Channel Myanmar

Viu

The Ex-Morning (2025)
The Ex-Morning (2025) မဟောင်းနွမ်တော့မဲ့ မနက်ခင်းများ (၂၀၂၅)2020 ခုနှစ်ကစလို့ ရိုက်ခတ်မှုတချို့နဲ့ ပျောက်သွားခဲ့ရတဲ့ SOTUS couple Krist-singto သင်္ဘောကြီးဟာဆိုရင်တော့ဖြင့် အခု 5 နှစ်အကြာမှာ တစ်ဖန်ပြန်လည် ရွက်လွှင့်လာခဲ့ပါပြီ။မုန်တိုင်းမိနေတဲ့သင်္ဘောကြီး ပြန်လည်ရွက်လွှင့်လာခဲ့ပြီဆိုတော့ လမ်းပျောက်နေကြတဲ့ shipper အပေါင်းလည်း CMနဲ့အတူ တစ်ဖန်ပြန်လည်ရှုစားကြပါဦးစို့။အစီအစဉ်ရဲ့hostလည်းဖြစ် သတင်းထောက်တစ်ယောက်လည်းဖြစ်တဲ့ဖီတစ်ယောက် ရုပ်သံလွှင့်နေတုန်း တေးဆိုတဲ့ကောင်လေးကို စိတ်လိုက်မာန်ပါနဲ့ ကော်ဖီနဲ့ကောက်ပက်လိုက်မိပါတယ်။ကံဆိုးချင်တော့ ကော်ဖီနဲ့ပက်လိုက်တဲ့ဗီဒီယိုက ဟိုးလေးတကျော်ဖြစ်သွားပြီး ဖီတစ်ယောက် ပြည်သူ့ချဉ်ဖတ်ဘဝကို နေ့ချင်းညချင်းရောက်သွားပါတော့တယ်။အလုပ်ပြုတ် ဘဝဆုံးတော့မယ့်ဆဲဆဲမှာ ဖီတစ်ယောက် အစီအစဉ်သစ်တစ်ခုလုပ်ဖို့ ကမ်းလှမ်းခံရပြီး အစီအစဉ်ရဲ့ထုတ်လုပ်သူကတော့ သူ့ရဲ့ရည်းစားဟောင်း တမ်တဝမ်ဖြစ်နေတဲ့အခါ...တစ်ချိန်က ပြဿနာတချို့လမ်းခွဲခဲ့ကြပေမဲ့ နှလုံးသားရဲ့ထောင့်တစ်နေရာစီမှာ ခံစားချက်တွေကျန်နေသေးတဲ့သူတို့နှစ်ယောက် အတူအလုပ်လုပ်ရဖို့ဖြစ်လာချိန်မှာတော့ ဝေးကွာနေတဲ့နှလုံးသားတစ်စုံဟာ ပြန်ဆုံဆည်းရဖို့ဖြစ်လာမှာလားဆိုတာကတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်း CMနဲ့အတူ ကြည့်ရှုခံစားရင်း GMM ရဲ့ တစ်ချိန်က legendary Krist-singto CPကို ပြန်လည်အားပေးလိုက်ကြပါဦးစို့။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Chariya, Trady, Dao, Char Ou, Mary တို့ပဲ ဖြစ်ပါတယ်Genre..... BL, Romance, Drama Quality…. 1080p ...

The Ex-Morning (2025)

2025
Maya (2025)
Maya (2025) မာယာ (၂၀၂၅) ==========မာယာဆိုတဲ့ ကောင်မလေးဟာ အငြိုးအတေးတွေပြည့်နှက်နေပြီး သူ့မိသားစုကို ဖျက်ဆီးသွားတဲ့သူတွေကို လက်စားချေဖို ၁၅နှစ်လုံးလုံးစောင့်ဆိုင်းနေခဲ့တာပါ။သူတိုနေထိုင်ရာ ဆင်းရဲသားရပ်ကွက်လေးကို လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က မီးရှိလိုက်လို သူ့အဖေ ဆုံးပါးခဲ့ရသလို အမေကလည်း စိတ်ရောဂါခံစားသွားခဲ့ရတာကြောင့် အဲဒီ မိသားစုတခုလုံးကို အရှင်လတ်လတ် ငရဲကျအောင် လက်စားချေချင်နေခဲ့တာပါ။လက်စားချေနိုင်ဖို အဲဒီမိသားစုရဲ့ သူဌေးကြီးအဖေရော သူဌေးသားကိုပါ ဝင်ရောပြီး အစီစဉ်တကျကြိုးပမ်းနေတဲ့ မာယာတစ်ယောက် အောင်မြင်နိုင်မှာလား.......သူထင်ထားသလို သူဌေးကြီးမိသားစုက တကယ်ပဲ သူတိုရပ်ကွက်ကို မီးရှိခဲ့တာလား......သူဌေးကြီးရဲ့ သားနဲ့ရော ဆက်ဆံရေးဘယ်လိုရှိသွားမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦးနော်........ File size…(825 Mb)/(400 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:47:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by CM Team Season 1 Episode 01 720p  -  Telegram/Yoteshin /gdtotEpisode 01 1080p  -  Yoteshin /gdtot Episode 02 ...

Maya (2025)

2025
Hide & Sis (2025)
Hide & Sis (2025) လျှို့ဝှက်သော ညီအစ်မများ (၂၀၂၅)ကဲ အကုန်လုံးစောင့်မျှော်နေကြတဲ့ စောင့်ရကျိုးနပ်မယ့် Mystery, thriller , Drama အချိုးကျကျနဲ့ မင်းသား၊မင်းသမီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ခုကို GMM ကနေ ဒီနေ့မှ စတင်ပြီး ပြသတော့မှာပဲ ဖြစ်ပါတယ်။ညီအစ်မ လေးယောက်ရှိပေမယ့် အဖေ့အချစ်ဆုံး အဖေ့ အမွေအများဆုံးရထားတဲ့ အငယ်ဆုံး သမီးလေး အပန်းဖြေအိမ်ရဲ့ အမြင့်ဆုံးထပ်ကနေ ပြုတ်ကျပြီး ခန္ဓာကိုယ်က ချက်ချင်း ပျောက်သွားသောအခါ..အဲဒီညက အတူတူရှိနေခဲ့တဲ့ သူ့အစ်မ သုံးယောက်ကို သံသယဝင်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့အခါမှာဝောာ့ ..နောက်ဆုံး သူတို့သုံးယောက်ပဲ အချင်းချင်းယုံကြည်ဖို့ ကြိုးစားကြပြီး ငယ်ငယ်တုန်းက နေတဲ့အိမ်ကို ပြောင်း သူတို့ညီမ ပျောက်ဆုံးမှု နောက်ကွယ်က အကြောင်းအရာကို ရှာဖွေကြတဲ့အခါ..တူတူပုန်းတမ်းဆော့နေတဲ့ ညီမငယ်လေးကို ရှာတွေ့သွားမလား ? ဘာလို့ ညီမလေးက အကွက်ကျကျ စီစဉ်ပြီး သူတို့လက်ထဲ‌ကနေ ပြေးနေရတာလဲဆိုတာတွေကို ပဟေဠိပေါင်းများစွာနဲ့ ကြည့်ရှုသွားကြရမှာပါ။အညွှန်းကိုတော့ Firefly က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...

Hide & Sis (2025)

2025
Secret Ghost (2025) Complete
Secret Ghost (2025) Complete တိတ်တခိုး ဝိညာဉ် (၂၀၂၅)Bl ပရိသတ်များအတွက် ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ မင်းသားသစ်များကိုပွဲထုတ်ထားတဲ့ သဘာဝလွန်ဖြစ်ရပ်များပါဝင်တဲ့ အချစ်ဒရာမာစီးရီးလေးဖြစ်ပါတယ်။ စီယာဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးဟာ ဂီတသမားတစ်ယောက်ဖြစ်ဖို့အတွက်က သူ့ရဲ့ အိပ်မက်ဖြစ်ပြီး ဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကြိုးစားရုန်းကန်ရင်းနဲ့ မသေချာမရေရာတဲ့ ဘဝကြီးကို ဖြတ်သန်းနေရသူတစ်ယောက်ပေါ့။ ဘဝကို ကြိုးစားရုန်းကန်နေရင်းနဲ့ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လို့လာခဲ့ပါတယ်။ ဒါကတော့ သူတို့ကလပ်က စီနီယာကျောင်းသားဖြစ်သူ ဘလူးနဲ့ တွေ့ဆုံခဲ့တာပါပဲ။ ဘလူးဆိုတာကတော့ သေဆုံးသွားပြီးသားသူဖြစ်ပြီး မကျွတ်မလွတ်ဝိညာဉ်အဖြစ်နဲ့ ရှိနေသူပါ။ ဘလူးနဲ့ တွေ့ဆုံမိတဲ့နောက်မှာတော့ စီယာ့အတွက် ကြောက်ရွံ့မှုတွေနဲ့အတူ မမျှော်လင့်ထားတဲ့ ခံစားချက်တွေပါ ရရှိလို့လာခဲ့ပါတယ်။ စီယာနဲ့ ဘလူးတို့ဟာ ဘယ်လိုအကြောင်းပြချက်တွေကြောင့်နဲ့များ လူသားနဲ့ ဝိညာဉ် တွေ့ဆုံပတ်သတ်မိကြရလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ အချစ်တွေနဲ့ပြည့်နှက်နေတဲ့ သဘာဝလွန်စီးရီးလေးတစ်ခုပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Kim, KHHZ တို့ပဲ ဖြစ်ပါတယ်Genre..... BL, Drama, Mystery Quality…. 1080p WEB-DL | 720p WEB-DL File size… ...

Secret Ghost (2025) Complete

2025
Lost in the Woods (2025) 5
Lost in the Woods (2025) Lost in the Woods (2025) ************************စ/ဆုံးမြို့ပေါ်ကအချစ်ဇာတ်လမ်းတွေပဲများနေတဲ့ကာလမှာ ရှားရှားပါးပါး တောတောင်ထဲမှာ ရိုက်ထားတဲ့ဇာတ်လမ်းတွဲလေးထွက်ရှိလာပါပြီ...Get rich, Doctor Climax တို့လိုဇာတ်ကားတွေနဲ့နာမည်ကြီးလာတဲ့ Ton နဲ့ My girl (2018) မှာ main role အနေနဲ့သရုပ်ဆောင်ခဲ့တဲ့Arm Varot က အဓိကဇာတ်ကောင်တွေအဖြစ်ပါဝင်သွားမှာပါ...အဲဒါအပြင် bl ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ Nammon ကလည်းsupport role အနေနဲ့ပါဝင်ထားတာဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်း -------------ရုပ်ဝါဒီများတဲ့'ဖီဖာ'ဆိုတဲ့ ခပ်ချောချောကောင်လေးက ဂျပန်သွားရဖို့ကိုအမြဲတမ်းစိတ်ကူးယဉ်နေခဲ့တဲ့သူပါ...ဒါပေမဲ့ ဂျပန်ကိုသွားဖို့လျှောက်ထားတဲ့ သူ့ရဲ့စကော်လာရှစ်ကမအောင်မြင်တဲ့အချိန်မှာ သူ့ကိုယ်သူသက်သေပြဖို့ဆိုပြီး'ပို့ပါ'သဘာဝဥယျာဉ်မှာနေဖို့စေလွှတ်ခံခဲ့ရပါတယ်...'ဟမ်'ကတော့ နာကျင်စရာအတိတ်တွေနဲ့ရှင်သန်နေရတဲ့သူတစ်ယောက်ပါပြီးတော့ သူအလုပ်လုပ်နေတဲ့ဥယျာဉ်မှာပဲ တစ်ယောက်တည်းသစ်တောတွေ တိရစ္ဆာန်တွေကြားသီးခြားနေနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်...ဒီလိုလူနှစ်ယောက်ကြားမှာ ခံစားချက်တွေပေါက်ဖွားလာတဲ့အခါ…ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေကို မက်မောနှစ်သက်တဲ့'ဖီဖာ'ကရော တောထဲမှာနေနိုင်ပါ့မလား…အတိတ်ကဒဏ်ရာတွေကြောင့် တစ်ယောက်တည်းနေချင်တဲ့'ဟမ်'ကရော သူ့ထက်အသက်ငယ်တဲ့ကောင်လေးကို တကယ်ပဲလက်တွဲနိုင်ပါ့မလား…သဘာဝတရားတွေကြားမှာ ပေါ်ပေါက်လာတဲ့ သံယောဇဉ်ကို ချိုမြိန်မှု ကြည်နူးမှုတွေအပြင် ဒရမ်မာလေးပါရောစပ်ပေးထားလို့ရိုလာကိုစတာစီးသလို အနိမ့်အမြင့်ခံစားချက်လေးတွေနဲ့ လိုက်ပါစီးမြောလိုက်ရအောင်နော်...ဇာတ်လမ်းအညွှန်းကို Trady မှ ရေးသားပေးထားပါတယ်...Drama: Lost in the ...
5
TMDb: 5/10 votes
tv

Lost in the Woods (2025)

2025
Truth or Tamanna? (2018) 7
Truth or Tamanna? (2018) Truth or Tamanna? 2018 "ပုစ္ဆာ"ဟင်ဒီ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲအသစ်လေးကို တင်ဆက်လိုက်ပါတယ်တာမာနာဟာ ငယ်ရွယ်လှပတဲ့ အကမယ်လေးတစ်ယောက်ဖြစ်ပြီး ဒရုဗ်ဆိုတဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ယောက်နဲ့ ပုံပြင်ဆန်ဆန်ဆုံတွေ့ခဲ့တယ်ဒရုဗ် လန်ဒန်မှာ ဆုတက်ယူရမယ်ဆိုတော့ သူတို့နှစ်ယောက်လုံး လန်ဒန်ကိုအတူတူသွားဖို့ ချိန်းဆိုခဲ့ပေမဲ့ လေဆိပ်ကို ရောက်မလာခဲ့တဲ့ တာမာနာကြောင့်လန်ဒန်က ပြန်အလာမှာ ဒရုဗ်တစ်ယောက် အကသင်တန်းကျောင်းကို သွ ားစုံစမ်းတဲ့အခါ မထင်မှတ်ထားတာတွေ သိလိုက်ရချိန်မှာတော့ ……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်File Size – 500 MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 25minute (@Episode)Total Episodes: 13EpsSubtitle – Myanmar HardsubFormat – Mp4Genre : Mystery, DramaTranslator – CM Bollywood TeamEncoder – YK Episode 1 ...
7
TMDb: 7/10 2 votes
tv

Truth or Tamanna? (2018)

2018
Ossan’s Love Thailand (2025)
Ossan’s Love Thailand (2025) ကိုလူပျိုရဲ့ ချစ်ဒုက္ခ (၂၀၂၅)GMM hardcoreဖန်တိုင်းရဲ့ အချစ်တော် Legendary Earth-Mixxရဲ့ 2025comeback blကားလေးဖြစ်တဲ့ "ကိုလူပျိုရဲ့ ချစ်ဒုက္ခ"အလုပ်မှာလည်း အဆင်မပြေလှ တစ်နှစ်ကျော်ခွက်လာခဲ့တဲ့ ညီမလေးကလည်း လင်ရသွားလို့ ငှက်ပျောတုံးနဲ့ညားတော့မယ့် ဟိန်တစ်ယောက်ကို ရုတ်တရက် သူ့ရဲ့အထက်လူကြီးဖြစ်သူ ​နဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် အခန်းဖော်လည်းဖြစ်တဲ့ မိုမိုဆိုတဲ့ကောင်လေးနဲ့က သူ့ကို တစ်ရက်တည်း တစ်ညတည်းမှာပဲ ဖွင့်ပြောတာခံရတဲ့အခါ...အချစ်မှာကံမကောင်းတတ်တဲ့ဟိန်လေးတစ်ယောက် စန်းထပွင့်ချင်တော့လည်း သူ့ရဲ့ဘော့စ်နဲ့လုပ်ဖော်ကိုင်ဖက်တို့ရဲ့သုံးပွင့်ဆိုင်အချစ်နဲ့တွေ့ကြုံရတဲ့အခါ ဘယ်လိုတွေ ရိုမန့်တစ်ဆန်ကြပြီး ဘယ်လိုပြိုင်ဆိုင်ကြမလဲဆိုတာကိုတွေ့ရမလဲဆိုတာကတော့....Blကားတွေကိုလက်လွတ်မခံကြည့်ကြတဲ့သူတိုင်းရဲ့အသဲစွဲ earnနဲ့mixတို့ကဂျပန်bl versionလေးကို ဘယ်လိုကွဲထွက်အောင်ရိုက်ထားမလဲဆိုဝာာကို သိချင်ရင် ရို့မန့် ဟာသကားလေးကိုကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ KHHZ က ​ရေးထားပေးပြီးတော့ ဘာသာြပန်ထားတာကတော့ Mary, Dao, KHHZ, Trady, Khatter, Adam တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 600MB | 300MB Format… mp4 Duration…. 40min Episodes..... 12 ...

Ossan’s Love Thailand (2025)

2025
Pluto (2024)
Pluto (2024) ပလူတို (၂၀၂၄)စ/ဆုံးအိုင်အွန်း / အုပ်အွန်းမ် အဖြစ် Namtam tipnaree မေ မေထာဝီ အဖြစ် Film Rachanunအိုင်အွန်းနဲ့ အုပ်အွန်းမ်တို့နှစ်ယောက်က ရုပ်ချင်းခွဲမရအောင်တူပေမဲ့ အမူအကျင့် အပြောအဆိုတွေက ကွဲပြားလွန်းလှတဲ့ အမြွှာညီအစ်မနှစ်ယောက်ဖြစ်ပါတယ် ငယ်ရွယ်စဉ်က အိုင်နဲ့ အွန်းမ်တို့ အချင်းချင်းနေရာလဲ ကျောင်းတက်ခဲ့ရာကနေ အိုင့်ကြောင့် အွန်းမ် အနိုင်ကျင့်ခံလာခဲ့ရတယ် ဒီအမှားကို ဘယ်အရာနဲ့မဆို ပြန်ပေးဆပ်မယ်လို့ အစ်မဖြစ်သူအိုင်က အွန်းမ်ကို ကတိပေးခဲ့မိပါတယ်အရွယ်ရောက်လာပြီး အွန်းမ်တစ်ယောက် လူရည်မွန်သူဌေးလေး ဖောနဲ့ လက်ထပ်ခဲ့ရပေမဲ့ အစ်မဖြစ်သူအိုင်ကို ပွဲနောက်ခေါ်တွေ့ကာ သူရဲ့ နောက်ထပ်ချစ်သူကို သူ့အစားဟန်ဆောင် လမ်းခွဲပေးဖို့ ငယ်ဘဝက ကတိနဲ့ အကြပ်ကိုင်ခဲ့ပါတယ်ဒီလိုနဲ့ အပြန်လမ်းမှာ အွန်းမ်နဲ့ ဖောတို့ ကားမတော်တဆဖြစ်ပြီး အွန်းမ် သတိမလည်လာခဲ့ရာက အိုင်တစ်ယောက် ညီမဖြစ်သူအွန်းမ်ကို ပေးခဲ့တဲကတိတွေ တည်အောင် ကြိုးစားပေးပါတော့တယ် လမ်းခွဲပေးဖို့ ကြိုးစားရင်း ညီမဖြစ်သူ အွန်းမ်ရဲ့ နောက်ချစ်သူက “မေ” ဆိုတဲ့ မိန်းကလေးဖြစ်နေတဲ့အခါ အိုင်တစ်ယောက် အွန်းမ်ရဲ့ မတော်တဆမှုရဲ့ ကြိုးက်ိုင်သူဟာ ...

Pluto (2024)

2024
High School Frenemy (2024)
High School Frenemy (2024) ကျောင်းတော်က ရန်စ (၂၀၂၄)ဒါဝိရဲ့My ambulance ထဲက သိပ်ချစ်တတ်တဲ့မောင်လေး ချလမ်‌ နေရာကသရုပ်ဆောင်ခဲ့တဲ့ Skyကို အလံနီကောင်ဇိုးလေးအဖြစ်မြင်ရမယ့် High School FrenemySchool 2013 korea ဇာတ်လမ်းတွဲလေးကို ထိုင်းဗားရှင်းလေးနဲ့ တစ်မျိုးဆန်းသစ်လို့ ရှုစားရမှာဖြစ်လို့ ကျောင်းသားကားလေးတွေ မျှော်နေသူတွေအတွက် ရွေးချယ်စရာရုပ်ရှင်တစ်ကားဖြစ်လာမှာပါ။‌အမြဲရန်ဘက်ဖြစ်နေတဲ့ ကျောင်းနှစ်ကျောင်းကို တစ်ကျောင်းတည်းပေါင်းဖို့ဖြစ်လာတဲ့ ကံကြမ္မာဇာတ်ဆရာရဲ့လှည့်ကွက်နဲ့ ကျောင်းနှစ်ကျောင်းရဲ့ လူမိုက်ခေါင်းဆောင် စိန့်နဲ့ရှင်းတို့နှစ်ယောက် ထိပ်တိုက်တွေ့ဖို့ဖြစ်လာတဲ့အခါ...တစ်ချိန်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပါရဲ့နဲ့ အခုချိန်မှာ မြင်တာနဲ့ချိန်းထိုးနေကြတဲ့ ဒီသူငယ်ချင်းနှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့လဲ။ ကျောင်းနှစ်ကျောင်းကဆရာတွေကရော ကျောင်းတော်ကရန်စတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရှုစားကြပါဦး။Plusအနေနဲ့ GL fanတွေမျှော်နေတဲ့ View-Juneအတွဲလေးလည်းပါဦးမှာဆိုတော့ အချော်တို့လည်း လက်မနှေးတမ်းရှုစားလိုက်ရအောင်နော်။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Su Myat, Char Ou, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... School, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 700MB | ...

High School Frenemy (2024)

2024
Bad Guy My Boss (2024) 9
Bad Guy My Boss (2024) ကိုကိုလူဆိုး (၂၀၂၄)ဒီတစ်ခါကြည့်ရမှာကတော့ နာမည်ကြီးအရောင်းရဆုံးစာရင်းဝင်ဝတ္တုကို 'Chains of Heart'စီးရီးကို ရိုက်ကူးခဲ့သူ ဒါရိုက်တာRungradit Rungamonwanit(Term)ရိုက်ကူးထားပြီး သူဌေးလေးနဲ့အတွင်းရေးမှူးကောင်လေးတို့ရဲ့ရုံးတွင်းအချစ်ဇာတ်လမ်းဖြစ်ပါတယ်အေးအေးချမ်းချမ်းနဲ့ ကြိုးစားနေထိုင်တတ်တဲ့ ပတ် ဆိုတဲ့ လူငယ်လေးတစ်ယောက် စည်းကမ်းကြီး မောက်မာလွန်းတဲ့ လူငယ်လုပ်ငန်းရှင်သူဌေး အယ်လစ်လက်အောက်မှာ ၅နှစ်ကြာ အတွင်းရေးမှူးအဖြစ်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။ သူဌေးအယ်လစ်ဟာ လက်ရှိမှာ အသည်းကွဲနေသူဖြစ်ပြီး ပတ်ကလည်း သူဌေးကို တစ်ဖတ်သတ် သဘောကျနေခဲ့ပါတယ် ပတ်အနေနဲ့ သူဌေးနဲ့အတွင်းရေးမှူကြား စည်းထားကာ နေလာခဲ့ပေမယ့် သူဌေးအယ်လစ်က သူ့အပေါ် သဘောထားပြောင်း၍ နူးညံ့စွာ ဆက်လာပေးလာတဲ့အခါ ပတ်တစ်ယောက် သူ့အချစ်ကို ဆက်လက်သိုဝှက်ထားနိုင်ပါ့မလား ထူးချွန်တဲ့ အတွင်းရေးမှူးပတ်ကို လိုချင်ကြတဲ့ ပြိုင်ဘက်လုပ်ငန်းရှင်တွေဆီ မပါသွားအောင် သူဌေးအယ်လစ်ကရော ဆွဲထားနိုင်ပါ့မလားအညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Su Myat, Dao Phyo, Noe တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 500MB | 200MB Format… mp4 Duration…. 50min Episodes ..... ...
9
TMDb: 9/10 1 votes
tv

Bad Guy My Boss (2024)

2024
Peaceful Property (2024) 8.5
Peaceful Property (2024) အိမ်ရောင်းရန်ရှိသည် ( ၂၀၂၄)မထွက်ခင်တည်းက လည်ပင်းတရှည်ရှည် စောင့်နေခဲ့တဲ့ Tay-New ရဲ့  series အသစ် Peaceful Property/ On Sale လာပါပြီ။လူချမ်းသာ ပေါ်ကြော့သူဋ္ဌေးသား ဟုမ်းဟာ အမေရိကမှာ အခြေချပျော်ပါးနေရာကနေ အဘိုးဈာပနအတွက် ထိုင်းကို ပြန်လာခဲ့ရပါတယ်။ အဘိုးက သူ့အတွက် အိမ်ခြံမြေ ၁၂ လုံး အမွေချန်ခဲ့ပါသေးသတဲ့။ ဇမသေးလှတဲ့ ဟုမ်းဟာလည်း ပွပေါက်လို့တွေးပြီး ရှိသမျှအကုန်ရောင်းပြီး အမေရိကကိုပဲ လစ်ဖို့ကြံတော့တာပါပဲ။ ဒါပေမဲ့ ဘဝဆိုတာ ထင်သလောက်မလွယ်တဲ့အခါမှာ အမွေရခဲ့တဲ့အိမ်တွေဟာ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးနေတဲ့အိမ်တွေ ဖြစ်နေပြန်ပါတယ်။ ဒီအိမ်တွေကို ရောင်းဖို့ ခေါင်းခြောက်နေရင်း သရဲတွေကို မြင်နိုင်တဲ့ အိမ်တွင်းပုန်း ပိနဲ့ တွေ့ပြီး နှစ်ယောက်သား ကိုယ့်ကိုယ်ပိုင်အိမ်ကိုယ်စီကို ဘယ်လိုတည်ဆောက်မလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, ...
8.5
TMDb: 8.5/10 2 votes
tv

Peaceful Property (2024)

2024
The Trainee (2024)
The Trainee (2024) အချစ်ရဲ့အလုပ်သင်လေး (၂၀၂၄)စီးပွားရေးမေဂျာကျောင်းသားလေး လိုင်အန်၊ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်သင်အဖြစ်လုပ်ကြမယ့် သူငယ်ချင်းများဖြစ်တဲ့ တေး၊ ဘာမီ၊ ပိုင် တို့ဟာ ကိုယ်ကျွမ်းကျင်ရာ စိတ်သန်ရာအတိုင်း အကောင်းဆုံးလုပ်ကိုင်ဖို့အတွက် ရုပ်ရှင်ကုမ္ပဏီကို အလုပ်သင်အဖြစ်နဲ့လျှောက်ထားလာခဲ့ကြပြီး အလုပ်တွေကို သင်ယူဖို့ ရှိလာကြပါတယ်လိုင်အန်ဟာ လက်ထောက်ဒါရိုက်တာအဖြစ် ရုပ်ရှင်ကုမ္ပဏီမှာလုပ်နေတဲ့ ဂျိန်းနှင့်အတူ အလုပ်သင်အဖြစ် လုပ်ကိုင်ကြဖို့ဖြစ်လာပြီး အတွေ့အကြုံအသစ်တွေ ဖန်တီးတွေးခေါ်မှုအသစ်တွေ စိန်ခေါ်ချက်အသစ်တွေကို အတူတူ ဘယ်လိုဖြတ်ကျော်သွားကြမလဲဆိုတာကို ဒီ BL ဇာတ်ကားလေးမှာ ကြည့်နိုင်မှာဖြစ်ပါတယ်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။အညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Kim, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary, Char Ou, Kim, Dao ...

The Trainee (2024)

2024
4MINUTES (2024) 9
4MINUTES (2024) ၄ မိနစ် (၂၀၂၄)Kinn Porsche ရဲ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့Be On Cloud ရဲ့ စိတ်ဝင်စားမှုအများဆုံးဖြစ်သလို ရွှေ့ဆိုင်းမှုများစွာနဲ့ BLသစ်ဖြစ်တဲ့ 4 minutesဝါရင့်မင်းသားကြီး Jes Jespipatရဲ့ ပထမဆုံးBLကားဖြစ်ပြီး Bibleနဲ့အတူ ဘယ်လိုအတွဲညီညီ သရုပ်ဆောင်မလဲ ရှုစားကြပါဦးစို့။ယာဉ်မတော်တဆမှုတစ်ခုနဲ့တိုက်ဆိုင်စွာနဲ့ပဲ အချိန်လေးမိနစ်စာ စောမြင်နေတဲ့ လုပ်ငန်းရှင်ကြီးရဲ့သား စီးပွားရေးကျောင်းသားလေးဂရိတ် သူဌေးသားပီပီ ဘဝကို ခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့ဂရိတ်အတွက် အနာဂတ်ကို လေးမိနစ်စောမြင်တဲ့အစွမ်းက ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်စေခဲ့တာပေါ့။ဒီလိုနဲ့တစ်နေ့ ဘဝသမား ခွဲစိတ်ဆရာဝန်လေးထမ်းနဲ့ ဆုံဆည်းပြီး အဆင့်တွေတက်လာတဲ့အခါမှာတော့....BoCလက်ရာပီပီ Trailer မှာထဲက သည်းထိတ်ရသလို ရင်ဖိုစရာအခန်းလေးတွေလည်းပါတာမလို့ 18 ယောက်ပြည့်မှပဲ စီအမ်နဲ့အတူ ရင်ဖိုလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat ပဲ ဖြစ်ပါတယ်။Genre..... BL, Mystery Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle ...
9
TMDb: 9/10 2 votes
tv

4MINUTES (2024)

2024
Summer Night (2024)
Summer Night (2024) နွေလယ်ည (၂၀၂၄)ဒီစီးရီးလေးကတော့ နွေကျောင်းပိတ်ချိန်မတိုင်ခင် အထက်တန်းကျောင်းသားဘဝ လျှို့ဝှက်ချစ်ပုံပြင်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ။ ဆယ်ကျော်သက်ကျောင်းသားဘဝရဲ့ လွတ်လပ်မှု ၊ သူငယ်ချင်းတွေအကြားတွယ်တာမှုနဲ့အတူ တစ်ခါတရံမှာ ဖြစ်ပေါ်တတ်တဲ့ ကြိုတင်မှန်းဆလို့မရတဲ့ ချစ်ခြင်းတွေ၊ အမုန်းတွေနဲ့ လှပစွာ တင်ဆက်ပြသထားတဲ့ စီးရီးလေးကို ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ကျောင်းမှာ လူမသိသူမသိ တစ်ယောက်တည်းတိတ်ဆိတ်စွာ နေတတ်တဲ့ လွန်ဆိုတဲ့ကောင်လေးနဲ့ တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်ရွှင်နဲ့အပေါင်းအသင်းများတဲ့ ထီဝါကွန်တို့ မတော်တဆတိုက်မိကာ နမ်းမိသွားရာကနေ ဝှိုက် ထီဝါကွန်က လွန်ကို သူတို့စတည်းချနေကျ အနုပညာခန်းလေးက သူ့သူငယ်ချင်းများနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီသူငယ်ချင်းတွေထဲက ဒီဇိုင်းနာဖြစ်ချင်သူ စတားဆိုတဲ့ သူငယ်ချင်းကျောင်းသူလေးကို လွန် နဲ့ ဝှိုက်တို့ကအတူတူ ချစ်မိသွားကြတဲ့အခါ လွန်နဲ့ဝှိုက် သူငယ်ချင်းနှစ်ယောက်ကြား အခြားသူငယ်ချင်းတွေကြား ဆက်ဆံရေးက ဆက်ပြီး အဆင်ပြေနိုင်ပါ့မလားဆိုတာ "နွေလယ်ည" ဆိုတဲ့ စီးရီးလေးမှာ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Dao Phyo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Dao Phyo, Mary, Su Myat, Char Ou တို့ပဲ ဖြစ်ပါတယ်Genre..... BL, Drama Quality…. ...

Summer Night (2024)

2024
My Love Mix-Up! (2024)
My Love Mix-Up! (2024) ခဲဖျက်ပေါ်က အချစ် (၂၀၂၄)Mangaမှာရော japan bl adaptation မှာပါ အတော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးကို thai versionနဲ့တစ်ဖန်ပြန်မြင်ရမယ့် Gemini-Fourthရဲ့ My Love Mix up2022 My School president အပြီးမှာ ပြန်လည်comebackလာတဲ့ ဒီCPအတွဲလေးကရော ခုဇာတ်လမ်းလေးထဲ ဘယ်လိုတွေဓာတုဗေဒမိနေဦးမလဲ ရှုစားကြပါဦးစို့။ကျွန်တော်တို့အားလုံးရဲ့ ဆယ်ကျော်သက်ကျောင်းသားဘဝမှာ မေ့မရတဲ့ရင်ထဲကကြိတ်ချစ်ရသူကိုယ်စီ ရှိခဲ့ကြတာပါပဲ။ ဒီလိုပါပဲ အတုမ်ဆိုတဲ့ကောင်လေးကလည်း သူ့ဘေးမှာထိုင်တဲ့ မဒ်မီးဆိုတဲ့ကောင်မလေးကို ကြိတ်ချစ်နေခဲ့တာပါ။ အဲဒီအချိန်က ခဲဖျက်မှာ ခရက်ရှ်နာမည်ကိုရေးတာ ခေတ်ထနေချိန်ဖြစ်ပြီး မဒ်မီးရဲ့ခဲဖျက်မှာရှိနေတဲ့နာမည်က ကွန်ထပ်ဆိုတဲ့ကောင်လေးဖြစ်နေတဲ့ပါသတဲ့။ဖြစ်ချင်တော့ ဒီနာမည်ပါတဲ့ခဲဖျက်က အတုမ်ဆီကနေ လွတ်ကျပြီး ကွန်ထပ်ကမြင်သွားချိန်မှာတော့ အတုမ်က သူ့ကိုခရက်ရှ်နေတယ်လို့ ထင်သွားတဲ့အခါ...ခရက်ရှ်ပါမသွားရေး တို့အရေးအတွက် အတုမ်တစ်ယောက် ချော်လဲရောထိုင်လုပ်ရင်း သူတို့သုံးယောက်ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အပတ်စဉ်သောကြာနေ့တိုင်းမှာ ရှုစားကြပါစို့လား။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Kim တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

My Love Mix-Up! (2024)

2024
Serendipity’s Embrace (2024)
Serendipity’s Embrace (2024) Serendipity's Embrace (2024) ***************************** အပိုင်း (၁ မှ ၈) စ/ဆုံး ဒီဇာတ်ကားလေးကတော့ နာမည်ကြီးWebtoonကို အခြေခံရိုက်ကူးထားပြီး"Nevertheless", "Eye love you"ဇာတ်ကားထဲက အာလူးလေး Chae Jong Hyeop နဲ့"My lovely liar"ဇာတ်ကားထဲက အချစ်တော်ဘဲပေါက်လေး Kim So Hyun တို့ ပါဝင်ထားပါတယ်ဇာတ်လမ်းကတော့အီဟုန်းဂျူ(Kim So Hyun)ဟာ animation ထုတ်လုပ်သူတစ်ယောက်ဖြစ်ပါတယ်သူမ အထက်တန်းတတိယနှစ်မှာ အချစ်ဦးနဲ့‌ တွေ့ခဲ့ပေမဲ့ လမ်းခွဲလိုက်ရတဲ့အတွက် ထပ်ချစ်ရမှာကို ကြောက်နေခဲ့ပါတယ်ဒါပေမဲ့ လမ်းခွဲပြီး ၁၀နှစ်အကြာမှာ သူမရဲ့ ဝမ်းနည်းစရာအတိတ်ကို မျက်မြင်တွေ့ခဲ့ရတဲ့ ဂန်ဟူယောင်း (Chae Jong Hyeop)နဲ့ အမှတ်မထင် ပြန်တွေ့ပါတော့တယ်ဂန်ဟူယောင်းက ထက်မြက်ပြီး ရုပ်ရည်ချောမောတဲ့ ငွေကြေးစီမံသူတစ်ယောက်ပါဂန်ဟူယောင်းအတွက်‌တော့ အီဟုန်းဂျူက အချစ်ဦးပဲဖြစ်ပါတယ်ဒါကြောင့် ၁၀နှစ်အကြာမှာ ပြန်တွေ့ကြတဲ့ သူတို့ ၂ယောက် ဘယ်လိုမျိုး fall in loveကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်အညွှန်းကို ...

Serendipity’s Embrace (2024)

2024
A Love So Beautiful (2024)
A Love So Beautiful (2024) မင်းသာ ငါ့အချစ်ဦး (၂၀၂၄)Home School နဲ့ ထိုင်းF4ကားထဲမှာပါတဲ့ မင်းသားချောလေး Dew Jirawat Sutivanichsakရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပါပြီ။ ငယ်သူငယ်ချင်းသံယောဇဉ်နဲ့ အစပြုထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ချက်ဂျန်ဆိုတဲ့ကောင်လေးနဲ့ ဆုမ်အိုဆိုတဲ့ကောင်မလေးတို့ဟာ ငယ်ငယ်လေးကတည်းက မူကြိုအတူတူတက်, ကျောင်းကားအတူတူစီးကြရုံသာမဟုတ်ဘဲ အိမ်နီးနားချင်းတွေလည်း ဖြစ်ပါသေးတယ်။ ဒီလိုနဲ့နေထိုင်လာရင်း မမျှော်လင့်ပဲ ဆုမ်အိုရဲ့ ဖခင်ဖြစ်သူဟာ ဆုံးပါးသွားပြီးနောက်မှာ ဆုမ်အိုရဲ့မိခင်ဖြစ်သူဟာ နောက်အိမ်ထောင်ပြုလိုက်ပြီးပြင်သစ်ကိုပြောင်းရွှေ့ဖို့ ဖြစ်လာပါတော့တယ်။ ပြင်သစ်ကို မလိုက်ချင်တဲ့ ဆုမ်အိုတစ်ယောက် ချက်ဂျန်တို့ရဲ့အိမ်မှာပဲ အတူတူနေထိုင်ရင်း ကျောင်းဆက်တက်ဖို့ ဖြစ်လာတဲ့နောက်မှာ ..... အထက်တန်းတက်တဲ့အချိန်မှာတော့ ချက်ဂျန်နဲ့ ဆုမ်အိုတို့ တခြားသူငယ်ချင်းတွေပါ ရလာရင်း ကျောင်းသားဘဝလေးမှာ ဘယ်လိုတွေဖြတ်သန်းမလဲ... ငယ်ကတည်းကပေါင်းလာရင်း အနေနီးလာရာကနေ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်ပေါ်လာမလဲ ..... စိတ်ကစားတတ်တဲ့အရွယ်ဖြစ်တဲ့အလျောက် သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော အရိုအချိုလေးတွေပဲလား ပြဿနာတွေရော ရှိလာဦးမလားဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB ...

A Love So Beautiful (2024)

2024
Wandee Goodday (2024)
Wandee Goodday (2024) မေ့မရတဲ့ တစ်ညတာ (၂၀၂၄)Ch7ကနေ GMMTV ကို ပြောင်းလာအပြီးမှာ ပထမဆုံး BL ခြေလှမ်းသစ်ကို စတင်မယ့် Beauty Newbie, Start upထဲက မင်းသား‌ချော P'Greatရဲ့ Wandee Good DayProtectiveဖြစ်တဲ့ဖိုက်တာကိုကိုနဲ့ clingy ဒေါက်တာလေးတို့ရဲ့အချစ်ဇာတ်လမ်းကို တောင့်တောင့်ဖြောင့်ဖြောင့်CPနှစ်ယောက်ရဲ့ အတွဲညီညီ ဘယ်လိုသရုပ်ဆောင်မလဲဆိုတာ ရှုစားကြပါဦး။Open relationship တွေကို လူတွေကျင့်သုံးလာတာနဲ့အမျှ friend with benefits တို့ one night stand တို့ဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ တဏှာရမ္မက်သက်သက်နဲ့ စတင်ခဲ့တဲ့ တစ်ညတာဆက်ဆံရေးကနေ အချစ်စစ်တစ်ခု မွေးဖွားလာဖို့ဆိုတာ ဖြစ်နိုင်မှာလား။၈ နှစ်တာလုံးကြိတ်ချစ်ခဲ့ရ ကြိတ်ကြွေခဲ့ရတဲ့ခရက်ရှ်ရဲ့ သစ်စိမ်းချိုးချိုးတာခံလိုက်ရတဲ့ ဒေါက်တာဝမ်ဒီးတစ်ယောက် နှလုံးသားဒဏ်ရာကို အရက်နဲ့ကုစားရင်း ရိုရက်ဆိုတဲ့ လက်ဝှေ့သမားနဲ့တွေ့ပါတော့တယ်။ မူးနေတဲ့ဝမ်ဒီးကို ရိုရက်ကအိမ်ပြန်ပို့ပေးရင်းနဲ့ပဲ အိပ်ရာထဲအထိရောက်သွားရင်း တစ်ညတာကို အတူဖြတ်သန်းတဲ့အဆင့်ဖြစ်သွားတော့တာပေါ့။ဒီလိုနဲ့ friend with benefits လုပ်ဖို့ အကြံပြုချက်နဲ့အတူ ဟန်ဆောင်ချစ်သူဘဝအထိ အဆင့်တက်လာတဲ့ ဒီနှစ်ယောက်ကြားမှာ ရင်းနှီးမှုနဲ့အတူ ...

Wandee Goodday (2024)

2024
High School Return of a Gangster (2024) [Complete]
High School Return of a Gangster (2024) [Complete] High School Return of a Gangster (2024)***************************************အပိုင်း (၁ မှ ၈) စ/ဆုံး ဒီကားလေးကတော့ နာမည်ကြီး BL Novel ရဲ့ ကျောရိုးကိုယူပြီးဒရာမာအဖြစ် ပြန်လည်အသက်အသွင်းထားတဲ့ ကားလေးပဲဖြစ်ပါတယ်။All of Us Are Dead ထဲက မင်းသား Yoon Chan-Young နဲ့Golden Child အဖွဲ့မှ Bong Jae-Hyun တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Lee Seo-Jin  ကcameo ဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း-အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂန်းစတား Kim Deuk Pal (Lee Seo-Jin) ဟာငယ်ငယ်က တက္ကသိုလ်ကို တက်ချင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ချို့တဲ့တဲ့မိဘတွေကြောင့် ကျောင်းစာကောင်းကောင်း မသင်ခဲ့ရသူဖြစ်ပါတယ် ။တစ်နေ့မှာတော့ Song Yi-Heon (Yoon Chan-Young) ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က အ‌ဆောက်အအုံပေါ်ကနေခုန်ချ အဆုံးစီရင်ဖို့လုပ်နေတာကို တွေ့ပြီး ဝင်တားရာကနေKim ...

High School Return of a Gangster (2024) [Complete]

2024