Channel Myanmar

Peacock

Long Bright River (2025) 8.1
Long Bright River (2025) Long Bright River (2025)ဒီတစ်ခါမှာတော့ ပူပူနွေးနွေးထွက်ထားတဲ့ လူပြောများနေတဲ့ မှုခင်းဒရမ်မာ စီးရီး Long Bright River ကို တင်ဆက်ပေးချင်ပါတယ် ။မစ်ကီ ဖစ်ဇပါထရစ်ဟာ မူးယစ်ဆေးဝါပြဿနာများတဲ့ ဖီလာဒဲလ်ဖီးယားမှာ တာဝန်ကျတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။သူတာဝန်ကျတဲ့နေရာမှာ ရက်ပိုင်းအတွင်း မိန်းကလေးငယ်သုံးယောက် ပုံစံတူဆေးလွန်သေမှုသုံးခုတွေ့တာကြောင့် လိုက်စုံစမ်းတဲ့အခါ သွေးရိုးသားရိုးဆေးလွန်သေဆုံးမှုမဟုတ်ပဲ လူသတ်မှုဖြစ်နိုင်တာကိုတွေ့ရှိသွားပါတယ်။ ။တစ်ချိန်တည်းမှာပဲ ဆေးစွဲနေတဲ့ ညီမဖြစ်သူပါပျောက်ဆုံးသွားတဲ့အခါ ဒီလူသတ်မှုတွေဟာ သူ့ရဲ့မိသားစုရဲ့နောက်ကြောင်းရာဇဝင်နဲ့ ဆက်စပ်နေပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးငယ်တွေအပြင် သူကိုယ်တိုင်ပါ ပစ်မှတ်ထားခံနေရတာ သိလာရပါတယ်။မိသားစုနဲ့ ရဲဌာနရဲ့အရှုပ်အရှင်းတွေကြားမှာ သူ့ညီမကို ပြန်ရှာတွေ့နိုင်မလား။သူကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကသူတွေကော မမြင်နိုင်တဲ့ လျှို့ဝှက်ချက်တွေရှိနေလား ။ကွင်းဆက်လူသတ်သမားကို ဖော်ထုတ်နိုင်မလား စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။အပိုင်းတိုင်းမှာ တဖြည်းဖြည်းဇာတ်ရှိန်တက်လာပြီး plot twist တွေများတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် တစိမ့်စိမ့်နဲ့ အဖြေရှာရတာကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အသင့်တော်ဆုံး မှုခင်းဇာတ်လမ်းတွဲဖြစ်ပါတယ်။File Size – 700 MB(Appx;)@EpisodeQuality – 1080p WEB DLDuration – ...
8.1
TMDb: 8.1/10 17 votes
tv

Long Bright River (2025)

2025
Bel-Air (2022) Season 1+2+3 7.927
Bel-Air (2022) Season 1+2+3  Bel Air ဟာ Season 3 ခု ထွက်ထားပြီး အခု Season 1 မှာတော့ West Philly က ဘတ်စကတ်ဘောကစားတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ကောင်လေး Will Smith ဟာ သူ့မြို့မှာ ပြဿနာရှာမိပြီး ရှောင်တိမ်းဖို့လိုအပ်လာရာမှ အဒေါ်ဖြစ်သူတို့မိသားစုရှိတဲ့ Bel Air ကို အမေက ပို့လိုက်ပါတော့တယ်။Will ဟာ Bel Air ကိုရောက်ပြီး မြို့အသစ် ကျောင်းအသစ်မှာ အံဝင်ခွင်ကျမဖြစ်သေးတဲ့အပြင် ဝမ်းကွဲညီအကိုဖြစ်တဲ့ Carton နဲ့ ပါ အဆင်မပြေတော့ Bel Air မှာနေရတာ ငရဲလို ခံစားနေရတယ်။ ဒါ့အပြင် သူချစ်မြတ်နိုးတဲ့ ဘတ်စကတ်ဘောကို ပြဿနာဖြစ်ပြီးကတည်းက ကစားတာရပ်ထားတော့ ပြန်ကစားတဲ့အခါမှာ အဆင်မပြေဖြစ်နေတယ်။သူဘတ်စကတ်ဘောကို သေချာပြန်ပြီးဆော့နိုင်ဖို့ ကျောင်းက ဘတ်စကတ်ဘောအသင်းထဲကို ဝင်ပါဖို့ကြိုးစားရင်း ပြဿနာတစ်ခုပြီးတစ်ခုဖြစ်ရာမှ သူဘတ်စကတ်ဘောကို သေချာပြန်ကစားနိုင်ပါ့မလား။ ...
7.927
TMDb: 7.927/10 206 votes
tv

Bel-Air (2022) Season 1+2+3

2022
Teacup (2024) 8.1
Teacup (2024) Yellowstone စီးရီးကြီးရဲ့ ထုတ်လုပ်သူ Ian McCulloch နဲ့ ဟော်ရာဒါရိုက်တာကြီး James Wan တို့ ဖန်တီးထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဟော်ရာ စီးရီးအသစ် ဖြစ်ပါတယ်။ တစ်ပတ်တစ်ပိုင်းနဲ့ ၈ ပိုင်းလာမှာပါ။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာတော့ တိရစ္ဆာန်ဆရာဝန်အမျိုးသမီးတစ်ယောက်၊ သူ့ရဲ့ခင်ပွန်း၊ သမီး နဲ့ သားတို့ ဆိတ်တွေ မြင်းတွေ မွေးတဲ့ ခြံတစ်ခုမှာ နေထိုင်ကြတာကနေ အစပြုပါတယ်။ သူတို့အနားတဝိုက်က တိရစ္ဆာန်တွေရော သူတို့ရဲ့ ဆိတ်တွေမြင်းတွေရော ဘာကိုကြောက်လို့ကြောက်မှန်းမသိ အရမ်းကြောက်နေကြပြီး ထူးထူးဆန်းဆန်းတွေ ပြုမူနေကြပါတယ်။အဲဒီနောက်မှာတို့ သူတို့ ခြံဘေးက တောအုပ်ထဲကနေ ထူးဆန်းတာတွေ ကြောက်စရာတွေ ဆက်တိုက်ဖြစ်လာပါတယ်။ ဇာတ်လမ်းက အစကတည်းက အရမ်းစိတ်ဝင်စားစရာကောင်းအောင် ပဟေဠိဆန်ဆန် ရိုက်ကူးထားတာမို့ အများကြီး မဖတ်တော့ဘဲ ကိုယ်တိုင် တစိမ့်စိမ့်နဲ့လိုက်တွေးလိုက်ကြောက်တာ ပိုကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။File size…(500 MB)/(339 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ ...
8.1
TMDb: 8.1/10 11 votes
tv

Teacup (2024)

2024
Laid (2024) 5.2
Laid (2024) Season 1အပိုင်း ( ၁ မှ ၈ ) အထိ   စ / ဆုံး Everything Everywhere All at Once ရုပ်ရှင်ဇာတ်ကားနဲ့လူသိများလာတဲ့ မင်းသမီး Stephanie Hsu ရဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့series သစ်လေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။Ruby ဟာ အသက် ၃၃နှစ်အရွယ် သာမန်လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူနဲ့အတည်တကျဖြစ်နိုင်မဲ့ Right person ကိုရှာဖွေနေသူပါ။ သူဟာ ရည်းစားတွေအများကြီး တွဲခဲ့ဖူး dateခဲ့ဖူးပေမဲ့သူနဲ့ကိုက်ညီမဲ့လူရှာမတွေ့လို့ တွဲလိုက် ပြတ်လိုက် ဒိတ်လိုက်နဲ့ single lifeကိုဖြတ်သန်းနေသူပါ။ဒီလိုနဲ့တစ်နေ့မှာ သူ့ရဲ့ကောလိပ်တုန်းကရည်းစားဟောင်း ဘရန်ဒန်ဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် ဘရန်ဒန်ရဲ့ အသုဘကို သွားခဲ့ပါတယ်။အဲဒီအသုဘကအပြန်မှာတင် ‌ကောလိပ်က သူနဲ့ hook up ခဲ့ဖူးတဲ့ကောင်လေးဟာလည်း သူ့မျက်စိရှေ့မှာတင် ကားတိုက်ပြီး ဆုံးသွားပြန်ပါတယ်။ ရည်းစားဟောင်း ၂ယောက် ရှေ့ဆင့်နောက်ဆင့် ဆုံးသွားတာတိုက်ဆိုင်မှုလို့ဆိုနိုင်ပေမဲ့ Rubyနဲ့ တွဲခဲ့ပြီး ...
5.2
TMDb: 5.2/10 6 votes
tv

Laid (2024)

2024
Based on a True Story (2023) Season 1+2 7.3
Based on a True Story (2023) Season 1+2 Based on a True Story (2023) ===================== IMDb Rating - 7.3/10ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် (2023)ခုနှစ်ထွက် Comedy, Thriller စီးရီးအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ Westside Ripper ဆိုတဲ့ ကွင်းဆက်လူသတ် သမားကြီး ခေတ်ထနေဆဲအချိန်ဖြစ်ပါတယ်။ သေဆုံးသူ (၇)ယောက် ထိ ရှိလာတာတောင် ရဲတွေလည်း တရားခံဘယ်သူမှန်း မသိကြသေး ပါဘူး။တင်းနစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ နေသန်နဲ့ သူ့ဇနီးအေ ဗာတို့ဟာ လောကဓံရိုက်ခတ်မှုကြောင့် ငွေကြေးအခက်ကြုံနေဆဲမှာပဲ ရေစက်လား ဝဋ်ကြွေးလားမသိ၊ အဲဒီကွင်းဆက်လူသတ်သမားကို ဘယ် သူဘယ်ဝါဆိုတာ သိသွားရုံမက လူကောင်လုံးလိုက်ကြီးပါ တွေ့လိုက် ကြရပါတယ်။ "အူမတောင့်မှသီလစောင့်နိုင်တယ်"ဆိုတဲ့စကားပုံအတိုင်း ငွေကြေးအခက်ကြုံနေတဲ့ လင်မယားစုံတွဲဟာ လူသတ်သမားကို ရဲလက် မအပ်ဘဲ လူသတ်သမားကို အကြောင်းပြုပြီး ငွေလမ်းကြောင်းဖန်တီးဖို့ စိတ်ကူးရသွားကြပါလေရော။ ဒီလိုနဲ့ လင်မယားနှစ်ယောက်နဲ့ ကွင်းဆက် လူသတ်သမားတစ်ယောက်တို့ရဲ့ အရှုပ်တော်ပုံကြီး စ‌တင်လေသတည်း ပေါ့ဗျာ။IMDb Rating 7.3/10 ရရှိထားပြီး Herly Quinn: Birds of Prey (2020)ထဲက Victor Zsasz အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Chris ...
7.3
TMDb: 7.3/10 4700 votes
tv

Based on a True Story (2023) Season 1+2

2023
Hysteria! (2024) 6.7
Hysteria! (2024) Hysteria! (2024-) IMDB – 7.2/10, RT – 83%1980 ကာလနောက်ခံ အထက်တန်းကျောင်းသူကျောင်းသားလေးတွေကိုမှ Metal ဂီတသံစဉ်တွေနဲ့ နတ်ဆိုးကိုးကွယ်မှု အစွန်းရောက်ဂိုဏ်းတွေ သဘာဝလွန်ဖြစ်ရပ်တွေတို့ စသဖြင့် လျှို့ဝှက်ဆန်းကြယ်မှုတွေ ပဟေဠိတွေနဲ့ တည်ဆောက်ထားတဲ့ ၈ ပိုင်းပါ စီးရီးလေးတစ်ခု ဖြစ်ပါတယ်။ထူးထူးခြားခြား ဒီစီးရီးလေးထဲမှာ သရဲတွေ နတ်ဆိုးတွေနဲ့ အကျိုးပေးတဲ့ Evil Dead မင်းသားကြီး Bruce Campbell ကလည်း ရဲမှူးကြီးအဖြစ် ပါဝင်ပေးထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလန်ဆိုတဲ့ကောင်လေးက ကျောင်းမှာ သူ့ကို ဘယ်သူမှ မသိကြ ဂရုမစိုက်ခံရတဲ့ ကိုယ်ပျောက်လူသားလေး။သူ့ ဘော်ဒါ ၂ ယောက်နဲ့အတူ Metal တီးဝိုင်းလေး ထောင်ထားပြီး ဂိုထောင်ဖျော်ဖြေပွဲလေးလုပ်ဖို့ ကြိုးစားနေကြတာပေါ့။သူ ကြိုက်နေတဲ့ကောင်မလေးကလည်း သူ့ကို ယောင်လို့တောင် အီးလှည့်ပေါက်တဲ့ဟာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ တစ်ရက်ကျ သူတို့မြို့လေးမှာ ထူးဆန်းတာ ဖြစ်သွားခဲ့တယ်။သူတို့ကျောင်းရဲ့ နာမည်ကျော် ဘောလုံးသမားတစ်ယောက်ရယ် ကောင်မလေးတစ်ယောက်ရယ် ပျောက်သွားခဲ့တယ်။ အဲဒီမှာ ကျန်ခဲ့တဲ့ သဲလွန်စတွေကလည်း စေတန်ကိုးကွယ်သူ အစွန်းရောက်အဖွဲ့တွေရဲ့ လက်ချက်လိုလို ...
6.7
TMDb: 6.7/10 10 votes
tv

Hysteria! (2024)

2024
Fight Night: The Million Dollar Heist (2024) 8.154
Fight Night: The Million Dollar Heist (2024)  အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Fight Night:The Million Dollar Heist စီးရီးကတော့ Crime ၊Dramaအမျိုးအစားဖြစ်ပြီး Kevin Hart ၊ Samuel L. Jackson နဲ့Terrence Howard တို့လိုအကျော်အမော်တွေပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ခရမ်းချဥ်သီးပုပ်မှာတော့ ၉၃ ရာခိုင်နှုန်းကreview ကောင်းတွေပေးထားပြီး rating ကတော့ 7.1/10 ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************၁၉၇၀ ပြည့်နှစ်က မိုဟာမက်အလီနဲ့ဂျယ်ရီကွာရီရဲ့သမိုင်းဝင်လက်ဝှေ့ပွဲညမှာဖြစ်ခဲ့တဲ့ လက်နက်ကိုင်လုယက်မှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ အတ္တလန်တာမြို့မှာ ပိုက်ဆံရဖို့မကောင်းတဲ့လုပ်ငန်းအကုန်လုပ်တဲ့ချစ်ကန်းမန်းဟာ မိုဟာမက်အလီရဲ့လက်ဝှေ့ပွဲအတွက် ရောက်ရှိလာတဲ့ နာမည်ကြီးရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေအတွက် ပါတီကျင်းပပေးဖို့ကြိုးစားခဲ့ပါတယ်။ချစ်ကန်းမန်းရဲ့ရည်ရွယ်ချက်က လုပ်ကွက်နဲ့ငွေရဖို့ဖြစ်ပေမယ့် တကယ်တမ်းပါတီကျင်းပချိန်မှာတော့ တစ်နေရာတည်းမှာစုပေးလိုက်သလိုဖြစ်သွားတဲ့ဒီဂိုဏ်းခေါင်းဆောင်တွေကိုလုယက်ဖို့ကြံစည်ထားတဲ့အဖွဲ့တစ်ခုရှိနေတယ်ဆိုတာတော့ ချစ်ကန်းမန်းတစ်ယောက်မသိရှိခဲ့ဘဲ ထောင်ချောက်ထဲတိုးဝင်သွားခဲ့မိပါတော့တယ်။ File Size – 902 MB / 465 MBQuality –WEB-DL 1080p HEVC  ...
8.154
TMDb: 8.154/10 13 votes
tv

Fight Night: The Million Dollar Heist (2024)

2024
[18+] Those About to Die (2024) 7.7
[18+] Those About to Die (2024) Those About to Die (2024) Season 01 Complete ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်က လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။ ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက်မှာ ရောမအင်ပါယာကြီးကို သူတစ်လူငါတစ်မင်း အုပ်ချုပ်ကြတဲ့ ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့နေဝင်ချိန်ကနေ စပါတယ်။ ဗက်စပါးရှန်းက မျိုးရိုးမြင့်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ သာမန် မြင်းထိန်းမိသားစုက ပေါက်ဖွားလာတာဆိုတော့ ရောမမြို့ရဲ့ အထက်တန်းစားအလွှာကလည်း သိပ်မကြည်ကြဘူးပေါ့။ ဗက်စပါးရှန်းမှာ စစ်သား တိုက်တပ်နဲ့ နိုင်ငံရေးသမား ဒိုမေရှန် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (တကယ့်သမိုင်းမှာကတော့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မပါပါဘူး) ဗက်စပါးရှန်းဧကရာဇ်ကြီး နတ်ရွာစံတော့ စစ်သားဖြစ်တဲ့ တိုက်တပ်ကို ထီးနန်းပေးခဲ့တယ်။ သူတို့ရဲ့ပုလ္လင်ပေါ်ကကစားပွဲလေးက လောင်းကစားဒိုင် တန်းနက်စ်အတွက် လှေကားထစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။ လောင်းကစားဒိုင် ...
7.7
TMDb: 7.7/10 126 votes
tv

[18+] Those About to Die (2024)

2024
Megamind Rules! (2024) 6.056
Megamind Rules! (2024)  2024 March မှာ release လုပ်ထားတဲ့ မီဂါမိုင်း အသစ်စက်စက် ဇာတ်လမ်းတွဲလေးလာပါပြီ မက်ထရိုစီးတီးရဲ့ ဟီးရိုးစတိုင်အသစ်နဲ့ မီဂါမိုင်း ပဲဖြစ်ပါတယ်ခေတ်နောက်ကျနေတဲ့ မီဂါမိုင်း တစ်ယောက် သူ့ကိုဘယ်သူကမှ အသိအမှတ်မပြုတော့ဘဲနဲ့ လူကြိုက်နည်းသွားပြီး ဘယ်သူမှဂရုမစိုက်တော့တဲ့ အချိန်ပေါ့ သူ့ကိုပြန်ပြီး အသိအမှတ်ပြုကြဖို့အတွက် ဟီးရိုးကွက်တွေ ထုတ်သုံးပေမယ့် အရာမရောက်ဘဲနဲ့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ ကေကို ဆိုတဲ့ ကောင်မလေးနဲ့မှ ဒီဘက်ခေတ်ကို နားလည်ပြီး Social Media တွေ၊ Web Channel တွေ၊ Live Stream တွေကို အမှီလိုက်သုံးပြီး ၂၁ ရာစုရဲ့ မီဂါမိုင်း အသစ်အနေနဲ့ ဖန်တီးထားတာပါEpisode 8 ခုပါဝင်ပါတယ် All Round Rating အရကတော့ အတော်လေးနည်းပေမယ့် E4 နဲ့ E5 ကိုတော့ 6.9/10 ပေးထားပြီး Fun တွေအနေနဲ့လည်း All ...
6.056
TMDb: 6.056/10 18 votes
tv

Megamind Rules! (2024)

2024
The Traitors (2023) Season 2 6.8
The Traitors (2023) Season 2  2023ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ American Survival showThe Traitors ရဲ့ ‌ဒုတိယမြောက် Season ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီshow ကို Spy kids trilogy /The smurfsတို့နဲ့လူသိများတဲ့ မင်းသားကြီး Alan Cumming က Host အဖြစ်တာဝန်ယူတင်ဆက်ထားတာပါ။ ဒီ show ရဲ့ကစားပုံက အကြမ်းဖျင်းအရတော့အားလုံးသိကြတဲ့ Lair game/ Killer game အကြီးစားတစ်ခုပါပဲ။Player 21ယောက်ထဲမှာ Host က သစ္စာဖောက် (traitors)တွေကိုရွေးချယ်ပေးထားပြီး အဲ့သစ္စာဖောက်တွေဟာ ညရောက်တာနဲ့ ကျန်တဲ့သစ္စာခံ (faithfuls)တွေထဲက တစ်ယောက်စီကို ကစားပွဲထဲကထုတ်ပစ်ရမှာပဲဖြစ်ပါတယ်။ သစ္စာခံတွေကတော့ သစ္စာဖောက်က ဘယ်သူ‌တွေလဲဆိုတာ ရှာဖွေဖော်ထုတ်နိုင်ရင် အနိုင်ရမှာဖြစ်ပြီး၊ သစ္စာခံတွေအကုန်လုံးကိုသစ္စာဖောက်တွေကသတ်နိုင်လိုက်ရင် သစ္စာဖောက်တွေအနိုင်ရမှာပဲဖြစ်ပါတယ်။ အနိုင်ရရှိတဲ့အသင်းက ဆုကြေးငွေ အမေရိကန်ဒေါ်လာ250000 ကို ရရှိမှာဖြစ်ပြီး ထပ်တိုး Mission တွေကနေ ဆုကြေးငွေတွေတိုးလာအောင်လည်းကြိုးစားလို့ရပါသေးတယ်။ ဒီshowက Survivalရှိုးတွေနဲ့မတူဘဲ ...
6.8
TMDb: 6.8/10 10 votes
tv

The Traitors (2023) Season 2

2023
Apples Never Fall (2024) 7.7
Apples Never Fall (2024)  Family dramaကြိုက်တဲ့ CMပရိသတ်တို့အတွက်IMDb 6.9 ရထားတဲ့ peacock tv ရဲ့drama mysteryဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ငွေကြေးချမ်းသာပြီး West Palmရဲ့ဂုဏ်သရေရှိမိသားစုလည်းဖြစ်တဲ့ တင်းနစ်သင်တန်းကျောင်းဖွင့်ထားတဲ့ ဒလန်နီမိသားစုထဲကအရှုပ်အရှင်းတွေကို မြင်တွေ့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မြို့ရဲ့မျက်နှာဖုံး ဂုဏ်သရေရှိ တင်းနစ်ချန်ပီယံ ဂျွိုင်းနဲ့စတန်တို့မှာထရွိုင်း လိုဂန် ဘရွတ်ခ်နဲ့ အေမီဆိုတဲ့ သားသမီး ၄ ယောက်ရှိပြီးအောင်မြင်တဲ့ တင်းနစ်သင်တန်းကျောင်းကြီးကို ဦးစီးနေကြတာပေါ့။သားသမီး ၄ ယောက်ထဲမှာ အဖေနဲ့အမေလို တင်းနစ်ပါရမီပါတဲ့သူတွေရှိပေမဲ့လည်း ဘယ်သူမှ တင်းနစ်သင်တန်း‌ကျောင်းကိုဦးစီးမယ့်သူမရှိလေတော့ သူတို့အနားယူချိန်မှာ သင်တန်းကြီးကိုပိတ်လိုက်ရတာပေါ့။လူတိုင်းက အလုပ်လုပ်နေရချိန်မှာတော့ ပင်စင်ယူချိန်အနားယူချိန်ကိုတမ်းတနေတတ်ကြပြီး အနားယူရင် ဘာလုပ်မယ်ညာလုပ်မယ် ကြိုတင်စီစဉ်နေပေမဲ့ တကယ်တမ်းပင်စင်ယူရချိန်မှာတော့ ရင်ထဲဟာပြီး အလိုမကျဖြစ် စိတ်ဆတ်တတ်ကြပါသတဲ့။ဂျွိုင်းနဲ့စတန်တို့လည်း ဒီလူတွေထဲမှာ အပါအဝင်ပါပဲ။ ယှဉ်ပြိုင်လိုစိတ်များပြီး တသက်လုံးအလုပ်နောက်လိုက်နေခဲ့တဲ့ စတန်နဲ့ဂျွိုင်းတို့အချိန်တန်ပင်စင်ယူချိန်ရောက်တော့လည်း သားသမီး ၄ ‌ယောက်ကအဖေနဲ့အမေအပေါ် နွေးနွေးထွေးထွေး မရှိကြပါဘူး။အမြဲတမ်း miss callမြင်ရင် ဖုန်းပြန်မခေါ်တာမျိုး စာမပြန်တာမျိုးမရှိတဲ့ ဂျွိုင်းတစ်ယောက် စာမပြန်ချိန် ...
7.7
TMDb: 7.7/10 7 votes
tv

Apples Never Fall (2024)

2024
Ted (2024) Season 1 7.8
Ted (2024) Season 1 (function(f,b,n,j,x,e){})();(function(f,b,n,j,x,e){})();ရုပ်ရှင်လောကရဲ့ အရယ်ရဆုံးကားတွေထဲက တစ်ခုဖြစ်တဲ့ Ted ဟာ ရုပ်ရှင် ၂ ကားထွက်ရှိဖူးပြီးအခုကတော့ စီးရီးအနေနဲ့ထွက်လာပြီဖြစ်ပါတယ်။ ၇ ပိုင်းပါဝင်ပြီး တစ်ရက်တစ်ပိုင်းတင်ပေးသွားမှာပါ။ ရုပ်ရှင်ကို မီတဲ့ဟာသတွေနဲ့ အသံသရုပ်ဆောင်မူရင်းဖြစ်တဲ့ Seth MacFarlane ပဲ ပြန်ပါဝင်ထားတာမို့ တခွီးခွီးနဲ့နေအောင်ကြည့်ရမှာပါ။ ဝက်ဝံရုပ်လေးနဲ့ဆိုပြီး ကလေးတွေကိုတော့ သွားမပြပါနဲ့ အယုတ္တအနတ္တအစုံ ဆဲဆိုထားလို့ပါ။ ခေတ်ကိုတော့ ၁၉၉၀ ခုနှစ်ကို အခြေတည်ထားတာမို့ အဲဒီတုန်းက ထရန်းတွေနဲ့ ဓလေ့တွေကိုသိရင်ပိုပြီးတော့ ရယ်ရပါတယ်။ သူတို့ ၁၉၉၀ ကိုရွေးပြီး ရိုက်တာလည်းမှန်တယ်ပြောရမှာပါပဲ။ အဲဒီကာလက ခေတ်ဟောင်းက လူမျိုးရေးခွဲတာတွေ၊ အမျိုးသမီးဖိနှပ်တာတွေနဲ့ လက်ရှိခေတ်လို့ အသားကုန် မ woke သေးပဲ အသုံးအနှုန်းတွေ လူ့အခွင့်အရေးတွေ ဟိုနည်းနည်းဒီနည်းနည်းပါနေတဲ့ကာလမို့ ခွီလို့လှောင်လို့ အတော်ကိုကောင်းပါတယ်။ ဖာသာတွေက ကလေးတဏှာရူးတာတွေကို ဖဲ့တာတွေ၊ စတားလုံးတို့လို နာမည်ကျော်တွေကိုဖဲ့တာတွေ၊ အီတလီတွေကို လူမျိုးရေးလိုက်ခွီတာတွေ စတဲ့ အကြောင်းအရာအစုံကို ...
7.8
TMDb: 7.8/10 8 votes
tv

Ted (2024) Season 1

2024
Dr. Death (2021) 7.345
Dr. Death (2021) (function(f,b,n,j,x,e){})(); လူရယ်လို့ဖြစ်လာပြီဆိုရင် သမုဒ္ဒရာဝမ်းတထွာအတွက် လူတိုင်းရှာဖွေစားသောက်ကြရတာ သဘာဝပါ.....အဲဒီလို သက်မွေးဝမ်းကြောင်းတွေထဲ ဆရာဝန်ဆိုတဲ့ သက်မွေးဝမ်းကြောင်းတစ်ခုလည်းပါဝင်ပါတယ်......လူတွေရဲ့ အသက်ဆက်ရေး ကျန်းကျန်းမာမာနေရရေးအတွက် သေမင်းနဲ့ စီးချင်းထိုး ကုသပေးရတဲ့သူတွေလို့ ဆိုကြတာပေါ့.......အဲဒီလို လူ့အသက်တွေကို ကိုင်တွယ်နေရတဲ့ ဆရာဝန်တစ်ယောက်က အတ္တကြီး ကြွားလုံးထုတ်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာကလွဲ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးဆို ဘာဖြစ်သွားမလဲ.....တွေးကြည့်ဝံ့စရာပင်မရှိတော့.....ခွဲစိတ်ဆရာဝန်ဖြစ်နေပြီဆိုရင်တော့ ပိုလို့ပင်ပြောစရာမရှိတော့ပါ.......ဟုတ်ပါတယ် ကိုယ့်ခန္ဓာတခုလုံး ဝကွက်အပ်လိုက်ရမဲ့လူက အဲဒီလိုလူမျိုးဆိုတာသိနေလို့ကတော့ မခွဲခင်က သေနှင့်ပြီဆိုတာတွေ ပုံအောလာမှာပါပဲ........ဒီဇာတ်ကားလေးမှာတော့ အဲဒီလိုဖြစ်နေတဲ့ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန် တစ်ယောက်အကြောင်း တင်ဆက်ပေးထားတာပါ ဖြစ်ရပ်မှန်ပါ....သူခွဲလိုက်ရင် သေရင်သေ မသေရင် ဒုက္ခိတတော့အနည်းလေးဖြစ်တတ်တာဆိုတော့ တကယ်တတ်ကျွမ်းပြီး လူနာတွေပေါ် စေတနာထားတဲ့ ဆရာဝန်ကြီးနှစ်ယောက်က သူ့ကို တားနိုင်ဖို့ အားကုန်ထုတ်ကြိုးစားပါတော့တယ်......ကျွန်တော်တို့ဆီမှာဆိုရင်တော့ ဆမသိမ်း ရွာပြန်အိပ်ရအောင်လုပ်သလိုမျိုးပေါ့..........ဒါပေမဲ့ သူတင်ကြောက်ဖို့ကောင်းတာလားဆိုတော့မဟုတ် အတ္တကြီးမားလှတဲ့လူတွေရဲ့ ကိုယ်ကျိုးတစ်ခုတည်းကြည့်တတ်တဲ့ အကျင့်ကြောင့် ဆရာဝန်ကြီးနှစ်ယောက်ကြိုးစားသမျှက အရာမဝင်ဖြစ်နေတော့တာပေါ့.......အဲဒီတော့ ဘယ်လိုမှလက်ခံလို့မရတဲ့ ကိစ္စကို ဆရာဝန်ကြီးနှစ်ယောက်က ဘယ်လိုတားဆီးကြမလဲ......သူတို့ကို ကူညီပေးမဲ့သူရော ရှိနေပါ့မလား......အရာရာ အပေါ်ယံသာကြည့်တတ်တဲ့ လူ့လောကကြီးထဲ ...
7.345
TMDb: 7.345/10 132 votes
tv

Dr. Death (2021)

2021
John Carpenter’s Suburban Screams (2023) 6
John Carpenter’s Suburban Screams (2023)  ဒါရိုက်တာ ဂျွန် ကာပန်တာ ရိုက်ကူးတဲ့ မီနီစီးရီးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဖြစ်ရပ်မှန်များလည်း ပါဝင်သလို ပါးစပ်ရာဇဝင်‌တွေပါ ရောထွေးထားတဲ့ လျှို့ဝှက်ဆန်းကြယ် သဲထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားပဲပြောပါတော့။ တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုဖြစ်ပြီး reality show တစ်ခု ဖြစ်လုနီးပါးရိုက်ကူးထားပါတယ်။ ဆိုလိုတာက ကာယကံရှင်များကို တွေ့ဆုံမေးမြန်းတာတွေပါသလို သရုပ်ဆောင်များနဲ့လည်း ပြန်လည်ပုံဖော်ပေးထားတာမလို့ပါ။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ ဂျွန် ကာပန်တာ က ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းရိုက်ကူးတာမဟုတ်ဘဲ အိမ်ကနေ သားရေထိုင်ခုံမှာထိုင်ပြီး အဝေးကနေ ရိုက်ကူးရေးအဖွဲ့ကို ညွှန်ကြားရိုက်ကူးခဲ့တာပါတဲ့။ဆင်ခြေဖုံးရပ်ကွက်တွေဟာ နေလို့ထိုင်လို့ ကောင်းတဲ့နေရာတွေပါ။ အချင်းချင်းသိကြတယ်။ ရာဇဝတ်မှုမရှိဘူး။ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမတတ်တဲ့ ပတ်ဝန်းကျင်သန့်သန့်လေးတွေ။ ဒါပေမဲ့ ဂျွန် ကာပန်တာ က လူကြီးမင်း ဆင်ခြေဖုံးရပ်ကွက်မှာ ဇိမ်ကျလုံခြုံနေတာကို မနာလိုဘူးထင်ပါရဲ့လေ။ သူ့ဇာတ်လမ်းတွဲကိုကြည့်ပြီးရင် လူကြီးမင်းဘေးက အသိုင်းအဝန်းကို အရင်လိုအမြင်မျိုးနဲ့ မြင်နိုင်မှာမဟုတ်တော့ဘူးလို့ အာမခံထားပါတယ်ဗျာ။ဒီတော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ...
6
TMDb: 6/10 3 votes
tv

John Carpenter’s Suburban Screams (2023)

2023
The Continental: From the World of John Wick (2023) 7.8
The Continental: From the World of John Wick (2023) The Continental: From the World of John Wick (2023) ======================================= John Wick Spin off : Continental Season 1ဒီစီးရီးကတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး ဂျွန်ဝစ်ရုပ်ရှင်တွေထဲက နာမည် ကြီး ကွန်တီနန်တယ် ဘုံနယ်မြေဟိုတယ်တွေအပေါ် အခြေခံထားတာပါ။ ဝင်စတန် တစ်ယောက် စီးပွားရေးလူလည်ဘဝက‌နေ ရာဇဝတ်လောကထဲ ရောက်လာပြီး ဟိုက်တေဘယ် အထက်ကောင်စီနဲ့ ရင်ဆိုင်ရပုံတွေကို ပြ ထားတာပါ။ အတိုက်အခိုက်ခန်းတွေကတော့ ဂျွန်ဝစ်ထဲကတိုင်း ကြမ်းကြမ်း တမ်းတမ်းပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းအောင် တည်ဆောက် ထားတာမို့ အားလုံးကြိုက်ကြမှာပါ။ တစ်ပိုင်းကို တစ်နာရီခွဲမို့ ရုပ်ရှင်လို ကြည့် ရမှာပါ။ တစ်ပတ်တစ်ပိုင်းနဲ့ သုံးပိုင်းလာပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း - ဖရန်ကီနဲ့ ဝင်စတန်ဟာ ညီအစ်ကိုနှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အမှုတစ်ခုကြောင့် ဖရန်ကီ ထောင်ကျသွားပါတယ်။ ညီ ဖြစ်တဲ့ ဝင်စတန်ကတော့ လန်ဒန်မှာ ငွေကြေးဆိုင်ရာစီးပွားရေးနဲ့ အောင်မြင် နေပါပြီ။ တစ်နေ့မှာတော့ ဝင်စတန်ကို လူမိုက်တစ်စုက ...
7.8
TMDb: 7.8/10 1628 votes
tv

The Continental: From the World of John Wick (2023)

2023
Twisted Metal – Season (01) 7.5
Twisted Metal – Season (01) Twisted Metal - Season (01) ==================== IMDb Rating - 7.8/10Anthony Mackie(New Captain America မင်းသား) ရဲ့ စီးရီးသစ်လာပါပြီ။ Twisted metal ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားပြီး IMDb rating 7.5 ရရှိထားတဲ့ Adventure, Action, Comedy စီးရီးလေးပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကမ္ဘာပျက်ပြီးနောက်မှာ မြို့တွေမှာ တံတိုင်း တွေ ကာလိုက်ကြပါတယ်။ အဝင်အထွက်ကို တင်းကြပ်ထားပြီး အပြင် လူတွေက တံတိုင်းတွင်းကို ဝင်ခွင့်မရှိပါဘူး။ ကိုယ်တွေရဲ့ ဇာတ်လိုက် ဂျွန်ဒိုး(Anthony)ကတော့ မြို့တစ်မြို့နဲ့တစ်မြို့ ပစ္စည်းလိုက်ပို့ပေးတဲ့ Delivery သမားလေးပါ။ သူတို့အခေါ် နွားနို့ပို့သမားပေါ့။တစ်နေ့တော့ နယူးဆန်ဖရန်စစ္စကိုရဲ့ စီအိုအိုက ဂျွန်ဒိုးကို နယူးချီကာဂို ကနေ ပစ္စည်းသွားယူပေးရင် တံတိုင်းတွင်းနေထိုင်ခွင့်ပေးမယ်လို့ အပေး အယူလုပ်လာပါတယ်။ သက်စွန့်ဆံဖျားအလုပ်လုပ်ရင်း သံယောဇဉ်တွယ် စရာဆိုလို့ သူ့ကားလေးပဲရှိတဲ့ဘဝမှာ ဂျွန်ဒိုးတစ်ယောက် တံတိုင်းတွင်းက ဘဝကို လောဘတက်မိပါတယ်။ ဒါကြောင့်ပေးလိုက်တဲ့အချိန်အတွင်း ပစ္စည်းသွားယူနိုင်ပါ့မလား ပစ္စည်းကရောဘာလဲ ခရီးတစ်လျှောက်ဘာ တွေနဲ့ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် အသည်းငယ်သူများ မကြည့်သင့်ပါ)(ဒီစီးရီးရဲ့အညွှန်းကို ...
7.5
TMDb: 7.5/10 1874 votes
tv

Twisted Metal – Season (01)

2023
Bupkis (2023) 7.4
Bupkis (2023) Bupkis (2023) =========== Genres - Comedy , Drama IMDb Rating - 7.4/10Pete Davidson ဆိုတာ ဒီနေ့ခေတ် ရှားပါးလာတဲ့ လူငယ် comedy actor. တွေက အအောင်မြင်ဆုံး Hollywood actor တစ်‌ယောက်ပါ။ သူတွဲခဲ့တဲ့ သူတွေကလည်း Kim Kardashian, Ariana Grande တို့လို စူပါမာ်ဒယ် တွေ။ဒီဇာတ်လမ်းတွဲက သူ့ဘ၀နဲ့ ငယ်ဘ၀ဇာတ်ကြာင်းအနည်းငယ်ကို ရိုက်ပြထားတာပါ ။ တစ်ခြားဇာတ်ကောင်တစ်ခုကိုမြင်ရမှာမဟုတ် ဘဲ Pete Davidson ဆိုတဲ့ သူ့ဘ၀ကို သူကိုယ်တိုင်ရိုက်ကူးထား တာပါ။ ရုပ်တည်ကြီးနဲ့ နောက်တဲ့ ဟာသတွေ , Hollywood က ရိုက်ကွင်းအလွဲတွေနဲ့ နောက်ကွယ်ကဇာတ်လမ်းတွ အများကြီးပါပဲ။ ဧည့်သည်သရုပ်ဆောင်အဖြစ် Brad Pitt , Machine Gun Kelly , Avenger ထဲက Winter soldier သရုပ်ဆာင်စသည်ဖြင့် အများကြီး ပါ၀င်ထားပါသေးတယ်။ Comedy ဇာတ်လမ်းတွဲမျှော်နေတဲ့ သူတွေ အကြိုက်တွေ့စမယ့် ဇာတ်လမ်းတွဲပါပဲ ...
7.4
TMDb: 7.4/10 3300 votes
tv

Bupkis (2023)

2023
Mrs. Davis (2023) 7.333
Mrs. Davis (2023) ဒီဇာတ်ကားကတော့ မရိုးနိုင်တဲ့ quest တစ်ခုဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ သောက်တော်ရေခွက် ဟိုလီဂရေးကို လိုက်ရှာရတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူက Sci-fi ဆိုလည်း ဟုတ်နေပြန်တယ်။ အနာဂတ်မှာ လူတွေက ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေ မသုံးတော့ဘဲ မစ္စစ်ဒေးဗစ်လို့ခေါ်တဲ့ အဲလ်ဂိုရစ်သမ်ကြီးတစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုကြတယ်။ဒီအဲလ်ဂိုရစ်သမ်ကြီးက ပြောရရင် ဘုရားလိုပဲ ဘာမှ မသိတာမရှိဘူး၊ လူတွေကို ပျော်အောင်ထားသလိုလိုနဲ့ ထိန်းချုပ်ထားတယ်ပေါ့။ သူ့မှာ တခြားဆိုရှယ်မီဒီယာတွေမှာ Blue mark ရသလိုမျိုး Wings ဆိုတာကို ရအောင်လုပ်ကြတဲ့ လူတွေ ရှိတယ်။ သူကလည်း သူခိုင်းချင်တယ်ဆိုရင် Wings နဲ့ ဆွဲဆောင်တာပေါ့။ လစ်ဇီက ဒီအဲလ်ဂိုရစ်သမ်ကြောင့် သူ့အဖေသေခဲ့ရတာဖြစ်တဲ့အတွက် ဒီဟာကြီး မကောင်းကြောင်းကို သိထားတဲ့သူ။အဲဒါကြောင့် အဲလ်ဂိုရစ်သမ်ကို မသုံးဘဲ နေနေတဲ့ လူနည်းစုထဲမှာ ပါပြီး ဒီဟာကြီးကို ...
7.333
TMDb: 7.333/10 18 votes
tv

Mrs. Davis (2023)

2023
Dragons: The Nine Realms – Season (01)(02)(03)(04) 5.6
Dragons: The Nine Realms – Season (01)(02)(03)(04) Dragons: The Nine Realms - Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း ...
5.6
TMDb: 5.6/10 1622 votes
tv

Dragons: The Nine Realms – Season (01)(02)(03)(04)

2021
Irreverent (2022) 4.5
Irreverent (2022) Irreverent (2022)နိုဝင်ဘာလ ၃၀ ရက်နေ့ကမှ ထွက်ရှိထားတဲ့ Comedy, Crime, Drama အမျိုးစား ဇာတ်လမ်းတွဲအသစ်ဖြစ်ပြီးတော့ IMDb 6.3 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Paulo ဟာ ချီကာဂိုက ရာဇဝတ်အဖွဲ့တွေကြား ညှိနှိုင်းရေးသမားဖြစ်ပြီးတော့ တစ်နေ့မှာ လူဆိုးဂိုဏ်းတစ်ခုရဲ့သားဖြစ်သူကို မတော်တဆ သတ်လိုက်မိတဲ့အတွက် ရှောင်ပြေးရဖို့ ဖြစ်လာပါတယ်။ Australia ရဲ့ ကျွန်းလေးတစ်ကျွန်းကိုသွားတဲ့ လေယာဉ်ပေါ်မှာ သိက္ခာတော်ရဘုန်းတော်ကြီးတစ်ပါးနဲ့ ဆုံပြီးတော့ နှစ်ယောက်အတူတူသောက်ဖြစ်ကြရင်းနဲ့ Paulo ရဲ့ ငွေတွေကို ဘုန်းတော်ကြီးက ယူပြေးသွားပါတယ်။ ဒုက္ခရောက်နေတဲ့ Paulo လည်း သူ့ငွေတွေ ယူပြေးသွားတဲ့သူကို လိုက်ရှာဖို့ ဘုန်းတော်ကြီးသွားရမယ့် မြောက်ပိုင်းက ကျွန်လေးတစ်ကျွန်းကိုသွားပြီး ဘုန်းတော်ကြီးရဲ့ နေရာမှာ အစားထိုးနေရင်းနဲ့ သူ့အကြောင်းစုံစမ်းဖို့ လုပ်ရပါတော့တယ်။ ရာဇဝတ်သားဖြစ်တဲ့ Paulo အနေနဲ့ ကျွန်းလေးမှာ ဘုန်းတော်ကြီးလုပ်ဖို့ အဆင်ပြေပါ့လား၊ သူ့ငွေတွေ ယူသွားတဲ့သူကိုရော မိပါ့မလား၊ ချီကာဂိုက လူဆိုးဂိုဏ်းကရော သူ့ကို မိသွားမှာလားဆိုတာ ဒီဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတကတော့ Moh ...
4.5
TMDb: 4.5/10 2 votes
tv

Irreverent (2022)

2022