Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
101 Studios
9
MobLand (2025)
MobLand (2025)IMDb Rating (8.1) / Rotten Tomatoes (79%) Tom Hardy, Helen Mirren, Pierce Brosnan တို့လို ဆရာကြီးတွေ ပါထားတဲ့ ဂန်းစတား စီးရီးကြီးတစ်ခု ထွက်လာပါပြီ။တွမ်ဟာဒီကတော့ ဟာရီဂန်စ် မိသားစုက အားကိုးရတဲ့ ပြဿနာဖြေရှင်းရေးသမားကြီးပေါ့။လန်ဒန်မြို့ပေါ်က ဂန်းစတားမိသားစုတွေ ဈေးကွက်တွေ လုကြတာ၊ အကွက်တွေရွှေ့ကြတာကို ပြထားတဲ့ စီးရီးပါပဲ။Gentlemen စီးရီး Gangs of London စီးရီးတွေလိုပဲ အထာကျပါတယ်။စီးရီးဖန်တီးတဲ့ ရိုနန် ဘန်းနက်ကိုလည်း Public Enemies တို့ Day of the Jackal စီးရီးတို့နဲ့ လူသိများကြမှာပါ။ရိုက်ထားတဲ့ ဒါရိုက်တာကလည်း the Gentlemen ဖန်တီးရှင် Guy Ritchie ပဲမို့ ဂန်းစတားစီးရီးမှာတော့ သူ့အပိုင်ပါပဲ။ဇာတ်လမ်းအကျဉ်းဟာရီဂန် ဒုစရိုက်မိသားစုက ဘိန်းဖြူလောကမှာ အင်အားအကြီးဆုံးဖြစ်ပြီး ရစ်ချီတို့ရဲ့ ဖန်တနိုင်းဈေးကွက်ကို ...
9
TMDb:
9/10
2 votes
tv
MobLand (2025)
2025
8.1
1923 (2022-2025) complete
IMDb Rating (8.3) / Rotten Tomatoes (95%)အမေရိကန်နိုင်ငံအနောက်ပိုင်းဒေသတွေကို နောက်ခံဇာတ်အိမ်တည်ထားတဲ့ ကောင်းဘွိုင်းဇာတ်လမ်း 1883 ရဲ့အဆက်ဖြစ်တဲ့ 1923 ဇာတ်လမ်းတွဲဟာ နှစ်တွဲခွဲပြီးထုတ်လွှင့်သွားမှာဖြစ်ပြီး တစ်တွဲကို အပိုင်းရှစ်ပိုင်းထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ဒီစီးရီးတွေရဲ့ ပင်မဇာတ်လမ်း Yellowstone ကိုလည်း ချန်နယ်မြန်မာမှ တင်ဆင်ထားပါပြီ။ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီးဟယ်ရီဆင်ဖို့ဒ်က မြို့ခံကော်မရှင်နာအရာရှိတစ်ဖြစ်လဲ၊ ကျွဲ၊နွားမွေးမြူရေးသမား ကောင်းဘွိုင်း အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ခေါင်းဆောင်ပါဝင်ထားပါတယ်။သားသမီးမထွန်းကားလို့ တူရဲ့သားဖြစ်သူ ဂျက်ခ်၊ သစ္စာရှိအလုပ်သမားခေါင်း ဇိန်းတို့နဲ့ အတူနေထိုင်ပြီး ဘဝကိုဖြတ်သန်းနေပါတယ်။ဂျက်ခ်ဟာ ဂျေကော့ဘ်ဒပ်တန်၊ ကာရာဒပ်တန်လင်မယားနဲ့အတူ မွေးမြူရေးခြံမှာနေပေမယ့် အခြားတူတစ်ဦးဖြစ်သူ စပန်ဆာဒပ်တန်ကတော့ ပထမကမ္ဘာစစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ပွဲမှာရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ စစ်အပြီးမှာ တောလိုက်မုဆိုးအဖြစ်အာဖရိကမှာ အသက်မွေးနေသူပါ။ပထမကမ္ဘာစစ်၊ ဥပဒေပိတ်ပင်မှုတွေနဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် ကျွဲ၊နွားခြံရှင်တွေ စားကျက်ရှားပါးလာပြီး အခက်အခဲတွေဖြစ်လာကြတဲ့အခါတောင်ထူထပ်တဲ့ အမြင့်ပိုင်းနေရာတွေကို တိရစ္ဆာန်အုပ်တွေမောင်းသွားပြီး စားကျက်ရှာဖို့ဖြစ်လာပါတော့တယ်။ပထမကမ္ဘာစစ်အပြီး အမေရိကန်ပြည်သူတွေကြုံကြရတဲ့ စီးပွားပျက်ကပ်၊ အနောက်ဘက်ဒေသရွှေ့ပြောင်းမှု၊ အရက်သေစာရောင်းဝယ်ရေးတားမြစ်မှု စတဲ့အခက်အခဲတွေကြားမှာ ဒပ်တန်မိသားစုဖြတ်သန်းကြရပုံကို ဗဟိုပြုရိုက်ကူးထားပါတယ်။အမေရိကန်နိုင်ငံ အနောက်ဘက်ဒေသ တွေရဲ့ ရှုခင်းအလှအပတွေနဲ့ ...
8.1
TMDb:
8.1/10
435 votes
tv
1923 (2022-2025) complete
2022-2025
7.9
Landman (2024)
တွမ်မီ နောရစ်ဆိုတဲ့ အမျိုးသားဟာ အနောက်တက္ကဆက်ပြည်ရဲ့ ရေနံမြေတစ်ခုက ပြဿနာစီမံကွပ်ကဲသူတစ်ယောက် ဖြစ်တယ်။ သူက သူ့နယ်ပယ်မှာတော့ ဘယ်လိုဘယ်ပုံ ကိုင်တွယ်ရမလဲဆိုတာ ဆရာတစ်ဆူလို ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်။ရေနံမြေဆိုတဲ့အတိုင်း အန္တရယ်ကလည်း များသလောက် ငွေကလည်း အတော်ရတယ်။ ရေနံလုပ်ငန်းက နိုင်ငံရဲ့ ထိပ်တန်း စီးပွားရေး ၁၀ ခုမှာ ၇ ခု မြောက် စာရင်းဝင်တယ်။ သူ့အထက် စာရင်းဝင်တဲ့ လုပ်ငန်းတွေကလည်း ဒီရေနံလုပ်ငန်းကို မှီခိုနေရတယ်။ ဒီတော့ ရေနံလုပ်ငန်းက တစ်တိုင်းပြည်လုံးရဲ့ ခရာဖြစ်လာတယ်။ ဒီလိုခရာဖြစ်နေပေမဲ့လည်း ရေနံမြေမှာ ပြဿနာတွေက နေ့တိုင်းဆိုသလို တစ်ခုပြီးတစ်ခု မထင်ရင်မထင်သလို ထတက်တယ်။ တစ်နေ့တော့ ရေနံမြေမှာ ပေါက်ကွဲမှုတစ်ခုကြောင့် တွမ်မီတို့ ကုမ္ပဏီဟာ အရှုံးပေါ်လုနီးပါး အခြေအနေတွေ ဖြစ်သွားတယ်။ဒီကြားထဲ မိတ်ဆွေအရေး သားသမီးအရေး သာရေးနာရေး ကိစ္စပေါင်းစုံကလည်း ဝင်ရှုပ်ပါသေးတယ်။ ဒီလို ပြဿနာတွေကြားကနေ တွမ်မီနောရစ်တစ်ယောက် လုပ်ငန်းကြီး ...
7.9
TMDb:
7.9/10
29 votes
tv
Landman (2024)
2024
7.8
The Agency (2024)
IMDb 7.2/10 နဲ့ Rotten Tomatoes 67% ရထားတဲ့ Series ကောင်းတစ်ခုပါပဲ။ဇာတ်လမ်းကတော့ ခြောက်နှစ်လောက်သူလျှိုလုပ်နေတဲ့ CIA Agent မာရှန်က လန်ဒန်စခန်းကို ပြန်အခေါ်ခံလိုက်ရတာကစပါတယ်။အကြောင်းရင်းက သူတို့ CIA Agent တစ်ယောက်ဖြစ်တဲ့ ခါရိုတီက DUI charge နဲ့အဖမ်းခံလိုက်ရလို့ပါ။ပြဿနာက ဘာလဲဆိုတော့ ခါရိုတီပျောက်သွားတာပါ။ ဖြစ်ချင်တော့ အဲ့ဒီအေးဂျင့်က CIA ရဲ့ အော်ပရေးရှင်းတော်တော်များများကိုသိနေပြီး သူလျှိုအေးဂျင့်အများအပြားကိုပါ ဖော်လိုက်နိုင်စွမ်းရှိနေတဲ့သူဖြစ်နေပါတယ်။ဒါကြောင့် မာရှန်က ခြောက်နှစ်တာမစ်ရှင်ကိုပစ်ထားခဲ့ရပြီး ခါရိုတီရှာပုံတော်ဖွင့်ရပါတော့တယ်။Cast တွေအနေနဲ့ကတော့ မာရှန်အဖြစ် Michael Fassbender , ဘောစကိုအဖြစ် Richard Gere နဲ့ နယိုမီအဖြစ် Katherine Waterston ကပါ၀င်ထားပါတယ်။ စပိုင်ဇာတ်ကားတွေကြိုက်ရင်တော့ မလွှတ်သင့်ပါဘူး။ File size…(1 GB)/(482 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min ...
7.8
TMDb:
7.8/10
25 votes
tv
The Agency (2024)
2024
6.8
Special Ops: Lioness (2023)
Special Ops: Lioness (2023) ==================== IMDb Rating - 6.8/10အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုအကြောင်း ရိုက်ကူးထားတဲ့ စီးရီး ကောင်းတစ်ခုပါ။ ဒါရိုက်တာကတော့Yellowstone, Wind River တို့လို ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ Taylor Sheridan ပါပဲ။ မင်းသမီးကတော့ Avatar ထဲက နတေးရီးအဖြစ်၊ GotG ထဲက ဂါမိုရာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Zoe Saldana ပါပဲ။ သူနဲ့အတူ နီကိုးကစ်မန်း၊ မောဂန်ဖရီးမန်းတို့လည်း ပါပါသေးတယ်။ ဒီတော့ စီးရီးအနေနဲ့ကြည့်ရင်တော့ သရုပ်ဆောင်အကြီးတန်း အတော် သုံးထားသလိုပါပဲ။ဇာတ်လမ်းအကျဉ်း အာဖဂန်၊ အီရတ်ရှေ့တန်းတွေမှာ ဖမ်းမိတဲ့အမျိုးသမီးတွေကို စစ် ဆေးဖို့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ရှာရာကနေ ခြင်္သေ့မအထူးတပ်ဖွဲ့ ဆိုတာပေါ်လာပါတယ်။ အဲဒီအဖွဲ့ဝင်အမျိုးသမီးတွေဟာ အရေးကြီး ပစ်မှတ်တွေရဲ့ ဇနီး၊ ရည်းစား၊ မိသားစုဝင်တွေကို အသွင်ယူပြီး ခင် အောင်ဝင်လုံးရပါတယ်။ အဲဒီကနေမှာ ပစ်မှတ်ရဲ့သတင်းကို စုဆောင်း ပြီး အထူးတပ်ဖွဲ့တွေက လုပ်ကြံတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ စပိုင် ဆန်ဆန် thriller ဇာတ်လမ်းကိုမှ စစ်ဆင်ရေးနဲ့တိုက်ပွဲတွေ ပေါင်းစပ် ထားတာမို့ ကြည့်လို့ကောင်းမယ့် စီးရီးတစ်ခုပါပဲ။ စုစုပေါင်း(၈)ပိုင်း ပါဝင်ပြီး ...
6.8
TMDb:
6.8/10
1210 votes
tv
Special Ops: Lioness (2023)
2023
8.4
Tulsa King (2022)
Tulsa King (2022)==============မင်းသားကြီးစတားလုံးရဲ့ အထာကျကျ၊ အမိုက်စား မာဖီးယားစီးရီးအသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Rockyမင်းသားကြီးစတားလုံးရဲ့ ငါမအိုသေးဆိုတဲ့လက်သီးစွမ်းတွေကို တဝကြီးတွေ့ရဦးမှာပါ။Dwight Manfrediဆိုတဲ့ နယူးယောက်မြို့က မာဖီးယားဘဲကြီးဟာ ထောင်(၂၅)နှစ်ကျခံပြီး ပြန်လွတ်လာတဲ့အခါ ဘော့စ်ဖြစ်သူက သူ့ကို အဖွဲ့ထဲ ခေါ်မထားချင်တော့ဘဲ နယ်ဘက်ကို ပထုတ်ဖို့ကြံခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Oklahomaပြည်နယ်က Tulsaဆိုတဲ့ မြို့လေးကို နှင်ထုတ်ခံလိုက်ရတဲ့ Dwightတစ်ယောက် ဘာဆိုဘာမှမရှိတဲ့ နယ်မြို့ကနေ တစ်ကတဖန်ပြန်စပြီး တစ်စင်ထောင်ပြီး အင်အားကြီးဂိုဏ်းတစ်ခုဖန်တီးကာ ပြန်ရင်ဆိုင်ဖို့ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ မာဖီးယားဖြစ်တာနဲ့အညီ အပြောကလည်း သွေးအေးသလို လက်သံကလည်းအတော်ပြောင်လို့ မင်းသားကြီးရဲ့ ပရိသတ်တွေရော၊ Crime စီးရီးကြိုက်သူတွေရော သဘောကျကြမှာပါ။တစ်ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီး cmမှ အပတ်စဥ်တင်ဆက်ပေးသွားပါ့မယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ JimX ဖြစ်ပါတယ်။) Season 1 File Size.............(300 MB) / (600 MB) Quality...............WEB-DL 720p / 1080p Duration............40Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama Translator..........JimX Encoder..............SWM720P ...
8.4
TMDb:
8.4/10
4000 votes
tv
Tulsa King (2022)
2022
10
Mayor of Kingstown (2021) + Season-2 (2023) + Season-3 (2024)
ဒီစီးရီးကတော့ အတော့်ကို ကောင်းပါတယ် လတ်တလော နှစ်ပိုင်းထွက်ထားတာကို tmdb rating 10/10 ရထားပြီး။ ရိုက်ထားတာကလည်း ရုပ်ရှင်အဆင့်လောက်ရှိတယ်။ မင်းသားတွေကလည်း ဆရာတွေချည်းပဲ။ ကြည့်ကြည့်လိုက်ပါ။ကင်းစ်တောင်းမြို့ ( Kingstown )ဆိုတာ ၇ မိုင် ပတ်လည်တိုင်းမှာ ထောင် ၁ ခုရှိပြီး ထောင်သူ/သားတွေ နေထိုင်ရာ မြို့ဖြစ်ပါတယ် ဒီမြို့မှာ မက်လက်စကီ မိသားစုက အာဏာကိုချုပ်ကိုင်ထားတဲ့ သူတွေဖြစ်ပြီး မြို့တော်ဝန် မိသားစုလို့ လူတွေက ခေါ်ကြတယ် မစ်ချ်၊ ဂျိမ်းစ်၊ ကိုင်းလ်တို့ ညီအစ်ကိုသုံးယောက်ဟာ ထောင်သားတွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုပ်ပေးတဲ့သူတွေဖြစ်ပြီး ဒါနဲ့ပဲ မိသားစုတစ်သက် အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူတွေပါ။မြို့ရဲ့ ရဲတွေ တရားစီရင်ရေးတွေ ထောင်အစောင့်တွေ အာဏာပိုင်တွေကို အိပ်ကပ်ထဲထည့်ထားပြီး ဥပဒေကို လိုသလိုအသုံးချတဲ့ မြို့တော်ဝန်ညီအစ်ကိုဖြစ်ပါတယ်. တစ်နေ့ ထောင်ထဲက မစ်ချ်ရဲ့ မိတ်ဆွေဟောင်း မိုင်လို အကူညီတောင်းတာကို လုပ်ပေးရင်းနဲ့ ...
10
TMDb:
10/10
2 votes
tv
Mayor of Kingstown (2021) + Season-2 (2023) + Season-3 (2024)
2021
7.6
Lawmen: Bass Reeves (2023)
Lawmen: Bass Reeves (2023) ===================== IMDb Rating - 7.6/10 History , Drama , Crime(function(f,b,n,j,x,e){})();ကျွန်ဘဝကနေ လွတ်မြောက်လာပြီး အမေရိကန်ရဲ့ ပထမဆုံး လူမည်း ရဲအရာရှိဖြစ်လာတဲ့ ဘက်စ်ရိစ်ရဲ့ အကြောင်းကိုရိုက် ကူးထားတဲ့ western ဇာတ်လမ်းတွဲကောင်းဖြစ်ပါတယ်။ Rating 7.6 နဲ့ အတော်လေးကောင်းပြီး ရှားပါးတဲ့ သမိုင်းနောက်ခံဇာတ် လမ်းလည်းဖြစ်ပါတယ်။အမေရိကန်ပြည်တွင်းစစ်ပွဲမှာ ကူတိုက်ခဲ့ပြီး ...စစ်ပွဲအပြီး မိမိ သခင်ကို သတ်ပြီးထွက်ပြေးလာခဲ့တဲ့ လူမည်းကျွန် ဘက်စ်ရိဗ် ဟာ အင်ဒီးယန်းလူနီတွေရှိရာ အရပ်မှာ ဇာတ်မြှုပ်နေခဲ့ပါတယ်။ တစ်နေ့သူတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်ထဲက လူဖြူအရာရှိ တစ်ယောက်ကို သံကြိုးတွေနဲ့တွေ့လိုက်ရတာကြောင့် အံ့အား သင့်ပြီး မေးလိုက်မှ အမေရိကန်သမိုင်းကြောင်းပြောင်းလဲသွား တာ သူသိလိုက်ရတယ်။ သမ္မတလင်ကွန်းအနိုင်ရသွားပြီး လူမည်း ကျွန်တွေအားလုံး လွတ်မြောက်ခဲ့ပြီဆိုတာ သိလိုက်တာကြောင့် သူ့မိန်းမရှိရာ မစ္စစပီ အနောက်ဘက် မြစ်ကမ်းဒေသကို ပြန်လာ ခဲ့ပါတယ်။ မိန်းမဖြစ်သူနဲ့ ပေါင်းဖက်ပြီးအေးချမ်းတဲ့ ဘဝလေး ကိုဖြတ်သန်းနေရင်း ဘက်စ်ရဲ့ ဘဝထဲကို အပြောင်းအလဲတွေ ဝင်လာပါတယ်။ နိုင်ငံကို ပြုပြင်ပြောင်းလဲနေချိန်မှာ ရဲဝန်ထမ်း လိုအပ်ချက်အရ ဘက်စ်နဲ့ စစ်ပွဲမှာသိခဲ့တဲ့ လူဖြူရဲတစ်ယောက်နဲ့ ရာဇဝတ်ကောင်တွေကိုကူညီလိုက်လံနှိမ်နင်းရင်း ...
7.6
TMDb:
7.6/10
6400 votes
tv
Lawmen: Bass Reeves (2023)
2023
7.2
Waco: The Aftermath (2023)
Waco: The Aftermath (2023) ====================== IMDb Rating - 7.2/10ဒီဇာတ်လမ်းက 1993 ခုနှစ် Davidian စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ခြောက်ခြားစရာ အဖြစ်အပျက် နောက်ပိုင်းမှာ စတင်လာတဲ့ ဖြစ်ရပ်မှန် ဘာသာရေး တော်လှန်ရေးပွဲအကြောင်းကို ရိုက် ကူးထားတာပါ။ Waco မှာ လူတွေသေဆုံးခဲ့ပြီး လူတစ်ချို့က FBI နှင့် အစိုးရကို အပြစ်တင်နေချိန် FBI ညှိနှိုင်းရေးသမား Gary Noesner လည်း သူ့ကိုယ်သူ လိပ်ပြာမလုံဖြစ်ပြီး နောင် တရမိသည်။Davidian စခန်းမှာ အသက်ရှင်ကျန်ရစ်ခဲ့သည့် သူများ တရား ရုံးမှာရင်ဆိုင်ရပုံ၊ အမေရိကန်အစိုးရနှင့် David Koresh ဦးဆောင် သည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတို့ကြား တော်လှန်ရေး ဖြစ်ပွားခဲ့ပုံကို ရိုက်ကူးထားပြီး မင်းသားကြီး Michael Shannon ပါဝင်တဲ့ ရာဇဝတ်၊ တရားရေးရာ စီးရီးကောင်းတစ်ပုဒ် ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File Size.............(300 MB) / (800 MB) Quality...............WEB-DL ...
7.2
TMDb:
7.2/10
1700 votes
tv
Waco: The Aftermath (2023)
2023
7.9
George & Tammy (2022) Complete
George & Tammy (2022) Completed Limited Series ~ IMDb 7.5/10, Rotten Tomatoes - 85% ~ ပထမဆုံး ပြောချင်တာတော့ စီးရီးတစ်ခုလုံးကို ဘာသာပြန်လို့ပြီးတဲ့အချိန် ကျွန်တော့်အတွက်တန်ဖိုးထားစရာ သီချင်းကောင်းတွေနဲ့အတူ မြတ်နိုးချင်စရာ အနုပညာရှင်နှစ်ယောက် တိုးလာတယ်ဆိုတာပါပဲ... ကန်းထရီးဂီတနဲ့ အဆက်ပြတ်နေတာကတစ်ကြောင်း၊ ခေတ်ကွာတာကတစ်ကြောင်းကြောင့် George Jones နဲ့ Tammy Wynette ဆိုတဲ့ ကန်းထရီးစတားတွေကို ဒီကားမရေးရခင်ထိ မသိခဲ့ရိုးအမှန်ပါ... နှစ်ယောက်အတူဆို သိပ်ကိုအင်အားကောင်းတဲ့ လူနှစ်ယောက်ရဲ့အကြောင်းကို သိလိုက်ရတဲ့အတွက်လည်း ဒီစီးရီးက ကျွန်တော့်အတွက် သုတရော ရသပါ ပေးတဲ့ စီးရီးတစ်ခုလို့ ပြောလို့ရခဲ့ပါတယ်... ဒီစီးရီးမှာ ဂျော့ဂျ်နဲ့ တမ်မီတို့ရဲ့အနုပညာခရီး အချစ်ခရီးနှစ်ခုလုံးကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဂျော့ဂျ်နဲ့တမ်မီတို့ရဲ့ သမီးဖြစ်သူ ကိုယ်တိုင်ရေးထားတဲ့... '' The Three of Us: Growing Up with Tammy and ...
7.9
TMDb:
7.9/10
9 votes
tv
George & Tammy (2022) Complete
2022
9
1883 (2021)
ဒီဇာတ်လမ်းတွဲကတော့ နာမည်ကျော် စီးရီး Yellowstone ထဲက မိသားစုရဲ့မူလပထမ စွန့်စားခန်းခရီးစဉ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Rating အမြင့်စား ကောင်းဘွိုင်စီးရီးရှားပါးနေတဲ့အချိန်မှာ ပီပီပြင်ပြင်ကို ရိုက်ကူးထားတာပါပဲ။ ၁၈၈၃ခုနှစ် အမေရိကန်ပြည်မှာ ရေမြေပတ်ဝန်းကျင် ပိုကောင်းရာအရပ်တွေဆီ ပြောင်းရွှေ့နေထိုင်ကြပုံတွေကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လယ်သမားတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဒက်တန်ဟာ ခိုးဆိုးဓားပြတွေပေါတဲ့ တက္ကဆက်အရိုင်းမြေကို စွန့်ခွာပြီး သူ့မိသားစုနဲ့အတူ အနောက်အရပ်ဆီ ခရီးထွက်ဖို့ပြင်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်တုန်းမှာ လှည်းခရီးသွားတစ်ဖွဲ့ကို အနောက်အော်ရီဂွန်အရပ်ဆီ ဦးဆောင်သွားမယ့် ရှီအေးဘရန်နန်ဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံမိခဲ့ပါတယ်။ ရှီအေးဘရန်နန်ဆိုတာကတော့ ကူးစက်ရေကျောက်ရောဂါဖြစ်ပြီး သေဆုံးသွားတဲ့ မိသားစုကို အိမ်မှာမီးရှို့ပြီးထားခဲ့ရတဲ့ နာကျင်စရာအတိတ်တွေနဲ့ လူတစ်ဦးပါ။ သူ့မှာ သောမတ်စ်ဆိုတဲ့ ညာလက်ရုံးတစ်ဦးလည်းရှိပါတယ်။ ဂျိမ်းစ်မိသားစုမှာက မိန်းမသားလေးယောက်နဲ့ ငါးနှစ်သားတစ်ယောက်၊ ရှီအေးတို့ခရီးသွားအဖွဲ့မှာက မြင်းမစီး သေနတ်မပစ်တတ် ဘာဆိုဘာမှ မကျွမ်းကျင်သူတွေချည်းဆိုတော့ တစ်နေရာတည်းသွားမယ့် ခရီးသည်တွေအဖြစ် သူတို့နှစ်ဖွဲ့ တူတူခရီးနှင်ခဲ့ကြပါတယ်။ လမ်းခရီးမှာတော့ ခိုးဆိုးဓားပြ၊ မြွေပါးကင်းပါး၊ လှည်းနင်းမိတဲ့မတော်တဆမှုတွေ၊ ရောဂါကပ်ဘေးတွေ အမျိုးမျိုးကြုံကြရပါတယ်။ သေခြင်းတရားတွေ ပူဆွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်ကြီးပေါ့။ ဒါပေမဲ့ ဆယ်ကျော်သက်မိန်းမပျိုလေးတစ်ဦးဖြစ်တဲ့ ...
9
TMDb:
9/10
32 votes
tv
1883 (2021)
2021