Channel Myanmar

2025

Perfect Match (2025)
Perfect Match (2025) CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။ဒီနေ့CMကတင်ဆက်ပေးသွားမှာကတော့ Perfect Match (နတ်ဖက်သောစုံတွဲများ)လို ခေါပြီးတရုတ်နာမည်အဖြစ်ကောင်းချီး၅သွယ် Wu Fu Lin Men လိုလည်းခေါ်ကြတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာကတော့ အဓိကဇာတ်ဆောင်အဖြစ်မင်းသမီး (၅)ဦးနဲ့ မင်းသား(၅)ဦးတောင်ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း(၃၆)ပိုင်းပါရှိတဲ့အချစ်၊ ဟာသ နဲ့ မိသားစုရေးရာ ကိုအသားပေးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မြောက်ပိုင်း စုန့်မင်းဆက်ခေတ်မှာ ပျန့်ကျင်းက ဂုဏ်သတင်းမွှေးလှပြီးသာယာဝပြော ကြွယ်ဝချမ်းသာတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။လီမိသားစုက အဲဒီမြိုကိုပြောင်းရွှေ့လာခဲကြတယ်။ လီမိသားစုမှာငယ်ရွယ်လှပတဲ့သမီး(၅)ယောက်ရှိပြီး တစ်ယောက်တစ်မျိုးအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သမီး(၅)ယောက်အတွက် ဘဝကြင်ဖော်ရှာဖွေဖိုကိစ္စရပ်တွေရယ်၊တစ်မြိုတစ်ရွာမှာ မိသားစုအခြေတကျဖြစ်ဖိုကြိုးပမ်းရတဲ့ မိသားစုရေးရာကိစ္စရပ်တွေရော၊နိုင်ငံရေး ကိစ္စရပ်တွေကိုပါဖြေရှင်းဖိုကြုံလာကြရတဲ့အခါမှာ မိသားစုလိုက်ဘယ်လိုမျိုးအလွဲလေးတွေနဲ့ ဖြေရှင်းပြီး အဆင်ပြေသွားနိုင်ပါ့မလားဆိုတာတော့ CMမှာဇာတ်ကားလေးကို ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။==========================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Historical, Romance, Drama, Comedy Runtime : 45 min Subtitle : Myanmar Subtitle ...

Perfect Match (2025)

2025
The Queen Who Crowns (2025) [Complete] 7.0
The Queen Who Crowns (2025) [Complete] The Queen Who Crowns (2025)***************************** အပိုင်းသစ် (၁ မှ ၁၄) စ/ဆုံး The Glory ထဲက လေယာဉ်မယ် မမ (Cha Joo Young)နဲ့ The Plot ဇာတ်ကားထဲက မင်းသား (Lee Hyun Wook)တို့ရဲ့ နန်းတွင်း ဇာတ်လမ်းတွဲ အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။မိဖုရား ဝန်းဂယောင်း (Cha Joo Young)ဟာ မျိုးရိုးစဉ်ဆက် ဂုဏ်သတင်း ကြီးမားခဲ့တဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ အမျိုးသမီး ဖြစ်ပြီး ထယ်ဂျိုဘုရင်ရဲ့ သားဖြစ်သူ မင်းသား ဂျောင်အန်း အီဘန်ဝမ်နဲ့ လက်ဆက်ခဲ့ပါတယ်။အီဘန်ဝမ်ဟာ ဖခင် ထယ်ဂျိုရဲ့ ပလ္လင်ကို အမွေဆက်ခံချင်‌တဲ့ ဆန္ဒရှိနေပေမဲ့ ထယ်ဂျိုဘုရင်ဟာ သူ့ရဲ့ ဒုတိယမြောက် သားဖြစ်တဲ့ အီဘန်ဂွါကို ဆက်ခံသူ အဖြစ် ရွေးချယ်ခဲ့တာကြောင့် မင်းသား အီဘန်ဝမ်နဲ့ မိဖုရား ဝန်းဂ‌ယောင်းတို့ဟာ အမျက်တော် ထွက်ခဲ့ရပါတယ်။ဒါကြောင့် မိဖုရား ဝန်းဂယောင်းဟာ ...
7.0
TMDb: 7.0/10 294 votes
tv

The Queen Who Crowns (2025) [Complete]

2025
Reopen My Journals (2025)
Reopen My Journals (2025) ဒီနေ့ဇာတ်လမ်းကတော့ မိသားစုကြားကချစ်ခြင်းမေတ္တာကိုပြသမယ့်ကြည်နူးစရာဇာတ်ကားမျိုးဖြစ်ပါတယ်။ အသက်၁၅နှစ်ရှိတဲ့ သမီးလိမ္မာဖြစ်သူချန်ကျားယွဲ့က နာမည်ရှိတဲ့အထက်တန်းကျောင်းမှာ ပညာသင်ယူပြီးအခက်အခဲမျိုးစုံရင်ဆိုင်ရတယ်။သူကအိမ်နီးချင်းဖြစ်တဲ့ထူးချွန်ကျောင်းသားရှောင်ဟန်ကို ရင်ဖွင့်ချင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ညီဖြစ်သူမောင်ထုံကဉာဏ်ကောင်းပေမယ့် အမြဲပြသာနာရှာတယ်။ ကျောင်းတက်နေချိန်မှာချန်မော့ဆိုတဲ့သူငယ်ချင်းအသစ်နဲ့တွေ့ဆုံပြီး ရင်းရင်းနှီးနှီးကြီးပြင်လာတယ်။ထိုချိန်မှာလည်းသူ့မိဘကအကျပ်အတည်းတွေ့ကြုံရပြီး အပြောင်းအလဲမျိုးစုံကိုရင်ဆိုင်ခဲ့ရပါတယ်။အမေဖြစ်သူချန်ရှို့အယ်ကသူ့သမီးနဲ့ပြန်မတွေ့ဆုံဖြစ်တာကြာတော့ စိမ်းကားသလိုဖြစ်ခဲ့ပေမယ့်ချန်ကျားယွဲ့အဘွားသေဆုံးပြီးနောက်မှာဆက်ဆံရေးပြန်ပြေလည်သွားကြပါတယ်။သူငယ်ချင်းဖြစ်သူချန်မော့ရဲ့အဖေချိန်ဖုန်ယွီကပညာတက်ဖြစ်တော့ သူ့သမီးကိုမျိုးဆက်တိုင်းမှာကိုယ့်တာဝန်ကိုထမ်းဆောင်ရမယ်ဟုဆိုပြီးရန်ဖြစ်ကုန်ကြပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ရှောင်ဟန်ရဲ့အမေဖြစ်သူကွမ်းအိုက်ပင်းကသူ့သားကိုတစ်ယောက်တည်းစောင့်ရှောက်ခဲ့တဲ့ချိန်မှာသူဌေးငယ်လေးဖြစ်တဲ့ ကျန်းချီမင်နဲ့မိသားစုပြန်လည်ဖွဲ့စည်းခဲ့တယ်။အဲလိုနဲ့ခေတ်အဆက်ဆက်ပြောင်းလဲရင်း မိသားစုကြားပြသာနာမျိုးစုံကိုရင်ဆိုင်ရပေမယ့်မိသားစုနဲ့အိမ်နီးနားချင်းတွေရဲ့ နွေးထွေးမှုအနှစ်သာရတွေကို CMကနေကြည့်ရှုရင်ခံစားလိုက်ကြပါစို့။==================Quality : WEB-DL 1080p, 720p Total Episodes : 33 Format : mp4 Genres : Youth, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Pyae Phyo Han Encoded by LK======================================Ep 1 (720p) - GDToT/ Yoteshin/ Megaup/ MeganzEp 1 (1080p) - ...

Reopen My Journals (2025)

2025
Back for You (2025) 7
Back for You (2025) ဆိုးဝါးရက်စက်တဲ့ဂိုဏ်းတစ်ခုက အားလိုင်ကို ဖမ်းဆီးခဲ့ပြီးအသတ်ခံရတော့မယ့်အချိန်..လျှို့ဝှက်ဆန်းကြယ်လှတဲ့မိန်းကလေးတစ်ယောက်ပေါ်ထွက်လာပြီး အားလိုင်ကို ကယ်တင်ခဲ့တယ်။ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ် မေ့မြောသွားတဲ့ သူ့ရဲ့ကယ်တင်ရှင်လေး သတိပြန်လည်လာစေဖို့အတွက်သူမနဲ့အတူပါလာခဲ့တဲ့ ရုပ်ပြစာအုပ်(၁၂)အုပ်ကို ဖတ်ပြပြီးသူမ နိုးထလာစေဖို့‌ မျှော်နေခဲ့တယ်။ ရုပ်ပြထဲကဇာတ်လမ်းတိုင်းဟာမထင်မှတ်ထားဘဲ အားလိုင် ကိုင်တွယ်ခဲ့တဲ့အမှုတွေနဲ့ဆက်စပ်နေခဲ့ပြီးဖြေရှင်းဖို့သဲလွန်စတွေပါ ရလာခဲ့သလို တစ်ဖက်မှာလည်းရဲအရာရှိတစ်‌ယောက်ဖြစ်တဲ့ အားလိုင်အတွက်ရန်သူတွေပါတိုးလာခဲ့တယ်။ကယ်တင်ရှင်လေး ပြန်လည်နိုးထလာတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့်နှစ်ဦးသားရဲ့ အချစ်ဇာတ်လမ်းလေးကို မှုခင်းတွေကြား စိတ်လှုပ်ရှားဖွယ်စီးမြောခွင့်ရမယ့် Mystery, Romance ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။Mystery ဆန်ဆန် Plot ကိုမှ နာမည်ကျော် Cast တွေဖြစ်တဲ့ AngelaBaby,Wang An Yu တို့ရဲ့ Skill တွေပါပေါင်းစပ်လိုက်တဲ့အခါမှာတော့ကြည့်ရှုသူပရိသတ်တွေကို မငြီးငွေ့စေဘဲဇာတ်လမ်းအဆုံးထိ ခေါ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်နော်..=======================================Quality : WEB-DL 1080p, 720p Total Episodes : 12 Format : mp4 Genres : Military , Romance , Drama Runtime : 45 min Subtitle : Myanmar ...
7
TMDb: 7/10 1 votes
tv

Back for You (2025)

2025
Power of Paanch (2025)
Power of Paanch (2025) Power of Paanch (2025) "ပဉ္စမမြောက်ဓာတ်"IMDb - 4.2/10 Disney+ Hotstarကနေ ထုတ်လွှင့်ထားတာမကြာသေးတဲ့ အမိုက်စားဟင်ဒီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗုဒ္ဓဘာသာပါဠိကျမ်းစာတွေမှာ အခြေခံအကျဆုံး သဘောသရုပ်အနေနဲ့ ဓာတ်ကြီးလေးပါးဆိုပြီး ရှိတယ်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောပေါ့။ပါဠိဘာသာအနေနဲ့ စတ္တာရောမဟာဘူတလို့ ခေါ်ကြတယ်။ ဒီမဟာဘူတကိုပဲ ဟိန္ဒူဘာသာရဲ့ သင်္သကရိုက်ဘာသာစကားမှာလည်း သုံးကြတယ်။အဲဒီမှာတော့ မြေ၊ ရေ၊ လေ၊ မီးအပြင် အကာသဓာတ်လို့ခေါ်တဲ့ ဓာတ်တစ်ပါး ပါဝင်တာမို့ ဓာတ်ကြီးငါးပါးပေါ့။ဒီဇာတ်လမ်းတွဲမှာလည်း အဲဒီဓာတ်ကြီးငါးပါးက လူသားတွေဆီမှာ စွမ်းအားအနေနဲ့ ကိုယ်စီပိုင်ဆိုင်ထားတဲ့ လူသားတွေရှိနေပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ဘီလာဆိုတဲ့ ဆယ့်ရှစ်နှစ်သမီး တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ရှိတယ်။ ငယ်ငယ်ကတည်းက မိခင်ဖြစ်သူရဲ့ လွပ်လပ်စွာနေထိုင်ခွင့်ဆိုတဲ့ အခွင့်အရေးရထားပေမဲ့ တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ စည်းကမ်းနှစ်ခုရှိတယ်။တစ်အချက် - ပန့်ချ်ဂရီဆိုတဲ့မြို့ကို လုံး၀မသွားရ။ နှစ်အချက် - သူ့အမေရဲ့ စတိုခန်းကိုလုံး၀ဝင်မကြည့်ရတဲ့။ ဘီလာတစ်ယောက် နံပါတ်တစ်အချက်ဖြစ်တဲ့ ပန့်ချ်ဂရီကို သွားချင်တဲ့စိတ်နဲ့ နံပါတ်နှစ်အချက်စည်းကမ်းကို ချိုးဖောက်လိုက်တဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)File Size – 600 MB(Appx;)@Episode Quality – 1080p WEB DLDuration –25 minute (@Episode)Total ...

Power of Paanch (2025)

2025
GBRB Spinoff: Cafeteria Operation (2025) [Complete] 9
GBRB Spinoff: Cafeteria Operation (2025) [Complete] GBRB Spinoff: Cafeteria Operation (2025)****************************************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး Green Bean, Red Bean show လေးကို အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးအတွက်GBRB Spinoff ဖြစ်တဲ့ Cafeteria Operation ကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီတစ်ခါမှာတော့ GBRB team က အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ အီဂွမ်ဆူနဲ့ ဒိုဂယောင်းဆူတို့နှစ်ယောက်က သုံးရက်တာ ကုမ္ပဏီစားသောက်ဆိုင်တစ်ခုဖွင့်ပြီး ကုမ္ပဏီဝန်ထမ်းတွေအတွက်စားစရာတွေ ပြင်ဆင်ပေးရမှာပဲ ဖြစ်ပါတယ်။ဂွမ်ဆူနဲ့ ဂယောင်းဆူတို့ ညီအစ်ကိုနှစ်ယောက် chemistry မိမိနဲ့ ဘယ်လိုပြင်ဆင်မှုတွေပြုလုပ်သွားကြမှာလဲဆိုတာကို အလွဲလေးတွေ ဟာသလေးတွေနဲ့ စိတ်ဝင်တစား ကြည့်လိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Vanesssa မှ ရေးသားထားပါတယ်။) Aired: Jan 9, 2025 - Jan 30, 2025 Aired On:  Thursday Genres: Reality Show, Comedy Episodes: 8 Original Network: tvN Translated ...
9
TMDb: 9/10 1 votes
tv

GBRB Spinoff: Cafeteria Operation (2025) [Complete]

2025
Club Friday Season 17: Theory of Love, The 21 Days Theory (2025)
Club Friday Season 17: Theory of Love, The 21 Days Theory (2025) Club Friday Season 17: Theory of Love, The 21 Days Theory (2025) ****************************************************************စ/ဆုံးသောကြာညတိုင်း မရိုးရတဲ့ အလောင်အမြိုက်ဇာတ်လမ်းလေးများစုစည်းမှု (သို့) ကလပ်ဖရိုင်းဒေးလေးဟာဆိုရင်ဖြင့်ချစ်ပရိသတ်များဆီကို season အသစ်လေးနဲ့ ရောက်ရှိလို့လာခဲ့ပြန်ပါပြီ...ဒီseasonလေးရဲ့ main content ကတော့theory of love ဖြစ်ပြီး အချစ်နဲ့ပတ်သက်တဲ့ သီအိုရီလေးတွေကို မတူညီတဲ့ဇာတ်လမ်း ၁၂ ခုနဲ့ တင်ပြသွားမှာပါ...အချစ်ဆိုတာ လူတိုင်းဘဝမှာ တွေ့ကြုံမယ့်အရာတစ်ခုဖြစ်တာမလို့ ‌ထူးထွေရှင်းပြဖို့မလိုပေမဲ့ တူညီတဲ့ဖြစ်ရပ်တိုင်းမှာတူညီတဲ့ရလဒ်တစ်ခုရှိတယ်လို့ ပုံသေသတ်မှတ်ထားတဲ့သီအိုရီတွေက အချစ်ဆိုတဲ့အရာကို ဘောင်ခတ်ထားနိုင်မှာလားဆိုတာCMနဲ့အတူ ရှုစားကြပါဦးစို့...လူတစ်ယောက်ကို လူသစ်တစ်ယောက်လို ပြောင်းလဲစေတယ်ဆိုတဲ့ ၂၁ ရက်သီအိုရီတစ်ခု...၂၁ ရက်လုံး တူညီတဲ့အရာကိုလုပ်တဲ့အခါ ကျင့်သားရသွားစေမှာတဲ့...ဒါဆိုရင် ဒီသီအိုရီက Sexuality confusion ရနေတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကိုဝေခွဲမရဖြစ်နေတဲ့ဘော့အတွက်ရော အကြုံးဝင်မှာလား...သီအိုရီတွေကိုယုံကြည်တတ်တဲ့ဖိုင်တစ်ယောက် ချစ်သူနဲ့ပြတ်ခါစအခြေအနေမှာသူ့လိုပဲ ပြဿနာတွေရင်ဆိုင်နေရတဲ့ဘော့ဆိုတဲ့ကောင်လေးနဲ့ ဘားတစ်ခုမှာသွားဆုံပါတယ...ဖိုင်ကတော့ toxic relationship ကနေ ရုန်းထွက်ချင်နေတဲ့သူဖြစ်‌ပြီးတော့ဘော့ကတော့ homophobic ...

Club Friday Season 17: Theory of Love, The 21 Days Theory (2025)

2025
The Count of Monte Cristo (2025) 7.7
The Count of Monte Cristo (2025)   The Count of Monte Cristo (2025)IMDb Rating (7.8) ဒီတစ်ခုကတော့ ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထု မွန်တီခရစ်စတိုမြို့စားကြီးကိုပဲ တစ်ဖန်ပြန်လည်အသက်သွင်းထားတဲ့ အင်္ဂလိပ်စကားပြော mini series လေးပါ။ဇာတ်လမ်းအစပျိုးကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယန် အယ်ဗာကျွန်းကို နယ်နှင်ဒဏ်ပေးခံရချိန်ကာလမှာစတင်ထားပါတယ်။နပိုလီယန်ရဲ့သူလျှိုဆိုတဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အက်ဒ်မွန်ဒန်တစ်စ်ဟာ ခုံရုံးမတက်ရ မစုံစမ်းမစစ်ဆေးရပါပဲ နာမည်ဆိုးနဲ့‌ကျော်ကြားတဲ့ချိတိုဒိစ်ကျွန်းမှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ အဖမ်းခံလိုက်ရပါတယ်။အဲ့လိုဖမ်းခံလိုက်ရတာရဲ့နောက်ကွယ်မှာ လက်ဝါးချင်းရိုက်ထားတဲ့လူသုံးယောက်ရှိနေပြီး အဲ့ဒီသူ့အပေါ်မ‌လိုမုန်းထားစိတ်တွေကြောင့် အက်ဒ်မွန်ဟာ အိမ်၊မိဘ၊ချစ်ရသူ၊ဘ၀ အကုန်လုံးကိုဆုံးရှုံးလိုက်ရပါတော့တယ်။သူကျွန်းကနေထွက်လာနိုင်ပြီးတဲ့အခါမှာတော့ သူ့အပေါ်မကောင်းကြံခဲ့တဲ့လူသုံးယောက်ကို လက်စားချေဖို့အကြံစတင်ပါတော့တယ်။အပြင်လောကမှာ ဒီလိုမတရားမှုမျိုးက တရားမျှတမှုရဖို့မလွယ်ပါဘူး။ ဒါပေမယ့် အကယ်၍ဆိုတဲ့အခြေအနေမျိုးမှာ အက်ဒ်မွန်နဲ့အတူသူ့ရဲ့ကလဲ့စားခရီးမှာ လိုက်ပါခံစားကြည့်လိုက်ကြပါ။ဘယ်ပြန်ရိုက်တာမျိုးကမှ ၀တ္ထုကိုမမှီဖူးပါဘူး။ ဒါပေမယ့် Adaptation တစ်ခုအနေနဲ့တော့ အချိန်ပေးဖို့တန်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။Cast တွေအနေနဲ့လည်း The Hunger Games , Me before you တို့နဲ့နာမည်ကျော်ခဲ့တဲ့ Sam Claflin က အက်ဒ်မွန်ဒန်တစ်စ် ...
7.7
TMDb: 7.7/10 19 votes
tv

The Count of Monte Cristo (2025)

2025
Black Warrant (2025) 7.7
Black Warrant (2025) Black Warrant (TV Series 2025) IMDb - 8.1/10ဘောလိ၀ုဒ်လောကမှာ ဟိုးအရင်ကနေ အခုချိန်ထိ နေရာယူထားခဲ့တဲ့ အနုပညာရှင်မျိုးဆက်ဖြစ်တဲ့ ကပူးမိသားစုထဲက ဇာဟန်ကပူးရဲ့ Netflixကနေ ထုတ်လွှင့်ပေးလိုက်တဲ့ စီးရီးအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အပိုင်းခုနစ်ပိုင်းနဲ့ထွက်ရှိလာတဲ့ ဒီစီးရီးက ဆူနေးလ်ဂူပ်တားဆိုတဲ့ ထောင်ဝန်ထမ်းအသစ်တစ်ယောက်ရဲ့ အမြင်ကနေ ဖန်တီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်သံဇာတ်လမ်းတွဲပေါ့။၁၉၈၀ကျော်ကာလ....။ထောင်ဝန်ထမ်းဖြစ်ဖို အလုပ်လျောက်တဲ့ ဆူနေးလ်။ ထုံးစံအတိုင်း အင်တာဗျူးမှာ ဘာလို ဒီအလုပ်ကိုလျောက်ချင်တာလဲမေးတော့ ထုံးစံအတိုင်းပဲ နိုင်ငံတော်ကြီးက လိုအပ်နေတာ ဘလာဘလာပေါ့။အမှန်အတိုင်းပြောဆိုတဲ့အချိန်မှာ ကျွန်တော့်မိသားစု အဆင်မပြေလို ဒီကလည်း အလုပ်ခေါ်နေလိုတဲ့။ ဒါပေမဲ့ ထောင်စောင့်တစ်ယောက်က အရပ်ရှည်ရှည် သန်သန်မာမာလူကိုလိုတာ။ ဆူနေးလ်ကကျ ပျော့တိပျော့ဖတ် အရပ်ကလည်းပုတလက်နဲ့ဆိုတော့ မင်းနဲ့မကိုက်ညီဘူးပေါ့။ ဒါပေမဲ့ ဆူနေးလ်ရဲ့ ယုံကြည်ချက်ရှိရှိ ဖြေဆိုမှုတွေကြောင့် အလုပ်ရသွားခဲ့တယ်။ဘာမှမသိနားမလည်တဲ့ ဆူနေးလ်တစ်ယောက် သပွတ်အူလိုရှုပ်ထွေးလှတဲ့ ထောင်လောကထဲကို ရောက်သွားတဲ့အခါမှာတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်မှာ တဖြည်းဖြည်း ပြောင်းလဲလာပုံကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်၊)File Size – 1 GB (Appx;)@EpisodeQuality – 1080p WEB ...
7.7
TMDb: 7.7/10 11 votes
tv

Black Warrant (2025)

2025
Love in the Edge of Divorce (2025)
Love in the Edge of Divorce (2025) ဟဲလို ပရိတ်သတ်တို‌ရေ ဒီတစ်ခေါက်CM ကနေမိတ်ဆက်ပေးတဲ့ဇာတ်ကားအသစ်လေးက လူငယ်အချစ်ကားဖြစ်တဲ့မင်းသား Ryan Renနဲ့ မင်းသမီး Li Xing Yao တိုပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ကားကိုတင်ဆက်ချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ဖုယန့်ချန်နဲ့ ရှန့်မျန်တိုက တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးပဲစီးပွားရေးပေါင်းစည်းမှုတစ်ခုကြောင့် ချစ်ခြင်းမရှိတဲ့အိမ်ထောင်ရေးကို သုံးနှစ်ကြာ ပေါင်းသင်းလက်ထပ်ခဲ့တယ်။နှစ်ဦးနှစ်ဖက်တွေ့ဆုံဖို အကြိမ်ကြိမ်ကြိုးစားခဲ့လည်း ကံကြမ္မာအလှည့်အပြောင်းကြောင့်သူတိုကြားမှာ မမျှော်လင့်တဲ့ ရင်းနှီးသောဆက်ဆံရေးတစ်ခု ပေါ်ပေါက်လာခဲ့တယ်။သူတိုပြန်တွေဆုံတော့ မှားယွင်တဲ့အချစ်ခံစားချက်ကြောင့် အထင်လွှမှုတွေတိုးလာခဲ့တယ်ဖုယန့်ချန့်က ရှန့်မျန်ကို penny မှန်းသိခဲ့တဲ့အခါ...သူက ရှန့်မျန်နဲ့ပြန်ပေါင်းသင်းမလားသူတိုနှစ်ဦးကြား မှားယွင်တဲ့ချစ်ခြင်းမေတ္တာကြားမှာ စစ်မှန်တဲ့အချစ်မေတ္တာပြန်ရနိုင်မလား ...အထင်လွှမှုတွေ ပြေလည်နိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုပါဦးနော်====================Quality : WEB-DL 1080p Total Episodes : 31 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...

Love in the Edge of Divorce (2025)

2025
Anyway Thirty (2025) [Complete] 7.5
Anyway Thirty (2025) [Complete] Anyway Thirty (2025)************************အပိုင်းသစ် (၁ မှ ၅) စ/ဆုံး My Secret Romance ထဲက မင်းသမီး Song Ji Eun နဲ့ My Man is Cupid ထဲက Park Ki Woong တို့အဓိကပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းတွဲတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ -ဇာတ်လမ်းအညွန်း- အသက် ၃၀ ရောက်တဲ့အခါမှာ လူတော်တော်များများဟာ အလုပ်အကိုင်၊ လက်တွဲဖော်အတည်တကျဖြစ်နေမှာပဲဆိုပြီး မျှော်မှန်းကြသလို ဖြစ်လာအောင်လည်း ကြိုးစားကြပါတယ်။ဒါပေမဲ့ အသက် ၃၀ ထဲဝင်မှ အလုပ်ကလည်းပြုတ် ရည်းစားနဲ့လည်းပြတ်သွားတဲ့ စတိုင်လစ်ဂျူဆောအွန်းအတွက်ကတော့ အိပ်မက်ဆိုးကြီးလိုပါပဲ။တစ်ယောက်တည်း လမ်းပျောက်နေတဲ့အချိန် သူ့ဘေးကို ပဟေဠိဆန်တဲ့ အချိုပွဲဆိုင်ပိုင်ရှင်လေးရောက်လာပြီး စစချင်းမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဘုနဲ့ဘောက်ဆိုပေမဲ့လည်းတဖြည်းဖြည်း တစ်ယောက်အကြောင်း တစ်ယောက် နားလည်လာတဲ့အခါမှာတော့..ချိုချိုမြိန်မြိန် မုန့်လေးတွေလို သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ ဘယ်လိုတိုးတက်လာမလဲဆိုတာကိုဟာသလေးနှောပြီး ရိုမန်တစ်ဆန်ဆန်ကြည့်ရမှာမို့ အမြန်ဆုံးကြည့်လိုက်ဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။ Aired: Jan ...
7.5
TMDb: 7.5/10 100 votes
tv

Anyway Thirty (2025) [Complete]

2025
The Night Agent (2023-2025) 7.867
The Night Agent (2023-2025)  IMDb - 7.5 , RT - 83% တဖွဖွတောင်းဆိုနေကြတဲ့Netflixရဲ့Seriesအသစ်လေးလာပါပြီ။ ဒီSeriesက ထုတ်လွှင့်ပြီးချင်းမှာပဲ နံပါတ် 1နေရာကို အရယူနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းလေးက ပြောရရင် ပီတာဆန်သာလန်ဆိုတဲ့ အေးဂျင့်တစ်ယောက်က အမေရိကန်နိုင်ငံရဲ့ အိမ်ဖြူတော်ထဲမှာ နိုက်အက်ရှင်လို့ခေါ်တဲ့ အရေးပေါ်ဖုန်းလိုင်းကိုင်ရတဲ့အလုပ်ကိုလုပ်မိရာကနေ ဇာတ်လမ်းတစ်ခုလုံးစတင်ပါတော့တယ်။ပီတာတစ်ယောက် အလုပ်ကမ်းလှမ်းခံရတုန်းက အရေးပေါ်ဖုန်းကမြည်တာရှားတယ်ဆိုပြီးကမ်းလှမ်းခံရခဲ့ပင်မယ့် သူအလုပ်လုပ်နေတဲ့အချိန်အတွင်း ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ။ဖုန်းကိုင်လိုက်ပြီးတဲ့အချိန်မှာတော့ ဘယ်လိုမျိုးအကြောင်းရာတွေကို ရင်ဆိုင်ကျော်ဖြတ်သွားရမလဲ။ အတားဆီးတွေကိုရော ကျော်ဖြတ်သွားနိုင်ပါ့မလား၊နောက်ဖြစ်လာမယ့်အရာတွေကိုရော ပီတာဆန်သာလန်တစ်ယောက် တားဆီးနိုင်ပါ့မလား၊ သူယုံကြည်ရတဲ့လူတွေကရော တကယ်ပဲယုံကြည်လို့ရရဲ့လားဆိုတာကို အဖြူအမည်း သဲကွဲသွားအောင် ဇာတ်သိမ်းပိုင်းအထိ ဇာတ်ရှိန်ကျမသွားပဲ ကြည့်ရှူ့ရမှာဖြစ်ပါတယ်။ File size…(677 MB)/(382 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….00:56:00 Genre...Drama, Mistery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win, Su Eaindra, TMMT===========================================Season ...
7.867
TMDb: 7.867/10 90 votes
tv

The Night Agent (2023-2025)

20232025
Under the Moonlight (2025)
Under the Moonlight (2025) ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက်မင်းသမီး “Hu Bing Qing” နဲ့ မင်းသား “Zhai Zi Lu” တို့ပါဝင်သရုပ်ဆောင်ထားတဲ့“Under the Moonlight” ဆိုတဲ့ ရှေးခေတ်မှုခင်းအချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်~ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝကံကြမ္မာဆိုးရွားခဲ့တဲ့လော်ရှူးလို့ခေါ်တဲ့ မိန်းမပျိုလေးဟာ ရဲရင့်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့အပြင်ကံကြမ္မာကိုပြောင်းလဲဖို့အတွက် ရုန်းကန်ကြိုးစားနေသူတစ်ယောက်ပါ။တစ်နေ့မှာတော့ အသစ်ရောက်ရှိလာတဲ့စီရင်စုတရားသူကြီးမင်း ဟန်မုကျစ်နဲ့အတူအမှုကြီးတစ်ခုကို ကူညီဖြေရှင်းပေးခဲ့ပါတယ်။အဲဒီအချိန်ကစပြီး စီရင်စုအုပ်ချုပ်ရေးရုံးတော်မှာနေရင်း စုံစမ်းစစ်ဆေးရေးတွေမှာကူညီပေးရာကနေ လောကတစ်ခွင်ကို လှည့်လည်ခရီးသွားချင်တဲ့ လူငယ်လေး ချီမုံ့လင်နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်အတူတူ ထူးဆန်းတဲ့အမှုတွေကို ဖော်ထုတ်ဖြေရှင်းရင်းနဲ့အနေနီးစပ်လာတဲ့အခါမှာတော့ တဖြည်းဖြည်းချင်းခံစားချက်တွေနက်ရှိုင်းလာခဲ့ပါတယ်။လော်ရှူးနဲ့ချီမုံ့လင်တို့ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်လေးဖြစ်မလဲအမှုတွေကိုစုံစမ်းရင်း အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကိုတော့ဒီဇာတ်လမ်းတွဲလေးမှာ အတူတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်လားရှင့်====================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Historical, Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...

Under the Moonlight (2025)

2025
The Trauma Code: Heroes on Call (2025) [Complete] 10
The Trauma Code: Heroes on Call (2025) [Complete] The Trauma Code: Heroes on Call (2025)****************************************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး မျက်စိတစ်မှိတ်အတွင်းမှာ ဓားတစ်ချောင်းနဲ့ အသက်တစ်ချောင်းကို ကယ်နိုင်ပြီး နတ်ဘုရားလက်လို့တောင်တင်စားခံရတဲ့ အထူးကုခွဲစိတ်ဆရာဝန် ဘဲ့ဂန်ဟျော့ဟာ စစ်မြေပြင်အထိသွားရောက်ကာအသက်ကယ်တင်လာခဲ့တဲ့သူမို့လို့ ဆေးပညာလောကမှာ ဂုဏ်သတင်း ကြီးလှသူပါ။လူနာအသက်ကို ကယ်တင်တဲ့အရာမှာတော့ လက်စောင်းထက်လှပေမဲ့ ပင်ကိုယ်စရိုက်ကတော့မှန်တယ်ထင်ရင် ဖရုံမသီးတဲ့ ဘဲ့ဂန်ဟျော့ဟာ တက္ကသိုလ်ဆေးရုံတစ်ခုမှာ တာဝန်ကျပြီးအထူးခွဲစိတ်အဖွဲ့ကို ဦးဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သို့သော် တစ်ဖက်မှာ အထူးခွဲစိတ်အဖွဲ့အနေနဲ့ လူနာများစွာကယ်တင်လေ ဆေးရုံရဲ့ဘဏ္ဍာရေးကိုထိခိုက်လေဖြစ်နေတာကြောင့် အမည်ခံအဖွဲ့သာသာအဖြစ်သာ တည်ရှိနေရပါတယ်။တက္ကသိုလ်ဆေးရုံကို နတ်ဘုရားလက် ဘဲ့ဂန်ဟျော့ ရောက်ရှိလာတဲ့အခါမှာတော့ အထူးခွဲစိတ်အဖွဲ့ကိုလက်တွေ့မြေပြင်အထိသွားရောက်ကာ လူနာကယ်တင်စေရန် လုပ်ငန်းစပါတော့တယ်။ဘဲ့ဂန်ဟျော့တစ်ယောက် သူ့ဗီဇသူ့ခံယူချက်အတိုင်း အထူးခွဲစိတ်အဖွဲ့ကို ဘယ်လိုပုံဖော်ဖန်တီးယူမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင် ဝါရင့်မင်းသားကြီး ဂျူဂျီဟွန်းရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုနဲ့အက်ရှင်ခန်းများကိုလည်း တွေ့မြင်နိုင်ဦးမှာဖြစ်ပါတယ်။မင်းသားကြီး ဂျူဂျီဟွန်းသာမက အခြားသော ဝါရင့်သဘာရင့်သရုပ်ဆောင်များစွာလည်း ပါဝင်ထားတာမို့လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်လက်ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသား‌ထားပါတယ်။) Aired:  Jan 24, 2025  Aired On: ...
10
TMDb: 10/10 1 votes
tv

The Trauma Code: Heroes on Call (2025) [Complete]

2025
Moonlight Mystique (2025)
Moonlight Mystique (2025) ရှန်းရှကားကောင်းတွေကို သဘောကျနှစ်သက်တဲ့ ပရိသတ်တို့အတွက်CM ကနေထပ်မံယူဆောင်လာပေးတဲ့ ဇာတ်လမ်းလေးမှာတော့ရှန်းရှကားတွေမှာ အချို အငိုပိုင်နိုင်စွာ ပရိသတ်ရဲ့အသည်းကိုခြွေယူနေကျမမလေး Bai Lu နဲ့ Blood of Youth မှာ လေဝူကျယ်ဆိုပြီးပရိတ်သတ်အချစ်ကိုရရှိခဲ့တဲ့ Ao Rui Peng တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါဒါကြီးကို ကြည့်လိုက်မယ်ဆိုရင်လည်းAshes of Love, The Long Ballad, The Starry Love,Story of Kunning Palace တို့ရဲ့ ပဲ့ကိုင်ရရှင်ကြီး Zhu Rui Bin ဆိုတော့သေချာပေါက်ကို စောင့်မျှော်ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ။သွက်လက်ထက်မြက်တဲ့ စစ်သူကြီးအိမ်တော်က အငယ်ဆုံးသခင်မလေးပိုင်ရှော့ဟာ မသေမျိုးအဖြစ် ကောင်းကင်ဘုံကိုတက်လှမ်းနိုင်ဖို့ ကျင့်ကြံနေခဲ့ပါတယ်။သူမရဲ့ကျင့်ကြံ‌ရေးခရီးစဥ်အတွင်းမှာ မထင်မှတ်ဘဲ မိစ္ဆာနတ်ဆိုးအရှင်ဖန်းယွဲ့ကိုကယ်တင်မိသွားခဲ့ပါတယ်။ အဲ့လိုနဲ့ သုံးလောကအရှုပ်အ‌ထွေးတွေကြားဝင်ရောက်ပတ်သက်မိသွားတဲ့အခါမှာ ... သူတို့ ၂ဦးရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ချစ်လမ်းခရီးတစ်လျှောက် အခက်အခဲတွေကြားမှာ ချိုလိုက် ငိုလိုက်မျက်ရည်မိုးတွေဖြိုင်ဖြိုင်ကျရင်း စီးမျောကြည့်ရှုလိုက်ကြရအောင်။ ==================== Quality : WEB-DL ...

Moonlight Mystique (2025)

2025
The Blossoming Love (2025)
The Blossoming Love (2025) CMပုရိသတ်ကြီးအတွက် ဝူရှကားကောင်းလေးတစ်ကားကို ထပ်မံယူဆောင်ပေးလာပါပြီရှေးယခင်ခေတ်က ကျောင်းမင်လို့ခေါ်တဲ့ လူသားမျိုးနွယ်ဧကရာဇ်မင်းဟာပြည်သူတွေကိုယ်စား အသနားခံပြီး နတ်ဘုံကို တွန်းလှန်ဖို့မိမိကိုယ်ကိုစတေးခဲ့ပြီး သူနတ်ရွာစံသွားတဲ့နောက်မှာသူချစ်ရတဲ့ ဟွမ့်သွမ့်ပုလဲလေးက သူ့ရဲ့ဝိညာဉ်အမျှင်စုကိုကယ်တင်ဖို့ သူမရဲ့အသက်ကိုစွန့်စားပြီး သံသရာအတွက်လူဝင်စားခြင်းကိုဖန်တီးခဲ့လေရဲ့ဒီလိုနဲ့ အချိန်ကာလတစ်ခုကြာပြီးတဲ့နောက ဟွမ့်သွမ့်ပုလဲလေးကအမှောင်နယ်ပယ်ရဲ့ မြင့်မြတ်သောအပျိုစင်မုရွှမ်လင်ဖြစ်လာတဲ့အခါမှာတော့ကျောင်းမင်ဟာအမတမဟာမိတ်ရဲ့ ခေါင်းဆောင် ရှဲ့ရွှယ်ချန်အနေနဲ့ ပြန်လည်မွေးဖွားလာခဲ့တယ်နောက်ဆုံးမှာသူတို့နှစ်ယောက်ဟာ လူ့ပြည်မှာပြည်လည်ဆုံဆည်းခဲ့ကြပေမဲ့သူတို့အတိတ်တွေကို မေ့နေတဲ့အတွက်ကြောင့် တရားကျမှုရဲ့ဆန့်ကျင်ဘက်မကောင်းမှု ဆိုတဲ့ယှဉ်ပြိုင်အားထုတ်မှုမှာ ရန်သူတွေဖြစ်လာခဲ့ကြတယ်မုရွှမ်လင်ကအမှောင်နယ်ပယ်ထဲမှာပြင်းထန်စွာ ဒဏ်ရာရနေတဲ့ ရှဲ့ရွှယ်ချန်ကိုကယ်တင်ခဲ့ပြီးသူ့အသက်ကို ကယ်တင်ပေးခဲ့ရတဲ့ကျေးဇူးနဲ့ ခရီးအတူသွားဖို့ အကျပ်ကိုင်ခဲ့တယ်ဒီလိုနဲ့သူတို့ဟာခရီးလမ်းတစ်လျှောက်မှာ အချင်းချင်းလှည့်ဖျားမှုတွေရှိရာက စတင်ခဲ့ကာနောက်ပိုင်းမှာ အတူတူလက်တွဲတိုက်ပွဲဝင်ကြရင်းနဲ့ တဖြည်းဖြည်းနဲ့စောင့်ကြ့ည်မှုတွေကို လျှော့ချလာပြီးအချင်းချင်းခံစားချက်တွေ ပေါ်ပေါက်လာခဲ့တော့တယ်သို့ပေမဲ့လည်း ရှေးနတ်ပစ္စည်း ဟွမ့်သွမ့်ပုလဲကို သိမ်းယူဖို့ ပူးပေါင်းကြံစည်မှုအလယ်မှာသူတို့နှစ်ယောက်ဟာအသက်အန္တရာယ် စမ်းသပ်မှုကြီးတစ်ခုအတွင်းကို ကျရောက်ခဲ့ကြပြီးမုရွှမ်လင်က လောကကြီးကိုကယ်တင်ဖို့ သူ့ကိုယ်သူစတေးလိုက်ပြီးရှဲ့ရွှယ်ချန်ကတော့ အချိန်မှီပြန်သွားဖို့ ကံကြမ္ပာကိုစိန်ခေါ်ပြီးသူမကို ကယ်တင်ခဲ့တယ် ဒီလိုသံသရာဘေးဒုက္ခ အဆုံးသတ်သွားချိန်မှာတော့ရှဲ့ရွှယ်ချန်ရဲ့ဝိညာဉ်က နောက်ဆုံးမှာ ကျောင်းမင်ဆီကိုပြန်ရောက်သွားပေမဲ့ကျောင်းမင်ရဲ့မူလပုံစံဟာ နတ်ဆိုးသခင်ဖြစ်သွားခဲ့ပြီးမုရွှမ်လင်ကတော့ နတ်ဆိုးသခင်ကိုနိုးထအောင်လုပ်ဖို့ ချစ်ခြင်းမေတ္တာကိုအသုံးချခဲ့ပြီးကပ်ဘေးတွေကိုပပျောက်ကာ လောကကြီးကို ငြိမ်းချမ်းအောင် လုပ်ခဲ့တဲ့သူတို့နှစ်ယောက်ဟာအဆုံးသတ်မှာရော အတူတူရှိနေကြအုံးမလားဆိုတာကိုတော့ CMမှာအတူတူစောင့်ကြည့်လိုက်ရအောင်ပါရှင့်====================Quality : WEB-DL ...

The Blossoming Love (2025)

2025
Subteran (2025) 7.4
Subteran (2025) Season 1 အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး  ဒီတစ်ခါမှာတော့ Netflix ကရိုက်ကူးထားတဲ့ ပထမဆုံးသောRomanian Crime Thriller Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Single mother တစ်ယောက်ဖြစ်တဲ့ ကာမီဆာဘူဟာ သူ့ခင်ပွန်းလောင်းဖြစ်တဲ့ ရဲအရာရှိလူကာဗွီနီယာနဲ့အတူ ပျော်ရွှင်တဲ့ဘဝလေးကိုဖြတ်သန်းနေတုန်း အဖြစ်ဆိုးကြီးတစ်ခု မမျှော်လင့်ပဲဖြစ်သွားပါတယ်။အမှုတစ်ခုအတွက်စုံစမ်းနေတုန်း လူကာကို နာမည်ကြီးလူဆိုးဂိုဏ်းကသတ်သွားပါတယ်။ဒီအဖြစ်အပျက်အလုံးစုံကိုမြင်လိုက်ရတဲ့ ကာမီဟာ သူ့သားလေးကိုလူဆိုးဂိုဏ်းရဲ့လက်ကနေ ကာကွယ်ဖို့နဲ့ အသတ်ခံလိုက်ရတဲ့သူ့ခင်ပွန်းလောင်းအတွက် တရားမျှတမှုကိုပြန်ယူဖို့အတွက်လူဆိုးဂိုဏ်းထဲကိုအသွင်ယူဝင်ရောက်ကာ သူတို့ရဲ့လျှို့ဝှက်မှောင်ခိုလုပ်ငန်းတွေကို ဖော်ထုတ်ဖို့ကြိုးစားပုံကို ကြည့်ရှုကြရမှာပါ။၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ထွက်ရှိထားတာဖြစ်ပြီးတော့IMDb မှာလည်း rating ကောင်းတစ်ခုကို ရထားပါတယ်။ File Size –1.00GB  / 467MBQuality –WEB-DL 1080p HEVC / 720pEpisodes -  6 EpsDuration -  45 minSubtitle – ...
7.4
TMDb: 7.4/10 15 votes
tv

Subteran (2025)

2025
Lockerbie: A Search for Truth (2025) 7.8
Lockerbie: A Search for Truth (2025) Season 1အပိုင်း ( ၁ မှ ၅ ) အထိ စ / ဆုံး ၂၀၂၅ ခုနှစ်ရဲ့နှစ်စမှာတော့ စိတ်ဝင်စားစရာတော်တော်ကောင်းပြီးအချိန်ပေးကြည့်ရတာတန်စေမဲ့ ဖြစ်ရပ်မှန် Series လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီ Series ရဲ့နာမည်ကတော့Lockerbie : A Search for Truth ဖြစ်ပြီး လက်ရှိ IMDb 7.8 အထိရရှိထားတဲ့အတွက် Rating ကြည့်ရုံနဲ့ကောင်းမယ်ဆိုတာတော့တန်းသိနိုင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကလည်း Kingsman နဲ့နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ Colin Firth ကအဓိကဇာတ်ဆောင်မင်းသားအနေနဲ့တစ်ကားလုံးကိုစိတ်ဝင်စားစရာကောင်းအောင် သူ့ရဲ့လေယူလေသိမ်းတွေ သရုပ်ဆောင်ဟန်တွေနဲ့ဆွဲဆောင်သွားမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဖြစ်မှန်ကဘာလဲဆိုရင်တော့ ၁၉၈၈ ခုနှစ် ခရစ္စမတ်အချိန်ကာလနီးနေပြီဖြစ်တဲ့ အချိန် လေကြောင်းလိုင်းတွေအားလုံး အားလပ်ရပ်အိမ်ပြန်ကြမဲ့ အလည်အပတ်သွားမဲ့လူတွေနဲ့ပြည့်နှက်ပြီးအလုပ်ရှုပ်နေကြတဲ့အချိန်မှာ ပန်အမ်းလေယာဉ် ၁၀၃ ဆိုတဲ့ခရီးသည်တင်လေယာဉ်တစ်စီးကဇာတ်ကားနာမည်ထဲက လော့ကာဘီဆိုတဲ့မြို့လေးတစ်မြို့မှာဖြတ်ပျံနေတဲ့အချိန်ဗုံးပေါက်ကွဲပြီး လေယာဉ်ပေါ်မှာပါလာတဲ့ လူပေါင်း ၂၅၉ ယောက်လုံးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဗုံးပေါက်ကွဲတယ်ဆိုကတည်းက သွေးရိုးသားရိုးမဟုတ်ဘဲ အကြမ်းဖက်သမားတွေလက်ချက်ဖြစ်မယ်ဆိုတာကို ကလေးတောင်သိနိုင်ပေမဲ့ဗြိတိန်အစိုးရကတော့ အဲ့ဒါကိုအလေးအနက်မထားတဲ့အပြင် သူတို့ရဲ့အလေးအနက်မထားမှုကြောင့်လည်း ဒီလိုရလာဒ်တွေထွက်လာခဲ့ရတာဖြစ်တဲ့အတွက် အဲ့ဒီလေယာဉ်ပေါ်ကခရီးသည်တွေထဲက ကောင်မလေးတစ်ယောက်ရဲ့ ...
7.8
TMDb: 7.8/10 10 votes
tv

Lockerbie: A Search for Truth (2025)

2025
American Primeval (2025) 7.327
American Primeval (2025)  American Primeval (2025)IMDb Rating (8.2) / Rotten Tomatoes (59%) Netflix ကနေ 2025 မှာ တင်ဆက်လိုက်တဲ့ A Must Watch mini series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။1857 ဝန်းကျင် အနောက်အမေရိကန်ခေတ်ဦးကို နောက်ခံဝန်းကျင်ထားပြီး ရိုက်ကူးထားပြီး အဲဒီခေတ်အခါက ကြုံရတဲ့ အကျပ်ရိုက်မှုများစွာကို အရှေ့ဘက် ဘော်စတွန်ကနေ ခရီးဆက်လာတဲ့ သားအမိနှစ်ယောက်ရဲ့ဘဝကို အခြေခံပြီး ပုံဖော်ပြထားပါတယ်။ဆာရာရိုဝဲလ်ဆိုတဲ့ အမျိုးသမီးဟာ သားဖြစ်သူ ဒက်ဗင်နဲ့အတူ ခင်ပွန်းရှိရာ အနောက်ဘက်ကို သွားဖို့ ခရီးဆက်လာကြပါတယ်။ဒါပေမဲ့ ခေတ်ကာလရဲ့ ဂယက်တွေကြောင့် လမ်းခရီးမှာ များစွာသော အခက်အခဲတွေကို ကြုံကြိုက်ရပါတယ်။သူတို့ ထွက်လာတဲ့ အနောက်အရပ်ဟာ အမေရိကန်အစိုးရ၊ လူမျိုးရေးဂိုဏ်းတွေ၊ လူမျိုးစုတွေ စသဖြင့် အမျိုးမျိုး အုပ်စုကွဲနေပြီး ရရာလက်နက်ဆွဲကိုင်ပြီး ဦးရင်ဦးသလို ချနေကြတဲ့ အချိန်ကာလဖြစ်နေပါတယ်။တစ်ကိုယ်တည်းအမျိုးသမီးကိုဆို မကူညီချင်ကြတဲ့ ပဋိပက္ခများစွာနဲ့ ...
7.327
TMDb: 7.327/10 52 votes
tv

American Primeval (2025)

2025
Missing You (2025) 6.8
Missing You (2025)  Season 1အပိုင်း ( ၁ မှ ၅ ) အထိ  စ / ဆုံး ဒီတစ်ခါမှာတော့ Missing You လို အမည်ရတဲ့ mystery series လေးတစ်ခုကို တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းကတော့ စုံထောက်တစ်ယောက်ဖြစ်တဲ့ ကတ် ဒိုနိုဗန်ကိုအရင်းတည်ထားပါတယ် ။ကတ် ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က သတိုသားလောင်းက Ghost သွားတာကိုခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ် ။ Ghost သွားတဲ့အချိန်ကလည်းကတ်ရဲ့ အဖေဖြစ်သူ အသတ်ခံရပြီးကာစ အချိန် ဖြစ်တဲ့အတွက်Move on ဖိုက တော်တော်လေး မလွယ်ကူတာပါပဲ ။ဒီလိုကနေ ၁၁ နှစ်အကြာမှာတော့ သူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုနဲ့Dating app တစ်ခုကို စသုံးလိုက်မိတဲ့ ကတ်ဟာ သူနဲ့ တွဲဖက်ပေးထားတဲ့သူတွေထဲမှာ သူ့တစ်ချိန်က သတိုသားလောင်း ဂျော့ချ်ကို ပြန်တွေ့လိုက်ရတာပါပဲ ။ တစ်ချိန်တည်းမှာပဲ ...
6.8
TMDb: 6.8/10 28 votes
tv

Missing You (2025)

2025