Channel Myanmar

TVING

Death’s Game(2023)[Complete] 10
Death’s Game(2023)[Complete] Death's Game(2023)*******************(function(f,b,n,j,x,e){})();အပိုင်း (၁ မှ ၈) ထိ စ/ဆုံး 2023 ကုန်ခါနီးလေးမှာတင် အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး webtoon ဖြစ်တဲ့ “ I will die soon” ကို အခြေခံရိုက်ကူးထားပြီးပရိတ်သတ်အချစ်တော် Seo In-guk ကိုယ်တိုင် main cast အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့်လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ဇာတ်လမ်းတွဲလေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။ခုနစ်နှစ်ကြာ အလုပ်ရှာမရဘဲ အလုပ်လက်မဲ့အဖြစ်နဲ့ နေလာရတဲ့ Choi Yi-jae(Seo In-guk) ဟာအသက်ဆက်ရှင်လိုတဲ့ ဆန္ဒပျောက်ဆုံးပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။ အဲဒီနောက် ငရဲကို မကျရောက်ခင်လေးမှာ သေခြင်းတရား (Park So-dam)ရဲ့ ပြစ်ဒဏ်စီရင်မှုကြောင့် Choi Yi-jae(Seo In-guk) တစ်ယောက်နောက်ထပ် ၁၂ ကြိမ်တိုင်တိုင် လူပြန်ဝင်စားဖို့ ဖြစ်လာပါတော့တယ်။၁၂ ကြိမ်တိတိ ဘယ်လိုခန္ဓာမျိုးနဲ့ပဲ နိုးထလာလာ သေဆုံးရမှာဖြစ်ပြီး အဲဒီ နာကျင်မှုတွေကိုအလူးအလဲ ခံစားရတဲ့ ...
10
TMDb: 10/10 1 votes
tv

Death’s Game(2023)[Complete]

2023
Secret Playlist (2023) [Complete] 5
Secret Playlist (2023) [Complete] Secret Playlist (2023)**********************အပိုင်း (၁ မှ ၈) စ/ဆုံး ဆုန်းဟန်ဂျူဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေးဟာ သူမရဲ့သရုပ်မှန်ကို ဖုံးကွယ်ပြီးPlii ဆိုတဲ့နာမည်နဲ့ အင်တာနက်မှာ Cover songတွေကို သီဆိုနေတဲ့ဝါသနာရှင်အဆိုတော်မလေးတစ်ယောက်ပါ။နာမည်ကြီး အိုင်ဒေါအဖွဲ SEZရဲ့  အဖွဲဝင်တစ်ယောက်ဖြစ်တဲ့ အီဒိုဂုကသူ့တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် သီချင်းပေါင်းထုတ်ချင်လို့Plii ဆိုတဲ့ အင်တာနက်ပေါ်က အဆိုတော်မလေးကို လိုက်ရှာနေရင်းမထင်မှတ်ထားဘဲ ဟန်ဂျူနဲ့ ဒိုဂုတို့က တက္ကသိုလ်မှာ အတန်းဖော်တွေ ဖြစ်လာပါတော့တယ်။အတန်းအတူတူ တက်ရင်းနဲ့ ဟန်ဂျူတစ်ယောက် သူ့ရဲ့သရုပ်မှန်ကို ဆက်ပြီး ဖုံးကွယ်ထားနိုင်ပါ့မလား။ဒိုဂုကရော Pliiနဲ့အတူ ပူးပေါင်းပြီး သီချင်းထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ဒီ Series လေးကတော့ အပိုင်း၈ပိုင်းရှိပြီး စနေနေ့တိုင်း ၂ပိုင်းစီ ထွက်ရှိမှာပဲဖြစ်ပါတယ်။ Aired: Nov 18, 2023 - Dec 9, 2023 Aired On: Saturday Genres: Romance, Youth, Drama Duration: 50 mins Episodes: 8 Original Network: TVING Translated by  ...
5
TMDb: 5/10 1 votes
tv

Secret Playlist (2023) [Complete]

2023
A Bloody Lucky Day (2023) [Complete]
A Bloody Lucky Day (2023) [Complete] A Bloody Lucky Day (2023) ***************************** အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်နေတဲ့ Oh Taek တစ်ယောက် တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးတွေ အယူအရ ကံကောင်းပြီး ငွေဝင်တယ်ဆိုတဲ့ ဝက်အိပ်မက်ကိုမက်ပါတယ်။ အိပ်မက်အတိုင်း လူတစ်ယောက်က သူ့ကို မို့ဖိုဆိပ်ကမ်းမြို့ကို ပို့ပေးရင် ငွေ(၁) မီလီယံဝမ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခံရပါတော့တယ်။ Oh Taek ကတော့ ပျော်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေမဲ့ သူ့ကားကို လာငှားတဲ့သူက လူတွေကို ရက်ရက်စက်စက် သတ်ပြီး လှေနဲ့ထွက်ပြေးဖို့ ကြံနေတဲ့ ကွင်းဆက်လူသတ်သမား Hyuk Soo ဖြစ်နေပါတော့တယ်။ Hyuk Soo တစ်ယောက် သူ့အကြံအတိုင်း ထွက်ပြေးလွတ်‌မြောက်သွားနိုင်မလား...။ Oh Taek ကရော Hyuk Soo က လူသတ်သမားဆိုတာကို ရိပ်မိသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဓိက Cast တွေအနေနဲ့ Hospital Playlist ထဲက ဘုန်းကြီးဝတ်ချင်တဲ့လူရိုးလေး Yoo Yeon Seok ကို ဇာတ်ကောင်သစ်ဖြစ်တဲ့ ကွင်းဆက်လူသတ်သမားအဖြစ် ...

A Bloody Lucky Day (2023) [Complete]

2023
Street Woman Fighter 10
Street Woman Fighter Street Woman Fighter Season 1 (2021)ကိုးရီးယားနိုင်ငံကိုယ်စားပြု နံပါတ် ၁ ဖြစ်ဖို့ယှဉ်ပြိုင်ကြရမယ့် မိန်းခလေးအဖွဲ့ ၈ ဖွဲ့၊ Dancing Type မျိုးစုံပါဝင်ပြီး ကိုယ်ဘယ်သူလဲဆိုတာကို သက်သေပြရမယ့် ပွဲတစ်ပွဲဖြစ်ပြီး ကိုယ့်ရဲ့အရည်အချင်းတွေကို အစွမ်းကုန်ထုတ်သုံးပြီး ပြိုင်ပွဲဝင်တိုက်ခိုက်ကြတာကို ကြည့်ရှုရမယ့် Street Woman Fighter ဆိုတဲ့ Variety Show အသစ်လေးကို Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်။Kang Daniel က MC အဖြစ် တင်ဆက်ပေးမှာဖြစ်ပြီး ဒိုင်လူကြီးတွေအနေနဲ့တော့ Kwon BoA နဲ့ Lee Tae Yong တို့က ပါဝင်ထားပါတယ်။ ဒါ့အပြင် Guestတွေအဖြစ် နာမည်ကြီးတွေ ဖြစ်ကြတဲ့ CL, Jessi, Choi Soo Young , Choi Yoo Jung, Yves, Lee Young jie နဲ့ PSY အစရှိတဲ့သူအများအပြားလည်း ပါဝင်ထားကြပါတယ်။ အကကို သဘောကျနှစ်သက်သူဖြစ်ပြီး ရောင်စုံစကီလေးများစွာကိုလည်း ...
10
TMDb: 10/10 1 votes
tv

Street Woman Fighter

2021
Adult Trainee (2021) [Complete] 7.6
Adult Trainee (2021) [Complete] Adult Trainee (2021) ******************** အပိုင်း (၁ မှ ၇) စ / ဆုံး Twinkling Watermelon ထဲက ဟာအွန်းဂယောနဲ့(G)I-DLE ထဲက Miyeonတို့ ပါဝင်ထားတဲ့ web drama လေးပါ။တစ်ကိုယ်ရည်အာသာဖြေမှုကို စွဲလမ်းနေတဲ့ Jae Minရှေးရိုးစွဲ မိန်းကလေးဖြစ်တာကြောင့် ချစ်သူရဲ့ စွန့်ပစ်ခြင်းခံလိုက်ရပြီးတကယ်အချစ်စစ်နဲ့ တွေ့လာတဲ့အခါ ရှေးရိုးစွဲဝါဒီကို ပြုပြင်ဖို့ ကြိုးစားတဲ့ Yu Raရည်းစားတစ်ခါမှ မထားဖူးတဲ့ အဝလွန်နေတဲ့ ကောင်မလေး Na Eunဆယ်ကျော်သက်လေးတွေရဲ့ နေ့စဉ် ကျောင်းသားဘဝ၊ အချစ်ရေး၊ ကြုံတွေ့လာရမယ့် စိတ်ပူပန်မှု‌တွေနဲ့ဟော်မုန်းဓာတ်ကြောင့် ခန္ဓာကိုယ်ဖြစ်စဉ်တွေ ပြောင်းလဲလာတဲ့အခါ စူးစမ်းချင်လာတတ်ကြတဲ့အထန်ကောင်လေးတွေအကြောင်းကို part 3 ပိုင်းခွဲပြီးတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ဟာသနှော ရိုက်ကူးထားတာဖြစ်ပါတယ်။ (အညွှန်းကိုတော့ AHtet မှ ရေးသားပေးထားပါတယ်။) Episodes: 7 Aired: Nov 12, 2021 - Nov 26, ...
7.6
TMDb: 7.6/10 18 votes
tv

Adult Trainee (2021) [Complete]

2021
CEO-dol Mart (2023)
CEO-dol Mart (2023)  CEO-dol Mart (2023) ********************အပိုင်း  ( ၁ မှ ၁၀  ) အထိ  စ / ဆုံး ဒီနေ့မှာပဲ အသစ်ထွက်ရှိလာတဲ့ EXO memberတစ်ယောက်ဖြစ်တဲ့ Xiuminပါဝင်ထားတဲ့ Boss-dol Martဆိုတဲ့ ဇာတ်ကားလေးအကြောင်းမိတ်ဆက်ပေးချင်ပါတယ်...Thunder Boys ဆိုတဲ့ KPOP Boy Groupဟာ အေဂျင်စီရဲ့ငွေကြေးအခက်အခဲကြောင့်အဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အဖွဲ့ဝင်၅ယောက်ကလည်းကိုယ်ပိုင်ဘဝတွေကို ထူထောင်နေကြဆဲဖြစ်ပါတယ်ဒီလိုနဲ့ တစ်နေ့မှာ အေဂျင်စီဟောင်းရဲ့စီအီးအိုနဲ့ ပြန်တွေ့ပြီး မထင်မှတ်ထားတဲ့အခြေအနေနဲ့ စတိုးဆိုင်တစ်ခုကို စီမံဖို့ဖြစ်လာပါတော့တယ် စတိုးဆိုင်ကိုလည်း စီမံရင်းတစ်ဖက်မှာလည်း သူတို့ရဲ့အိပ်မက်တွေကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားကြပေမယ့်တကယ်လက်တွေ့မှာ ဒီလူငယ်လေး ၅ ယောက်ဟာ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး.......  File Size –  600MB/300MBQuality –1080p, 720pDuration – 50 Min  (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre ...

CEO-dol Mart (2023)

2023
Bro&Marble in Dubai (2023)
Bro&Marble in Dubai (2023) Bros and Marble (2023)ပရိသတ်ကြီးတို့ရေ... ဒီတစ်ခါတော့ K-Drama Fan တွေရာ K-Pop Fan တွေရောရဲ့ အချစ်တော်တွေပါဝင်တဲ့ TVing ရဲ့ Bro & Marble ဆိုတဲ့ အစီအစဥ်လေးပဲ ဖြစ်ပါတယ်။ငယ်ငယ်က ကစားဖူးခဲ့ကြတဲ့ မိုလိုမိုနီကစားပွဲ (Blue Marble ကစားပွဲ)ကို တစ်ကယ့်မြေပြင်မှာ ဉာဏ်စွမ်းရည်တွေ အသုံးချပြီး ကစားကြတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဖျော်ဖြေရေးနယ်ပယ်အသီးသီးက ညီအကိုတွေ "Bros" တွေက တစ်ကယ့် ငွေအစစ်တွေနဲ့ ဒူဘိုင်းရဲ့ အထင်ကရနေရာတွေကို ဝယ်ယူကြမှာပါ။ ဒါ့အပြင် "Bros" တွေနဲ့အတူ သူတို့ဝယ်ယူထားတဲ့ ဒူဘိုင်းရဲ့ သဲကန္တာရနဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး စတဲ့နေရာတွေကို လည်ပတ်ကြရဦးမယ်ဆိုတော့ ရသကို စုံနေတာပဲပေါ့နော်... ကစားပွဲရဲ့ ဒိုင်အဖြစ် သရုပ်ဆောင် Lee Seung Gi (လီဆွန်းဂီ) တာဝန်ယူရတာဖြစ်ပြီး ကစားသမားတွေကတော့ Running Man ရဲ့ အစ်ကိုကြီး Ji ...

Bro&Marble in Dubai (2023)

2023
Cold Blooded Intern (2023) 10
Cold Blooded Intern (2023) Cold Blooded Intern (2023)အရောင်းတာဝန်ခံအနေနဲ့ အလုပ်လုပ်ခဲ့တဲ့ ဂိုဟယ်ရာ ဟာ ကလေးတစ်ယောက်ရပြီးတဲ့နောက်မှာ အလုပ်က ထွက်ခဲ့ရပါတယ်။ သူ့ကလေးကို ပင်ပင်ပန်းပန်းနဲ့ ၇ နှစ်ကြာ ပြုစုပြီးချိန်မှာတော့ သူ့အလုပ်ကို ပြန်ပြီး လုပ်ချင်စိတ် ဖြစ်လာပါတော့တယ်။ ဒါပေမဲ့လည်း အလုပ်တစ်ခု ရဖို့ကို ကျားကုတ်ကျားခဲ ကြိုးစားရပါတယ်။ ရမယ့်ရပြန်တော့လည်း မားကက်ဟောက်စ် ဆိုတဲ့ ကုမ္ပဏီမှာ အလုပ်သင်ဝန်ထမ်းအနေနဲ့ ရခဲ့ပါတယ်။ အဲဒီမှာ ဒါရိုကတာ ချွဲဂျီဝန်း နဲ့ ဆုံတွေ့ပါတော့တယ်။ ချွဲဂျီဝန်း နဲ့ ဂိုဟယ်ရာက အရင် ကုမ္ပဏီတစ်ခုမှာ အလုပ်အတူတူ လုပ်ခဲ့ပဖူးပါတယ်။ ချွဲဂျီဝန်း က ဂိုဟယ်ရာ ကို ရည်ရွယ်ချက်ရှိရှိနဲ့ အလုပ်ခန့်ပြီးနောက်မှာတော့ နည်းအမျိုးမျိုးနဲ့ ပညာပြပါတော့တယ်။ သူတို့နှစ်ယောက်ကြားက ပဋိပက္ခတွေက ဘာကြောင့် ဖြစ်ခဲ့ကြတာလဲ ခုချိန်မှာရော ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ အပတ်စဉ် သောကြာနေ့တိုင်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ဘာသာပြန်တွေကတော့ Joyz, Thant Sin, Kppks, Phu Phu တို့ပဲ ...
10
TMDb: 10/10 1 votes
tv

Cold Blooded Intern (2023)

2023
All That We Loved (2023)
All That We Loved (2023) All That We Loved (2023) (အညွှန်း) ==========================“Cellular Memory ဆိုတာကို သိလား .. မင်းနဲ့ငါ အကြိုက်ပုံစံချင်းတူတာမျိုးမရှိခဲ့ဖူးပေမယ့် ..” - Go Yoo“ကျောင်းဆေးခန်းမှာ ပထမဆုံးတွေ့တည်းကစခဲ့တာ မင်းနဲ့တစ်ထေရာတည်း အကြိုက်တူနေတာက ..” - Go Joon Hee“တကယ်မတူကြပေမယ့် သေချာကြည့်ရင် ဆင်ကြတယ်” - Han So YeonHigh School Romance ဒရာမာတွေ ကြိုက်နှစ်သက်သူတို့အဖို့ EXO ရဲ့ maknae 🐥 လေး Oh Sehun, Jo Joon Young နဲ့ Jang Yeo Bin တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာချိုချိုချောချောလေးလာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသားလေး Go Yoo က ရုပ်ကလည်းချော ကောင်မလေးတွေကလည်း ဝိုင်းဝိုင်းလည် ဘက်စကက်ဘောကစားတာမှာလည်း ထူးချွန်ပြီး ...

All That We Loved (2023)

2023
Duty After School (2023)
Duty After School (2023) Duty after school (2023)All of us are dead, the school nurse flies တိုလို student actionကားကြိုက်သူများအတွက် All of us are dead S2 မလာခင်မှာ Tving ကနေအသစ်ထွက်လာရှိလာတဲ့ ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် အထက်တန်းကျောင်းတစ်ခုမှ ဝင်ခွင့်အတွက်စာကြိုးစားနေကြတဲ့ကျောင်းသားတွေက ဝင်ခွင့်အတွက်စာကြိုးစားရမယ့်အစား သူတိုအသက်ရှင်ဖိုအတွက် ဂြိုဟ်သားတွေနဲ့တိုက်ခိုက်ဖို ဖြစ်လာတဲ့အခါမှာ....ကောင်းကင်ပေါ်ကနေ ကမ္ဘာမြေပေါ်ကို ဂြိုဟ်သားတွေကျရောက်လာပြီးတော့ ကြီးမားတဲ့ပျက်စီးမှုတွေဖြစ်လာပါတော့တယ် ကိုရီးယားအစိုးရဟာ ဒီဂြိုဟ်သားတွေကို နှိမ်နင်းဖိုအတွက် စစ်တပ်အင်အားဖြည့်တင်းဖိုအတွက် တက္ကသိုလ်တိုင်းအထက်တန်းကျောင်းတိုင်းက ကျောင်းသား/သူ တိုင်းကို စစ်လေ့ကျင့်ရေးတွေလုပ်ဖို အမိန့်ထုတ်ပြန်လိုက်ပါတယ် ဒါပေမဲ့ အထက်တန်းကျောင်း တတိယနှစ်အခန်း ၂ က ကျောင်းသားတွေကတော့ ဂရုမစိုက်ဘဲ တက္ကသိုလ်ဝင်ခွင့်အတွက်ပဲစာကြိုးနေတုန်းပါပဲ ဖြစ်ချင်တော့ ဒီနှစ်မှာ အဲဒီစာမေးပွဲတွေမကျင်းပဖြစ်တဲ့အခါ ကျောင်းသာတွေက စာလုပ်ရမယ့်အစား စစ်လေ့ကျင့်ရေးတွေကိုလေ့ကျင့်ရပါတော့တယ်ကျောင်းသားတွေအပေါ်စည်းကမ်းတင်းကြပ်ပေမယ့်ဂရုစိုက်တဲ့ တပ်ကြပ်ကြီး ကျောင်းသားတွေရဲ့ဘေးကင်းမှုကိုဦးစားပေးတဲ့ အတန်းပိုင်ဆရာမနဲ့အတူ ကျောင်းသားတွေက ...

Duty After School (2023)

2023
A Shoulder to Cry On (2023)
A Shoulder to Cry On (2023) A Shoulder to Cry On (2023)အီဒါယောလ်က လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကျောင်းတွင်း မြှားပစ်ကလပ်မှာ စိတ်အပန်းဖြေဖို့ ရှာဖွေနေတဲ့ မြှားပစ်ကျွမ်းကျင်သူ ဖြစ်ပါတယ် နာမည်ကြီးပြီး ချောမောတဲ့ ကျောင်းသား ဂျိုထယ်ဟျွန်းနဲ့ နားလည်မှုလွဲမှားခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ ပညာသင်ဆုအတွက် အန္တရယ်ကျရောက်လာခဲ့ပါတယ် ဒါယောလ်ဟာ အခွင့်အရေးလိုချင်လို့ ချဉ်းကပ်လာတယ်ဆိုပြီး ထယ်ဟျွန်းကစွပ်စွဲခဲ့ပါတယ် ဒါကြောင့် ထယ်ဟျွန်းဟာ ဒါယောလ် နောက်လိုက်ပြီး နှောင့်ယှက်ခဲ့ပါတယ် ဒါပေမယ့် ထယ်ဟျွန်းအပေါ် ဒါယောလ်က သဘောကျလာနေကြောင်း သိလိုက်ရတဲ့နောက်မှာတော့ ... OMEGA X အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကင်ဂျယ်ဟန်နဲ့ ရှင်းယယ်ချန်းတို့လို မင်းသားချောချောလေးတွေ ပါဝင်ထားကြတဲ့ A Shoulder To Cry On စီးရီးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတော့ Myo Myo က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ MyoMyo and Hmwe ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File ...

A Shoulder to Cry On (2023)

2023
Island(2022)
Island(2022) Island(2022)****************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံးဒီစီးရီးက မထွက်ခင်ကတည်းက တော်တော်ဟိုက်နေတဲ့အထဲပါတယ်...နတ်ဆိုးတွေ စူပါပါဝါတွေအပြင် ခပ်ဆန်းဆန်း ဇာတ်အိမ်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ဆိုလည်းမမှားပါဘူး...ဇာတ်လမ်းတွဲက ခေါင်းစဉ်အတိုင်း ကျွန်းတစ်ကျွန်းကိုအခြေခံထားပါတယ်..ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖို့ခက်ခဲတဲ့ဖြစ်ရပ်ဆန်းတွေရှိတယ်...အားလုံးတိမ်ကောနေပြီလို့ထင်ထားတဲ့ နတ်ဆိုးတွေကိုလူတစ်စုဟာ မတော်တဆ သွားနှိုးလိုက်သလိုဖြစ်သွားပြီးတဲ့နောက်မှာတော့..နတ်ဆိုးတွေပြန်လည်ရှင်သန်နိုးထလာခဲ့တယ်..အဲ့ဒီနောက်မှာတော့ လူသားတွေကို သိမ်းပိုက်ဖို့နဲ့နတ်ဆိုးတွေလောကကြီးကိုအုပ်စိုးဖို့ ဘာမဆိုလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့...စွမ်းအားရှင်တွေ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့... Episodes: 12File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Sci-Fi & Fantasy, Action & Adventure, DramaTranslated by  Estel, Thynn ,Hae Areum  & MiriEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •   Mega.NZ     •  StreamVID[1080p]  ...

Island(2022)

2022
Bargain (a.k.a) Ransom (2022) [Complete] 8
Bargain (a.k.a) Ransom (2022) [Complete] Bargain (a.k.a) Ransom (2022) [အစ-အဆုံး] အပိုင်းသစ် - ၄ မှ ၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)လူသားဆန်မှု .. တရားဥပဒေ .. အဲ့ဒါတွေ ဒီနေရာမှာမရှိဘူး!!!ဇာတ်လမ်းအညွှန်း ...နိုဟျောင်းဆူ တစ်ယောက် ဘတ်ဂျူယောင်း နဲ့တွေ့ဖို့ မိုတယ် တစ်ခုမှာ တွေ့ဆုံဖို့ ချိန်းထားလိုက်တယ်။ တကယ်လည်းတွေ့ရော ဘတ်ဂျူယောင်းရဲ့ အလှအပတွေကို တအားကို စိတ်ကျေနပ်သွားပြီး ဝန်ဆောင်ခ အားလုံးကျေကျေနပ်နပ်ကြီး ပေးချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း ကိစ္စတွေက သူထင်ထားသလို ပျော်ရွှင်စရာ အခိုက်အတန့်မဟုတ်ခဲ့ဘဲ လူတစ်စုက သူ့ကို ဝိုင်းထားလိုက်တဲ့အခါ နိုဟျောင်းဆူတစ်ယောက် အလွန်အံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီလူတစ်စုက လူကုန်ကူးတဲ့ ဂိုဏ်းတစ်ခုကလူတွေဖြစ်နေပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရောင်းထုတ်ဖို့ လုပ်ကိုင်နေကြတာပါ။ ဒီလိုနဲ့ နိုဟျောင်းဆူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဝယ်ယူကြဖို့ ရွေးချယ်နေကြချိန်မှာ ရုတ်တရက် မြေငလျင်လှုပ်ခတ်လာတဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲ? လောဘသားတွေအုပ်စိုးတဲ့ လူသားဆန်မှု ကိုယ်ချင်းစာမှု တရားဥပဒေတွေ ...
8
TMDb: 8/10 1 votes
tv

Bargain (a.k.a) Ransom (2022) [Complete]

2022
Yonder (2022)
Yonder (2022) Yonder (2022)" ချစ်ရတဲ့သူကိုတွေ့နိုင်မယ့်နောက်ဆုံးသောနေရာ ""ငါက ဒီနေရာကိုထွက်သွားရပြီ .. ဒီနေရာကိုလိုက်လာပေးမလား "ဒီပိုစတာပေါ်က စာသားလေး‌တွေနဲ့အတူသဘာဝလွန် လွမ်းဆွတ်တမ်းတဖွယ်ဇာတ်လမ်းလေးကိုကြည့်ရဖို့ဖြစ်လာခဲ့ပါပြီ။ "Yonder" ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာတော့ Beyond Evil ကမင်းသားကြီး Shin Ha Kyun ၊ Our Blues က ရေငုပ်သမားမလေး Han Ji Min တို့နဲ့အတူ Lee Jung Eun ၊ Jung Jin Young တို့က အဓိကပါဝင်ထားပြီး Melodrama, Sci-Fi အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Jae Hyun(Shin Ha Kyun) ကတော့ သိပ္ပံဆိုင်ရာမဂ္ဂဇင်းရဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး ကင်ဆာရောဂါနဲ့ဆုံးပါးသွားတဲ့ ဇနီးသည်ကိုလွမ်းဆွတ်တမ်းတရင်း အဓိပ္ပာယ်မဲ့စွာဘဝကိုရှင်သန်နေသူဖြစ်ပါတယ်။ Yi Hu(Han Ji Min) ကတော့ Jae Hyun ရဲ့ ဆုံးပါးသွားတဲ့ဇနီးသည်အဖြစ်ပါဝင်ထားပါတယ်။ဇာတ်လမ်းဟာ ၂၀၄၀ ခုနှစ် တောင်ကိုရီးယားနိုင်ငံရဲ့ မြို့ကြီးတစ်ခုမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ Jae Hyun ဟာ တစ်နေ့မှာ သူ့ရဲ့ဆုံးပါးသွားတဲ့ဇနီးသည်နဲ့‌တွေ့နိုင်မယ့် "Yonder" လို့ခေါ်တဲ့‌ကမ္ဘာတစ်ခုဆီကို သူ့ကိုလာဖို့ဖိတ်ခေါ်ထားတဲ့အမည်မသိမေးလ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ သိပ္ပံပညာတွေ ၊ နည်းပညာတိုးတက်မှုတွေနဲ့ဖန်တီးထားတဲ့ကမ္ဘာဖြစ်တဲ့အတွက် သေခြင်းတရားဆိုတာမရှိဘဲ တစ်သက်တာဘဝ ...

Yonder (2022)

2022
Stockstruck (2022) [Complete]
Stockstruck (2022) [Complete] Stockstruck (2022) [အစ-အဆုံး]အပိုင်းသစ် -  ၁၂ (ဇာတ်သိမ်းပိုင်း) အပတ်စဉ် သောကြာနေ့တိုင်း နှစ်ပိုင်းစီ ထုတ်လွှင့်ပြသသွားမဲ့ ကိုရီးယား ဒရမ်မာ အသစ်လေးလာပါပြီဇာတ်လမ်းအညွှန်း ... မတူညီတဲ့နယ်ပယ်တွေကနေ စတော့ စျေးကွက်မှာ မြှုပ်နှံဖို့ လူ၅ယောက်ဆုံစည်းခဲ့ကြတယ်။မကြာခင်လက်ထပ်တော့မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ အကျွမ်းမဝင်ဘဲ ပိုက်ဆံပဲ ဆုံးရှုံးသွားတဲ့ Yoo Mi Seo … ၂၄နာရီစတိုးဆိုင်မှာ အလုပ်လုပ်ပြီးတာနဲ့ စျေးကြီးနိုင်ငံခြားထုတ်ကားပေါ်တက်စီးသွားတဲ့ လျှို့ဝှက်ဆန်းကြယ်သူ Choi Sun Woo … ပျော်ရွှင်ဖို့သာ ဂရုစိုက်ပြီး အောင်မြင်ဖို့ စိတ်မဝင်စားဘဲ အချိန်ပိုင်းအလုပ်နဲ့ အသက်မွေးနေတဲ့ Kang San … ဝက်ခြေထောက်ဆိုင်ကို ဦးစီးစီမံနေရတဲ့ ဆိုင်ပိုင်ရှင် Jung Haeng Ja … အလုပ်ကနေ အငြိမ်းစားယူပြီးတဲ့နောက် စတော့ စျေးကွက်မှာ စတင်မြှုပ်နှံလာတဲ့ Kim Jin Bae ...ဒီလိုနဲ့ သူတို့၅ယောက်က မတူညီတဲ့ နယ်ပယ်တွေကနေ စတော့ စျေးကွက်တစ်ခုမှာ မြှုပ်နှံဖို့ ...

Stockstruck (2022) [Complete]

2022
Between Love and Friendship (2022)
Between Love and Friendship (2022) Between Love and Friendship (2022)Between Love and Friendship ဆိုတဲ့ အစီအစဉ်ကတော့ အချစ်ကိုရှာဖွေဖို့ ခရီးထွက်နေတဲ့ ယောက်ျားလေးယောက်နဲ့ အမျိုးသမီးလေးယောက်အကြောင်းပါ ။ အပြင်လောကက သူငယ်ချင်းအစစ်တွေ အတူတူခရီးသွားတဲ့အချိန်မှာ အစပြုလာတဲ့ တကယ့်အချစ်ဇာတ်လမ်း reality Show တစ်ခုပဲ ဖြစ်ပါတယ် ။ဒီခရီးစဉ်မှာ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုတွေဟာ စမ်းသပ်ခံရပြီး သူငယ်ချင်းအချို့က ရန်သူတွေ ဖြစ်သွားကြပါတယ် ။ သူငယ်ချင်းတွေကြား ကွယ်ဝှက်ထားတဲ့ ပုန်းအောင်းနေတဲ့ စိတ်သဘောထားတွေဟာလည်း ဒီအစီအစဉ်မှာ ပေါ်ထွက်လာမှာပါ။ သူတို့‌တွေကြား လျှို့ဝှက်ချက်တွေ၊ လိမ်ညာမှုတွေနဲ့ ခံစားချက်တွေဟာ ရောထွေးလာပြီး နောက်ဆုံးမှာတော့ သူငယ်ချင်းကို ရွေးချယ်မလား ဒါမှမဟုတ် အချစ်အတွက် သူငယ်ချင်းတွေကိုပဲ စွန့်လွှတ်လိုက်မလားဆိုတာတွေ ဖြစ်လာပါတော့တယ် ။ ခင်မင်ရင်းနှီးမှုလား ဒါမှမဟုတ် အချစ်လားဆိုတဲ့ ရွေးချယ်မှုအားလုံးက သူတို့ရဲ့ကိုယ်ပိုင်ဗီဇတွေအပေါ် မူတည်ပြီး ပြောင်းလဲနေမှာပါ ။ ဒီတော့ သူငယ်ချင်းအရင်းတွေကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အရိုတလိုင်း အလောင်တလိုင်းနဲ့ ကြည့်ရှုရမှာမလို့ Dating show ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးအတွက် လက်လွတ်မခံသင့်တဲ့ ရှိုးပဲဖြစ်ပါတယ် ...

Between Love and Friendship (2022)

2022
Soshi Tamtam (2022)
Soshi Tamtam (2022) Soshi Tam Tam (소시탐탐) ========================"S♡NE" တို့ရဲ့မမတွေ ပြန်လာပါပြီ ..Girls’ Generation (소녀시대) ရဲ့ ၁၅နှစ်ပြည့် anniversary ကိုတော့ မမတွေကအဖွဲ့ဝင်အစုံအလင်ပါဝင်တဲ့ Full Album တစ်ချပ်နဲ့ comeback လာရုံသာမက“Soshi Tam Tam” ကိုပါ အပိုထပ်ဆောင်း ယူလာပေးခဲ့တာပဲဖြစ်ပါတယ်။ဒီ Reunion showလေးမှာတော့ မတွေ့ရတာကြာပြီဖြစ်တဲ့အဖွဲ့ဝင်တွေပြန်ဆုံဖြစ်ကြတုန်းထူးခြားဆန်းပြားတဲ့တံခါးပေါက်တစ်ချပ်ပေါ်လာခဲ့ပြီး တံခါးကိုဖြတ်လိုက်ရာကနေအားလုံး “Soshi Tam Tam” ဆိုတဲ့ Reality show လောကထဲရောက်ရှိသွားကြပါတော့တယ်။Reality show တို့ရဲ့ထုံးစံအတိုင်း mission တွေအောင်မြင်အောင်ဆောင်ရွက်ရမယ်၊ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြမယ်၊ စကားတွေဖောင်ဖွဲ့ပြီးငြင်းခုန်ကြမယ်၊ဂိမ်းတွေကစားကြမယ် အစရှိတဲ့ activitiesပေါင်းများစွာကို လုပ်ဆောင်သွားကြမှာပါ။တခြား showတွေကို guestအနေနဲ့သွားရင်တောင် ပါးစပ်မပိတ်ရအောင် အသေခွီရတဲ့မမတွေမို့ရယ်ရင်းနဲ့အူမတက်သွားဖို့ကိုတော့ ကြိုသတိပေးလိုက်ပါတယ်နော်:3( အညွှန်းကို Lai Laii က ရေးသားပေးထားပြီး Dwan Chen, Moe Pwint, Cali, Summer ) တို့က ...

Soshi Tamtam (2022)

2022