Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
iQiyi
Daughters (2020)
Daughters (2020)တသသ .....တစ်ခဏတာပျော်ရွှင်မှုအတွက် ချပစ်လိုက်တဲ့ဆုံးဖြတ်ချက်ထဲမှာတစ်ဘဝလုံးစာပုံအောပေးလိုက်ရတဲ့ အပိုင်းအစလေးတွေ ပါဝင်နေတတ်တာကို သတိထားမိကြရဲ့လား?????တစ်ခဏတာကို တစ်ဘဝလုံးစာနဲ့ လဲလိုက်ရတဲ့ အဖြစ်အပျက်များစွာလူ့လောကကြီးမှာရှိနေပါတယ်။ဒီဇာတ်လမ်းကတော့ နန်နို (Kitty) လေး ပါဝင်ထားတဲ့ထိုင်းဇာတ်လမ်းတွဲကောင်း တစ်ကားပဲ ဖြစ်ပါတယ်။Rating ကတော့ 13+ ဖြစ်တာမို့၁၃ နှစ်အောက် ကလေးငယ်တွေကို ပြသရန် မသင့်တော်ပါဘူးခင်ဗျာ။တသသ ဆိုတဲ့ ဇာတ်လမ်းတွဲက .....လူ့လောကကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားပြီးမိသားစုပြဿနာတွေကြားမှာ ထွက်ပေါက်မဲ့စွာ နစ်မွန်းသွားခဲ့ရတဲ့နုနုနယ်နယ် ဆယ်ကျော်သက်လေးတွေရဲ့ဘဝကိုပုံဖော်ရိုက်ကူးတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။တစ်ယောက်က မုဒိမ်းမှုရဲ့သားကောင်တစ်ယောက်က လိင်တူဆိုပြီး အကြဉ်ခံထားရတဲ့လူတစ်ယောက်က ပြည့်တန်ဆာတစ်ယောက်က ဆေးသမား ဖြစ်ပြီးတော့တစ်ယောက်ကတော့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့သူပါ။ကိုယ်ပိုင်ပြဿနာတစ်ခုစီနဲ့ လူငယ် ၅ ယောက် တစ်မိုးအောက်မှာ စုမိကြတဲ့အခါမှာတော့ ......90 ခုနှစ်များကို နောက်ခံထားရိုက်ကူးထားတဲ့ဒီဇာတ်လမ်းလေးထဲမှာ မိသားစုကြားကပြန်လမ်းမဲ့နှောင်ကြိုးတွေ၊သူငယ်ချင်းနှောင်ကြိုးတွေ စတာတွေကို မြင်တွေ့ကြရမယ့်အပြင်အဓိပ္ပါယ်မဲ့စွာ စွန်းထင်းသွားခဲ့ရတဲ့ အနာဂါတ်လေးအတွက်ဘယ်သူ့မှာ တာဝန်ရှိသလဲ?????ဘယ်သူတွေကတာဝန်ယူပေးမှာလဲ?????ဆိုတဲ့မေးခွန်းများကို နှမြောတသစွာနဲ့ပဲပြန်မေးမိတဲ့အထိသုတ၊ရသ ပြည့်စုံတဲ့ ဇာတ်လမ်းတွဲ တစ်တွဲ ဖြစ်တာမို့CM ပရိတ်သတ်တွေ ခံစားနိုင်စေရန်အလို့ငှါ တင်ဆက်ပေးလိုက်ပါတယ်။ဘာသာပြန် ...
Daughters (2020)
2020
5.3
Heroes ( 2020 ) ( Complete )
သိုင်းကားကောင်းတွေ တိုက်တာခိုက်တာမှ ကြိုက်တယ်ဆိုသူတွေတော်လှန်ရေးဗျူဟာလေ့လာချင်သူတွေကတော့ အတော်ကြည့်သင့်တဲ့ ကားကောင်းလေးပါ။ပါဝင်သရုပ်ဆောင်သူတွေကလည်း အက်ရှင်မင်းသား အကျော်အမေ်ာတွေချည်းပဲ။တစ်ချိန်က အသည်းကျော် ရှောင်လင်ကိုရင်လေးလည်း ပါသေးတယ်။ဟော်ယွမ်ကျားအကြောင်းကိုရိုက်ကူးထားခြင်းပါဇာတ်ကားလေးက 1898 ခုနှစ်က တရုတ်လူမျိုးတွေ ကိုလိုနီကို တော်လှန်တိုက်ထုတ်ခဲ့ရတာကိုခံစားနားလည်နိုင်အောင် ပုံဖော်ထားပြီး တရုတ်သိုင်းပညာရဲ့ အရေးပါပုံကိုအသားပေးရိုက်ကူးထားတာပါ။ ဒီကားလေးမှာ တိုင်းပြည်အပေါ်ထားတဲ့သစ္စာ ညီအစ်ကိုကြားက ကတိသစ္စာ လူမျိုးအပေါ်ထားတဲ့ သစ္စာ ဒီအရာတွေကိုမြင်သာအောင်ရိုက်ပြထားတာမို့ ခံစားမိမှာပါ။ခေတ်မတူပေမယ့် ခံစားချက်ချင်းတူနေတာမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 720pFormat : mp4Episodes : 45Subtitle : Myanmar Sub ( Hardsub )Encoded By Pho Episode 1 to 7- Vip / yoteshin / veryfile Episode 8 to 15- Vip / yoteshin / veryfile Episode 16 ...
5.3
TMDb:
5.3/10
3 votes
tv
Heroes ( 2020 ) ( Complete )
2020
9
Line Romance ( 2014 ) ( Complete )
အခုတင်ဆက်ပေးမှာကတော့ lee min ho ရဲ့ mini series လေးတခုပါ3 ပိုင်းသာပါဝင်ပြီး တပိုင်းကို 15 မိနစ်စာဝန်းကျင်တွေပဲဖြစ်ပါတယ်Romance ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်2014 Line app ကို ပရိုမိုရှင်းဆင်းတုန်းက ရိုက်ခဲ့တဲ့ ကားကောင်းလေးပါ။တရုတ်-ကိုရီးယား ပူးပေါင်းရိုက်ကူးထားတာလေးပေါ့။ဇာတ်လမ်းလေးကတော့ အနုပညာရှင် Lee Min Ho တစ်ယောက်တရုတ်ပြည်က ကိုရီးယားကို အလည်လာတဲ့ Ling Ling ဆိုတဲ့ တရုတ်မလေးနဲ့အမှတ်မထင်ဆုံပြီး Line app ကျေးဇူးကြောင့် ဖူးစာဆုံသွားတဲ့ အကြောင်းလေးပေါ့။“ဘာသာစကားတွေမတူ နဘေးမှာ မရှိပေမယ့် အချစ်တွေကိုLine နဲ့ပျော်ရွှင်စွာ အဆုံးသတ်ပေးမယ်” ဆိုတဲ့လေလှိုင်းကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖော်ပြထားတာပါ။အခုလို Stay Home နေချိန်မျိုးမှာ လေလှိုင်းပေါ်က အလွမ်းသည်နေတဲ့ချစ်သူတွေ၊ ချစ်သူဖြစ်ဖို့ ကြိုးစားနေသူတွေ၊ friend zone က ရုန်းထွက်ချင်နေသူတွေဒီကားလေးထဲက နည်းလမ်းလေးတွေ ယူသုံးနိုင်ဖို့ ကြည့်သင့်တယ်နော်။ Translated & Review By ...
9
TMDb:
9/10
1 votes
tv
Line Romance ( 2014 ) ( Complete )
2014
6.7
Another Me (2019)
"Another Me" (2019 Chinese Drama Series) ==========================="Another Me" ဆိုတာနဲ့ နာမည်လေးဖတ်ပြီးတော့ ရင်ထဲတစ်မျိုးလေး ထင်သွားကောင်း ထင်သွားနိုင်ပါတယ်နော်။ပရိတ်သတ်တို့လည်း ဘဝတစ်ကွေ့မှာ ကိုယ့်ရဲ့ကိုယ်ပွားလေးလို အမွှာလေးလို ဖြူစင်တဲ့သံယောဇဉ်တွေနဲ့ ချစ်ရခင်ရတွယ်တာရတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရဖူးကောင်း ရဖူးကြမှာပါ။ဇာတ်လမ်းလေးကို အစဖွင့်ရမယ်ဆိုရင် ...အန်းရှန်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက ၃နှစ်အရွယ်ထဲက ဖခင်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရပါတယ်။ မိခင်ဖြစ်သူကလည်း အဝေးမှာအလုပ်ကြိုးစားပြီးတော့ အန်းရှန်ဆီကို တစ်ခါတစ်လေမှ အလည်လာခဲ့တယ်။ မိဘမေတ္တာကို ငတ်မွတ်နေတဲ့ အန်းရှန် တစ်ယောက် ကျောင်းပြေး အတန်းနောက်ကျ ရန်ဖြစ် စတဲ့မကောင်းတာမှန်သမျှ အကုန်လုပ်ပါတယ်။ အန်းရှန်တစ်ယောက် ဒီလိုဆိုးသွမ်းနေရင်းနဲ့မှ သူကိုယ်တိုင်နဲ့ မတူခြားနားတဲ့ ကျောင်းသူလေးနဲ့ မထင်မှတ်ပဲ ရင်းနီးသွားခဲ့ကြတယ်။ အန်းရှန်ရဲ့ သူငယ်ချင်းအသစ်လေး ချီယွဲ့က တကယ်တော့ အဆိုးဆုံးကျောင်းသူလေး အန်းရှန်ကို အစတည်းကသိနေခဲ့တာလေ။ အန်းရှန်ကျောင်းမှာ ပြဿနာရှာတာတွေကို ချီယွဲ့က ...
6.7
TMDb:
6.7/10
6.7 votes
tv
Another Me (2019)
2019
Memory Lost (2016)
၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့ပြီး Season 3 ထွက်တဲ့အထိအောင်မြင်မှုရှိခဲ့တဲ့ တရုတ်စီးရီး Romance Crime အမျိုးအစားဖြစ်ပြီး စိတ်ဝင်စားစရာအမှုမျိုးစုံနဲ့ စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးတဲ့သူကလည်း Love me if you dare, When a snail fall in love တရုတ်စီးရီးကောင်းတွေကို ရေးခဲ့တဲ့သူဖြစ်တာကြောင့် ဒီစီးရီးလေးကလည်း အရင်စီးရီးတွေအတိုင်း စိတ်ဝင်စားစရာ အပြည့်နဲ့စီးရီးလေးပါ။ တခြား မှုခင်းဇာတ်လမ်းတွေနဲ့ ကွဲထွက်နေမှာကတော့ ဒီဇာတ်လမ်းမှာ ရင်ဆိုင်တွေ့ရမယ့် ဗီလိန်တွေဟာ တစ်ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။ စိတ်ညှို့ကျွမ်းကျင်ပညာရှင်တွေ ကွန်ပျူတာဟက်ကာသမား လက်ဖြောင့်သေနတ်သမား အဆိပ်ကျွမ်းကျင်ပညာရှင် ဖောက်ခွဲရေးကျွမ်းကျင်ပညာရှင် ပန်းချီကျွမ်းကျင်တဲ့စိတ္တဇလူသတ်သမား အားလုံးပါဝင်နေပြီး တက်ညီလက်ညီစည်းလုံးတဲ့ အဖွဲ့ကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမှာလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ပါ ဇာတ်လမ်းအကျဉ်းလေးကတော့…....... “ပိုင်ကျင်ရှီး” ဆိုတဲ့ မိန်းမချောလေးက အတိတ်ကိုမေ့နေပေမယ့် တိုက်ခိုက်ရည်စွမ်းရည် အပြည့်နဲ့ သွက်လက်ထက်မြက်တဲ့ရဲမေတစ်ဦးပါ.. ရဲတပ်ဖွဲ့အတွက်မှုခင်းတွေကို ထောက်လှမ်းပေးရင်း ကောက်ကြောင်းပုံဖော်ရတဲ့ မှုခင်းစိတ်ပညာ ကျွမ်းကျင်သူလေးတစ်ဦးလည်းဖြစ်တယ်.. တစ်နေ့တော့ ...
Memory Lost (2016)
2016
First
6
7
8
Previous