Channel Myanmar

2025

Northward (2025)
Northward (2025) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့ရဲ့အချစ်တော်မင်းသမီးလေးပိုင်လုရဲ့အသစ်ထွက်ရှိလာတဲ့ ‘Northward” ဆိုတဲ့ ဇာတ်လမ်းလေးကတော့ငယ်သူငယ်ချင်း ၆ယောက်ကြားကခင်မင်ရင်းနှီးမှု၊ လူငယ်တွေရဲ့ဘဝမှာ ကြုံတွေ့ရတတ်တဲ့အခက်အခဲတွေကိုအသားပေးရိုက်ကူးပုံဖော်ထားတာဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၀၀၀ခုနှစ် နွေရာသီကာလမှာဆယ်ကျော်သက်အရွယ် မာစစ်ယိလို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ဘဝဇာတ်ကြောင်းရှိသူလေးဟာတူးမြောင်းနားက ပန်းလမ်းဆီရောက်လာခဲ့ပါတယ်။သူမရဲ့ရုပ်ရည်သွင်ပြင်ဟာ တခြားသူတွေထက်ထူးခြားတဲ့အတွက်ပန်းလမ်းလေးရဲ့ အကျော်ကြားဆုံးလူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဆယ်ကျော်သက်လေးတွေဖြစ်ကြတဲ့ ရှဲ့ဝမ့်ဟယ်၊ ရှင်းချီ၊ ဟိုင်ခေါ့ တို့ကတော့အမြဲတမ်း မာစစ်ယီဘက်ကနေ ရပ်တည်ပေးပြီးသူမကိုနှောင့်ယှက်တဲ့သူတွေရဲ့ရန်ကနေ ကာကွယ်ပေးခဲ့တယ်။အထက်တန်းကျောင်းမှာ မတော်တဆမှုဖြစ်ပြီးတဲ့နောက်မာစစ်ယိရဲ့မောင်လေးနဲ့အဘွားဆုံးပါးခဲ့ရပြီးမာစစ်ယိလည်း ပျောက်ဆုံးသွားခဲ့တယ်။သူတို့လေးတွေဟာ ဘဝရည်မှန်းချက်ပန်းတိုင်အတွက် မြို့ပေါ်တက်ပြီးကြိုးစားရုန်းကန်ရင်း ၈နှစ်အကြာ မွေးရပ်မြေမှာပြန်ဆုံတွေ့ဖို့ အကြောင်းဖန်လာခဲ့တဲ့နောက်မှာတော့…ဘာတွေဆက်ဖြစ်မလဲဆိုတာ CM Team နဲ့အတူတူ စောင့်ကြည့်လိုက်ရအောင်လားရှင့်~===========================Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Drama, Family Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Shu ...

Northward (2025)

2025
Pyar Ka Professor (2025) 10
Pyar Ka Professor (2025) Pyar Ka Professor 2025 ဗိုင်ဘာ့ဗ်နှင့် တစ်ထောင့်တစ်ညမိန်းမလိုက်နည်းများImdb 7.3" မြင်မြင်ချင်းချစ်တယ်ဆိုတာမရှိဘူး ဆွဲဆောင်ခံလိုက်ရတာပဲရှိတာ " ဆိုတဲ့စကားကိုလက်ကိုင်ထားတဲ့ ဗိုင်ဘာ့ဗ် သူက အမူအရာကြည့် အကဲခတ်တဲ့သင်တန်းကျောင်းဖွင့်ထားတယ် ဘာတွေသင်လဲဆိုတော့ မိန်းမလိုက်နည်းပေါ့ မိန်းကလေးတစ်ယောက်ကို စကားစမပြောရဲတဲ့လူတွေစော်လိုက်နည်းမသိတဲ့လူတွေအတွက် အာမခံပြီး ပိုးပန်းနည်းသင်ပေးသူတစ်ယောက်ပါ အွန်လိုင်းမှာလည်းအလုပ်လုပ်ရတာဖြစ်လို့ အွန်လိုင်းမှာနာမည်ရအောင် နာ‌မည်ကြီးတွေကို ဝေဖန်လေကန်သူတစ်ယောက်ဆိုလည်းမမှား ဒီလိုနဲ့ ဘယ်လိုပျားအုံကို တုတ်နဲ့သွားထိုးမိလဲဆိုတော့နိုင်ငံရေးသမားတစ်ယောက် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါသမထိန်းနိုင်ဘဲ ထပေါက်ကွဲတဲ့ ဗီဒီယိုတစ်ခုက အရမ်းဟော့နေပါတယ် သူက ဒီဗီဒီယိုကို reaction ပေးမိတာကစ အဲဒီနိုင်ငံရေးသမားရဲ့လူတွေကသူ့အိမ်ထိရောက်လာပြီး ဆွဲခေါ်သွားပါတော့တယ် ဒီလောက်အကဲခတ်တတ်နေရင် ငါ့အကြံပေးလုပ်ဆိုပြီး ပေးအပ်ခံရတဲ့တာဝန်ကြား ဒီနိုင်ငံရေးသမားအဘိုးကြီးရဲ့မိန်းမ ငယ်ငယ်ချောချောလေးကို မြင်မြင်ချင်းသဘောကျမိသွားတဲ့အခါမှာတော့ သူ့နည်းလမ်းတွေနဲ့ ဘယ်လိုတွေဆက်လုပ်သွားမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးရယ်စရာဟာသတွေလှိုင်လှိုင်ပေါပြီး မိန်းမမလိုက်တတ်တဲ့လူတွေအတွက် ဗဟုသုတတွေများစေမဲ့ စီးရီးတစ်ခုပါလို့ ညွှန်းဆိုရင်း....အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ KKKZ ~ Zwe ~ Julien တို့ပဲဖြစ်ပါတယ် )File Size ...
10
TMDb: 10/10 1 votes
tv

Pyar Ka Professor (2025)

2025
ZENSHU (2025) 9.8
ZENSHU (2025) Anime ကို တော်တော်များများကြည့်ရသူတိုင်း Isekai ဆိုတဲ့ အမျိုးအစားကို သိကြမှာပါမသိတဲ့ သူတွေ အတွက်ကတော့ Isekai ဆိုတာ ရိုးရိုးပြောရရင် တခြား ကမ္ဘာကို ရောက်သွားတာကို ဆိုလိုတာပဲမျိုးစုံကို ရောက်ကြတာပါ တခြားကမ္ဘာကို ရောက်ပြီးတော့ အစွမ်းတွေ အများကြီးရသွားတာလည်း ကြည့်ဖူးပြီးပြီနောက်ဆုံး တခြားကမ္ဘာမှာ ဓားတစ်ချောင်းလာဖြစ်တဲ့ ဇာတ်လမ်းကိုပါ ကြည့်ဖူးပြီးကြပါပြီဒီတစ်ခါမှာတော့ Natsuko လို့ ခေါ်တဲ့ Animator တစ်ယောက်ကအစာအဆိပ်သင့်ပြီးတော့ ဆုံးသွားတဲ့ အခါမှာ သူ ငယ်ငယ်တည်းက ကြိုက်ခဲ့တဲ့anime ထဲကို ရောက်သွားတာကို မြင်ရမှာပါအဲဒီလို ရောက်သွားတဲ့ အခါမှာတော့ ဘယ်လို အစွမ်းတွေရလာမလဲဒီဇာတ်လမ်းကို သိပြီးသားဖြစ်နေတဲ့ လူတစ်ယောက် အနေနဲ့ ဘယ်လိုတွေ ရှေ့ဆက် ကျော်ဖြတ်သွားမလဲဆိုတာကိုanimation အလန်းစားတွေနဲ့ တွေ့ရမှာပါ File size… 550 MB Quality… WEB-DL 1080p Format… mp4 Duration…. 23m Genre ..... Adventure, Drama, ...
9.8
TMDb: 9.8/10 9 votes
tv

ZENSHU (2025)

2025
Stepmother (2025)
Stepmother (2025) မာယာကဝေ (၂၀၂၅)အခုထွက်လာတဲ့” မာယာကဝေ” ဆိုတဲ့ဇာတ်ကားကတော့ Dhevaprom s2 ထဲက မင်းသား မင်းသမီးတွေပြန်စုံတဲ့ကားတစ်ကားလို့တောင်ပြောလို့ရပါတယ်။ Dujupsorn ထဲက အစ်ကိုအကြီးဆုံး Peak ကိုဒီထဲမှာ Jaipisut ထဲကချစ်စရာဆရာမလေး Oom နဲ့အတူတွဲတာကိုမြင်ရမှာပါ အဲဒါအပြင် dujupsorn ထဲ ရန်ဖာရဲ့လူကြီးပိုင်းအဖြစ်သရုပ်ဆောင်ထားတဲ့ P’Ann ကိုလဲ အဓိကဇာတ်ဆောင်အနေနဲ့မြင်ရမှာပါအဖေရဲ့ ဒုတိယဇနီးအနေနဲ့ ဒါရင်ကန်ရဲ့ဘဝထဲကိုရောက်လာတဲ့ ပလွိုင်းဆန်ဟာ ဒါရင်ကန့်အတွက်တော့ မိသားစုကိုဖျက်ဆီးတဲ့သူ အဖေ့ကိုလုသွားတဲ့ အဖေ့ရဲ့ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ထားတဲ့သူဆိုတာထက် မပိုခဲ့ဘူးပေါ့။ပလွိုင်းဆန်က ဒါရင်ကန်အပေါ် ဘယ်လောက်ပဲကောင်းပေးပါစေ ဒါရင်ကန်ကတော့ သူ့ရဲ့မိထွေးက သူ့ရဲ့မဟာရန်ဘက် နှလုံးသားမှာစိုက်ဝင်နေတဲ့ ဆူးတစ်ချောင်းပါပဲ။ဆူးဆိုတာ စိုက်ဝင်နေပြီဆိုရင် ဆွဲနုတ်ပစ်မှပဲ ပြန်ကောင်းလာနိုင်မှာဆိုတော့...အိမ်ရဲ့ပိုင်ဆိုင်မှုတွေကို အပိုင်သိမ်းသွားတဲ့မိထွေးဆီကနေ သမီးအရင်းဖြစ်သူကဘယ်လိုပိုင်ဆိုင်မှုတွေကိုပြန်ယူမလဲ သူ့ရဲ့လက်စားချေမှုတွေကဘယ်လိုဖြစ်လာမလဲဆိုတာကိုကြည့်ရမှာပါ “ မာယာကဝေ” ဆိုတဲ့အတိုင်း မင်းသမီးရဲ့လက်စားချေတာကို မိထွေးဖြစ်သူကရော ဘယ်လိုရင်ဆိုင်သွားမလဲ မင်းသမီးနှစ်လက်ရဲ့အားပြိုင်မှုတွေအပြင် မင်းသားကရောဘယ်နေရာကနေ ပါသွားမလဲဆိုကို ရင်တမမနဲ့စိတ် လှုပ်ရှားစွာကြည့်ရမှာပါ။ လောင်ရမဲ့ဇာတ်လမ်းဆိုတာသေချာသလောက်ရှိတာမို့ ထိုင်းကားတွေရဲ့ထုံးစံအတိုင်း ဘယ်လိုလောင်ရမလဲဆိုတာကိုသိရဖို့ စောင့်ကြည့်ဖို့မမေ့ကြပါနဲ့နော်။အညွှန်းကိုတော့ Trady က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Trady ...

Stepmother (2025)

2025
Ossan’s Love Thailand (2025)
Ossan’s Love Thailand (2025) ကိုလူပျိုရဲ့ ချစ်ဒုက္ခ (၂၀၂၅)GMM hardcoreဖန်တိုင်းရဲ့ အချစ်တော် Legendary Earth-Mixxရဲ့ 2025comeback blကားလေးဖြစ်တဲ့ "ကိုလူပျိုရဲ့ ချစ်ဒုက္ခ"အလုပ်မှာလည်း အဆင်မပြေလှ တစ်နှစ်ကျော်ခွက်လာခဲ့တဲ့ ညီမလေးကလည်း လင်ရသွားလို့ ငှက်ပျောတုံးနဲ့ညားတော့မယ့် ဟိန်တစ်ယောက်ကို ရုတ်တရက် သူ့ရဲ့အထက်လူကြီးဖြစ်သူ ​နဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် အခန်းဖော်လည်းဖြစ်တဲ့ မိုမိုဆိုတဲ့ကောင်လေးနဲ့က သူ့ကို တစ်ရက်တည်း တစ်ညတည်းမှာပဲ ဖွင့်ပြောတာခံရတဲ့အခါ...အချစ်မှာကံမကောင်းတတ်တဲ့ဟိန်လေးတစ်ယောက် စန်းထပွင့်ချင်တော့လည်း သူ့ရဲ့ဘော့စ်နဲ့လုပ်ဖော်ကိုင်ဖက်တို့ရဲ့သုံးပွင့်ဆိုင်အချစ်နဲ့တွေ့ကြုံရတဲ့အခါ ဘယ်လိုတွေ ရိုမန့်တစ်ဆန်ကြပြီး ဘယ်လိုပြိုင်ဆိုင်ကြမလဲဆိုတာကိုတွေ့ရမလဲဆိုတာကတော့....Blကားတွေကိုလက်လွတ်မခံကြည့်ကြတဲ့သူတိုင်းရဲ့အသဲစွဲ earnနဲ့mixတို့ကဂျပန်bl versionလေးကို ဘယ်လိုကွဲထွက်အောင်ရိုက်ထားမလဲဆိုဝာာကို သိချင်ရင် ရို့မန့် ဟာသကားလေးကိုကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ KHHZ က ​ရေးထားပေးပြီးတော့ ဘာသာြပန်ထားတာကတော့ Mary, Dao, KHHZ, Trady, Khatter, Adam တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 600MB | 300MB Format… mp4 Duration…. 40min Episodes..... 12 ...

Ossan’s Love Thailand (2025)

2025
Love Under Construction (2025) 7.5
Love Under Construction (2025) Love Under Construction 2025 (နားခိုရာအိမ်ကလေး)နားခိုရာအိမ်ကလေးဆိုတာမှာ ရုပ်ဝတ္ထုအိမ်လည်း ဖြစ်နိုင်သလို ရင်ခွင်ငယ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်..လူတွေဟာ တစ်နေ့တာပင်ပန်းသမျှ ဘဝအမောတွေကနေ အနားယူချိန်မှာ စိတ်ချမ်းချမ်းသာသာဖြစ်နိုင်ဖို မိမိရဲ့ အိမ်ဖြစ်လာမယ့် နေရာကို ပိုင်ဆိုင်နိုင်‌အောင်၊ လှလှပပတည်ဆောက်နိုင်အောင် အကောင်းဆုံးကြိုးစားလေ့ရှိကြတယ်..ဗင်နိုဒ်နဲ့ ပါပန်ဟာ ညီအစ်ကိုဝမ်းကွဲတွေပါ.. ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ ဗင်နိုဒ်က ငယ်ငယ်က မိသားစုစီးပွားပျက်ပြီး အိမ်ကိုဆုံးရှုးဖူးတဲ့သူဖြစ်တာကြောင့် သူ့မိဘတွေအတွက် အိမ်ကောင်းကောင်းတစ်လုံးဆောက်ပေးဖို ကြိုးစားနေသူပြီးဆေးပစ္စည်းအရောင်းကိုယ်စားလှယ်ဖြစ်တဲ့ ပါပန်ကတော့ သူ့ညီ အိမ်ဆောက်တာမှာ ကူညီပေးနေသူပါ..ဗင်နိုဒ်က လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနဲ့ အမြင်ကျယ်သူဖြစ်သလောက် ပါပန်ကတော့ အသက်အရွယ်နဲ့မလိုက် အဘိုးအိုကြီးလို ဘုဂလန့်တိုက်၊ ရှေးရိုးဆန်သူဖြစ်ပြီး မိန်းကလေးတွေကိုလည်း အကောင်းမပြောတတ်ပါသေးတယ်..တစ်ရက်တော့ သူတိုညီအစ်ကိုနှစ်ယောက်ကြားကို အိမ်ထောင်မပြုချင်လို ထွက်ပြေးပြီး ဒူဘိုင်းမှာပဲနေနေတဲ့ ဂေါ်ရီဆိုတဲ့ကောင်မလေး ရောက်လာတဲ့အခါမှာတော့ဂေါ်ရီကို ချစ်မိသွားတဲ့ ဗင်နိုဒ်ဗင်နိုဒ်ရဲ့ နားခိုရာ ရင်ခွင်ငယ်လေးတစ်ခု ဖြစ်လာတဲ့ ဂေါ်ရီ ရှေးရိုးစွဲ ပါပန် တိုသုံးယောက် ဘာတွေဖြစ်လာကြမလဲဆိုတာကိုတော့ဟာသနှောထားတဲ့ပုံစံလေးနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ပါတယ်..(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo, Cym, KKKZ, ...
7.5
TMDb: 7.5/10 1 votes
tv

Love Under Construction (2025)

2025
Fear (2025) 5.3
Fear (2025)  Fear (2025)ဒီတစ်ခါမှာတော့ 2025မှာအသစ်စက်စက်ထွက်ရှိထားတဲ့ Psycho/Thriller စီးရီးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဥ်းမာတင်နဲ့ရီဘက်ကာတို့လင်မယားနှစ်ယောက်ဟာ ကလေးနှစ်ယောက်နဲ့အတူ ဂလာ့စ်ဂိုးကဆိတ်ငြိမ်ရပ်ကွက်တစ်ခုကိုပြောင်းလာပါတယ်။မာတင်ဟာဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပေမဲ့အလုပ်မရသေးပါ သူတို့မိသားစုဟာ ဝင်ငွေလည်းမယ်မယ်ရရမရှိသေးဘဲ တန်ဖိုးကြီးမားတဲ့အိမ်ကြီးတစ်လုံးကိုဝယ်လိုက်ပါတယ်။အိမ်ရဲ့ကျန်တဲ့အထပ်တွေကိုသူတို့ပိုင်ပေမဲ့ မြေအောက်ခန်းကိုတော့ "ယန်"ဆိုတဲ့လူတစ်ယောက်ကပိုင်ပါတယ်။"ယန်"ဆိုတဲ့လူက ထူးဆန်းပြီးကြောင်တောင်တောင်နိုင်တဲ့လူပါ သူဟာအချိန်တိုအတွင်းမှာ မာတင်လင်မယားအတွက် ဆူးငြောင့်ခလုတ်တစ်ခုဖြစ်လာပြီး မျိုးစုံနှောင့်ယှက်လာပါတယ်။တစ်ဖက်က မာတင်ဟာလည်း အလုပ်ကလည်းအဆင်မပြေတဲ့အထဲ "ယန်"ရဲ့လုပ်ရပ်တွေကြောင့်ဒေါသဖြစ်နေရပါတယ်။အပေါ်ထပ်နဲ့အောက်ထပ်နေရတဲ့ သူတို့နှစ်ဖက် ဘယ်လိုမျိုးရှေ့ဆက်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size… (3.8 GB) / (1 GB) / (500 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane===============================Mini Series (4K in CM App) Episode 1 720p  -  Yoteshin / Gdot / Megaup / Telegram Episode ...
5.3
TMDb: 5.3/10 5 votes
tv

Fear (2025)

2025
Dabba Cartel (2025) 5.4
Dabba Cartel (2025) Dabba Cartel (2025) "ထမင်းဘူးဝန်ဆောင်မှု မူးယစ်ရာဇာမိန်းမသားများ" IMDb - 7.1/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ဟင်ဒီစကားပြော အမိုက်စားအိန္ဒိယစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။Raatchasi (2019)မှာ ဆရာမဇာတ်ရုပ်နဲ့ ဘောလိ၀ုဒ်ပရိသတ်တို့သဘောကျခဲ့ရတဲ့ မင်းသမီးကြီး ဂျိုသီကာအပြင် ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး မင်းသမီးငယ်တွေ အဓိကပါဝင်ထားတဲ့ အပိုင်းခုနစ်ပိုင်းနဲ့ ဇာတ်လမ်းတွဲ။အလွှာအသီးသီးက အမျိုးသမီးတွေ။ တခုလပ်အိမ်အကူ၊ ကုမ္ပဏီပိုင်ရှင်ရဲ့ ဇနီးသည်၊ ကုမ္ပဏီဝန်ထမ်းရဲ့ ဇနီးသည်၊ အိမ်ပွဲစား၊အတိတ်ကလျှို့ဝှက်ချက်တွေနဲ့ အဒေါ်ကြီးတစ်ယောက်။ ဒီငါးယောက်ရဲ့ အဖြစ်အပျက်တွေ အယူအဆတွေစိတ်နေစိတ်ထားတွေကို မြင်တွေ့ကြရမှာပါ။ထမင်းဘူးပို့တဲ့ လုပ်ငန်းလေးကနေစလိုက်တာ ဘာတွေဖြစ်လာလဲဆိုတော့ ဥပဒေနဲ့မညီတဲ့ မူးယစ်ဆေးကိစ္စတွေပါလာရော။မူးယစ်ဆေးဆိုပေမဲ့ မူးယစ်တိုက်ဖျက်အဖွဲ့ကနေ စုံစမ်းနေတဲ့ ဆေးဝါးကုမ္ပဏီတွေကနေ တရားမဝင်ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ မန်ဒဲလားခေါ် ဖန်တနိုင်းတွေ။ဒီဆေးကိုထုတ်တဲ့ကုမ္ပဏီနဲ့ အပေါ်ကအမျိုးသမီးတွေ ဆပ်စပ်နေတဲ့အခါ။သူတို့တွေမှာလည်း ဒီလုပ်ငန်းကို လုပ်ချင်တဲ့သူရှိသလို မလုပ်မဖြစ်မို့လုပ်နေရသူတွေ ရှိလာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 800 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – 50minute (@Episode)Total Episodes: ...
5.4
TMDb: 5.4/10 5 votes
tv

Dabba Cartel (2025)

2025
Ski into Love (2025) 6
Ski into Love (2025) ဝေ့ကျစ်လို့ခေါ်တဲ့ ရုပ်ပြကာတွန်းစာ‌ရေးဆရာမ‌‌ လေးမလေးတစ်ယောက်ကကောလကောလတစ်ခုကြောင့် သူ့ရဲ့ကလောင်နာမည်နဲ့ မူပိုင်ခွင့်ကို ဆုံးရှုံးခဲ့ရတယ်။ဆုံးရှုံးမှု၊ ရှုံးနိမ့်ခြင်းတွေနဲ့ ကြုံတွေ့နေရင်း အမှတ်မထင် ရေခဲပြင်နှင်းလျှောစီးတဲ့ ဗီဒီယိုတစ်ပုဒ်ကိုတွေ့ခဲ့ပြီးတော့ အားကစားစိတ်ဓာတ်တွေ ပေါက်ပွားလာခဲ့တယ်။ဒီလိုနဲ့ ဝေ့ကျစ်တစ်ယောက်အသစ်ကနေပြန်စဖို့ ပေရှန်းနှင်းလျှောစီးကွင်းဆီကို သွားခဲ့ပြီး ရှန်းချုံနဲ့ တွေ့ဆုံခဲ့တယ်။ပထမဆုံးလေ့ကျင့်ခန်းတွေမှာ အမှားတွေလုပ်မိပေမယ့် ရှန့်ချုံရဲ့ ကူညီမှုတွေကြောင့် မသိလိုက်ဘဲ နစ်မြောသွားခဲ့တယ်။ရှန့်ချုံကတော့ နည်းပြဖြစ်မလာခင်မှာ ကျွင်းကျင်ရေခဲပြင်နှင်းလျှောစီးတဲ့ အားကစားသမား‌တစ်ယောက်ပေါ့။သူ့ညီမလေးရဲ့မတော်တဆ၊ သူ့ရဲ့ဒဏ်ရာနဲ့ မိသားစုပြဿနာတွေကြောင့် အနားယူဖို့ ဖိအားပေးခံရတယ်။အဲဒီလိုတွေ ကြုံခဲ့ရပေမယ့်လည်း သူ့ရဲ့အားကစားစိတ်ဓာတ်က ပျက်ပြယ်မသွားဘူး။ ဝေ့ကျစ်ရဲ့ အလျှော့မပေးဘဲအိပ်မက်နောက်ကို ကြိုးစားပမ်းစားလိုက်နေတာကို မြင်ပြီးတော့ တစ်ချိန်က သူ ဆုံးရှုံးခဲ့ရတဲ့ အောင်ပွဲကိုတဖန်ပြန်ကြိုးစားဖို့ အင်အားတွေ ရရှိခဲ့တယ်။သူတို့နှစ်ယောက် အချစ်ငှက်တွေဖြစ်သွားကြပြီး ပြဿနာတွေကို အတူရင်ဆိုင်နိုင်မလား။အောင်မြင်မှုတွေကို ကိုယ်စီဆွတ်ခူးနိုင်ပြီးတော့ အချစ်ခရီးလမ်းရော ချောမွေ့နိုင်မလားSmile Code အပြီးမှာ romantic drama နဲ့ ပြန် comeback လာတဲ့ Lin Yi က ...
6
TMDb: 6/10 1 votes
tv

Ski into Love (2025)

2025
Bada Naam Karenge (2025) 10
Bada Naam Karenge (2025) Bada Naam Karenge 2025- (အိပ်မက်တွေနောက်ကိုလိုက်ရင်း )SonyLIV ကနေ တင်ဆက်ထုတ်လွှင့်ထားပြီး အပိုင်း၉ပိုင်းပါဝင်တဲ့ အချစ်ဒရာမာဟာသ မိသားစုဒရာမာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။ခေတ်လူငယ်လေးတွေဖြစ်ကြတဲ့ ရစ်ရှာ့ဘ်နဲ့ ဆူရ်ဘီတို့နှစ်ယောက်။ ရစ်ရှာ့ဘ်ကတော့ MBAဘွဲ့ကို ရထားပြီးတော့ အလုပ်ရှာနေသူတစ်ယောက်ပါ။သူဟာ အိမ်ထောင်ပြုပြီးတာနဲ့ မိသားစုလုပ်ငန်းဖြစ်တဲ့ ရှရီဂန်ဂါမုန့်ချိုဆိုင်ကို ဦးဆောင်ရတော့မှာဆိုပေမဲ့ အိမ်ထောင်မကျခင်အတောအတွင်းမှာ လုပ်ငန်းအတွေ့အကြုံရဖို့အတွက် ကြိုးစားလုပ်ကိုင်နေသူလေးတစ်ယောက်ပါ။ဆူရ်ဘီကတော့ လက်ရှိမှာ အဏုဇီဝဗေဒဘာသာနဲ့ MBA တက်နေပြီးတော့ PhD အထိ ဆက်ပြီးတော့ တက်လှမ်းဖို့ ရည်မှန်းချက်ရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ကို လူကြီးတွေက အိမ်ထောင်ဖက်တွေ့ပေးကြတဲ့အချိန်မှာတော့ ........အိပ်မက်တွေ အပြည့်နဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝမှာ အိမ်ထောင်ရေးကိစ္စတွေနဲ့ သူတို့ ဘယ်လိုစီမံကြမလဲ ........ရှရီဂန်ဂါနဲ့ ဆူရ်ဘီတို့နှစ်ယောက် မိဘတွေပေးစားလို့ရယ်မဟုတ်ဘဲ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ .....မိသားစုနှစ်ခု ပေါင်းစည်းဖို့ဖြစ်လာတဲ့နောက်မှာ ဘာတွေ ဘယ်လို ကြုံတွေ့လာရဦးမလဲ .....ဆိုတာတွေကို ဟာသလေးတွေနဲ့အတူ ရယ်ရယ်မောမောကြည့်ရှုရမဲ့ စီးရီးကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ Julien ~ V ~ ...
10
TMDb: 10/10 1 votes
tv

Bada Naam Karenge (2025)

2025
Tasokare Hotel (2025) 8.3
Tasokare Hotel (2025) IMDB – 7.6/10, MyAnimeList – 6.7/10သေခြင်းတရားနဲ့ ရှင်သန်ခြင်းကြားမှာ တည်ရှိနေတဲ့ ထူးဆန်းသော ဟိုတယ်တစ်လုံး…ဒီဟိုတယ်ကို ရောက်လာသူတွေဟာ ကိုယ့်ကိုကိုယ် နာမည်တွေ မှတ်ဉာဏ်တွေစသဖြင့် ဘယ်သူမှန်း မသိကြသလိုမျက်နှာတွေလည်း တစ်ယောက်တစ်မျိုး အမျိုးအစား စုံလင်လွန်းလှတယ်။ဟိုတယ်ကအခန်းတွေဟာလည်း တည်းခိုသူ မှတ်ဉာဏ်ပြန်ရစေဖို့အတွက် ကူညီတဲ့အနေနဲ့ အလိုက်သင့် ပြောင်းလဲပေးကြတယ်။ဒီဟိုတယ်မှာ စည်းကမ်းတွေရှိတယ် တည်းခိုသူဧည့်သည်ဟာ မှတ်ဉာဏ်အလုံးစုံရတာနဲ့ သက်ဆိုင်ရာကမ္ဘာကို ပြန်သွားရလိမ့်မယ်၊ဟိုတယ်ထဲမှာ လူသတ်လို့မရ သတ်ခဲ့သည်ရှိသော် ငရဲကျမယ်၊ ဟိုတယ်ထဲမှာ သေခဲ့သော် ဒီတိုင်းပျောက်ကွယ်သွားရလိမ့်မယ်တဲ့…ဟိုတယ်မန်နေဂျာဆိုတဲ့လူကြီးကလည်း ထူးဆန်းစွာ မီးတောက်မျက်နှာကြီးရယ် တခြားထူးဆန်းတဲ့ဝန်ထမ်းတွေနဲ့အတူတူပေါ့။ဒီလိုနဲ့ ဟိုတယ်ကို ကောင်မလေးတစ်ယောက် ရောက်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…။ဒီ Anime လေးကတော့ Anime လောကမှာ ရွှေထက်ရှားတဲ့ Genre လေးဖြစ်တဲ့ Mystery အမျိုးအစားလေးဖြစ်ပါတယ်။Mystery ဆိုတဲ့အတိုင်း လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ တစ်ပိုင်းပြီး တစ်ပိုင်း အထုပ်ဖြည်ရင်း ဘာဆက်ဖြစ်မလဲဆိုတာကို သိရမယ့်ဇာတ်လမ်းမျိုးလေး။တစ်ပိုင်းနဲ့ တစ်ပိုင်း မရိုးရသလို ...
8.3
TMDb: 8.3/10 3 votes
tv

Tasokare Hotel (2025)

2025
Wolf King (2025) 8.2
Wolf King (2025) Wolf King (2025)Rating ကောင်းတဲ့ Netflix Animated Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Curtis Jobling ရဲ့ Wereworld novels တွေကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ fantasy/adventure series တစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ---------------------------ဒရူးဖာရန်ဆိုတဲ့ ကောင်လေးဟာ မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူရယ်နဲ့ ဘဝကို အေးအေးချမ်းချမ်း နေထိုင်နေတဲ့ လူငယ်လေးတစ်ဦးပါ။တစ်နေ့တော့ အချိန်အတော်ကြာမှ မြင်တွေရတဲ့ မုဆိုးလဟာ ကောင်းကင်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ဒီမုဆိုးလနဲ့အတူ ဒရူးရဲ့ ခန္ဓာကိုယ်ဟာလည်း ပြောင်းလဲမှုတွေစတင် ဖြစ်ပေါ်လာပြီး မျက်လုံးတွေကပါ အရောင်တွေ တောက်ပလာခဲ့ပါတယ်။ဒီလိုအချိန်မှာ ဘယ်ကမှန်းမသိတဲ့ သတ္တဝါတစ်ကောင် ရောက်လာပြီး ဒရူးကို ဖမ်းခေါ်သွားဖို့ ကြိုးစားတော့ မိခင်ဖြစ်သူက တားဆီးခဲ့ပါတယ်။အထိန်းအချုပ်တွေ မဲ့ကုန်ပြီး ဒရူးရဲ့ မိခင်ဖြစ်သူဟာ ဒရူးသိသင့်တာတွေကို ပြောမပြနိုင်ခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ဒရူးရဲ့ အဖေနဲ့အစ်ကို အပါအဝင် ရွာသားတွေကလည်း မိခင်ကို သတ်တဲ့သူဆိုပြီး ဒရူးကိုလိုက်လံဖမ်းဆီးကြလို့ ဒရူးဟာ ထွက်ပြေးရင်း မိခင်ဖြစ်သူမှာခဲ့တဲ့ "ဘရက်ကန်ဟုမ်းက နယ်စားဘာဂန်ကို ...
8.2
TMDb: 8.2/10 8 votes
tv

Wolf King (2025)

2025
Secret Relationships (2025) 6.5
Secret Relationships (2025) Secret Relationships (2025) ****************************စ/ဆုံး CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ လေးပွင့်ဆိုင်ဇာတ်လမ်းလေးအဖြစ် ထူးထူးခြားခြား ကြည့်ရှုရမဲ့ BL Drama လေးပဲ ဖြစ်ပါတယ်...Main Cast တွေအနေနဲ့ကတော့ Boy Group WEi ရဲ့ အဖွဲ့ဝင် Kim Jun-Seo နဲ့အတူ Cha Sun-Hyung , Cha Jung-Woo , Kim Ho-Young တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း --------------ဂျောင်ဒါအွန် (Kim Jun-Seo) ဟာဆိုရင် သူဌေးသားလေးလို နုနယ်ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့အပြင် ဉာဏ်ရည်ပါ ပြည့်စုံတဲ့အတွက်သူ့ပတ်ဝန်းကျင်ကသူတွေအားလုံးရဲ့ အားကျခြင်းကို ခံနေရသူပါ...ဒါပေမဲ့ လက်တွေ့မှာတော့ ဒါအွန်ဟာ အကြွေးတွေပဲရှိတဲ့ မိဘတွေနဲ့ ညီမငယ်‌လေးကိုတာဝန်ယူထားရတဲ့ သနားစရာကောင်လေးပဲဖြစ်ပါတယ်...အဲဒီလို ဒါအွန် ပင်ပန်းခက်ခဲချိန်တိုင်း မှီခိုခဲ့ရတဲ့သူကတော့ ရှင်းဂျယ်မင်း (Kim Ho-Young)ပါ...ဟိုယောင်းက ဒါအွန်အထက်တန်းကျောင်းတုန်းကလည်း အခမဲ့ ဂိုက်သင်ပေးဖူးပြီး ဒါအွန် တစ်ဖက်သတ် ...
6.5
TMDb: 6.5/10 votes
tv

Secret Relationships (2025)

2025
Newtopia (2025) [Complete] 9.9
Newtopia (2025) [Complete] Newtopia (2025)****************အပိုင်း (၁ မှ ၈) စ/ဆုံးအားလုံးစောင့်ဆိုင်းနေခဲ့ရတဲ့ ဇွန်ဘီကားအသစ် Newtopia ဟာ နောက်ဆုံးမှာတော့ ပရိသတ် ရှေ့မှောက်ကို ရောက်ရှိလာခဲ့ပါပြီ .. ။  Blackpink အဖွဲ့ဝင် အလှလေး Kim Jisoo နဲ့ The 8-show, Light shop စသဖြင့် အခြားသောနာမည်ကြီးဒရာမာများစွာမှာ ပါဝင်ထားတဲ့ မင်းသားချော Park Jeong-Min တို့ Main Cast အနေနဲ့ ပါဝင်ထားကြတဲ့ ဇွန်ဘီဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း *************Lee Jae-Yoon(Park Jeong-Min) ကတော့ အခြားသော သက်တူရွယ်တူတွေထက် နောက်ကျပြီး အသက် ၂၆ မှ စစ်မှုထမ်းနေရသူတစ်ဦးပါ ။ သူ့ရဲ့ချစ်သူကောင်မလေးဖြစ်တဲ့ Kang Young-Joo (Kim Jisoo) ကတော့ တက္ကသိုလ်တက်စဉ်က ရုပ်ရည်ချောမောမှုကြောင့် အလှဘုရင်မလို့ နာမည်ကြီးခဲ့ပြီး အခုလက်ရှိမှာတော့ ကုမ္ပဏီတစ်ခုရဲ့ သာမန်ဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်။Lee Jae-Yoon တစ်ယောက် သူ့ရဲ့အနာဂါတ်နဲ့ပက်သက်ပြီး ပူပန်သောကရောက်နေရတာနဲ့တင် ချစ်သူကောင်မလေးရဲ့ခံစားချက်တွေကို အလေးမထားမိဘဲ ...
9.9
TMDb: 9.9/10 7 votes
tv

Newtopia (2025) [Complete]

2025
Long Bright River (2025) 8.1
Long Bright River (2025) Long Bright River (2025)ဒီတစ်ခါမှာတော့ ပူပူနွေးနွေးထွက်ထားတဲ့ လူပြောများနေတဲ့ မှုခင်းဒရမ်မာ စီးရီး Long Bright River ကို တင်ဆက်ပေးချင်ပါတယ် ။မစ်ကီ ဖစ်ဇပါထရစ်ဟာ မူးယစ်ဆေးဝါပြဿနာများတဲ့ ဖီလာဒဲလ်ဖီးယားမှာ တာဝန်ကျတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။သူတာဝန်ကျတဲ့နေရာမှာ ရက်ပိုင်းအတွင်း မိန်းကလေးငယ်သုံးယောက် ပုံစံတူဆေးလွန်သေမှုသုံးခုတွေ့တာကြောင့် လိုက်စုံစမ်းတဲ့အခါ သွေးရိုးသားရိုးဆေးလွန်သေဆုံးမှုမဟုတ်ပဲ လူသတ်မှုဖြစ်နိုင်တာကိုတွေ့ရှိသွားပါတယ်။ ။တစ်ချိန်တည်းမှာပဲ ဆေးစွဲနေတဲ့ ညီမဖြစ်သူပါပျောက်ဆုံးသွားတဲ့အခါ ဒီလူသတ်မှုတွေဟာ သူ့ရဲ့မိသားစုရဲ့နောက်ကြောင်းရာဇဝင်နဲ့ ဆက်စပ်နေပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးငယ်တွေအပြင် သူကိုယ်တိုင်ပါ ပစ်မှတ်ထားခံနေရတာ သိလာရပါတယ်။မိသားစုနဲ့ ရဲဌာနရဲ့အရှုပ်အရှင်းတွေကြားမှာ သူ့ညီမကို ပြန်ရှာတွေ့နိုင်မလား။သူကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကသူတွေကော မမြင်နိုင်တဲ့ လျှို့ဝှက်ချက်တွေရှိနေလား ။ကွင်းဆက်လူသတ်သမားကို ဖော်ထုတ်နိုင်မလား စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။အပိုင်းတိုင်းမှာ တဖြည်းဖြည်းဇာတ်ရှိန်တက်လာပြီး plot twist တွေများတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် တစိမ့်စိမ့်နဲ့ အဖြေရှာရတာကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အသင့်တော်ဆုံး မှုခင်းဇာတ်လမ်းတွဲဖြစ်ပါတယ်။File Size – 700 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – ...
8.1
TMDb: 8.1/10 17 votes
tv

Long Bright River (2025)

2025
Cao Xuanxuan’s Love Journey (2025) 7
Cao Xuanxuan’s Love Journey (2025) ဒီဇာတ်လမ်းလေးက အချစ်ဇာတ်လမ်းအပြင် လျှို့ဝှက်ဆန်းကြယ်မှုတွေစုံစမ်းစစ်ဆေးမှုတွေကို ရောနှောထားတာပါ ဒီဇာတ်လမ်းလေးက ကျိုးနာ့ကအချိန်ခရီးသွားပြီး မမျှော်လင့်ဘဲ ယန်မြို့ရောက်ရှိသွားရာကနေ စတင်ထားပါတယ်အဲဒီအချိန်မှာ သူမက ခရိုင်မှူးကောကျီကျယ်နဲ့ စေ့စပ်ထားသူဖြစ်တဲ့ချောင်ရွှမ်းရွှမ်းရဲ့ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားပါတယ် ကျိုးနာ့ရောက်ရှိသွားပြီးတဲ့နောက်မှာချောင်ရွှမ်းးရွှမ်းရဲ့အကျင့်စရိုက်တွေက သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်ရွှမ်းရွှမ်းက ပါးနပ်လိမ္မာပြီး စိတ်ဓာတ်ကြံခိုင်သူတစ်ဦးဖြစ်လာပါတယ် ခရိုင်မှူးကောကျီကျယ်ကအမှုတွေကိုဖြေရှင်းတဲ့အခါ ရွှမ်းရွှမ်းက ခေတ်သစ်က နည်းလမ်းတွေကိုသုံးပြီးအမှုဖြေရှင်းဖို့နည်းလမ်းတွေကို ရှာဖွေပေးနိုင်ခဲ့ပါတယ် အမှုတွေကိုဖြေရှင်းရင်းနဲ့သူတို့နှစ်ဦးဟာ တဖြည်းဖြည်းရင်းနှီးလာပြီး အချစ်ဇာတ်လမ်းလေးက စတင်ဖြစ်တည်လာပါတော့တယ်အမှုတွေက သာမန်အမှုတွေမဟုတ်ဘဲ ခက်ခဲနက်နဲပြီး ရှုပ်ထွေးတဲ့အမှုတွေလည်းဖြစ်တာကြောင့်ဇာတ်လမ်းလေးကိုကြည့်ရှုရင်း စိတ်ပါဝင်စားကြလိမ့်မယ်လို့ အာမခံပါတယ်ရှင့်===========================Quality : WEB-DL 1080p, 720p Total Episodes : 21 Format : mp4 Genres : Drama, Historical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Htat Nandar Khin Encoded ...
7
TMDb: 7/10 1 votes
tv

Cao Xuanxuan’s Love Journey (2025)

2025
Si Jin (2025) 10
Si Jin (2025) ချစ်ရတဲ့သူ ယွီကျင်းလက်ထဲမှာ အသက်ဆုံးရှုံးခဲ့ရပြီးနောက်ပြန်လည်မွေးဖွားလာတဲ့ တုံပင်းဘိုစံအိမ်က သခင်‌မလေး ၄ ကျန်းရှီသူ့ရဲ့ကံကြမ္မာကို ပြန်လည်ရေးသားနိုင်ဖို့အတွက် စေ့စပ်ပွဲကိုဖျက်သိမ်းခဲ့ပြီးတော့ရေမွှေးဆိုင်ဖွင့် စီးပွားရေးလုပ်ရင်း ဆန်းကြယ်တဲ့မှုခင်းတွေကို ဖြေရှင်းခဲ့ပါတယ်။အတိတ်ကမဖြေရှင်းနိုင်သေးတဲ့ကိစ္စတွေနဲ့အတူ ပြန်လည်ဆုံတွေ့လာကြတဲ့သူတို့နှစ်ဦး ကံကြမ္မာကိုပြောင်းလဲနိုင်ဖို့ ကျန်းရှီမောင်နှမတွေနဲ့သူမအဖေရဲ့နာမည်ကိုရှင်းလင်းနိုင်ဖို့အတွက် ယွီကျင်းနဲ့အတူပူးပေါင်းလုပ်ဆောင်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အခက်အခဲ‌တွေကိုအတူရင်ဆိုင် ကျော်လွှားခဲ့ကြပြီးနောက်မှာတော့ ယွီကျင်းအပေါ်ကျန်းရှီရဲ့ခံစားချက်တွေပြောင်းလာခဲ့ပါတယ်။ နှစ်ယောက်အတူကျိုးတိုင်းပြည်ကိုကာကွယ်ရင်း တစ်ယောက်နဲ့တစ်ယောက်အတိတ်ကအချစ်ဇာတ်လမ်းလေးပြန်လည်ပေါက်ဖွားပြီး အတိတ်ကဖြစ်ရပ်ဆိုးကို ဘယ်လိုကျော်လွှားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။===========================Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Romance, Historical Runtime : 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Shwe Pyae Sone Encoded by LK======================================Ep 1 (720p) - GDToT/ Yoteshin/ ...
10
TMDb: 10/10 1 votes
tv

Si Jin (2025)

2025
Roosters (2025) Haantjes 6
Roosters (2025) Haantjes   Roosters (2025)IMDb Rating (6.8) Rating ကောင်းကောင်း Dutch စကားပြော Netflix Comedy Series လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။Rooster ဆိုတာ ကြက်ဖကြီးပြောတာပါ။ ဗန်းစကားအရ ယောက်ျားတန်ဆာကိုလည်း ရည်ညွှန်းပါတယ်။ တခြားအဓိပ္ပါယ်တွေအရလည်း တက်ကြွသူ၊ ဦးဆောင်သူ စသဖြင့်လည်း အဓိပ္ပါယ်ရပါတယ်။ဇာတ်လမ်းကတော့ မိုက်ခ်၊ ဒန်နီ၊ ဂရက် နဲ့ အီဗို ဆိုတဲ့ သူငယ်ချင်းလေးယောက်နဲ့ တည်‌ဆောက်ထားတာပါ။အမျိုးသမီးတစ်ယောက်ကြောင့် အလုပ်ပြုတ်လာတဲ့ မိုက်ခ် (Jeroen Spitzenberger) မှာ အင်ဖလူအန်ဇာ ဇနီး စတီဗီ (Eva Laurenssen)၊စားဘဲကြီး ဒန်နီ (Waldemar Torenstra)မှာ Open Relationship လမ်းဖွင့်ထားမယ့်ဆက်ဆံရေးလိုချင်တဲ့ ရည်းစား ပမ်မ် (Jennifer Hoffman)၊ပန်းကလေးညှိူးနေရှာတဲ့ ဂရက် (André Dongelmans) မှာတော့ ဆာလောင်နေရှာသူ ဇနီး မီရယ်လ် (Jelka van ...
6
TMDb: 6/10 6 votes
tv

Roosters (2025) Haantjes

2025