Channel Myanmar

JioCinema

Moonwalk (2024)
Moonwalk (2024) Moonwalk (2024) IMDb - 7.9/10ဒီရုပ်သံစီးရီးမှာ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်တာကတော့ ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်ခဲ့တဲ့ 12th Fail (2023)ရုပ်ရှင်မှာ မင်းသားရဲ့အစ်ကိုကြီးတစ်ယောက်အနေနဲ့ တွန်းအားပေးခဲ့သူ မင်းသား အန်ရှူမန်ပွတ်ရှ်ကားပါပဲ။Moonwalk...တဲ့။ အတော်များများ သိကြမှာပါ။ မိုက်ကယ်ဂျက်ဆင်ရဲ့ ကမ္ဘာကျော်ကကွက်ပေါ့။ ဖောက်ထွင်းမှုကို အနုပညာလို့ခံယူထားပြီး သူ့ကိုယ်သူ အနုပညာရှင်လို့သတ်မှတ်ထားတဲ့ တာရစ်။ ဖောက်ထွင်းမှုတစ်ခု အောင်မြင်ပြီလို့ သူဆုံးဖြတ်ပြီးတာနဲ့ Moonwalkကကွက်ကို ကတတ်သူတစ်ယောက်။ ကံဆိုးချင်တော့ စီစီတီဗွီတွေကို ဖြုတ်ထားပေမဲ့ တိပ်ခွေကိုယူလာခဲ့ဖို့မေ့ပြီး သူ့ရဲ့Moonwalkကကွက်နဲ့အတူပဲ ဂျေးအောင်းလိုက်ရပါတော့တယ်။ထောင်ထဲမှာ သူကြည်ညိုခဲ့ရတဲ့ ဖောက်ထွင်းဝိဇ္ဇာကြီးနဲ့ဆုံရတဲ့အခါ ပညာဆည်းပူးဖို့ ကြိုးစားတာပေါ့။ ဒါပေမဲ့ အပြင်မှာကျန်ခဲ့တဲ့ ချစ်ရသူလေးကို မတ်ဒီဆိုတဲ့ ဘယ်ကပေါ်လာမှန်းမသိတဲ့ ကောင်တစ်ကောင်က မ,သွားပြီး အဲဒီကောင်က သူ့အကြောင်းတွေကိုသိနေတဲ့အခါ။အဖေဖြစ်သူက နာမည်ကျော်ဂန်းစတားကြီးဖြစ်ပေမဲ့ နက္ခတ္တဗေဒကိုပဲ စိတ်ဝင်စားတဲ့ သားဖြစ်သူကျောင်းဆရာတစ်ယောက်။ဒီလိုဇာတ်ကောင်တွေ အကြောင်းတိုက်ဆိုင်လို့ ဆုံတွေ့ကြတဲ့အခါမှာတော့...။ အပိုင်းဆယ်ပိုင်းနဲ့ ကြည့်ရှုသူပရိသတ်ရဲ့ စိတ်အာရုံကို ဖမ်းစားသွားမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်တော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 520 MB(Appx;)@EpisodeQuality – 1080p WEB DLDuration –30minute (@Episode)Total Episodes:10EpsSubtitle ...

Moonwalk (2024)

2024
Doctors (2024)
Doctors (2024) Doctors 2024 "သေမင်းခံတွင်းဝမှ နှလုံးလှဆရာဝန်များ"IMDb 8.0/10မင်းသားကြီး Sharad Kelkarရဲ့ 2024 ထွက် medical dramaသစ်လေးကို CM Bollywood ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ အလုပ်သင်ဘဝကနေ အခုမှကျွတ်လွတ်ခါစ ခွဲစိတ်ဆရာဝန်ပေါက်စတစ်သိုက်နဲ့ သူတို့ရဲ့ကြီးကြပ်ရေးဆရာဝန်တို့ရဲ့ နေ့စဉ်ဘဝ ရုန်းကန်မှုတွေကို ရိုက်ကူးပုံဖော်ထားတာပါ။နီတရာတို့တစ်သိုက် လက်ထောက်ဆရာဝန်အနေနဲ့ အလုပ်ဆင်းရတဲ့ ပထမနေ့ကတော့ တွေးထင်ထားသလို Orientation လေးတွေ ဩဝါဒလေးတွေနဲ့မစလိုက်ရဘဲ ယာဉ်မတော်တဆမှုနဲ့ အရေးပေါ်ကေ့စ်တွေပြုံဝင်လာတဲ့နေ့နဲ့တိုးပြီး လာလာချင်းဆောက်နဲ့ထွင်းသလို ဖြစ်သွားတော့တာပေါ့။အတွေ့အကြုံနုတဲ့ ဆရာဝန်လေးတွေဆိုတော့ အခင်းဖြစ်တဲ့နေရာကိုရောက်ပြီး ခြေမကိုင်မီလက်မကိုင်မီဖြစ်၊ ခွဲခန်းထဲလည်း အမှားတွေလုပ်မိပြီး ဆရာဝန်ဘဝပထမနေ့ဟာ စိတ်ပျက်အားငယ်မှုတွေနဲ့ အစပြုလိုက်သလိုဖြစ်သွားတာပေါ့။ဒါပေမဲ့ အကြံကိုယ်စီ ရည်မှန်းချက်ကိုယ်စီနဲ့ ဆရာဝန်လေးတွေ ဆေးလောကခရီးကို လျှောက်လှမ်းကြရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ။ လျှို့ဝှက်အကြံတွေနဲ့ ဝင်လာတဲ့သူတွေကရော ရည်မှန်းချက်အောင်မြင်မှာလား။နေ့စဉ်သေမင်းနဲ့စစ်ခင်းနေရတဲ့ ဆရာဝန်တွေမှာရော ဘယ်လိုအခက်အခဲတွေရှိနေလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ ရှုစားရမှာဖြစ်ပါတယ်။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)File Size – 700 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –35minute (@Episode)Total ...

Doctors (2024)

2024
The Magic of Shiri (2024)
The Magic of Shiri (2024) The Magic of Shiri (2024) "မှော်ဆရာမလေး ရှီရီ" IMDb - 7.3/10အိန္ဒိယရုပ်သံဇာတ်လမ်းတွဲမင်းသမီးချော ဒစ်ဗ်ယန်ကာထရီပသီရဲ့ အပိုင်းဆယ်ပိုင်းပါဝင်တဲ့ ဒရာမာဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။အိမ်ထောင်သည်ဘ၀ကိုရောက်သွားတော့ လူတွေပြောကြတယ်...။ ဝမ်းနည်းမှုတွေဆိုတာ တဖြည်းဖြည်း လျော့နည်းသွားမဲ့အရာပါတဲ့။လူတွေမပြောကြတာ ပျော်ရွှင်မှုကလည်း လျော့နည်းသွားတတ်တဲ့အရာဆိုတာပဲ။ ဒါကတော့ ဒီဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင် မျက်လှည့်ပညာရှင် ရှီရီရဲ့ရင်ထဲက နာလိုခံခက်ခံစားမှုတစ်ခု။ နာဗင်းဆိုတဲ့ ခင်ပွန်းသည်နဲ့အတူ ပေါင်းဖက်ရဖို့အရေး ရှီရီတစ်ယောက် ငယ်ဘ၀အိပ်မက်တွေကို လက်လျှော့ထားခဲ့ရ။ မပြေလည်တဲ့စီးပွားရေးကြားမှာ သားရယ်သမီးရယ်နဲ့ အိမ်ထောင်မှုတာဝန်ကို ကျေပွန်ပျော်ရွှင်စွာနဲ့ ထမ်းဆောင်နေတဲ့ ရှီရီ။ချစ်ရတဲ့ခင်ပွန်းဖြစ်သူက ဒုက္ခတွေကို မခံစားနိုင်တော့ဘဲ သူတို့သားအမိတွေကို စွန့်ခွာထွက်ပြေးတဲ့နောက်မှာတော့ ရှီရီတစ်ယောက် ငယ်ဘ၀အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း လက်တွေ့ဘ၀ထဲက မှော်ဆန်မှုကို ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)File Size – 700 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –33 minute (@Episode)Total Episodes:EpsSubtitle – Myanmar HardsubFormat – ...

The Magic of Shiri (2024)

2024
Khalbali Records (2024)
Khalbali Records (2024) Khalbali Records (2024) ခါလ်ဘာလီရီကော့ဒ်IMDb 7.6/10Galaxy Records label ဟာ အိန္ဒိယမှာအကြီးဆုံးအအောင်မြင်ဆုံး Hip-Hop အနုပညာရှင်များစွာကိုမွေးထုတ်ပေးထားတဲ့ Label တစ်ခုပါ Galaxy ဟာဂုဏ်သတင်းကြီးသလောက် အောင်မြင်သလောက် ပိုက်ဆံရှိသလောက် အတွင်းမှာတော့အခေါင်းပေါက်ကြီးဖြစ်နေပါတယ် အနုပညာရှင်တွေရဲ့ရပိုင်ခွင့်တွေကိုလက်ဝါးကြီးအုပ်နေတာမျိုးပါGalaxy Label ကနာမည်ကြီး Hip-Hop အဆိုတော် မော်ဂ်ျဟာသူ့ရဲ့သီချင်းအသစ်နဲ့ပတ်သတ်ပြီးမီဒီယာနဲ့လူထုကြားမှာ အငြင်းပွားဖွယ်ဖြစ်နေရပါတယ် မော်ဂ်ျရဲ့မန်‌နေဂျာတစ်ဖြစ်လဲ သူငယ်ချင်း ‌ရာဂါ့‌‌ဗ်က ဒီဖျော်ဖြေပွဲကိုအမှားအယွင်းတစ်ခုခု ဖြစ်သွားမှာဆိုးလို့မလုပ်ဖို့တားခဲ့ပေမဲ့ မော်ဂ်ျကတော့ အကြောင်းရင်းတစ်ခုကြောင့်ဖျော်ဖြေပွဲလုပ်ဖို့ဆန္ဒပြင်းပြနေခဲ့ပါတယ် အကြောင်းမလှစွာပဲအဲဒီပွဲမှာတင် မော်ဂ်ျ အသတ်ခံလိုက်ရပါတော့တယ်အဲဒီနောက်ပိုင်း ရာဂါ့ဗ်တစ်ယောက် Galaxy မှာအချင်းပွားပြီးထွက်လာခဲ့ပြီး သူ့သူငယ်ချင်းမော်ဂ်ျရဲ့ဆန္ဒတစ်ခုဖြစ်တဲ့ အနုပညာရှင်တွေအတွက် ပံ့ပိုးပေးလို့ရမဲ့ ကိုယ်ပိုင် Label Khalbali Records ကိုထူထောင်ပါတော့တယ် ဒါပေမဲ့ သူရင်ဆိုင်ရမဲ့ပြိုင်ဘက်ကုမ္ပဏီဟာ Galaxy ဖြစ်နေပြီး Galaxy ရဲ့ပိုင်ရှင်ဟာလည်း ရာဂါ့ဗ်ရဲ့အဖေဖြစ်နေပါတယ်အဖေနဲ့သား အားပြိုင်မှုတွေကို အိန္ဒိယ Hip-Hop လောကရဲ့ရှုပ်ထွေးမှုများအကြားကြည့်ရှုရမှာပဲဖြစ်ပါတယ်(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)File Size – 800MB (Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:8EpsSubtitle – Myanmar ...

Khalbali Records (2024)

2024
Honeymoon Photographer (2024)
Honeymoon Photographer (2024) Honeymoon Photographer (2024) "ဟန်းနီးမွန်းဓာတ်ပုံဆရာမလေး"Jiocinema က အသစ်ထွက်ရှိထားတဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွဲလေးကို တင်ဆက်လိုက်ပါတယ်ဆေးဝါးကုမ္ပဏီ CEO ရဲ့သားဖြစ်သူ အက်ဒီနဲ့ အကြောခပ်တင်းတင်းနဲ့ ကောင်မလေး ဇိုယာတို့ဟာ သာယာလှပတဲ့ မော်ဒိုက်ကို ဟန်းနီးမွန်းထွက်လာတဲ့ ကြင်စဦးမောင်နှံပါသူတို့နဲ့ အတူပါလာတဲ့ ကောင်မလေး အမ်ဘီကာကတော့ သူငယ်ချင်းမဟုတ်ဘဲ သူတို့ကို ဟန်းနီးမွန်းဓာတ်ပုံတွေရိုက်ပေးမယ့် ဓာတ်ပုံဆရာ အမြင်ကပ်လောက်စရာ စရိုက်အပြုအမူနဲ့ အခွင့်ထူးခံလူတန်းစား လင်မယားမှာလည်း လျှို့ဝှက်ချက်တွေရှိနေတယ်သူတို့နဲ့ တစ်ယောက်ချင်းစကားပြောကြည့်တော့ တစ်ယောက်စကားနဲ့တစ်ယောက် ရှေ့နောက်မညီတာကိုလည်း အမ်ဘီကာသိလာရတယ် နောက်တစ်နေ့မနက် အံ့အားသင့်စရာဖြစ်ရပ်တစ်ခုကို ကြုံတွေ့လိုက်ရတဲ့နောက်မှာတော့ ...ဘယ်လိုတွေ ဆက်ဖြစ်ဦးမှာလဲ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်File Size – (Appx;)@EpisodeQuality – 1080p WEB DLDuration –31minute (@Episode)Total Episodes:6EpsSubtitle – Myanmar HardsubFormat – Mp4Genre : CrimeTranslator – CM Bollywood TeamEncoder – ...

Honeymoon Photographer (2024)

2024
Shekhar Home (2024) 7.75
Shekhar Home (2024) Shekhar Home 2024 (အိန္ဒိယရှားလော့ခ်ဟုမ်း) IMDb - 8.2/10ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ BBC Studios Productionsကနေ ထုတ်လုပ်ထားပြီး အပိုင်း၆ပိုင်းပါဝင်တဲ့ ရှားလော့ခ်ဟုမ်းဇာတ်လမ်းကို မှီငြမ်းထားတဲ့ မှုခင်းဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ဂျာယာဗာ့တ် စိုင်နီဆိုသူဟာ ဒီမန်ဂဲလ်အက်ရှ်ရမ်ကနေ လွန်ပူရ်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ နေထိုင်ဖို့ အခန်းငှားရင်းနဲ့ မစ္စစ်အိတ်ချ်ခေါ် ဟင်နရီဆီကိုရောက်လာပါတော့တယ်။ ငှားမယ့်အခန်းကတော့ တစ်ခန်းကို နှစ်ယောက်ခွဲနေရမှာဖြစ်ပြီး အခန်းကြည့်ဖို့ရောက်တဲ့အချိန်မှာပဲ သူနဲ့အတူနေတဲ့ အခန်းဖော်က သူနေမယ့်အခန်းသော့ကို ယူသွားလို့ လွန်ပူရ်မြို့အနှံ့ပတ်ရှာရပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့အခန်းဖော်ဖြစ်သူ ရှေခါဟုမ်းနဲ့တွေ့တဲ့အခါမှာတော့ သူဟာ အရမ်းကို တော်တဲ့သူဖြစ်နေတာကို မြင်တွေ့လိုက်ရပါတော့တယ်။ ရှေခါဟုမ်းဟာ ကလေးတွေကို စာသင်ပေးရုံတင်မဟုတ်ဘဲ အမှုအခင်းတွေကို ကူညီဖြေရှင်းပေးသူလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အရမ်းကိုအေးချမ်းတဲ့ လွန်ပူရ်မြို့လေးမှာ လူသတ်မှုတစ်ခုဖြစ်ပွားတဲ့အတွက် အကုန်ပွက်လောတွေရိုက်ပြီးတော့ ရဲအရာရှိဖြစ်သူ လာဟာက ရှေခါဟုမ်းကို ကူညီဖြေရှင်းပေးဖို့အတွက် အကူအညီတောင်းရာကနေ စစ်ဆရာဝန်တစ်ယောက်ဖြစ်သူ ဂျာယာဗာ့တ် စိုင်နီဟာလည်း ကန့်လန့်ကန့်လန့်နဲ့ ပါလာရင်း ရှေခါဟုမ်းရဲ့ လက်ထောက်လိုဖြစ်လာခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ယောက်ပေါင်းပြီးတော့ အမှုတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲ ........ ဆိုတာကို ကြည့်ရှုရမယ့် မှုခင်းစုံထောက်စီးရီးလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM ...
7.75
TMDb: 7.75/10 2 votes
tv

Shekhar Home (2024)

2024
Cadets (2024)
Cadets (2024) Cadets (2024) Genre – Drama၁၉၉၉ ခုနှစ်က အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ Kargil သမိုင်းဝင်တိုက်ပွဲမတိုင်ခင် ဇာတ်တည်ထားတဲ့ ဗိုလ်လောင်းတွေရဲ့ဘဝအကြောင်း ဒရမ်မာစီးရီးကောင်းလေး ဖြစ်ပါတယ်။အချိန်ကာလက ၁၉၈၉ ခုနှစ် နေရာက ပူနီ အသက် ၁၆ အရွယ်လူငယ်လေးတွေ ဘတ်စ်ကားတစ်စီးနဲ့ အမျိုးသားကာကွယ်ရေးတပ် အကယ်ဒမီ ဂါရူဒါ (ဂဠုန်) တပ်ခွဲကို ရောက်ချလာခဲ့တယ်။တချို့က ကိုယ်တိုင်ဝါသနာပါလို့ တချို့က အိမ်ကထည့်လို့ စသဖြင့် အကြောင်းပြချက်မျိုးစုံ စရိုက်ပေါင်းစုံ လူပေါင်းစုံနဲ့ ရောက်လာကြတာပေါ့။ ရှရွတ်ခန်ရဲ့ စီးရီးကြည့်ပြီး ဗိုလ်လောင်းဖြစ်ချင်တဲ့ မာနော့ဂျ်ရယ်၊ အဖေ အစ်ကိုစတဲ့ မိသားစုစစ်တပ်မျိုးရိုးရှိနေလို့ ရောက်လာတဲ့ ရန်ဒီရယ်၊ တစ်ခုခုကို ကလန်ကဆန် ပြန်ပြောပြီး ဘုတောတတ်တဲ့ ချင်းနာဂပုံစံ အဲဘတ်ရယ်၊ ပေါက်ကရအကြံတွေ ပေးတတ်တဲ့ နီရက်ဂျ်တို့ လူငယ်လေး ၄ ယောက် ဒီ ဗိုလ်လောင်းသင်တန်းကနေ ဆယ်ကျော်သက်အရွယ် မနူးမနပ်လေးတွေကနေတဆင့် ယော်ကျားပီသပြီး တာဝန်ယူနိုင်စွမ်းရှိတဲ့ အမျိုးသားကောင်းတွေအဖြစ် ဘယ်လိုမျိုး ပြောင်းလဲသွားမလဲဆိုတာကို သင်တန်းက ရယ်စရာမောစရာ လွမ်းမောစရာ အတွေ့အကြုံလေးတွေရယ် ညီအစ်ကိုစိတ်ဓာတ်တွေကို တင်ဆက်ထားတဲ့ စီးရီးလေးဖြစ်ပါတယ်။အပိုင်း ၈ ပိုင်း ...

Cadets (2024)

2024
Pill (2024) 8
Pill (2024) Pill (2024) "ဆေး"အသစ်ထွက်ရှိလာတဲ့ ဟင်ဒီစီးရီးထဲမှာမှ အတော်လေး နာမည်ရထားပြီး rating ကောင်းတဲ့ Medical စီးရီးလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်လူသားတို့ ကျန်းမာရေးအတွက် စိတ်ချလက်ချသောက်သုံးတဲ့ဆေးတွေက အမှန်တကယ်ရော စိတ်ချနိုင်ပါ့မလား ဒီဇာတ်လမ်းတွဲလေးမှာ ဆေးဝါးကုမ္ပဏီရဲ့ နောက်ကွယ်က အကျင့်ပျက်မှုတွေကို တွေ့မြင်ရမှာပါအိန္ဒိယမှာတင်မက ကမ္ဘာ့အင်အားကြီး ဆေးဝါးလုပ်ငန်းစုဖြစ်တဲ့ Forever Cure Pharma က ဈေးကွက်ကို ဦးဆောင်ချုပ်ကိုင်လျက်ရှိပါတယ်ပြိုင်ဘက်တွေကို အသာရစေဖို့ ဆေးဝါးသစ်စမ်းသပ်ရေးမှာ စမ်းသပ်လူနာ အရေအတွက်ပိုပြတဲ့အလိမ်ဇယားတွေကို လုပ်ဆောင်ရာမှာ ဆေးဝါးကုမ္ပဏီက ဝန်ထမ်း၊ ကြားလူနဲ့ ဆရာဝန်များကပါ အဂတိမှုမှာ ဆက်စပ်ပါဝင်နေတာပါအလုပ်ကျင့်ဝတ်နဲ့အညီ စာရိတ္တကို အပျက်အစီးမခံတဲ့ ဒေါက်တာပရာကာ့ရှ်၊ ဆေးဝါးလုပ်ငန်း စစ်ဆေးရေးမှူးမလေး၊ Forever Cure က ဝန်ထမ်းတစ်ယောက်နဲ့ အကြောက်တရားကင်းမဲ့တဲ့ ဂျာနယ်လစ်တို့ကဒီလိုပုပ်ပွမှုတွေကို အဖြစ်မှန်ဖော် မီးမောင်းထိုးပြဖို့ ဘယ်လိုကြိုးပမ်းသွားကြမှာလဲဆိုတာ ရှုစားရမယ့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DLDuration – ...
8
TMDb: 8/10 1 votes
tv

Pill (2024)

2024
Gaanth (2024)
Gaanth (2024) Gaanth Chapter 1: Jamnaa Paar (2024) လကြတ်ညရဲ့ အိပ်မက်ဆိုး Genre – Drama, Mystery, Thriller IMDB – 7.8/10- နမိတ်မကောင်းတဲ့ လကြတ်ညတစ်ည - လျှို့ဝှက်ဆန်းကြယ်တဲ့ စာအုပ်တစ်အုပ် - မိသားစုလိုက်ကြီး ခွေးပါမကျန် ထူးခြားစွာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေမှု - ပဟေဠိဆန်သော ပူဇော်ပသမှု - ဖုံးကွယ်ထားသော မြေအောက်ခန်း စသဖြင့် အခြေအနေများနဲ့ ရှုပ်ထွေးပလီသော လူသတ်မှုကြီးကို…အရင် အမှုမှာ ပြဿနာရှာထားလို့ တာဝန်ဆိုင်းငံ့ခံရတဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာများနဲ့ ဒေါသအိုးကြီး အင်စပတ်တာဂါဒါဆင်းဂ်ရယ်၊ အထက်ကချောက်တွန်းပြီး လွှတ်ထည့်လိုက်တဲ့ အရာရှိမလေး ဆတ်ယာဝတီရယ်၊ ဆေးရုံမှာ တစ်ယောက်တည်းသီးခြားနေပြီး သူများတွေ အမြဲတမ်း အနိုင်ကျင့် နှိမ်တာကို ခံရပေမဲ့ ပညာစွမ်းရည်မှာကျ သူမတူအောင် ထူးချွန်တဲ့ ဆရာဝန်မလေး ဆက်ရှီမာမူရယ် ဒီ သုံးယောက်သားဟာ ဝင်္ကပါလို အကွေ့အကောက်လှည့်ကွက်များပြီး ထူးခြားဆန်းကြယ်လှတဲ့ ဒီလူသတ်မှုကြီးကို ကံကြမ္မာတစ်ခုကြောင့် လာဆုံတွေ့ပြီး ဖြေရှင်းဖို့ ဖြစ်လာခဲ့တဲ့အခါ…….။စုစုပေါင်း ...

Gaanth (2024)

2024
Murder in Mahim (2024)
Murder in Mahim (2024) Murder in Mahim (2024) "အင်စပက်တာဂျန်ဒီနှင့် မာဟင်မ်ဘူတာလူသဝာ်မှု" =======================================စုံထောက်ဇာတ်လမ်းကြိုက်သူတွေ သေချာပေါက်သဘောကျကြမယ့် အပိုင်း ၈ ပိုင်းပါ ဇာတ်လမ်းတွဲတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းတွဲဟာဆိုရင် အိန္ဒိယနာမည်ကြီး စာရေးဆရာ ဂျယ်ရီပင်တိုရဲ့ဝတ္ထုကို ပြန်ရိုက်ထားတာပါ။ ဇာတ်လမ်းကို အကြမ်းဖျင်းပြောရရင်... မွမ်ဘိုင်းမြို့ရဲ့ မာဟင်မ်ဘူတာထဲမှာ လူသဝာ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။သေဆုံးသူဟာ လိင်တူစိတ်ဝင်စားသူယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သူရဲ့အလောင်းဟာ ကျောက်ကပ်ကို လက်နဲ့နှိုက်ထုတ်ခြင်းထားရပါတယ်။ အဲဒီအမှုကို တာဝန်ယူရတဲ့သူကတော့ ဘာအမှုမှမဖော်ထုတ်နိုင်တာ ၇ လရှိပြီဖြစ်တဲ့ အင်စပက်တာဂျန်ဒီပါပဲ။ ဂျန်ဒီဟာ ဒီအမှုကိုလိုက်ရင်းနဲ့ ငယ်ငယ်ကတည်းက ကိစ္စတစ်ခုကြောင့်ခွာပြဲခဲ့ရတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်တွဲမိပြီး တရားခံအတူလိုက်ကြပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာမြင်တွေ့ကြရမှာပါ...။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:EpsSubtitle – Myanmar HardsubFormat – Mp4Genre : MysteryTranslator – CM Bollywood TeamEncoder – ...

Murder in Mahim (2024)

2024
Ranneeti: Balakot & Beyond (2024)
Ranneeti: Balakot & Beyond (2024) Ranneeti: Balakot & Beyond (2024)IMDb 7.8 ကို voting အများနဲ့ အမှန်အကန်ရထားတဲ့ လျှို့ဝှက်သည်းဖို အိန္ဒိယအက်ရှင် ဇာတ်လမ်းတွဲအသစ်လေး လာပါပြီအနုစိတ်တဲ့ အိန္ဒိယ-ပါကစ္စတန် နိုင်ငံရေးအရေးခင်းတွေကို အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ဇာတ်အလှည့်အပြောင်းတွေ ကို တစ်ထစ်ချင်းစီ အဆုံးထိဆွဲခေါ်တဲ့ intensity အပြည့် တင်ဆက်မှုကို တွေ့မြင်ရမှာပါဇာတ်လမ်းအနည်းအကျဥ်းကို ပြောရရင်တော့ ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုဖြစ်တဲ့ Pulwama တိုက်ခိုက်မှုအပြီး အေးဂျင့် ကတ်ရှ်ယာနဲ့ သူ့အဖွဲ့ဟာ ပါကစ္စတန်တွေဖမ်းထားတဲ့ ပိုင်းလော့တစ်ယေက်ကို ကယ်ရဖို့ ဖြစ်လာပြီး ....အချိန်နဲ့ လောင်းကြေးထပ်ထားရတဲ့အပြင် တစ်ဖက်မှာလည်း မျက်မှောက်ခေတ် ပေါင်းစပ်ထိုးစစ်ဆင်တဲ့ ဗျူဟာဖြစ်တဲ့ သတင်းမီဒီယာက Pakistan အစိုးရရဲ့ အလိမ်အညာတွေကို ဘယ်လိုတုန့်ပြန်သွားမှာလဲသူယုံကြည်ရင် လုပ်ထုံးလုပ်နည်းတွေကို ဆန့်ကျင်ပြီး ဖောက်ထွက်တတ်တဲ့ တစ်ချိန်က သုတေသန ထောက်လှမ်းရေးမှာ အတော်ဆုံးအေးဂျင့်အဖြစ် သတ်မှတ်ခံရသလို လုပ်ထုံးဆန့်ကျင်လို့ အပြစ်ပေးလည်းခံရဖူးတဲ့ ကတ်ရှ်ယာ ... နောက်ကွယ်အစည်းအဝေးခန်းက ဆုံးဖြတ်ချက်တွေမှသည် မြေပြင်က အလဲအထပ်ကြီးတဲ့ ညှိနှိုင်းမှုတွေအထိ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ စီးရီးလေးဖြစ်ပါကြောင်းအညွှန်းနဲ့ ...

Ranneeti: Balakot & Beyond (2024)

2024
Jab Mila Tu (2023)
Jab Mila Tu (2023) Jab Mila Tu (2024) "ဘာရယ်ကြောင့်များ..."CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမယ့် အိန္ဒိယစီးရီးလေးကတော့ youtubeတို့ spotifyတို့မှာကိုသီချင်းတွေ နာမည်ကြီးနေတဲ့ Musical Rom-Comလေးပဲ ဖြစ်ပါတယ်။ဒီထဲက သီချင်းတွေကို အဓိကရေးသားပေးထားတာကတော့ နာမည်ကျော် တေးရေး၊တေးဆို Vishal Dadaniပဲ ဖြစ်ပါတယ်။သီချင်းမြူးမြူးလေးတွေနဲ့တင် နားထောင်ကောင်းရုံမကပဲ မင်းသားနဲ့မင်းသမီးလေးကလည်း ရွှေရင်အေးစရာဆွဲဆောင်မှုရှိတဲ့အပြင်ဇာတ်လမ်းဇာတ်ကွက်ကပါ စီးရီးပီပီအချိတ်အဆက် အလှည့်အပြောင်းကောင်းတော့ အရသာကောင်းတဲ့ 3 in 1 တစ်ခွက်လို့ပဲ ညွှန်းဆိုပေးလိုက်ရင် မမှားပါဘူးဗျာ။ဇာတ်လမ်းအကျဉ်းလေးကတော့ စူပါစတားအဆိုတော်မာဒီဟာ ဂျစ်ကန်ကန်နဲ့ ထင်ရာမြင်ရာလုပ်တတ်တဲ့သူတစ်ယောက်ပါ။သူ့စိတ်ထဲရှိတဲ့အတိုင်းပဲ နေထိုင်လုပ်ကိုင်တတ်ပြီး ဘဝကြီးကို လွတ်လပ်စွာနေထိုင်သူတစ်ယောက်ပါ။ ဂျိုးဆိုတဲ့ကောင်မလေးကတော့ အဖေ့ဆီကအမွေရထားတဲ့ ကော်ဖီဆိုင်လေးကို အောင်မြင်အောင်ရုန်းကန်နေရတဲ့ ဂိုအာမြို့သူ လုင်ငန်းရှင်ပေါက်စလေးပေါ့။သိပ်လှတဲ့ ဂိုအာမြို့လေးမှာ မာဒီနဲ့ဂျိုးနဲ့ဆုံတွေ့မှုကတော့ Rom-Comတွေရဲ့ထုံးစံအတိုင်း ဂျိုးရဲ့ဖုန်းက မာဒီရဲ့ကားပေါ်မှာကျန်ခဲ့တာက စပါတယ် အဲဒီကနေစလွဲလာတဲ့ Tom and Jerryအတွဲရဲ့ ဂိုအာကမ်းခြေအချစ်ဇာတ်လမ်းလေးကို ရင်ခုန်ခံစားနိုင်စေဖို့ CM Bollywood Team ကနေ နှလုံးရွှင်ရွှေရင်အေး စီးရီးလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...

Jab Mila Tu (2023)

2024
Lakhan Leela Bhargava (2023)
Lakhan Leela Bhargava (2023) Lakhan Leela Bhargava 2023 Rating 8.5 ထိရရှိထားပြီး လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်နေတဲ့ အိန္ဒိယတရားခွင်ဒရာမာစီးရီးကို တင်ဆက်ပေးချင်ပါတယ်။လက်ခန်းဟာ ရှေ့နေအဖြစ်အင်မတန်မှ စိတ်အားထက်သန်ပေမဲ့ အမှုတစ်ခုမှမကိုင်ရသေးလို့ အမှုသည်ကိုမရရအောင်အကွက်ဆင်ပြီးရှာနေရပါတယ်။သူဒီလိုအောင်မြင်မှုမရတာဟာ ရှေ့နေကြီးတစ်ဦးဖြစ်တဲ့ မိုဟန်ဆိုသူကြောင့်ဆိုပြီး နာကျဉ်းနေတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့တော့ သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူသတ်မှုတစ်ခုကိုပထမဆုံးကိုင်တွယ်လိုက်ရပါတော့တယ်။တရားရုံးရှေ့နေ့လိုက်ပေးဖို့ကို ကြိုးစားပမ်းစားပြင်ဆင်ပြီး စိတ်အားထက်သန်နေခါမှာ တရားရုံးအတွင်းမှာ အမှုသည်က ရှေ့နေပြောင်းချင်ပါတယ်လို့ပြောလိုက်တဲ့ချိန်မှာတော့... ပထမဆုံးအမှုမှာတင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အမှုကိုသူဖြေရှင်းခွင့်ရမှာလားဆိုတာ နောက်အမှုကရောဘာတွေဆက်လာမလဲဆိုတာ | လက်ခန်းရဲ့အမှုဖြေရှင်းတာတွေ၊ တရားခံရှေ့နေတွေကို ထေ့ငေါ့ပြီးပြောတတ်တာတွေ၊ မဟုတ်မခံတတ်တာတွေကို ဟာသနှောပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Dee~Yunni~ToMo~Zwe တို့ပဲဖြစ်ပါတယ်။)Quality : 1080p WEB DL  / 720pFormat : mp4Genres :Drama Duration : Subtitle : Myanmar Subtitle ( Hardsub )Translated by Moon~Dee~Yunni~ToMo~ZweEncoded by YK 720p Episode 1 - Yoteshin | Userdrive | Megaup | Streamvid Episode 2 ...

Lakhan Leela Bhargava (2023)

2023
Taali (2023) 9
Taali (2023) Taali (TV Series)(2023) IMDb-8.6/10"တချို့က ကျွန်မကိုလူမှုအကျိုးဆောင်လို့ခေါ်ပြီး တချို့ကတော့ ကျွန်မကို ဟီဂျရာလို့ခေါ်ကြပေမယ့် ဒီကမ္ဘာကြီးမှာ ကျွန်မကို အမေလို့ခေါ်တဲ့သူတွေလည်း ရှိနေတာပဲလေ"ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို မင်းသမီးကြီး ဆူရှ်မီတာဆန်း အဓိကသရုပ်ဆောင်ထားတဲ့ တီဗီစီးရီးကောင်းကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဂေါ်ရီဇာတ်ရုပ်နဲ့ ဆူရှ်မီတာအရမ်းကိုလိုက်ဖက်သောပါပဲဂန်နူဆိုတဲ့ကောင်လေးဟာ အတန်းထဲမှာဘာဖြစ်ချင်လဲမေးတဲ့အချိန် "မိခင်တစ်ယောက်ဖြစ်ချင်တယ် အိမ်သားတွေအတွက် ဂျပါတီတွေပြင်ပေးပြီး ပြုစုပျိုးထောင်ချင်တယ်"လို့ ဝမ်းသာအားရဖြေခဲ့တဲ့ ကလေးလေးပေါ့....အဲဒီချိန်ကစဘဝဟာ မတူကွဲပြားမှုနဲ့ အတိုက်အခိုက်အငြင်းအခုံတွေစတော့တာပဲ ဒီလိုအခြေအနေအတိုက်အခိုက်မျိုးစုံကို ငယ်စဉ်တည်းက ဘယ်လိုရင်ဆိုင်ခဲ့လဲ ဒီအသိုက်အဝန်းအတွက်သူဘယ်လိုရပ်တည်ဆောက်ရွက်ပေးခဲ့လဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်မတူညီကွဲပြားမှုကို အပြည့်အဝနားလည်ပေးနိုင်ဖို့ဆိုတာမျိုးက အဲဒီလိုမျိုးကြုံဖူးမှ ဒါမှမဟုတ် ကာယကံရှင်နဲ့အနီးစပ်ဆုံးဖြစ်ဖူးမှသိနိုင်တာမျိုးပါ လက်တွေ့ဘဝမှာ တစ်ဖက်သားနေရာကို ဝင်ကြည့်ဖို့ခက်ခဲတဲ့အချိန်မှာ ဒီလိုဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေက အများကြီးအထောက်အကူပြုပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ်)Quality : 650MB /  400MBTotal Episodes : 6EpsFormat : mp4Genres : Drama~ BollywoodDuration : 29minsSubtitle : Myanmar Subtitle ...
9
TMDb: 9/10 1 votes
tv

Taali (2023)

2023
Ishq Next Door (2023) 7
Ishq Next Door (2023) Ishq Next Door (1 to 10)IMDb 7.8 ဖူးစာ လူးလာ ဒူးကာလို့မရတဲ့ ဖူးစာရယ် ပါလာရင် အေးတိအေးစက်လူပျိုကြီးလည်း ရွစိန်လေးနဲ့ ရတတ်သလို မိုင်ထောင်ချီအဝေးကဆိုရင်လည်း ပြေးမလွတ်တတ်ပါဘူး ဒီမှာကတော့ အဝေးကြီးရယ်မဟုတ် တစ်ရပ်ကွက်တည်းသားချင်းပါပေါ့LDRS ရယ် ဖြစ်လာရင် ၉၀%ကပြတ်တတ်ပြီး ကျန်၁၀%ကလည်း မရေရာတတ်ဘူးလို့ စိတ်စွဲနေတဲ့ မေဟာ.. ရည်းစားဖြစ်သူကို ဒီလိုစိတ်ဒဏ်ရာကြောင့် မပြတ်ရအောင် အားသွန်ခွန်စိုက်ကြိုးစားပေးပါလို့ ပြောထားတဲ့ကြားက လမ်းခွဲခဲ့ရလို့ ပိုးဆိုးပက်စက်ခံစားခဲ့ရသူ တခြားလူတွေအသည်းကွဲရင် ဘီယာပုလင်းဖွင့်ကြပေမဲ့ သူကတော့ အထည်ဆိုင်ကောက်ဖွင့်ရင်း တစ်ကိုယ်တည်း တောက်ပမဲ့မိန်းမလုပ်နေသူပေါ့ တစ်ဖက်မှာကတော့ အိမ်ထောင့်တာဝန်ကို တာဝန်မယူနိုင်သေးပါဘူးဆိုတဲ့ လူပျိုကြီး ဒေ့ဗ် တစ်ရပ်ကွက်တည်းနေပြီး မေဟာ့ကိုနာမည်တောင်မသိတဲ့သူ ဒီလိုနဲ့ သူတို့နှစ်ယောက် တရားပွဲတစ်ခုမှာတွေ့ဆုံးရင်း ဘယ်လိုအလွဲတွေနဲ့ နှစ်ပါးသွားကြမလဲ အချစ်စစ်မှန်ရင် လျှောက်ရမဲ့လမ်းက မဖြောင့်ဖြူးလေတော့ သူတို့ရဲ့ကြားက အခက်အခဲတွေကိုလည်း ကြည့်ရှုခံစားရင်း မိမိလက်တွဲဖော်ကိုပိုပြီး နားလည်ပေးလိုက်ရအောင်လားရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~V~Moon~Zwe Yan ~Cherry တို့ပဲဖြစ်ပါတယ် )File ...
7
TMDb: 7/10 1 votes
tv

Ishq Next Door (2023)

2023
Kaalkoot (2023) 7
Kaalkoot (2023) Kaalkoot (2023)IMDb-8.4/10Darling ကားထဲက မိန်းမကိုအနိုင်ကျင့်တဲ့ဂျစ်တစ်တစ်ရုပ်နဲ့ မင်းသား Vijay Varma နဲ့ ကပြားမင်းသမီးလေး Suzanna Mukherjee တို့ ပါဝင်ထားတဲ့ စီးရီးပါရဲအရာရှိတစ်ယောက်ဖြစ်ချင်လွန်းရူးသွပ်ကြလွန်းတဲ့ အိန္ဒိယကားများစွာကြည့်ခဲ့ဖူးကြပါတယ် ဒီကားကတော့ ရဲအရာရှိမဖြစ်ချင်ပါပဲ ဖြစ်နေရသူတစ်ယောက်ရဲ့ဘဝပါပဲရာဗီဟာ ရဲအရာအလုပ်ကိုစိတ်မဝင်စားလို့ နှုတ်ထွက်စာတင်ပေမဲ့ နှုတ်ထွက်မရဘဲဆက်တာဝန်ထမ်းနေရသူပါ အဲဒီအတောအတွင်းသူပျက်လိုက်တဲ့တစ်ရက်မှာပဲ ရဲစခန်းမှာလည်းအမှုတွေရှုပ် ၊ မိန်းကလေးတစ်ယောက် အက်စစ်နဲ့ပက်ခံရတဲ့အမှုကလည်း မထင်မှတ်ပဲသူကိုင်တွယ်လာရနဲ့ မပျော်လို့ထွက်ခါမှ ဝန်ပိနေရသူတစ်ယောက် နှုတ်မထွက်ရခင်ကာလအတွင်း ဘယ်လိုကောင်းကောင်းလုပ်ဆောင်နိုင်သွားမလဲ ဘယ်လိုအခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ကျော်ဖြတ်ရမလဲရှုစားကြည့်ပါဦး(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Saii ~ Zwe ~ Yunni ~ Moon ~ Cherry တို့ပဲဖြစ်ပါတယ်)File Size – 800MB / 720pQuality – 1080p WEB DL / 720pDuration – 32minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime | ...
7
TMDb: 7/10 1 votes
tv

Kaalkoot (2023)

2023
Rafuchakkar (2023) 7
Rafuchakkar (2023) Rafuchakkar (2023)IMDb-6.8/10အခုနောက်ပိုင်း အိန္ဒိယစီးရီးတွေပိုပိုကောင်းလာတယ်ဆိုတာ ငြင်းမရတဲ့အချက်တစ်ခုပါပဲ ခုတစ်ခါလည်း ဆုရနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Manish Paul ၊ Priya Bapat တို့နဲ့ သရုပ်ဆောင်များစွာပါဝင်ထားတဲ့ crimes ‌and drama စီးရီးလေး တင်ဆက်ပေးလိုက်ပါတယ်မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ကျင်းပဖို့ရောက်နေတဲ့ ပါဝန်ကူးမားဟာဘုမသိဘမသိအဖမ်းခံပြီးတရားရုံးထိ တန်းရောက်သွားပါတော့တယ် သူ့ရဲ့ရိုးသားမှုအတွက် အမှုရင်ဆိုင်ပေးမဲ့ရှေ့နေကတော့ ငယ်သူငယ်ချင်းဂျယ်ဒေ့ဗ် သူစွပ်စွဲခံထားရတဲ့အမှုတွေက ပါလီမန်အဖွဲ့ဝင်တစ်ဦးနဲ့ သူ့သမီးကိုလိမ်လည်မှု၊ နိုင်ငံတွင်းကနာမည်အကြီးဆုံးဘီစကစ်စက်ရုံကမုန့်ကို အဆီချဘီစကစ်ဆိုပြီး အမျိုးသမီးတွေကိုလိမ်ရောင်းမှု စသဖြင့်နိုင်ငံ့ပြည်သူတွေကိုထိခိုက်စေတဲ့ လိမ်လည်မှုပေါင်းများစွာ။အိန္ဒိယနိုင်ငံ‌တော်အတွက်ဆိုတဲ့ ခံယူချက်နဲ့ သူ့ကိုစွဲချက်တင်မှာကတော့ ရီတူး ၊ သူကလည်း ဒီအမှုတွေကို သိတောင်မသိပါဘူးငြင်း သူငယ်ချင်းဖြစ်သူဂျယ်ဒေ့ဗ်ကလည်းသူအပြစ်ကင်းကြောင်းသက်သေအစုံပြပေး၊ ရီတူးကလည်း သူကျူးလွန်ခဲ့တဲ့အကြောင်းရာအပြည့်စုံကို ဇာတ်လမ်းသဖွယ်စိတ်ဝင်စားနိုင်အောင်တင်ပြနိုင်နေလေတော့ တရားခွင်ဟာ အကြိတ်အနယ်ဖြစ်လာပါတော့တယ် ဒီလိမ်လည်မှုပေါင်းများစွာကျူးလွန်နေတဲ့သူ ကျူးလွန်ရတဲ့အကြောင်းရင်းကို ရီတူးရဲ့ ဖော်ထုတ်ပုံတွေနဲ့အတူရှုစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~Soe Kalayarတို့ပဲဖြစ်ပါတယ် )File Size – 800MB / 400MBDuration – 40minsTotal Episodes: 9EpsSubtitle – Myanmar HardsubFormat – ...
7
TMDb: 7/10 2 votes
tv

Rafuchakkar (2023)

2023
Crackdown (2023) Season2 Complete 10
Crackdown (2023) Season2 Complete Crackdown Season02 (2023) IMDb-8.2/10 မကြာခင်ကမှ တင်ဆက်ပေးထားတဲ့ Crackdown စီးရီးလေးရဲ့အဆက်ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။Season01မှာ အကြမ်းဖက်ဂိုဏ်းထဲကို လူအစားထိုးပြီး စစ်ဆင်ရေးလုပ်ခဲ့ကြတာ မှတ်မိသေးတယ်မလား။ အခုSeason02မှာတော့ ဒေလီကနေ တူရကီကိုသွားတဲ့ လေယာဉ်ပျံပေးဆွဲခံရတာပါ။ အိန္ဒိယပြည်သူရှစ်ဆယ်ပါတဲ့ ဒီလေယာဉ်ပျံပေးဆွဲတာကို ဘယ်သူတွေလက်ချက်မှန်းလည်း မသိပါဘူး။ဒီလိုနဲ့ ထုံးစံအတိုင်း RAWကနေဖွဲ့စည်းထားတဲ့ DO အဖွဲ့ဆီကိုပဲ ဒီပြဿနာကိုဖြေရှင်းဖို့ ရောက်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Saii,Thaik San,Zwe, BpL,Nyein,Aditi,Yunni တို့ပဲဖြစ်ပါတယ်)Quality : 1080p JLO WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres : Action & Adventure, Crime, DramaDuration : 28minsSubtitle : Myanmar Subtitle ( Hardsub )Translated by chiclon3~ Saii~ Thaik San~ Zwe~  BpL~ Nyein~ Aditi~ YunniEncoded by YK 720p Episode 1 - ...
10
TMDb: 10/10 1 votes
tv

Crackdown (2023) Season2 Complete

2020
Crackdown (2020) Season1 Complete 10
Crackdown (2020) Season1 Complete Crackdown (TV Series 2020) IMDb-8.2/10ပထန်တွေ တိုက်ဂါးတွေနေဦး မင်းတို့ရဲ့ဘိုးအေ အာပီလာပြီ RAW ဆိုတာနဲ့ ကျွန်တော်တို့ Bollywood ပရိတ်သတ်ကြီးရဲ့အဖြေက...။ ဟုတ်ပါတယ် RAW ဆိုတာက ကျွန်တော်တို့ ဘောလီး၀ုဒ်ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။မသိသေးတဲ့သူတွေကို ပြောရမယ်ဆို MI ကားတွေထဲက တွမ်ခရုစ်လို 007 ဂျိန်းစဘွန်းလို စပိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲကလည်း RAW အဖွဲ့ကြီးကနေ ခွဲထွက်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ မစ်ရှင်တွေ ဆောင်ရွက်ကြပုံပါ။ ဇာတ်လမ်းလေးရဲ့အစမှာတော့ ကျွန်တော်တို့ မင်းသားကြီးဟာ ကောင်မလေးတစ်ယောက်နဲ့ ဖုန်းပြောနေပါတယ်။သူတို့ပြောနေတာက...။Facebook က recap တွေကြည့်တာများပြီး အကျင့်ပါသွားလို့ပါ။အဆုံးထိတော့ ဆက်မပြောတော့ပါဘူး ကိုယ့်ကိုယ်ကြည့်မှ ပိုအရသာရှိမှာပါ စပိုင်ကား အက်ရှင်ကား ကြိုက်သူတွေအတွက် စွန်းအကြိုက်တွေ့စေမယ့်ဇာတ်လမ်းတွဲ။ တစ်ပိုင်းလောက်ကြည့်ရုံနဲ့ ဆက်ဆက်ပြီး ကြည့်ချင်လာမယ့်ဇာတ်လမ်းတွဲ။ဒီလိုဇာတ်လမ်းတွဲမျိုးကို ကျွန်တော်တို့ ချန်နယ်လ်မြန်မာရဲ့ ဘောလီး၀ုဒ်ပရိတ်သတ်ကြီးဆီကို ကျွန်တော်တို့ CM Bollywood Team မှ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Saii,Thaik San,Zwe, BpL,Nyein,Aditi,Yunni တို့ပဲဖြစ်ပါတယ်)File Size – 800MB /400MBQuality – ...
10
TMDb: 10/10 1 votes
tv

Crackdown (2020) Season1 Complete

2020
Inspector Avinash (2023) Complete
Inspector Avinash (2023) Complete Inspector Avinash (TV Series 2023) IMDb - 8.4/10Fourth Wall break တယ်လို့ပြောလိုက်ရင် ကျွန်တော်တော့ Deadpool ရုပ်ရှင်တွေထဲက ဆရာဓာတ်ဘူးကြီးနဲ့ You(2018) စီးရီးထဲက ဆရာကြီးဂျိုးဂိုးဘတ်ကို ပြေးမြင်မိတာပဲ။ သူတို့ ကာရိုက်တာတွေကို သရုပ်ဆောင်နေရင်း ကျွန်တော်တို့ ကြည့်နေတဲ့သူတွေကို လှမ်းလှမ်းပြီး ပြောတာလေ။ တခါတလေ ကျွန်တော်တို့ ကြည့်နေတဲ့သူတွေက အပြစ်တင်ခံရသေးတာ။(အပေါ်ကကားတွေကို မကြည့်ရသေးရင် CM မှာတင်ဆက်ပေးထားပါတယ်) ဒီဇာတ်လမ်းတွဲထဲမှာလည်း ဆရာကြီးအာဗီနက်ရှ်က သူ့ဇာတ်ကောင်ကို သရုပ်ဆောင်နေရင်းနဲ့ပဲ ကျွန်တော်တို့ကို လှမ်းပြီး ဇာတ်ကြောင်းပြောပြနေတာ။ဇာတ်လမ်းအကျဉ်း ၁၉၉၇ ခုနစ်ဝန်းကျင် အိန္ဒိယနိုင်ငံ အူတာပရာဒတ်ရှ်ပြည်နယ်က အင်စပက်တာ အာဗီနက်ရှ်။ လူဆိုးတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရသူ လူကြမ်းကြီး အင်စပက်တာ အာဗီနက်ရှ်။ ဝန်ကြီးချုပ်အသက်အန္တရာယ်ကိုပါ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာတဲ့အထိ လူဆိုးဂိုဏ်းတွေ တန်ခိုးထွားလာတဲ့အခါ ဝန်ကြီးချုပ်အမိန့်နဲ့ ပြည်ထဲရေးဝန်ကြီးကနေပြီး STF ဆိုတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ ဇာတ်လိုက်ကျော် မစ္စတာအာဗီနက်ရှ်လည်း ဒီအဖွဲ့ထဲမှာပါတာပေါ့။အဲဒီ STF အဖွဲ့ကနေပြီး အကြမ်းဖက်သမားတွေ ရာဇဝတ်သားတွေကို ဘယ်လိုနှိမ်နှင်း အရေးယူမလဲ။ပိုပြီးကြီးမားတဲ့ လက်နက်ဂိုဏ်းတစ်ခုနောက်ကို လိုက်ရတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ ရဲမှုခင်းကား ...

Inspector Avinash (2023) Complete

2023