ်အူလိုရှုပ်ထွေးလှတဲ့ ထောင်လောကထဲကို ရောက်သွားတဲ့အခါမှာတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်မှာ တဖြည်းဖြည်း ပြောင်းလဲလာပုံကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်၊)File Size – 1 GB (Appx;)@EpisodeQuality – 1080p WEB ...
7.7
TMDb: 7.7/10 11 votes
tv

Black Warrant (2025)

2025
Mithya (2022) Season1 + 2 7
Mithya (2022) Season1 + 2 Mithya 2022ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ စီးရီးကတော့ IMDb 7.8ထိရရှိထားတဲ့Drama, Thriller စီးရီး Mithyaပဲဖြစ်ပါတယ် ဒီစီးရီးမှာဆိုရင်တော့လှည့်ကွက်တွေ ဇာတ်မြှုပ်ထားတဲ့အကြောင်းအရာတွေပါဝင်ပြီး အပိုင်း ၆ပိုင်းကိုမရိုးရအောင်ဆွဲခေါ်ပေးသွားမှာပါဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျူဟီးနဲ့ သူမရဲ့ကျောင်းသူရီဟာတို့ဟာ မထင်ထားတဲ့ ပြဿနာအသေးလေးကနေစအချေအတင်ဖြစ်ကြပြီး ပြဿနာကတစ်စတစ်စကြီးထွားလာခဲ့တာပါ အက်ဆေးတစ်ခုကို ကော်ပီကူးလာတယ်ဆိုပြီး ဆရာမဖြစ်သူ ဂျူဟီးကရီဟာ့ကိုစာမေးပွဲမှာအရှုံးပေးလိုက်ပါတယ် ရီဟာကတခြားလူမဟုတ်ပါဘူးကျောင်းအုပ်ထိန်းရေးကောင်စီအဖွဲ့ဝင်တစ်ယောက်ရဲ့သမီးပါ ရီဟာကလည်းဒီအက်ဆေးက ခိုးချတာမဟုတ်ဘဲ သူကိုယ်တိုင်ရေးထားတာပါဆိုပြီးအကြောက်အကန်ငြင်းနေပါတယ် ဒါပေမယ့် ဂျူးဟီကမယုံခဲ့ပါဘူးပြဿနာကဒီမှာတင်ပြီးမသွားပါဘူး ရီဟာကလည်း ထင်မထားအောင်ကိုမြှုပ်ကွက်တွေရှိနေတဲ့လူပါ ပြဿနာတွေတစ်စထက်တစ်စကြီးထွားလာနေချိန်မှာတော့ရုတ်တရက် ဂျူဟီးရဲ့အမျိုးသားဖြစ်သူက အသတ်ခံလိုက်ရပါတယ် ဂျူဟီးယောကျာ်းကိုဘယ်သူကသတ်လိုက်တာလဲ ဂျူဟီးထင်ထားသလို လူသတ်သမားက ရီဟာပဲလားလူသတ်သမားကိုရှာဖွေဖို့ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမှာလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့် စီးရီးကောင်းတစ်ခုဖြစ်တာကြောင့်ခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)File Size – 500MB@EpisodeQuality – 1080p WEB DLDuration – 33minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Mystery , DramaTranslator ...
7
TMDb: 7/10 1 votes
tv

Mithya (2022) Season1 + 2

2022
Zindaginama (2024)
Zindaginama (2024) Zindaginama ( 2024 ) ပုထုဇ္ဇနော ဥမ္မတ္တကောဒီတစ်ခါကြည့်ရှုသူတွေကို တင်ဆက်ပေးမှာကတော့ 2024 ခုနှစ်ထွက် Anthology series ပဲဖြစ်ပါတယ်ဗျ..Anthology series ဆိုတဲ့အတိုင်း Episode တစ်ပိုင်းချင်းစီမှာ သူမတူတဲ့ဇာတ်ကြောင်းတွေနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို မီးမောင်းထိုးတင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။One Plus One: ဝိတ်ချနေရင်း ဝိတ်ချခြင်းကိုစွဲလန်းသွားတဲ့ အမျိုးသမီးလေးအကြောင်းwagatam:စိတ်ကစဉ့်ကလျားရောဂါသည် လင်ယောကျာ်းရဲ့ ဒုက္ခနဲ့ ဇနီးသည်ရဲ့အခက်အခဲBhanwar: မတူညီတဲ့ အမျိုးသမီးနှစ်ဦးကြားက တူညီတဲ့ ကြောက်ရွံ့မှု ၊ စိုးရိမ်ပူပန်မှုတွေနဲ့ လူမှုအသိုင်းအဝိုင်းအတွင်းက အခက်အခဲများCaged:ဝါသနာပါရာကိုစွန့်လွှတ်ပြီး ဆေးကျောင်းတက်ရမယ့် ကျောင်းသားလေးရဲ့ ကိုယ့်ကိုကိုယ်လေ့လာစမ်းစစ်ခြင်းခရီးစဉ်Daily Puppet Show: အသက် ၂၆ နှစ်အရွယ် အစွဲလမ်းလွန်စိတ်ရောဂါရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးရဲ့ချစ်ဇာတ်လမ်းPurple Duniya: စိတ်ကူးယဉ်ခရမ်းရောင်ကမ္ဘာတစ်ခုနဲ့ လက်တွေ့ဘဝကြားမှာ ရုန်းကန်နေရတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး စိတ်ကျန်းမာရေးဆိုတာ သွက်သွက်ခါရူးနေတာမှမဟုတ်ဘဲ ကျွန်တော်တို့ နေ့စဉ်ဘဝမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးတွေဟာလည်း အဲဒီလူရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာနေမှုတွေကြောင့် ဖြစ်နိုင်တာဖြစ်ကြောင်းနဲ့ သူတို့တွေကို အားပေးနှစ်သိမ့်ပြီး ကူညီပေးဖို့လိုအပ်ကြောင်းတွေကို သေချာလေးပုံဖော်သွားတာကြောင့် Bollywood ပရိတ်သတ်ကြီး အချိန်ပေးရကျိုးနပ်စွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။( ...

Zindaginama (2024)

2024
Tanaav Season 1 + Season 2 1
Tanaav Season 1 + Season 2 Tanaav 2024 (တင်းမာခက်ထန်သော ဇာတ်လမ်းလေးတစ်ပုဒ်)ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ စီစင်၂ခုထွက်ရှိထားတဲ့ မှုခင်းဒရာမာစီးရီးအကြမ်းစားလေးဖြစ်ပါတယ်။အရင်က အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကဘီးရ်ဟာ အလုပ်ကနေအနားယူပြီးတော့ အေးဆေးစွာနဲ့ ယိုလုပ်ရောင်းရင်း မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေသူတစ်ယောက်ပါ။ဒီလိုနဲ့ တစ်ရက်မှာ သူအရင်က နှိမ်နင်းခဲ့ပြီးလို့ သေသွားပြီလို့ထင်နေတဲ့ အူမာရီယာဇ်ပန်သာဟာ မသေဘဲ ပြန်ပေါ်လာတဲ့အချိန်မှာ သူဟာ ပြန်လည်ပြီးတော့ အထူးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ အူမာရီယာဇ်ကို နှိမ်နင်းနိုင်ဖို့အတွက်နဲ့ ကဘီးရ်တို့အဖွဲ့ မစ်ရှင်စတင်လုပ်ဆောင်ပါတော့တယ်။ မစ်ရှင်စတင်လုပ်ဆောင်တဲ့အချိန်မှာ အူမာရဲ့ညီဖြစ်သူက စေ့စပ်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကိုသိတဲ့အခါမှာ ညီကိုအရမ်းချစ်တဲ့ အူမာဟာ ဒီပွဲကိုလာမှာပဲဆိုပြီးတော့ စေ့စပ်ပွဲမှာ ထောင်ဖမ်းဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ ကဘီးရ်တို့တပ်ဖွဲ့က အူမာကို ဖမ်းနိုင်သွားမှာလား ....... ဆက်လက်ပြီးတော့ရော ဘယ်လိုအရှုပ်တော်ပုံတွေ ဖြစ်လာဦးမလဲဆိုတာကို ကြည့်ရှုရမယ့် စီးရီးကောင်းလေးတစ်ခုပါပဲ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)File Size – 700MB (Appx;)@EpisodeQuality – 1080p WEB DLDuration –30minute (@Episode)Total Episodes:12EpsSubtitle – Myanmar HardsubFormat – Mp4Genre ...
1
TMDb: 1/10 1 votes
tv

Tanaav Season 1 + Season 2

2022
36 Days (2024)
36 Days (2024) 36Days 2024 (ရှုပ်ထွေးပွေလီ ဗီလာကြီး)လူကုံထံအသိုင်းအဝိုင်းတွေပဲနေထိုင်တဲ့ ဗီလာတစ်ခုမှာ တိုနီဟာ အိမ်တော်တော်များများကိုပိုင်ဆိုင်ပြီး ပြန်လည်အငှားချကာထားပါတယ်။တစ်ရက်တော့ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ ဒီဗီလာကို ဖာရာဆိုတဲ့ လေယာဉ်မယ်လေး ပြောင်းရွှေ့နေထိုင်တဲ့အချိန်ကနေ စပြီးတော့ ဒီဗီလာအကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ဒီရှုပ်ထွေးမှုတွေကြားမှာ ဖာရာက ဘယ်လိုတွေ ပါဝင်ပတ်သက်နေတာလဲ ....... ပြီးတော့ အိမ်ရှာလို့မရသေးလိုဆိုတဲ့အကြောင်းပြချက်နဲ့ သူငယ်ချင်းအိမ်မှာ ခေတ္တလာရောက်တည်းခိုနေတဲ့ အခြောက်မလေး တာရာကရော ဒီရှုပ်ထွေးတဲ့ဇာတ်လမ်းထဲမှာ ဘယ်လိုတွေ ပါဝင်ပတ်သက်နေဦးမလဲ....... ဗီလာမှာရှိတဲ့သူတွေကြားက ပြဿနာအရှုပ်တွေရော ပြန်လည်အဆင်ပြေသွားပြီး အရင်လိုပဲ အေးအေးချမ်းချမ်းနေရပါ့မလား ......ဒီဗီလာမှာရှိတဲ့သူတွေရဲ့ အချစ်, အမုန်း, ငွေကြေးအားပြိုင်မှုတွေ, အလိမ်အညာလှည့်ကွက်တွေနဲ့အတူ ဘယ်လိုလျှိ့ဝှက်ချက်များစွာတွေ ရှိနေမလဲဆိုတာကို ကြည့်ရှုရမယ့် အပိုင်း၈ပိုင်းပါဝင်တဲ့ ဟင်ဒီ Thriller ဝဘ်စီးရီးလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ YunnI~BpL~ToMo~KKKZ တို့ပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –40minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Mystery, CrimeTranslator – YunnI~BpL~ToMo~KKKZEncoder – YK  Episode ...

36 Days (2024)

2024
Scam 2003: The Telgi Story (2023) 8
Scam 2003: The Telgi Story (2023) Scam 2003 (IMDb 8.1/10)အလိမ်အညာဘုရင် လူတကာမျက်ခုံးမွှေး စင်္ကြံလျှောက်တဲ့ လီယိုနာဒိုရဲ့ အက်ဘီးနေးလ်ဂျူနီယာဇာတ်လမ်း catch me if you can ကို မှတ်မိကြလားမသိဘူး ခုဇာတ်လမ်းလေးကလဲ အဲဒီလိုဖြစ်ရပ်မှန်အခြေခံ လူလိမ်ဇာတ်လမ်းကို စီးရီးနဲ့ အဝကြည့်ရမှာပါအမေရိကန်များ ခဏနေပါ အိန္ဒိယမှာလည်း အဲ့လိုတစ်နိုင်ငံလုံးဂျင်းထည့်ပြီးတော့ လိမ်စားခဲ့တဲ့ ဖိုးတွမ်တီးဘုရင်တွေရှိပါတယ် ဘဝမှာအမြင့်ဆုံးကိုခုန်တက်ချင်ရင် စွန့်စားရတယ်တဲ့ ပိုက်ဆံဆိုတာ ရှာမယူရဘူး လုပ်ယူရတဲ့အရာပါတဲ့ဒါ ဒီထဲက အဓိကဇာတ်ဆောင် ဆရာကြီး အဘ်ဒူလ်တယ်ဂီက ပြောတာပါ သူက ၂၀၀၃ ခုနှစ်မှာ တံဆိပ်ခေါင်းတွေ အတုလုပ် ပတ်စ်ပို့တွေပါအတုလုပ်ပြီး နေရာအသီးသီး လူအသီးသီး ရာထူးအဆင့်ဆင့်ကို ဂျင်းပေါင်းစုံကျွေးပြီး တစ်နိုင်ငံလုံးရဲ့ ဘဏ္ဍာငွေကို ဖြတ်စားလတ်စား ကတုံးပေါ်ထိပ်ကွက်ခဲ့တာပါ သူက ခါနာပူရ်က ရထားတွဲလေးပေါ်မှာ စီးပွားရေးဘွဲ့ကြီးယူ ‌သစ်သီးရောင်းစားရာကနေ ကိုယ့်ဘဝကြီးကို မခံချင်စိတ်အပြည့်နဲ့ စီးပွားရေးပညာကို လက်တွေ့အသုံးချလိုက်တာ ဝန်ကြီးပါမကျန် အောက်က ပြာတာအဆုံး အကုန်လုံးပါ သူ့တော်ကီနဲ့အချုပ်ခံ ရူပီးကို ကုဋေနဲ့ချီပြီးကို နိုင်ငံ့ဘဏ္ဍာကနေ ထိုင်ဘုန်းပါတော့တယ်အဲ့လို ဆရာသမားရဲ့ ဉာဏ်သွားပုံကို ပရိသတ်အားလုံး လိမ်စားမယ်ဆိုရင်လဲ ပညာလေးယူ ဖိုးတွမ်တီးမလုပ်ချင်ရင်လဲ ကိုယ်ဂျင်းအထည့်မခံရအောင် ...
8
TMDb: 8/10 1 votes
tv

Scam 2003: The Telgi Story (2023)

2023
Your Honor (2020) Season 2 6.5
Your Honor (2020) Season 2 Your Honor (2021) (Season 2) IMDb 7.2/10 ThrillerSeason 1မှာ ဖြောင့်မတ်မှန်ကန်လွန်းတဲ့ တရားသူကြီး 'ဘစ်ရှင်ဂိုဆလာ'တစ်ယောက် သားဖြစ်သူ 'အက်ဘီ'ရဲ့ပြဿနာကို ဖြေရှင်းရင်းဇနီးဖြစ်သူရဲ့သေဆုံးမှုက ဒီလောက်မရိုးရှင်းဘူးဆိုတာ သိသွားခဲ့ပါတယ်။ ဇနီးဖြစ်သူဟာ 'ဆတ်ဒ်နမ်မူခီ' အဓမ္မပြုကျင့်တာကို ခံခဲ့ရတာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်ပါတယ်။'ဆတ်ဒ်နမ်မူခီ'ရဲ့သေဆုံးမှုနောက်ကွယ်မှာလည်း 'ဘစ်ရှင်ဂိုဆလာ'ရှိနေပါတယ်။ ဒီသေဆုံးမှုအတွက် 'ဘစ်ရှင်ဂိုဆလာ'ဟာ ခြိမ်းခြောက်မှုတွေအများကြီးရင်ဆိုင်နေရပြီး တစ်ဖက်မှာလည်း ဖြောင့်မတ်တဲ့တရားသူကြီးဆိုတဲ့ဂုဏ်ကို ရထားတဲ့သူမလို့ အခက်တွေ့နေပါတယ်။ ဒီအမှုတွေကို ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ။ သားနဲ့ဇနီးဖြစ်သူရဲ့တရားမျှတမှုအတွက်ရော ဘာတွေဆက်လုပ်မလဲဆိုတာကို တစ်ပိုင်းချင်း စိတ်ဝင်စားစရာကြည့်ရှုကြရမှာဖြစ်ပါတယ်။Quality : 1080p SONY WEB DL /  720pTotal Episodes : 10EpsFormat : mp4Genres :Mystery, DramaDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated by CM Bollywood TeamEncoded by YK  720p Episode 1 - Yoteshin / Userdrive ...
6.5
TMDb: 6.5/10 2 votes
tv

Your Honor (2020) Season 2

2020
Your Honor (2020)Season1 Complete 8
Your Honor (2020)Season1 Complete Your Honor-------------------------- CM ပရိသတ်ကြီးဆီကို ရေလည်လန်းတဲ့ အိန္ဒိယစီးရီးလေးတစ်ခုအရောက်ပို့ပေးလိုက်ပါပြီအိန္ဒိယကားဖြစ်နေတာတောင် IMDB rating 8.3 ရထားတယ်ဆိုတော့ လုံးဝကျွတ်ဆင်ကြီးပါပဲဗျာဘာသာပြန်နေရင်း "ဟင်...ဟာ" ဖြစ်နေရတာက အရသာတစ်ခုပါဗျို့ကဲ...review လေးကို ရှေ့ဆက်လိုက်ရအောင်ဗျာတည်ကြည်ဖြောင့်မတ်လွန်းတဲ့ တရားသူကြီးတစ်ယောက်ရှိတယ် သူ့နာမည်က "ဘစ်ရှင်ဂိုဆလာ"သူဟာ တရားဥပဒေနဲ့ပတ်သက်လာရင် အလွန်တင်းကြပ်တဲ့လူ"တရားဥပဒေအထက်တွင် မည်သူမျှမရှိစေရ"ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားတယ်ဒီလိုဂုဏ်သရေရှိတရားသူကြီးဆီမှာ"အက်ဘီ"ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်သားလေးက ပန်းနာရောဂါသည်လေးပြီးတာ့ မိတဆိုးလေးမို့ အဖေဖြစ်သူက အချစ်ပိုရတယ်သားဖြစ်သူအပေါ်မှာလည်း မျှော်လင့်ချက်အကြီးကြီးထားထားတယ်ဒီလိုနဲ့တစ်နေ့မှာတော့ သားဖြစ်သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့် ဘစ်ရှင်တစ်ယောက်ခေါင်းမီးတောက်ရတော့တာပဲသားဖြစ်သူဟာ လူတစ်ယောက်ကို ကားနဲ့တိုက်ခဲ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးလာခဲ့တယ်ဒီအထိ ဘစ်ရှင်တစ်ယောက် စိတ်မပူသေးဘူး သားလေးကငယ်သေးတော့ အပြစ်ပေါ့လျှော့နိုင်တယ်လို့တွေးတယ်ဒါပေမဲ့ အဓိကပြဿနာက အက်ဘီ ကားနဲ့တိုက်မိခဲ့တဲ့လူဟာ အင်အားကြီးဂိုဏ်းတစ်ခုရဲ့ဂိုဏ်းသားဖြစ်နေတယ်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း အဖွဲ့ဝင်တစ်ယောက်ကိုထိရင် အဲ့ထိတဲ့လူကဘယ်သူဖြစ်နေပါစေ ရေဆုံးမြေဆုံးလိုက်သတ်တတ်ကြတယ်ဒါကိုလည်း တရားသူကြီးဖြစ်တဲ့ ဘစ်ရှင်ကသိတယ်အဲ့ဒီတော့ ဘစ်ရှင်တစ်ယောက် သူ့သားအသတ်မခံရဖို့အရေး နည်းလမ်းမျိုးစုံကြံဖန်ရပြီပေါ့ဆိုတော့ ဘစ်ရှင်တစ်ယောက်ဘာဆက်လုပ်မလဲ???ဖခင်မေတ္တာက တရားသူကြီးတစ်ယောက်ရဲ့ခံယူချက်တွေကို ရိုက်ချိုးပစ်နိုင်မှာလား??သူ့သားကရော ဘာကိစ္စနဲ့ သူများကိုသွားတိုက်ရတာလဲ??ပြီးတော့ သူဘယ်လိုတွေ အကွက်ရွေ့သွားမလဲဆိုတာကိုတစ်ပိုင်းပြီးတစ်ပိုင်း ရင်တထိတ်ထိတ်နဲ့ မထတမ်းကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Thet Hnin ...
8
TMDb: 8/10 1 votes
tv

Your Honor (2020)Season1 Complete

2020
Criminal Justice (2019) Complete 8
Criminal Justice (2019) Complete တောင်းဆိုမှုတွေအရမ်းများတဲ့ Criminal Justice Season 1 ကို တင်ဆက်ပေးလိုက်ပါပြီနော် ဆက်ပြီးတော့လည်း Season 2 ကို တင်ဆက်ပေးမှာမို့လို့ စောင့်မျှော်အားပေးကြပါဦးနော်အဒီဟာ အပိုဝင်ငွေရအောင် ညဘက်တွေ တက္ကစီမောင်းတဲ့အလုပ်ကို လုပ်ပါတယ်ဒါပေမယ့် ဂြိုလ်မွှေချင်တော့ တစ်ညမှာ ကောင်မလေးတစ်ယောက် သူ့တက္ကစီကို ငှားစီးရာကနေ ကံမကောင်းခြင်းနိဒါန်းတွေ အစပြုပါတော့တယ်အဲဒီကောင်မလေးကို သူလိုက်ပို့ရင်းနဲ့ ကောင်မလေးက သူ့အိမ်ထဲ ခေါ်ပြီး အရက်နဲ့ မူးယစ်ဆေးအတူချဖို့ မြူဆွယ်ပါတော့တယ်အဲဒီလိုနဲ့ သူလည်း ပါသွားပြီး နှစ်ယောက်သား ဟိုဒင်းတွေဖြစ်ကြကာ မူးမူးနဲ့ အိပ်ပျော်သွားကြပါတော့တယ်မနက်.. သူနိုးလာတော့ သူ့ဘေးနားမှာ အဲဒီကောင်မလေးက ဓားဒဏ်ရာတွေနဲ့ သေနေတာကို သွားတွေ့ပါတော့တယ်အဲဒါနဲ့ သူလည်း တစ်ခါတည်း အချုပ်ကို တန်းခနဲကျသွားပြီး သူ့ကိုကူညီပေးမှာကတော့ ရှေ့နေ မီရှရာပဲ ဖြစ်ပါတယ်ကောင်မလေးက ဘာကြောင့်သေနေတာလဲ ကောင်မလေးနဲ့အတူရှိနေတာကလည်း သူပဲရှိတာလေ သက်သေတွေကလည်း သူ့ကိုပဲ ဦးတည်နေတာ အဲဒီတော့ ဘယ်လိုဖြစ်တာလဲပေါ့ဒါကို အဖြေရှာပေးမှာကတော့ ရှေ့နေကြီးမီရှရာဖြစ်ပြီး CM ပရိသတ်တွေလည်း သူနဲ့အတူ အဖြေရှာကြည့်လိုက်ကြရအောင်နော်File Size –  500MB / 250MBQuality – 1080p  WEB DL / ...
8
TMDb: 8/10 23 votes
tv

Criminal Justice (2019) Complete

2019
Rudra: The Edge Of Darkness (2022) Complete 8
Rudra: The Edge Of Darkness (2022) Complete Rudra:The edge of darkness(2022)ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကိုအန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီးSeason(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာသေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲMind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာသူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရောရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေmind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကိုအိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။ File Size – 600MB @Episode / 300MB@EpisodeQuality – 1080p / 720pDuration – minute ...
8
TMDb: 8/10 1 votes
tv

Rudra: The Edge Of Darkness (2022) Complete

2022
Scam 1992 – The Harshad Mehta Story 9
Scam 1992 – The Harshad Mehta Story လွန်ခဲ့သောရက်ပိုင်းအတွင်း imdb website မှာ rating အမြင့်ဆုံး စီးရီးတွေဖြစ်တဲ့ Breaking Bad,Charnobyl အစရှိသည့် စီးရီးတွေကို ကျော်ဖြတ်ပြီး India Series တစ်ခုက rating 9.8 ဖြင့် ထိပ်ဆုံးရောက်ရှိခဲ့တဲ့ သတင်းက အတော်နာမည်ကြီးသွားခဲ့တယ်၊ India နိုင်ငံကလူတွေ မင်းသားအစွဲ၊မင်းသမီးအစွဲကြောင့် မဟုတ်ပဲ ဇာတ်လမ်းကို သဘောကျလွန်းလို့ ကြည့်ပြီးတဲ့ သူတိုင်း Rating 10 ပေးခဲ့တာကြောင့် အခုလို Rating 9.8 ရပြီး ထိပ်ဆုံးရောက်သွားခဲ့ရခြင်းဖြစ်တယ်၊ ကြည့်ရှူသူများလာလို့ vote များပြီး Rating ကျလာပေမယ့် အခုအချိန်ထိ Top 10 ထဲမှာ ဆက်လက်ရှိနေပါတယ်၊ ထိုဇာတ်ကားကတော့ ယခု CM ပရိသတ်တွေကို တင်ဆက်ပေးလိုက်တဲ့ Scam 1992 : The Harshad Mehta Story ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်၊ တကယ့်ဖြစ်ရပ်မှန် ...
9
TMDb: 9/10 7 votes
tv

Scam 1992 – The Harshad Mehta Story

2020