Channel Myanmar

Aniplex

DEMON LORD 2099 (2024) 8
DEMON LORD 2099 (2024) Demon Lord 2099 (2024) ------------------------------ IMDb-6.9/10, Myanimelist-7.5/10ဒီ Anime ကတော့ Light Novel ကနေ Anime ပြန်ရိုက်ထားတာပါ။ Plot ကတော့လွန်ခဲ့တဲ့ ဟိုးခုနှစ်တွေတုန်းက Velto ဆိုတဲ့ နတ်ဆိုးဘုရင်အုပ်ချုပ်တဲ့ မသေမျိုးတွေနဲ့သူရဲကောင်း Garm တို့သေမျိုးတွေအုပ်စုဟာ စစ်မက်ဖြစ်ကြရင်း ‌မသေမျိုးတွေကျရှုံးသွားပြီးVelto လည်း အနှစ် ၅၀၀ တိုင် အိပ်စက်သွားရပါတယ်။ သူပြန်နိုးထလာတဲ့အချိန်မှာကမ္ဘာကြီးက သူအုပ်ချုပ်ခဲ့စဉ်ကလိုမဟုတ်ဘဲ လူတွေနေတဲ့ကမ္ဘာနဲ့ မသေမျိူးတွေနေတဲ့ကမ္ဘာပေါင်းစပ်သွားပြီး ခေတ်လွန်ကမ္ဘာဖြစ်နေပါတယ်။ ၂၀၉၉ ခုနှစ်ကိုရောက်နေပြီးလူတွေက မှော်ပညာနဲ့ စက်ပစ္စည်းတွေကို တွင်ကျယ်စွာပေါင်းစပ်အသုံးပြုလာကြတယ်။ကမ္ဘာကြီးကို သိမ်းပိုက်မယ်လို့ကြွေးကြော်နေတဲ့ Velto တစ်ယောက် သူ့ရဲ့ယခင်ကလက်အောက်ခံ အမတ်ခြောက်ယောက်လည်း အကွဲကွဲအပြဲပြဲနဲ့ သေတဲ့သူကသေသစ္စာဖောက်တဲ့သူကဖောက်၊ အစွမ်း‌တွေလဲပျောက်၊ အလုပ်လဲမရှိနဲ့ ဒီကမ္ဘာကြီးနဲ့အံဝင်ခွင်ကျဖြစ်ဖို့ကြိုးစားရပါတော့တယ်။ ဒီလိုနဲ့ နတ်ဆိုးဘုရင်လည်း ဘေးနားကလူမြောက်ပေးတာနဲ့ Streamer ဖြစ်သွားလေသတည်း။ သူ့ကိုသစ္စာဖောက်သွားတဲ့မသေမျိူးMarcusu က‌တော့ စက်ဆုပ်တဲ့အကြံဖြစ်တဲ့ မသေမျိူးတွေကိုလောင်စာအဖြစ်သုံးမယ့်ပရောဂျက်ကြီးကို Velto တစ်ယောက်တားဆီးနိုင်မလား။ ပျောက်ဆုံးနေတဲ့စွမ်းအင်တွေကိုပြန်ယူနိုင်ပြီး ...
8
TMDb: 8/10 26 votes
tv

DEMON LORD 2099 (2024)

2024
Ameku M.D.: Doctor Detective (2025) 7.575
Ameku M.D.: Doctor Detective (2025) Ameku MD: Doctor Dectective (2025) ---------------------------------------------- MyAnimeList - 7.1/10, IMDb - 6.8/10ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ ဂျပန် Anime ထဲက ရှားရှားပါးပါး ဆရာဝန်နဲ့ဆေးပညာစီးရီးလေးပဲဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်တွေကတော့ ရောဂါရှာဖွေစစ်ဆေးရေးဌာနရဲ့ဌာနမှူး ဒေါက်တာ Takao Ameku နဲ့ သူ့ရဲ့ လက်အောက်က ဆရာဝန်လေးဒေါက်တာ Yu Takanashi တို့ပဲ ဖြစ်ကြပါတယ်။ ဇာတ်လမ်းလေးကတော့Tenikai အထွေထွေဆေးရုံက ရောဂါရှာဖွေစစ်ဆေးရေးဌာနရဲ့ ဌာနမှူးလည်းဖြစ်၊ဆေးရုံရဲ့ ဒုတိယ အမှုဆောင် ဒါရိုက်တာလည်းဖြစ်ပြီး ဆေးရုံရဲ့ စပ်စုစိန်ဆရာဝန်ဂျပုမလေးဒေါက်တာ Takao ဟာ ထူးဆန်းတဲ့ ကိစ္စတွေ၊ အမှုတွေကို ဖြေရှင်းရတာစိတ်ဝင်စားတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုတွေ ဖြေရှင်းတိုင်း သူတစ်ယောက်တည်းလုပ်တာမဟုတ်ပဲ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ Kotori လို့ခေါ်တဲ့ ဒေါက်တာ Takanashi ကိုပါအမြဲတမ်း ဆွဲထည့်နေကြပါ။ ဒီတော့ ကိုယ့်ရဲ့ အထက်လူကြီးကိုလည်း ...
7.575
TMDb: 7.575/10 20 votes
tv

Ameku M.D.: Doctor Detective (2025)

2025
YAIBA: Samurai Legend (2025) 8
YAIBA: Samurai Legend (2025) YAIBA: Samurai Legend (2025)ဒီanimeကို Studio Witက ကိုင်ပြီး remakeပြန်ထုတ်မယ်သတင်းတက်ကတည်းက စိတ်ဝင်စားမိခဲ့တာပါ။ဘာကြောင့်စိတ်ဝင်စားမိရတာလဲဆိုရင် အရင်အဟောင်းဟာ ကျနော့်အတွက် ပထမဆုံးကြည့်ဖူးခဲ့တဲ့animeဖြစ်ခဲ့တာ‌ရယ်၊ ကျနော်အရမ်းသဘောကျတဲ့ Studio Witလက်ရာနဲ့မြင်တွေ့ရမှာရယ်၊ Detective Conan ရဲ့ဖန်တီးရှင် ဆရာGosho Ayomaရဲ့လက်ရာဖြစ်နေတာရယ်၊ Detective Conan ၊ KiKi deliveryတို့ရဲ့အသံသရုပ်ဆောင် Minami Takayamaကလည်း အဓိကဇာတ်ကောင် Yaibaရဲ့အသံကိုသရုပ်ဆောင်ပေးမှာရယ်တို့ကြောင့်စိတ်ဝင်စားခဲ့တာပါ။အဟောင်းတုန်းကတော့ ကြည့်ခဲ့တာ ကလေးအရွယ်မလို့ ဘာမှနားမလည်ခဲ့ပေမဲ့ မင်းသားရဲ့ မိစ္ဆာဓါးကိုကိုင်တွယ်ပြတဲ့ပုံကိုမြင်ပြီး အရူးထလိုက်တောင်လုပ်ခဲ့တဲ့အထိ နှစ်ခြိုက်ခဲ့ရတာပါ။ (ဘယ်လိုကိုင်တွယ်လဲတော့ spoil သလိုဖြစ်မှာစိုးလို့ မပြောတတ်ဘူးနော်)ဇာတ်လမ်းအကျဉ်းကတော့Yaibaဆိုတဲ့ကောင်လေးဟာ တောထဲမှာ အဖေဖြစ်သူ‌နဲ့အတူ နေထိုင်ကြီးပြင်းပြီး ဓါးရေးလေ့ကျင့်ရာကနေ မတော်တဆမှုတခုဖြစ်ပြီး မြို့ကိုရောက်လာခဲ့ပါတယ်။အဆိုပါမြို့မှာတော့ မင်းသားအဖေကိုလိုက်ပြိုင်နေတဲ့လူကြီးရဲ့အိမ်မှာ သောင်တင်သွားခဲ့ရာကနေ အဆိုပါလူကြီးရဲ့သမီးဖြစ်သူနဲ့ခင်မင်ရင်းနှီးခဲ့ပါတယ်။နောက်တော့ အဆိုပါကောင်မလေးရဲ့ကျောင်းကိုလိုက်သွားရာကနေ မင်းသားရဲ့မဟာပြိုင်ဖက်ကြီးနဲ့စဆုံပြီးတဲ့နောက်မှာ ကံကြမ္မာရဲ့ကျီစားမှုကနေ ရှေးဟောင်းဓါးတလက်ကိုရရှိသွားပါတော့တယ်။စွမ်းအားကြီးလှတဲ့ အဆိုပါဓါးကို Yaiba တယောက်ထိန်းချုပ်နိုင်မလား။ အထိန်းချုပ်ပဲခံရမလားတော့ စနေညတွေမှာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ DrNyan ...
8
TMDb: 8/10 4 votes
tv

YAIBA: Samurai Legend (2025)

2025
Wind Breaker (2024) 9.2
Wind Breaker (2024) Wind Breaker (2024) Genre – Anime, Action, Adventure IMDB – 7.5/10 MyAnimeList – 7.9/10လတ်တလောကမှ ထွက်ရှိထားပြီး Tokyo Revengers ထက်ကောင်းတယ်ဆိုပြီး သတင်းထွက်နေတဲ့ နောက်ထပ်ကျောင်းသားငဖိုက် Anime အသစ်လေးကို တင်ဆက်ပေးပါ့မယ်ဗျ။ အစပဲရှိသေးတာရော ဇာတ်လမ်းတည်ဆောက်ပုံ မတူတဲ့အတွက်TR ကောင်းမကောင်းဆိုတာတော့ ဖန်တွေကြားအငြင်းပွားစရာ ဖြစ်နေကြမှာပါ။ သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့လေ။ကျွန်တော့်အတွက်တော့ ဒီထဲက MC ဖြစ်တဲ့ Sakura ကအစပိုင်းကတည်းက ကြမ်းနေပြီး TR က MC ဖြစ်တဲ့Takemichi ထက်တော့ သာတယ်လို့ မြင်မိတယ်ဒါကလည်း TR မှာက Side character တွေက အဓိကကြမ်းတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီ ...
9.2
TMDb: 9.2/10 4 votes
tv

Wind Breaker (2024)

2024
I May Be a Guild Receptionist, but I’ll Solo Any Boss to Clock Out on Time (2024) 8.5
I May Be a Guild Receptionist, but I’ll Solo Any Boss to Clock Out on Time (2024)  I May Be a Guild Receptionist, but I'll Solo Any Boss to Clock Out on Time (2024)IMDb Rating (6.4) “ရုံးကို အချိန်မှန်မှန်ဆင်းချင်လို့ ဘယ်ဘော့စ်မဆို တစ်ပွေတည်း သောက်ခွက်ရိုက်မယ့် ဧည့်ကြိုမလေး”နာမည်က Alina လူကောင်က ခပ်သေးသေး လုပ်တဲ့အလုပ်က စွန့်စားသူ Guild က ဧည့်ကြိုစာရေးမ။ သူ့ဘဝမှာ သူကြိုက်တဲ့အလုပ်လေးလုပ်ပြီး အချိန်မှန် ရုံးဆင်းချင်တယ် အချိန်ပိုမဆင်းချင်ဘူးဆိုတဲ့ဟာလေး။ဒါပေမဲ့ ဧည့်ကြိုစာရေးမဆိုပြီး အထင်သွားသေးလို့မရဘူး သူ အချိန်ပိုဆင်းရတိုင်း ဘာလို့လဲဆိုတာကို အဖြေရှာသေးတာ။အဲဒါက စွန့်စားသူတွေ Dungeon တွေကို မနိုင်ကြလို့ ကြာနေပြီး အလုပ်ပုံလာပြီဆို သူကိုယ်တိုင် ဝတ်ရုံဝတ်ရုပ်ဖျက်ပြီး အဲဒီ Dungeon ထဲကကောင်တွေကို တစ်ပွေတည်း သွားသွားပြီး ဆော်ပလော်တီးတဲ့ဟာလေးဗျာ။အဲဒီမှာ သူ့နာမည်ကလည်း သတ်ဖြတ်သူဆိုပြီး လူတွေကြား ...
8.5
TMDb: 8.5/10 11 votes
tv

I May Be a Guild Receptionist, but I’ll Solo Any Boss to Clock Out on Time (2024)

2025
Rurouni Kenshin (2023) 8.3
Rurouni Kenshin (2023) IMDb 9.2/10​လေလွင့်ဆာမူရိုင်းကြီးအ​ကြောင်းက​တော့ လူတိုင်းနီးပါးသိပြီးကြ​လောက်ပြီဖြစ်လို့အညွှန်းကိုမ​ရေးခင် ဇာတ်အိမ်အ​ခြေတည်ရာ​ခေတ်ကိုအကြမ်းဖြင်း​ပြောပြချင်ပါတယ်။ဘတိုစိုင်းဘဝက​နေအနားယူပြီး အသွား​ပြောင်းပြန်ဓါးကိုကိုင်ကာ ​လျှောက်သွား​နေတာက မဲဂျီ​ခေတ်ပါ။မဲဂျီ​ခေတ်ဟာ ၁၈၆၈က​နေ ၁၉၁၂အထိ ၄၄ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ ပါလီမန်စနစ်ကိုစတင်ကျင့်သုံးကာ စက်မှု​တော်လှန်​ရေးနဲ့​စစ်တပ်ကိုလည်းခေတ်မီလက်နက်တပ်ဆင်​ရေးကိုအကြီးအကျယ်လုပ်ခဲ့ပါတယ်။မဲဂျီ​ခေတ်မတိုင် အဲဒို​ခေတ်က​တော့ ၁၆၀၃က​နေ ၁၈၆၈အထိနှစ်​ပေါင်း ၂၆၀​လောက်ကြာခဲ့ပြီး အဲဒို​ခေတ်တွင် ရှိုဂန်(စစ်ဘုရင်)များကကြီးစိုးခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ​တော့ ရှိုနန်တို့ရဲ့အာဏာ​လျော့ကျကာ ဧကရာဇ်ဘုရင်ရဲ့အာဏာဟာ ပိုပြီးကြီးမားလာခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ အ​နောက်တိုင်း ပညာရပ်နဲ့ယဥ်​ကျေးမှု​တွေလည်း အကြီးအကျယ်​နေရာယူခဲ့ပြီး ရိုးရာယဥ်​ကျေးမှုနဲ့ဆာမူရိုင်း​တွေအ​ပေါ်မှာပါ အကြီးအကျယ် သက်​ရောက်မှုရှိခဲ့တာ​ကြောင့်ဆိုင်ဂို တာခါမိုလိဦး​ဆောင်တဲ့ ဆာမူရိုင်း​တွေဟာ ဘုရင့်​တော်ဝင်တပ်ကိုပုန်ကန်ခဲ့ကြပါတယ်။ (အဲ့ဒီဇာတ်​ကြောင်းနဲ့ပတ်သတ်ပြီးကြည့်လိုလျှင် မင်းသားTom Cruiseရဲ့ the last samuraiရုပ်ရှင်ကိုကြည့်ပါ)​လေလွင့်ဆာမူရိုင်းကြီးရဲ့ဘတိုစိုင်းဇာတ်​ကောင်စဖြစ်တဲ့​ခေတ်က​တော့ မဲဂျီ​ခေတ်အကူးအ​ပြောင်းကာလ အဲဒို​ခေတ်ပြီးဆုံးခါနီးဘခုမဆွတ်​ခေတ်(1853-1867)ပါ။ဒီဇာတ်လမ်းကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့မဲဂျီ​ခေတ်အ​ပြောင်းအ​ခြေအ​နေပါ။ဇာတ်လမ်းအကျဥ်းက​တော့ ဘခုမဆွတ်​ခေတ်မှာ နာမည်ကြားရုံနဲ့ကြက်သီး​တွေပါထ​စေတဲ့ ဟိတိုခိလိ ဘတိုစိုင်းကြီးတစ်​ယောက်ဇာတ်မြုတ်ပြီး​နောက်ပိုင်းအ​ခြေအ​နေ​တွေကို ရသအစုံအလင်နဲ့ကြည့်ရမှာလို့ပဲ အပျင်းထူစွာနဲ့ အညွှန်း​​ရေးလိုက်ပါတယ်။  File Size –  286MB  @EpisodeQuality –  1080pDuration – 24 minute (@Episode)Total Episodes: ...
8.3
TMDb: 8.3/10 94 votes
tv

Rurouni Kenshin (2023)

2023
Frieren: Beyond Journey’s End (2023) 8.8
Frieren: Beyond Journey’s End (2023) IMDB – 8.9/10, MyAnimeList – 9.3/10"ခရီးဆုံးအလွန်က ခရီးရှည်တစ်ပုဒ်"Frieren ဆိုတဲ့ Elf မလေးတစ်ယောက်က လူသား သူရဲကောင်းတစ်ယောက်ရယ်၊ လူသား ဘုန်းတော်ကြီးတစ်ယောက်ရယ်Dwarf မျိုး စစ်သည်တော်တစ်ယောက်ရယ် ပါတီဖွဲ့ပြီး ၁၀ နှစ်ကြာ စွန့်စားခန်းထွက်ပြီး အမှတ်တရပေါင်းစုံနဲ့ နတ်ဆိုးဘုရင်ကို သုတ်သင်ရှင်းလင်းပြီးအကုန်ပြီးသွားတဲ့အနေအထားမျိုးကနေ ဇာတ်လမ်းကို စတည်ထားပါတယ်။ဒါပေမဲ့ နှစ်ပေါင်းထောင်ချီ နေနိုင်တဲ့ Elf မျိုးတွေဆိုတော့ သူ့အတွက် ဒါလေးက ဘဝရဲ့ အခိုက်အတန့်လေးတစ်ခုသာသာပဲပေါ့။လုပ်စရာမရှိ အဖွဲ့ဖျက်သိမ်းတော့ သူက ရိုးရာမပြတ် တစ်ယောက်တည်း ခရီးဆက် လုပ်ချင်ရာလုပ်ပေါ့လေ။အချိန်တွေက သူ့အတွက် ပြောင်းလဲတာ သူများတွေနဲ့ မတူတော့ သူ့မှာ ဒီ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ စွန့်စားဖော်တွေဆီမှာ ဘာခံစားချက်မှ မရှိသလို ဖြစ်နေတာရယ်။ဒါပေမဲ့ နှစ်တွေကြာလာတော့ သူ့လူတွေက သေတဲ့လူကသေ အိုတဲ့လူကအိုဆိုတော့ နည်းနည်းချင်းစီ သူ့ ခံစားချက်ကို မသိမသာ လာပြီး ...
8.8
TMDb: 8.8/10 369 votes
tv

Frieren: Beyond Journey’s End (2023)

2023
Bleach : Thousand-Year Blood War 8.4
Bleach : Thousand-Year Blood War Thousand-Year Blood War (2022) ============================Bleachဆိုတဲ့ဒီကာတွန်းဟာ ဂျပန်ကာတွန်းစီးရီး​တွေရဲ့ကြီးသုံးကြီးထဲမှာပါခဲ့တဲ့စီးရီးပါ(ကြီးသုံးကြီး​တွေကBleachOne pieceNarutoတို့ပါ)မူလတုန်းကတဝက်တပျက်နဲ့ရပ်ခဲ့​ပေမဲ့အခုဆိုရင် အဆုံးထိထွက်ဖို့အတွက်အပတ်စဥ်အပိုင်းသစ်​တွေထွက်လို့​နေပါပြီအခုထွက်တဲ့အပိုင်း​တွေက​တော့Soul societyမှာ အဆိုးဆုံး threadတခု​ပေါ်လာပြီးဇာတ်လိုက်ကိုယ်တိုင်လည်း အရင်ကထက် ဆယ်ဆမကပိုဂျွတ်တဲ့တိုက်ကွက်​တွေကိုရ​အောင်ကြိုးစားရမှာ​တွေကိုမြင်ရမှာပါ။ဘယ်လို​သောက်ကြမ်းဖြစ်လာမလဲ​တော့​စောင့်သာကြည့်​တော့ဗျ..ဇာတ်လမ်းအကျဥ်းကို​တော့အရင်cour​ကိုပဲပြန်​ပြောပါမယ်အိချိဂိုဆိုတဲ့​ကောင်​လေးဟာ လူတကာကိုကူညီတတ်ပြီးမဟုတ်မခံစိတ်လည်းရှိသူပါ။ ဒါ့အပြင် သူဟာ မြင်အပ်မမြင်အပ်ပရ​လောကသား​တွေကိုလည်းမြင်နိုင်စွမ်းရှိသူဖြစ်ပါတယ်။တ​နေ့မှာ​တော့ ​သေမင်းကိုပါ​တွေ့ခဲ့ပြီး အဆိုပါ​​​သေမင်းကို ​ဟောလိုးလို့​ခေါ်တဲ့မ​ကောင်းဆိုးဝါးတစ်​ကောင်လက်က​နေကယ်​ပေးလိုက်ရာက​နေ ​သေမင်းရဲ့အစွမ်း​တွေအားလုံးကိုပါအိချိဂိုဟာ စုပ်ယူမိခဲ့သလိုဖြစ်သွားပါတယ်။ အဲ့ဒီ​နောက်မှာ​တော့.....ဒီစီးရီး​လေးကိုအပတ်စဥ်တနင်္လာ​နေ့ညတိုင်းတင်ဆက်​ပေးသွားမှာပါ Episodes:13File Size: 500MB & 300MB (episode)Quality :Web-Dl 1080p,720pGenres: Animation , Action , AdventureTranslated by Dr NyanEncoded by Thit San Khant , Min Wai  Episodes 11080P   >>>UsersDrive   | Yoteshin |     MegaUp    |     Mega.NZ    | StreamSB 720P      >>>UsersDrive   | Yoteshin |   ...
8.4
TMDb: 8.4/10 1543 votes
tv

Bleach : Thousand-Year Blood War

2004
The Elusive Samurai (2024) 8.5
The Elusive Samurai (2024) The Elusive Samurai (2024) Genre – Anime, Adventure, Comedy IMDb – 8.7/10 MyAnimeList – 7.7/10“မျောက်လွှဲကျော် ဆာမူရိုင်းလေး” လာပါပြီ။ ဟုတ်ပါတယ် Anime ချစ်သူတွေအတွက် Demon Slayer Hashira Arc အပြီးမှာ အသစ်ထွက်ရှိလာခဲ့တဲ့ ဟိုးရှေးတုန်းက Shogunခေတ် အခြေခံ ဆာမူရိုင်း စွန့်စားခန်း Anime လေးပဲ ဖြစ်ပါတယ်။အပိုင်း ၁ သာ ထွက်ရှိထားသေးပေမဲ့ ဇာတ်လမ်းဇာတ်အိမ်လေး ကောင်းနေတာရယ် ရုပ်ထွက်လေးတွေက ချစ်စရာကောင်းတာရယ် ဟာသလေးတွေ ပါဝင်တာရယ် စိတ်ဝင်စားဖို့ကောင်းတာရယ်ကြောင့် ချက်ချင်း ပြန်ပေးလိုက်ပြီး တစ်ပတ်တစ်ပိုင်း ပုံမှန် တင်ဆက်ပေးသွားမှာပါ။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီစီးရီးရဲ့ မင်းသားလေးဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ၁၃၀၀ ပြည့်နှစ်တွေက Hojo Tokiyuki ဆိုတဲ့ဆာမူရိုင်းတစ်ယောက်ကို အခြေခံထားတယ်လို့ ဆိုပါတယ် ဇာတ်ကောင်နာမည်ကလည်း ဒါပါပဲ။ဇာတ်လမ်းလေးက အကျဉ်းပြောပြရမယ်ဆို ဂျပန်ခေတ် ၁၃၃၃ ခုနှစ်မှာ Kamakura မြို့ကနေ အုပ်ချုပ်နေတဲ့ ...
8.5
TMDb: 8.5/10 2 votes
tv

The Elusive Samurai (2024)

2024
NieR:Automata Ver1.1a (2024) 8.023
NieR:Automata Ver1.1a (2024) Nier Automata Ver1.1a (2023) review  "Nier: Automata Ver1.1a" Anime ဟာ 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ Action RPG ဂိမ်းတစ်ခုဖြစ်တဲ့ Nier: Automat‌a ကိုအခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ လူသားတွေစွန့်ပစ်ထားတဲ့ကမ္ဘာပျက်ကြီးအပေါ်မှာ ဂြိုလ်သားတွေဖန်တီးထားတဲ့စက်သက်ရှိတွေနဲ့ လူသားများဖန်တီးထားတဲ့လူသားပုံစံစက်ရုပ်တွေရဲ့ နောက်ဆုံးစစ်ပွဲကို အဓိကတင်ဆက်ထားပါတယ်။ အဆင့်မြင့် YoRHa တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ စစ်သားနှစ်ယောက်ဖြစ်တဲ့2B နဲ့ 9S တို့ Android စက်ရုပ်နှစ်ရုပ်ကို အဓိကဇာတ်ကောင်တွေအနေနဲ့ မြင်တွေ့နိုင်မှာဖြစ်ပြီး အလန်းစား Sword Fighting Sequence တွေနဲ့Machines VS Android Battles တွေကိုလည်း တဝကြီးရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့လည်း ဂိမ်းကို အနီးစပ်ဆုံးနဲ့ Cutscenes တွေပါမကျန်အသေးစိတ် ဂရုစိုက်ဖန်တီးထားပြီး Character Design တွေကိုလည်းဂိမ်းကနေ Anime အဖြစ်ကိုပြောင်းလဲတဲ့အချိန်မှာ မဖြစ်မနေပြောင်းလဲရမယ့်အစိတ်အပိုင်းတွေကလွဲပြီး ဂိမ်းအရသာမပျက်အောင်တင်ဆက်ထားကြပါတယ်။ Nier: Automata Ver1.1a ဟာ Nier: Automata ဂိမ်းဖန်တွေအပြင်Anime ...
8.023
TMDb: 8.023/10 108 votes
tv

NieR:Automata Ver1.1a (2024)

2023
MASHLE: MAGIC AND MUSCLES (2024) 8.1
MASHLE: MAGIC AND MUSCLES (2024) Mashle: Magic and Muscles Genre – Anime, Action, Adventure, Comedy IMDB – 7.6/10 MyAnimeList – 7.6/10Harry Potter နဲ့ One Punch Man ကိုပေါင်းစပ်ထားသလို ဖြစ်မယ့် Anime ကောင်းလေး လာပါပြီ။ Harry Potter နဲ့ တူတယ်ဆိုတာက Hogwart ကျောင်းပုံစံတွေဦးထုပ်နဲ့ အဆောင်ခွဲတာမျိုးတွေ တံမြက်စည်းပျံ Quidditch ပြိုင်ပွဲတွေမှော်ကြိမ်လုံးတွေ စသဖြင့် တခြားဟာတွေလည်း ပါဝင်ပါသေးတယ်။ One Punch Man နဲ့ တူတာကတော့ လေ့ကျင့်ခန်းအသေလုပ်ထားပြီးအသေကြမ်းထော်နေတဲ့ကောင်ပေါ့ ဒါပေမဲ့ ရုပ်တည်ကြီးနဲ့ သောက်ခွက်ပြောင်လို့အသေရယ်ရတာမျိုးရယ် ကျန်တာတော့ သိပ်ပြောလို့မကောင်းပါဘူးSpoil သလို ဖြစ်မှာစိုးလို့ ကိုယ့်ဘာသာ ကြည့်လိုက်ကြပါတော့။ ဒီလိုပြောလို့ ဇာတ်လမ်းကတော့ သူ့ဟာနဲ့သူ သီးသန့်ကွဲထွက်နေတဲ့Storyline ပါ မှော်လောကဆိုတာကိုပဲ ဖရိန်ယူထားတဲ့သဘော။ဇာတ်လမ်းကတော့ တစ်လောကလုံးက မှော်ပညာတတ်စွမ်းကြပြီးလူသားတွေရဲ့ နိစ္စဓူဝမှာ မပါမဖြစ် ရှိနေတဲ့ကမ္ဘာမှာ ...
8.1
TMDb: 8.1/10 384 votes
tv

MASHLE: MAGIC AND MUSCLES (2024)

2023
Dan Da Dan (2024) 8.774
Dan Da Dan (2024) IMDB – 8.8/10, MyAnimeList – 8.7/10ဒန်တန့်တန်လေး မထွက်ခင်ကတည်းက နာမည်ကြီး Manga ကိုAnime လုပ်မှာဆိုပြီး Hype ခဲ့ကြတာ အခု တကယ်ထွက်လာတော့လည်းCritic တွေကြား Fan တွေကြား အပိုင်း ၁ နဲ့တင် ပွဲခံနေကြပါပြီ။ကျွန်တော်လည်း Manga မဖတ်ဖူးပါဘူး ဒါပေမဲ့ အပိုင်း ၁ ကြည့်လိုက်တာတော့ ချက်ချင်းကြွေမိသွားပါတယ်။ဇာတ်လမ်းကလည်း အစကတည်းက ဝုန်းဒိုင်းကြဲ လာ ဖြစ်ချင်ရာဖြစ်မယ်ဆိုပြီး သောင်းကျန်းထားတာရယ်။- ဘဲက ဖြတ်သွားလို့ဆိုပြီး ကြွေကွဲလူငယ်ဖြစ်နေတဲ့ Ayase Momo ဆိုတဲ့ စွာတေးလန်မလေးရယ်- အတန်းထဲမှာ အမြဲတမ်း အနိုင်ကျင့်ခံနေရတဲ့ အူစကူ မှန်ကြောင်လေး Ken Takakura ရယ်ကောင်မလေးက သရဲယုံတယ် ကောင်လေးက ဂြိုလ်သားယုံတယ်အဲဒါ ၂ ယောက်သား ရန်ဖြစ်ပြီး စိန်ခေါ်တယ် “သရဲမယုံတဲ့ကောင် သရဲခြောက်တယ်ဆိုတဲ့ နေရာသွား”“ဂြိုလ်သားမယုံတဲ့နင် ဂြိုလ်သား ...
8.774
TMDb: 8.774/10 31 votes
tv

Dan Da Dan (2024)

2024
Demon Slayer: Kimetsu no Yaiba -Season4 8.671
Demon Slayer: Kimetsu no Yaiba -Season4 Demon Slayer: Kimetsu no Yaiba – To the Hashira Training S4ဟာရှီရာလေ့ကျင့်ရေးဆိုတဲ့အတိုင်းပဲ ပြီးခဲ့တဲ့Season မှာ ဟာရှီရာ ၂ယောက်နဲ့အတူ အထက်အဆင့်မိစ္ဆာ၂ကောင်ကို ဆော်ခဲ့တဲ့ တန်ဂျီရိုတို့အဖွဲ့ကို ပိုပြီး သန်မာစေလာစေဖို့ အတွက် ဟာရှီရာတွေအကုန်လုံးက သူတို့ကျွမ်းကျင်တဲ့အပိုင်းတွေကို အပြင်းအထန်လေ့ကျင့်ပေးကြမှာဖြစ်ပြီး ဟာရှီရာတွေကလည်း ပြီးခဲ့တဲ့တိုက်ပွဲအတွင်း ခန်ရိုဂျီနဲ့တိုခီတိုမှာပေါ်ထွက်ခဲ့တဲ့ အမှတ်အသားထွက်ပေါ်လာအောင်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ်။နေရောင်ဒဏ်ခံနိုင်သွားတဲ့ နဲဇူကို ကို မူဇန်ကလည်း သူ့လူတွေကိုအသုံးချပြီးတော့ ဘယ်လိုရအောင်ခေါ်ထုတ်မှာလဲ။မိစ္ဆာနှိမ်နင်းရေးတပ်ဖွဲ့ကရော ဘယ်လိုမျိုးအင်အားတောင့်တင်းအောင် လေ့ကျင့်ရေးတွေလုပ်ဆောင်မလဲဆိုတာ ဒီ Season မှာကြည့်ရှုရမှာဖြစ်ပါတယ်။File Size – 650MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 29 minute (@Episode)Total Episodes:12EpsSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Action & Adventure, Sci-Fi & FantasyTranslator – Zwe ~ ...
8.671
TMDb: 8.671/10 6000 votes
tv

Demon Slayer: Kimetsu no Yaiba -Season4

2024
Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete 8.7
Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete ပြီးခဲ့တဲ့ အတွဲ ( ၂ ) မှာတော့ တန်ဂျီရိုတို့ဟာ အထက်မိစ္ဆာ ဂယူတာရိုနဲ့ အသေအကြေတိုက်ခိုက်ခဲ့ကြပြီး နဲဇူကိုရဲ့ သွေးမိစ္ဆာအစွမ်းကြောင့် အနိုင်ရခဲ့ကြပေမဲ့ တိုက်ပွဲဒဏ်ရာတွေကြောင့် သေကောင်ပေါင်းလဲ ဖြစ်ကုန်ကာ ဆရာ့ဆရာကြီး အသံဟာရှီရာ တန်ဂန်က သူ့ရဲ့ မဟေသီလေးယောက်နဲ့အတူ အဝေးကိုထွက်ပါတယ်။အခု အသစ်စက်စက် အတွဲ ( ၃) မှာတော့ ကိုမာဝင်နေကြတဲ့ တန်ဂျီရိုတို့ သတိပြန်ရလာကြပြီး ဒဏ်ရာနည်းတဲ့ ဇဲနစ်စုနဲ့အီနိုဆူခဲတို့က မစ်ရှင်ကိုယ်စီနဲ့ ခရီးထပ်ထွက်ကုန်ကြပါတယ်။ ဒဏ်ရာပြင်းတဲ့ တန်ဂျီရိုကတော့ တစ်ယောက်တည်းကျန်ခဲ့ပြီး ဒဏ်ရာပြန်ကောင်းလာတဲ့အချိန် သူ့မှာ ဓားမရှိတော့တဲ့အတွက် ဓားအသစ်တစ်ချောင်းထပ်ယူဖို့ နီချီရင်ဓားတွေထွက်တဲ့ ဓားသွန်းရွာကို တစ်ယောက်တည်းထွက်သွားခဲ့ရင်း ဓားသွန်းရွာမှာ စွန့်စားခန်းတွေ ထပ်ကြုံရပါတော့တယ်။ဒီ မိစ္ဆာနှိမ်နင်းသူ အတွဲ ( ၃ ) ဟာဆိုရင် မူရင်း မန်းဂထဲက ဓားသွန်းရွာ ဇာတ်ကြောင်းပိုင်းကို ဖန်သားပြင်ပေါ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာရှိပြီးသား ဇာတ်လမ်းဖြစ်လို့ ထွေထွေထူးထူး ထပ်မညွှန်းတော့ဘဲ ပရိသတ်များ ကြည့်ရှုခံစားရန်အလို့ငှာ စီအမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အားပေးကြပါကုန်...။File ...
8.7
TMDb: 8.7/10 4976 votes
tv

Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete

2023
Ranking of Kings (2021) 8.195
Ranking of Kings (2021) Ousama Ranking ............................ Myanimelist 8.6/10 IMDb 8.6/10ကျ​နော်တို့ငယ်ငယ်တုန်းကဆိုရင် လူတိုင်း အိပ်ခါနီးတိုင်း ပုံပြင်​ပြောပြလုပ်ဖူးခဲ့ကြမှာ​သေချာပါတယ်။ ပုံပြင်​ကောင်း​ကောင်းတပုဒ်ကို​နား​ထောင်ရတဲ့ည​တွေဆိုရင် အိပ်ကိုမအိပ်​တော့ပဲ ပုံပြင်ဆုံးတဲ့အထိစိတ်ဝင်တစားနား​ထောင်ဖူးကြတာမျိုးလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုဒီကားတွန်း​လေးဟာလည်း ငယ်ငယ်ကအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကိုနား​ထောင်ရတဲ့အလား ဖြစ်​စေတယ်ဗျ။ ကာတွန်းဆန်တဲ့ရုပ်ထွက်​ပေမဲ့ သမာရိုးကျဇာတ်လမ်း​တွေနဲ့မတူတဲ့ ပုံပြင်​ကောင်း​လေးတစ်ပုဒ်လို့ပဲ ကျ​နော်က​တော့ဆိုချင်ပါတယ်။ ဒီစီးရီးကိုကြည့်တုန်းကဆိုရင် ဘာဖြစ်​တော့မယ်လို့ထင်ထားတာ​တွေလည်း တစ်ခုမှကိုမမှန်တဲ့အထိ ဇာတ်လမ်းအသွားအလာက လုံးဝခန့်မှန်းလို့မရပါဘူး။ ​သေချာတာတခုက​တော့ ဒီစီးရီးကိုကြည့်ရင် စိတ်ဝင်စားဖို့လုံးဝ​ကောင်း​စေရမယ်။ ဆန်းကြယ်တဲ့စိတ်ကူးယဥ်စွန့်စား​ရေးခရီးတခုကိုထွက်​နေရတဲ့အလား ဖြစ်​စေရမယ်လို့ အာမခံပါတယ်။ ဇာတ်လမ်းအမြည်း​လေးကို​ပြောပြရရင်​တော့....ဟိုး​ရှေး​ရှေးတုန်းက ​ဘော့စ်တိုင်းပြည်မှာ ဘုရင်ကြီးတပါးအုပ်ချုပ်ပါတယ်။ အဲ့ဒီဘုရင်ကြီးမှာ သား​တော်နှစ်ပါးရှိပြီး ပထမသား​တော်ကြီးက​တော့ ​မွေးကတည်းက ဆွံ့အနားမကြားပဲ အားအင်လည်းမရှိသူဖြစ်ပါတယ်။ သား​တော်အငယ်​လေးက​တော့ တိုက်ရည်ခိုက်ရည်ပါရမီရှိတာမလို့ သက်ဦးဆံပိုင်ဘုရင်​ခေတ်မှာ သား​တော်အငယ်က ထီးနန်းဆက်ခံဖို့​​ရေပန်းစားပါတယ်။ အဲ့လိုနဲ့ တ​နေ့မှာ​တော့ ဘုရင်ကြီးဟာ နာမကျန်းဖြစ်လာခဲ့ပြီး ထူးဆန်းတဲ့ကိစ္စကြီးတခုလည်းဖြစ်လာခဲ့ကာ တခါမှမမြင်ဖူးတဲ့စွန့်စား​ရေးခရီးရှည်ကြီးဟာလည်း ပရိသတ်​ရှေ့​​မှောက်ကို​ရောက်လာခဲ့ပါ​တော့တယ်။File Size – 300MBQuality – 1080p WEB DL AAC2.0CHDuration –23m Total Episodes: 23EpisodeSubtitle – Myanmar HardsubFormat – Mp4Genre : Animation , Action , AdventureTranslator ...
8.195
TMDb: 8.195/10 141 votes
tv

Ranking of Kings (2021)

2021
Demon Slayer: Kimetsu no Yaiba (Season 2) 8.8
Demon Slayer: Kimetsu no Yaiba (Season 2) အညွှန်း -------------------Season 2 မှာတော့ လူသားစားတယ်လို့ နာမည်ကြီးနေတဲ့ Mugen ရထားကြီးဆီကို မစ်ရှင်လုပ်ဖို့ထွက်လာကြတဲ့ Tanjiro တို့အဖွဲ့ဟာ Flame Hashira ဖြစ်တဲ့ Rengokuနဲ့တွေ့ဆုံပြီး သူတို့အရင်ကတိုက်ခဲ့ဖူးတဲ့ မိစ္ဆာတွေထက်အဆင့်ပိုမြင့်တဲ့မိစ္ဆာနဲ့တိုက်ရမှာပဲဖြစ်ပါတယ် သားကောင်ကို အိပ်မောကျစေပြီးမှ တိုက်ခိုက်တဲ့မိစ္ဆာရဲ့လက်ကနေ Tanjiro တို့တစ်တွေဘယ်လို လွတ်မြောက်အောင်လုပ်ပြီး တိုက်ခိုက်ကြမလဲဆိုတာ....  Note:အဆုံးမဲ့ရထား အခန်း ရဲ့ ပြန်နွှေးတဲ့ အပိုင်းတွေကို ထပ်ပေါင်းထည့်ထားတဲ့ဇတ်ကွက်အသစ်တွေ သီချင်းသစ်တွေနဲ့အတူ တနင်္ဂနွေနေ့တိုင်းထုတ်လွင့်သွားမှာဖြစ်ပါတယ်။ အပိုင်း ၁-၂-၃ ကိုတော့ ဆက်တိုက်ထွက်ရှိထားပြီး အပိုင်း ၄ ကတော့ November 7 ကျမှထွက်ပါမယ် အဲဒီနောက်ကိုတော့ တစ်ပါတ်တစ်ပိုင်းနှုန်းနဲ့ဆက်လွှင့်ပါမယ်။ Recap အနေနဲ့ စုစုပေါင်း 7 ပိုင်းထိ ထွက်ရှိမှာဖြစ်ပြီး 8 ပိုင်းမြောက်ကို‌တော့ ဒီဇင်ဘာ 5 ရက်မှာလွှင့်မယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထွက်မဲ့အပိုင်းသစ်ကတော့ တစ်နာရီကျော်ကြာ အခန်းသစ် အပိုင်းသစ်နဲ့အနေနဲ့ စထွက်လာမှာဆိုတော့ စောင့်ကြည့်ရတာတန်မှာပါ။ အဲဒီနောက် အပိုင်းသစ်တွေကိုတော့ ဒီဇင်ဘာကနေစပြီး ဆက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပြီး 2022 ထိရောက်သွားပါမယ်။ စီစင် ၂ အတွက်ကိုတော့ မန်းဂ ထဲက ‘ဆောင်ကြာမြိုင်ဝန်း’ အခန်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။  File Size ...
8.8
TMDb: 8.8/10 2904 votes
tv

Demon Slayer: Kimetsu no Yaiba (Season 2)

2019
Demon Slayer: Kimetsu no Yaiba Season 1 8.8
Demon Slayer: Kimetsu no Yaiba Season 1 Kimetsu No Yaiba(Demon Slayer) ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့ Opening song "Gurenge"က စလို့Mangaရသမ​ပျက်​​အောင် အ​ကောင်းဆုံးပုံ​ဖော်ထားနိုင်တဲ့Detailကျပြီး လှပတဲ့ animation​ရေးဆွဲချက်​တွေအလယ်၊Character တစ်ဦးချင်းစီရဲ့ပုံရိပ်ကို အ​ပီပြင်ဆုံး​ဖန်တီးနိုင်မှုအဆုံး....2019ရဲ့ ဝင်​​​ငွေအ​ကောင်းဆုံး Anime​တွေထဲကတစ်ခုအဖြစ် အငြင်းပွားဖွယ်မရှိ ရပ်တည်နိုင်ခဲ့တဲ့ Animeတစ်ခုပဲဖြစ်ပါတယ်၊ Nezukoနဲ့Tanjirouလို့ ​ပြောလိုက်တာနဲ့ ​​တန်းမြင်​စေတဲ့ Animeဆိုလည်းမမှားပါဘူးလွန်ခဲ့တဲ့နှစ်​ပေါင်းများစွာကတည်းက လူသား​တွေကိုသတ်ဖြတ်စား​သောက်ခဲ့တဲ့ Demon​တွေဟာ ​တော​တောင်​တွေထဲမှာကျက်စားတယ်ဆိုတဲ့ ယုံတမ်းစကား​တွေနဲ့အတူ ပြည်သူ​တွေကိုဒုက္ခ​ပေးလာခဲ့တာပါ၊ ဒီ Demon​တွေကို သတ်ဖြတ်​ချေမှုန်းမယ့်Demon Slayer​​​တွေကလည်း ရှိ​နေခဲ့ပါတယ်MC Tanjiro Kamadoဟာ​ ​မိသားစုနဲ့အတူ ​တောင်​ပေါ်ကအိမ်​လေးတစ်လုံးမှာနေထိုင်ရင်း မိသားစုဝမ်း​​ရေးအတွက်​တောင်​အောက်ဆင်းပြီး မီး​သွေး​ရောင်းရင်း အသက်​မွေးရသူပါ၊တစ်​နေ့ Tanjiroတစ်​ယောက် မီး​သွေး​ရောင်းရင်း အိမ်ပြန်အလာသူ့မိသားစုဟာ Demon​တွေရဲ့လက်ချက်​ကြောင့် ​​သေဆုံးနှင့်ပြီဖြစ်သလို ညီမငယ် Nezukoကလည်း အသက်မ​သေ​သော်ငှားDemonတစ်​ယောက် အသွင်​ပြောင်းသွားတဲ့အခါ....​သာယာအေးချမ်းတဲ့ဘဝထဲ ​လေမုန်တိုင်းထန်ပြီးတဲ့​နောက်သူ့မိသားစုကို သတ်သွားတဲ့မိစ္ဆာ​ကောင်ကို ကလဲ့စား​ချေဖို့နဲ့Demon​ပြောင်းသွား​ပေမဲ့ လူတစ်​ယောက်ရဲ့ ခံစားချက်​တွေရှိ​နေ​သေးတယ်လို့ သူယုံကြည်ထားတဲ့ ညီမငယ်Nezukoအတွက် လူစင်စစ်အသွင်ပြန်​ပြောင်းနိုင်မယ့် နည်းလမ်းကိုရှာ​ဖွေဖို့ Tanjiroတစ်​ယောက် ...
8.8
TMDb: 8.8/10 3017 votes
tv

Demon Slayer: Kimetsu no Yaiba Season 1

2019