Channel Myanmar

SBS

Running Man 8.2
Running Man Running Man အပိုင်းသစ် (758)   Running Man ဆိုတာကတော့ ...... တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတိူ့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်… Channel Myanmar အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၃၃ ကနေ စပြီး တင်ပေးသွားပါမယ်။ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ File Size - 1GB Quality - 1080P Subtitle - Myanmar (Hardsub) Translator - August, Jerrica, MTA, ...
8.2
TMDb: 8.2/10 57 votes
tv

Running Man

2010
Go! Go! Loser Ranger! (2024) 7.4
Go! Go! Loser Ranger! (2024)  Go! Go! Loser Ranger! (2009)IMDb Rating (7.0) ဇာတ်လမ်းကိုတော့ ကမ္ဘာ့လေထုထဲကို ဝဲပျံနေတဲ့ဧရာမခံတပ်ကြီးတစ်ခုဝင်ရောက်လာတဲ့ အချိန်ကာလနဲ့ စတင်ထားပါတယ်။ ၎င်းနဲ့အတူ ပါလာတဲ့မကောင်းဆိုးဝါးစစ်တပ်ကြီးက ကမ္ဘာမြေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် နတ်ဘုရားနဂါးရိန်းဂျားတွေ ဖြစ်တဲ့ Dragon Keepers တွေနဲ့ ရင်ဆိုင်အတွေ့မှာတော့ သူတို့ရဲ့ဘော့စ်တွေပါ လက်စတုံးခဲ့ပြီး ခေါင်းပြတ်သွားတဲ့ မြွေလို ဦးတည်ရာမဲ့နေခဲ့ပါတော့တယ်။အဲဒီအချိန်ကတည်းက ၁၃ နှစ်ကြာတဲ့အထိ မကောင်းဆိုးဝါးစစ်တပ်ကြီးက ကမ္ဘာကြီးကို ကျူးကျော်ဖို့အစီအစဉ်နဲ့ တနင်္ဂနွေနေ့တိုင်း ကြိုးစားလာခဲ့ကြတာ. Dragon Keepers လို့ အမည်ရတဲ့ ရိန်းဂျားတွေက အပတ်စဉ်နှိမ်နင်းရင်းနဲ့ လူကြိုက်များတဲ့ တနင်္ဂနွေပွဲတော်တစ်ခု ဖြစ်လာခဲ့ပါတယ်။ကမ္ဘာမြေကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတဲ့ Dragon Keepers တွေကို အားပေးလာခဲ့ကြတဲ့ပြည်သူတွေကတော့ Dragon Keepers တွေနဲ့ မကောင်းဆိုးဝါးစစ်တပ်ကြားထဲက သဘောတူညီချက်ကိုတော့မသိရှိခဲ့ပါဘူး။ဒါပေမဲ့ တစ်ရက်မှာ ထပ်တလဲလဲ ဟန်ဆောင်ရှုံးနိမ့်ရပြီး ကြည့်ရှုသူတွေရှေ့မှာ ...
7.4
TMDb: 7.4/10 29 votes
tv

Go! Go! Loser Ranger! (2024)

2024
Backstreet Rookie (2020) 8.5
Backstreet Rookie (2020) အလန်းစားကားလေးမလို့ 4K Quality ကို Update ထားပါတယ်။အားလုံး စောင့်မျှော်နေတဲ့ "Backstreet Rookie" လေးလာပါပြီ ။ ဒီဇာမ်လမ်းလေးက နာမည်ကြီး webtoon တစ်ခုကို ရိုက်ကူးထားတာဖြစ်ပြီး Kim Yoo Jung လေးကို ဖိုက်တာမလေးအဖြစ်မြင်တွေ့ရမှာပါဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း ဂျောင်ဆယ်ဗြောဟာ ပြဿနာအိုး အထက်တန်းကျောင်းသူလေးတစ်ယောက်ပါ... သူမက သူငယ်ချင်းတွေကိုလည်း အရမ်းကိုချစ်ပါတယ် တစ်ရက်မှာတော့ သူမတို့ သူငယ်ချင်းအုပ်စုနဲ့ ချွဲဒယ်ဟွန်းတစ်ယောက် ပက်ပင်းတိုးပါတော့တယ် သူတို့သူငယ်ချင်းတစ်စုဟဆေးလိပ်သောက်ချင်လို့ ချွဲဒယ်ဟွန်းကို ဆေးလိပ်ဝယ်ခိုင်းကြပါတော့တယ်... ဆေးလိပ်ဝယ်ခိုင်းတဲ့ အဖိုးအခ အဖြစ် kiss ပေးခဲ့တဲ့ ကောင်မလေးကို ချွဲဒယ်ဟွန်းတစ်ယောက် စိတ်ထဲမှာ မမေ့မလျော့နဲ့ကို မှတ်ထားခဲ့ပါတယ် ၊ အဲ့လိုနဲ့ ၄ နှစ်ကြာပြီးနောက် ချွဲဒယ်ဟွန်းက ကိုယ်ပိုင် convenience store လေးတစ်ခုကို ဖွင့်ခဲ့ပါတယ် ။ သူရဲ့ ဆိုင်အတွက် အချိန်ပိုင်း အလုပ်သမားခေါ်တဲ့အချိန်မှာ ဂျောင်ဆယ်ဗြောနဲ့ ပြန်တွေ့ပါတော့တယ်... ဒီတစ်ကြိမ်မှာတော့ ဂျောင်ဆယ်ဗြောက တက္ကသိုလ်ကျောင်းသူကြီး တစ်ယောက်ဖြစ်နေပါပြီ ပြဿနာရှာလွန်းတဲ့ ဂျောင်ဆယ်ဗြောလေးက အချိန်ပိုင်း အလုပ်သမားဖြစ်လာတဲ့ ...
8.5
TMDb: 8.5/10 votes
tv

Backstreet Rookie (2020)

2020
Witch Watch(2025) 10
Witch Watch(2025) Witch Watch (2025) IMDB – 6.8/10, MyAnimeList – 7.5/10ဒီ Spring ရာသီမှာ ကျွန်တော့်အတွက် တော်တော်ကို စိတ်အပန်းပြေပြီး ရယ်မောပျော်ရွှင်စေရတဲ့ စီးရီးလေး ဖြစ်ပါတယ်။ Romantic Comedy ဆိုတော့ ဟာသတွေရယ် တခြား Anime တွေကို ပြောင်တာတွေရယ်ပါတဲ့အပြင် အချစ်ရေးလေးလည်း ပါတော့ ပိုပြီး ပြည့်စုံစေတာပေါ့။ အချစ်ရေးဆိုလို့လည်း မင်းသမီးလေးက တစ်ဖက်သတ် မင်းသားကို ဇွတ်ကြူးတာရယ် အကြူးတစ်လိုင်းနဲ့ အခွီလေးပေါ့ဗျာ။ တခြား Anime တွေကိုလည်း လိုက်လိုက် မျက်ခွက်ပြောင်ထားတာများ သိသလောက်ဆို ခုထိ Demon Slayer ရော Hunter X Hunter ရော ခဏခဏ ပါတယ်။ ကဲ ဒီတော့ ဇာတ်လမ်းအကျဉ်းလေး ဆက်ပြောရမယ်ဆို မင်းသားလေးက ဘီလူးမျိုးဆက် မင်းသမီးလေးက စုန်းမ၊ သူတို့နှစ်ယောက်က ကလေးဘဝကတည်းက ငယ်သူငယ်ချင်း။ ဒါပေမဲ့ တစ်ရက်ကျ စုန်းမဖြစ်ဖို့ လေ့ကျင့်ခန်းဆင်းရမယ်ဆိုပြီး နှစ်ယောက်သား နှစ်နည်းနည်းကြာအောင် ဝေးသွားကြတာပေါ့။ဒီလိုနဲ့ အထက်တန်းကျောင်းသူကျောင်းသားအရွယ်ကျမှ နှစ်ယောက်သား ...
10
TMDb: 10/10 3 votes
tv

Witch Watch(2025)

2025
Our Movie (2025) 129
Our Movie (2025) Our Movie (2025)******************အပိုင်းသစ် (၆) Our Movie ဆိုတဲ့ Title အတိုင်း သူတို့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထဲမှာ အချိန်ခဏတာလေးဆိုရင်တောင်မှဇာတ်လိုက်တွေအဖြစ် နေထိုင်သွားကြမဲ့သူတို့....K Drama ချစ်သူတိုင်း သိကြတဲ့ My Dearest ထဲမှ မင်းသား Nam Koong Min နဲ့Vincenzo ထဲမှ မင်းသမီး Jeon Yeo Bin တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့Romance, Life , Melodrama အမျိုးအစား ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းLee Je-Ha (Nam Koong Min) ဟာ ရုပ်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ အဖေဖြစ်သူရဲ့ခြေရာကို နင်းပြီး ရုပ်ရှင်ဒါရိုက်တာဖြစ်လာသူတစ်ဦးပါ။သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ “Genius” ဆိုတဲ့ဇာတ်ကားနဲ့ တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုတွေကို ရရှိခဲ့သူဖြစ်သော်ငြား အောင်မြင်မှုတွေဟာ ကောက်ရိုးမီးလိုမျိုးဟုန်းကနဲတောက်ပြီး ဒုတိယအကြိမ် ပြန်လည်တောက်ပလာဖို့အတွက် ခက်ခဲနေသူလည်းဖြစ်ပါတယ်။ထိုအချိန်ကနေစပြီးတော့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမှ မလုပ်ခဲ့ဘဲ နောက်ငါးနှစ်ကြာတဲ့အခါကျမှဒုတိယအကြိမ်အဖြစ်... “အသက်ရှင်ဖို့အတွက် ...
129
TMDb: 129/10 8.9 votes
tv

Our Movie (2025)

2025
Wind Breaker (2024) 9.2
Wind Breaker (2024) Wind Breaker (2024) Genre – Anime, Action, Adventure IMDB – 7.5/10 MyAnimeList – 7.9/10လတ်တလောကမှ ထွက်ရှိထားပြီး Tokyo Revengers ထက်ကောင်းတယ်ဆိုပြီး သတင်းထွက်နေတဲ့ နောက်ထပ်ကျောင်းသားငဖိုက် Anime အသစ်လေးကို တင်ဆက်ပေးပါ့မယ်ဗျ။ အစပဲရှိသေးတာရော ဇာတ်လမ်းတည်ဆောက်ပုံ မတူတဲ့အတွက်TR ကောင်းမကောင်းဆိုတာတော့ ဖန်တွေကြားအငြင်းပွားစရာ ဖြစ်နေကြမှာပါ။ သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့လေ။ကျွန်တော့်အတွက်တော့ ဒီထဲက MC ဖြစ်တဲ့ Sakura ကအစပိုင်းကတည်းက ကြမ်းနေပြီး TR က MC ဖြစ်တဲ့Takemichi ထက်တော့ သာတယ်လို့ မြင်မိတယ်ဒါကလည်း TR မှာက Side character တွေက အဓိကကြမ်းတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီ ...
9.2
TMDb: 9.2/10 4 votes
tv

Wind Breaker (2024)

2024
Rooftop Prince (2012) [Complete] 7.5
Rooftop Prince (2012) [Complete] Rooftop Prince (2012)********************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်တို့အတွက် ဘယ်နှခါကြည့်ကြည့် မရိုးရတဲ့နန်းတွင်း အချစ် ဟာသ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Cast တွေအနေနဲ့ကတော့ အားလုံးနဲ့ရင်းနှီးဖြစ်သားဖြစ်တဲ့ Park Yoo Chun,  Han Ji Min, Choi Woo Shik,Lee Tae Sung, Lee Tar Ri နဲ့  Jung Yoo Mi တို့က  အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအညွှန်း ~အိမ်ရှေ့စံမင်းသားအီဂတ်ဟာ သူရဲ့ ကြင်ယာတော်ဖြစ်သူ ဟွာယောင်းရဲ့ ရုတ်တရက် ဆန်းကြယ်စွာသေဆုံးမှုကြောင့် တပည့်သုံးယောက်နဲ့ အတူ တရားခံကို ရှာပုံတော်ဖွင့်ရာကနေ နှစ် (၃၀၀) ကျော်ခုန်ကူးပြီး ယနေ့ ခေတ်သစ်ဆိုးလ်ကို ရောက်ရှိလာပါတော့တယ်။တစ်ဖက်မှာလည်း ဘတ်ဟာဟာ အဖေဖြစ်သူ နောက်အိမ်ထောင်ပြုပြီးနောက် မိထွေးသားအမိနဲ့အတူနေထိုင်ရင်း တစ်နေ့မှာ ...
7.5
TMDb: 7.5/10 44 votes
tv

Rooftop Prince (2012) [Complete]

2012
The Haunted Palace (2025) [Complete] 8.7
The Haunted Palace (2025) [Complete] The Haunted Palace (2025) **************************အပိုင်း (၁ မှ ၁၆) စ/ဆုံးPoster စထွက်လာကတည်းက စိတ်ဝင်စားမှုတွေကို ရရှိထားပြီးတော့ အကြာကြီးနေမှ ကေဒရာမာချစ်သူတွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာတဲ့ Rom-com , Fantasy အမျိုးအစားဖြစ်တဲ့ နန်းတွင်းကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးထဲမှာတော့ BTOB ရဲ့အဖွဲ့ဝင် Yook Sung-Jae, 25-21 ကားထဲမှ ဂိုယူရင် အဖြစ်လူသိများထားတဲ့ WJSN အဖွဲ့ဝင် အလှလေး Bona နဲ့ Flower of Evil မှ မင်းသားကြီး Kim Ji-Hoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာကြောင့် Cast နဲ့တင် ပစ်ရက်စရာမရှိတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း *************Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ .. ဖြစ်ရပ်တစ်ခုကြောင့် ဂန်ချောလ်လို့ အမည်ရတဲ့ .. ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon ...
8.7
TMDb: 8.7/10 796 votes
tv

The Haunted Palace (2025) [Complete]

2025
Vagabond (2019) 8.262
Vagabond (2019) Vagabond 2019 *************စ/ဆုံးကျွန်တော်တို့တွေ အခုအချိန်အထိ S2 လာဖို့ တသသ မျှော်လင့်နေရတဲ့ စီးရီးတွေထဲက တစ်ခုဖြစ်တဲ့Vagabond ဇာတ်လမ်းတွဲလေးကို CM ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...4K Quality ထိ Update တင်ဆက်ထားတာမလို့ ပြန်လည်ခံစားလိုက်ကြပါဦးဗျာ...ဇာတ်လမ်းအကျဉ်း -------------အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်...သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကိုခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်...သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင်အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်..သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်မှာ ပါဝင်ပြီးသေဆုံးသွားခဲ့တယ်...ချစ်ရတဲ့တူလေးရဲ့ ဈာပနရှိရာမော်ရိုကိုကို သူလိုက်သွားခဲ့တယ်...သူလိုက်သွားတဲ့အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာမတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲ သူသိလိုက်ရတယ်...အဲဒီနောက်မှာတော့ သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ခံစားကြည့်လိုက်ပါဦး...ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်းစပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ်...မင်းသားဖြစ်တဲ့ အီဆွန်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက်ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်...ပရိသတ်အချစ်တော် မင်းသမီး ဆူဇီကတော့ ဒီဇာတ်ကားမှာ NIS အေးဂျင့် ဂိုဟယ်ရီအနေနဲ့ သရုပ်ဆောင်ထားပါတယ်...Drama: Vagabond Genres: Action, Thriller, Mystery, Crime Country: South Korea Episodes: 16 Aired: Sep 20, 2019 ...
8.262
TMDb: 8.262/10 463 votes
tv

Vagabond (2019)

2019
Buried Hearts (2025) 7
Buried Hearts (2025) Buried Hearts (2025) ********************အပိုင်း (၁ မှ ၁၆) စ/ဆုံးဒီတစ်ခေါက်မှာတော့ လျှို့ဝှက်နက်နဲတဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေကို ခန့်မှန်းကြည့်ရှုရတာမှ ကြိုက်နှစ်သက်သူတို့အတွက်Thriller, Mystery, Crime, Political ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...မင်းသားချော Park Hyung Sik နဲ့ ဝါရင့်မင်းသားကြီး Huh Joon Ho တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း --------------Seo Dong Juဟာ Daesan လုပ်ငန်းစုမှ ဥက္ကဌအတွင်းရေးမှူးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ...Daesan ရဲ့အကျိုးအမြတ်အတွက်သာဆို သေဆိုသေ ရှင်ဆိုရှင် သစ္စာစောင့်သိတတ်သူအဖြစ် နာမည်ကြီးပေမဲ့လည်းတစ်ဖက်မှာတော့ ပြင်းထန်တဲ့ရည်ရွယ်ချက်နဲ့ အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို ဖုံးကွယ်ရင်း အချိန်ကျတဲ့အခါ Daesanကိုဝါးမျိုပစ်ဖို့အတွက် ပုန်းလျှိုးကွယ်လျှိုးစောင့်ဆိုင်းနေသူလည်းဖြစ်ပါတယ်...Yeom Jang Seon (Huh Joon Ho) ကတော့ဥပဒေတက္ကသိုလ်ပါမောက္ခဖြစ်ပြီး အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်ပါတယ်...တောင်ကိုရီးယားရဲ့ နိုင်ငံရေးလောကမှာ ဩဇာအလွှမ်းမိုးနိုင်ဆုံးလူဖြစ်ပြီး လူတကာကို ရုပ်သေးရုပ်လို ခြယ်လှယ်ထိန်းချုပ်နိုင်လောက်တဲ့အထိငွေကြေးဩဇာအပြည့်နဲ့ အင်အားကြီးလှပါတယ်ဆိုတဲ့လူတစ်ယောက်ဆိုလည်း မမှားပါဘူး...တစ်ရက်မှာတော့ ...
7
TMDb: 7/10 votes
tv

Buried Hearts (2025)

2025
Blue Box (2024) 8.1
Blue Box (2024)  Blue Box (2024)IMDb Rating (7.9) လူသားတွေအတွက် မဖြစ်မနေရှင်သန်ဖို့ အောက်စီဂျင်လိုတယ်ဆိုရင်… ကျွန်တော့်အတွက် မမ ရှိမှဖြစ်လိမ့်မယ်… အပင်လေးတွေ နေရောင်မြင်ရမှ အသက်ဆက်နိုင်မယ်ဆိုရင်… ကျွန်တော် မမကို မြင်ရမှ ဖြစ်လိ့မ်မယ်… သူများတွေဟာ နေ့သစ်တစ်ရက်ကို ဘယ်လိုအစပြုသလဲ မသိရပေမဲ့ ကျွန်တော်ကတော့ မနက်အရုဏ်လင်းတာနဲ့ အားကစားရုံထဲကိုပြေး အဲဒီမှာ တစ်ချက်ခုန်လိုက်တာနဲ့ ပုခုံးဂုတ်ဝဲနဲ့ ပုံကျနေတဲ့ ဆံနွယ်လေးတွေ၊ ပစ်သွင်းရမယ့် ကျင်းထဲကို အာရုံစိုက်ကြည့်နေတဲ့ ဝိုင်းစက်ရွှန်းလဲ့တဲ့ မျက်လုံး၊ ပစ်လွှတ်လိုက်တဲ့ ဖြူနုသွယ်လျတဲ့ လက်ချောင်းပိုင်ရှင် မမကို တွေ့လိုက်ရမှ နေ့သစ်တစ်ရက်တာ ပြီးပြည့်စုံစေတယ်။ ဟုတ်ပါတယ်… သူဆိုတာ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ အထက်တန်း ဒုတိယနှစ် ဘတ်စကတ်ဘောသမား Chinatsu-Senpai ကို ပြောချင်တာ။ ကျွန်တော်က ပထမနှစ် ကြက်တောင်သမား လူသစ်လေးတစ်ယောက်၊ အားကစားရုံနဲ့ အိမ်နဲ့နီးတဲ့အတွက် အရင်ကတည်းက Senpai ကို ကြည့်ပြီး သဘောကျနေခဲ့တဲ့ ...
8.1
TMDb: 8.1/10 33 votes
tv

Blue Box (2024)

2024
Shangri-La Frontier (2023) 8
Shangri-La Frontier (2023) IMDB – 7.5/10, MyAnimeList – 8/10စဖွင့်လိုက်ကတည်းက ပေါက်ကွဲအားအပြည့် Metal စတိုင် Opening သီချင်းနဲ့တင် မိုက်နေတဲ့VR ဂိမ်းအခြေခံ Anime ကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်တယ်ဗျာ။Word of Warcraft တို့ Genshin Impact တို့လိုမျိုး MMORPG ဂိမ်းတွေကို ကြိုက်တဲ့လူဆိုရင်တော့ ဒီ Anime က ပိုကြည့်ကောင်းမှာ အမှန်ပဲ။သူကလည်း နာမည်ကျော်မကျော်တော့ မသိဘူး S1 နဲ့ S2 ထွက်တာ တစ်နှစ်တောင် မခြားဘူးဗျာ စဉ်းစားသာကြည့်ပေတော့။ဇာတ်လမ်းအကျဉ်းလေးက VR ဂိမ်းတွေ မှိုလိုပေါက်ပြီး ကောင်းတာတွေ ရှိသလို စုတ်ပြတ်သတ်ချာတူးလန်နေတာမျိုးလည်း ရှိတာပေါ့။အဲဒီမှာ MC လုပ်တဲ့ကောင်က သောက်တလွဲကောင်၊ ဘာကောင်လဲဆိုတော့ အဲဒီလို စုတ်ပြတ်သတ် ချာတူးလန် အမှိုက်ဂိမ်းတွေကိုပဲ သေချာရွေးဆော့ပြီးဆရာကျအောင် ပြီးဆုံးအောင် ဆော့ပြီး ကျေနပ်နေတဲ့ ငကြောင်။တစ်ရက်ကျ သူ ...
8
TMDb: 8/10 97 votes
tv

Shangri-La Frontier (2023)

2023
Doctors (2016)  [Complete] 8.161
Doctors (2016) [Complete] Doctors (2016)********************အပိုင်း (၁ မှ ၁၆) စ/ဆုံး "တချို့သော တွေ့ဆုံမှုတစ်ခုဟာ လူတစ်ယောက်ရဲ့ဘဝကို လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်" Channel Myanmar ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ BaekSang ဆုကြီးအပြင်တခြားဆုပေါင်းများစွာကိုပါ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။Cast တွေအနေနဲ့ကတော့ ထိပ်ထိပ်ကြဲ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Rae-Won ၊ Park Shin-Hye၊Lee Sung-Kyung ၊ Yun Kyun-Sang တို့အပြင် ပရိသတ်တို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~လုပ်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့ အပြီးအထိလုပ်တတ် စရိုက်ရှိပြီး ဥာဏ်လည်းကောင်းတဲ့သူဖြစ်တဲ့ယူဟယ်ဂျောင်း (Park Shin-Hye) ဟာ ကြင်နာတတ်ပေမဲ့ အမေဖြစ်သူဆုံးသွားပြီးနောက် အဖေဖြစ်သူနောက်အိမ်ထောင်ပြုလိုက်တာကြောင့် နှလုံးသားတံခါးကိုပိတ်လိုက်ပြီး ဆိုးသွမ်းတဲ့လူတစ်ယောက်လိုပြုမူနေထိုင်လာပါတော့တယ်။တစ်နေ့မှာတော့ ဒီလိုမျိုး ထက်မြက်တဲ့ဥာဏ်ရည်ကို အလဟဿဖြစ်အောင် ထားထားပြီး နေနေတဲ့သူမဘဝကို ပြောင်းလဲသွားစေတဲ့ ဟုန်းဂျီဟုန်းဆိုသူ ပေါ်လာခဲ့ပါတော့တယ်။ဟုန်းဂျီဟုန်း (Kim Rae-Won) ကတော့ ဥာဏ်ကောင်းပြီး ဖော်ဖော်ရွေရွေနေတတ်တဲ့အပြင်တာဝန်ယူတတ်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ဆရာဝန်အလုပ်သင်အဖြစ် လုပ်ရင်း အမှားသေးသေးလေးတစ်ခုကြောင့် ...
8.161
TMDb: 8.161/10 310 votes
tv

Doctors (2016) [Complete]

2016
Five Fingers (2012) 6
Five Fingers (2012) Five Fingers (2012) ********************စ/ဆုံး ကျွန်တော်တို့ Channel Myanmar ကနေ ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့...နာမည်ကြီး မင်းသားမင်းသမီးတွေပါဝင်ပြီး melodrama အမျိုးအစားတွေကို သဘောကျတဲ့ပရိသတ်တွေအကြိုက်တွေ့စေမဲ့Five Fingers ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်....အဓိကသရုပ်ဆောင်တွေအနေနဲ့ အခုတလော ကျွန်တော်တို့ဆီမှာ ရေပန်းစားနေတဲ့ ဒေါက်တာဘဲ့ဂန်ဟျော့ မင်းသား Ju Ji Hoon,Samdari ကားထဲက အမြဲစိမ်းသစ်တောကြီးဂျိုယုံးဖီး Ji Chang Wook နဲ့ The Banker ကားထဲက မင်းသမီးကြီး Chae Si Ra အပြင်Bad Memory Eraser ကားထဲကဒေါက်တာမလေး မင်းသမီး Jin Se Yeon တို့ပဲဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်း -------------နာမည်ကြီးစန္ဒရားပညာရှင်တစ်ဦးရဲ့ သားဖြစ်သူ အင်ဟာ(Ji Chang Wook)ဟာမိသားစုစီးပွါးရေးလုပ်ငန်းဖြစ်တဲ့ တူရိယာကုမ္ပဏီကို တစ်နေ့အမွေဆက်ခံခွင့်ရဖို့ အိပ်မက်မက်နေသူပဲဖြစ်ပါတယ်...ဒါပေမဲ့ အဖေဖြစ်သူဟာ အင်ဟာ့အစား သူရဲ့တရားမဝင်သား ဂျီဟို(Ju Ji Hoon)ကို ဆက်ခံသူနေရာထားလိုက်တဲ့အခါအင်ဟာရဲ့အမေဖြစ်သူ ...
6
TMDb: 6/10 2 votes
tv

Five Fingers (2012)

2012
Our Chocolate Moments (2025) [Complete] 7.9
Our Chocolate Moments (2025) [Complete] Our Chocolate Moments (2025)*************************************အပိုင်း (၁ မှ ၂) စ/ဆုံး ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့ယခုခေတ်မှာ လူတိုင်းလိုလိုခံစားနေတဲ့ အထီးကျန်မှု အခက်အခဲပေါင်းများစွာကို ကုစားပေးမဲ့Healing Drama အမျိုးအစားလေးဖြစ်တဲ့ Our Chocolate Moments ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေကတော့ Dr. Romantic Season 3 ထဲမှ မင်းသမီး So Ju Yeon,Twinkling Watermelon ထဲမှ မင်းသားကြီး Choi Won Young, Doctor Slump ထဲကမင်းသမီး Kon Seung Ha နဲ့ My Lovely Runner ထဲမှ မင်းသား Song Ji Ho တို့ပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနှောင့်အယှက်အတားအဆီးများကို ကျော်လွှားပြီး သူမ လုပ်ချင်တဲ့ ချစ်သူများနေ့ချောကလက်ရောင်းပွဲတော်အတွက် ...
7.9
TMDb: 7.9/10 120 votes
tv

Our Chocolate Moments (2025) [Complete]

2025
Your Honor (2018) [Complete] 7.2
Your Honor (2018) [Complete] Your Honor (2018)************************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက်တင်ဆက်ပေမဲ့ ဇာတ်လမ်းတွဲလေးကတော့ ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ ဥပဒေရေးရာဇာတ်လမ်းလေးကိုမှ အချစ် ဟာသ မိသားစုဒရာမာတွေ ထည့်ရိုက်ပြထားတဲ့ Your Honor ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ အမြွှာညီအစ်ကိုအဖြစ် The Best Hit ကားထဲက မင်းသား Yoon Shi Yoon, Dare to Love Me ကားထဲက မင်းသမီး Lee Yoo Young, Itaewon Class ထဲက မင်းသမီးချောလေး Kwon Nara နဲ့ Decibel ကားထဲက ကျွန်တော်တို့အားလုံး ရင်းနှီးပြီးသား မင်းသားတစ်လက်ဖြစ်တဲ့ မင်းသား Park Byung Eun တို့ပဲ ဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-သွေးရင်းအမြွှာညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဟန်ဂန်ဟိုနဲ့ ဟန်ဆူဟိုဟာ မတူညီတဲ့ဘဝ ၂ ခုမှာ ရှင်သန်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ပညာရေးမှာ ...
7.2
TMDb: 7.2/10 18 votes
tv

Your Honor (2018) [Complete]

2018
Wanted (2016) [Complete] 6.3
Wanted (2016) [Complete] Wanted (2016) **************အပိုင်း (၁ မှ ၁၆) စ/ဆုံးမှုခင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် "Beauty and Mr. Romantic"ဇာတ်ကားမှ မင်းသား Ji Hyun Woo, "Live Up to Your Name, Steal My Heart"စတဲ့ ဇာတ်ကားတွေမှ မင်းသမီး Kim Ah Joongတို့ ပါဝင်ထားတဲ့ "Wanted"ဇာတ်လမ်းတွဲကို ညွှန်းပေးချင်ပါတယ် ..ဇာတ်လမ်းကတော့ ***************ဂျောင်ဟယ်အင်း (Kim Ah Joong)ဟာ အလွန်ထင်ရှားကျော်ကြားပြီး ကိုရီးယားရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ပါ။ အသက် ၇ နှစ်တည်းက ကလေးသရုပ်ဆောင်လုပ်လာတဲ့သူမဟာ လက်ရှိမှာတော့ ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ပဲ အေးအေးချမ်းချမ်းနေချင်တော့တာကြောင့် အနုပညာလောကက‌နေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။ဒါပေမဲ့ အဲဒီနေ့မှာပဲ သူမရဲ့သားဖြစ်သူ ဟျွန်းအူဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ဒါကြောင့် သူမဟာ ပြန်ပေးသမားရဲ့တောင်းဆိုချက်အတိုင်း ရာဇဝတ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ပေးတဲ့ reality show တစ်ခုမှာ ပါဝင်ပြီး သားဖြစ်သူရဲ့ တည်နေရာကို သိရဖို့အတွက် မစ်ရှင်တွေလုပ်ရင်း ရုန်းကန်ရပါတော့တယ်။ဂျောင်ဟယ်အင်းတစ်ယောက် သားဖြစ်သူကို ...
6.3
TMDb: 6.3/10 14 votes
tv

Wanted (2016) [Complete]

2016