Channel Myanmar

2025

Always Home (2025)
Always Home (2025) ဝူရှသိုင်းကားတွေကိုပဲ အကြည့်များပြီး ဝူရှကို ငြီးငွေ့နေတဲ့C drama fan တိုအတွက် မော်ဒန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဆရာဝန်မိသားစုတွေကမွေးဖွားလာတဲ့သူငယ်ချင်းလေးယောက်ဟာ သူတိုရဲ့ငယ်ဘဝတစ်လျှောက်လိုလေးသေးမရှိ‌နေထိုင် ကြီးပြင်းခဲ့ရာကနေ မြီးကောင်ပေါက်အရွယ်ကိုဝင်လာကြတဲ့အခါမှာတော့ ဂယက်လေးတွေ စလာပါတော့တယ်။ရည်မှန်းထားတဲ့အိပ်မက်တွေကို မရရအောင်သွားဖို လူငယ်ဘဝဟာထင်သလောက်မလွယ်ကူကြောင်း သူတိုသိရှိလာခဲ့ကြပါတယ်။ အိပ်မက်တွေနောက်လိုက်ရင်ချစ်ခြင်းမေတ္တာရဲ့အရသာကိုရှာတွေ့မြည်းစမ်းမိရာကနေ လူငယ်သဘာဝပဋိပက္ခတွေကို ရင်ဆိုင်လာရချိန်မှာတော့...အမြဲတမ်း ပျော်ရွှင်ရယ်မောခဲ့တဲ့သူငယ်ချင်းလေးယောက်က အချစ်ရေးတွေ၊ အိပ်မက်တွေကြားသူငယ်ချင်းသံယောဇဉ်ကို ဆက်လက်ခိုင်ခံ့အောင် တောင့်ခံနိုင်သွားမှာလား?လူငယ်ဘဝ‌ကရော သူတိုကိုဘာတွေ သင်သွားပေးမှာလဲ??လေးယောက်ပေါင်းလောင်းကျော်ပြီး ဂယက်တွေထရင်း လူတိုင်းကြုံတွေ့ရတဲ့လူငယ်ဘဝဆိုတဲ့"နွေးထွေးရာအိမ်ငယ်လေး"ကပေးလာမဲ့ဂယက်အစုံကို သူတိုလေးယောက်က ကြံ့ကြံ့ခံရင်ဆိုင်ပြီးအဆုံးမှာ အရင်လိုပဲအတူတူရယ်မောပျော်ရွှင်နိုင်မှာလားဆိုတာကိုတော့CM Chinese team က ဘာသာပြန်တင်ဆက်ပေးမဲ့ Always Home (နွေးထွေးရာအိမ်ငယ်လေး) ဆိုတဲ့C drama လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါအုံးနော်...။===========================Quality : WEB-DL 1080p, 720p Total Episodes : 30 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar ...

Always Home (2025)

2025
Dalah: Death and the Flowers (2025)
Dalah: Death and the Flowers (2025) "မရဏပန်းခင်း" (၂၀၂၅)================ Thai ပရိတ်သတ်မှန်ရင် Ya yaကိုသိကြမယ်ထင်ပါတယ်အခုတစ်ခေါက်‌မှာတော့ya yaနဲ့နာမည်ကြီးမင်းသားမင်းသမီးပေါင်းများစွာပါဝင်သရုပ်‌‌ဆောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်လှုပ်ရှားစရာကောင်းသော Netflixကအသစ်စက်စက်seriesလေးထွက်ရှိလို့လာပါပြီ မေ့လို့ ထုခွန်တို့အကြိုက်blမင်းသားလေးဖူဝင်လေးလည်းပါတယ်နော်We are feministဆိုတဲ့ဆောင်ပုဒ်နှင့်အတူ ရွေးကောက်ပွဲမှာဝန်ကြီးချုပ်ရာထူးဖြင့်ဝင်ရွေးခံတဲ့အုမ်အနုစွန်တစ်ယောက် အဆင့်အတန်းမြင့်မားသောလူ့အသိုင်းအဝိုင်းထဲကဒေါက်တာရီဆာလို့ခေါ်တဲ့သူနဲ့ မင်္ဂလာဆောင်တဲ့နေ့မှာတင်အသတ်ခံလိုက်ရသောအခါ မင်္ဂလာပွဲကိုလာတဲ့သူတွေအားလုံးဟာ လူသတ်တရားခံအဖြစ် သံသယဝင်ခံရသွားပါတယ်အုမ်အနုစွန်ကွယ်လွန်ပြီးနောက်မှာ အုမ်(၀န်ကြီးချုပ်လောင်း) နှင့် သူရဲ့သတို့သမီးလောင်း ရီဆာတို့၏ မင်္ဂလာပွဲအတွက် ပန်းအလှဆင်ရန် ရွေးချယ်ခံခဲ့ရသော ပန်းဆရာ ဒါလာ (ya ya)အပါအဝင် လူသတ်မှုသံသယရှိသူများကို ရဲတပ်ဖွဲ့က အရေးပေါ်ခြေရာခံရှာဖွေဖို့လုပ်ပါတော့တယ်အဲလိုနဲ့ပဲသြဇာကြီးမားသော လူ့အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များ နှင့် အရှုပ်တော်ပုံများတွင် ဒါလာပါဝင်သွားပါတော့တယ်လူသတ်မှုတွင် အခြားသံသယရှိသူများကတော့ (ဆာရက်) မင်္ဂလာအခမ်းအနားကျင်းပရာ ဟိုတယ်ဧည့်ခံအဖွဲ့ အကြီးအကဲ အုမ်အနုစွန် မိသားစုဝင်တွေနဲ့ မိသားစုနှစ်စုကြား ပဋိပက္ခကလည်းရှိနေတော့ အုမ်အနုစွန်ရဲ့သတို့သမီးဘက်ကမိသားစုဝင်များကိုလည်းရဲတွေကသံသယဝင်စာရင်းထဲပါဝင်လာပါတော့တယ်သူတို့ထဲမှာဘယ်သူကများ အုမ်ကိုသတ်လိုက်လဲဆိုတာကို CMပရိတ်သတ်တို့ Netflixကနေအသစ်စက်စက်ထွက်လာတဲ့ဒီရုပ်ရှင်လေးကိုကြည့်လိုက်ကြရအောင်နော် File size…(650 Mb)/(340 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:53:00 Genre... Drama, ...

Dalah: Death and the Flowers (2025)

2025
Kill My Sins (2025)
Kill My Sins (2025) CM တရုတ်ကား ချစ်သူတို့ကို ဒီတစ်ခေါက် အစ်မတော် လျိုရှီးရှီး ရဲ့Kill My Sins ဆိုတဲ့ ဇာတ်လမ်းတွဲဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ကောင်းပါ့မလား မစဉ်းစားနဲ့ ထန်ပြည်ထောင်မှ အမှုတွဲများရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး ပိုင်ရှန် ရဲ့ လက်ရာနော်…အစ်မတော် လျိုရှီးရှီးနဲ့အတူ princess agent (2017) က ယန်ရွှမ်ရယ် brocade odyssey(2024) က ယန်ကျင့်လန် ရယ် the untamed (2019) က ရှီကျဲတို့က ပါဝင် အားဖြည့်ထားတာမို့ ကြည့်မကောင်းစရာအကြောင်းကို ရှာမတွေ့တော့တာပါ…ဇာတ်ကြောင်းအကျဉ်းလေးပြောရရင်လေလွင် သမားတော်တစ်ယောက် ယဲ့ဖင်အန်း ဟာ ချန်အန်းမြို့ရဲ့ ရှုပ်ပွေလှတဲ့ အမှုတစ်ခုနဲ့ ပတ်သက်မိသွားပါတယ်...သူ့ဆေးပညာက တခြားသူနဲ့ မတူဘဲ အိပ်မက်ကို ကုသတာဖြစ်လို့ ကဝေလိုလို မိစ္ဆာလိုလို လူတွေက ကြောက်ကြသလို စိတ်ကြောင့်ဖြစ်တဲ့ ရောဂါအားလုံးလည်း ယဲ့သမားတော် ယဲ့ဖင်အန်းဆီမှ လာကုသကြပြီး... ယဲ့သမားတော်ကြီးကလည်း အသပြာကို လိုသလို တောင်းတတ်ပါသေးတယ်...တစ်ဖက်မှာ နိမ့်ကျမျိုးရိုးကလာပြီး ရာထူးအာဏာကို အမိအရအသုံးချရင်း သူ့ဘဝတိုးတက်မြင့်မားနိုင်မယ့် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ ...

Kill My Sins (2025)

2025
Love of the Divine Tree (2025)
Love of the Divine Tree (2025) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့ Lost You Forever မှာတုန်းက ထူရှန်းကျင်ကို ကြိုက်ကြတဲ့ ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမယ် ဇာတ်လမ်းသစ်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်၂၀တုန်းက ရှီးရှန်းဂိုဏ်းရဲ့ခေါင်းဆောင် မုချင်းကောတစ်ယောက်ဟာ သူ့တပည့်ဖြစ်သူ စူးယိရွှေ ကိုယ်ထဲမှာရှိတဲ့လင်ချွမ်ကြောင့် လူသားတွေမှာ ဖြစ်လာမယ့်မိစ္ဆာအန္တာရာယ်ကို ကာကွယ်ဖို့အတွက် သူ့ရဲ့‌ေရွှအမြုတေကိုစတေးခံပြီး ချိတ်ပိတ်လိုက်ပါတယ်အဲ့ဒါကို အားလုံးက သူ့ကို မိစ္ဆာလမ်းစဉ်လိုက်သွားတယ်ဆိုပြီးတော့ အထင်လွဲကြပြီး ဂိုဏ်းကြီး၄ဂိုဏ်းက ခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့ သူ့ကိုသတ်ပစ်လိုက်ကြပါတယ်အဖြစ်မှန်တွေကိုသိနေတဲ့ စူးယိရွှေကတော့ သူ့ဆရာဖြစ်သူကို ပြန်အသက်သွင်းဖို့ အန္တာရာယ်ပေါင်းစုံကို ဖြတ်ကျော်ပြီးနောက်မှာတော့ လူပြန်ဝင်စားတဲ့သစ်ပင်ကိုရှာတွေ့ခဲ့ပြီး သူ့ရဲ့ရွှေအမြုတေတစ်ဝက်ကိုရင်းပြီး အသက်သွင်းခဲ့ပါတယ်အဲ့လို‌နဲ့ နှစ်၂၀ကြာပြီးနောက်မှာတော့ မုချင်းကောဟာ ကျန်းမာရေးချို့တဲ့တဲ့ ရွှယ်ရန်ရန်အဖြစ်ပြန်လည်မွေးဖွားလာပြီးတော့ ရှီးရှန်ဂိုဏ်းခေါင်းဆောင်ဖြစ်လာတဲ့ စူးယိရွှေက တပည့်အဖြစ်ခေါ်ပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့ပါတယ်ဆရာနဲ့တပည့်အနေအထားပြောင်းလဲသွားတဲ့အချိန်မှာတော့ လင်ချွမ်ကို ပိတ်ထားတဲ့စည်းကပြန်ပြီးတော့ ရော့ရဲလာပါတော့တယ် မိစ္ဆာလမ်းစဉ်ကျင့်ကြံတဲ့ သွမ်းထျန်းကတော့ လင်ချွမ်ကိုအသုံးချပြီးတော့ မိစ္ဆာကြီးကိုဖန်တီးဖို့ကြိုးပမ်းပါတော့တယ်စူးယိရွှေကသူ့ဆရာရဲ့ညွှန်ကြားချက်အတိုင်း လင်ချွမ်ကိုထပ်ပြီးတော့ ချိတ်ပိတ်ဖို့လုပ်ပါတယ် အဲ့အချိန်မှာပဲ သွမ်းထျန်းရဲ့ ထောင်ချောက်ထဲကိုဝင်ပြီးတော့ စူးယိရွှေတစ်ယောက် အတိတ်မေ့သွားပြီး ရွှယ်ရန်ရန်ကို ထပ်ပြီးချစ်မိသွားပါတော့တယ်ဇာတ်လမ်းလေးကရိုမန့်တစ်ဆန်ဆန်လေးမို့ တရုတ်ဇာတ်လမ်းတွဲကြိုက်ကြတဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးကို CM ကနေစောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်နော်=====================================Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres ...

Love of the Divine Tree (2025)

2025
A Thousand Blows (2025) 7.4
A Thousand Blows (2025) IMDB Rating 7.2/10၆ ပိုင်းထဲနဲ့ ကြည့်ကောင်းမယ့် အကြမ်းစား စီးရီးတစ်ခုလာပါပြီ၁၈၀၀ နှောင်းပိုင်းလောက်က အင်္ဂလန်ပြည်ကို ဇာတ်အိမ်တည်ထားပြီး. လန်ဒန်မြို့အရှေ့ဘက်ပိုင်းကို ဂျမေကာကနေ တက်လာတဲ့ ဟီဇီကယ်နဲ့ အဲလေ့စ်ဆိုတဲ့ သူငယ်ချင်း  ၂ ယောက်အကြောင်းပါ...လန်ဒန်အရှေ့ဘက်က လူမိုက်ဂိုဏ်းတွေ အကျင့်ပျက်ခြစားရဲတွေ.. ဒုစရိုက်မှုတွေနဲ့ ပြည့်နှက်နေတဲ့အချိန်ပေါ့...ခြင်္သေ့ထိန်းအဖြစ်လုပ်ကိုင်ဖို့ လန်ဒန်တက်လာခဲ့တဲ့ ဟီဇီကယ်ဟာ အသားရောင်ခွဲခြားမှုကြောင့် လန်ဒန်မှာ နေရာထိုင်ခင်းအခက်ခဲဖြစ်နေတဲ့အချိန်  Blue Coat Boy အရက်ဆိုင်က လုပ်တဲ့ နာမည်ကြီး ဘောက်ဆင်ပွဲမှာ ဝင်ထိုးရင်း နာမည်ရလာပါတယ်...ဒါပေမဲ့ သူရင်ဆိုင်ရမှာက အရှေ့လန်ဒန်ရဲ့ ဘုရင်လို့သတ်မှတ်ထားတဲ့ ရှူးဂါးဂွတ်ဆင်နဲ့ ထရီကယ် ဂွတ်ဆင်တို့ ညီအစ်ကို နှစ်ယောက်ဖြစ်နေပါတယ် အတိုက်အခိုက်တွေ စွန့်စားခန်းတွေနဲ့ Non Stop action ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲပါပဲFile size…(1.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan ...
7.4
TMDb: 7.4/10 5 votes
tv

A Thousand Blows (2025)

2025
When the Stars Gossip (2025) 7.6
When the Stars Gossip (2025) When the Stars Gossip (2025) ****************************စ/ဆုံးယခုတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့ sci-fi အမျိုးအစားကိုမှromantic comedy လေးပါ ကြည့်ချင်တယ်ဆိုတဲ့ ပရိတ်သတ်ကြီးတို့အတွက်...နာမည်ကြီးမင်းသား မင်းသမီးတွေပါဝင်ထားတဲ့ When the Stars Gossip ဇာတ်လမ်းတွဲသစ်ပဲ ဖြစ်ပါတယ်...အဓိကသရုပ်ဆောင်တွေအနေနဲ့ မင်းသားချော Lee Min Ho နဲ့ မင်းသမီးကြီး Gong Hyo Jin တို့ ပါဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း -------------တောင်ကိုရီးယားနိုင်ငံရဲ့ အချမ်းသာဆုံးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ MZ လုပ်ငန်းစုရဲ့ အနာဂတ်သမက်လောင်း ဂုံလျောင်း(Lee Min Ho)ဟာအာကာသခရီးသည် တစ်ဦးအနေနဲ့ အာကာသစခန်းမှာ ရက်အနည်းငယ်လောက်နေဖို့ ဖြစ်လာခဲ့တယ်...ဂုံလျောင်းမှာ တခြားလျှို့ဝှက်ရည်မှန်းချက်တစ်ခုလည်း ရှိပါသေးတယ်...စည်းမျဉ်းစည်းကမ်းတွေကို တင်းကြပ်ပြီး အမှားလုပ်မှာကို မကြိုက်တဲ့ ပြီးပြည့်စုံမှ အကောင်းမြင်တတ်သူ အီ့ဖ်ဂင်(Gong Hyo Jin)...အိ့ဖ်ဂင်ကတော့ အာကာသစခန်းအတွက် ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားရပါတယ်...အာကာသယာဉ်မှူးမလေး အီ့ဖ်ဂင်နဲ့ အာကာသခရီးသွားလေး ဂုံလျောင်းတို့တွေ ...
7.6
TMDb: 7.6/10 votes
tv

When the Stars Gossip (2025)

2025
Les Belles (2025)
Les Belles (2025) အချစ်ဇာတ်လမ်း ဒရာမာအသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။မိဘတွေဆုံးပါးသွားတဲ့ အိမ်ကြီးရှင်သခင်မလေးလော်လင်ယွီဟာဘဝကိုရုန်းကန်ရင်း ညီမလေးနဲ့အတူဆွေမျိုးဖြစ်တဲ့ ကျန်းရယ်ကလုမိသားစုဆီမှာခိုလှုံဖို့သွားခဲ့တယ်။ လမ်းမှာမထင်မှတ်ပဲ လုမိသားစုကတတိယသခင်လေးလုယွင်နဲ့တွေ့ပြီး အထင်လွဲကာရန်ငြှိုးဖွဲ့ခဲ့မိတယ်။ နောက်ပြန်ဆုံတွေ့ကြတဲ့အခါ လော်လင်ယွီက လုယွင်ရဲ့သဘောထားကြီးပုံနဲ့ထက်မြက်တာတွေကြောင့် သဘောကျလာခဲ့တယ်။ လုယွင်ကတော့လော်လင်ယွီကို အေးစက်တဲ့ဂုဏ်မက်မောတဲ့မိန်းကလေးလို့ အထင်လွဲနေတုန်းပါပဲ။လော်လင်ယွီရဲ့သူ့အပေါ်ကောင်းပြတာတွေကိုနှာခေါင်းရှုံ့ခဲ့တယ်။မာနကြီးတဲ့သူတို့နှစ်ယောက်ဟာ အချိန်ကြာလာတော့ သံယောဇဉ်တွေတွယ်ငြိလာပေမယ့် ဘယ်သူမှစဝန်မခံချင်ကြပါဘူး။ အဲဒီအချိန်အတောအတွင်းမှာ ကပ်ဘေးပြည်သူကိစ္စကြောင့် မင်းမျိုးမင်းနွယ်တွေနဲ့သာမန်မျိုးနွယ်တွေကြားမှာပဋိပက္ခတွေဖြစ်လာခဲ့တယ်။အားလုံးတန်းတူအခွင့်အရေးရဖို့အတွက် လုယွင်ကအရဲစွန့်ပြီးတော့ဒီကိစ္စကိုစုံစမ်းပါတယ်။ သူ့ကိုကူညီရင်း လော်လင်ယွီဟာမိန်းကလေးတစ်ယောက်ရဲ့ဘဝဟာ ယောင်္ကျားတစ်ယောက်ကိုလက်ထပ်ဖို့ပဲမဟုတ်ပဲ ယောင်္ကျားတစ်ယောက်ကိုပဲအားကိုးလို့မရဘူးဆိုတာသိလာပြီးတော့ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်လာခဲ့တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ကြားကအထင်လွဲတာတွေပြေပျောက်သွားပြီးတော့ပျော်ရွှင်စရာအချစ်ဇာတ်လမ်းလေးဖြစ်လာပါတော့တယ်။====================================Quality : WEB-DL 1080p, 720p Total Episodes : 26 Format : mp4 Genres : Wuxia,Romance,Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...

Les Belles (2025)

2025
Bali Hai (2025) 5.5
Bali Hai (2025) Bali Hai (2025) ****************အပိုင်း ၁လက်ထပ်ဖို့အထိ ပြင်ဆင်ပြီးခါမှ ချစ်သူကစွန့်ပစ်တာခံရတဲ့ နာမည်ကြီးယူကျုဘာလေး 'နတ်' နဲ့အလုပ်ကနေ စွန့်ပစ်ခံလိုက်ရတဲ့ စကားမပြောတတ်တဲ့ကောင်လေး 'မက်'...ဘာလီဟိုင်ဆိုတဲ့ဆိပ်ကမ်းကနေ ခိုလန်မှာ အလှတရားတွေကိုရှုစားရင်း ဝမ်းနည်းမှုတွေကို ကိုယ်စီဖြေဖျောက်ဖို့ ခရီးထွက်လာရင်းမှလှေမူးနေတဲ့ 'နတ်'ကို 'မက်'က ကူညီပေးရာကနေ စပြီးရင်းနှီးဖို့ဖြစ်လာတဲ့ ဒီကောင်လေးနှစ်ယောက်...တစ်ညတာအတူ စကားတွေပြော အတူသောက်ရင်း ရိုးရိုးရှင်းရှင်းအဆင့်တက်မလို့ပေမဲ့သူတို့နှစ်ယောက်က ရေးစရာကုန်ကြမ်းကုန်နေတဲ့ စာရေးဆရာနှစ်ယောက်ရဲ့ မျက်စိကျစရာ ဖြစ်လာတဲ့အခါ...ရိုးရိုးရှင်းရှင်းစရမယ့် ဒီကောင်လေးနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းမှာ ဘယ်လိုအလွဲလေးတွေနဲ့ အခွီတစ်လိုင်းဖြစ်လာမလဲ...သူတို့နှစ်ယောက်ကြားမှာ မိတ်ဆွေထက်ပိုတဲ့ ခံစားချက်တွေ ဖြစ်လာမလားဆိုတာ CMနဲ့အတူ ရှုစားလိုက်ကြပါဦးစို့...ဇာတ်လမ်းအညွှန်းကို Mary မှ ရေးသားပေးထားပါတယ်...Drama: Bali Hai Genres: Romance, Comedy Country: Thailand Episodes: 2 Aired: Feb 21, 2025 - Feb 28, 2025 Aired On: Friday Network : WeTV Translated by Mary ...
5.5
TMDb: 5.5/10 votes
tv

Bali Hai (2025)

2025
Zero Day (2025) 7.5
Zero Day (2025) Season 1အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး နည်းပညာတွေတိုးတက်လာတဲ့အခုလိုခေတ်ကြီးထဲမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေဆိုတာကလည်း နိုင်ငံတော်တော်များများမှာတွေ့ကြုံလာရတဲ့ အကြမ်းဖက်သမားတွေအကြိုက်တိုက်ခိုက်နည်းတစ်ခုဖြစ်လာခဲ့ပါတော့တယ်။အပြင်မှာသက်စွန့်ဆံဖျားလိုက်အကြမ်းဖက်နေစရာမလိုဘဲ ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့တင်နိုင်ငံနဲ့ချီပြီး ထိခိုက်နိုင်တဲ့ အဖြစ်ဆိုးတွေကိုဖန်တီးနိုင်တဲ့အတွက်မကြာခဏဆိုသလိုဖြစ်နေတာကို မြင်နေကြားနေရမှာဖြစ်ပါတယ်။အဓိကအားဖြင့်တော့ အမေရိကန်လိုနည်းပညာတိုးတက်ပြီးအင်အားကြီးမားတဲ့နိုင်ငံမှာအဖြစ်အများဆုံးဖြစ်တဲ့အတွက်နိုင်ငံရေးနဲ့ဆိုက်ဘာတိုက်ခိုက်မှုကိုပေါင်းစပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သည်းထိပ်ရင်ဖိုဖွယ် Mini Series တစ်ခုကို ပညာပေးဖျော်ဖြေရေးအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကလည်း Cape Fear တို Raging Bull တိုThe Irishman တိုလိုနာမည်ကြီးရုပ်ရှင်တွေအပြင် တခြားသောဇာတ်ကားကောင်းများစွာမှာလည်းသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးRobert De Niro ကအဓိကဇာတ်ကောင်နေရာကသရုပ်ဆောင်ထားတဲ့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားတဲ့အတွက် Casting ပိုင်းကလည်းပြောစရာကိုမရှိပါဘူး။စိတ်ကူးယဉ်ဆိုပေမဲ့တကယ်တမ်းဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြီးတွေလောက် ဆိုးဝါးပြီး စိတ်ဝင်စားစရာကောင်းတဲ့အတွက် ပရိသတ်အာရုံကိုဖမ်းစားထားနိုင်မှာပဲဖြစ်ပါတယ်။ဒီ Series ရဲ့နာမည်ကတော့ Zero Day ဖြစ်ပြီး လက်ရှိ IMDb 6.0အထိရရှိထားပါတယ်။အမေရိကန်နိုင်ငံရဲ့သမ္မတဟောင်း ဂျော့ဂျ်မော်လင်က သမ္မတရာထူးကနေရပ်နားပြီးနောက်မှာ နိုင်ငံရေးလောကထဲလုံး၀ပြန်မဝင်တော့ဘဲစာရေးဆရာတစ်ယောက်အနေနဲ့ ဘ၀ကိုအေးအေးလူလူဖြတ်သန်းနေပါတော့တယ်။ဒါပေမယ့်သိပ်ကြာကြာတောင် အနားမယူလိုက်ရဘဲအမေရိကန်နိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြီးဖြစ်ပြီး ရထားတွေတိုက်မိကုန်တဲ့အတွက် အသက်ပေါင်းထောင်နဲ့ချီဆုံးရှုးခဲ့ရတဲ့အတွက် ...
7.5
TMDb: 7.5/10 14 votes
tv

Zero Day (2025)

2025
The Roshans (2025) 8.3
The Roshans (2025) The Roshans (2025) "အနုပညာမျိုးဆက်ထွန်းကားရာ ရိုရှန်မိသားစုကမ္ဘာ"အနုပညာလောကမှာ တစ်မိသားစုတည်းက နာမည်ကျော်တွေအများကြီးထွက်တာထက်စာရင် တစ်မိပေါက်တစ်ယောက်ထွန်းကြတာ များပါတယ်။ အဖေရုပ်ရှင်မင်းသားဖြစ်တိုင်း သားတို မြေးတိုက အမြဲလိုက်ဖြစ်တတ်တာမျိုး မရှိတတ်ပါဘူး။ဒါပေမဲ့ ရိုရှန်မိသားစုတွေကတော့ အဘိုးကနေ မြေးခေတ်အထိ ‌ ဂီတနဲ့ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေ ဆက်တိုက်ထွက်ခဲ့တာပါ။အခုစီးရီးကတော့ ရိုရှန်မိသားစုအကြောင်းကို Documentary ပုံစံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ရိုရှန်မိသားစု မျိုးဆက်တစ်ခုလုံးကို အနုပညာသွေးစီးဆင်းစေခဲ့သူက ဂီတပညာရှင် ဆရာကြီးရိုရှန်လာနာဂရတ်ပါပဲ။ သူ့သားနှစ်ယောက်ထဲက ရာကေ့ရှ်က နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး ရာဂျေ့ရှ်ကတော့ သူ့အဖေလို သီချင်းရေးဆရာ တေးဂီဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ ရာကေ့ရှ်ရဲ့သားဖြစ်သူ ရီသိက်ရိုရှန်ကလည်း နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ယောက်ပါပဲ။အိန္ဒိယကမဟုတ်တဲ့ ဒီခေတ်ပရိသတ်တွေအနေနဲ့ အဘိုးနဲ့အဖေကို သိပ်မသိရင်တောင် မင်းသားချော ရီသိက်ရိုရှန်ကို ကောင်းကောင်းသိကြမယ်ထင်ပါတယ်။အဲဒီလို မျိုးရိုးစဉ်ဆက် အနုပညာရှင်တွေထွက်ခဲ့တဲ့ ရိုရှန်မိသားစုကို အခြေခံပြီး ဆရာကြီးရိုရှန်ရဲ့ အနုပညာလက်ရာတွေနဲ့ သူတိုမိသားစုရဲ့အနုပညာလက်ရာတွေအကြောင်းကို သီချင်းတွေ ရုပ်ရှင်ပြကွက်တွေနဲ့ ပြန်ပြောင်းဖော်ပြရင်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားတာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)File Size – 1 GB (Appx;)@EpisodeQuality ...
8.3
TMDb: 8.3/10 6 votes
tv

The Roshans (2025)

2025
Study Group (2025) [Complete] 9.3
Study Group (2025) [Complete] Study Group (2025)*******************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး နာမည်ကြီးလူကြိုက်များတဲ့ Webtoon ကို အခြေခံပြီးရိုက်ထားတဲ့ ဒီဇာတ်ကားလေးကတော့ကျောင်းသားအက်ရှင်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီး Hwang Min Hyun၊ Han Ji Eun၊Cha Woo Min တို့နဲ့အတူ အခြား လူငယ်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ယွန်းဂါမင်း (Hwan Min-Hyun) က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နည်းပညာအထက်ကျောင်းကကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။သပ်ရပ်တဲ့ အသွင်အပြင်နဲ့ အမြဲမျက်မှန်တပ်ထားလေ့ရှိတာမို့ စာတော်မယ့်သူလို့ထင်ရပေမဲ့တကယ်တော့ သူ့အမှတ်တွေက အမြဲအောက်ဆုံးအဆင့်မှာပဲရှိနေတာပါ။စာဘယ်လောက်ပဲကြိုးစားကြိုးစား အတတ်ပညာပိုင်းမှာ ချို့တဲ့နေတဲ့သူဖြစ်တာ​မို့ စာကလွဲပြီးခွန်အားသုံးတိုက်ခိုက်ရတဲ့နေရာမှာတော့ သူမတူအောင်အရမ်းကျွမ်းပါတယ်။တစ်နေ့မှာတော့ စာကြမ်းပိုးလေး ယွန်းဂါမင်းက သူ့အဆင့်တွေတက်လာဖို့အတွက်စာအတူတူလုပ်မယ့် စာကျက်အဖွဲ့ကိုဖွဲ့လိုက်ပါတော့တယ်။ဒီလိုနဲ့ သူတို့ အဖွဲ့ဝင်တစ်ယောက်ယောက် ဒုက္ခရောက်တဲ့အခါတိုင်း ယွန်းဂါမင်းတစ်ယောက်ဘယ်လိုတိုက်ပွဲဝင်ပြီး စာကျက်အဖွဲ့ကို ဆက်လက်ထိန်းသိမ်းသွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲရှုစားပေးပါဦးနော်။ (အညွှန်းကိုတော့ Hsu Pyae မှ ရေးသား‌ထားပါတယ်။) Aired:  Jan 23, 2025 - Feb 20, ...
9.3
TMDb: 9.3/10 390 votes
tv

Study Group (2025) [Complete]

2025
Clean Slate (2025) 6.6
Clean Slate (2025) Clean Slate ========= IMDb rating - 6.5/10 Rotten Tomatoes - 88%ယခုနှစ် (၂)လပိုင်းမှာ Amazon Prime Video က ဟာသစီးရီးလေး တစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။ LGBTQ အသားပေး ဟာသစီးရီးလေးတစ်ခုဖြစ်ပြီး rating လည်း အတော်အသင့်ကောင်းတာကြောင့် ကြည့်ရအဆင်ပြေပါတယ်။ဇာတ်လမ်းက Desiree (ဒဲစရေး) လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် Alabama ပြည်နယ်မှာရှိတဲ့ သူမရဲ့ မြို့လေးကို ပြန်လာခဲ့တယ်။ (၂၃)နှစ်ကြာ ဝေးကွာနေတဲ့ သူမအဖေ Harry (ဟယ်ရီ) နဲ့ တွေ့ဖို့ရောက်လာတာပေါ့။ ဒါပေမဲ့ မထင်ထားတဲ့အချက်က Desiree တစ်ယောက်ဟာ trans woman ဖြစ်နေတာပါပဲ။သူ့အဖေဖြစ်တဲ့ ဟယ်ရီ က သူ့ကို သားလို့ပဲ တောက်လျှောက်မြင်နေတဲ့အချိန်မှာ သမီးအဖြစ်နဲ့ ရောက်လာတဲ့အခါမှာ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ကြပါတယ်။ နောက်ပိုင်း ဘယ်လိုမျိုး အခက်အခဲတွေနဲ့ ကြုံတွေ့ပြီး ဖြေရှင်းသွားမလဲဆိုတော့...ပြောဖို့ ကျန်ခဲ့တဲ့တစ်ခုက Desiree ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်တဲ့ Laverne Cox က လက်တွေ့မှာလည်း ...
6.6
TMDb: 6.6/10 8 votes
tv

Clean Slate (2025)

2025
Unmasked (2025) [Complete] 8.3
Unmasked (2025) [Complete] Unmasked (2025)**********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခေါက်မှာတော့ Channel Myanmar ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ အသစ်ထွက်ရှိလာတဲ့မှုခင်းဟာသဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။Cast တွေအနေနဲ့ကတော့ Under The Queen's Umbrella ထဲမှ မိဖုရားကြီးဖြစ်တဲ့ Kim Hye Soo ၊The Glory ထဲမှ မင်းသား Jung Sung-Il ၊ Extraordinary Attorney Woo ထဲမှ Joo Jong-Hyukတို့ အဓိက ပါဝင်ထားပြီး ဝါရင့်သရုပ်ဆောင်ကြီးများစွာလည်း အားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~အမှုစစ်တွေ စုံထောက်တွေ မဖြေရှင်းနိုင်တဲ့အမှုတွေကို တင်ဆက်ပေးတဲ့ "Trigger" ဆိုတဲ့ ရုပ်သံအစီအစဥ်ရဲ့ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Oh So Ryong (Kim Hye Soo) ကတော့ သူမ ဘဝမှာ မနက်ဖြန်ဆိုတာ မရှိသလိုမျိုးတရားမျှတမှု အတွက် သက်စွန့်စံဖျား ကြိုးစားပြီး ...
8.3
TMDb: 8.3/10 189 votes
tv

Unmasked (2025) [Complete]

2025
City of Romance (2025) 5
City of Romance (2025) Love like the Galaxy (2022) တုန်းက အမျိုးသမီးတို့အားလုံးသနားချစ်နဲ့ ချစ်ခဲ့တဲ့ ခွေးပေါက်လေး Lou Yao ကို အခုတစ်ခါမှတော့အေးစက်စက် ရေခဲတုံးကြီးအဖြစ်တွေ့ရမှာပါနော်...ဟုတ်ပါတယ်...သစ်သားတုံးကြီးရဲ့ ရေခဲတုံးနှလုံးသားလေးကို ဘယ်လိုအရည်ပျော်အောင်လုပ်ရမယ်ဆိုတာသိချင်တဲ့သူတွေ အကွက်ဆန်းတွေ လေ့လာနိုင်ဖို့အတွက် city of the romanceဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်...ဒီလို ကြိုးစားတဲ့ ပိုင်ရှောင်သော်ဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေးကဆိုရင်တော့သူ့ရဲ့ မူသိမ်ငယ်စိတ်ကြောင့် အမြဲမုသားစကားတွေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တတ်တဲ့ အကျင့်ရှိတယ်...ဇာတ်လမ်းလေးအစကတော့ တက္ကသိုလ်တွင်း ရုပ်ပြကာတွန်းကလပ်အသင်းမှာအခက်အခဲတွေကြုံနေချိန် အဖွဲ့သားမရှိလို့ အသင်းကို ဖျက်စီးမယ်ဆိုချိန်မှာနာမည်ကြီး ရုပ်ပြကာတွန်းရေးဆရာ ဘလိတ်ခ်(ခ) ဘလက်ခ်ရဲ့ လက်ထောက်ပါဆိုပြီးပိုင်ရှောင်သော်က ကောက်လိမ်ခဲ့ပါလေရော အဲ့မှာ မတော်မဆဆုံတာကတော့ စူးယန်ချန်ပါပဲ...တိုက်တိုက်ဆိုင်ဆိုင်ပဲ စိတ်ပညာ တတိယနှစ် ၊ လူတွေနဲ့ အဆက်အဆံမလုပ်ချင်အောင်အေးစက်လွန်းတဲ့ ရေခဲတုံး သစ်သားတုံးကြီး စူးယန်ချန်က အသက်ပြည့်ပြီးသူတို့ရဲ့လိမ်ညာခြင်းနဲ့ အကျင့်စရိုက်ကို သုသေတနလုပ်ဖို့ဖြစ်ရင်းနဲ့ ဒီလို ခေါင်းအစခြေအဆုံးအလိမ်အညာတွေချည်းပြောတဲ့ ပိုင်ရှောင်သော်ကို သူ့စာတမ်းအတွက်စမ်းသပ်သူအဖြစ် ရွေးခဲ့ပါတော့တယ်...ရေစက်များဆုံချင်ပြန်တော့လည်း ...
5
TMDb: 5/10 1 votes
tv

City of Romance (2025)

2025
Motel California (2025) [Complete] 7.5
Motel California (2025) [Complete] Motel California (2025)***********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး Romance ကားလေးတွေကိုမှ ကြိုက်နှစ်သက်တတ်တဲ့ CM ပရိသတ်ကြီးတို့အတွက်Lee Se Young၊ Na In Woo၊ Choi Hee Jin နဲ့ Kim Tae Hyeong တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Motel California ဆိုတဲ့ Drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Ji Kang Hee (Lee Se Young) ဟာ မွေးရပ်မြေဖြစ်တဲ့ ရွာလေးမှာ ဖခင်ဖြစ်သူ ဖွင့်လှစ်ထားတဲ့Motel Californiaမှာ ကြီးပြင်းခဲ့သူလေးပါ။မိခင်ဖြစ်သူကတော့ ကပြားတစ်ဦးဖြစ်ပြီး ရှုပ်ထွေးတဲ့ မိသားစုအခြေအနေကြောင့် Kang Hee လေးဟာပတ်ဝန်းကျင်ရဲ့ တီးတိုးပြောဆိုသံတွေကြားမှာ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရသူဆိုလည်း မမှားပါဘူး။ငယ်သူငယ်ချင်းဖြစ်သူ Yeon-Soo ကို သဘောကျနေခဲ့ပြီး အသက်၂၀အရွယ်မှာ မွေးရပ်မြေကနေဆိုးလ်ကိုထွက်ခွာရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။၁၂နှစ်ကြာပြီးနောက်မှာ မွေးရပ်မြေကို ...
7.5
TMDb: 7.5/10 150 votes
tv

Motel California (2025) [Complete]

2025
The White Olive Tree (2025)
The White Olive Tree (2025) CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။ ဒီနေ့CMကတင်ဆက်ပေးသွားမှာကတော့ The White Olive Tree လို့ခေါ်တဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်၊ ဇာတ်ဆောင်အနေနဲ့ 2023 Hit drama Hidden love ထဲက မင်းသားချောလေး Chen Zhe Yuan က လီကျန့်အဖြစ်၊ မင်းသမီးချောလေး Liang Jie က စုန့်ရန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်ပဋိကက္ခတွေဖြစ်နေတဲ့ အရှေ့တိုင်းပြည်မှာ အင်တာဗျူးဖို့ မစ်ရှင်တစ်ခုနဲ့ သွားခဲ့ရတဲ့ သတင်းထောက်မလေး စုန့်ရန်ဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ကံကောင်းထောက်မစွာနဲ့ပဲ အရှေ့တိုင်းပြည်မှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဖောက်ခွဲရေးအင်ဂျင်နီယာလီကျန့်က သူမကို ကယ်တင်နိုင်ခဲ့ပါတယ်၊ လီကျန့်ရဲ့နူးညံ့မှုနဲ့ အပြစ်ကင်းမှုက စုန့်ရန်ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်၊စုန့်ရန်ကို သိကျွမ်းတာ ကြာလာတာအမျှ သူမဟာ အပြင်ပိုင်းမှာ အားနည်းတဲ့ပုံပေါက်ပေမယ့် ရဲရင့်သန်မာပြီး ကြင်နာမှုအပြည့်ရှိတဲ့နှလုံးသားနဲ့ တရားမျှတမှုကို မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ကြောင်း လီကျန့်နားလည်လာခဲ့ပါတယ်၊ ဒီလိုနဲ့ စိတ်တူကိုယ်တူရှိတဲ့ သူတို့ကြားမှာ ချစ်ခြင်းမေတ္တာမီးတောက်လေး ပေါက်ဖွားလာခဲ့ပါတယ်၊ ဒါပေမယ့် ဗုံးကြဲတိုက်ခိုက်မှုတစ်ခုကြောင့် အဲဒီပေါက်ဖွားနေဆဲ ခံစားချက်ဟာ ရပ်တန့်သွားခဲ့ပါတယ်၊ တရုတ်ကိုပြန်ရောက်တဲ့အချိန်မှာ သူတို့ဘဝမှာ အဆင်မပြေမှုတွေနဲ့ နေခဲ့ရပြီး နှစ်ယောက်ကြားမှာ အဆက်အသွယ်ပါ ပြတ်သွားခဲ့ပါတယ်၊ လီကျန့်ဟာ ဗုံးခွဲတိုက်ခိုက်မှုမှာ ...

The White Olive Tree (2025)

2025
Agra Affair (2025)
Agra Affair (2025) Agra Affair (2025)"အဂ်ရာဖူးစာ" ==========================Season (1) ပရိသတ်တွေ ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးမျောလိုရမယ့် slice of life ဆန်ဆန် ဟင်ဒီစကားပြော အချစ် ဒရာမာ ဇာတ်လမ်းတွဲလေးကို CM B Team ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့ ခေါင်းစဉ်ထဲက Agra ဆိုတာကတော့ မူဂါလ်အင်ပါယာရဲ့ ငါးဆက်မြောက်ဘုရင် ရှားဂျာဟန်က သူ့ရဲ့ မိဖုရား မွမ်တာ့ဇ်မဟာလ်အတွက် အချစ်သင်္ကတအနေနဲ့ တည်ဆောက်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အံ့ဖွယ် တာ့ဂျ်မဟာလ် တည်ရှိရာ အဂ်ရာ မြိုလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲလေးရဲ့ ဇာတ်လိုက်ဖြစ်သူ အာကတ်ရှ်ကတော့ ဟင်းချက်ဝါသနာပါပြီး စားသောက်ဆိုင်ဖွင့်ဖို အိပ်မက်ရှိပေမဲ့ အကောင်အထည်ဖော်ခွင့်မရဘဲ နာမည်မရှိတော့တဲ့ ဘိုးဘွားပိုင်ဟိုတယ်လေးတစ်ခုကို ဝတ္တရားအရ ဦးစီးနေရတဲ့ လူငယ်တစ်ယောက်ပါ။တစ်နေ့မှာတော့ အပြိုင်အဆိုင်တွေကြားထဲမှာ မတိုးနိုင်ဖြစ်နေလို ဧည့်သည်မရဖြစ်နေတဲ့ အာကတ်ရှ်ရဲ့ ဟိုတယ်လေးဆီကို တန်ဗီဆိုတဲ့ ခပ်သွက်သွက် ဧည့်လမ်းညွှန်မလေးတစ်ယောက် ရောက်လာခဲ့ပါတယ်။တခြားမှာ နေရာမရတော့လို ဟိုတယ်ကိုဧည့်သည်တွေနဲ့ရောက်လာတဲ့ကောင်မလေးနဲ့ ဟိုတယ်ကို အောင်မြင်အောင်ကြိုးစားဖို နည်းလမ်းရှာနေတဲ့ ဟိုတယ်ပိုင်ရှင် စားဖိုမှူးလေးတို အလုပ်တွဲလုပ်ကြရင်း ဆွတ်ပျံ့ကြည်နူးဖွယ်ရာအချစ်ဇာတ်လမ်းလေးဖြစ်လာပုံနဲ့အတူ အာဂရာမြိုလေးရဲ့ မှင်သက်စရာအလှအပတွေ၊ ခရီးသွားလောကရဲ့ လည်ပတ်ပုံတွေကို ဒီ web-series လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။(ဒီဇာတ်လမ်းတွဲအတွက် ...

Agra Affair (2025)

2025
The Åre Murders (2025) 6.734
The Åre Murders (2025)  Season 1 အပိုင်း ( ၁ မှ ၅ ) အထိ  စ / ဆုံး ရှားလော့ဟုမ်းတို့ စုံထောက်ကြီးဦးစံရှားတို့လို စုံထောက်ဇာတ်လမ်းတွေကိုမှကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ ဆွီဒင်မှုခင်း Series ကောင်းလေးတစ်ခုကိုမိတ်ဆက်ပေးလိုက်ချင်ပါတယ်။နာမည်လေးကတော့ The Åre Murders ဖြစ်ပြီး IMDb မှာRating 6.7 အထိရရှိထားပြီး လက်ရှိ Netflix မှာ အတော်ရေပန်းစားနေတဲ့ Series လေးတစ်ခုဖြစ်ပါတယ်။Season 1 မှာ အပိုင်း ၅ ပိုင်းတည်းပါ၀င်သေးပေမဲ့ ၅ ပိုင်းလုံးကစိတ်ဝင်စားစရာကောင်းပြီး စိတ်ကိုဆွဲဆောင်ထားနိုင်မှာတော့အသေအချာပါပဲ။ဒီ Series ကစိတ်ဝင်စားစရာကောင်းလား မကောင်းလားဆိုရင်နာမည်ကိုကြည့်လိုက်တာနဲ့တင် ကိုယ့်မျက်လုံးကိုယ် ၂ ခါပြန်မေးရမလိုဖြစ်နေပါပြီ။အမှန်က The Åre Murders ဆိုတာကအော်ရဲဆိုတဲ့ကျေးလက်တောရွာလေးတစ်ခုမှာဖြစ်တဲ့ လူသတ်မှုတွေအကြောင်းကိုရိုက်ထားတာဖြစ်တဲ့အတွက် အဲ့လိုနာမည်ပေးထားတာဖြစ်ပါတယ်။အဲ့ဒီအော်ရဲဆိုတဲ့ရွာလေးကို ယောက်ျားနဲ့ပြဿနာတက်ပြီးအိမ်ပေါ်ကနှင်ချခံလိုက်ရလို့ အစ်မအိမ်ကိုဆင်းလာတဲ့သူကတော့အဓိကမင်းသမီး ဟာနာပဲဖြစ်ပါတယ်။သူကစတော့ဟုမ်း အိမ်တွင်းအကြမ်းဖက်မှုဌာနမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ရဲတစ်ယောက်ဖြစ်ပြီးသူ့ဘ၀မှာဖြစ်နေတဲ့ပြဿနာတွေရှင်းသွားအောင် ခဏတာခေါင်းဆေးဖို့လည်း ခွင့်ယူပြီးလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူရောက်တဲ့ညမှာတင်ပဲအဲ့ဒီရွာက ကောင်မလေးတစ်ယောက်ပျောက်ဆုံးသွားခဲ့တဲ့အတွက်ပရဟိတလိုက်လံရှာဖွေပေးရင်းနဲ့မှ ခွင့်ယူထားတာလည်း ...
6.734
TMDb: 6.734/10 32 votes
tv

The Åre Murders (2025)

2025