Channel Myanmar

2025

Medusa (2025) 8.2
Medusa (2025) Season 1အပိုင်း  ( ၁ မှ ၁၂ အထိ ) စ / ဆုံး လျှို့ဝှက်ဆန်းကြယ်ကိုမှ ထူးထူးဆန်းဆန်းလေးနဲ့ခေါင်းစားရတာမျိုးတွေကြိုက်တဲ့သူတွေအတွက်Netflix က အသစ်ထွက်ရှိလာတဲ့ Series ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။တစ်ခါတစ်လေစိတ်ကူးပေါက်ရင်ပေါက်သလို ကလေးမကြည့်ရတဲ့အခန်းတွေပါပေမဲ့ ဇာတ်လမ်းကအရမ်းမိုက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက် တစ်ခါလောက်တော့အချိန်ပေးကြည့်ထားသင့်တဲ့ Series ကောင်းတွေထဲကတစ်ခုအပါအဝင်ဆိုရင်လည်း မမှားပါဘူး။နာမည်ကတော့ Medusa ဖြစ်ပြီး အပိုင်း ၁၂ ပိုင်းနဲ့ တ၀ကြီးရှုစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ အာဏာကြီးမားပြီး အရမ်းချမ်းသာတဲ့မိသားစုပိုင်ဆေးဝါးသုတေသနကုမ္ပဏီကြီး Medusa ရဲ့CEO အသစ် ဘာဘရာ အီသာလ်ဂို (Juana Acosta)ကသူ့သင်္ဘောပေါ်မှာ မတော်တဆဖြစ်ပြီး မသေရုံတမည်ဖြစ်ခဲ့ကာအတိတ်လည်းမေ့သွားပါတော့တယ်။ဒီလိုပြဿနာတွေဖြစ်ခဲ့တဲ့အတွက် သူ့အစ်ကိုဖြစ်သူက CEOနေရာကိုတာဝန်လက်လွှဲယူခဲ့ပြီး ဘာဘရာကတော့ အိမ်မှာပဲပြန်အနားယူနေခဲ့ရပါတော့တယ်။သူကတော့ အတိတ်မေ့သွားလို့ဘာမှမသိတော့ပေမဲ့ တကယ်တမ်းဒီမတော်တဆမှုလို့ခေါ်တဲ့သင်္ဘောပေါက်ကွဲမှုက လက်တွေ့မှာတော့ မတော်တဆမဟုတ်ကြောင်းကို ဘာဘရာတစ်ယောက် တခြားသူရဲ့အကူအညီနဲ့သိခဲ့ရပါတော့တယ်။အဲ့ဒီအပြင်ကိုမှပိုထူးခြားတာက ဒီမတော်တဆမှုရဲ့နောက်ကွယ်ကတရားခံကဝေးဝေးလံလံလိုက်ရှာနေစရာမလိုဘဲ သူ့မိသားစုထဲမှာတင်ဖြစ်နေကြောင်းသိခဲ့ရတဲ့အခါမှာတော့ဘာဘရာတစ်ယောက် သူ့အတိတ်ကိုပြန်မှတ်မိဖို့ကြိုးစားရင်းနဲ့သူ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့တရားခံကဘယ်သူလဲဆိုတာကို ရေလိုက်ငါးလိုက်လေးနေရင်းနဲ့ အဖြေရှာဖော်ထုတ်သွားပြီး Medusaကုမ္ပဏီကြီးရဲ့အနာဂတ်လည်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုစိတ်ဝင်တစားရှုစားရမှာပဲဖြစ်ပါတယ်။   File Size –737MB  / ...
8.2
TMDb: 8.2/10 24 votes
tv

Medusa (2025)

2025
The First Frost (2025)
The First Frost (2025) "မင်းက ကိုယ်ရှောင်မပြေးချင်တဲ့ ကံကြမ္မာတစ်ခုပါပဲ ဝိန်းယိဖန်"မနှစ်က ထွက်ရှိခဲ့တဲ့ Hidden Love ဇာတ်ကားထဲက စန်းကျစ်ရဲ့ အစ်ကို Sang Yan နဲ့ သူ့ချစ်သူ Wen Yi Fan တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဒီနေ့က စပြီး ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Sang Yan အဖြစ် မင်းသားချောလေး Bai Jing Ting နဲ့ သူ့ချစ်သူ Wen Yi Fan အဖြစ် Nation's First Love လို့ သတ်မှတ်ခံထားရတဲ့ Zhang Ruo Nan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းမွေးရပ်မြေကို အလုပ်လုပ်ဖို့ ပြန်လာခဲ့တဲ့ Wen Yi Fan တစ်ယောက် တစ်နေ့မှာတော့ မထင်မှတ်ဘဲ သူ့ရဲ့ အချစ်ဟောင်းဖြစ်သလို အထက်တန်းကျောင်းနေဖက်ဖြစ်ခဲ့တဲ့ Sang Yan နဲ့ တွေ့ဆုံခဲ့ပါတယ်။နှစ်တွေအများကြီးကြာအောင် လမ်းခွဲခဲ့ကြတဲ့သူတွေမို့ တစ်ယောက်နဲ့တစ်ယောက် မသိချင်ယောင်ဆောင်ထားပေမဲ့ ကံကြမ္မာက သူတို့ကို အကြိမ်ကြိမ် ...

The First Frost (2025)

2025
The Boy Next World (2025) [Complete] 8.8
The Boy Next World (2025) [Complete] အပြိုင်ကမ္ဘာက ကိုလူချော (၂၀၂၅) ************************** အပိုင်း (၁ မှ ၁၀) စ/ဆုံးMew-gulf အတွဲရဲ့ နာမည်ကြီး TharnType Universe နဲ့ ဆက်စပ်နေတဲ့ The Boy Next World စီးရီးလေး ထွက်ရှိလို့ လာပါပြီ။  ဒီကားမှာတော့ Love Sea ထဲမှာ Support Role နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ Boss Chaikamon Sermsongwittaya နဲ့ Noeul Nuttarat Tangwai တို့က Main Role အဖြစ် ပြန်လည်တွေ့ကြမှာဖြစ်ပါတယ်။အချစ်ဆိုတာကို ဘာမှန်းမသိတဲ့ဖူခန်ဆိုတဲ့ ကောင်လေးဟာ ရည်းစားဆိုတာ တစ်ခါမှမထားခဲ့ဖူးပါဘူး။ဒီလိုနဲ့ နေလာရင်း ဖူခန့်ဘဝထဲကို "ရေခဲမင်းသား"ဆိုပြီးတော့ နာမည်တွင်တဲ့ အေးစက်စက်နဲ့ ကောင်ချောလေး ဆာရက်ဟာ ဝင်ရောက်လို့လာပါတော့တယ်။ဆာရတ်ဟာ အပြိုင်ကမ္ဘာမှာ သူတို့နှစ်ယောက်ဟာ ချစ်သူတွေပါလို့ ပြောလာခဲ့ပါတယ်။လက်ရှိအခြေအနေမှာ မရင်းနှီးကြတဲ့ သူတို့အခြေအနေမှာ ဆာရက်ဟာ ဖူခန်ရဲ့ အကြောင်းတွေကို အသေးစိတ်ကအစသိလို့နေတဲ့အခါမှာတော့ ဖူခန်တစ်ယောက် ခေါင်းရှုပ်ရပါတော့တယ်။ဒီလိုနဲ့ အချစ်အကြောင်းကို ...
8.8
TMDb: 8.8/10 158 votes
tv

The Boy Next World (2025) [Complete]

2025
The Best Thing (2025)
The Best Thing (2025) ဒီတစ်ခါ CMပုရိတ်သတ်ကြီးအတွက် ယူလာပေးတဲ့ ဇာတ်ကားလေးကတော့မင်းသား ကျန်းလင့်ဟယ်နဲ့ မင်းသမီး ရွှီရော့ဟန်တို့ပါဝင် ရိုက်ကူးထားတဲ့The Best Thingဆိုတဲ့ ရိုမန့်စ်ဒရမ်မာဇာတ်ကားလေးပဲဖြစ်ပါတယ်၊ဒီဇာတ်ကားထဲမှာတော့ ကျန်းလင့်ဟယ်က တရုတ်တိုင်းရင်းဆေးဆရာဝန်လေး ဟယ်စူးယဲ့ အနေနဲ့သရုပ်ဆောင်ထားပြီးရွှီရော့ဟန်ကိုတော့ အလုပ်ဒဏ်ကြောင့်အိပ်မပျော်တဲ့ဝေဒနာကိုခံစားနေရတဲ့ ဟိုတယ်မန်နေဂျာမလေး ရှန်ရှီဖန်အနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်၊အလုပ်ဂျပိုး ဟိုတယ်မန်နေဂျာမလေး ရှန်ရှီဖန်တစ်ယောက် အလုပ်ဒဏ်ကြောင့် အိပ်မပျော်ပြီးခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကိုခံစားနေရတဲ့အတွက်တရုတ်တိုင်းရင်းဆေးဆရာဆီသွားပြရင်း ရုပ်ရည်ချောမောပြီးကြင်နာတတ်တဲ့တိုင်းရင်းဆေးဆရာလေး ဟယ်စူးယဲ့နဲ့ ဆုံတွေ့ကြတဲ့အခါမှာများပြားလှတဲ့အလုပ်ဒဏ်တွေကြောင့်ဆေးသောက်ဖို့မေ့တတ်တဲ့အလုပ်ဂျပိုးမလေးကြောင့် တိုင်းရင်းဆေးဆရာလေး ဟယ်စူးယဲ့တစ်ယောက် အမြဲခေါင်းကိုက်နေခဲ့ရတယ်သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အစမှာတော့ဆရာဝန်နဲ့ လူနာဆက်ဆံရေးဆိုပေမဲ့ မမျှော်လင့်ထားပဲအိမ်ဝင်းတစ်ခုတည်းမှာအတူနေထိုင်နေတဲ့သူတွေဖြစ်နေခဲ့ကြပြီးမကြာခဏ အမှတ်မထင်ပဲဆုံတွေ့မှုတွေကြောင့် နှစ်ယောက်ကြားမှာချစ်ခြင်းမေတ္တာတွေတဖြည်းဖြည်းနဲ့ပေါက်ဖွားလာခဲ့တော့တယ်၊အချစ်ဦးကို ဆုံးရှုံးခဲ့ဖူးတဲ့အတွက် သတိထားနေတဲ့ ရှန်ရှီဖန်နဲ့အချစ်ဦးက စွန့်ပစ်သွားတဲ့အချိန်ကတည်းက သူ့ရဲ့နှလုံးသားတံခါးကိုပိတ်ထားတဲ့ဟယ်စူးယဲ့တို့တဖြည်းဖြည်း နီးစပ်လာတဲ့အခါမှာအချင်းချင်း အပြန်အလှန်တုံ့ပြန်မှု အနေခက်နေတဲ့အဆင့်မှာပဲတဖြည်းဖြည်း ချစ်ခြင်းမေတ္တာရဲ့ စစ်မှန်တဲ့အနက်ကိုနားလည်လာပြီး အချစ်ကိုရှာဖွေဖို့ စတင်လိုက်တဲ့ ဟယ်စူးယဲ့...တရုတ်တိုင်းရင်းဆေးပညာအပေါ်ထားတဲ့ ဟယ်စူးယဲ့ရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ကြိုးစားမှုတွေဟာ သူမကိုယ်သူမ သိမြင်လာစေခဲ့ပြီးတဲ့နောက် အကိုက်ညီဆုံးမိတ်ဖက်ကိုရှာတွေ့ခဲ့တဲ့ရှန်ရှီဖန် ....သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုတွေပုံဖော်တင်ဆက်သွားမလဲဆိုတာကိုတော့ ဆက်လက်ပြီးစောင့်မျှော်ကြည့်ရှုပေးပါဦးရှင့်။===========================Quality : WEB-DL 1080p, 720p Total ...

The Best Thing (2025)

2025
Just One Look (aka) Tylko jedno spojrzenie (2025) 7.2
Just One Look (aka) Tylko jedno spojrzenie (2025) Just One Look (aka)  Tylko jedno spojrzenie (2025) =================ယခုစီးရီးဟာ Netflix က ယခုနှစ်တင် ထွက်လာခဲ့တဲ့ thriller/drama အမျိုးအစားစီးရီးဖြစ်ပြီး ပိုလန်စကား‌ပြောရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကလေးနှစ်ယောက်ရှိတဲ့ အမေတစ်‌ယောက် လွန်ခဲ့တဲ့(၁၅)နှစ်ကဖြစ်ခဲ့တဲ့ အဖြစ်ဆိုးကြီးအပေါ် စိတ်စွဲပြီး တောက်လျှောက်ကို အိပ်မက်,မက်ခဲ့ပါတယ်။အိပ်မက်သာမက်ခဲ့ပေမယ့် ၎င်းဖြစ်ရပ်ဆိုးကြီးကို ကောင်းကောင်းမမှတ်မိခဲ့ပါဘူး။တစ်ရက်ကျတော့ အမေဖြစ်သူဆီ မထင်မှတ်ထားစွာပဲ ဓာတ်ပုံတစ်ပုံရောက်ရှိလာခဲ့ပါတယ်။၎င်းဓာတ်ပုံရောက်ပြီးတဲ့အခါမှာတော့ ယောက်ျားဖြစ်သူက အိမ်ကနေထွက်သွားပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မထင်မှတ်ထားစရာတွေ တောက်လျှောက်ဖြစ်လာခဲ့ပြီးအမေဖြစ်သူ အဓိကဇာတ်ဆောင်က ဘယ်လိုမျိုးဖြေရှင်းသွားမလဲဆိုတာကို ယခုစီးရီးမှာ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ Season-2 ထွက်ရှိမယ့် စကားသံတွေကိုတော့ မကြားသိရသေးပါဘူး။(ယခုစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို CM team က ပါဝင်အားဖြည့်ထားပါတယ်။)File Size –760MB (Appx;)@EpisodeQuality – 1080p WEB DLDuration –50 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – ...
7.2
TMDb: 7.2/10 10 votes
tv

Just One Look (aka) Tylko jedno spojrzenie (2025)

2025
Club Friday Season 17: Theory of Love, Friends With Benefits (2025) 8
Club Friday Season 17: Theory of Love, Friends With Benefits (2025) Club Friday Season 17: Theory of Love, Friends With Benefits (2025) *******************************************************************စ/ဆုံးClub Friday Season 17 ရဲ့ အချစ်သီအိုရီထဲက ဒုတိယတစ်ကားဇာတ်ကားလေး လာပါပြီရှင်...ဒုတိယဇာတ်လမ်းနာမည်ကတော့ Friends With Benefits ဖြစ်ပါတယ်...FWB ဆိုတဲ့ စကားလုံးကတော့ဒီခေတ်လူငယ်တွေနဲ့လည်း မစိမ်းတဲ့ စကားလုံးလေးတစ်ခုပါပဲ...သာမန်အမှတ်မထင်တွေ့ဆုံမှုမဟုတ်ဘဲတစ်ကြိမ်ထက်မက ဆုံနေကြတဲ့ လူနှစ်ယောက်ဆက်ဆံရေးကို "မချစ်ရ ခံစားချက်မရှိရ"ဆိုတဲ့ FWB စည်းမျဉ်းကသူတို့ရဲ့ တိုးလာမဲ့ ခံစားချက်တွေကို တကယ်ပဲတားဆီးနိုင်တဲ့မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုလိုက်ရအောင်နော်...ဇာတ်လမ်းအကျဉ်း --------------အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ နာကျင်မှုတွေ ကြုံတွေ့လာခဲ့တဲ့မိန်းကလေးတစ်ယောက်ဟာ စိတ်သာယာမှုရှာဖို့ အတွက်အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်...သာမန်နေ့စဉ်ဘဝမှာ အနေအေး တည်ငြိမ်သလောက် ညဘက်မှာ ပြောင်းလဲသွားတဲ့သူ(မ)...အချစ်မပါ စိတ်အပန်းပြေရုံသက်သက်သာ ဒိတ်လုပ်တဲ့အက်ပလီကေးရှင်းကနေ သတ်မှတ်တဲ့စံနှုန်းနဲ့ကိုက်ညီတဲ့သူတွေကိုလက်ခံတွေဆုံဒိတ်လုပ်ရင်း သာယာမှုကိုရှာဖွေနေတဲ့သူ(မ)...ဒီလိုဒိတ်လုပ်ရင်းနဲ့ဆုံလာတဲ့ အသက်ငယ်ငယ်မောင်လေးကသူ့ကို တွယ်ကပ်လာချိန်မှာပဲ အရင်ရည်းစားက သူ့အနားကို တစ်ခါပြန်လာပြီး တောင်းပန်နေတဲ့အခါမှာတော့ဒီသုံးပွင့်ဆိုင်ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မှာလဲ...သူ(မ)ရဲ့ နောက်ဆုံးရွေးချယ်မှုက ဘယ်သူဖြစ်မလဲဆိုတာဒီဇာတ်လမ်းလေးမှာဆက်လက်ကြည့်ရှုကြပါရှင်...(အသက်ကန့်သတ်ချက်ဖော်ပြထားတဲ့ စီးရီးဖြစ်တဲ့အတွက် ...
8
TMDb: 8/10 1 votes
tv

Club Friday Season 17: Theory of Love, Friends With Benefits (2025)

2025
Love and Sword (2025)
Love and Sword (2025) "Three Lives,Three Worlds,Ten Miles of Peach Blossoms" မှာသုံ့ဟွာသီကျွင်းအဖြစ် လူသိများခဲ့တဲ့ Gao Wei Guang နဲ့ "The Untamed"မှာအားကျဲ (ကျန်းယန်လီ) အနေနဲ့ ပရိသတ်တွေ အသနားပိုခဲ့ကြတဲ့ Xuan Lu တို့တွဲဖက်သရုပ်ဆောင်ထားကြတဲ့ ဝူရှဇာတ်လမ်းသစ်လေးပဲဖြစ်ပါတယ်။သရဲတောင်ကြားဂိုဏ်းရဲ့တိုက်ခိုက်မှုကိုခံရပြီး အတိတ်မေ့သွားခဲ့တဲ့ရုံရှုခွမ်ဆိုတဲ့ သိုင်းသမားမိန်းကလေးတစ်ဦး...ယန်ရှောက်ဆိုတဲ့ လျှို့ဝှက်တဲ့သိုင်းသမားနဲ့တွေ့ဆုံကယ်ခြင်းခံရပြီးနောက်သူတို့၂ဦး လက်တွဲကာ သိုင်းလောကကိုလှည့်လည်ဖို့ ဖြစ်လာခဲ့ပါတယ်။သိုင်းလောကအရှုပ်အထွေးတွေကြားက သူတို့နှစ်ဦးကြား ချစ်ပုံပြင်နဲ့အတူဆန်းကြယ်တဲ့ပုစ္ဆာတွေကို အဖြေရှာကြရင်း CM နဲ့အတူတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်။===========================================Quality : WEB-DL 1080p, 720p Total Episodes : 24 Format : mp4 Genres : Business, Romance, Drama, Medical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin ...

Love and Sword (2025)

2025
The Embers (2025) 7
The Embers (2025) ငယ်စဉ်က ဖြစ်ရပ်ဆိုးကြောင့် လျောင်ညီအစ်ကိုဟာ သေကွဲနဲ့ ကွဲကွာခဲ့ရတယ်။မီးလောင်မှုကြီးကြောင့် ညီအစ်ကိုတွေ ကွဲကွာခဲ့ရသလို အခြေအနေတစ်‌ခုကြောင့်ဆန့်ကျင်ဘက်တွေ ဖြစ်လာကြတယ်။ကိုယ်ကျိူးကြောင့် အမှောင်ဘက်ကို ရောက်သွားမလားအမှန်တရားနောက်ကို လိုက်ရင်းနဲ့ အလင်းထဲကို ရောက်လာမလား။တစ်ခါက နာမည်ကြီးတဲ့ AH7 ဆိုတဲ့ ဆေးတစ်မျိုးက လောကကြီးထဲကို ပြန်ရောက်လာတဲ့အခါလျောင်ညီအစ်ကိုတွေ ဘယ်လိုဖြစ်သွားမလဲ။အမှုပြန်စစ်ချင်တဲ့ မီးလောင်မှုကရော ပြန်စစ်ဆေးနိုင်မလားဒီဇာတ်ကားကိုတော့ အားလုံးနဲ့ ရင်းနှီးနေမယ့် Once We Get Married, The Love You Give Me နဲ့အတူနာမည်ကြီးလာတဲ့ Wang Ziyi၊ Begin Again နဲ့ လူသိများလာတဲ့ Sunny Sun တိုက ပါဝင်ထားပါတယ်===========================Quality : WEB-DL 1080p, 720p Total Episodes : 28 Format : mp4 Genres : Thriller Runtime : 40 min Subtitle : Myanmar ...
7
TMDb: 7/10 3 votes
tv

The Embers (2025)

2025
Prime Target (2025) 7.7
Prime Target (2025)  Prime Target (2025)Season 01 (complete)IMDb Rating (6.3) / Rotten Tomatoes (46%) Prime လို့ပြောလိုက်လို့ရှိရင် များသောအားဖြင့် အဓိကကျတဲ့ ဒါမှမဟုတ် စံချိန်တင်တဲ့ သဘောသဘာဝကို ရည်ညွှန်သောအားဖြင့် ဒီစကားလုံးကိုသုံးတတ်ကြပါတယ်။ဒါပေမဲ့ ဒီစီးရီးထဲမှတော့ သင်္ချာကိန်းဂဏစာန်းတွေထဲက "သုဒ္ဓကိန်း" ကို အဓိကထား ဖော်ကျူးထားတာဖြစ်ပါတယ်။အခုမှ အသစ်ထွက်ရှိထားတဲ့ Prime Target ဟာဆိုရင် ထွက်ပြီးချင်း ရက်ပိုင်းလေးတင်ပဲ IMDB မှာ 6.7 နဲ့ Tomato Meter 70 % အထိရရှိထားတဲ့ စီးရီးကောင်းတစ်ကားဖြစ်ပါတယ်။စာရေးသူဖြစ်တဲ့ ကျွန်တော့်တစ်ကိုယ်ထဲအမြင်နဲ့လည်း ဒီဇာတ်လမ်းရဲ့ plot က Kingsmen ရဲ့ ဇာတ်အိမ်တည်သလိုလို Criminal Mind ရဲ့ ဇာတ်အိမ်တည်ဆောက်ပုံလိုလို ဇာတ်အိမ်ကောင်းတဲ့ထဲပါပြီးတော့သူ့ဟာနဲ့သူလည်း distinct ဖြစ်တဲ့ဘက်လည်းရောက်တဲ့အတွက် psychological, mystery နဲ့ post-crime activities ...
7.7
TMDb: 7.7/10 19 votes
tv

Prime Target (2025)

2025
The Scandal of Chun Hwa (2025) [Complete] 7.2
The Scandal of Chun Hwa (2025) [Complete] The Scandal of Chun Hwa (2025)*******************************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး နန်းတွင်းအချစ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် မင်းသမီး Go Ara၊မင်းသား Chang Ryul နဲ့  SF9အဖွဲ့ဝင် Chani တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းတွဲသစ်ကလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းကတော့..တော်ဝင်မိသားစုရဲ့ အငယ်ဆုံးမင်းသမီးလေးဖြစ်တဲ့ ဟွာရီ (Go Ara) ဟာ အချစ်ဦးနဲ့လွဲခဲ့ရပြီး လက်ထပ်ဖို့အသက်အရွယ်လည်း‌ရောက်ပြီမလို့ သူမရဲ့အနာဂတ်ခင်ပွန်းလောင်းကို ကိုယ်တိုင်ရွေးချယ်ချင်တာကြောင့်ရောကာမရမ္မက်နှိုးကြွစေတဲ့ ချွန်းဟွာပန်းချီကားမှာ သူမရဲ့မျက်နှာကို အဓိကအမျိုးသမီး‌‌ဇာတ်ကောင်အဖြစ်ထည့်‌ရေးဆွဲခဲ့တဲ့သူကို ရှာချင်တာကြောင့်ရော နန်းတော်ပြင်ပကိုထွက်လာခဲ့ပါတယ်။ချွဲဟွမ် (Chang Ryul)ကတော့ မြို့တော်ရဲ့အချမ်းသာဆုံး ရုပ်ရည်ချောမောတဲ့ ကုန်သည်လူရှုပ်လေးဖြစ်ပြီးသူ့မှာ လျှို့ဝှက်ချက်တစ်ခုလည်းရှိနေပါတယ်။အီဂျန်ဝန်း (Chani) ကတော့ ဂုဏ်ထူးဆောင်မိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့အပြင် ခန့်ညားပြီးဉာဏ်ကောင်းလွန်းတာကြောင့် မျိုးရိုးမြင့်မိသားစုတွေကြားမှာ စံပြသမက်ပုံစံလေးအဖြစ် ရေပန်းစားတဲ့သူလေးပေ့ါ။ဒါကြောင့် မင်းသမီးလေးဟွာရီက သူမရဲ့ခင်ပွန်းလောင်းကို ဘယ်လိုရွေးချယ်သွားမလဲ။သူမရဲ့မျက်နှာကို ချွန်းဟွာပန်းချီကားထဲ ထည့်ရေးဆွဲခဲ့တဲ့သူကိုရော ရှာတွေ့သွားမလား။နန်းတွင်းအချစ်ဇာတ်လမ်းဆိုတဲ့အတိုင်း သခင်လေး ချောချောလေးတွေ အများကြီးပါမှာမလို့မလွတ်တမ်းကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းလေးဟာ ...
7.2
TMDb: 7.2/10 100 votes
tv

The Scandal of Chun Hwa (2025) [Complete]

2025
Heart Stain (2025) [Complete] 8.0
Heart Stain (2025) [Complete] Heart Stain (2025)*******************အပိုင်း (၁ မှ ၈) စ/ဆုံးယခုတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ Korea BL အမျိုးအစား အချစ် romance ဇာတ်လမ်း ဖြစ်တဲ့ Heart Stain ဆိုတဲ့ ကျောင်းသားကားဇာတ်လမ်းတွဲအသစ်လေးပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ idol BXB အဖွဲ့ထဲက Ha Min, This is the Moment ကားထဲက မင်းသား Kang Yeon Jae, ဒီကားနဲ့မှ debut တဲ့ မင်းသား Kim Ji O တို့ အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း **************အထက်တန်းကျောင်းသားဖြစ်တဲ့ ဝူဟျွန်း(Ji O) ဟာ သူ့အတန်းပိုင်ဆရာဖြစ်သူကို သဘောကျနေတဲ့သူ တစ်ယောက်ဖြစ်ပြီး .. သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုအကြောင်းကို သူငယ်ချင်းဖြစ်သူ ဘတ်ဒိုဟာ (Ha Min) သိသွားကာ သူ့ကို ကဲ့ရဲ့မှာကို ကြောက်နေသူပါ .. ။ဒါပေမဲ့လည်း အထင်နဲ့လွဲမှားစွာ ...
8.0
TMDb: 8.0/10 520 votes
tv

Heart Stain (2025) [Complete]

2025
Running Point (2025) 8
Running Point (2025) Running Point (2025)*********************အပိုင်း (၁ မှ ၁၀) စ/ဆုံး အားကစားကိုသဘောကျနှစ်သက်သူတွေအတွက် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရှယ်ရိုက်ကူးထားတဲ့ အသစ်ထွက် Netflix Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Running Point ဖြစ်ပြီး လက်ရှိ IMDb 7.4 အထိရရှိထားတဲ့အတွက် မကောင်းမှာ အချိန်ပေးရမှာ မတန်မှာတွေကတော့ စိတ်ပူနေစရာကို မလိုပါဘူး။အဓိကသရုပ်ဆောင်အနေနဲ့ ၂၀ ရာစု အစောပိုင်းကနေ အခုထက်ထိလည်း နာမည်ကြီးနေဆဲ ကားကောင်းတွေမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မမ Kate Hudson ဖြစ်ပြီး Ghosts တို့ The Other Two တို့လို Series ကြီးတွေမှာ ဇာတ်ရန်အနေနဲ့ပါဝင်ခဲ့တဲ့ Drew Tarver တို့အပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ကြောင်းကတော့ LA Waves လို့ခေါ်တဲ့ဘက်စကက်ဘောအသင်းကြီးကို ပိုင်တဲ့မိသားစုနဲ့ ဒီအသင်းထဲကအဖြစ်အပျက်တွေဖြစ်ပါတယ်။ ဘက်စကက်ဘော မကြိုက်တဲ့ လူတွေတောင် စိတ်ဝင်စားသွားပြီး ကြည့်ချင်စေရမှာတော့အသေအချာပါပဲ။ဒီအသင်းကြီးကိုပိုင်တဲ့ လုပ်ငန်းပိုင်ရှင်သူဌေးဆုံးသွားပြီးတဲ့နောက်မှာ သားအကြီး ၂ ယောက်က ဥက္ကဌနဲ့ အထွေထွေမန်နေဂျာတို့ဖြစ်လာပြီး သားအငယ်ဆုံးကတော့ ငွေကြေးအရာရှိချုပ် အသီးသီးဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီထဲကမှ ...
8
TMDb: 8/10 16 votes
tv

Running Point (2025)

2025
Paradise (2025) 8
Paradise (2025) ၂၀၂၅ခုနှစ်အသစ်စက်စက်ထွက် စောင့်ကြည့်သင့်တဲ့ စီးရီးလေးတစ်ခုလာပါပြီ။ဇာတ်လမ်းက ထုံးစံအတိုင်းလူသတ်မှုကို စုံစမ်းကြမယ့်ကားလေးပါ။ သေဆုံးသူက အမေရိကန်သမ္မတ သူ့ရဲ့စံအိမ်မှာ ဘယ်သူမှမသိလိုက်ဘဲ လုပ်ကြံခံရပြီး သူ့ရဲ့ဘော်ဒီဂတ်ခေါင်းဆောင် အေးဂျင့်ကောလင်းစ်က စုံစမ်းမှုတွေ လုပ်သွားမှာပါ။ဇာတ်လမ်းအများစုမှာ သက်တော်စောင့်တွေရဲ့ role ကို ကျော်သွားပေမဲ့ ဒီစီးရီးမှာတော့ သူတို့ကို အပြောင်းအလဲအနေနဲ့ အဓိကထားရှုစားရမှာပါ။ဇာတ်လမ်းအကျဉ်းသမ္မတအိမ်တော်ကို စောင့်ကြပ်နေတဲ့ လုံခြုံရေးခေါင်းဆောင် ကောလင်းစ်ဟာ မနက်ခင်း ၈နာရီ သူအလုပ်ဆင်းတဲ့အချိန် သမ္မတက ပုံမှန်နိုးချိန်ထက်နောက်ကျတဲ့ထိ အိပ်ခန်းထဲက ထွက်မလာသေးလို့ ဝင်ကြည့်ရာကနေ သွေးအိုင်တဲ့ လဲကျသေဆုံးနေတဲ့ သမ္မတကိုမြင်တွေ့ခဲ့ပြီး သူအလုပ်စမဝင်ခင် သမ္မတကိုယ်တိုင် သူ့ကိုအင်တာဗျူးခဲ့တဲ့ မှတ်ဉာဏ်ဟောင်းလေး ပြန်ပေါ်လာပါတယ်။စဝင်ကတည်းက ပွင့်လင်းပျော်ပါးတတ်တဲ့သမ္မတနဲ့ စကားစမြည်ပြောကြရင်း ခင်မင်ကြတယ်ဆိုပေမဲ့ ကိစ္စတစ်ခုကြောင့် သက်တော်စောင့် ကောလင်းစ်က သမ္မတကို သေစေချင်လောက်တဲ့ထိ ဖြစ်သွားခဲ့ပါတယ်။ဆိုတော့ လူသတ်သမားက ကောလင်းစ်လား ဘာကိစ္စတွေဖြစ်ခဲ့တာလဲ ကျန်ရှိနေသေးတဲ့ဇာတ်ကြောင်းတွေအများကြီးကို ဆက်လက်အဖြေထုတ် ရှုစားရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။File Size – 800 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –60 minute (@Episode)Total Episodes: 8 EpsSubtitle – ...
8
TMDb: 8/10 28 votes
tv

Paradise (2025)

2025
The Crow Girl (2025) 7.8
The Crow Girl (2025)  The Crow Girl (2025)IMDb Rating (6.8) ဒီစီးရီးကတော့ကန်ဒီနေးဗီးယား စာရေးဆရာ Erik Axl Sund ၏ နာမည်ကြီး ဝတ္ထုကို အခြေခံ၍ ရိုက်ကူးထားသော ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး 2025 ဇန်နဝါရီလ ၁၆ ရက်နေ့ကမှ Paramount+ ကနေ ထုတ်လွှင့်ထားတာပါ။ဇာတ်လမ်းအကျဉ်းDCI Jeanette Kilburn (Eve Myles) နှင့် စိတ်ပညာရှင် Dr. Sophia Craven (Katherine Kelly) တို့သည် ဆယ်ကျော်သက်လူငယ်များကို သတ်ဖြတ်သည့် လူသတ်မှုများကို စုံစမ်းစစ်ဆေးရာမှ စတင်ထားပါတယ်။ဇာတ်လမ်းတွဲအစပိုင်းမှာ ဒီစီအိုင်က လူငယ်တစ်ဦးရဲ့အလောင်းကို အိတ်တစ်လုံးထဲမှာ ခေါက်ချိုးချိုးပြီးစွန့်ပစ်ထားတာကိုတွေ့ရှိရာစတင်ပြီး၊အလောင်းက်ိုစွန့်ပစ်ထားတဲ့နေရာကလည်း အဲဒီမနက်ခင်းမှတင် ကလေးအပြာကားတွေကိုလက်၀ယ်ထားပြီး ဖြန့်ချီမှုနဲ့အဖမ်းခံလိုက်ရတဲ့ သွားဆရာ၀န်ရဲ့ရုံးအရှေ့မှာဖြစ်လို့သွားဆရာ၀န်ရဲ့စိတ်ကျန်းမာရေးအကဲဖြတ်ဖြစ်သူ ဆိုဖီယာနဲ့ချိတ်ဆက်မိတာကနေ စတင်ထားပါတာ။အဆိုပါ စုံစမ်းစစ်ဆေးမှုမှတဆင့် အတိတ်ကာလမှ စွဲကျန်နေသည့် အကြမ်းဖက်မှုများကနေ လူသတ်မှုကျူးလွန်စေတဲ့ကမ္ဘာသို့ သူတို့ကို ဦးတည်စေပြီး၊ရဲအဖွဲ့အစည်းအတွင်းရှိ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ရင်း သူတို့၏ ...
7.8
TMDb: 7.8/10 6 votes
tv

The Crow Girl (2025)

2025
Toxic Town (2025) 7.3
Toxic Town (2025) Toxic Town (2025)IMDb (7.7/10)ဒီစီးရီးလေးကတော့ ၂၀၂၅မှာ ထွက်ရှိခဲ့ပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့စီးရီးလေးပါ။IMDb 7.7 အထိရရှိထားတာမိုလက်မလွှတ်သင့်ပါဘူး။ ၁၉၈၀နဲ့ ၉၀ အတွင်း UK ရဲ့ ကော်ဘီမြိုက စတီးစက်ရုံရဲ့ ဓာတုအဆိပ်သင့်တာကြောင့် ကိုယ်ဝန်သည်တွေမွေးတဲ့ ကလေးတွေမှာ ကိုယ်လက်အင်္ဂါချိုယွင်းခဲ့တာတွေအတွက် တရားမျှတမှုရအောင်တိုက်ပွဲဝင်ခဲ့တဲ့ ကာယကံရှင်မိခင်သုံးဦးအကြောင်း အဖြစ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း တစ်ကယ်ဖြစ်ခဲ့တဲ့နေရာတွေမှာ သွားရောက်ရိုက်ကူးထားခဲ့ပါတယ်။ကော်ဘီမြိုက တစ်ချိန်က စတီးအဓိကထုတ်လုပ်တဲ့မြိုပါ။ ဒါပေမဲ့ ၁၉၈၀မှာတော့ အလုပ်ကိုပိတ်ချလိုက်ရပြီး အလုပ်လက်မဲ့များစွာလည်းပေါ်ပေါက်စေခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဒီမြိုကြီးကို ပြန်လည်တိုးတက်အောင်လုပ်ဖိုအတွက် ‌ ကော်ဘီကောင်စီဟာ စတီးလုပ်ငန်းခွင်က မြေတွေကို ပြင်ဆင်ဖိုလုပ်ငန်းစတင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် စတီးလုပ်ခဲ့တာကြောင့် မြေဟာ ဓာတုအဆိပ်အတောက်တွေဖြစ်နေခဲ့ပါတယ်။ဒီမြေတွေကို ရွှေ့ကြရတဲ့ ထရပ်ကားသမားတွေက မြေတွေကိုကားပေါ်တင်ပြီး အဖုန်းမဖုန်းဘဲ လူထူထပ်တဲ့ မြိုလယ်ခေါင်ကနေဖြတ်မောင်းကြတာကြောင့် တင်လာတဲ့ မြေပေါ်က အဆိပ်အတောက်တွေကို မြိုသူမြိုသားတွေက သတိမထားမိဘဲ ရှူရှိက်မိပြီး ကိုယ်ဝန်သည်တွေကလေးမွေးတဲ့အခါမှာတော့ ဓာတုအဆိပ်ကြောင့် ခြေလက်အင်္ဂါမစုံလင်တဲ့ကလေးတွေ မွေးလာခဲ့ကြတယ်။ဒါကို သတိထားမိတဲ့ ကော်ဘီမြိုက မိခင်သုံးဦးက သူတိုကလေးတွေအတွက် တရားမျှတမှုရအောင် ကော်ဘီကောင်စီကို တရားစွဲဆိုခဲ့ပါတယ်။ ကောင်ဘီကောင်စီရဲ့ ဆက်တိုက်ငြင်းဆိုမှုတွေ၊ သက်သေဖုံးဖိခြင်းတွေကြောင့် ဒီအမှုဟာ ...
7.3
TMDb: 7.3/10 7 votes
tv

Toxic Town (2025)

2025
Jack & Joker: The Special Episode (2025) 6.5
Jack & Joker: The Special Episode (2025) Jack & Joker: U Steal My Heart! Special Episode (2025) ******************************************************BLပရိသတ်‌တွေရဲ့ နှလုံးသားတွေကိုခိုးယူသွားတဲ့ YinWar couple ရဲ့ စောင့်မျှော်နေကြတဲ့ special ep ထွက်ရှိလို့လာပါပြီ....လွမ်းနေကြတဲ့ ပရိသတ်တွေကတော့ ဒီ Special Ep ကြည့်ရင်းနဲ့ အလွမ်းသယ်ခွင့်ရမှာပါ...ဆူဖာနီမစ်ရဲ့ပြဿနာတွေအပြီး ဘော့စ်ပြဿနာလည်းရှင်းအပြီး ဂျက်နဲ့ဂျုပ်တို့တစ်သိုက်လည်းသာယာတဲ့ဘဝမှာ အတွဲကိုယ်စီနဲ့ သာယာပျော်ရွှင်လို့ပေါ့...ဒီအချိန်မှာ ကြွေးယူသူတွေရဲ့ ဒေတာခိုးခံရတာနဲ့အတူဂျက်နဲ့ဂျိုကာတို့အဖွဲ့လည်း ဒီအရှုပ်အထွေးတွေထဲ တစ်ဖန်ပြန်လည်ဝင်ရောက်ဖို့ဖြစ်လာချိန်မှာတော့...မထင်မှတ်ထားတဲ့ plot twistတွေနဲ့ အချိန်ကြာကြာရှုစားရမဲ့ ဒီspecial ep လေးကဘယ်လိုခံစားချက်တွေနဲ့ ပရိသတ်ကို နှုတ်ဆက်သွားမလဲဆိုတာ အားလုံးအတူ ရှုစားလိုက်ရအောင်ပါ...ဇာတ်လမ်းအညွှန်းကို Mary မှ ရေးသားပေးထားပါတယ်...Special: Jack & Joker: U Steal My Heart! Special Episode Genres: Romance, BL Country: Thailand Episodes: 2 Aired: Feb 22, ...
6.5
TMDb: 6.5/10 votes
tv

Jack & Joker: The Special Episode (2025)

2025
Always Home (2025)
Always Home (2025) ဝူရှသိုင်းကားတွေကိုပဲ အကြည့်များပြီး ဝူရှကို ငြီးငွေ့နေတဲ့C drama fan တိုအတွက် မော်ဒန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဆရာဝန်မိသားစုတွေကမွေးဖွားလာတဲ့သူငယ်ချင်းလေးယောက်ဟာ သူတိုရဲ့ငယ်ဘဝတစ်လျှောက်လိုလေးသေးမရှိ‌နေထိုင် ကြီးပြင်းခဲ့ရာကနေ မြီးကောင်ပေါက်အရွယ်ကိုဝင်လာကြတဲ့အခါမှာတော့ ဂယက်လေးတွေ စလာပါတော့တယ်။ရည်မှန်းထားတဲ့အိပ်မက်တွေကို မရရအောင်သွားဖို လူငယ်ဘဝဟာထင်သလောက်မလွယ်ကူကြောင်း သူတိုသိရှိလာခဲ့ကြပါတယ်။ အိပ်မက်တွေနောက်လိုက်ရင်ချစ်ခြင်းမေတ္တာရဲ့အရသာကိုရှာတွေ့မြည်းစမ်းမိရာကနေ လူငယ်သဘာဝပဋိပက္ခတွေကို ရင်ဆိုင်လာရချိန်မှာတော့...အမြဲတမ်း ပျော်ရွှင်ရယ်မောခဲ့တဲ့သူငယ်ချင်းလေးယောက်က အချစ်ရေးတွေ၊ အိပ်မက်တွေကြားသူငယ်ချင်းသံယောဇဉ်ကို ဆက်လက်ခိုင်ခံ့အောင် တောင့်ခံနိုင်သွားမှာလား?လူငယ်ဘဝ‌ကရော သူတိုကိုဘာတွေ သင်သွားပေးမှာလဲ??လေးယောက်ပေါင်းလောင်းကျော်ပြီး ဂယက်တွေထရင်း လူတိုင်းကြုံတွေ့ရတဲ့လူငယ်ဘဝဆိုတဲ့"နွေးထွေးရာအိမ်ငယ်လေး"ကပေးလာမဲ့ဂယက်အစုံကို သူတိုလေးယောက်က ကြံ့ကြံ့ခံရင်ဆိုင်ပြီးအဆုံးမှာ အရင်လိုပဲအတူတူရယ်မောပျော်ရွှင်နိုင်မှာလားဆိုတာကိုတော့CM Chinese team က ဘာသာပြန်တင်ဆက်ပေးမဲ့ Always Home (နွေးထွေးရာအိမ်ငယ်လေး) ဆိုတဲ့C drama လေးကို စောင့်မျှော်ကြည့်ရှုပေးကြပါအုံးနော်...။===========================Quality : WEB-DL 1080p, 720p Total Episodes : 30 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar ...

Always Home (2025)

2025
Dalah: Death and the Flowers (2025)
Dalah: Death and the Flowers (2025) "မရဏပန်းခင်း" (၂၀၂၅)================ Thai ပရိတ်သတ်မှန်ရင် Ya yaကိုသိကြမယ်ထင်ပါတယ်အခုတစ်ခေါက်‌မှာတော့ya yaနဲ့နာမည်ကြီးမင်းသားမင်းသမီးပေါင်းများစွာပါဝင်သရုပ်‌‌ဆောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်လှုပ်ရှားစရာကောင်းသော Netflixကအသစ်စက်စက်seriesလေးထွက်ရှိလို့လာပါပြီ မေ့လို့ ထုခွန်တို့အကြိုက်blမင်းသားလေးဖူဝင်လေးလည်းပါတယ်နော်We are feministဆိုတဲ့ဆောင်ပုဒ်နှင့်အတူ ရွေးကောက်ပွဲမှာဝန်ကြီးချုပ်ရာထူးဖြင့်ဝင်ရွေးခံတဲ့အုမ်အနုစွန်တစ်ယောက် အဆင့်အတန်းမြင့်မားသောလူ့အသိုင်းအဝိုင်းထဲကဒေါက်တာရီဆာလို့ခေါ်တဲ့သူနဲ့ မင်္ဂလာဆောင်တဲ့နေ့မှာတင်အသတ်ခံလိုက်ရသောအခါ မင်္ဂလာပွဲကိုလာတဲ့သူတွေအားလုံးဟာ လူသတ်တရားခံအဖြစ် သံသယဝင်ခံရသွားပါတယ်အုမ်အနုစွန်ကွယ်လွန်ပြီးနောက်မှာ အုမ်(၀န်ကြီးချုပ်လောင်း) နှင့် သူရဲ့သတို့သမီးလောင်း ရီဆာတို့၏ မင်္ဂလာပွဲအတွက် ပန်းအလှဆင်ရန် ရွေးချယ်ခံခဲ့ရသော ပန်းဆရာ ဒါလာ (ya ya)အပါအဝင် လူသတ်မှုသံသယရှိသူများကို ရဲတပ်ဖွဲ့က အရေးပေါ်ခြေရာခံရှာဖွေဖို့လုပ်ပါတော့တယ်အဲလိုနဲ့ပဲသြဇာကြီးမားသော လူ့အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များ နှင့် အရှုပ်တော်ပုံများတွင် ဒါလာပါဝင်သွားပါတော့တယ်လူသတ်မှုတွင် အခြားသံသယရှိသူများကတော့ (ဆာရက်) မင်္ဂလာအခမ်းအနားကျင်းပရာ ဟိုတယ်ဧည့်ခံအဖွဲ့ အကြီးအကဲ အုမ်အနုစွန် မိသားစုဝင်တွေနဲ့ မိသားစုနှစ်စုကြား ပဋိပက္ခကလည်းရှိနေတော့ အုမ်အနုစွန်ရဲ့သတို့သမီးဘက်ကမိသားစုဝင်များကိုလည်းရဲတွေကသံသယဝင်စာရင်းထဲပါဝင်လာပါတော့တယ်သူတို့ထဲမှာဘယ်သူကများ အုမ်ကိုသတ်လိုက်လဲဆိုတာကို CMပရိတ်သတ်တို့ Netflixကနေအသစ်စက်စက်ထွက်လာတဲ့ဒီရုပ်ရှင်လေးကိုကြည့်လိုက်ကြရအောင်နော် File size…(650 Mb)/(340 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:53:00 Genre... Drama, ...

Dalah: Death and the Flowers (2025)

2025
Kill My Sins (2025)
Kill My Sins (2025) CM တရုတ်ကား ချစ်သူတို့ကို ဒီတစ်ခေါက် အစ်မတော် လျိုရှီးရှီး ရဲ့Kill My Sins ဆိုတဲ့ ဇာတ်လမ်းတွဲဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ကောင်းပါ့မလား မစဉ်းစားနဲ့ ထန်ပြည်ထောင်မှ အမှုတွဲများရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး ပိုင်ရှန် ရဲ့ လက်ရာနော်…အစ်မတော် လျိုရှီးရှီးနဲ့အတူ princess agent (2017) က ယန်ရွှမ်ရယ် brocade odyssey(2024) က ယန်ကျင့်လန် ရယ် the untamed (2019) က ရှီကျဲတို့က ပါဝင် အားဖြည့်ထားတာမို့ ကြည့်မကောင်းစရာအကြောင်းကို ရှာမတွေ့တော့တာပါ…ဇာတ်ကြောင်းအကျဉ်းလေးပြောရရင်လေလွင် သမားတော်တစ်ယောက် ယဲ့ဖင်အန်း ဟာ ချန်အန်းမြို့ရဲ့ ရှုပ်ပွေလှတဲ့ အမှုတစ်ခုနဲ့ ပတ်သက်မိသွားပါတယ်...သူ့ဆေးပညာက တခြားသူနဲ့ မတူဘဲ အိပ်မက်ကို ကုသတာဖြစ်လို့ ကဝေလိုလို မိစ္ဆာလိုလို လူတွေက ကြောက်ကြသလို စိတ်ကြောင့်ဖြစ်တဲ့ ရောဂါအားလုံးလည်း ယဲ့သမားတော် ယဲ့ဖင်အန်းဆီမှ လာကုသကြပြီး... ယဲ့သမားတော်ကြီးကလည်း အသပြာကို လိုသလို တောင်းတတ်ပါသေးတယ်...တစ်ဖက်မှာ နိမ့်ကျမျိုးရိုးကလာပြီး ရာထူးအာဏာကို အမိအရအသုံးချရင်း သူ့ဘဝတိုးတက်မြင့်မားနိုင်မယ့် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ ...

Kill My Sins (2025)

2025