Channel Myanmar

Mango TV

Abyss Dweller (2025) 9
Abyss Dweller (2025) ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးမယ့် ဇာတ်လမ်းကတော့၁၉၄၀ ခုနှစ်လောက်မှာအခြေတည်ထားတဲ့ တော်လှန်ရေးဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒဏ်ရာကြောင့် အတိတ်မေ့မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ Liang Shuo ဟာသူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ပြန်လည်ရှာဖွေဖို့အတွက် ရှန့်ဟိုင်ကို လာခဲ့ပေမယ့်ဂျပန်တပ်မတော်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး သူ့ကိုသူ တပ်မတော်အဖွဲ့ဝင်တစ်ယောက်လို့မှတ်ထင်သွားပါတော့တယ်။ အဲ့အချိန်မှာပဲ ဝမ်ရုပ်သေးအစိုးရ အမှတ် ၇၆ ဘက်ကလည်းLiang Shuo ကိုတွေ့ရှိသွားပြီး သူဟာ စစ်ဆင်းရေးရဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်ကြောင်းအသိပေးလာပါတော့တယ်။ ဒီအချိန်မှာ ဂျပန်အစိုးရနဲ့ ဝမ်အစိုးရတို့ ကျင်းပတဲ့ငြိမ်းချမ်းရေးညီလာခံဟာလည်း ကျင်းပမှာဖြစ်ပြီး ညီလာခံအပြီးမှာဂျပန်တွေဖမ်းဆီးအကျဉ်းချထားခံရတဲ့ လုပ်သားတွေကို စစ်မြေပြင်ဆီပို့ဆောင်ကြမှာပါ။ဒီလို အရေးကြီးအခိုက်အတံ့မှာ အဓိကလူတစ်ဦးဟာလည်း ရုတ်တရက်ပျောက်ဆုံးလို့နေခဲ့ပါတယ်။Liang Shuo က တကယ်ပဲ ဘယ်သူလဲ?ဂျပန်တပ်မတော်ကလူပဲလား?ဝမ်အစိုးရဘက်ကလူပဲလား? မှတ်ဉာဏ်တွေပြန်လည်ရလာတဲ့အချိန်မှာ Liang Shuo ဟာဘယ်လို‌ရွေးချယ်မှုတွေလုပ်သွားမလဲ ဆိုတာကို အတူတူ ကြည့်ရှုခံစားလိုက်ကြရအောင်ပါ ..===================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama Runtime ...
9
TMDb: 9/10 2 votes
tv

Abyss Dweller (2025)

2025
Flourished Peony (2025)
Flourished Peony (2025) Go Go Squid 1ထဲက Main Lead တွေဖြစ်ကြတဲ့Li Xian နဲ့ Yang Zi တို့ကို ထန်မင်း‌ဆက်ခေတ်မှာ ပြန်တွေ့ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်သာမန်ကုန်သည်ရဲ့သမီးတစ်ယောက်ဖြစ်တဲ့ He Wei Fang ဟာမိဘတွေအကျိုးအမြတ်အတွက် လက်ထပ်ထားရတဲ့သူကိုချန်းအန်းမြို့က အရာရှိတစ်ဦးဖြစ်တဲ့ Jiang Chang Yang အကူအညီနဲ့ကွာရှင်းခဲ့ပါတယ်ဒီလိုနဲ့ ကျင်းချန်းမြို့မှာ မထင်မှတ်ဘဲ ဆုံတွေ့လာရတဲ့လူနှစ်ယောက် သူတို့ရဲ့ရေစက်က ဒီလောက်နဲ့ပဲမရပ်တန့်သွားပါဘူးရှားပါးပျိုနီပန်းတွေကိုစိုက်ပျိုးတဲ့နေရာမှာ တမူထူးပါရမီပါတဲ့He Wei Fang ဟာ သာမန်လူတွေနဲ့မတူတဲ့စီးပွားရေးအမြင်ရှိတဲ့မိန်းကလေးတစ်ယောက်ပါJiang Cheng Yang အကူအညီနဲ့အတူ ပျိုနီပန်းစီးပွားရေးစလုပ်ပြီးတော့အခက်အခဲကြုံနေရတဲ့မိန်းမတွေပါ သူနဲ့အတူပူးပေါင်းလုပ်ကိုင်စေပါတယ်တဖြည်းဖြည်းနဲ့ Jiang Cheng Yang က စစ်သူကြီးဖြစ်တယ်ဆိုတာသိလာပြီးတော့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း အခက်အခဲတွေကြားကနေသူတို့ကြားအချစ်ပန်းလေးဖူးပွင့်လာမှာလား ဒီဇာတ်လမ်းတွဲလေးမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်==================== Quality : WEB-DL 1080p, 720p Total Episodes : 32 Format : mp4 Genres : ...

Flourished Peony (2025)

2025
Youthful Glory (2025)
Youthful Glory (2025) ချန်ခန်းမင်းဆက်၁၁နှစ်မှာ နယ်စပ်ကို ရှစ်နှစ်ကြာစောင့်ကြပ်ခဲ့တဲ့တင့်ပေဘုရင်ကျန်းရွှိက လစာအလွဲသုံးစားလုပ်မှုကိစ္စကိုစုံစမ်းစစ်ဆေးရန်တာ့ချန်နန်းတော်သို့ ပြန်သွားခဲ့တယ်။ မမျှော်လင့်ဘဲ ကျန်းရွှိက မင်မိသားစုကိုကာကွယ်ရန် စစ်သူကြီးတစ်ဦးရဲ့မြေးဆက်ဖြစ်တဲ့ မင်ထန်ကို လက်ထပ်ယူခဲ့တယ်။အလွဲသုံးစားလုပ်မှုကိုဖော်ထုတ်ချိန်မှာ ဒီကိစ္စရပ်ကြီးဟာ တာ့ချန်မင်းဆက်တစ်ခုလုံးရဲ့စီးပွားရေးအသက်သွေးကြောနဲ့ဆက်နွှယ်နေကြောင်းကို တွေ့ရှိခဲ့တယ်။ကျန်းရွှိရဲ့ စုံစမ်းစစ်ဆေးမှုကြောင့် မင်မိသားစုဟာ ဘောင်ခတ်ခံခဲ့ရပြီးမိသားစု ပျက်ဆီးသွားခဲ့ရတယ်။ ကျန်းရွှိက မင်မိသားစုရဲ့ အပြစ်ကင်းကြောင်းကိုသက်သေပြရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး အတက်အကျတွေ ကြုံလာရပြီးနောက်မှာသူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စစ်မှန်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။အတူလက်တွဲပြီး ရန်သူ့တပ်တွေကို ချေမှုန်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့က အမှန်တရားကိုရှာဖွေတွေ့ရှိခဲ့ပြီး မသမာသူတွေကို တရားခွင်သို့ပို့ဆောင်ပေးခဲ့ကာ ပြည်သူများရဲ့ လုံခြုံရေးကိုကာကွယ်ပေးပြီး ချစ်ခြင်းကိုလည်း ရရှိခဲ့ကြတယ်။=======================Quality : WEB-DL 1080p, 720p Total Episodes : 30 Format : mp4 Genres : Historical, Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ...

Youthful Glory (2025)

2025
Love Never Fails (2025)
Love Never Fails (2025) ပရိတ်သတ်တို့ရေ ဒီတစ်ခေါက် တင်ဆက်ပြသမယ့်ဇာတ်ကားလေးကတော့ မင်းသားချော(Liu Xue Yi)နဲ့ မင်းသမီး(Hu Yi Xuan)တို့ ပါဝင်သရုပ်ဆောင်တဲ့ နတ်ကားလေးအသစ်ကို မိတ်ဆက်ပေးချင်တယ် နတ်ပြည် နှစ်၁၀၀မှာတကြိမ်ကျင်းပတဲ့ ပန်းပွဲတော်မှာ ဟုန်နင်က နတ်အရှင်ဖြစ်တဲ့ ကျင့်ရှိုအား ချစ်ခွင့်ပန်းခဲ့တယ်။မိစ္ဆာနဲ့ နတ်တို့မှာ အတူတကွမပေါင်းသင်းနိုင်သောကြောင့် ကျင့်ရှိုအားပေးခဲ့တဲ့ကတိတစ်ခု အကောင်အထည်ဖြစ်ပေါ်အောင် ဟုန်နင် နတ်တစ်ပါးဖြစ်ဖို့ ကျင့်ကြံခဲ့တယ်။ ဟုန်နင် နတ်ဖြစ်မြှောက်ပြီးနောက် ကျင့်ရှိုမှာ တခြားသူအား ဇနီးအဖြစ်တော်ကောက်ယူတာကို သိလိုက်ရပြီး နတ်ကျင့်ကြံစဉ်ကို စွန့်လွှတ်ကာ သူ့ကိုမေ့ပစ်ရန် ဘဝဆက်တိုင်း ကူးပြောင်းဝင်စားခဲ့တယ်။ကျင့်ရှိုမှ ဟုန်နင်နတ်တစ်ပါးဖြစ်မြှောက်ရန် ကူညီပေးခဲ့လည်း သူတို့ကံကြမ္မာမှာ မထင်မှတ်တဲ့ရောယှက်မှုရှိနေတာကို ကျင့်ရှိုသိရှိပြီးနောက် ..... ကျင့်ရှိုက သူတို့နှစ်ဦးပြန်လည်ဆုံဆည်ရန် မိစ္ဆာနဲ့နတ်အကြား ကွာခြားမှုတွေ ပြေလည်အောင်လုပ်နိုင်မလား ကျင့်ရှိုမှ ကံကြမ္မာပြောင်းလဲပြီး ဟုန်နင်နဲ့ အတိတ်ကကတိတွေ ပြန်လည်ဖြည်းဆည်းနိုင်မလား ဟုန်နင်နဲ့ကျင့်ရှိုတို့ တဖန်တွေ့ဆုံပြီး အထင်လွှဲမှုတွေ ပြေလည်မလား အချစ်တွေပြန်လည်ပေါက်ဖွားမလားဆိုတာ စောင့်မျှ်ောကြည့်ရှုကြပါဦးနော် ==========================================Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Romance, Wuxia, Drama, Fantasy Runtime ...

Love Never Fails (2025)

2025
Clash of the Titans (2025)
Clash of the Titans (2025) ရှန်ရှား ဝူရှားကားမျိုးမှ ကြိုက်တယ်ဆိုတဲ့ CM ချစ်ပရိသတ်တို့အတွက်ကို ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးကတော့ Clash of the Titans (2025) ပါ..မန်းဂထဲက ခွဲထွက်လာတဲ့ ကျန်းယွီရှီ မမရဲ့ ကားသစ်လေးမလို့ ရူပဒါနမြောက်မှာသေချာပါတယ်...Dashing Youth က ဝူမင်သခင်လေး၊ Flourished Peonyက လီရှင်း အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ထုံမုန့်ရှီကို ဒီကားမှာ ဇာတ်လိုက်မင်းသားအဖြစ်နဲ့တွေ့ရမှာပါနော်...ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင်...အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုးတို့ဟာနှစ်ထောင်ပေါင်းများစွာကတည်းက သံသယတွေနဲ့အတူ မခွဲနိုင်မဖျက်နိုင်အောင် တွဲကပ်နေခဲတယ်။ဒီသမိုင်းကြောင်းထဲမှာ ပေါ်ထွက်လာတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ပေါ့...ဖန်ဆင်းမှုနဲ့ ဖျက်စီးမှု တို့ကြားမှာ ချစ်ခြင်းမေတ္တာက ပေါက်ဖွားလာမှာလား...Fengyue Jianzun နဲ့ နတ်ဆိုးကြယ်သခင် Feng Xing တို့ကဒီသမိုင်းပေါ်မှာ အဆုံးအဖြတ်ချနိုင်ဖို့ တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြရတယ်။ဒါပေမဲ့ တကယ် စိတ်ဝင်စားဖို့ကောင်းတာကတော့ Shen Shao You နဲ့ Feng Li Xue တို့ရဲ့ မထင်မှတ်တဲ့ ...

Clash of the Titans (2025)

2025
Perfect Match (2025)
Perfect Match (2025) CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။ဒီနေ့CMကတင်ဆက်ပေးသွားမှာကတော့ Perfect Match (နတ်ဖက်သောစုံတွဲများ)လို ခေါပြီးတရုတ်နာမည်အဖြစ်ကောင်းချီး၅သွယ် Wu Fu Lin Men လိုလည်းခေါ်ကြတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာကတော့ အဓိကဇာတ်ဆောင်အဖြစ်မင်းသမီး (၅)ဦးနဲ့ မင်းသား(၅)ဦးတောင်ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း(၃၆)ပိုင်းပါရှိတဲ့အချစ်၊ ဟာသ နဲ့ မိသားစုရေးရာ ကိုအသားပေးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မြောက်ပိုင်း စုန့်မင်းဆက်ခေတ်မှာ ပျန့်ကျင်းက ဂုဏ်သတင်းမွှေးလှပြီးသာယာဝပြော ကြွယ်ဝချမ်းသာတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။လီမိသားစုက အဲဒီမြိုကိုပြောင်းရွှေ့လာခဲကြတယ်။ လီမိသားစုမှာငယ်ရွယ်လှပတဲ့သမီး(၅)ယောက်ရှိပြီး တစ်ယောက်တစ်မျိုးအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သမီး(၅)ယောက်အတွက် ဘဝကြင်ဖော်ရှာဖွေဖိုကိစ္စရပ်တွေရယ်၊တစ်မြိုတစ်ရွာမှာ မိသားစုအခြေတကျဖြစ်ဖိုကြိုးပမ်းရတဲ့ မိသားစုရေးရာကိစ္စရပ်တွေရော၊နိုင်ငံရေး ကိစ္စရပ်တွေကိုပါဖြေရှင်းဖိုကြုံလာကြရတဲ့အခါမှာ မိသားစုလိုက်ဘယ်လိုမျိုးအလွဲလေးတွေနဲ့ ဖြေရှင်းပြီး အဆင်ပြေသွားနိုင်ပါ့မလားဆိုတာတော့ CMမှာဇာတ်ကားလေးကို ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။==========================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Historical, Romance, Drama, Comedy Runtime : 45 min Subtitle : Myanmar Subtitle ...

Perfect Match (2025)

2025
Dream Once More (2024)
Dream Once More (2024) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် Dream Once More ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နည်းပညာတွေ တိုးတက်နေတဲ့ခေတ်မှာ ပေကျင်းမြို့မှာ နှစ်ပေါင်းများစွာလေလွင့်နေခဲ့တဲ့ ဇာတ်ညွှန်းဆရာမလေး ကုရီမုံ့နဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ဇာတ်ညွှန်းတွေကို ရေးပေးနေတဲ့ app ကို တီထွင်ရေးသားသူ ယန်ကျွင်းကုတို့နှစ်ယောက်က app က တီထွင်ရေးသားခဲ့တဲ့ ဇာတ်ညွှန်းလောကထဲကို အိပ်မက်တစ်ခုလို မတော်တဆဝင်ရောက်မိသွားပါတယ်။အဲဒီဇာတ်ညွှန်းထဲမှာပဲ ဆန်းကြယ်တဲ့လောကတစ်ခုမှာ ကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားပြီး အချင်းချင်း ကယ်တင်ကြတဲ့ ခရီးစဉ်ကို စတင်ရပါတော့တယ်။ သူတို့နှစ်ယောက် ဇာတ်ညွှန်းလောကထဲမှာ ဘယ်လိုကံကြမ္မာမျိုးနဲ့ တွေ့ကြုံရမလဲဆိုတာကို စောင့်ဆိုင်းကြည့်ရှုလိုက်ရအောင်နော်...... ============================================Quality : WEB-DL 1080p   Total Episodes : 18 Format : mp4 Genres : Historical, Romance Runtime : 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK======================================Ep ...

Dream Once More (2024)

2024
The Rise of Ning (2024)
The Rise of Ning (2024) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမှာကThe Rise of Ningဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်လေးထဲမှာဆိုရင် အဓိက မင်းသားအဖြစ်နဲ့Lost You Forever ထဲက ရွှမ်းလို့လူသိများတဲ့မင်းသားလေး Zhang Wan Yi နဲ့အတူ မင်းသမီး Ren Min အပြင်ကောကျင့် ၂၀၂၄ version ရဲ့မင်းသားဖြစ်သူ Ci Sha လည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းက‌တော့ လော်အိမ်တော်ရဲ့ သမီးတစ်ဦးဖြစ်တဲ့လော်ယိနင်က သီးခြားစံအိမ်တော်မှာ ကြီးပြင်းခဲ့ရတဲ့သူတစ်ဦးဖြစ်ပြီးငယ်ငယ်ကတည်းက ကြိုးနီစနစ် စည်းကမ်းတွေ ဓလေ့ထုံးတမ်းတွေနဲ့ထိန်းချုပ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။သူမရဲ့ တတိယအကို လော်ရှန်းယွမ်ကို ဝိုင်းအနိုင်ကျင့်ကြတဲ့အတွက်အကူအညီအများကြီးပေးခဲ့ပြီး လော်ရှန်းယွမ်က စာပေရော ကိုယ်ခံပညာမှာပါထူးချွန်တတ်မြောက်နေတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုလည်းတဖြည်းဖြည်းသိရှိလာခဲ့ပါတယ် ။ အဲ့ဒီ့ လော်ယိနင်ဆိုတဲ့ကောင်မလေးတစ်ယောက်အသည်းကွဲပြီးတဲ့နောက်မှာတော့ စည်းဘောင်တွေ၊ သူများထိန်းချုပ်တာတွေမခံချင်တော့ပဲ အသိကျွမ်းတွေနဲ့ အဆက်သွယ်ဖြစ်ကာ ကိုယ်ပိုင်အစွမ်းအစနဲ့ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပြီး စီးပွားရေးတစ်ခုစတင်ခဲ့ပါတယ် -လော်ရှန်းယွမ်ဆိုတဲ့ ကောင်လေးကတော့ လော်အိမ်တော်အတွင်းမှာနေပြီးဆရာဖြစ်သူသေဆုံးမှုရဲ့ အမှန်တရားကို ရှာဖွေနေရင်းလော်ယိနင်စီးပွားရေးကိုလည်း အကူညီပေးနေတာကြောင့်သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး ဘယ်လိုမျိုးဖြစ်လာမလဲ ပြသနာတွေကိုဘယ်လိုတူတူဖြေရှင်းကြမလဲ ...

The Rise of Ning (2024)

2024
Melody of Golden Age (2024)
Melody of Golden Age (2024) ယန်မိသားစုရဲ့ ကိုယ်လုပ်တော်မှ မွေးတဲ့သမီးဖြစ်သူ Yan Xing ကို ငယ်စဥ်ကတည်းက တရားရေးရာဌာနရဲ့ ခေါင်းဆောင်စုံစမ်းစစ်ဆေးရေးမှူးက စုံစမ်းစစ်ဆေးရေးပညာတွေနဲ့ သက်သေအထောက်အထားတွေကြားက ပုန်းကွယ်နေတဲ့အဖြေတွေကို ဘယ်လိုဖော်ထုတ်ရမလဲဆိုတဲ့ အရည်အချင်းတွေကိုသင်ကြားပေးထားတာကြောင့် Yan Xing အရွယ်ရောက်လာတဲ့အခါ တရားရေးရာဌာနရဲ့ အမျိုးသမီးအရာရှိတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ ဧကရာဇ်မင်းမြတ်မှ Yan အိမ်တော်က သမီးဖြစ်သူနဲ့ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲခေါင်းဆောင် Shen Du ကို ထိမ်းမြားဖို အမိန့်ချမှတ်ခဲ့ပေမဲ့ သတိုသမီးဖြစ်သူ Yan အိမ်တော်မှ တရားဝင်သမီးက ထွက်ပြေးသွားတဲ့အခါ Yan Xing က လူစားဝင်ပြီး လက်ထပ်ဖို ဖြစ်လာခဲ့ပါတယ်နန်းမြိုတော်မှာပေါ်ပေါက်လာတဲ့ လျှိဝှက်ဆန်းကြယ်တဲ့မှုခင်းတွေကို Yan Xing နဲ့ Shen Du တို လက်တွဲဖြေရှင်းရင်း မတည့်အတူနေ သူတို ၂ ယောက်ကြားထဲမှာရော ချစ်ခြင်းမေတ္တာတွေ ဘယ်လိုပေါက်ဖွားလာပြီး တစ်ယောက်ကိုတစ်ယောက်ဘယ်လိုဖေးမကြမှာလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး==================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres : Historical, Mystery, Romance, Drama Runtime : 25 ...

Melody of Golden Age (2024)

2024
You Are My Secret (2024)
You Are My Secret (2024) ဒီတစ်ခါ စီအမ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးသွားမှာကတော့ ငယ်သူချင်းတွေဖြစ်ခဲ့ကြတဲ့ ဟွားယွမ်တာဝါ ပထမထပ်မှာ ဧည့်ကြိုဆောင်မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ထူရှောင်နင် နဲ့ တာဝါရဲ့ ၁၇ထပ်မှာစီးပွားရေးလုပ်နေတဲ့ ထူးချွန်လူငယ်လေး ကျိယွိဟိန် တိုရဲ့ အိမ်ထောင်ရေးနဲ့ ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေဖို အတူတကွ လုပ်ဆောင်ကြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ရှင့် တတ်နိုင်သမျှအမြန်လက်ထပ်ဖိုဆန္ဒရှိနေကြတဲ့နှစ်ဦးကမျဉ်းပြိုင်နှစ်ကြောင်းကနေ ဖြတ်မျဉ်းလေးလို ဆုံတွေ့ခဲ့ကြတဲ့သူတိုနှစ်ယောက်.... ရှောင်နင်ရဲ့မျက်လုံးထဲမှာ ယွိဟိန်က အိမ်ထောင်ဖက်အဖြစ် မျှော်မှန်းထားသည်ထက်ကျော်လွန်နေပြီး ယွိဟိန်ရဲ့မျက်လုံးထဲမှာတော့ငယ်ရွယ်နုပျိုတဲ့ရှောင်နင်လေးက တစ်ချိန်က သူ့ဘဝကို တောက်ပစေခဲ့ပြီး သူမကို လက်ထပ်တာက သူ့ရဲ့တစ်ခုတည်းသော ခိုင်မာတဲ့ရွေးချယ်မှုဖြစ်ခဲ့ပါတယ် ဒီလိုနဲ့ လွန်ခဲ့တဲ့ဆယ်နှစ်က ငယ်သူငယ်ချင်းနှစ်ယောက် ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တဖြစ်လဲ ဇနီးမောင်နှံတွေအဖြစ်ပါဆုံတွေ့ကြရမဲ့ နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်==================================== Quality : WEB-DL 720p, 1080p Total Episodes : 32 Format : mp4 Genres : Historical, Mystery Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By  Encoded by ...

You Are My Secret (2024)

2024
As Beautiful As You (2024)
As Beautiful As You (2024) As Beautiful As You ဆိုတဲ့ဇာတ်ကားလေးကို CM ချစ်ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ကလေးမျက်နှာနဲ့ မင်းသမီးလေး ထန်စုန်ယွင်နဲ့ မင်းသားချောလေး ရွှခိုင်တို ပါဝင် သရုပ်ဆောင်ထားတဲ့ကားလေးပါဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်နည်းပညာပိုင်းကျွမ်းကျင်ရှိသူ ကျီရှင်းက သူ့ စီးပွားရေးမှာ စွန့်စားချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖိုအတွက် လက်ရှိအလုပ်ကနေ ထွက်လာပြီး မောင်လေးနဲ့အတူ လုပ်ငန်းတစ်ခုကို စတင်ခဲ့ကြတယ်ဒါပေမဲ့ အစမှာပဲ လုပ်ငန်းတစ်ခုလုံး ဆုံးရှုးရတော့မလို ဖြစ်ပြီး မျှော်လင့်ချက်မဲ့နေတဲ့အချိန် တုန်းယန်နည်းပညာလုပ်ငန်း ဥက္ကဋ္ဌ ဟန်ထင်ရဲ့ ထောက်ပံ့မှုကို ရရှိခဲ့ပါတယ် ဟန်ထင်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကျီရှင်းတို လုပ်ငန်း ပြန်နလန်ထူလာနိုင်ခဲ့ပေမဲ့ ကျီရှင်း တစ်ယောက် ၇ နှစ်ကြာ တွဲလာတဲ့ ချစ်သူနဲ့ လမ်းခွဲဖိုပါဖြစ်ခဲ့တယ်ဘဝရဲ့အခက်အခဲတွေနဲ့ အချစ်ကြောင့် နာကျင်မှုတွေကြားမှာ ကျီရှင်း တစ်ယောက် ဘယ်လိုရုန်းကန်ရမလဲ လုပ်ငန်းပါတနာတွေအဖြစ်ကနေ ခံစားချက်တွေ အရောင်ပြောင်းလာတဲ့ ကျီရှင်း နဲ့ ဟန်ထင်တို အခက်အခဲ အတားအဆီးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြတယ်ဆိုတာရယ်စီးပွါးရေးလောကကို ပုံဖော်ထားတဲ့ ဇာတ်အိမ်ချိုချိုလေးနဲ့ ဒီဇာတ်ကားလေးကတော့ ကြည့်ကိုကြည့်သင့်တဲ့စာရင်းထဲပါနေတာမို CM ချစ်ပရိသတ်တို ဘဝအမောပြေ ဒီကားလေးကြည့်လိုက်ကြနော်~=================================Quality ...

As Beautiful As You (2024)

2024
The Legend of ShenLi
The Legend of ShenLi ရှေးခေတ်က နတ်ဘုရားများစွာ သေဆုံးသွားပြီးတဲ့နောက်တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"ဟာရှင်ယွင်ဆိုတဲ့နာမည်နဲ့ လူသားမျိုးနွယ်ခန္ဓာကိုယ်ကို သုံးပြီး လူ့ပြည်မှာတစ်ကိုယ်တည်း ဇာတ်မြှုပ်ကာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။တစ်ဖက်မှာ ဝိညာဥ်လောကမှ ကျောက်စိမ်းသခင် "ရှန်လီ"ဟာသူမရဲ့အသက်တစ်ထောင်ပြည့်မွေးနေ့မှာ ထိမ်းမြားဖို့ စီစဥ်ခံရတာကြောင့်ထွက်ပြေးရာမှ တိုက်ခိုက်ခံရပြီး မူလဇာမဏီငှက်ပုံသဏ္ဍာန် ပြန်ဖြစ်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ လူ့ပြည်ကိုကျသွားတဲ့ "ရှန်လီ"ဟာ ‌ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"နဲ့ လူ့ပြည်မှာ မတော်တဆဆုံတွေ့ဆုံခဲ့ရာမှာ သူတို့နှစ်ဦးကြားမှာချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ လောကကြီးရဲ့ ငြိမ်းချမ်းမှုနဲ့အရာခပ်သိမ်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရှေးဟောင်းနတ်ဘုရား ရှင်ကျစ်နဲ့မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ဖို့ တာဝန်ရှိသလို ကြီးမားတဲ့ တာဝန်တွေကိုပုခုံးပေါ် ထမ်းထားရတဲ့ ဇာမဏီအရှင်မ "ရှန်လီ"တို့ သမိုင်းပေးတာဝန်တွေနဲ့ချစ်ခြင်းမေတ္တာကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမှာလဲ အဆုံးမှာတစ်ဦးနဲ့တစ်ဦး ပေါင်းဖက်ရပါ့မလားဆိုတာတော့ CM ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Fantasy Runtime : ...

The Legend of ShenLi

2024
Bell Ringing
Bell Ringing ပူပင်ကြောင့်ကြ‌သောကမရှိဘဲ ပေါ့ပါးပျော်ရွှင်စွာနေတတ်တဲ့"ရှန်ချီ" ဆိုတဲ့ကောင်မလေးတစ်ယောက် လျှိဝှက်ဆန်းကြယ်တဲ့"ချီရယ်"ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံပြီး မြင်မြင်ချင်းသဘောကျမိသွားပါတော့တယ်ဒါပေမဲ့ ချီရယ်တစ်ယောက် ရှန်ချီရဲ့ဖွင့်ဟဝန်ခံခြင်းတွေကိုအမြဲရှောင်ပယ်ငြင်းဆန်နေခဲ့တဲ့အတွက် ရှန်ချီရဲ့တစ်ဖက်သတ်အချစ်တစ်ခုလိုသာ ဖြစ်နေခဲ့လေတယ်ရှန်ချီကလည်း လက်မလျှော့တိုင်း ချီရယ်ရဲ့နောက်ကို တကောက်ကောက် လိုက်နေခဲ့တယ်... ချီရယ်ရဲ့နှုတ်ကကိုယ်တိုင် "ငါမင်းနဲ့အတူရှိနိုင်ဖိုကသာငါ့ရဲ့စိတ်ဆန္ဒပါ"ဆိုပြီး ပြောတဲ့တစ်နေ့ထိ...ဒီလိုနဲ့နှစ်ဦးနှစ်ဖက်မေတ္တာအချိုးညီမျှတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်လာရင်းဘယ်လိုလမ်းခရီးတွေကိုဖြတ်သန်းရမလဲ...ဆန်းကြယ်တဲ့‌ချစ်ပုံပြင်လေးတစ်ပုဒ်မှာဘယ်လိုမှော်ဆန်တဲ့ရာဇဝင်တွေရှိနေဦးမလဲဆိုတာတောတောင်ရေမြေသဘာဝအလှတရားတွေကိုခံစားရင်းအပန်းဖြေကြည့်ရှုနိုင်ရန်CMကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်==============================================Quality : WEB-DL 1080p , 720p Total Episodes : 12 Format : mp4 Genres : Drama, Romance Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hanni Honey Encoded by LK=============================== Ep 1 (720p) - Yoteshin/ Usersdrive/ MegaUp/ Streamwish/ MegaNz Ep 1 (1080p) - Yoteshin/ Usersdrive/ MegaUp/ ...

Bell Ringing

2024
The Last Immortal ( 2023 )
The Last Immortal ( 2023 ) ဒီဇာတ်ကားလေးကတော့ Hidden Love , love like the Galaxy , Who rules the world စတဲ့ Hit ဖြစ်တဲ့ Drama တွေချည်းတန်းစီထွက်ထားပြီး သရုပ်ဆောင်ပိုင်းမှာ အနုရော အကြမ်းရောရတဲ့ နာမည်ကြီးမင်းသမီးလေး Zhao Lusi ရဲ့ ပထမဆုံး ရှန်းရှဇာတ်လမ်းဖြစ်ပါတယ် ။ မင်းသမီး Zhao Lusi ဦးဆောင်ပါဝင်ထားပြီး တွဲဖက်မင်းသားအဖြစ် မင်းသား Wang AnYu နှင့် တခြားသော နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်တဲ့ S+ ရှန်းရှ drama လေးပဲဖြစ်ပါတယ် ။(function(f,b,n,j,x,e){})();ဇာတ်လမ်းကတော့ Ancient Love Poetry ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ရှန့်ကူနဲ့ပိုင်ကျွယ်တို့ရဲ့သားလေး ယွင်ချီနဲ့ သူအပင်ပန်းခံမွေးထားတဲ့ ဝိဉာဥ်ရေသားရဲ‌လေး အားယင်တို့ရဲ့ အချစ် ၊ အမုန်း ၊ ဟာသ ၊ ပြဿနာများနှင့် ရသစုံဇာတ်လမ်းလေးလည်းဖြစ်ပါတယ် ။အ‌ကြောင်းအရင်းအမျိုးမျိုးကြောင့် စွမ်းအားတွေချိတ်ပိတ်ခံထားရတဲ့ မင်းသားယွင်ချီ ၊ ဥကနေအကောင်ပေါက်လာတဲ့အားယင်တို့နဲ့အတူ မြေခွေးမျိုးနွယ်စုမှ မင်းသားလေး ဟုန်ရိ ...

The Last Immortal ( 2023 )

2023
Fantastic Doctors ( 2023 )
Fantastic Doctors ( 2023 ) ဒီဇာတ်လမ်းတွဲလေးကတော့ ကိုရီးယားမှာ တစ်ခေတ်တစ်ခါက အရမ်းကို နာမည်ကြီးခဲ့တဲ့ The Good Doctor ဆိုတဲ့ဇာတ်ကားလေးကို remake ပြန်ရိုက်ထားတာဖြစ်ပါတယ် ။ main lead အနေနဲ့ ဟိုတလောလေးကမှ lost you forever နဲ့ အရမ်း hit ဖြစ်ထားတဲ့ မင်းသား Zhang Wang Yi ပါဝင်ထားပြီး တခြားနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေလည်း အများကြီးပါဝင်ထားတော့ ကြည့်ရတာ ရှယ်ပဲနေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ - Asperger's Syndrome လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးအခက်အခဲရှိတဲ့ရောဂါရှိနေတဲ့ ချန်ဟွေးတစ်ယောက် ဆေးကျောင်းကနေဘွဲ့ရခဲ့ပါတယ် ။ သူက အဲဒီရောဂါရှိနေပေမဲ့ တစ်ဖက်မှာလည်း ဉာဏ်ကြီးရှင်ဖြစ်နေပြန်ပါတယ် ။အဲဒီလိုနဲ့ ဘယ်ဆေးရုံကမှသူ့ကိုလက်မခံခဲ့ပေမဲ့ စုန့်ကျားဆေးရုံက ဆေးရုံအုပ်က သူကပါရမီရှင်ဖြစ်ပြီးလက်မလွှတ်ချင်တာကြောင့် အားလုံးဝိုင်းတားနေတဲ့ကြားက ဆေးရုံမှာ house ဆင်းဖို့အလုပ်ခန့်လိုက်ပါတော့တယ် ။Asperger's Syndrome ရှိနေတဲ့ချန်ဟွေးတစ်ယောက် ဆေးရုံမှာ မကြာခနဆိုသလို လူနာရှင်တွေနဲ့ပြဿနာတတ်ရ ပြန်အတိုင်ခံရနဲ့ ဖြစ်လာခဲ့ပါတော့တယ် ။ ဆေးရုံကလည်း house ဆင်းနေတဲ့ဆရာဝန်တွေထဲကမှ နှစ်ယောက်ကိုပဲ ဆေးရုံမှာ ဆက်ပြီးအလုပ်လုပ်ခွင့်ပေးမယ်ဆိုလာသောအခါ..ချန်ဟွေးတစ်ယောက် သူရဲ့ရည်မှန်းချက်ဖြစ်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကိုလက်လျှော့လိုက်ရမလား ? ဘယ်လိုတွေကြိုးစားသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ...

Fantastic Doctors ( 2023 )

2023
Only for Love ( 2023 )
Only for Love ( 2023 ) အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ Dylan Wang နဲ့ Bai Lu တို့ရဲ့ ချိုချိုမြိန်မြိန်ရိုမန့်တစ်ဇာတ်လမ်းလေး ထွက်ရှိလာပါပြီနော်။ ထက်မြက်ပြီး အလုပ်ကြိုးစားတဲ့ ဂျာနယ်လစ်မလေး ကျန်းစူးယီ။ သူမအလုပ်လုပ်နေတာကတော့တရုတ်နိုင်ငံရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုမှာဖြစ်ပါတယ်။ အလုပ်ကောင်းကောင်းတစ်ခုရှိပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ထားသူပါ။ငယ်ရွယ်တဲ့စီးပွားရေးလုပ်ငန်းရှင်သူဌေးလေး ရှီယန်။ သူဟာစူးယီရေးတဲ့ဘဏ္ဍာရေးဆောင်းပါးတွေကိုဖတ်ပြီး မတူညီတဲ့အမြင်ရှုထောင့်နဲ့ ရှင်းလင်းတဲ့တင်ပြချက်ပုံစံတွေကိုသဘောကျနေသူပါ။အသက်ငယ်ပေမယ့် စီးပွားရေးလောကမှာနာမည်ကြီးတဲ့ ရှီယန်ကို စူးယီတစ်ယောက် အင်တာဗျူးဖို့ကြိုးစားရာကနေ သူတို့နှစ်ဦး ရင်းနှီးဖို့အစဖန်လာပါတော့တယ်။ ဂျာနယ်လစ်မလေးနဲ့ လုပ်ငန်းရှင်သူဌေးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်လိုက်ကြပါဦး။============================Quality : WEB-DL 1080p , 720p Total Episodes : 36 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK============================Ep 1 (720p) - Yoteshin / Usersdrive / ...

Only for Love ( 2023 )

2023
Loving You ( 2023 )
Loving You ( 2023 ) ဒီဇာတ်ကားလေးကတော့ EXO အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Huang ZiTao နဲ့ မင်းသမီး Wang He Run တို့ main role ကနေပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းလေးက -တိကုဆရာဝန်မလေး ထျန်ထျန်ဟာ နိုင်ငံခြားမှာပညာသင်ရင်း တကယ့်ဆရာဝန်တစ်ယောက်ဖြစ်လာဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပါ ။ ဒါပေမဲ့ မိသားစုထဲမှာ မမျှော်လင့်ထားဘဲ ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ် ။ အဲ့ပြသနာကတော့ ဖခင်ဖြစ်သူရဲ့အပြင်းအထန် ဖျားနာမှု့ဖြစ်ပြီး ထျန်ထျန်တစ်ယောက် မလွှဲမရှောင်သာ သူ့ဖခင်ရဲ့ သွေးနဲ့ချွေးနဲ့ရင်းပြီးတည်ထောင်ခဲ့တဲ့ "ထျန်လင်" တိကုဆေးရုံကို လက်‌လွှဲပြောင်းယူဖို့ဖြစ်လာခဲ့ပါတယ် ။တစ်ဖက်မှာကလည်း တရုတ်ပြည်ရဲ့ နာမည်ကြီးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ လွီချွမ်းရဲ့ ဥက္ကဌလောင်းဖြစ်တဲ့ ရှန်မိဟာ ကုမ္ပဏီကကိစ္စတစ်ခုကြောင့် စီးပွားရေးမပြေလည်တဲ့ တိမွေးကုဆေးရုံတစ်ရုံကိုလိုက်ရှာနေခဲ့တဲ့အချိန်ဖြစ်နေပြန်ပါတယ် ။ အဲ့လိုနဲ့ ထျန်ထျန်တာဝန်ယူထားတဲ့ ဘဏ္ဍာရေးအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ တိမွေးကုဆေးရုံကိုရှာတွေ့သွားရာက....ထျန်ထျန်တစ်ယောက် ရှန်မိရဲ့ ရင်းနှီးမြှပ်နှံမှု့လုပ်ချင်တဲ့‌ေတာင်းဆိုမှု့ အပေါ် လက်ခံလိုက်မလား ? သူတို့နှစ်ယောက် ဘယ်လိုမျိုးစီးပွားရေးအတူလုပ်ဖြစ်သွားမလဲ ? ဘယ်လိုမျိုးသံယောဇဉ်တွေတွယ်မိပြီး ချစ်မိသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရသမျိုးစုံနဲ့ကြည့်ရှု့ခံစားပေးကြပါဦး===========================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres ...

Loving You ( 2023 )

2023
You Are Desire ( 2023 )
You Are Desire ( 2023 ) နှလုံးသားရဲ့ရင်ခုန်သံတွေက ဆယ်ကျော်သက်တိုင်းရဲ့ စိတ်မှတ်ဉာဏ်မှာ တစ်စိတ်တစ်ပိုင်း နေရာယူထားစမြဲပါပဲ... ဒီတစ်ခါမှာတော့ ကျောင်းသားအရွယ်ဘဝကို ပြန်တမ်းတစေမဲ့ လူငယ်ဒရာမာလေးကို CMက တင်ဆက်ပေးလိုက်ပါပြီနော်လင်းယွီကျင့်ဟာ မိဘ‌နှစ်ပါးရဲ့ကွာရှင်းမှုအပြီးမှာတော့ ဖခင်နဲ့အတူ မြို့သစ်တစ်မြို့ကို လိုက်ပါခဲ့ရပြီး ကျောင်းလည်းပြောင်းခဲ့ရပါတယ်၊ မိခင်သစ်ဖြစ်သူမှာ "ဖုမင်ရှိုး"လို့ခေါ်တဲ့ သားတစ်ယောက်လည်း ရှိပြီး ကိုယ်စီကိုယ်စီမာန်မာနနဲ့၊တစ်ဦးတည်းသော သားသမီးတွေလည်းဖြစ်တော့ အမြဲလိုလို အတိုက်ခံအချေအတင် ဖြစ်နေရပါတော့တယ်။နောက်ဆုံးမှာတော့ စိမ်းကားပြီး သူစိမ်းဆန်တဲ့ နေရာသစ်မှာ လင်းယွီကျင့်တစ်ယောက် နွေးထွေးရာရပ်ဝန်းလေးကို ခြေလှမ်းမိပါတော့တယ်။ ကျောင်းမှာ အနိုင်ကျင့်သူလို့နာမည်ကျော်တဲ့ ရှန်ကျွမ်နဲ့ တွေ့ဆုံခဲ့ရတဲ့အခါ... အချင်းချင်း အမြင်စောင်းနေတဲ့ဆက်ဆံရေးကနေ အတန်းဖော်၊ အတန်းဖော်ကနေ သူငယ်ချင်းဆက်ဆံရေးထိ တစ်ဆင့်စီရင်းနှီးကျွမ်းဝင်လာပြီးနောက်မှာ...အရင်မိခင်ဖြစ်သူဟာ ဖခင်ဆီကနေ လင်းယွီကျင့်ကို ပြန်ခေါ်ဖို့ ရောက်လာခဲ့ပါတော့တယ် မြို့သစ်ကိုစလာစဉ် မိုးသဲမဲစွာရွာနေတဲ့ထိုနေ့ ...ပထမဆုံးမြင်လိုက်ရတဲ့ လူတစ်ယောက်၊အတိုတောင်းဆုံးတဒဂလေးမှာတင် မှတ်ဉာဏ်ထဲ နေရာယူသွားခဲ့တဲ့ ထိုမျက်ဝန်းတစ်စုံ... ဒါတွေအားလုံးကို အဆုံးသတ်ဖို့ဖြစ်လာတဲ့အချိန်ရောက်လာတော့မယ့်အချိန်မှာတော့...=================Quality : WEB-DL 1080p , 720p Total Episodes : 30 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ...

You Are Desire ( 2023 )

2023
Fireworks of My Heart ( 2023 ) 8.3
Fireworks of My Heart ( 2023 ) CM ကနေတရုတ်ဇာတ်ကားလေးတွေကို တင်ဆက်ပေးလာရင်းနဲ့ ဒီတစ်ခါမှာလည်း CM ပရိသတ်တွေအတွက် Fireworks of My Heart ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။Love O2O ဇာတ်ကားနဲ့လူကြိုက်များလာတဲ့ Yang Yang ကတော့မတူညီတဲ့ ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ပြီး ပရိသတ်ကိုဖမ်းစားရင်းနဲ့ ဒီတစ်ခါမှာတော့ မီးသတ်သမားလေးအဖြစ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မီးသတ်အဖွဲ့ခေါင်းဆောင် စုန့်ယန့် (Yang Yang) နှင့်ဆေးရုံးအရေးပေါ်ဌာနရဲ့ ဒေါက်တာမလေး ရွှီချင့် (Wang CHu Ran)တို့က ကျောင်းသားငယ်ဘဝမှာ ခင်မင်ရင်းနှီးကြတဲ့အိမ်နီးနားချင်းမိတ်ဆွေတွေပေါ့။ဒီလိုနဲ့သူငယ်ချင်းကနေချစ်သူတွေဖြစ်ကြတဲ့အချိန် နှစ်ဖက်မိဘရဲ့ နှစ်ဦးကြားမှာ ကန့်ကွက်ပိတ်ပင်မှုတွေကြောင့် နှစ်ယောက်သားဝေးကွာခဲ့ရပြီး ရွှီချင့်ကတော့နိုင်ငံခြားကိုထွက်သွားခဲ့တယ်။နှစ်ယောက်သားနှစ်ပေါင်းများစွာဝေးကွာပြီး ရွှီချင့်တစ်ယောက်ပြန်လာခဲ့တဲ့အချိန် တစ်နေ့တော့ သူတို့ဌာနကို စုန့်ယန့်တို့မီးသတ်အဖွဲ့ဆေးရုံလာပြသရာ နှစ်ဦးသားပြန်လည်တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့တယ်။ဒီလိုနဲ့ နှစ်ဦးသားအေးစက်တဲ့ ဆက်ဆံရေးကိုတဖန် ပြန်နွေးထွေးသွားအောင်လုပ်ပေးနိင်မလား။ နှစ်ဦးကြား နားလည်မှုလွဲပြီးလွဲမှားခဲ့တာကို ဘယ်လိုပြန်အဆင်ပြေအောင်ညှိယူကြမလဲ။ နှစ်ဖက်မိဘသဘောမတူတဲ့ နှစ်ယောက်ကကော ဘယ်လိုတွေလက်ခံလာအောင် ကြိုးစားယူကြမလဲ။ အစရှိတာတွေကိုတော့ ဒီဇာတ်လမ်းလေးကိုကြည့်ရူရင်းနဲ့ CM တရုတ်အဖွဲ့သားတွေနှင့်အတူတူအဖြေရှာကြရအောင် ~ ============================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Action , Adventure , Drama Runtime : 45 min Subtitle : Myanmar Subtitle ( ...
8.3
TMDb: 8.3/10 3 votes
tv

Fireworks of My Heart ( 2023 )

2023
My Lucky Star (2023) 8.1
My Lucky Star (2023) "ကိုယ့်ရဲ့ချစ်ကြယ်စင်လေး ၂၀၂၃ " မြန်မာစာတန်းထိုးMy Lucky Star 2023နိုက် အဖြစ် Film Thanapat kawila ချုမ်ကျန် အဖြစ် Bifern Anchasa Mongkhonsamaiနိုက်ဟာ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီးနောက်မိထွေးနဲ့အတူ နေနေရပါတယ်သူ့ချစ်သူနဲ့ မိထွေးရဲ့သား မင်္ဂလာဆောင်နေ့မှာ မိခင်ပိုင်တဲ့စိန်ဘယက်ကို သွားပြန်ခိုးယူခဲ့ပါတယ်သူဟာ မိထွေးရဲ့လူတွေလိုက်သတ်တာ ခံနေရစဉ် တချိန်တစ်ခါက သူကိုယ်တိုင်ရဲလက်အပ်ခဲ့တဲ့ ထောင်ထွက်မလေး ချုမ်ကျန်နဲ့ ဆုံခဲ့ပါတယ်သူတို့နှစ်ဦးဟာ တူတူထွက်ပြေးခဲ့ကြရာကိုယ်တိုင်ထောင်ထဲထည့်ခဲ့တဲ့လူလိမ်မလေးချုမ်ကျန်ကို နိုက်တစ်ယောက် ဘယ်လိုမေတ္တာရှိသွားမလဲနှစ်ဦးလုံးက ဖောက်ပြန်ခံထားရတဲ့အချစ်ရေးတွေနဲ့ကြုံခဲ့ရတာမို့ဒီအချစ်မှာရော လမ်းခရီးဖြောင့်ဖြူးပါ့မလားဘယ်လိုအတားအဆီးတွေနဲ့ ကြုံလာရမလဲဆိုတာကိုတော့“ကိုယ့်ရဲ့ချစ်ကြယ်စင်လေး”ဇာတ်လမ်းတွဲမှာ ဆက်လက်ကြည့်ရှုရအောင်နော်(အညွှန်းရေးသားသူကတော့ lei wutyi tun ဖြစ်ပါတယ်)Native Title: รักนี้ต้องเจียระไน Episodes: 12 Aired: Apr 19, 2023 - ? Aired On: Wednesday, Thursday Original Network: GMM One Content Rating: 13+ - Teens 13 or olderTranslated ...
8.1
TMDb: 8.1/10 votes
tv

My Lucky Star (2023)

2023